ဒေါ်နယ်ထရမ့်အစိုးရသည် ယူကရိန်းသို့ အမေရိကန်ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိ ပထမဆုံး လက်နက်တင်ပို့မှုကို ခွင့်ပြုခဲ့ကြောင်း ကိယက်ဗ်ပို့စ် သတင်းစာက သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြ

News Image

ဒေါ်နယ်ထရမ့်အစိုးရသည် ယူကရိန်းသို့ အမေရိကန်ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိ ပထမဆုံး လက်နက်တင်ပို့မှုကို ခွင့်ပြုခဲ့ကြောင်း ကိယက်ဗ်ပို့စ် သတင်းစာက သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြ

ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက် ယူကရိန်းသို့ တိုက်ရိုက်စီးပွားဖြစ် လက်နက်ရောင်းချမှုအတွက် ပထမဆုံး ခွင့်ပြုချက်ဖြစ်ကြောင်း အဆိုပါ သတင်းစာက ရေးသားထားပါသည်။ ယူကရိန်းသည် အမေရိကန်မှ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် လက်နက်များကို အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ မှ ၅၀ အထိ စုစုပေါင်း ဝယ်ယူရန် ရည်ရွယ်ထားပါသည်။

ကိုးကား - kyiv post

ယူကရိန်းသည် သတ္တုတူးဖော်ရေး သဘောတူညီချက်ကို ဧပြီ ၃၀ ရက် (ဗုဒ္ဓဟူးနေ့) မှာပင် အမေရိကန်နှင့် လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိ

News Image

ယူကရိန်းသည် သတ္တုတူးဖော်ရေး သဘောတူညီချက်ကို ဧပြီ ၃၀ ရက် (ဗုဒ္ဓဟူးနေ့) မှာပင် အမေရိကန်နှင့် လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိ

ယူကရိန်းနိုင်ငံသည် အမေရိကန်နှင့် သတ္တုတူးဖော်ရေး သဘောတူညီချက်ကို ဧပြီ ၃၀ ရက် ဗုဒ္ဓဟူးနေ့မှာပင် လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ သဘောတူညီချက်တွင် နိုင်ငံနှစ်ခုသည် ယူကရိန်း၏ သတ္တုတူးဖော်ရေးလုပ်ငန်း၊ စွမ်းအင်ကဏ္ဍနှင့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် အခြေအနေများဖန်တီးရန် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း Bloomberg က ဖော်ပြထားပါသည်။ 

ဗီယက်နမ်စစ်ပွဲ ပြီးဆုံးခြင်း နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနား အစိုးရနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

News Image

ဗီယက်နမ်စစ်ပွဲ ပြီးဆုံးခြင်း နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနား အစိုးရနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဧပြီ ၃၀ ရက်သည် ဗီယက်နမ်စစ်ပွဲပြီးဆုံးခြင်း နှစ် (၅၀) ပြည့်သည့်နေ့ ဖြစ်ပါသည်။ ယခုအခါ ဗီယက်နမ်စစ်ပွဲ ပြီးဆုံးခြင်း နှစ် (၅၀) ပြည့် အခမ်းအနားကို ဗီယက်နမ်နိုင်ငံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါသည်။ ဗီယက်နမ်နိုင်ငံ၏ ကွန်မြူနစ်ပါတီခေါင်းဆောင်က အဆိုပါအောင်ပွဲသည်ဖိနှိပ်မှုအပေါ် တရားမျှတမှု၏အောင်ပွဲ ဟု ဂုဏ်ပြုပြောကြားလိုက်ပါသည်။

ရှန်ကျိုး-၁၉ ကမ္ဘာမြေပေါ်သို့ အောင်မြင်စွာ ဆင်းသက်ရောက်ရှိ

News Image

ရှန်ကျိုး-၁၉ ကမ္ဘာမြေပေါ်သို့ အောင်မြင်စွာ ဆင်းသက်ရောက်ရှိ

တရုတ်အာကာသယာဉ်မှူးများ လိုက်ပါလာသည့် ရှန်ကျိုး-၁၉ အာကာသယာဉ်သည် တရုတ်၏ ပတ်လမ်းဆိုင်ရာ အာကာသစခန်းတွင် ခြောက်လကြာလုပ်ငန်းတာဝန်ထမ်းဆောင်ပြီးနောက် ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည်ဆိုက်ရောက်လာကြောင်း CCTV က သတင်းထုတ်ပြန်သည်။

တရုတ်အာကာသယာဉ်မှူးများဖြစ်သည့် Cai Xuzhe၊ Song Lingdong နှင့် Wang Haoze တို့ကို လိုက်ပါလာသည့် ရှန်ကျိုး-၁၉ အာကာသယာဉ်သည် တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ ဒေါင်ဖျင် ဆင်းသက်ရာနေရာသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါသည်။