မြန်မာဆန်စပါးအသင်းအဖွဲ့ချုပ် (Myanmar Rice Federation) က ထုတ်ပြန်ချက်
စပါးစတင်ထွက်ရှိသည့်အဆင့်မှ ဈေးကွက်တွင်ဖြန့်ဖြူးရောင်းချသည့် အဆင့်အထိ ကုန်သွယ်ပုံအဆင့်ဆင့်ကို တင်ပြရမည်ဖြစ်ကြောင်း မြန်မာ ဆန်စပါးအသင်းအဖွဲ့ချုပ် (Myanmar Rice Federation) က ထုတ်ပြန်ထားပါသည်။
၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ရန်ကုန်မြို့ရှိ လယ်ယာစီးပွားရေးကုမ္ပဏီ ၏ခန်းမ၌ မြန်မာ ဆန်စပါးအသင်းအဖွဲ့ချုပ်နှင့် ဆန်ကုန်သည်များအဖွဲ့မှ ကိုယ်စားလှယ်များက စပါးဒိုင်ပိုင်ရှင်များ၊ ပွဲစားများနှင့် တွေ့ဆုံကာ ဒေသတစ်ခုနှင့်တစ်ကြားဆန်ကုန်သွယ်မှုများအကြောင်း ဆွေးနွေးပြောဆိုခဲ့ကြပါသည်။
အစည်းအဝေးတွင် ဆန်ရည်ညွှန်းဈေးနှုန်းအလိုက် ဈေးနှုန်းရရှိမှုအခြေအနေနှင့် မြန်မာဆန်အွန်လိုင်းမှတ်ပုံတင်ပလက်ဖောင်း (Myanmar Rice Online) ကို အသုံးပြု၍ မှတ်ပုံတင်နိုင်သည့် အခြေအနေများကို ဆွေးနွေးပြောဆိုခဲ့ကြပါသည်။ ထို့အပြင် ဆန်သိုလှောင်ရာတွင် လက်ကျန်စာရင်း၊ ကုန်လှောင်ရုံများ၊ ရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်မှု အခြေအနေနှင့်ဆန်စိုက်ပျိုးရာမှ ရောင်းချသည်အထိ ကုန်သွယ်ပုံအဆင့်ဆင့်အကြောင်းတို့ကိုလည်းဆွေးနွေးခဲ့ကြပါသည်။
လက်ရှိတွင် ဆန်လက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ဈေးကွက် ပေါက်ဈေး၏ ၈ ရာခိုင်နှုန်းထက်ကျော်လွန်သော အမြတ်ယူဆောင်၍မရကြောင်း ထုတ်ပြန်ကြေညာထားပြီး သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း သတ်မှတ်ဈေးနှုန်းများနှင့်အညီ ရောင်းချခြင်းမပြုပါက တရားစွဲဆိုခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃
ကိုးကား - Digital News