ဒုတိယကမ္ဘာစစ် အောင်ပွဲ ရလဒ်ကို ရုရှား၊ တရုတ်တို့ ထိန်းသိမ်းသင့်ကြောင်း ဝမ်ယိ ပြောကြား

News Image

  • ဒုတိယကမ္ဘာစစ် အောင်ပွဲ ရလဒ်ကို ရုရှား၊ တရုတ်တို့ ထိန်းသိမ်းသင့်ကြောင်း ဝမ်ယိ ပြောကြား

ရုရှားနှင့်တရုတ်တို့သည် ဒုတိယကမ္ဘာစစ်တွင် အဓိကအောင်ပွဲရသည့် နိုင်ငံများဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့၏ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများဖြစ်ကြပါကြောင်း၊ ဒုတိယကမ္ဘာစစ်ရလဒ်များနှင့် ထိုသမိုင်းမှန် ကို တည်ငြိမ်စွာ ကာကွယ်ကြရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူးနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ပါသည်။

ရုရှားထိပ်တန်း လုံခြုံရေးအရာရှိကိုယ်စားလှယ်အဖွဲ့သည် ယခုအခါ ပေကျင်းမြို့တော်သို့ ရောက်ရှိနေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့နှင့် တွေ့ဆုံမည်ဖြစ်ကာ နှစ်နိုင်ငံအကြား လုံခြုံရေးကိစ္စနှင့် အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာပြဿနာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း  ရုရှားလုံခြုံရေးကောင်စီ၏ မီဒီယာဌာနက ဖော်ပြထားပါသည်။                                                                                                   

ကိုးကား- TASS

Photo: Mehr News Agency

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃