ဒိန်းမတ်က အမေရိကန်သံတမန်အား ဆင့်ခေါ်၍ “အမေရိကန်က ဂရင်းလန်း ကျွန်းအပေါ် သူလျှိုလှုပ်ရှားမှုများ တိုးမြှင့်လာခြင်း” ကိစ္စကို ဆွေးနွေးမည်

News Image

ဒိန်းမတ်က အမေရိကန်သံတမန်အား ဆင့်ခေါ်၍ “အမေရိကန်က ဂရင်းလန်း ကျွန်းအပေါ် သူလျှိုလှုပ်ရှားမှုများ တိုးမြှင့်လာခြင်း” ကိစ္စကို ဆွေးနွေးမည်

ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Løkke Rasmussen က မေ ၇ ရက်တွင် ၎င်းအနေဖြင့် ဒိန်းမတ် နိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိပုဂ္ဂိုလ်အားဆင့်ခေါ်၍ အမေရိကန်က ဒိန်းမတ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ ဂရင်းလန်းကျွန်းတွင် သူလျှိုနှင့်ထောက်လှမ်းရေးလှုပ်ရှားမှုများ လုပ်ဆောင်ရန် စီစဉ်ထားသည် ဟူသော အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အကြောင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်က နှစ်နိုင်ငံဆက်ဆံရေး ပိုမို အဆင့်အတန်း မြင့်မားစွာ တိုးတက်လာစေရန် တွန်းအားပေးဟု ရုရှားနိုင်ငံမှ လူပုဂ္ဂိုလ် များဆို

News Image

သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်က နှစ်နိုင်ငံဆက်ဆံရေး ပိုမို အဆင့်အတန်း မြင့်မားစွာ တိုးတက်လာစေရန် တွန်းအားပေးဟု ရုရှားနိုင်ငံမှ လူပုဂ္ဂိုလ် များဆို

ရုရှားနိုင်ငံ သမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် မေ ၇ ရက်မှ ၁၀ ရက် အထိ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ပြီး မော်စကိုမြို့၌ ကျင်းပမည့် ဆိုဗီယက် ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်သွားမည်ဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင်၏ ယခုအကြိမ်ခရီးစဉ်သည် လေးနက်သော အနက်အဓိပ္ပာယ်ရှိပြီး နှစ်နိုင်ငံ၏ မြင့်မားသော အပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန်ထောက်ခံအားပေးမှုကို ပေါ်လွင်စေကာ ရုရှား-တရုတ်ဆက်ဆံရေးကို ပိုမိုအဆင့်အတန်းမြင့်မားစွာ တိုးတက်လာစေရန် တွန်းအားပေးလိမ့်မည်ဟု ရုရှားနိုင်ငံ နယ်ပယ်အသီးသီးမှ လူပ

အမေရိကန်မပါဝင်ဘဲ ယူကရိန်းပဋိပက္ခ ဖြေရှင်းနိုင်မည် မထင်ကြောင်း ဂျာမန်ဝန်ကြီးချုပ် ပြောကြား

News Image

အမေရိကန်မပါဝင်ဘဲ ယူကရိန်းပဋိပက္ခ ဖြေရှင်းနိုင်မည် မထင်ကြောင်း ဂျာမန်ဝန်ကြီးချုပ် ပြောကြား

အမေရိကန်၏ နိုင်ငံရေးနှင့်စစ်ရေးအရ ဆက်လက်ပံ့ပိုးမှု မပါဝင်ဘဲ ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်မည်မဟုတ်ပါ ဟု ဂျာမန် ဝန်ကြီးချုပ် Friedrich Merz က ပြင်သစ်သမ္မတ Emmanuel Macron နှင့် ပူးတွဲပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားလိုက်ပါသည်။ 

မြောက်ကိုရီးယားတပ်မတော်က ဒုံးကျည်စနစ်များဖြင့် စစ်ရေးလေ့ကျင့်

News Image

မြောက်ကိုရီးယားတပ်မတော်က ဒုံးကျည်စနစ်များဖြင့် စစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားတပ်မတော်သည် မေလ ၈ ရက်တွင် တာဝေးပစ် ဒုံးကျည်စနစ်များနှင့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားဗဟိုသတင်းဌာန (KCNA) ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။