အိန္ဒိယက ရုရှားနှင့်ပူးပေါင်း၍ အသံထက်မြန်သော ခရုဇ်ဒုံး ထုတ်လုပ်သည့် စက်ရုံဖွင့်လှစ်
News Image

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အက်တာပရာဒေ့ရှ် ပြည်နယ်တွင် ဘရာမို အသံ ထက်မြန်သော ခရုဇ်ဒုံးကျည် ထုတ်လုပ်ရေးစက်ရုံကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြား ခဲ့ပါသည်။ ကာကွယ်ရေးဝန်ကြီး ရာဇနတ်သ်ဆင်းဂ်က ဖွင့်လှစ်လိုက်သည့် အဆိုပါစက်ရုံသည် အကွာအဝေး ၂၉၀ - ၄၀၀ ကီလိုမီတာနှင့် အမြန်နှုန်း မက်ချ် ၂.၈ အထိရှိသည့် ကမ္ဘာ့အမြန်ဆုံး အသံထက်မြန်သော ခရုဇ် ဒုံးကျည်များ ထုတ်လုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်၊၊