ယူကရိန်းသတ္တုအရင်းအမြစ်များအား အမေရိကန် ဝင်ရောက်လုပ်ကိုင်ခွင့်ရမည့်သဘောတူညီချက် အမေရိကန်နှင့် ယူကရိန်း လက်မှတ်ရေးထိုးပြီး
News Image

ယူကရိန်း၏ သတ္တုအရင်းအမြစ်များကို အမေရိကန်က ဝင်ရောက်အသုံးပြုနိုင်မည့် သဘောတူညီချက်ကို အမေရိကန်နှင့် ယူကရိန်းတို့ လက်မှတ်ရေးထိုးလိုက်ကြကြောင်း Bloomberg သတင်းစာက ဖော်ပြထားပါသည်။
အဆိုပါသဘောတူညီချက်အရ အမေရိကန်သည် အလူမီနီယမ်၊ ဂရက်ဖိုက်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အသစ်များတွင် ဦးစားပေးဝင်ရောက်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။