ပူတင်၏ “အောင်ပွဲနေ့” စစ်ရပ်စဲရေး အဆိုပြုချက်သည် ကိယက်နှင့် တိုက်ရိုက်ဆွေးနွေးမှုလမ်းကြောင်းဖွင့်ပေးနိုင်ဟု လာဗရော့ဆို
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့က သမ္မတ ဗလာဒီမာပူတင် ၏ မေလ ၉ ရက်နေ့ (ရုရှား၏ အောင်ပွဲနေ့) အခမ်းအနား အထိမ်းအမှတ်အဖြစ် စစ်ရပ်စဲရေးအဆိုပြုချက်သည် ယူကရိန်းနှင့် တိုက်ရိုက် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်နိုင်ရန် အခွင့်အလမ်းတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လာဗရော့အဆိုအရ ရုရှားအစိုးရသည် စစ်ရေးအခြေအနေများကို တည်ငြိမ်စေရန်နှင့် နိုင်ငံတကာညှိနှိုင်းမှုများ စတင်နိုင်ရန် ယင်းအဆိုကို တင်သွင်းခြင်း ဖြစ်သည်။ သို့သော် ယူကရိန်းဘက်မှ လက်မခံပါက ရုရှားက ၎င်း၏ စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်မည်ဟုလည်း သတိပေးခဲ့သည်။
ပူတင်၏ အဆိုတွင် ယူကရိန်းက ရုရှားထိန်းချုပ်ထားသော ဒွန်ဘတ်စ်နှင့် ခရိုင်းမီးယားဒေသများကို အသိအမှတ်ပြုရန်နှင့် NATO အဖွဲ့ဝင်မဖြစ်ရန် ကန့်သတ်ချက်များ ပါဝင်နိုင်သည်။
အနောက်နိုင်ငံများက ယင်းအဆိုကို “စစ်ရေးအကျပ်အတည်းမှ ရုရှား အား အချိန်ဆွဲရန် ကြိုးပမ်းမှု” အဖြစ် ဝေဖန်ထားသည်။
ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှား၏ စစ်ရပ်စဲရေးအဆိုကို ယုံကြည်စိတ်ချရခြင်းမရှိဟု ငြင်းဆိုခဲ့ပြီး ရုရှားတပ်များ ယူကရိန်းမြေမှ ဆုတ်ခွာမှသာ အစစ်အမှန်ငြိမ်းချမ်းရေးဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂