အမေရိကန်ပြည်ထောင်စုက ဥရောပ၏ ကာကွယ်ရေးအပေါ် အာရုံစိုက်မှုကို လျှော့ချတော့မည်

News Image

အမေရိကန်ပြည်ထောင်စုက ဥရောပ၏ ကာကွယ်ရေးအပေါ် အာရုံစိုက်မှုကို လျှော့ချတော့မည်

အမေရိကန်ပြည်ထောင်စု၏ လုံခြုံရေးပံ့ပိုးမှုများ တဖြည်းဖြည်း ရုတ်သိမ်းလာသည်နှင့်အမျှ ဥရောပသမဂ္ဂအနေဖြင့် ၎င်း၏ကိုယ်ပိုင်ကာကွယ်ရေး တာဝန်များကို လုပ်ဆောင်ရန် အဆင်သင့်ဖြစ်ထားရမည်ဟု ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ပြောကြားခဲ့သည်။

သူမ၏ထုတ်ဖော်ပြောဆိုချက်များသည် ဥရောပသမဂ္ဂအနေဖြင့် အမေရိကန် သမ္မတ Donald Trump ၏ သံတမန်ရေးရာ တင်းမာလာမှုများကြားတွင် စစ်ရေးစွမ်းရည်များ မြှင့်တင်ရန် လိုအပ်ကြောင်း ညွှန်းဆိုနေသည်။

ရခိုင်မှာ ဘင်္ဂါလီလူမျိုးများအတွက် နယ်မြေတောင်းမှု အနောက်အုပ်စု စေခိုင်းခြင်းဖြစ်နိုင်

News Image

ရခိုင်မှာ ဘင်္ဂါလီလူမျိုးများအတွက် နယ်မြေတောင်းမှု အနောက်အုပ်စု စေခိုင်းခြင်းဖြစ်နိုင်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအတွက် သီးခြားလွတ်လပ်သော ကိုယ်ပိုင်ပြည်နယ် ဖြစ်ပေါ်လာရေး ‌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အတိုက် အခံ အင်အားကြီးပါတီ ဂျာမတ် အီ အစ္စလမ်မစ် (Jamaat-e-Islami) ပါတီက တောင်းဆိုမှုသည် အနောက်နိုင်ငံ၏ စေခိုင်းမှုဖြစ်နိုင်ကြောင်း ရခိုင် နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလေ့လာသူများက CNI သတင်းဌာနသို့ ပြောသည်။

မိုးသည်းထန်မှုကြောင့် မယ်ဆိုင်မှာ ရေကြီး

News Image

မိုးသည်းထန်မှုကြောင့် မယ်ဆိုင်မှာ ရေကြီး

ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ဧပြီ ၂၉ ရက်(အင်္ဂါနေ့)တွင် မြစ်ချောင်းများရေလျှံကာ မြစ်ကမ်း ဘေး လူနေရပ်ကွက်များနှင့် လမ်းများပေါ်သို့ ရေတက်လာခဲ့သည်။       

ဒေသခံများသည် ၂၀၂၄ ခုနှစ်ကကဲ့သို့ ရေကြီးရေလျှံမှုများ ထပ်ဖြစ်လာမည် ကို စိုးရိမ်သောကြောင့် ဧပြီ ၃၀ ရက်နေ့၊ နံနက်အစောပိုင်းမှစကာဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းနှင့် ပိုင်ဆိုင်သည့်ပစ္စည်းများကို အမြင့်ပိုင်း နေရာများသို့ ပြောင်းရွှေ့နေကြသည်။