မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က စာသင်ကျောင်းများ၌ ခြိမ်းခြောက်စာများကပ်၍ အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

News Image

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က စာသင်ကျောင်းများ၌ ခြိမ်းခြောက်စာများကပ်၍ အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

16 June 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများ၌ ခြိမ်းခြောက်စာများကပ်ခြင်း၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
 

အမေရိကန်လွှတ်တော်အမတ်များကိုပစ်ခတ်ခဲ့သူ အဖမ်းခံထားရ

News Image

အမေရိကန်လွှတ်တော်အမတ်များကိုပစ်ခတ်ခဲ့သူ အဖမ်းခံထားရ

စိန့်ပေါ၊ ရာဇဝတ်မှု
အမေရိကန်ပြည်ထောင်စု မင်နီဆိုးတား ပြည်နယ်၌ လွှတ်တော်အမတ်များကို ပစ်ခတ်ခဲ့သည့်အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ ကဖမ်းဆီးရမိထားပြီဖြစ်ကြောင်း တာဝန် ရှိသူများကပြောသည်။

အသက် ၅၇ နှစ်ရှိ ဗန့်လူသာဘိုးတား ဆိုသူအမျိုးသားသည် လွှတ်တော်အမတ် ဖြစ်သည့် ဂျွန်ဟော့မန်းနှင့်ဇနီးကိုလည်း ကောင်း၊ ပြည်နယ်ေ ာက်လွှတ်တော် ဥက္ကဋ္ဌ မယ်လီဆာဟော့မန်းနှင့်ခင်ပွန်းကို လည်းကောင်း ဇွန်လ ၁၄ ရက်နံနက်ပိုင်း တွင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်ခံရသူများအနက် မယ်လီဆာ ဟော့မန်းနှင့်ခင်ပွန်းတို့သေဆုံးသွားပြီး ကျန်သူများမှာ ဒဏ်ရာရရှိထားကြောင်း သိရသည်။

Ref: RT

Photo - France 24

ဂျပန်၌ ဆန်ဈေးနှုန်းများ သီတင်းပတ်သုံးပတ်အထိဆက်လက်ကျဆင်းလာ

News Image

ဂျပန်၌ ဆန်ဈေးနှုန်းများ သီတင်းပတ်သုံးပတ်အထိဆက်လက်ကျဆင်းလာ

ဂျပန်နိုင်ငံရှိ ကုန်တိုက်ကြီးများတွင် ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများသည် သီတင်းပတ်သုံးပတ်အထိဆက်လက်ကျဆင်းလာကြောင်း ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်သောအချက် အလက်များတွင် တွေ့ရသည်။

အစိုးရကသိုလှောင်ထားသည့်အရန် ဆန်များကို ဈေးနှုန်းလျှော့ချ၍ ဈေးကွက် အတွင်းရောင်းချပေးမှုကြောင့် ယခုကဲ့သို့ ဈေးနှုန်းများကျဆင်းလာခြင်းဖြစ်သည်။ 
ဂျပန်နိုင်ငံ၌ ဆန်ဈေးနှုန်းများတစ်ဟုန်ထိုးမြင့်တက်လာပြီးနောက် လယ်ယာ ဝန်ကြီးအသစ်က အရေးပေါ်ဆန်များကို လေလံဆွဲခြင်းမှတစ်ဆင့် ရောင်းချဖြန့်ဖြူး ပေးမှုစနစ်ကိုဖျက်သိမ်းလိုက်သည်။