ထရမ့်တစ်ယောက် ၎င်း၏အလုပ် ၎င်းမလုပ်ဘဲ ရုရှားခေါင်းဆောင်များနှင့် ဆက်သွယ်ရန် ကြိုးစားနေသည်ဟု ဘိုင်ဒင် ဝေဖန်

News Image

ထရမ့်တစ်ယောက် ၎င်း၏အလုပ် ၎င်းမလုပ်ဘဲ ရုရှားခေါင်းဆောင်များနှင့် ဆက်သွယ်ရန် ကြိုးစားနေသည်ဟု ဘိုင်ဒင် ဝေဖန်

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရမ့်သည် ၎င်း၏ တာဝန်များကို မဖြည့်ဆည်းနိုင်ဘဲ နေတိုးအဖွဲ့ ညီညွတ်မှုကို အားနည်းစေရန် ပြုလုပ်နေပြီး ရုရှားခေါင်းဆောင်များနှင့် ဆက်သွယ်ရန် ကြိုးစား နေသည်ဟု ဝေဖန်လိုက်ပါသည်။

“ရိုးရိုးသားသားပြောရမည်ဆိုပါက ထရမ့်သည် အမေရိကန်၏ အကျိုး စီးပွားအတွက် အကျိုးမရှိသည့်အလုပ်များသာ လုပ်နေပါသည်” ဟု ဘိုင်ဒင်က ABC နှင့်အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

အိန္ဒိယ-ပါကစ္စတန် တင်းမာမှုကြောင့် မြောက်ပင်လယ်ရေလမ်းကြောင်း အပေါ် စိတ်ဝင်စားမှုတိုးစေမည်ဟု ရုရှားကျွမ်းကျင်သူပြောကြား

News Image

အိန္ဒိယ-ပါကစ္စတန် တင်းမာမှုကြောင့် မြောက်ပင်လယ်ရေလမ်းကြောင်း အပေါ် စိတ်ဝင်စားမှုတိုးစေမည်ဟု ရုရှားကျွမ်းကျင်သူပြောကြား

အိန္ဒိယနှင့်ပါကစ္စတန်ကြား စစ်ရေးတင်းမာမှုများ တိုးလာခြင်းမှာ အိန္ဒိယသမုဒ္ဒရာရှိ ရေကြောင်းလမ်းများ၏ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်လာစေသဖြင့် အခြားနိုင်ငံများက မြောက်ပင်လယ်လမ်းကြောင်း (Northern Sea Route) အပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာစေမည်ဟု ရုရှား၏ Arctic Development Project Office မှ ကျွမ်းကျင်သူ Alexander Vorotnikov က TASS သတင်းဌာနသို့ ပြောကြားလိုက်ပါ သည်။

နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး စိန်တုံးကြီး ရုရှားတွင် တူးဖော် ရရှိ

News Image

နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး စိန်တုံးကြီး ရုရှားတွင် တူးဖော် ရရှိ

ရုရှားစိန်တူးဖော်ရေးကုမ္ပဏီ Alrosa သည် ရုရှားနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံးဖြစ်သည့် ရတနာတန်းဝင် စိန်တုံးကြီးတစ်တုံးကို မေလ ၈ ရက်တွင် တူးဖော်ရရှိကြောင်း သတင်းထုတ်ပြန်လိုက်ပါသည်။

ပယင်းရောင် (amber-colored) ရှိပြီး ၄၆၈.၃၀ ကာရတ် (၅၆x၅၄x၂၂ မီလီမီတာ) အရွယ်အစားရှိသည့် အဆိုပါစိန်တုံးကြီးကို ယာကုတ်တီးယား ဒေသတွင် မေလ ၈ ရက်တွင် တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။

ယူကရိန်းထံ ယူရို ၁ ဘီလီယံ ဥရောပသမဂ္ဂ ထပ်မံထုတ်ပေး

News Image

ယူကရိန်းထံ ယူရို ၁ ဘီလီယံ ဥရောပသမဂ္ဂ ထပ်မံထုတ်ပေး

ဥရောပသမဂ္ဂသည်   နိုင်ငံခြားဘဏ်များ၌ ထိန်းချုပ်ထားသော ရုရှားပိုင်ဆိုင်မှုများမှ ရရှိထားသော ငွေများထဲမှယူရိုဘီလီယံ ၁ ဘီလီယံ (ဒေါ်လာ ၁.၀၇ ဘီလီယံ) ကို ယူကရိန်းသို့ ထပ်မံထုတ်ပေးခဲ့ကြောင်း ဥရောပကော်မရှင် စီးပွားရေးဆိုင်ရာ ကော်မရှင်နာ Valdis Dombrovskis က ကြေညာလိုက်ပါသည်။

အဆိုပါရန်ပုံငွေမှ ယူကရိန်းသည် ယခုနှစ်အတွင်း ယူရို ၆ ဘီလီယံကို ရရှိထားပြီးဖြစ်ကာ ဥရောပကော်မရှင်အနေဖြင့် နောက်ထပ် ယူရို ဘီလီယံ ၁၂ ဘီလီယံ ထပ်မံ လွှဲပြောင်းပေးရန် ရည်ရွယ်ထားကြောင်း Dombrovskis က ပြောကြားထားပါသည်။