တရုတ်က ကမ္ဘာ့ပထမဆုံး ရေအောက်ကွန်ပျူတာစင်တာ တည်ဆောက်

News Image

တရုတ်က ကမ္ဘာ့ပထမဆုံး ရေအောက်ကွန်ပျူတာစင်တာ တည်ဆောက်

တရုတ်က ဟိုင်နန်ပြည်နယ်၊ Lingshui ၌ အဆင့်မြင့် ရေအောက် ကွန်ပျူတာစင်တာကို တည်ဆောက်ခဲ့ပြီး ၁၈ မီတာ ရှည်လျားသော ဒေတာစင်တာတွင် စွမ်းရည်မြင့် ဆာဗာ ၄၀၀ ကျော် ထည့်သွင်းထားကြောင်း သိရှိရသည်။ 

ရေအောက်ကြမ်းပြင်၌ တည်ဆောက်ထားပြီး အနီးအနားမှ ကမ်းရိုးတန်း Station များကို အသုံးပြုကာ Client Data Terminals များနှင့် ဆက်သွယ်ထားသည်ဟု သိရှိရပါသည်။ 

တောင်ခမ်းတွင် အပြည့်အဝ အသာစီးရနေသည့် တပ်မတော် စစ်ကြောင်းများ နောင်ချိုသို့ ဦးတည်နေ

News Image

တောင်ခမ်းတွင် အပြည့်အဝ အသာစီးရနေသည့် တပ်မတော် စစ်ကြောင်းများ နောင်ချိုသို့ ဦးတည်နေ

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း တောင်ခမ်းစစ်မျက်နှာတွင် ထိုးစစ်ဆင်ခဲ့သော TNLA ပူးပေါင်းတပ်ဖွဲ့များကို အသာစီးရယူခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်းများသည် နောင်ချိုသို့ ဦးတည်နေပြီဖြစ်ကြောင်း လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

တပ်မတော်၏ တန်ပြန်ထိုးစစ်ကြောင့် TNLA ပူးပေါင်းအဖွဲ့အနေဖြင့် ခံစစ်ပြင်နေရကာ တောင်ခမ်းစစ်မြေပြင်မှ TNLA ၏ အကြွင်းအကျန် တပ်များကို တပ်မတော်ကနှစ်ဖက်ညှပ်ကာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပူတင်သည်သာ “လွတ်လပ်သော အနာဂတ်ကမ္ဘာကို ဦးဆောင်သူ" ဖြစ်သင့်သည်ဟု ရုရှားသမ္မတဟောင်း ပြောကြား

News Image

ပူတင်သည်သာ “လွတ်လပ်သော အနာဂတ်ကမ္ဘာကို ဦးဆောင်သူ" ဖြစ်သင့်သည်ဟု ရုရှားသမ္မတဟောင်း ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် “လွတ်လပ်သော အနာဂတ်ကမ္ဘာကို ဦးဆောင်သူ” ဖြစ်သင့်သည်ဟု ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗ်ဒက် က ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံဆိုင်ရာ ဝါရှင်တန်၏ မူဝါဒပြောင်းလဲမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် EU သည် အမေရိကန်ထံမှ တာဝန်ကိုလွှဲယူရမည်ဟု အဆိုပြုခဲ့သော EU ၏ အဆင့်မြင့် သံတမန် Kaja Kallas ၏ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် မက်ဗ်ဒက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂက ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း ရုရှားအစိုးရ ဝေဖန်

News Image

ဥရောပသမဂ္ဂက ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း ရုရှားအစိုးရ ဝေဖန်

ဥရောပသမဂ္ဂသည် ရုရှားကိုဆက်လက်တိုက်ခိုက်ရန် ယူကရိန်းကို တွန်းအားပေးခြင်းဖြင့် ယူကရိန်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ပြောကြားခဲ့သည်။ထို့အပြင် လွန်ခဲ့သော သီတင်းပတ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုခဲ့သော ယူကရိန်း ပဋိပက္ခ အမြန်ဆုံးအဆုံးသတ်ရန် တောင်းဆိုထားသည့် အမေရိကန်က ရေးဆွဲထားသော ဆုံးဖြတ်ချက်တစ်ခုကို ဆာဂေးလာရော့ဗ်က အလေးအနက်ထားစဉ်းစားမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဆိုပါသည်။