ချီလီနှင့် အာဂျင်တီးနားတို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်

News Image

ချီလီနှင့် အာဂျင်တီးနားတို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်

ချီလီနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့ကို ဂယက်ရိုက်ခတ်သွားစေခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၄ ပြင်းအားရှိ ငလျင်ကြောင့် ထောင်နှင့်ချီသည့် ဒေသခံများသည် ကုန်းမြင့်ပိုင်းသို့ တိမ်းရှောင်နေခဲ့ရပြီး တာဝန်ရှိသူများက ဆူနာမီသတိပေးချက် မေ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ငလျင်သည် တောင်အမေရိက တောင်ပိုင်းဇုန် Drake Passage နှင့် Cape Horn ကြားတွင် ဒေသစံတော်ချိန် ည ၉ နာရီ ၅၈ မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိတိုင်းထွာရေးအဖွဲ့က ပြောကြားခဲ့သည်။

ငလျင်ဗဟိုသည် အာဂျင်တီးနားနိုင်ငံ အူရွှာရီရာမြို့မှ ၂၁၉ ကီလိုမီတာအကွာတွင် ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ကိုးကား-Eleven Media Group

လားရှိုးတွင် တပ်မတော်ပြန်လည်ထိန်းချုပ်ပြီး (၁၀)ရက်အကြာတွင် ဌာနဆိုင်ရာရုံးများစတင်လည်ပတ်နေ

News Image

လားရှိုးတွင် တပ်မတော်ပြန်လည်ထိန်းချုပ်ပြီး (၁၀)ရက်အကြာတွင် ဌာနဆိုင်ရာရုံးများစတင်လည်ပတ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးတွင် တပ်မတော်ပြန်လည်ထိန်းချုပ်ပြီးနောက် (၁၀)ရက်အကြာ၌ ဌာနဆိုင်ရာရုံးများ တွင်တွင် ကျယ်ကျယ်စတင်လည်ပတ်နေပြီဖြစ်ကြောင်း ဒေသခံများထံ NP News သတင်းဌာနက မေးမြန်းထားသည့် အချက်လက်များအရ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ရက်က စတင်၍ လားရှိုးမြို့အတွင်းသို့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်သား ပြည်သူ အများအပြားပြန်လည်ဝင်ရောက်လာပြီးနောက် (၁၀)ရက်အကြာ (မတ်လ ၂ရက်)တွင်လားရှိုးမြို့အတွင်းရှိ လားရှိုးမြို့ဆေးရုံ ကြီးအပါအဝင် အစိုးရဌာန ဆိုင်ရာရုံးများစွာ ပြန်လည်စတင် လည်ပတ်နေပြီဖြစ်‌ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

၆.၂ အဆင့် ငလျင် နယူးဇီလန်၌ လှုပ်ခတ်

News Image

၆.၂ အဆင့် ငလျင် နယူးဇီလန်၌ လှုပ်ခတ်

နယူးဇီလန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းအနီးတွင် ဧပြီ ၃၀(ဗုဒ္ဓဟူး) ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီကျော်အတွင်း ရစ်ချက်စတာစကေး ၆.၂ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေး ဌာနက သတင်းထုတ်ပြန်ထားပါသည်။

ရုရှား-မြောက်ကိုရီးယားနယ်စပ်ရှိ တူမာနာယာမြစ်ကူးတံတား တည်ဆောက်ရေး ဖွင့်ပွဲကျင်းပမည်

News Image

ရုရှား-မြောက်ကိုရီးယားနယ်စပ်ရှိ တူမာနာယာမြစ်ကူးတံတား တည်ဆောက်ရေး ဖွင့်ပွဲကျင်းပမည်
ရုရှား-မြောက်ကိုရီးယားနယ်စပ်ရှိ တူမာနာယာမြစ်ကူးတံတား တည်ဆောက်ရေး ဖွင့်ပွဲကျင်းပမည်

ရုရှားဝန်ကြီးချုပ် Mikhail Mishustin သည် မြောက်ကိုရီးယားနှင့် နယ်စပ်ချင်းထိစပ်နေသော ရုရှား၏ ပရီမိုရီးယေးဒေသ အတွင်းရှိ တူမာ နာယာမြစ်ကို ဖြတ်ကျော်မည့် လမ်းတံတားတစ်စင်းတည်ဆောက်မည့် အခမ်းအနားကို အွန်လိုင်းဗီဒီယိုမှတစ်ဆင့် ဧပြီ ၃၀ ရက်(ဗုဒ္ဓဟူးနေ့)တွင် ပြုလုပ်မည်ဖြစ်သည်ဟု ရုရှားအစိုးရက ကြေညာထားပါသည်။

ယင်းအခမ်းအနားသို့ မြောက်ကိုရီးယားဝန်ကြီးချုပ် Pak Thae Song တက်ရောက်မည်ဖြစ်ပါသည်။