မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ တစ်ပေကျော် ပြန်တက်လာ

News Image

မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ တစ်ပေကျော် ပြန်တက်လာ

ယနေ့ ဇွန် (၁၇) ရက်၊ နံနက်ပိုင်းအချိန်တွင် မြစ်ကြီးမြို့၌ ဧရာဝတီမြစ်ရေ တစ်ပေကျော် ပြန်တက်လာသည်ဟု မြစ်ကြီးနားမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိ မြစ်ကြီးနားမြစ်ရေသည် စိုးရိမ်ရေအမှတ် (၁,၂၀၀) စင်တီမီတာသို့ ရောက်ရှိရန် (၇၇၇) စင်တီမီတာ( ၂၅) ပေခွဲခန့်အလိုတွင် ရောက်ရှိနေကြောင်း သိရသည်။

မြန်မာပြည်မြောက်ပိုင်း ဧရာဝတီမြစ် အထက်ပိုင်း၌ မိုးအသင့်တင့် ရွာသွန်းလျက်ရှိနေသည့်အတွက် မြစ်ကြီးနားမြစ်ရေမှာ ဖြေးဖြေးချင်းဆက်လက်မြင့်တက် နေဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကစ်ဘောက်ဆင် လူရွေးပွဲ ပြုလုပ်မည်

News Image

ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကစ်ဘောက်ဆင် လူရွေးပွဲ ပြုလုပ်မည်

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကစ်ဘောက်ဆင်ကစားသမားများရွေးချယ်ပွဲကို ယခုလ ဇွန်လ (၂၂)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ အသိပေးချက်အရ သိရသည်။

အဆိုပါ ကစားသမားရွေးချယ်ပွဲအား ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ခန်းမ၌ ပြုလုပ်မည်ဖြစ်ကာ ဝင်ကြေးအခမဲ့သတ်မှတ်ထားကြောင်း သိရသည်။

ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်သည့် တံဆိပ်​ခေါင်းဘလောက်အုပ်စုသစ် ထွက်​တော့မည်

News Image

ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်သည့်တံဆိပ်​ခေါင်းဘလောက်အုပ်စုသစ်ထွက်​တော့မည်

တံဆိပ်​ခေါင်းဘလောက်အုပ်စုတစ်ခုသည် လေးခု သို့မဟုတ် ထို့ထက်ပိုသော တွဲရက်တံဆိပ်ခေါင်းများအုပ်စုဖြစ်သည်။ ဘလောက်များသည် တစ်ခုချင်းတံဆိပ်ခေါင်းများထက် ရှားပါးပြီးသမိုင်း အချက်အလက်များပါဝင်​လေသည်။

ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု အထိမ်းအမှတ် Block of Stamp အထူးထုတ် (၂,၄ဝဝ) ကျပ်တန် စာပို့တံ ဆိပ်ခေါင်းသစ် (၁) မျိုးအား ဇွန်လ (၂ဝ) ရက်မှ စတင်ပြီး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။