အိန္ဒိယက ဂျပန်ကိုကျော်တက်ပြီး ကမ္ဘာ့စတုတ္ထ အကြီးဆုံး စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်လာ
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ မှတ်တမ်းများအရ အိန္ဒိယနိုင်ငံ သည် ကမ္ဘာ့စီးပွားရေး အဆောက်အအုံ အကြီးဆုံးနိုင်ငံများထဲ၌ စတုတ္ထ အဆင့်ကို ရောက်ရှိလာကြောင်း သိရပါသည်။ အမေရိကန်၊ တရုတ်နှင့် ဂျာမနီ ပြီးလျှင် အိန္ဒိယသည် နံပါတ် ၄ နေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံ၏ စီးပွားရေး အဆောက်အအုံမှ လည်ပတ်မှုငွေကြေး ပမာဏ သည် ကန်ဒေါ်လာ ၄ ထရီလီယံ အထိရောက်ရှိနေပြီး အကြောင်းအရင်းမှာ ဘူမိနိုင်ငံရေးနှင့် ကုန်ထုတ်စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်၍ဖြစ်ကြောင်း ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက ဆိုပါသည်။
လက်ရှိအနေအထားအတိုင်းဆက်ပြီး ထိန်းသိမ်းထားနိုင်မည်ဆိုပါက လက်ရှိဂျပန်ကို ကျော်တက်အပြီး နောက် ၃ နှစ် အတွင်း ဂျာမနီကိုပါ ဆက်လက်ကျော်တက်ကာ ကမ္ဘာ့တတိယ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်လာနိုင်ကြောင်း IMF ၏ အစီရင်ခံစာတစ်ခုတွင် ပါရှိပါသည်။
ကိုးကား- MNP