ယူကရိန်းနိုင်ငံအတွင်းသို့ လက်နက်စီးဆင်း ဝင်ရောက်မှုကို  ယာယီ သို့မဟုတ် လုံးဝရပ်တန့်နိုင်မည့် နည်းလမ်း ရှိ၊ မရှိ ရှာဖွေရန် ထရမ့် ညွှန်ကြား

News Image

ယူကရိန်းနိုင်ငံအတွင်းသို့ လက်နက်စီးဆင်း ဝင်ရောက်မှုကို  ယာယီ သို့မဟုတ် လုံးဝရပ်တန့်နိုင်မည့် နည်းလမ်း ရှိ၊ မရှိ ရှာဖွေရန် ထရမ့် ညွှန်ကြား

ယူကရိန်းနိုင်ငံအတွင်းသို့ လက်နက်များ စီးဆင်းဝင်ရောက်မှုကို ယာယီ သို့မဟုတ် လုံးဝရပ်တန့်နိုင်မည့်နည်းလမ်း    ရှိ၊ မရှိ ရှာဖွေကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  အမေရိကန်အရာရှိများအား ညွှန်ကြားလိုက်သည်ဟု the Wall Street Journal ကဖော်ပြသည်။

ရုရှားနှင့်အမေရိကန်တို့ကြား လေကြောင်းတိုက်ရိုက် ပျံသန်းရေး ပြန်လည်စတင်ရန် ရုရှားအဆိုပြု

News Image

ရုရှားနှင့်အမေရိကန်တို့ကြား လေကြောင်းတိုက်ရိုက် ပျံသန်းရေး ပြန်လည်စတင်ရန် ရုရှားအဆိုပြု

ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား လေကြောင်းတိုက်ရိုက် ပျံသန်းရေးကို ပြန်လည်စတင်ရန် ရုရှားနိုင်ငံက အဆိုပြုခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံကြား လေကြောင်းတိုက်ရိုက်ပျံသန်းမှုကို ပြန်လည်စတင်ရန် ရုရှားနှင့် အမေရိကန်အရာရှိများကြား တူကီယဲနိုင်ငံ အစ္စတန်ဘူမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး၌ ဖေဖော်ဝါရီလ ၂၇ ရက်က ကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲ၌ ရုရှားအရာရှိများက အဆိုပြုလိုက်ခြင်းဖြစ်သည်။

မျောက်ကျောက်ရောဂါဖြစ်ပွားမှုက အာဖရိက၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ဆက်လက်တည်ရှိ

News Image

မျောက်ကျောက်ရောဂါဖြစ်ပွားမှုက အာဖရိက၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ဆက်လက်တည်ရှိ

အာဖရိကဒေသတွင် လက်ရှိဆက်လက်ဖြစ်ပွားနေသည့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ  အရေးပေါ်အခြေအနေ တစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေသည်ဟု အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာကထုတ်ပြန်သည်။

ဒေသအတွင်း၌ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနှုန်းသည် မြင့်တက်လျက်ရှိပြီး ဖြစ်ပွားနေသည့်ရောဂါသည် ကူးစက်မြန်သည့် ရောဂါမျိုးကွဲတစ်ခုဖြစ်သောကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက် စိန်ခေါ်မှုအဖြစ် ထွက်ပေါ်လျက်ရှိသည်ဟု အဆိုပါစင်တာက ဖေဖော်ဝါရီလ ၂၈ ရက်တွင်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ကင်ညာနိုင်ငံတွင် စားရေရိက္ခာ ဖူလုံမှုမရှိသူ အရေအတွက်  ၂ ဒသမ ၁၅ သန်းအထိမြင့်တက်

News Image

ကင်ညာနိုင်ငံတွင် စားရေရိက္ခာ ဖူလုံမှုမရှိသူ အရေအတွက်  ၂ ဒသမ ၁၅ သန်းအထိမြင့်တက်

အာဖရိကဒေသရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ကင်ညာနိုင်ငံတွင် စားရေရိက္ခာဖူလုံမှု မရှိသူအရေအတွက်သည် ယခုအခါ ၂ ဒသမ ၁၅  သန်းအထိမြင့်တက်လာပြီဖြစ်ကြောင်း အမျိုးသားမိုးခေါင်ရေရှားမှု စီမံခန့်ခွဲရေးအဖွဲ့ (NDMA) က ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း၌ သာမန်ထက်မိုးရွာသွန်းမှု နည်းပါးခြင်း၊ ပြီးခဲ့သည့် စိုက်ပျိုးရာသီမှ ထိန်းသိမ်းထားသည့် သီးနှံမျိုးစေ့များ နည်းပါးခြင်းတို့ကြောင့် စားရေရိက္ခာဖူလုံမှုတွင်    ကွာဟချက်များဖြစ်ပွားခဲ့ရပြီး အာဟာရချို့တဲ့မှုများကို ဖြစ်ပေါ်လာစေကြောင်း NDMA က ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောသည်။