အမေရိကန်၏ အကောက်ခွန်စည်းကြပ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကြား ထိုင်းဗဟိုဘဏ်က အတိုးနှုန်း လျှော့ချ
News Image

ထိုင်းဗဟိုဘဏ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးအကောက်ခွန်စည်းမျဉ်းများကြောင့် ဘဏ်အတိုးနှုန်းကို ၂.၅ ရာခိုင်နှုန်း လျှော့ချထားရာမှ ၂ ရာခိုင်နှုန်းသို့ ထပ်မံလျှော့ချလိုက်ကြောင်းနှင့် အဆိုပါ အတိုးနှုန်းလျှော့ချမှုသည် လေးလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း NHK သတင်းဌာနက ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပါသည်။ မူဝါဒချမှတ်သူများက ထိုင်းနိုင်ငံ၏စီးပွားရေးသည် အဓိကစီးပွားရေး အင်အားကြီးနိုင်ငံများ၏ ကုန်သွယ်ရေးမူဝါဒများကြောင့် စိုးရိမ်ခြေအမှတ်သို့ တဖြည်းဖြည်းဦးတည်လာနေသည် ဟု ထိုင်းဗဟိုဘဏ်က ပြောဆိုခဲ့ပြီး ယင်းသို့ ပြောဆိုမှုသည် အမေရိကန်ကို ရည်ညွှန်းထားခြင်းဖ