တရုတ်ကုမ္ပဏီများ ဘရာဇီးတွင် လေယာဉ်လောင်စာဆီမှ လျှပ်စစ်ကား ထုတ်လုပ်ရေးအထိ ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

News Image

  • တရုတ်ကုမ္ပဏီများ ဘရာဇီးတွင် လေယာဉ်လောင်စာဆီမှ လျှပ်စစ်ကား ထုတ်လုပ်ရေးအထိ ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာဒါဆီလဗာ၏ ပေကျင်းခရီးစဉ်အတွင်း တရုတ်ကုမ္ပဏီများက ဘရာဇီးရီယယ် ၂၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့ပါသည်။

တရုတ်နိုင်ငံမှ Envision Energy ကုမ္ပဏီက ဘရာဇီးတွင် လေယာဉ်လောင်စာဆီထုတ်လုပ်ရန် ဘရာဇီးရီယယ် ၅ ဘီလီယံ (ဒေါ်လာ ၈၇၃ သန်း) ရင်းနှီးမြှုပ်နှံရန် မေလ ၁၂ ရက်တွင် ကြေညာခဲ့ပါသည်။ ထို့ပြင် CGN စွမ်းအင်ကုမ္ပဏီက Piauí ပြည်နယ်တွင် ဘရာဇီးရီယယ် ၃ ဘီလီယံ (ဒေါ်လာ ၅၃၅ သန်း) တန်ဖိုးရှိ   ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမည်ဟု ဆိုထားပါသည်။

သမ္မတလူလာနှင့် တွေ့ဆုံခဲ့သော တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ GAC ၏ CEO Wei Haigang က ဘရာဇီး၏ Goiás ပြည်နယ်တွင် လျှပ်စစ် နှင့် ဟိုက်ဘရစ်ကားများ ထုတ်လုပ်ရန်နှင့် အရှေ့မြောက်ဒေသတွင် သုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာ တည်ဆောက်ရန် ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု အတည်ပြုခဲ့ပါသည်။ အခြားတရုတ်ကားကုမ္ပဏီ GWM ကလည်း ဘရာဇီးရီယယ် ၆ ဘီလီယံခန့်ကို ဘရာဇီးရှိ လုပ်ငန်း များတွင် ချဲ့ထွင်သွားမည်ဟု ကြေညာခဲ့သည်။

ထို့အပြင် သမ္မတလူလာ ခရီးစဉ်အတွင်း ကျန်းမာရေး၊ အစားအစာ၊ စွမ်းအင်ကဏ္ဍများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductor) ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် သဘောတူညီချက်များ ချုပ်ဆိုခဲ့ပါသည်။

ကိုးကား - FOILA.UOI

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃