အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အင်္ဂလိပ်ဘာသာအား နိုင်ငံ၏တရားဝင်ဘာသာစကားအဖြစ် သတ်မှတ်သည့်အမိန့်ကို ထရမ့်လက်မှတ်ထိုး

News Image

  • အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အင်္ဂလိပ်ဘာသာအား နိုင်ငံ၏တရားဝင်ဘာသာစကားအဖြစ် သတ်မှတ်သည့်အမိန့်ကို ထရမ့်လက်မှတ်ထိုး

နယူးယောက်၊ ယဉ်ကျေးမှု

အမေရိကန်ပြည်ထောင်စုတွင် အင်္ဂလိပ်ဘာသာအား နိုင်ငံ၏တရားဝင်ဘာသာစကားအဖြစ် သတ်မှတ်သည့်အမိန့်တစ်ရပ်ကို သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ထရမ့်သည် အဆိုပါအမိန့်ကို မတ်လ ၁ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားအား   နိုင်ငံ၏တရားဝင်ဘာသာစကားအဖြစ်သတ်မှတ်ခြင်းသည် အမေရိကန်နိုင်ငံ၏  သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်လာခဲ့သည်။

ထရမ့်၏ အဆိုပါအမိန့်ကြေညာချက်သည် နိုင်ငံအတွင်း၌ စည်းလုံးညီညွတ်မှုကိုတိုးမြှင့်ရန်နှင့် လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်စေနိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ယခုလက်မှတ်ရေးထိုးလိုက်သည့် အမိန့်ကြေညာချက်သည် ယခင်သမ္မတဟောင်း   ဘီကလင်တန်၏    အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု နည်းပါးသူများအတွက် ဘာသာစကားဆိုင်ရာ အကူအညီပေးရန် အစိုးရအဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ပေးနေသည့် ကြေညာချက်ကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလိပ်ဘာသာစကားအား နိုင်ငံ၏တရားဝင်ဘာသာစကားအဖြစ် သတ်မှတ်ခြင်းသည် ဆက်သွယ်ရေးကို လွယ်ကူစေသည့်အပြင် အမေရိကန်၏မျှဝေထားသည့်တန်ဖိုးများကိုတိုးမြှင့်ပေးနိုင်ပြီး ပိုမိုစည်းလုံးညီညွတ်မှုရှိပြီး စွမ်းဆောင်ရည်ရှိသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

အမေရိကန်တွင် ယခင်အစိုးရအဖွဲ့များသည် အင်္ဂလိပ်ဘာသာစကားအား နိုင်ငံ၏တရားဝင်ဘာသာစကားအဖြစ် သတ်မှတ်နိုင်ရန်ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ အမေရိကန်ပြည်ထောင်စုတွင် ဘာသာစကားပေါင်း ၃၅၀ ကျော်ကို ပြောဆိုလျက်ရှိကြောင်းသိရသည်။

Source: https://myawady.net.mm/