အီရန်က အစ္စရေးထောက်လှမ်းရေးနှစ်ဦးကို ဒရုန်း၂၃ စင်းနှင့်အတူဖမ်းဆီးရမိထားဟုဆို

News Image

  • အီရန်က အစ္စရေးထောက်လှမ်းရေးနှစ်ဦးကို ဒရုန်း၂၃ စင်းနှင့်အတူဖမ်းဆီးရမိထားဟုဆို

အီရန်တာဝန်ရှိသူများသည် အစ္စရေး နိုင်ငံမှထောက်လှမ်းရေးနှစ်ဦးကို တီဟီရန် မြို့အနီး၌ ဖမ်းဆီးရမိထားကြောင်း အီရန် ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဆာအိမွန် တယ်ဇာမာဒီကပြောသည်။

အဆိုပါ အစ္စရေးထောက်လှမ်းရေး နှစ်ဦးကို ဖောက်ခွဲရေးပစ္စည်းကီလိုဂရမ်၂၀၀ ကျော်၊ ဒရုန်း ၂၃ စင်း၊ ဒရုန်းလွှတ်လောင်ချာ တစ်လက်အပြင် ထိန်းချုပ်ရေးကိရိယာ များနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်ကို ကိုးကား၍ Fars News သတင်းဌာနကဖော်ပြထားသည်။

အစောပိုင်းကလည်း အီရန်ရဲတပ်ဖွဲ့ သည် အစ္စရေးထောက်လှမ်းရေးနှစ်ဦးကို တီဟီရန်မြို့မြောက်ပိုင်းရှိ အယ်ဘော့ ပြည်နယ်၌ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့ သည် ဗုံးများနှင့်ဖောက်ခွဲရေးပစ္စည်းများ လုပ်ဆောင်မှုတွင်ပါဝင်ခြင်းဖြစ်ကြောင်း ISNA သတင်းဌာနကဖော်ပြထားသည်။ အလားတူ အစ္စရေးမှဒရုန်းများတင်လာ သည့်ယာဉ်များကိုလည်း ဇွန်လ ၁၄ ရက် တွင် ဖမ်းမိထားကြောင်း Nour သတင်း ဌာနကဖော်ပြထားသည်။


Ref; Sputnik

Photo - Tempo.co English