တရုတ်၏ တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာထောက်ခံပြီး ထိုင်ဝမ်အား တရုတ်၏ ခွဲထုတ်မရသော အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုကြောင်း ရုရှားက ထပ်လောင်းအတည်ပြုပြောကြား

News Image

တရုတ်၏ တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာထောက်ခံပြီး ထိုင်ဝမ်အား တရုတ်၏ ခွဲထုတ်မရသော အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုကြောင်း ရုရှားက ထပ်လောင်းအတည်ပြုပြောကြား

နာဇီဂျာမနီကို အောင်ပွဲခံသည့် ၈၀ နှစ်မြောက် အထိမ်းအမှတ်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနက်ရှိုင်းစေရန် ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် ရုရှားနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မြဲမြံစွာလိုက်နာကြောင်း ထပ်လောင်းအတည်ပြုလိုက်ပါသည်။ 

BRICS အဖွဲ့ထဲ ဝင်ရောက်ရန် စီစဉ်နေကြောင်း ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးပြောကြား

News Image

BRICS အဖွဲ့ထဲ ဝင်ရောက်ရန် စီစဉ်နေကြောင်း ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးပြောကြား

ဗင်နီဇွဲလားသည် BRICS အဖွဲ့သို့ ပူးပေါင်းမည့် အစီအစဉ်များကို စွန့်လွှတ်ခြင်းမရှိသေးဘဲ တင်းပြည့်အဖွဲ့ဝင်ဖြစ်လာအောင် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၊ BRICS နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် မိမိတို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး Yvan Gil Pinto က TASS သို့ ပြောကြားလိုက်ပါသည်။ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့ မော်စကို မြို့ ကရင်မလင်နန်းတော်တွင် တွေ့ဆုံဆွေးနွေး

News Image

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့ မော်စကို မြို့ ကရင်မလင်နန်းတော်တွင် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့သည် ဒေသစံတော်ချိန် မေ ၈ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖျင်က သမ္မတ ပူတင်၏ ဖိတ်ကြားချက်ဖြင့် ရုရှားနိုင်ငံသို့ ခရီးစဉ်ထပ်မံလာရောက်ပြီး ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရခြင်းအပေါ် အလွန် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယဒရုန်း ၂၅ စင်း ပစ်ချနိုင်ခဲ့ပြီး ပါကစ္စတန်ဘက်တွင် သေဆုံးဒဏ်ရာ ရသူများရှိကြောင်း ပါကစ္စတန်စစ်တပ် ပြောကြား

News Image

အိန္ဒိယဒရုန်း ၂၅ စင်း ပစ်ချနိုင်ခဲ့ပြီး ပါကစ္စတန်ဘက်တွင် သေဆုံးဒဏ်ရာ ရသူများရှိကြောင်း ပါကစ္စတန်စစ်တပ် ပြောကြား

အိန္ဒိယမှလာသော ဒရုန်းများသည် ပါကစ္စတန်ပြည်တွင်းသို့ စဉ်ဆက်မပြတ် ကျူးကျော်ဝင်ရောက်လာခဲ့ရာ ပါကစ္စတန်ဘက်က ၂၅ စင်း ပစ်ချခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါဖြစ်ရပ်ကြောင့် အနည်းဆုံး အရပ်သား ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် တပ်မတော်ပြန်ကြားရေးဌာနက မေ ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။