Citigroup ဘဏ်က ကာစတန်မာတစ်ဦးထံသို့ ဒေါ်လာ ၂၈၀ အစား ဒေါ်လာ ၈၁ ထရီလီယံကို မှားယွင်း လွှဲပြောင်းပေးခဲ့

News Image

Citigroup ဘဏ်က ကာစတန်မာတစ်ဦးထံသို့ ဒေါ်လာ ၂၈၀ အစား ဒေါ်လာ ၈၁ ထရီလီယံကို မှားယွင်း လွှဲပြောင်းပေးခဲ့

အမေရိကန်ဘဏ်ကြီးတစ်ခုဖြစ်သည့် Citigroup ဘဏ်သည် ဘဏ်ဝန်ဆောင်မှုရယူသူ ကာစတန်မာတစ်ဦးထံသို့ ဒေါ်လာ ၂၈၀ လွှဲပြောင်းပေးရမည့် အစား ဒေါ်လာ ၈၁ ထရီလီယံကို မှားယွင်းလွှဲပြောင်း ပေးခဲ့ ကြောင်း Financial Times က ဖေဖော်ဝါရီ လ ၂၈ ရက်တွင်ဖော်ပြသည်။

အဆိုပါငွေကြေးလွှဲပြောင်းမှုကို ဘဏ်ရှိ အမှုထမ်းနှစ်ဦးက သတိထားခြင်းမရှိဘဲ အတည်ပြုပေးခဲ့သော်လည်း   တတိယမြောက် အမှုထမ်းက ငွေကြေးလွှဲပြောင်းမှု ပြုလုပ်ပြီး တစ်နာရီခွဲအကြာမှ သတိပြုမိခဲ့ကြောင်း သတင်းစာက ဆက်လက်ဖော်ပြထားသည်။

ကလေးငယ် ၁၇ ဦးကို ဖမ်းဆီးပြန်ပေးဆွဲ၍ ရောင်းချခဲ့သည့် အမျိုးသမီးတစ်ဦးအား တရုတ်တရားရုံးက ကွပ်မျက်

News Image

ကလေးငယ် ၁၇ ဦးကို ဖမ်းဆီးပြန်ပေးဆွဲ၍ ရောင်းချခဲ့သည့် အမျိုးသမီးတစ်ဦးအား တရုတ်တရားရုံးက ကွပ်မျက်

တရုတ်နိုင်ငံတွင် ကလေးငယ် ၁၇ ဦးကို ဖမ်းဆီးပြန်ပေးဆွဲ၍  ရောင်းချခဲ့သည့် အမျိုးသမီးတစ်ဦးအား တရားရုံးတစ်ခုက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကွပ်မျက် လိုက်ကြောင်းသိရသည်။

ဗလာဒီမာပူတင်က အလွန်တော်ပြီး ပါးနပ်မှုရှိသူဖြစ်သောကြောင့် ယူကရိန်းအရေး သဘောတူညီချက် တစ်ရပ်ချမှတ်နိုင်မည်ဟု ဒေါ်နယ်ထရမ့် မျှော်လင့်

News Image

ဗလာဒီမာပူတင်က အလွန်တော်ပြီး ပါးနပ်မှုရှိသူဖြစ်သောကြောင့် ယူကရိန်းအရေး သဘောတူညီချက် တစ်ရပ်ချမှတ်နိုင်မည်ဟု ဒေါ်နယ်ထရမ့် မျှော်လင့်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အလွန်တော်ပြီး ပါးနပ်မှုရှိသူတစ်ဦး ဖြစ်သောကြောင့် ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်မည်ဟု  မျှော်လင့်သည်ဟု  အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောသည်။

သမ္မတပူတင်သည် အလွန်တော်သူ တစ်ဦးဖြစ်သောကြောင့် ရုရှားနှင့်အမေရိကန်တို့ကြား သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်မည်ဟု မိမိယူဆမိကြောင်းထရမ့်က အိမ်ဖြူတော်၌ ယခုရက်သတ္တပတ်အတွင်းက ကျင်းပသည့်အစိုးရအဖွဲ့ ဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။

အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသ အကူအညီများကို ပိတ်ဆို့ရပ်တန့်

News Image

အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသ အကူအညီများကို ပိတ်ဆို့ရပ်တန့်

အစ္စရေးနိုင်ငံသည် မတ်လ ၁ ရက်(စနေနေ့)တွင် ကုန်ဆုံးသွားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ ပထမအဆင့်ကို ဆက်လက် တိုးမြှင့်ရန် ဟားမက်လက်နက်ကိုင်အဖွဲ့က ငြင်းဆန်ခဲ့သည်ဟု ဆိုကာ ဂါဇာကမ်းမြှောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အားလုံးကို ရပ်တန့်လိုက်ပြီဖြစ်သည်။