Robert Francis Prevost သည် ပထမဆုံးသော အမေရိကန် ပုပ်ရဟန်းမင်းကြီး (Pope Leo XIV) အဖြစ် ရွေးချယ်တင်မြှောက်ခံရ
ကြာသပတေးနေ့ (မေ ၈) တွင် ရောမမြို့၌ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ချီကာဂိုမြို့သား အသက် ၆၉ နှစ်အရွယ် Robert Francis Prevost သည် ပထမဆုံးသော အမေရိကန်နိုင်ငံသား ပုပ် ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး Leo XIV ဟူသော ဘွဲ့အမည်ကို ခံယူခဲ့သည်။
Leo XIV သည် ဗာတီကန်ရှိ စိန်ပီတာဘုရားကျောင်း၏ စင်မြင့်သို့ တက်ရောက်ကာ ထောင်နှင့်ချီသော ပရိသတ်အား "သင်တို့အားလုံး ငြိမ်းချမ်းကြပါစေ" ဟု နှုတ်ဆက်ခဲ့သည်။ ၎င်းက "ပြန်လည်ထမြောက်တော်မူသော ခရစ်တော်၏ ပထမဆုံးသော နှုတ်ဆက်စကား" ကို ပေးအပ်ရင်း ၎င်း၏ ငြိမ်းချမ်းရေး သတင်းစကားသည် "ကျွန်ုပ်တို့၏ နှလုံးသားများနှင့် မိသားစုများထဲသို့ စွဲမြဲစွာ ကိန်းအောင်းနိုင်ပါစေ" ဟု တိုက်တွန်းခဲ့သည်။
Prevost သည် လက်တင်အမေရိကတွင် သာသနာပြုအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပီရူးနိုင်ငံ Trujillo မြို့တွင် ဆယ်နှစ်ကြာ အမှုတော်ဆောင်ခဲ့ကာ နောက်ပိုင်းတွင် Chiclayo ၏ ဂိုဏ်းအုပ် (Bishop) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ Cardinal အဖြစ် တင်မြှောက်ခံခဲ့ရပြီး ကမ္ဘာတစ်ဝှမ်းရှိ ဂိုဏ်းအုပ်များ ခန့်အပ်ရန် တာဝန်ရှိသည့် ဗာတီကန်၏ Congregation for Bishops အဖွဲ့၏ ခေါင်းဆောင်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။ အဆိုပါရာထူးသည် ၎င်းအား ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရန် အလားအလာများစေခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂