ဂါဇာရှိ ထောက်ပံ့ရေးစင်တာအနီး၌ အစ္စရေး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄၀ သေဆုံး

News Image

  • ဂါဇာရှိ ထောက်ပံ့ရေးစင်တာအနီး၌ အစ္စရေး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄၀ သေဆုံး

ဂါဇာရှိ ထောက်ပံ့ရေးစင်တာအနီး၌ အစ္စရေးစစ်သည်များ၏ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄၀ သေဆုံးကြောင်း ဂါဇာ ဒေသကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်တွင်ထုတ်ပြန်ထားသည်။

ထို့ပြင် ရာဖာဒေသရှိ ထောက်ပံ့ရေး စခန်းအနီး၌ဖြစ်ပွားသော အဆိုပါပစ်ခတ်မှုအတွင်း အယောက် ၂၀၀ ခန့်ဒဏ်ရာရရှိသွားကြောင်း၊ ထိုသူများသည် ထောက်ပံ့ ရေးစင်တာမှအစားအစာများကို တန်းစီ ရယူသူများဖြစ်ကြောင်း ကုလသမဂ္ဂမှ တာဝန်ရှိသူများကပြောသည်။

ထို့ပြင် အစ္စရေးက ဂါဇာသို့ထောက်ပံ့ ရေးလမ်းကြောင်းများကို ပြန်ဖွင့်ပေးပြီး နောက် အမေရိကန်က ကျောထောက် နောက်ခံပြုထားသည့် ဂါဇာလူသားချင်း စာနာထောက်ထားမှုဖောင်ဒေးရှင်းက ယင်းဒေသ၌စားနပ်ရိက္ခာများကို အဓိက ဝေပေးနေသူဖြစ်သော်လည်း အစ္စရေး စစ်သည်များခြံရံလျက် ထိုကဲ့သို့ဝေပေးနေသောလုပ်ဆောင်ချက်သည် ထိုဒေသရှိပါလက်စတိုင်းများအတွက် အန္တရာယ်များကြောင်း ကုလသမဂ္ဂကပြောထားသည် ဟုသိရသည်။ 
Ref: TST

MWD Daily Newspaper

Photo- Watan