တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ရပ်က ရန်လိုသည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရ စွပ်စွဲပြောဆို

News Image

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ရပ်က ရန်လိုသည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရ စွပ်စွဲပြောဆို

အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်းရှိ သန္တာကျောက်တန်း တစ်ဝိုက်တွင် ရေကြောင်းဆိုင်ရာသုတေသနပြုလုပ်နေသော ဖိလစ်ပိုင် သင်္ဘောများထဲမှတစ်စင်းကို မီးသတ်ပိုက်ဖြင့်ထိုးခဲ့သည့် တရုတ် ကမ်းခြေစောင့် တပ်ဖွဲ့၏လုပ်ရပ်မှာ ရန်လိုသည့်လုပ်ရပ်တစ်ခု ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောဆိုခဲ့သည်။

အကြမ်းဖက်မှု တိုက်ဖျက်ရန် တရုတ်နှင့် အာဖဂန်ပူးပေါင်းမည်

News Image

အကြမ်းဖက်မှု တိုက်ဖျက်ရန် တရုတ်နှင့် အာဖဂန်ပူးပေါင်းမည်

တရုတ်နိုင်ငံသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အာဖဂန်အစိုးရအား ပြတ်ပြတ်သားသား ဆက်လက်ထောက်ခံပြီးရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို အစောဆုံးရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ဗုဒ္ဓဟူးနေ့ (မေ ၂၁) တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် လည်းဖြစ်သည့် ဝမ်သည် ပေကျင်းတွင် အာဖဂန် ယာယီနိုင်ငံခြားရေးဝန်ကြီး အေမာခန်မူတာကီ နှင့် တွေ့ဆုံစဉ် အဆိုပါ မှတ်ချက်ပြုခဲ့သည်။

ကျောက်ဆည်မြို့၌ မြို့သန့်ရှင်းသာယာလှပရေး မြို့ဝင်/ မြို့ထွက် နေရာများနှင့် မြို့တွင်းလမ်းမကြီးအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

News Image

ကျောက်ဆည်မြို့၌ မြို့သန့်ရှင်းသာယာလှပရေး မြို့ဝင်/ မြို့ထွက် နေရာများနှင့် မြို့တွင်းလမ်းမကြီးအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည်၊ မေ - ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မေလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက မြို့ သန့်ရှင်းသာယာ/လှပစေရေး ရန်ကုန်-မန္တလေးလမ်း မြို့ဝင်/မြို့ထွက်နေရာများနှင့် မြို့လယ်လမ်းမကြီး နေရာများရှိ ရွှေစေတီဘိုးဘွားရိပ်သာ၊ ကြက်မင်းတွန်မီးပွိုင့်၊ မြဝတီဘဏ်ရှေ့၊ ကမ္ဘောဇဘဏ်ရှေ့၊ ရွှေရတီ မီးပွိုင့်နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ကာ မီးဘေးသင့်ခဲ့သည့် မိသားစုအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

News Image

ကျောက်ဆည်မြို့တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ကာ မီးဘေးသင့်ခဲ့သည့် မိသားစုအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီရုံး)၌  ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့၊ ၁ နာရီ ၅၀ အချိန်က လျှပ်စစ်ဝါယာရှော့ဖြစ်ကာ ရေခဲသေတ္တာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့သော အိမ်ထောင်စု(၁)စုအား ယမန်နေ့ မွန်းလွဲ(၄)နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။