၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုများကို ဝယ်ယူမှု မြန်မာနိုင်ငံသားများ ဒုတိယနေရာတွင် ရပ်တည်နေ
News Image

၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုများကို ဝယ်ယူမှု မြန်မာနိုင်ငံသားများ ဒုတိယနေရာတွင် ရပ်တည်နေကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။
အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ၏ အချက်အလက်များအရ ယခုနှစ်ပထမသုံးလပတ်တွင် ကွန်ဒိုအရောင်းအဝယ်များ အနည်းငယ်နှေးကွေးခဲ့သော်လည်း တရုတ်ဝယ်လက်များက ဦးဆောင် နေဆဲဖြစ်ကြောင်း၊ ယင်းတို့၏ နောက်တွင် မြန်မာနိုင်ငံသားများမှာ ဒုတိယနေရာတွင် ရပ်တည်ကာ တတိယနေရာတွင် ရုရှားနိုင်ငံသားများဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။