ယူကရိန်း၏ Turkish Stream ပိုက်လိုင်းအား တိုက်ခိုက်ခြင်းသည် ဟန်ဂေရီ၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်သည်ဟု ပြင်းထန်စွာ ရှုတ်ချ

News Image

ယူကရိန်း၏ Turkish Straem ပိုက်လိုင်းအား တိုက်ခိုက်ခြင်းသည် ဟန်ဂေရီ၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်သည်ဟု ပြင်းထန်စွာ ရှုတ်ချ

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto သည် TurkStream ဓာတ်ငွေ့ပိုက်လိုင်း၏ Compressor Station တစ်ခုအပေါ် မကြာသေးမီ ကပြုလုပ်ခဲ့သော ဒရုန်းတိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချခဲ့ပြီး အဆိုပါ ပိုက်လိုင်းသည် စွမ်းအင်လုံခြုံရေးတွင် အရေးပါသောကဏ္ဍမှ ပါဝင်နေသောကြောင့် နိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးစေသည်ဟု စွပ်စွဲခဲ့သည်။

ထရမ့်ကို လေးစားကြောင်း ဇီလန်စကီးပြောကြား

News Image

ထရမ့်ကို လေးစားကြောင်း ဇီလန်စကီးပြောကြား

“ယူကရိန်းနှင့် အမေရိကန်တို့သည် ရုရှားနှင့်ဆန့်ကျင်ဘက် တစ်ဖက်တည်း တွင် ရှိနေရမည်” ဟု ယူကရိန်းသမ္မတ ဇီလန်စကီး က Fox News ကို ပြောကြားခဲ့ပါသည်။

 “အမေရိကန် သမ္မတက ယူကရိန်းတို့ဘက်မှာ ရှိနေမည်ဟု မျှော်လင့် မိကြောင်းနှင့် အဆိုပါအချက်သည် ရုရှား သမ္မတ ဗလာဒီမာပူတင်ကို ရပ်တန့်ရန်အတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်ကြောင်း" ၎င်းက ပြောကြားခဲ့သည်။

ဇီလန်စကီးက ပူတင်သည် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း အခိုင်အမာ ပြောကြား ခဲ့သည်။

ထရမ့်ကို ကျေးဇူးတင်ရမည် ဟု နေတိုးအကြီးအကဲ ပြောကြား

News Image

ထရမ့်ကို ကျေးဇူးတင်ရမည် ဟု နေတိုးအကြီးအကဲ ပြောကြား

အိမ်ဖြူတော် အစည်းအဝေးအပြီးတွင် ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် နှစ်ကြိမ်တိုင်တိုင် စကားပြောဆိုထားသည့် နေတိုး အတွင်းရေးမှူးချုပ် Mark Rutte က “၎င်းအနေဖြင့် ဆွေးနွေးခဲ့သည့်ကိစ္စရပ်များကို လွတ်လပ်စွာ ပြောပြခွင့်မရှိကြောင်း” ပြောကြားထားသော်လည်း “ယခုအချိန်အထိ ယူကရိန်းအတွက် ထရမ့် လုပ်ဆောင်ပေးခဲ့သည်များကို လေးစားရန်” ဇီလန်စကီးကို ပြောကြားခဲ့ကြောင်း BBC သို့ ပြန်လည် မျှဝေထား ပါသည်။

ဇီလန်စကီး၏ ဝါရှင်တန်သို့ သွားရောက်လည်ပတ်မှုသည် “ကိယက်ဗ်၏ သံတမန်ရေးရာ ရှုံးနိမ့်မှုပါပဲ” ဟု ကရင်မလင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

News Image

ဇီလန်စကီး၏ ဝါရှင်တန်သို့ သွားရောက်လည်ပတ်မှုသည် “ကိယက်ဗ်၏ သံတမန်ရေးရာ ရှုံးနိမ့်မှုပါပဲ” ဟု ကရင်မလင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ကရင်မလင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာ ခါရိုဗာက ဗလာဒီမာ ဇီလန်စကီး၏ ဖေဖော်ဝါရီ ၂၈ (သောကြာနေ့)တွင် ဝါရှင်တန်သို့ သွားရောက်လည်ပတ်မှုသည် “ကိယက်ဗ်၏ သံတမန် ရေးရာ ရှုံးနိမ့်မှုပါပဲ” ဟု ပြောကြားခဲ့သည်။

ဇီလန်စကီးသည် ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုနှင့် မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် စီစဉ်ထားသော်လည်း သမ္မတ Trump နှင့် ဒုသမ္မတ JD Vance တို့က ယူကရိန်းခေါင်းဆောင်အား “ရိုင်းပျသည်” ဟု အမေရိကန်နှင့် နိုင်ငံတကာ မီဒီယာများရှေ့တွင် သတိပေးလိုက်သည့်အတွက် ရည်ရွယ်ချက် အထမ မြောက်ခဲ့ပါ။