အဲအိန္ဒိယလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ချွတ်ယွင်းမှုတစ်ခုကြောင့် ဟောင်ကောင်သို့ပြန်ဆင်း

News Image

အဲအိန္ဒိယလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ချွတ်ယွင်းမှုတစ်ခုကြောင့် ဟောင်ကောင်သို့ပြန်ဆင်း

ဟောင်ကောင်မြို့မှ နယူးဒေလီမြို့သို့ ထွက်ခွာလာသည့် အဲအိန္ဒိယလေကြောင်း : Boeing 787-8 Dreamliner အစား ခရီးသည်တင်လေယာဉ်တစ်စင်း သည် လေဆိပ်မှပျံတက်ပြီးနောက် နာရီ ဝက်ခန့်အကြာတွင် နည်းပညာပိုင်းဆိုင်ရာချွတ်ယွင်းချက်တစ်ခုကြောင့် ဟောင်ကောင်လေဆိပ်သို့ ပြန်လည်ဆင်းသက်ရမှုဖြစ်ပွားကြောင်းသိရသည်။

အီရန်က အစ္စရေးထောက်လှမ်းရေးနှစ်ဦးကို ဒရုန်း၂၃ စင်းနှင့်အတူဖမ်းဆီးရမိထားဟုဆို

News Image

အီရန်က အစ္စရေးထောက်လှမ်းရေးနှစ်ဦးကို ဒရုန်း၂၃ စင်းနှင့်အတူဖမ်းဆီးရမိထားဟုဆို

အီရန်တာဝန်ရှိသူများသည် အစ္စရေး နိုင်ငံမှထောက်လှမ်းရေးနှစ်ဦးကို တီဟီရန် မြို့အနီး၌ ဖမ်းဆီးရမိထားကြောင်း အီရန် ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဆာအိမွန် တယ်ဇာမာဒီကပြောသည်။

အဆိုပါ အစ္စရေးထောက်လှမ်းရေး နှစ်ဦးကို ဖောက်ခွဲရေးပစ္စည်းကီလိုဂရမ်၂၀၀ ကျော်၊ ဒရုန်း ၂၃ စင်း၊ ဒရုန်းလွှတ်လောင်ချာ တစ်လက်အပြင် ထိန်းချုပ်ရေးကိရိယာ များနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်ကို ကိုးကား၍ Fars News သတင်းဌာနကဖော်ပြထားသည်။

ဂါဇာရှိ ထောက်ပံ့ရေးစင်တာအနီး၌ အစ္စရေး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄၀ သေဆုံး

News Image

ဂါဇာရှိ ထောက်ပံ့ရေးစင်တာအနီး၌ အစ္စရေး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄၀ သေဆုံး

ဂါဇာရှိ ထောက်ပံ့ရေးစင်တာအနီး၌ အစ္စရေးစစ်သည်များ၏ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄၀ သေဆုံးကြောင်း ဂါဇာ ဒေသကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်တွင်ထုတ်ပြန်ထားသည်။

ထို့ပြင် ရာဖာဒေသရှိ ထောက်ပံ့ရေး စခန်းအနီး၌ဖြစ်ပွားသော အဆိုပါပစ်ခတ်မှုအတွင်း အယောက် ၂၀၀ ခန့်ဒဏ်ရာရရှိသွားကြောင်း၊ ထိုသူများသည် ထောက်ပံ့ ရေးစင်တာမှအစားအစာများကို တန်းစီ ရယူသူများဖြစ်ကြောင်း ကုလသမဂ္ဂမှ တာဝန်ရှိသူများကပြောသည်။

GAC က ထုတ်လုပ်လိုက်တဲ့ ကားပျံ

News Image

GAC က ထုတ်လုပ်လိုက်တဲ့ ကားပျံ

GAC ကုမ္ပဏီက တရုတ်နိုင်ငံရဲ့နာမည်ကျော် မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခုတော့ သူတို့က သမားရိုးကျ ကားတွေအပြင် ကားပျံကိုပါထုတ်ဖော်ပြသလိုက်ပါ ပြီ။ အဲဒီကားပျံကို Govy AirCab လို့နာမည်ပေးထားပါတယ်။

Govy AirCab က ထိုင်ခုံနှစ်လုံးပါပြီး ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်တဲ့ ကားပျံအမျိုးအစားဖြစ်ပါတယ်။ GAC ကုမ္ပဏီက အခုလိုမျိုးကားပျံတွေကို ထုတ်လုပ်ခြင်းက ဝေဟင်အငှားယာဉ်ဈေးကွက်ကို ပိုမို တွင်ကျယ်လာစေဖို့ ဖြစ်တယ်လို့ဆိုပါတယ်။

သူ့ရဲ့တန်ဖိုးကိုတော့ ယွမ် ၁ ဒသမ ၆၉ သန်းဝန်းကျင် သတ်မှတ်ထားပါတယ်။