ရုရှားက ယူကရိန်းမှကျဆုံး စစ်သည်ရုပ်အလောင်း ၆၀၀၀ ကျော်ကို ပြန်လည်လွှဲပြောင်း ပေးအပ်

News Image

ရုရှားက ယူကရိန်းမှကျဆုံး စစ်သည်ရုပ်အလောင်း ၆၀၀၀ ကျော်ကို ပြန်လည်လွှဲပြောင်း ပေးအပ်

ရုရှားနိုင်ငံသည် ယူကရိန်းနှင့်ဖြစ်ပွားသည့် ပဋိပက္ခအတွင်း ယူကရိန်းမှ ကျဆုံးသွားသည့် စစ်သည်များ၏ ရုပ်အလောင်း ၆၀၀၀ ကျော်ကို ယူကရိန်းသို့ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ကြောင်း ပဋိပက္ခနှင့် စပ်လျဉ်း၍ ရုရှားစေ့စပ် ညှိနှိုင်းရေးမှူးဖြစ်သည့် ဗလာဒီမာမက်ဒင်စကီ ကပြောသည်။

ရုရှားဘက်က   ယူကရိန်းသို့ ကျဆုံးစစ်သည် ၆၀၆၀ ၏ရုပ်အလောင်းများကို ပြန်လည်လွှဲပြောင်းပေးစဉ် ယူကရိန်းက ရုရှားသို့ ရုရှားနိုင်ငံမှ ကျဆုံးစစ်သည် ၇၈ ဦး၏  ရုပ်အလောင်းများကို  ပြန်လည်လွှဲပြောင်းပေးကြောင်း  ဗလာဒီမာမက်ဒင်စကီက ဇွန်လ ၁၆ ရက်တွင်ပြောသည်။

အမေရိကန်၏ ဝေဟင်ဆီဖြည့် လေယာဉ်အစင်း ၃၀ ကျော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာ

News Image

အမေရိကန်၏ ဝေဟင်ဆီဖြည့် လေယာဉ်အစင်း ၃၀ ကျော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာ

အမေရိကန်နိုင်ငံမှ  ဝေဟင်ဆီဖြည့် လေယာဉ်အစင်း ၃၀ ကျော်သည် အတ္တလန္တိတ်သမုဒ္ဒရာကို ကျော်ဖြတ်ပြီးနောက် အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိလာပြီဖြစ်ကြောင်း Military Watch မဂ္ဂဇင်းက ဇွန်လ ၁၆ ရက်တွင်ဖော်ပြထားသည်။

အမေရိကန်က ယခုကဲ့သို့ဝေဟင်ဆီ ဖြည့်လေယာဉ်အစင်းရေ အများအပြားကို စေလွှတ်ခြင်းသည် ထူးခြားသည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ အဆိုပါလုပ်ရပ်ကြောင့် လက်ရှိဖြစ်ပွားနေသော အစ္စရေး-အီရန် စစ်ပွဲတွင် အမေရိကန်၏နက်ရှိုင်းစွာပါဝင်မှုရှိလာနိုင်သည်ကို ဖော်ပြနေကြောင်း ထိုမဂ္ဂဇင်းက သုံးသပ်ဖော်ပြထားသည်။

အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်

News Image

အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်

အီရန်၏ နောက်ထပ်တိုက်ခိုက်မှုများတွင် အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ်စခန်းများကို ပစ်မှတ်ထားလာနိုင်ကြောင်း အကြီးတန်း စစ်အရာရှိ တစ်ဦး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အီရန် Fars သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ 

အစ္စရေးမှ စတင်ခဲ့သည့် စစ်ပွဲမှာ လာမည့်ရက်များအတွင်း သိမ်းပိုက်ထားသော နယ်မြေအားလုံးနှင့် အမေရိကန်စစ်စခန်းများသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး ရန်စသူများသည် အီရန်၏ ပြင်းထန်ပြီး ကျယ်ပြန့်သော လက်စား ချေမှုကို ခံရမည်ဖြစ်ကြောင်း အရင်းအမြစ်က ပြောကြားခဲ့ပါသည်။ 

ဆန္ဒပြပွဲများတွင် မက္ကဆီကို အလံပြသခြင်းက မိမိနိုင်ငံ ပုံရိပ် ထိခိုက်စေကြောင်း မက္ကဆီကိုသမ္မတပြော

News Image

ဆန္ဒပြပွဲများတွင် မက္ကဆီကို အလံပြသခြင်းက မိမိနိုင်ငံ ပုံရိပ် ထိခိုက်စေကြောင်း မက္ကဆီကိုသမ္မတပြော

မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်ဘောင်းက အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် မက္ကဆီကို အလံကို အသုံးပြုပြသခြင်းသည် မက္ကဆီကိုပုံရိပ်ကို ထိခိုက်စေရန် ရည်ရွယ်သည့် စော်ကားမှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။

“အထူးသဖြင့် မီးလောင်နေသည့် ရဲကားပေါ်တွင် မက္ကဆီကို အလံကိုင်ထားသည့် လူတစ်ဦး၏ပုံရိပ်သည် စော်ကားမှုတစ်ခုဖြစ်သည်ဟု ကျွန်မတို့ ယုံကြည်ပါသည်။ ၎င်းသည် မက္ကဆီကိုအပေါ် အထင်အမြင်မှားစေရန် ရည်ရွယ်သည့် လှုံ့ဆော်မှုတစ်ခုဖြစ်နိုင်သည်ဟု အချက်အလက်များက ဖော်ပြနေပါသည်” ဟု သူမက ရှင်းပြခဲ့ပါသည်။