ကုန်ပစ္စည်းတွင် စည်းကြပ်ခွန်စရိတ် ဖော်ပြမည့် အမေဇုံ၏သတင်းက အိမ်ဖြူတော်ကို ပူပန်စေ
News Image

အမေရိကန်မီဒီယာများ၏ အတည်မပြုရသေးသော သတင်းနှင့်စပ်လျဉ်း၍ အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လီဗစ်ထ်က ဧပြီ ၂၉ ရက်တွင် အစောဆုံး သဘောထား ထုတ်ပြန်ပြောကြားခဲ့ရာ အဆိုပါသတင်းတွင် အမေရိကန်၏ အွန်လိုင်း လက်လီရောင်းချရေး ထိပ်တန်းကုမ္ပဏီ အမေဇုံ (Amazon) က ကုန်ပစ္စည်းအရောင်း ဈေးနှုန်းတွင် ထပ်တိုးကောက်ခံသည့် စည်းကြပ်ခွန်စရိတ်အား ဖော်ပြရန် စီစဉ်ထားသောလုပ်ရပ်သည် “ရန်လိုပြီး နိုင်ငံရေးအသွင်ဖော်ဆောင်သည့် လုပ်ရပ်” ဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။