အမေရိကန်က ယူကရိန်း၏ ဓာတ်အားပေး တာဝါတိုင်များ ပြုပြင်ရေးအတွက် ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံထားသည့် အစီအစဉ်ကို ဖျက်သိမ်း
News Image

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ရုရှား၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ယူကရိန်း၏ ဓာတ်အားပေးတာဝါတိုင်များပြုပြင်ရေးအတွက် ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံထားသည့် USAID ၏ အစီအစဉ်ကို ယခုသီတင်းပတ်အတွင်း ဖျက်သိမ်းခဲ့သည်ဟု USAID အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။
ရုရှားက ယူကရိန်း၏ စွမ်းအင်စက်ရုံများကို တိုက်ခိုက်ခဲ့သဖြင့် ယူကရိန်း ၏ အချို့နေရာဒေသများတွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက် ခဲ့သည်။ ရုရှားနှင့်စစ်ပွဲဖြစ်ပွားနေသည့် ၃ နှစ်အတွင်း ယူကရိန်း၏ ဓာတ်အားပေးစနစ်များသည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပွား ခဲ့သည်။