ထရမ့်က Jeanine Pirro အား ဝါရှင်တန်ဒီစီ၏ အမေရိကန် ယာယီရှေ့ နေချုပ်အဖြစ် ခန့်အပ်

News Image

ထရမ့်က Jeanine Pirro အား ဝါရှင်တန်ဒီစီ၏ အမေရိကန် ယာယီရှေ့ နေချုပ်အဖြစ် ခန့်အပ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုအပတ်အတွင်း Jeanine Pirro အား ဝါရှင်တန်ဒီစီခရိုင်အတွက် အမေရိကန် ယာယီရှေ့နေချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့သည်။

သူမသည် ဥပဒေရေးရာနယ်ပယ်တွင် ထူးချွန်ပြီး Fox News တွင် Justice with Judge Jeanine အစီအစဉ်ကို ၁၀ နှစ်ကြာ ဦးဆောင်ခဲ့ကာ ယခုအခါ The Five (အဆင့်မြင့် ရုပ်သံအစီအစဉ်) တွင် ပူးတွဲအစီအစဉ်မှူး အဖြစ် ဆောင်ရွက်လျက်ရှိပြီး ထရမ့်နှင့် ရင်းနှီးသူတစ်ဦးလည်းဖြစ်သည်။

ယခင်က နယူးယောက်ပြည်နယ် Westchester County ၏ ခရိုင်ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ထရမ့်က ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် တရုတ်ပူးပေါင်း ပါဝင်ရန်ပြောကြား

News Image

ထရမ့်က ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် တရုတ်ပူးပေါင်း ပါဝင်ရန်ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနှင့်ယူကရိန်းအကြား ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တရုတ်နိုင်ငံ၏ အကူအညီကိုရယူမည်ဟု ပြောကြားလိုက်သည်။ ၎င်းက တရုတ်သည် မော်စကိုနှင့် ကိယက်ဗ် တို့၏ သဘောထားကွာဟချက်ကို လျှော့ချပေးနိုင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်နိုင်စေရန် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။

Robert Francis Prevost သည် ပထမဆုံးသော အမေရိကန် ပုပ်ရဟန်းမင်းကြီး (Pope Leo XIV) အဖြစ် ရွေးချယ်တင်မြှောက်ခံရ

News Image

Robert Francis Prevost သည် ပထမဆုံးသော အမေရိကန် ပုပ်ရဟန်းမင်းကြီး (Pope Leo XIV) အဖြစ် ရွေးချယ်တင်မြှောက်ခံရ

ကြာသပတေးနေ့ (မေ ၈) တွင် ရောမမြို့၌ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ချီကာဂိုမြို့သား အသက် ၆၉ နှစ်အရွယ် Robert Francis Prevost သည် ပထမဆုံးသော အမေရိကန်နိုင်ငံသား ပုပ် ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး Leo XIV ဟူသော ဘွဲ့အမည်ကို ခံယူခဲ့သည်။

အမေရိကန်က ဟိုက်ဒရိုဂျင်ဗုံးအသစ် (B61-13) ထုတ်လုပ်မှုကို လာမည့်လတွင် စတင်မည်ဟု ကြေညာ

News Image

အမေရိကန်က ဟိုက်ဒရိုဂျင်ဗုံးအသစ် (B61-13) ထုတ်လုပ်မှုကို လာမည့်လတွင် စတင်မည်ဟု ကြေညာ

အမေရိကန်နိုင်ငံ၏ နျူကလီးယားလုံခြုံရေး အေဂျင်စီ (NNSA) ၏ ထုတ်ပြန်ချက်အရ လာမည့်လအတွင်း ၎င်း၏ နောက်ဆုံးပေါ် ဟိုက်ဒရိုဂျင် ဗုံးအသစ် (B61-13) ကို ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ဆိုသည်။

B61-13 ဗုံး သည် ၁၉၆၈ ခုနှစ်က စတင်ထုတ်လုပ်ခဲ့သော B61 နျူကလီးယား ဗုံးများကို အခြေခံကာ အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး အီလက်ထရွန်နစ် နည်းပညာနှင့် ထိန်းချုပ်မှုစနစ်များ (ဥပမာ - လမ်းညွှန်ခြင်းအတွက် တိကျသော နည်းပညာအသစ်) တို့ဖြင့် အဆင့်မြှင့်တင်မည်ဖြစ်သည်။