ရှီကျင့်ဖျင်နှင့် ပြင်သစ် သမ္မတ မက်ခရွန် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

News Image

ရှီကျင့်ဖျင်နှင့် ပြင်သစ် သမ္မတ မက်ခရွန် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ဖိတ်ကြားချက်အရ ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် မေ ၂၂ ရက် ညနေပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့သည်။

ရူဘယ်ငွေကြေးသည် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက နှစ်နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ

News Image

ရူဘယ်ငွေကြေးသည် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက နှစ်နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ

ရုရှား ရူဘယ်ငွေကြေးသည် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက နှစ်နှစ် အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ပြီး ယင်းအား ပထဝီနိုင်ငံရေး တင်းမာမှုများလျော့ပါးလာခြင်းနှင့် ယူကရိန်းပဋိပက္ခ ဖြေရှင်းရေး မျှော်လင့်ချက်များ ပြန်လည်မြင့်တက်လာခြင်းတို့က အထောက်အပံ့ ဖြစ်စေခဲ့သည်။

ကြာသပတေးနေ့ (မေ ၂၂) တွင် ရုရှားငွေကြေးသည် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၇၈.၉ ရူဘယ် ဖြင့် ၂၀၂၃ ခုနှစ် မေလအလယ်ကတည်းက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ ၂၀၂၅ ခုနှစ် မတ်လ အစောပိုင်းမှ စတင်၍ ရူဘယ်ငွေကြေး ၁၁% ခန့် တက်လာခဲ့သည်။

ရုရှားက ကိယက်ဗ်ရှိ ဒရုန်းနှင့် ဒုန်းကျည်ထုတ်လုပ်သည့် စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်

News Image

ရုရှားက ကိယက်ဗ်ရှိ ဒရုန်းနှင့် ဒုန်းကျည်ထုတ်လုပ်သည့် စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်

မော်စကိုကာကွယ်ရေးဝန်ကြီးဌာနက ရုရှားစစ်တပ်သည် ယူကရိန်း မြို့တော် ကိယက်ဗ်ရှိ ဒရုန်းနှင့်ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံတစ်ခုကို အောင်မြင်စွာ တိုက်ခိုက်လိုက်ကြောင်း စနေနေ့ (မေ ၂၄) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုထုတ်ပြန်ချက်သည် မေ ၂၃ ရက်နေ့ညက ကိယက်ဗ်သို့ ရုရှား၏ ဒရုန်းနှင့်ဒုံးကျည်အကြီးစားတိုက်ခိုက်မှုဆိုင်ရာ အစောပိုင်းသတင်းများကို အတည်ပြုလိုက်ခြင်းဖြစ်သည်။ ဆိုရှယ်မီဒီယာတွင် လွှင့်တင်ထားသည့် ဓာတ်ပုံများနှင့်အတူ မြို့ထဲ၌ ကြီးမားပြင်းထန်သည့် ပေါက်ကွဲသံများကြားရသည်ဟု မျက်မြင်သက်သေများက ဆိုသည်။

(၄၈) နာရီအတွင်း ယူကရိန်းစစ်တပ်၏ ဒရုန်းအစင်းရေ (၅၀၀) ခန့်ကို ပစ်ချနိုင်ခဲ့ဟု ရုရှားစစ်တပ်ပြော

News Image

(၄၈) နာရီအတွင်း ယူကရိန်းစစ်တပ်၏ ဒရုန်းအစင်းရေ (၅၀၀) ခန့်ကို ပစ်ချနိုင်ခဲ့ဟု ရုရှားစစ်တပ်ပြော

အမေရိကန်၏ ကြားဝင်စေ့စပ်မှုများကြောင့် ရုရှားနှင့်ယူကရိန်းနိုင်ငံကြား ဆွေးနွေးမှုများလုပ်ဆောင်နေသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ရာ လွန်ခဲ့သည့် (၄၈) နာရီအတွင်း ယူကရိန်း ဒရုန်းအစင်းရေ (၄၈၅) စင်းကိုပစ်ချနိုင်ခဲ့ကြောင်း ရုရှားစစ်တပ်က သတင်း ထုတ်ပြန်လိုက် သည်။