ထရမ့်က ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် တရုတ်ပူးပေါင်း ပါဝင်ရန်ပြောကြား

News Image

  • ထရမ့်က ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် တရုတ်ပူးပေါင်း ပါဝင်ရန်ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနှင့်ယူကရိန်းအကြား ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တရုတ်နိုင်ငံ၏ အကူအညီကိုရယူမည်ဟု ပြောကြားလိုက်သည်။ ၎င်းက တရုတ်သည် မော်စကိုနှင့် ကိယက်ဗ် တို့၏ သဘောထားကွာဟချက်ကို လျှော့ချပေးနိုင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်နိုင်စေရန် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။

ဝါရှင်တန်နှင့်ပေကျင်းအကြား ဆက်ဆံရေးသည် ယခုအခါ တင်းမာလျက် ရှိပြီး ထရမ့်၏ တရုတ်ကုန်ပစ္စည်းများအား ၁၄၅% အထိ အကောက်ခွန် မြှင့်တင်ရန် ဆုံးဖြတ်ချက်ကြောင့်ဖြစ်သည်။ ထရမ့်က အဆိုပါ ဆုံးဖြတ်ချက်ကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် ကုန်သွယ်ရေးမညီမျှမှုများကို အကြောင်းပြု၍ ရှင်းလင်းခဲ့သည်။ တရုတ်ဘက်မှမူ "စီးပွားရေးအနိုင်ကျင့်မှု" ဟူ၍ စွပ်စွဲကာ အမေရိကန်မှ တင်သွင်းသော ကုန်စည်အားလုံးကို ၁၂၅% အကောက်ခွန်စနစ်ဖြင့် တုံ့ပြန်ခဲ့ပြီး ကုန်စည် တင်ပို့မှုထိန်းချုပ်ရေး စည်းမျဉ်းများကိုလည်း ချမှတ်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂