မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအဖြစ်စိုက်ပျိုးသော မြေပဲ၊ နှမ်း၊ နေကြာနှင့် ဆီမုန်ညင်း၊ ပဲပုပ်တို့အနက်နေကြာသည် ဆီထွက်ကောင်းသောသီးနှံတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်။ ဆီထွက်ကောင်းသောနေကြာမျိုးများစိုက်ပျိုးရန်အတွက် ရေမြေဒေသအခြေအနေနှင့်သင့်လျော်သော စိုက်နည်းစနစ်များကိုစနစ်တကျလိုက်နာစိုက်ပျိုးမှသာ အထွက်နှုန်းကောင်းမွန်ပြီး တောင်သူများဝင်ငွေတိုးကာ လူမှုဘဝပိုမိုအဆင်ပြေမည်ဖြစ်သည်။

ဒေသဆီဖူလုံရေးနှင့် ကျန်းမာရေးအတွက် နေကြာသီးနှံကို စနစ်တကျစိုက်ပျိုးရန်အတွက်အောက်ပါအချက်များကို ဂရုတစိုက်လိုက်နာဆောင်ရွက်ရန် အလွန်အရေးကြီးသည်။
မျိုးရွေးချယ်ခြင်း
• ဆီထွက်ကောင်းသောမျိုး - နေကြာမျိုးများထဲတွင်ဆီထွက်နှုန်းမြင့်မားသောမျိုးများကို ရွေးချယ်ရန် အရေးကြီးသည်။ ဥပမာ - ဟိုက်ဘရစ်မျိုးများ (Hybrid varieties) နှင့် ဒေသနှင့်ကိုက်ညီသည့်ဆင်းရွှေကြာ -၂ နှင့် ရေဆင်း- ၁ တို့သည်ဆီထွက်နှုန်းမြင့်မားပြီး ရောဂါဒဏ်ခံနိုင်ရည်လည်း ရှိသည်။
• နေကြာသီးနှံသည် အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းသောသီးနှံဖြစ်သော်လည်း အေးမြခြောက်သွေ့သောဒေသများတွင်လည်း ကောင်းစွာဖြစ်ထွန်းသည်။
• မျိုးစေ့မမှန် ပင်မသန် ဖူးတံငုံကင်း အသီးဖျင်းဟူသောစကားနှင့်အညီ မျိုးစေ့ရွေးချယ်ခြင်းသည်အလွန်အရေးကြီးလှသည်။ မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ဟူသောစကားနှင့်အညီသီးနှံအောင်မြင်ဖြစ်ထွန်းရေးအတွက် မှန်လေးမှန်သည် လွန်စွာအရေးကြီးလှသည်။
မြေပြင်ခြင်း
• သီးနှံစိုက်ပျိုးရန် အရေးကြီးသောအချက်တစ်ခုမှာမြေပြုပြင်ခြင်းဖြစ်သည်။ မြေယာပြုပြင်ခြင်းသည် သီးနှံကာလတစ်လျှောက်လုံးတွင် အရေးကြီးသောအလုပ်တစ်ခုဖြစ်သည်။ ယာသီးနှံများသည် မြေမှုန်ခြင်းကို ပိုမိုနှစ်သက်သဖြင့် အပင်ပေါက်ကောင်းရန်နှင့် အမြစ်ဆင်းအားကောင်းစေရန်အတွက် မြေနက်နက်နှင့်ညက်ညက်ပြုပြင်ခြင်းသည် လွန်စွာအရေးပါလှသည်။
• နေကြာပင်ကိုစိုက်ပျိုးရာတွင် မြေအမျိုးအစား ရွေးချယ်ခြင်းသည် အရေးကြီးသောအချက်တစ်ချက်ဖြစ်သည်။ နေကြာပင်သည် မြေအမျိုးအစားအားဖြင့် ရွေးချယ်မှုများတွင် လိုက်လျောညီထွေရှိသော်လည်း အကောင်းဆုံးကြီးထွားဖို့ရန် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။
• မြေအမျိုးအစား - နေကြာသည် မြေအားလုံးတွင်ဖြစ်ထွန်းပြီး မြေဆီလွှာအတွက် သိပ်မရွေးချယ်သော်လည်း ရေစီးရေလာကောင်းသော သဲနုန်းမြေမျိုးကို ပို၍နှစ်သက်သည်။ ထို့ပြင် စနယ်မြေစေးနှင့် ရွှံ့စေးမြေတို့တွင်လည်း ကောင်းစွာဖြစ်ထွန်းအောင်မြင်သဖြင့် နေရာဒေသတော်တော်များများတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။
• သဲဆန်သောမြေ သို့မဟုတ် နုန်းမြေသည် နေကြာပင်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။
• မြေသည် ရေစီးဆင်းမှုကောင်းမွန်ပြီး ရေမဝပ်စေရန်လိုအပ်သည်။
• နေကြာပင်သည် မြေကြီးတွင် ရေဝပ်ခြင်းကိုမကြိုက်သောကြောင့် ရေစီးဆင်းမှုကောင်းမွန်သောမြေမျိုးကို ရွေးချယ်သင့်သည်။
• နေကြာပင်သည် pH 6.0 မှ 7.5 ကြားရှိသောမြေမျိုးကို နှစ်သက်သည်။
• မြေသည် အလွန်အချဉ်ဓာတ်များနေပါက ထုံးထည့် ၍ pH ကို ညှိပေးနိုင်သည်။
• နေကြာပင်သည် အာဟာရဓာတ်ကြွယ်ဝသောမြေ မျိုးကို နှစ်သက်သည်။
• မြေဆီလွှာတွင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ပိုတက်စီယမ် စသည့်အာဟာရဓာတ်များ ပါဝင်သင့်သည်။
• မြေဆီလွှာတွင် အော်ဂဲနစ်ပစ္စည်းများပါဝင်မှုများပါက ပိုမိုကောင်းမွန်သည်။
• မြေပြုပြင်ရာတွင် ထွန်ရေးနက်နက်နှင့်မြေမှုန်မှုကောင်းစေရန် ထွန်ရေးညက်ညက်ဖြစ်အောင် ပြုပြင်ပေးရမည်။ မြေဆီလွှာတွင် သဘာဝမြေဩဇာများထည့်ပေးရန်လိုအပ်သည်။ ထို့ပြင် ကွန်ပေါင်းဓာတ်မြေဩဇာကိုလည်း မြေပြင်ချိန်တွင် အပြီးထည့်ပေးထားရမည်ဖြစ်သည်။
စိုက်ပျိုးခြင်း
• စိုက်ချိန် - နေကြာကို တစ်နှစ်ပတ်လုံး ရေရရှိလျှင် စိုက်ပျိုးနိုင်သော်လည်း ပန်းပွင့်ချိန်တွင်အပူချိန်မြင့်မားပါက ဝတ်မှုန်ကူးမှုအားနည်းပြီး အစေ့အဆန်တည်မှုနည်းသောကြောင့် ဇန်နဝါရီလ ၁၅ ရက်မှ မတ်လ ၁၅ ရက်အတွင်း စိုက်ပျိုးရန်ရှောင်ရှားသင့်သည်။ နေကြာကို မိုးရာသီ၊ ဆောင်းရာသီ၊ မိုးနှောင်းရာသီတို့တွင် စိုက်ပျိုးလေ့ရှိပြီး မိုးရွာသွန်းမှုမှန်ကန်သောဒေသများတွင် ဇွန်လမှဇူလိုင်လအတွင်း စိုက်ပျိုးနိုင်သည်။ အကောင်းဆုံး စိုက်ပျိုးချိန်များမှာ မိုးနှောင်းကာလ စက်တင်ဘာလ နှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးခြင်းက အလေအလွင့်နည်းပြီး သီးနှံဖြစ်ထွန်းအောင်မြင်မှုအကောင်းဆုံးဖြစ်သည်။
• စိုက်နည်း - နေကြာကို အတန်းလိုက်စိုက်ပျိုးလေ့ ရှိပြီး တန်းကြား ၂ ပေနှင့် ပင်ကြား ၉ လက်မ အများဆုံးစိုက်ပျိုးကြသည်။ အပင်ဦးရေ ပိုမိုဝင်ဆံ့စေရန် ၁ ပေပတ်လည် စိုက်နည်းစနစ် ကိုလည်း စတင်စမ်းသပ်စိုက်ပျိုးနေပြီဖြစ်သည်။စပ်မျိုးနေကြာများကိုလည်း ၂ ပေခွဲ ၉ လက်မနှုန်းဖြင့် စိုက်ပျိုးလျက်ရှိသည်။
• မျိုးစေ့နှုန်း - အပင်ပေါက်နှုန်းကောင်းမွန်သောမျိုးစေ့ကို တစ်ဧကလျှင် ၃ ကီလိုမှ ၄ ကီလို (သုံး ပြည်မှ လေးပြည်) စိုက်ပျိုးသင့်သည်။
• ပေါင်းမြက်များကို စိုက်ပြီး နှစ်ကြိမ်နှိမ်နင်းပေးရသည်။ ပေါင်းမြက်များက သီးနှံအား အာဟာရနှင့်ရေကို ယှဉ်ပြိုင်ယူသွားနိုင်သည်။
• ဆီထွက်သီးနှံများသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည် ရှိပြီး စိုက်ပျိုးရန်လွယ်ကူသည်။
• မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သည်။
• သားခွဲခြင်းလုပ်ငန်းများကိုလည်း စိုက်ပြီး ၁၄ ရက်အတွင်း အပြီးသားခွဲနိုင်ရမည်ဖြစ်သည်။ သားခွဲမှုသည် အပွင့်ကြီးထွားမှုနှင့် ပြောင်းပြန်အချိုးကျသဖြင့် သားခွဲလျှင် အပွင့်ကြီးပြီး သားမခွဲလျှင်အပွင့်သေးမည်ဖြစ်သဖြင့် သားခွဲခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သည်။
ရေသွင်းခြင်း
• ရေလိုအပ်ချက် - နေကြာသည် ရေလိုအပ်ချက်အတော်အသင့်ရှိသော သီးနှံဖြစ်သည်။ အထူး သဖြင့် ပန်းပွင့်ချိန်နှင့် မျိုးစေ့ဖွံ့ဖြိုးချိန်တွင် ရေလိုအပ်သည်။ ရေကိုလုံလောက်စွာ ပေးသွင်း နိုင်မှသာ အစေ့အဆန်ပိုမိုပြည့်တင်းပြီး ဆီထွက်နှုန်းလည်း ပိုမိုကောင်းမွန်မည်ဖြစ်သည်။ သီးနှံကာလတစ်လျှောက် ရေလုံလောက်စွာပေးသွင်း နိုင်မှသာ ပန်းတိုင်အထွက်နှင့် ကျော်လွန်အထွက်ကို ရရှိမည်ဖြစ်သည်။
• ရေသွင်းခြင်း - မိုးခေါင်ပါက ရေသွင်းပေးရန် လိုအပ်သည်။ ရေဝပ်ခြင်းကို ရှောင်ရှားရန် ရေထုတ်မြောင်းများ ပြုလုပ်ထားသင့်သည်။ နေကြာသည် ရေလိုအပ်ချက်များသောသီးနှံဖြစ်သော်လည်း ရေမဝပ်စေရန်ဂရုပြုရသည်။အပင်ဖြစ်ထွန်းချိန်၊ ပန်းပွင့်ချိန်နှင့် အစေ့ဖြစ်ချိန်တွင် ရေလိုအပ်ချက်များပြားသည်။ ရေလိုအပ်ချက်ရှိသော သီးနှံဖြစ်သော်လည်း ရေများပါကအပင်ထိုင်ခြင်း၊ အပင်ဖြစ်ထွန်းမှုနှေးကွေးခြင်းတို့ကိုဖြစ်စေသဖြင့် ရေပေးသွင်းရာတွင်ဂရုတစိုက်ရေသွင်းရမည်ဖြစ်သည်။
မြေဩဇာကျွေးခြင်း
• သဘာဝမြေဩဇာ - စိုက်ပျိုးမြေတွင် သဘာဝ မြေဩဇာများ (နွားချေး၊ ကြက်ချေး)ထည့်ပေး သင့်သည်။
• ဓာတ်မြေဩဇာ - နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ် ဓာတ်မြေဩဇာများကို သင့်လျော် သောပမာဏဖြင့်ထည့်ပေးရသည်။ ပုံမှန်အားဖြင့် N:P:K = 60:40:40 kg/acre ထည့်ပေးရသည်။ အနည်းလို အာဟာရဓာတ်များနှင့် အပင်ဆဲလ်များသန်မာစေရန်အတွက် ကယ်စီယမ်နှင့် ဆာလဖာ တို့ကိုလည်း ထည့်ပေးသင့်သည်။
• နေကြာစိုက်ပျိုးရာတွင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ် မြေဩဇာများလိုအပ်သည်။ မြေဩဇာများကို စိုက်ပျိုးချိန်နှင့် ပန်းပွင့်ချိန်တွင် ထည့်ပေးရသည်။ ဓာတ်မြေဩဇာသုံးစွဲရာတွင် သဘာဝမြေဩဇာတို့နှင့် တွဲဖက်သုံးစွဲမှသာအပင်မှပိုမိုရရှိပြီး ကြာရှည်စွာ အပင်စားသုံးနိုင်မည်ဖြစ်သည်။
ပိုးမွှားနှင့် ရောဂါကာကွယ်ခြင်း
• ပိုးမွှားများ - နေကြာတွင် ဖျက်ပိုးများ (ဥပမာ - ပင်စည်ထိုးပိုး၊ ရွက်စားပိုး) ကျရောက်တတ်သည်။ ပိုးသတ်ဆေးများကို သင့်လျော်သောပမာဏဖြင့်ဖျန်းပေးရသည်။
• ရောဂါများ - မှိုရောဂါများ (ဥပမာ - ရွက်ပြောက်ရောဂါ၊ ပင်စည်ပုပ်ရောဂါ) ကျရောက်တတ်သည်။ရောဂါဒဏ်ခံနိုင်သောမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။
• နေကြာတွင် မှဲ့ပြောက်ရောဂါ၊ မှိုရောဂါနှင့် ပိုးမွှားများ ကျရောက်တတ်သည်။ ရောဂါနှင့် ပိုးမွှားများကိုကာကွယ်ရန် ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများဖျန်းပေးရသည်။
• ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ပန်းပွင့်ချိန်တွင်လုံးဝသုံးစွဲခြင်းမပြုဘဲ ရှောင်ရှားသင့်သည်။ပန်းပွင့်ချိန်တွင်အသုံးပြုပါက ဝတ်မှုန်ကူးပြီး သန္ဓေအောင်စေသော ပျားနှင့်ပိတုန်း တို့ကိုထိခိုက်သေစေနိုင်သဖြင့် ပန်းပွင့်ချိန်တွင် ဆေးဖျန်းခြင်းကို ရှောင်ရှားသင့်သည်။
• တမာကဲ့သို့သော သဘာဝပိုးသတ်ဆေးများကိုအသုံးပြုနိုင်သည်။
• ပိုးမွှားများကို စားသောက်ဖျက်ဆီးသည့် အကျိုးပြုအင်းဆက်များကိုမွေးမြူပါ။
• အပင်များကို သင့်လျော်သောအကွာအဝေးဖြင့်စိုက်ပျိုးခြင်းအားဖြင့် ပိုးမွှားများပျံ့နှံ့မှုကိုလျှော့ချနိုင်သည်။
• ပေါင်းမြက်များကို ပုံမှန်ရှင်းလင်းပါ။ ပေါင်းမြက်များသည် ပိုးမွှားများအတွက် ခိုအောင်းရာနေရာဖြစ်နိုင်သည်။
• နေကြာပင်သည် နေရောင်ခြည်ကိုအလွန်နှစ်သက်သောကြောင့် နေရောင်ခြည်ပြည့်ဝစွာရရှိသောနေရာကို ရွေးချယ်သင့်သည်။ လေဝင်လေထွက်ကောင်းပြီးနေရောင်ခြည်ကောင်းစွာရသောနေရာများသည် ပိုးမွှားရောဂါကျရောက်မှုသက်သာသည်ကိုတွေ့ရှိရသဖြင့် နေရောင်ခြည် ကောင်းစွာရရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။
ရိတ်သိမ်းခြင်း
• ရိတ်သိမ်းချိန် - နေကြာပန်းပွင့်ပြီး ၃၀ ရက် သို့မဟုတ် ပန်းပွင့်နောက်ကျောဘက် အဝါရောင်သန်းလာပါက ရိတ်သိမ်းရန်သင့်လျော်သောအချိန်ဖြစ်သည်။ ရိတ်သိမ်းချိန်စောလွန်း၊ နောက်ကျလွန်းခြင်းသည်လည်း သီးနှံအရည်အသွေးနှင့် ဆီထွက်နှုန်းများကိုလည်း များစွာ လွှမ်းမိုးမှုရှိသည်။ ရိတ်သိမ်းချိန်စောလျှင် အစေ့အဆန်မအောင်မမြင်ဖြစ်ကာ ဆီထွက်နှုန်းကို ထိခိုက်လျော့နည်းစေပြီး ရိတ်သိမ်းချိန်နောက်ကျလွန်းလျှင်လည်းအလေအလွင့်များစွာဖြစ်ပေါ်စေသည်။
• ရိတ်သိမ်းနည်း - နေကြာခေါင်းများကို ဓားဖြင့်ဖြတ်ယူပြီး နေလှန်းကာ အစေ့များကိုခြွေယူရသည်။ ရိတ်သိမ်းပြီး စုပုံထားပါက အရည်ထွက်ခြင်း၊ အပွင့်ပုပ်ခြင်းတို့ကိုဖြစ်စေပြီး နေကြာအရည်အသွေးကို ညံ့စေသောကြောင့် အထူးဂရုစိုက် ရိတ်သိမ်းနေလှန်းရမည်ဖြစ်သည်။ရိတ်သိမ်းအခြောက်လှန်းထားသော နေကြာခွက်များကို လူဖြင့်လည်းကောင်း၊ ခြွေလှေ့စက်ဖြင့် လည်းကောင်း ခြွေလှေ့သန့်စင်ပြီး သန့်စင်အောင် ပြုလုပ်၍ အစိုဓာတ်နည်းအောင် နေလှန်းထားရမည်ဖြစ်သည်။
ဆီထုတ်လုပ်ခြင်း
• အစေ့ခြွေခြင်း - နေကြာခေါင်းများမှ အစေ့များကို ခြွေယူပြီး သန့်စင်ကာ ဆီထုတ်လုပ်ရသည်။
• ဆီထုတ်လုပ်ခြင်း - နေကြာစေ့များကို ဆီထုတ် စက်ဖြင့် ဆီထုတ်ယူနိုင်သည်။ ဆီထွက်နှုန်းသည်လည်း မျိုးနှင့်နေကြာသန့်စင်မှု၊ အစေ့အဆန်တင်းမှုတို့ဖြင့် လွှမ်းမိုးလျက်ရှိသည်။ ပုံမှန်အားဖြင့် နေကြာတစ်တင်း ၃၂ ပေါင်သည်ဆီကြိတ်လျှင် ၂ ဒသမ ၅ ပိဿာ မှ ၃ ပိဿာထိထွက်ရှိသည်။
သိုလှောင်ခြင်း
• အစေ့သိုလှောင်ခြင်း - မျိုးစေ့သိုလှောင်ခြင်းတွင် ဆီထွက်သီးနှံများကို သိုလှောင်ခြင်းသည်လွန်စွာအရေးကြီးသည်။ နေကြာစေ့များကိုခြောက်သွေ့သောနေရာတွင် သိုလှောင်ထားရသည်။ စိုထိုင်းမှုနှင့် ပိုးမွှားများ မဝင်ရောက်စေရန်ဂရုပြုရသည်။ မျိုးအတွက် သိုလှောင်မည်ဆိုပါကစိုဓာတ် ၅ ရာခိုင်နှုန်းခန့်နှင့် အေးမြခြောက်သွေ့ သောနေရာများတွင်သိုလှောင်မှသာကြာရှည် သိုလှောင်နိုင်မည်ဖြစ်သည်။မျိုးအဖြစ်သိုလှောင်ခြင်းသည် နေကြာသီးနှံတွင် အရေးကြီးဆုံးဖြစ်သဖြင့် အထူးဂရုစိုက်သိုလှောင်ရမည်ဖြစ်သည်။
စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် ဈေးကွက်တင်ပို့ရောင်းချခြင်း
• နေကြာကို အခြားသီးနှံများနှင့် သီးလှည့်စိုက်ပျိုးခြင်းဖြင့် ပိုးမွှားရောဂါများကူးစက်မှုကို လျှော့ချနိုင်သည်။
• ဈေးကွက်လိုအပ်ချက် - နေကြာဆီသည် ကျန်းမာ ရေးနှင့် ညီညွတ်သောဆီအဖြစ် လူကြိုက်များသည်။ ဈေးကွက်လိုအပ်ချက်ကိုလေ့လာပြီးစီးပွားဖြစ်စိုက်ပျိုးနိုင်သည်။
• ဆီထွက်သီးနှံများသည် ဈေးကွက်တွင် ဝယ်လိုအားမြင့်မားပြီး ရောင်းချနိုင်သည့်ကုန်ပစ္စည်းများဖြစ်သည်။
• နိုင်ငံတကာဈေးကွက်တွင်ပါ ရောင်းချနိုင်သည့်သီးနှံများဖြစ်သည်။
• ဆီထွက်သီးနှံများမှထုတ်လုပ်သော ဟင်းသီးဟင်းရွက်ဆီများသည် ကျန်းမာရေးနှင့်ညီညွတ်သည်။
• အာဟာရဓာတ်များ ကြွယ်ဝသည်။
• အရည်အသွေးကောင်းသော နေကြာစေ့များကို ရွေးချယ်ပါ။ နေကြာစေ့များသည် လတ်ဆတ်ပြီး မှိုမတက်ရန် အရေးကြီးသည်။ စိုက်ပျိုးရာသီနှင့် မျိုးစေ့အမျိုးအစားအပေါ်မူတည်၍ အရည်အသွေး ကွဲပြားနိုင်သည်။
• နေကြာစေ့များတွင်ပါဝင်သော အမှုန်အမွှားများ၊ကျောက်စရစ်များနှင့် အခြားညစ်ညမ်းမှုများကို ဖယ်ရှားရန်သန့်စင်ရမည်။
• ကြိတ်ခွဲထားသော နေကြာစေ့များမှဆီကို ဖိအား ဖြင့်သို့မဟုတ် သွင်းအားဖြင့် ထုတ်ယူသည်။ ဤအဆင့်တွင် အပူချိန်ကို ထိန်းချုပ်ရန်အရေးကြီးသည်။အပူချိန်မြင့်မားပါကဆီ၏အရည်အသွေးကျဆင်းနိုင်သည်။
• ထုတ်ယူထားသော ဆီတွင်ပါဝင်နေသော အမှုန်အမွှားများနှင့် မလိုလားအပ်သော ဒြပ်ပေါင်းများကိုဖယ်ရှားရန် သန့်စင်ရမည်။ ဤအဆင့်တွင် စစ်ထုတ်ခြင်း၊ အနည်ထိုင်ခြင်းနှင့် အခြားသန့်စင်မှု နည်းလမ်းများပါဝင်သည်။
• သန့်စင်ပြီးသောဆီကို လေလုံသောပုလင်းများ သို့မဟုတ် ဘူးများတွင် ထည့်၍သိုလှောင်ရမည်။ ဆီကို အလင်းရောင်နှင့် လေထုထဲမှ အောက်ဆီဂျင် တို့မှကာကွယ်ရန် အရေးကြီးသည်။
• ထုတ်လုပ်ပြီးသော ဆီ၏ အရည်အသွေးကို စစ်ဆေးရန် လိုအပ်သည်။ ဤအဆင့်တွင် ဆီ၏အနံ့၊ အရောင်၊ အာဟာရတန်ဖိုးနှင့် မှိုတက်မှုရှိ၊မရှိ စစ်ဆေးခြင်းတို့ ပါဝင်သည်။
• အရည်အသွေးကောင်းမွန်သောနေကြာဆီကို ဈေးကွက်သို့တင်ပို့ရန် သင့်လျှော်သောထုပ်ပိုးမှုများဖြင့် ထုပ်ပိုးရမည်။
• ထုပ်ပိုးပြီးသောဆီများကို အေးမြပြီးခြောက်သွေ့ သောနေရာတွင် သိုလှောင်ထားရမည်။ ဈေးကွက်သို့ဖြန့်ဖြူးရာတွင် လိုအပ်သောသယ်ယူပို့ဆောင်မှုနှင့် ဖြန့်ဖြူးမှုစနစ်များကို သေချာစွာစီစဉ်ရမည်။ဂရုတစိုက်လိုက်နာခြင်းဖြင့် အရည်အသွေးကောင်းမွန်သော နေကြာဆီကို ထုတ်လုပ်နိုင် မည်ဖြစ်သဖြင့် တောင်သူဘဝဝင်ငွေပိုမိုတိုးတက်ကာ လူမှုဘဝပိုမိုအဆင်ပြေမည်ဖြစ်သဖြင့် မြေကြီး မှရွှေသီးရန် နေကြာသီးနှံကို စနစ်တကျစိုက်ပျိုးသင့်ပါကြောင်း တင်ပြအပ်ပါသည်။ ။
Source: https://myawady.net.mm/stories

ပဲပုပ်သည် အာဟာရဓာတ်ပြည့်ဝသော သီးနှံဖြစ်ပြီး ယေဘုယျအားဖြင့် ပရိုတင်းဓာတ် ၄၀ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၂၀ ရာခိုင်နှုန်းပါဝင်သည်။ ပဲပုပ်၏မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ပဲပုပ်စိုက်ပျိုးထုတ်လုပ်သော နိုင်ငံပေါင်း ၁၀၄ နိုင်ငံထိရှိပြီး နှစ်စဉ်တန်ချိန် ၃၄၈ ဒသမ ၇ သန်းကျော် စိုက်ပျိုးထုတ်လုပ်သည်။ အမေရိကန်၊ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့သည် ပဲပုပ်အဓိကထုတ်လုပ်သော နိုင်ငံများဖြစ်ပြီး ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ ပဲပုပ်ကို အဓိကအားဖြင့် လူသားတို့ စားသုံးရန်အတွက် ၂၀ ရာခိုင်နှုန်း၊
ပဲပုပ်သည် အာဟာရဓာတ်ပြည့်ဝသော သီးနှံဖြစ်ပြီး ယေဘုယျအားဖြင့် ပရိုတင်းဓာတ် ၄၀ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၂၀ ရာခိုင်နှုန်းပါဝင်သည်။ ပဲပုပ်၏မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ပဲပုပ်စိုက်ပျိုးထုတ်လုပ်သော နိုင်ငံပေါင်း ၁၀၄ နိုင်ငံထိရှိပြီး နှစ်စဉ်တန်ချိန် ၃၄၈ ဒသမ ၇ သန်းကျော် စိုက်ပျိုးထုတ်လုပ်သည်။ အမေရိကန်၊ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့သည် ပဲပုပ်အဓိကထုတ်လုပ်သော နိုင်ငံများဖြစ်ပြီး ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ ပဲပုပ်ကို အဓိကအားဖြင့် လူသားတို့ စားသုံးရန်အတွက် ၂၀ ရာခိုင်နှုန်း၊ တိရစ္ဆာန်အစာအတွက် ၇၆ ရာခိုင်နှုန်းနှင့် စက်ရုံသုံးအတွက် ၄ ရာခိုင်နှုန်း အသုံးပြုကြသည်။
မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းကပင် ပဲပုပ်ကိုစိုက်ပျိုးခဲ့ပြီး ပဲမျိုးစုံသီးနှံများတွင် အထွက်နှုန်းအလားအလာရှိသော သီးနှံဖြစ်သည်။ ပဲပုပ်သီးနှံကို မိုးရာသီတွင် ရှမ်းပြည်နယ်၌ အဓိကစိုက်ပျိုးပြီး မြစ်ရေကျချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မိုးနှောင်းရာသီတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စပါးရိတ်သိမ်းအပြီး သီးထပ်အဖြစ် စိုက်ပျိုးထုတ်လုပ်သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပဲပုပ်သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်မှုအနေဖြင့် စုစုပေါင်း ၃ ဒသမ ၄ သန်းဧကရှိပြီး မိုးရာသီတွင် ၁ ဒသမ ၁ သန်းဧက (စုစုပေါင်းစိုက်ဧက၏ ၃၀ ရာခိုင်နှုန်း)၊ မိုးနှောင်း/ ဆောင်းရာသီတွင် ၂ ဒသမ ၃ သန်းဧက (စုစုပေါင်းစိုက်ဧက၏ ၇၀ ရာခိုင်နှုန်း) ရှိသည့်အတွက် ပဲပုပ်သီးနှံကို မိုးနှောင်း/ဆောင်းရာသီတွင် အဓိကစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်။ ပဲပုပ်သီးနှံ၏ ပျမ်းမျှအထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၁၈ ဒသမ ၇ တင်းနှုန်းဖြင့် စုစုပေါင်းတန်ချိန် ၅ ဒသမ ၈ သန်းကျော်ထွက်ရှိပြီး ၆၁၈၀ မက်ထရစ်တန်ချိန်ကို ပြည်ပသို့တင်ပို့လျက်ရှိသည်။
ပဲပုပ်သီးနှံသည် ပူနွေးစွတ်စိုသော ရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း၍ မိုးရေချိန် ၂၄ မှ ၆၀ လက်မအတွင်းရရှိရန် လိုအပ်သည်။
နေ့တာတိုသီးနှံဖြစ်ပြီး စိုက်ပျိုးသည့် ဒေသ၏ လတ္တီကျုနှင့် မြေမျက်နှာပြင် အနိမ့်အမြင့်တို့ပေါ်တွင် တုံ့ပြန်မှုရှိသောကြောင့် ဒေသရေမြေရာသီဥတု၊ စိုက်ပျိုးရာသီ၊ စိုက်ပျိုးချိန်တို့နှင့် သင့်လျော်ကိုက်ညီသော အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်မည်ဖြစ်သည်။
မျိုးစေ့အပင်ပေါက်စမ်းသပ်၍ ရာခိုင်နှုန်း ၈၀ အထက်ရှိမှသာ မျိုးအဖြစ် အသုံးပြုစိုက်ပျိုးရမည်ဖြစ်သည်။ မိုးရာသီတွင် စိုက်ပျိုးပါက တောင်ပေါ် / မြေပြန့်ဒေသအားလုံးအတွက် သင့်လျော်သောမျိုးများမှာ ရေဆင်း - ၃၊ ရေဆင်း - ၆၊ ရေဆင်း - ၁၁၊ ရေဆင်း - ၁၂ ၊ ရေဆင်း - ၁၄ နှင့် ရေဆင်း - ၁၅ တို့ဖြစ်သည်။ မိုးနှောင်းရာသီ ကိုင်းကျွန်းမြေများ၌ အောက်တိုဘာလတွင် စိုက်ပျိုးနိုင်ပါက ရေဆင်း - ၃၊ ရေဆင်း - ၆၊ ရေဆင်း - ၁၁ နှင့် ရေဆင်း -၁၅ မျိုးတို့ကိုစိုက်ပျိုးနိုင်သည်။
စပါးပြီး သီးထပ်စိုက်ပျိုးသောဒေသများ အတွက် ရေဆင်း - ၆၊ ရေဆင်း - ၁၁ နှင့် ရေဆင်း - ၁၅ မျိုးတို့ကို စိုက်ပျိုးသင့်သည်။ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ သုတေသနတွေ့ရှိချက်များအရ အဆိုပါ ပဲပုပ်မျိုးများသည် အထွက်နှုန်း တစ်ဧကလျှင် ၂၈-၃၀ တင်းထွက်ရှိသော အထွက်ကောင်းမျိုးများဖြစ်ပြီး တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်၍ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ပဲပုပ်သီးနှံသည် ရေသွင်းရေထုတ်ကောင်း၍ အစိုဓာတ်ထိန်းနိုင်သည့် မြေဖြစ်ပါက သဲနုန်းမြေမှ မြေစေးအထိ စိုက်ပျိုးနိုင်သည်။ မြေချဉ်ငန်ဓာတ် (pH) ၅ ဒသမ ၅ မှ ၇ အတွင်းသည် အကောင်းဆုံးဖြစ်ပြီး pH ၅ ဒသမ ၅ ထက်နည်းပါက ထုံးထည့်၍ မြေပြုပြင်ပေးရန် လိုအပ်သည်။
အပင်ပေါက်ကောင်းမွန်စေရန် အစိုဓာတ်လုံလောက်စွာ ရရှိရန်လိုအပ်ပြီး သီးတောင့်ဖြစ်ထွန်းချိန်နှင့် သီးတောင့်အစေ့အဆန် တည်ချိန်တို့တွင်လည်း အစိုဓာတ်လုံလောက်စွာရရှိမှသာ အထွက်နှုန်း ကောင်းစွာရရှိနိုင်မည်ဖြစ်သည်။ မိုးရာသီတွင် ကြာရှည်စွာရေဝပ်ပါက ပဲပုပ်ပင်ကြီးထွားမှုကို ထိခိုက်နိုင်သောကြောင့် သင့်လျော်သော ရေနုတ်မြောင်းများ ပြုလုပ်ထားရန်လိုအပ်သည်။
စိုက်ချိန်အနေဖြင့် တောင်ပေါ်ဒေသ ရှမ်းပြည်နယ်တွင် မေလအတွင်း အများဆုံးစိုက်ပျိုးကြပြီး အရည်အသွေးကောင်း မျိုးစေ့ထုတ်လုပ်မည်ဆိုပါက ဇူလိုင်လကုန်မှ သြဂုတ်လအတွင်း စိုက်ပျိုးသင့်သည်။ကိုင်းကျွန်းဒေသများ၌ မြစ်ရေကျချိန် အောက်တိုဘာလအတွင်း စိုက်ပျိုးနိုင်ပြီး စပါးသီးထပ်စိုက်ပျိုးသော ဒေသများတွင် နိုဝင်ဘာလအတွင်း အပင်ရေတိုး၍ စိုက်ပျိုးရန်လိုအပ်သည်။ အကယ်၍ ရေသွင်းနိုင်ပါက ဇန်နဝါရီ၊ ဖေဖော်ဝါရီလအတွင်း စိုက်ပျိုးနိုင်သည်။ အမြင့်ဆုံးအထွက်နှုန်းရရှိရန် မိုးရာသီတွင် တန်းကြား ၁ ဒသမ ၅ - ၂ ပေနှင့် ပင်ကြား ၄-၆ လက်မဖြင့် တစ်ဧက အပင်ရေ ၁၀၀၀၀၀-၁၃၀၀၀၀ ရှိသင့်သည်။ မိုးနှောင်းရာသီ စိုက်ပျိုးပါက တန်းကြား ၁ ပေနှင့် ပင်ကြား ၄-၆ လက်မဖြင့် စိုက်ပျိုးနိုင်သည်။ စပါးအပြီး သီးထပ်အဖြစ် ကြဲပက်စိုက်ပျိုးလျှင် ၃ ပေပတ်လည်တွင် အနည်းဆုံး ၂၅-၃၀ ပင် ရှိရမည်။ မျိုးစေ့ အတိမ်အနက်ကို ၁ ဒသမ ၅ -၂ လက်မအနက်ထိသာ စိုက်ပျိုးသင့်သည်။ ပေါင်းမြက်များကြောင့် အထွက်နှုန်း ၄၀-၅၀ ရာခိုင်နှုန်းထိ လျော့နည်းနိုင်သည့်အတွက် စိုက်ပြီး ၃၀-၄၅ ရက်ကြား မဖြစ်မနေ ပေါင်းမြက်ရှင်းလင်းရန် လိုအပ်သည်။ ပိုးမွှားရောဂါကျရောက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆေးဖျန်းရန်နှင့် ကြိုတင်ကာကွယ်ရန် လိုအပ်သည်။ ပင်စည်မှ အရွက်များကြွေကျပြီး သီးတောင့်၏ ၉၅ ရာခိုင်နှုန်းခန့်ရင့်မှည့်ကာ အရောင်ပြောင်းသည့်အချိန်တွင် ရိတ်သိမ်း၍ နေလှန်းပြီးခြွေလှေ့ရမည်ဖြစ်သည်။
ပဲပုပ်သည် အာဟာရဓာတ်ပေါကြွယ်ဝစွာ ပါဝင်သော သီးနှံတစ်ခုဖြစ်ပြီး ပျမ်းမျှအားဖြင့် အသားဓာတ်ပါဝင်မှု ၃၆ ရာခိုင်နှုန်း၊ ဆီပါဝင်မှု ၂၀ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၃၀ ရာခိုင်နှုန်း၊ ရေပါဝင်မှု ၉ ရာခိုင်နှုန်းနှင့် ပြာဓာတ်ပါဝင်မှု ၅ ရာခိုင်နှုန်းတို့ အသီးသီးပါဝင်သည်။ ပဲပုပ်သည် လူသားတို့အတွက် အသားဓာတ်ကြွယ်ဝသော အစားအစာဖြစ်သောကြောင့် သက်သတ်လွတ် စားသုံးသူများ၊ အသားကိုလျှော့၍ စားသုံးလိုသူများအတွက် စားသုံးသင့်သော အစားအစာတစ်ခုဖြစ်သည်။ ပဲပုပ်သည် ရှမ်းတိုင်းရင်းသားများ အလွန်ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိသောကြောင့် ရှမ်းရိုးရာအစားအစာ (ရှမ်းပဲပုပ်)ဟူ၍ လူသိများခဲ့သော်လည်း ယနေ့ခေတ်တွင် ရှမ်းတိုင်းရင်းသားများသာမက တိုင်းရင်းသားမျိုးစုံ နှစ်ခြိုက်စွာ စားသုံးလာကြသည်။ ပဲပုပ်မှထုတ်လုပ်သည့် လူကြိုက်များ ထင်ရှားသော အစားအသောက်များမှာ ပဲပုပ်စေ့အား အချဉ်ဖောက်ပြုလုပ်သည့် ပဲငါးပိ၊ ပဲငံပြာရည်၊ ဆီတိုဟူး၊ ပဲနို့၊ တိုဟူးနှင့် အသားတုတို့ဖြစ်သည်။ ပဲပုပ်စားသောက်ကုန်များသည် အာဟာရ ဓာတ်ပြည့်ဝပြီး နှလုံးကျန်းမာရေး၊ ကိုယ်အလေးချိန် ထိန်းခြင်း၊ အရိုးကျန်းမာရေးနှင့် သွေးတွင်းသကြားဓာတ် ထိန်းခြင်းအပါအဝင် ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးဆောင်သည်။
မြန်မာနိုင်ငံတွင် ပဲပုပ်သီးနှံနှင့် ဆက်စပ်ထွက်ကုန်များကို ထုတ်လုပ်ရန် အလားအလာကောင်း များစွာရှိသည်။
ပဲပုပ်ကိုဆီကြိတ်သည့်အခါ ပိဿာ ၁၀၀ ကြိတ်လျှင် ပဲပုပ်ဆီ ၂၀ ရာခိုင်နှုန်းနှင့် ပဲပုပ်ကြိတ်ဖတ် ၈၀ ရာခိုင်နှုန်း ထွက်ရှိသည်။ ပဲပုပ်ကြိတ်ဖတ်သည် တိရစ္ဆာန်များအတွက် လိုအပ်သည့် အမိုင်နိုအက်စစ် မြောက်မြားစွာ ပါဝင်သည့်အတွက် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ ၎င်းသည် အစာချေဖျက်မှုလွယ်ကူခြင်း၊ အမျှင်ပါဝင်မှုနည်းခြင်း၊ အသားဓာတ်မြင့်မားစွာ ပါဝင်ခြင်းတို့ကြောင့် ကြက်၊ ဝက်၊ ငါး စသည့်တိရစ္ဆာန်များအတွက် အစာအဖြစ် အသုံးပြုကြသည်။ မွေးမြူရေးလုပ်ငန်းသည် ဆီကြိတ်ဖတ်ကဲ့သို့သော လူတို့စားသုံး၍ မရနိုင်သည့် တန်ဖိုးနိမ့်အသားဓာတ်များကို လူတို့အတွက် အာဟာရဖြစ်စေသည့် တန်ဖိုးမြင့်အသားဓာတ် (အသား၊ နို့၊ ဥများ) အဖြစ် ပြောင်းလဲပေးရသည့် လုပ်ငန်းဖြစ်ပြီး နှစ်စဉ်ဆီကြိတ်ဖတ်တန်ချိန် ၅-၇ သိန်းခန့်အထိ လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များကို ပြည်ပသို့ တင်ပို့နေသည့် အလျောက် အလားတူ ကုန်ပစ္စည်းများ တင်သွင်းနေမှုကိုလည်း အစားထိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ စားသုံးဆီသုံးစွဲမှုပမာဏမှာ တစ်နှစ်လျှင် ခန့်မှန်းခြေအားဖြင့် မက်ထရစ်တန်ချိန် ၁ ဒသမ ၁၇ သန်းရှိသည့်အနက် နှစ်စဉ်တင်သွင်းနေမှု ပမာဏမှာ မက်ထရစ်တန်ချိန် သုည ဒသမ ၆၉ သန်းရှိသည်။ တစ်နည်းဆိုရသော် ပြည်တွင်းစားသုံးမှုအတွက် နှစ်စဉ် တင်သွင်းနေရသော စားသုံးဆီပမာဏမှာ ၅၈ ရာခိုင်နှုန်းရှိနေသည်။ အဓိကတင်သွင်းနေရသည့် စားသုံးဆီများမှာ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ၊ မုန်ညင်းဆီနှင့် သံလွင်ဆီတို့ဖြစ်ကြသည်။ ထို့အတူ မွေးမြူရေးကဏ္ဍအတွက် ပဲပုပ်ကြိတ်ဖတ်ကို တိရစ္ဆာန်အစာအဖြစ် နှစ်စဉ်တင်သွင်းနေမှုပမာဏမှာ မက်ထရစ်တန်ချိန် သုည ဒသမ ၆ သန်းရှိသည်။ ပဲပုပ်သီးနှံကို ဟင်းချက်ဆီအဖြစ် ကြိတ်ခွဲအသုံးပြုခြင်းဖြင့် နိုင်ငံတော်၏ စားသုံးဆီဖူလုံမှုအား အထောက်အကူဖြစ်စေမည့်အပြင် တိရစ္ဆာန်အစာအတွက် ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ ပြည်တွင်းတိရစ္ဆာန် အစာထုတ်ကုမ္ပဏီများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တိရစ္ဆာန်အစာထုတ်လုပ်မှု ၂၁၄၁၄၂၈ တန်ဖြစ်ပြီး ရောစပ်ရာတွင်အသုံးပြုရန် ပဲပုပ်ကြိတ်ဖတ် လိုအပ်ချက်မှာ ၅၃၅၃၅၇ တန်ရှိသည့်အတွက် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ပဲပုပ်ကြိတ်ဖတ်ကဲ့သို့သော အစာကုန်ကြမ်းသည်လည်း မရှိမဖြစ် လိုအပ်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ပြည်ပနိုင်ငံများမှ တင်သွင်းမှု လျှော့ချပြီး ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရန်အတွက် နိုင်ငံတော်မှ စီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပဲပုပ်သီးနှံသည် ပြည်တွင်းစားသုံးဆီဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည့်အပြင် ပြည်ပမှ ပဲပုပ်ကြိတ်ဖတ် တင်သွင်းမှုကို လျှော့ချပေးနိုင်သည့် အလားအလာကောင်းသော သီးနှံတစ်ခုဖြစ်သည့်အတွက် တိုးချဲ့စိုက်ပျိုးရမည် ဖြစ်သည်။ ပြည်တွင်းထွက်ကုန်များဖြင့် အစားထိုးအသုံးပြုရန် ပဲပုပ်သီးနှံတိုးချဲ့စိုက်ပျိုးခြင်းများကို လက်ရှိစိုက်ပျိုး ထုတ်လုပ်ခြင်းများအပြင် မိုးလယ်ရာသီတွင် ပြောင်းရိတ်သိမ်း အပြီးသာမက မိုးနှောင်းရာသီတွင် စပါးရိတ်သိမ်းအပြီး သီးထပ်အဖြစ် သီးနှံစိုက်စွမ်းအားမြှင့်တင်၍ စိုက်ရန် လိုအပ်မည်ဖြစ်သည်။
ပဲပုပ်သည်အာဟာရဓာတ်ပြည့်ဝသောသီးနှံဖြစ်ပြီး ဒေသအစားအစာများ ပြုလုပ်စားသောက် နိုင်သည်သာမက ပဲနို့နှင့် မိခင်နို့အစားထိုး ကလေးဖြည့်စွက်စာ အပါအဝင် စားသောက်ကုန်အမျိုးမျိုး ကိုလည်း ထုတ်လုပ်နိုင်သည့်အတွက် အရည်အသွေးပြည့်မီသည့် ပဲပုပ်မျိုးများဖြင့် စိုက်ပျိုးထုတ်လုပ်၍ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ သို့ဖြစ်ပါ၍ ပဲပုပ်သီးနှံ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ခြင်းဖြင့် စားသုံးဆီနှင့် ပဲပုပ်ကြိတ်ဖတ်တင်သွင်းခြင်းကို အစားထိုးလျှော့ချခြင်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက်အကျိုးပြုမည် ဖြစ်သည်။ ။

ကုလားပဲ၏ မူရင်းဒေသမှာ ကော့ကေ့ဆပ်နှင့် ဟိမဝန္တာတို့စပ်ကြားဒေသဖြစ်ပြီး ၎င်းမှ ဥရောပ တောင်ပိုင်းပါရှားနှင့် အိန္ဒိယနိုင်ငံတို့သို့ ပျံ့နှံ့လာခဲ့သည်။ ကုလားပဲသီးနှံကို မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း အနည်းငယ် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်သည်။ ကုလားပဲသည် မြန်မာနိုင်ငံ အပူပိုင်း ဇုန်ဒေသတွင် စိုက်ပျိုးသော ပဲမျိုးစုံသီးနှံများအနက် ဒေသတွင်း ရ
ကုလားပဲ၏ မူရင်းဒေသမှာ ကော့ကေ့ဆပ်နှင့် ဟိမဝန္တာတို့စပ်ကြားဒေသဖြစ်ပြီး ၎င်းမှ ဥရောပ တောင်ပိုင်းပါရှားနှင့် အိန္ဒိယနိုင်ငံတို့သို့ ပျံ့နှံ့လာခဲ့သည်။ ကုလားပဲသီးနှံကို မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း အနည်းငယ် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်သည်။ ကုလားပဲသည် မြန်မာနိုင်ငံ အပူပိုင်း ဇုန်ဒေသတွင် စိုက်ပျိုးသော ပဲမျိုးစုံသီးနှံများအနက် ဒေသတွင်း ရိက္ခာဖူလုံရေး၊ အာဟာရပြည့်၀ရေးနှင့် တောင်သူများ၏ဝင်ငွေရရှိရေးအတွက် အရေးပါသောသီးနှံ တစ်ခုဖြစ်သည်။ တောင်အာရှဒေသအတွင်း ကုလားပဲ စိုက်ပျိုးထုတ်လုပ်ရေးတွင် အိန္ဒိယနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် ဒုတိယနေရာ၌ရှိသည်။
သီးနှံကြိုက်နှစ်သက်သည့် သီးနှံဂေဟဗေဒစနစ်
(က) မြေအမျိုးအစား
ကုလားပဲသီးနှံသည် မြေအတန်းအစားမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း လေဝင်လေထွက်ကောင်းမွန်ပြီး အစိုဓာတ်ကောင်းစွာထိန်းသိမ်းထားနိုင်သည့် နုန်းမြေ၊ စနယ်မြေတို့တွင် ပို၍ဖြစ်ထွန်းအောင်မြင်သည်။ ရေပေးသွင်း၍ စိုက်ပျိုးရသည့် အခါတွင် ရေသွင်းရေထုတ်ကောင်းမွန်သော မြေအမျိုးအစားတွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
(ခ) ရာသီဥတုနှင့် စိုက်ပျိုးချိန်
ကုလားပဲသီးနှံ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းနိုင်ရန် ရှင်သန်ကြီးထွားနေချိန်တွင် ခြောက်သွေ့၍အေးသောရာသီဥတုရရှိရန်လိုအပ်သည်။ အပင်ကြီးထွားချိန်တွင် နေ့အပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်တွင် အသင့်လျော် ဆုံးဖြစ်သည်။ ပန်းပွင့်ချိန်တွင် ၃၅ ဒီဂရီစင်တီဂရိတ်အထက်ပူခြင်း၊ ၁၅ ဒီဂရီစင်တီဂရိတ်ထက်အေးပါက အသီးမတင်ဘဲ အထွက်နှုန်းကျဆင်းနိုင်သည်။ ထို့ပြင် ကုလားပဲသီးနှံသည် နေ့တာတိုသောရာသီကို ကြိုက်နှစ်သက်၍ မြန်မာနိုင်ငံတွင် နေ့တာတိုပြီး အအေးဓာတ်ရှိသော မိုးနှောင်းနှင့် ဆောင်းရာသီ တို့တွင်မြေအစိုဓာတ်အခြေအနေကိုလိုက်၍ သီတင်းကျွတ်လဆန်းမှ တန်ဆောင်မုန်းလမကုန်မီ (အောက်တိုဘာလမှ နိုဝင်ဘာလ) အချိန်အတွင်း စိုက်ပျိုးရသည်။ ကုလားပဲစိုက်ပျိုးရာတွင် မြေဆီလွှာ အတွင်းရှိ လက်ကျန်မြေအစိုဓာတ်ဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ သီးနှံသက်တမ်းတစ်လျှောက် မိုးရေချိန် ၁၀-၂၀လက်မခန့်နှင့်ညီမျှသော အစိုဓာတ်အခြေအနေရရှိလျှင် ကောင်းစွာအောင်မြင်ဖြစ်ထွန်းသည်။ လိုအပ်ပါက ဆည်မြောင်းကန်ချောင်းနှင့် အင်းအိုင်တို့မှရေကို စနစ်တကျတင်သွင်းပေးခြင်းဖြင့် ကုလားပဲ သီးနှံကို အောင်မြင်စွာစိုက်ပျိုးနိုင်သည်။
သီးနှံစိုက်ပျိုးမှုစီမံခန့်ခွဲခြင်း
(က) မျိုးရွေးချယ်ခြင်း
ကုလားပဲစိုက်ပျိုးရာတွင် ဒေသရာသီဥတုနှင့်ကိုက်ညီဖြစ်ထွန်းပြီး ရောဂါ၊ ပိုးမွှားဒဏ်ခံနိုင်ရည်ရှိသည့် ဈေးကွက်ဝင် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ ကုလားပဲတွင် မျိုးအနေဖြင့်အမျိုးအစားနှစ်မျိုးရှိသည်။ ၎င်းတို့မှာ ဒေစီမျိုးနှင့် ကာဘူလီမျိုးတို့ဖြစ်သည်။ ဒေစီမျိုးသည် အစေ့အရွယ်အစားသေးငယ်၍ အစေ့ရောင်မှာ နက်ညို၊ ညိုဝါ၊ အနက်ရောင်တို့ဖြစ်သည်။ ကာဘူလီမျိုးသည်အစေ့အရွယ်အစားကြီးမား၍ လုံးဝန်းပြီး (အစေ့ ၁၀၀ အလေးချိန် ၂၅ ဂရမ်အထက်ရှိပြီး) အစေ့ အရောင်မှာ နို့နှစ်ရောင်ဖြစ်သည်။ ကုလားပဲအထွက် ကောင်းမျိုးများဖြစ်သော ရွှေနီလုံးကြီး၊ ရေဆင်းကုလားပဲဖြူ-၈၊ ရေဆင်းကုလားပဲဖြူ-၉၊ ရေဆင်း ကုလားပဲနီ-၆ မျိုးတို့ကို ရွေးချယ်စိုက်ပျိုးပါ။ မျိုးစေ့များသည် အပင်ပေါက်ရာခိုင်နှုန်း ၈၀ အထက် ရှိသော မျိုးသန့်မျိုးစေ့ကိုသာ ရွေးချယ်စိုက်ပျိုးရမည်။
(ခ) မြေပြုပြင်ခြင်း
ကုလားပဲကို သီးကြိုအဖြစ်စိုက်ပျိုးလျှင် ထွန်ယက် မြေပြုပြင်ရန်မလိုဘဲ ထွန်ရေးမဲ့စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးနိုင်သည်။ စပါးမရိတ်သိမ်းမီ ၁၀ ရက် ၁၅ ရက်ခန့်အလိုတွင် တစ်ဧကလျှင် မျိုးစေ့တစ်တင်းခွဲနှုန်း အသုံးပြု၍ ပျံ့နှံ့စွာကြဲပက်စိုက်ပျိုးရမည်။ ဤနည်းဖြင့်စိုက်ပျိုးရာတွင် ဂရုစိုက်ရမည့်အချက်မှာ စပါးခင်းအတွင်းရှိ မြေဆီလွှာတွင် အစိုဓာတ် မများလွန်း၊ မနည်းလွန်းသောအချိန်တွင် ကြဲပက်စိုက်ပျိုးရမည်ဖြစ်သည်။ စပါးခင်းအတွင်း ရေဝပ် နေပါက ကုလားပဲစေ့များ ပျက်စီးပြီး အပင်မပေါက်တော့ပေ။ အကယ်၍ အပင်ပေါက်လာလျှင်လည်း အပင်ငယ်စဉ်မှာပင် ခါးရိ၍သေတတ်သည်။ အစိုဓာတ်နည်းလွန်းလျှင်လည်း အပင်ပေါက်နည်းခြင်းနှင့် ပေါက်လာသည့် အပင်ငယ်များသည် ကောင်းစွာ မကြီးထွားနိုင်ပေ။
စပါးရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးလျှင် စက်ထယ် တစ်စပ်(သို့) နွားထယ် ၁-၂ စပ် ထိုးပြီးနောက် စက်ထွန်နှစ်စပ်(သို့) နွားထွန်လေးစပ်ထိုးပြီး ထယ်မာ ခဲများကို ခြေကာ ထယ်ရေးကောင်းမွန်အောင် ပြုလုပ်ပေးရမည်။
ကုလားပဲသီးနှံကို မြေပြင်ချိန်တွင် နွားချေး မြေဩဇာကို တစ်ဧကလျှင် ၁၀၀-၁၅၀ တင်းနှုန်းထည့်ပါ။ နွားထယ် (သို့) ထွန်စက်ကြီးနှင့် တစ်စပ် ကမ်းပြိုထိုးပြီး အထွက်နှုန်းပိုမိုရရှိစေရန် မြေပြင်ချိန်၌ ယူရီးယား ၈ ပြည်၊ တီစူပါ ၂၄ ပြည်၊ ပိုတက် ၁၂ ပြည် နှင့် ဂျစ်ပဆမ် ၂၀ ပြည်ကို သမအောင်ရောမွှေပြီး မြေခံတွင်ထည့်သွင်းပေးရပါမည်။
(ဂ) စိုက်ပျိုးခြင်း
ကုလားပဲသီးနှံကို စပါးရိတ်သိမ်းမပြီးမီ သီးကြို အဖြစ် ကြဲပက်၍လည်းကောင်း၊ စပါးရိတ်သိမ်းပြီး နောက် သီးထပ်အဖြစ် ထွန်ယက်မြေပြုပြင်ပြီး အတန်းလိုက် မျိုးစေ့ချ၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် ကြဲပက်၍လည်းကောင်း၊ စိုက်ကြောင်း ဆွဲ၍ စိုက်ကြောင်းအတွင်း မျိုးစေ့ကိုလက်ဖြင့်ဖြူးချခြင်း (သို့) နွားဆွဲမျိုးစေ့ချထွန်အသုံးပြု၍ စိုက်ပျိုးနိုင်သည်။ တစ်ဧက အပင်ဦးရေ ၁၃၀၀၀၀ ရရှိရန် တန်းကြား ၁၂ လက်မ၊ ပင်ကြား ၄ လက်မထား၍ မျိုးစေ့နှုန်းတစ်တင်းအထိ အသုံးပြုနိုင်သည်။ အပင် ညှိုးသေနှင့် အခြားရောဂါများကာကွယ်ရန် မှိုသတ် ဆေးဖြင့် မျိုးစေ့တစ်ပြည်လျှင် ဆေး ၃ ဂရမ်/စီစီနှုန်း လူးနယ်ပြီး စိုက်ပျိုးပေးရမည်။ အပင်ပေါက်ကောင်း၍ အပင်ပေါက်ညီစေရန် စိုက်ကြောင်းအတွင်း မျိုးစေ့ အတိမ်အနက် ၂ လက်မမှ ၄ လက်မအတွင်းရအောင် စိုက်ပျိုးရမည်။
(ဃ) ပြုစုစောင့်ရှောက်ခြင်း
ကုလားပဲသီးနှံကိုအောင်မြင်ဖြစ်ထွန်းစေရန် အပင် ဖြစ်ထွန်းချိန်၊အပွင့်ပွင့်ချိန်၊ အသီးသီးချိန်တို့တွင်မြေအစိုဓာတ်လုံလောက်စွာရရှိရန်လိုအပ်သည်။ အပင်ဖြစ်ထွန်းနေစဉ် မြေအစိုဓာတ်လျော့နည်းပါက အပင်ကြီးထွားမှုရပ်ဆိုင်းပြီး အပွင့်အသီးတို့ကိုပါ ထိခိုက်စေမည်ဖြစ်သည်။ ဤအချိန်များတွင် မိုး မရွာပါက ရေသွင်းပေးရန်လိုအပ်သည်။ ကုလားပဲသီးနှံ သည် ရေဝပ်သည့်ဒဏ်ကို ခံနိုင်စွမ်းမရှိ သောကြောင့် ရေသွင်းရာတွင် မြေမျက်နှာပြင်စိုရုံသာရှိစေရန် ဂရုစိုက် သွင်းပေးရမည်။
အပင်နှစ်ပတ်သားမှစ၍ ပန်းဖြိုင်ဖြိုင်ပွင့်ချိန် အထိ ရွက်ဖျန်းမြေဩဇာ (သို့) ယူရီးယားဓာတ်မြေဩဇာအား ထမင်းစားဇွန်းလေးဇွန်း၊ လက်ချားမှုန့် (အခဲကိုမီးဖြင့်လှော်၍ အမှုန့်ပြုလုပ်ပါ။) ထမင်းစားဇွန်း တစ်ဇွန်းဖျော်၍ တစ်ဧကလျှင် ၅-၆ ပုံးဖြင့် နံနက်ပိုင်း အရွက်အောက်ဘက်သို့ ဖျန်းပေးပါ။ အပင်နှစ်ပတ်သားမှ ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပေးရမည်။
ကုလားပဲစိုက်ပျိုးမြေများတွင် ဘိုရွန်ချို့တဲ့သည့် လက္ခဏာများတွေ့ရတတ်သည်။ ဘိုရွန်ချို့တဲ့နေလျှင် ကုလားပဲပင်များတွင် အခက်အလက်၊ အရွက်များ အထွက်နည်းခြင်း၊ အဆစ်တိုခြင်း၊ အရွက်များတွန့်လိမ်၍ ပုံပျက်ခြင်း၊ ထူ၍ကြွပ်ဆတ်ခြင်း၊ အညွန့် အဖူးသစ်များ သေဆုံးခြင်း၊ အစေ့များသေခြင်း စသည့်လက္ခဏာရပ်များဖြစ်ပေါ်တတ်သည်။ ထိုလက္ခဏာမျိုးတွေ့လျှင် ဘိုရွန်ဓာတ်ပါသော ရွက်ဖျန်း မြေဩဇာကို မဖြစ်မနေဖျန်းပေးရမည်။
ပဲပင်များ ပန်းပွင့်ချိန်မတိုင်မီနှင့် ပန်းပွင့်ချိန်ကာလတွင်ကျရောက်တတ်သော ရောဂါပိုးမွှားများကြောင့် သီးနှံအထွက်နှုန်းကိုထိခိုက်စေသဖြင့်သေချာစွာ ထိထိရောက်ရောက်နှိမ်နင်းရန်လိုအပ်သည်။ပွင့်ဖူးစတင်ချိန်မှ အစေ့အဆန်တည်သည့်အချိန်ထိ သီးလုံးဖောက်ပိုးကာကွယ်ရန် စိမ့်ပြန့်အာနိသင် ရှိသော ပိုးသတ်ဆေးနှင့် ထိသေအာနိသင်ရှိသောပိုးသတ်ဆေးတို့ကို သတ်မှတ်ထားသော နှုန်းထားများ အတိုင်း တစ်လှည့်စီဖျန်းပေးပါ။
ကုလားပဲတွင်ကျရောက်လေ့ရှိသော ပိုးများမှာ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်၊ လှေး၊ ကျိုင်း၊ပင်စည်ထိုးယင်နှင့် ပဲမျိုးစုံကြမ်းပိုးများ ကျရောက် တတ်သည်။ ပိုးများကိုနှိမ်နင်းရာမှာ ပိုးအမျိုးအစားအလိုက် ပင်လုံးပြန့်ပိုးသတ်ဆေး၊ ထိသေစားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်သည်။ ဓာတုဆေးကိုမသုံးလိုပါက တမာပိုးသတ်ဆေးကဲ့သို့သော သဘာဝပိုးသတ်ဆေးများကို အသုံးပြုနိုင်သည်။ ပိုးမွှားကာကွယ်မှုပိုမိုထိရောက်စေရန် ပိုးမွှားများ ခိုအောင်းနေနိုင်သော စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်း မြက်များ၊ ချုံများကိုပါဆေးဖျန်းပေးခြင်း သို့မဟုတ် ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးသင့်သည်။
(င) ရိတ်သိမ်းခြင်း
ကုလားပဲသီးတောင့်များ ကောက်ရိုးအရောင်(သို့) ညိုဖျော့ရောင်ပြောင်းသွားချိန် (၇၅- ၈၀ ရာခိုင်နှုန်း) သီးတောင့်များ ရင့်မှည့်လျှင် ရိတ်သိမ်းနိုင်သည်။ ရိတ်သိမ်းချိန်နောက်ကျလျှင် သီးတောင့်များ အက်ကွဲကျ၍ အထွက်ဆုံးရှုံးနိုင်သည်။ ရိတ်သိမ်းပြီး ပဲပင် များကို ၂-၃ ရက်အထိ နေလှန်းပြီး သီးတောင့်များကိုခြွေလှေ့ပါ။ ပဲစေ့များတွင် ဖုန်၊ သဲ၊ ခဲ၊ အရွက်အမှော်များ မပါအောင် သန့်စင်ပါ။ သန့်စင်ပြီးသော ပဲစေ့များအား အစိုဓာတ် ၉-၈ ရာခိုင်နှုန်းအထိ အခြောက်ခံပြီးမှ သိုလှောင်ပါ။
ဈေးကွက်အခြေအနေ
ကုလားပဲသီးနှံသည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အရောင်းအဝယ်ရှိသည်။ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော ကုလားပဲများကို တန်ဖိုးမြှင့် ထုတ်ကုန်အမျိုးမျိုးထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိပဲခွဲစက်လုပ်ငန်းရှင်များ၊ ပဲကြော်၊ ပဲမှုန့် (အစိမ်း၊ အကျက်) ထုတ်လုပ်သောလုပ်ငန်းရှင်များမှ အများအားဖြင့် ဝယ်ယူကြသည်။ အချို့ဒေသများတွင် ဒေသတွင်းဈေးကွက်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ ပဲဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ကုလားပဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်းကြောင့် ပြည်တွင်းစားသုံးမှုများ၍ အရောင်းအဝယ် အမြဲတမ်း သွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် လယ်ယာထွက်ကုန်ပစ္စည်းများကို နိုင်ငံခြားသို့အများဆုံးတင်ပို့ပြီး ပဲမျိုးစုံသည်လည်း အဓိကပို့ကုန်ဖြစ်သည်။ မြန်မာနိုင်ငံမှ မတ်ပဲ၊ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ပဲကတ္တီပါ(စွန်တာနီ)၊စွန်တာပြာ၊ ပဲဖြူလေး၊ ဗိုလ်ကိတ်ပဲ၊ ပဲပုပ်စေ့၊ ပဲနီ ကျား၊ နိုင်လွန်ပဲတို့ကို တင်ပို့လျက်ရှိသည်။
ဥရောပနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့သည် ကုလား ပဲကို အဓိကစားသုံးသောနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံမှကုလားပဲများကို ဥရောပနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့သို့တင်ပို့လျက်ရှိသည်။ပြည်ပဈေးကွက်အနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သောထိုင်း၊တရုတ်၊အိန္ဒိယနိုင်ငံတို့သို့တင်ပို့ရောင်းချလျက်ရှိ သည်။ ကုလားပဲ၏အရည်အသွေးသည် နိုင်ငံတကာ တွင် အသိအမှတ်ပြုခံရ၍ ဝယ်လိုအားမြင့်မားသည်။
ကုလားပဲစေ့များကို ကုန်ကြမ်းအဖြစ် ဈေးကွက် သို့တင်ပို့ရောင်းချနိုင်ပြီး ကုလားပဲခွံ၊ ပဲရိုး ၊ ပဲမှော်များကို ဆွေးမြည့်အောင်ပြုလုပ်ပြီး သဘာဝမြေဩဇာ အဖြစ် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သကဲ့သို့ ကျွဲ၊ နွားစာအဖြစ်လည်း အသုံးပြုနိုင်သည်။ ကုလားပဲကို တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောအဖြစ် ထုတ်လုပ်နိုင်သောပစ္စည်းများမှာ ကြာဆံ၊ မုန့်အမျိုးမျိုး၊ ပဲကြော်၊ ပဲမုန့်၊ စည်သွတ်ဘူး၊ ကုလားပဲမှုန့်၊ ဆပ်ပြာတို့ဖြစ်သည်။ကုလားပဲကို မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့ရန် စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်သည်။ ပြည်တွင်းဈေးကွက်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချလျက်ရှိပြီး အထူးသဖြင့် မန္တလေး၊ ရန်ကုန်၊ မကွေးစသည့်မြို့ကြီးများတွင် ဝယ်လိုအားမြင့်မားသည်။ ကုလားပဲသည် မြန်မာနိုင်ငံ၊ ဥရောပနိုင်ငံများ၊ တရုတ်နှင့် ကမ္ဘာ့ဈေးကွက်တွင် အရေးပါသောသီးနှံတစ်မျိုးဖြစ်သည်။ ကုလားပဲသီးနှံသည် ပရိုတင်းပါဝင်မှုများသောကြောင့်သက်သတ်လွတ် စားသုံးသူများအတွက် အသားဓာတ်ရရှိစေနိုင်သော အစားအစာ တစ်ခုဖြစ်သည့်အပြင် သွေးတွင်းအချိုဓာတ်ကိုထိန်းညှိ နိုင်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရ ဓာတ်များကို ဖြည့်တင်းပေးနိုင်မည်ဖြစ်သည်။
ကုလားပဲသီးနှံသည် မြန်မာနိုင်ငံအတွက် အာဟာရ ပြည့်ဝပြီး စီးပွားဖြစ်စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်၍ လူထု၏အာဟာရဓာတ်ကိုဖြည့်တင်းပေးသည့်အပြင် စီးပွားရေးအရလည်း အထောက်အကူ ပြုသည်။ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းနှင့် ခေတ်မီနည်းစနစ်များအသုံးပြုခြင်းဖြင့် အထွက်နှုန်းနှင့် သီးနှံထွက်ကုန်အရည်အသွေးကိုမြှင့်တင်ပြီး တောင်သူဦးကြီးများ င်ငွေတိုးပွားစေရေးနှင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရေးတို့အတွက် အထောက်အကူပြုနိုင်သည်။ ထို့ကြောင့် ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုကိုပိုမိုမြှင့်တင်ပေးခြင်းဖြင့် တောင်သူဝင်ငွေတိုး၍ လူနေမှုဘဝမြင့်မားမှုမှသည် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍကို ပိုမိုတိုးတက်စေနိုင်မည်ဖြစ်ပါသည်။ ။

မိရိုးဖလာမှသည် စီးပွားဖြစ်ဆီသို့
မိရိုးဖလာမှသည် စီးပွားဖြစ်ဆီသို့
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏၂၀၂၃ ခုနှစ် နိုဝင်ဘာလ တွင်ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်း အချက်အလက်များအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တိရစ္ဆာန်မွေးမြူသည့် အိမ်ထောင်စုဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် ဝက်မွေးမြူ သူများဖြစ်သည်ကို တွေ့ရှိရသည်။ ယခင်က ဒေသဝက်များကို တစ်နှစ်ကျော်ကြာထိ မိရိုးဖလာအနေဖြင့် တစ်နိုင်တစ်ပိုင်မွေးမြူကြသော်လည်းယခုအခါ မျိုးစပ်ဝက်များကို အသားတိုးအဖြစ် ထိန်းကျောင်း ကျွေးမွေး၍ ကာလတိုအတွင်း ဈေးကွက်ရောင်းချနိုင်သဖြင့် မိသားစုဝင်ငွေ ပိုမိုရရှိလာကြသည့်အပြင်ဒေသအနှံ့ အပြားတွင် တစ်အုပ်တစ်မစီးပွားဖြစ်မွေးမြူ လာကြပြီဖြစ်သည်။ မျိုးကောင်းမျိုးသန့်မျိုးရင်း အထီးနှင့်အမများဝယ်ယူ၍ ပြည်တွင်း၌ မျိုးစပ်ထုတ်လုပ်ဖြန့်ဖြူးသူ လုပ်ငန်းရှင်များလည်း တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဆောင်ရွက်နေကြပြီဖြစ်သည်။
မျိုးသန့်ဝက်ထီး၏ မျိုးရည်ကို မေထုန်မဲ့သားစပ်ကျွမ်းကျင်သူတို့က ဝယ်ယူ၍ ဒေသအလိုက်မေထုန်မဲ့ သားစပ်၍ ထုတ်လုပ်မှုကောင်းသောမျိုးထုတ်မွေးမြူခြင်းကိုပါ ဆောင်ရွက်လာပြီဖြစ်သည်။ မွေးမြူရေး နှင့်ကုသရေး ဦးစီးဌာနမှလည်း ထုတ်လုပ်မှုကောင်းသော မျိုးကောင်းမျိုးသန့်များ တိုးချဲ့မွေးမြူနိုင်စေရန် မွေးမြူသူများလိုအပ်သော ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မွေးမြူရေးနည်းပညာ အထောက်အကူပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
သို့ဖြစ်ပါ၍ ဝက်သားထုတ်လုပ်မှု ပိုမိုတိုးမြင့်စေရေးအတွက် ထုတ်လုပ်မှု ကောင်းသောမျိုးများနှင့် မျိုးရွေးချယ်မွေးမြူနည်း၊ ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်အကြောင်းကို သိရှိလေ့လာမှတ်သားနိုင်ရန် ရှင်းလင်း ဖော်ပြပါမည်။
ထုတ်လုပ်မှုကောင်းသောဝက်မျိုးများ
မြန်မာနိုင်ငံတွင်း ဖြစ်ထွန်းအောင်မြင် နေသော မျိုးမြှင့်ဝက်မျိုးများအနက် မွေးမြူသူအကြိုက် ဝက်မျိုးငါးမျိုးရှိသည်။ ယင်းတို့အနက် ဂျူးရော့ဂျာစီ (Duroc Jersey)၊ ယော့ရှိုင်းရား (Yorkshire)နှင့် လင်းဒရေ့ (Landrace) မျိုးသုံးမျိုး၏ ထုတ်လုပ်မှုကောင်းသော အားသာချက် များကိုရယူ၍ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ (DYL) စပ်မျိုးဟူ၍ မျိုးစပ် ထုတ်လုပ် ဖြန့်ဖြူးခဲ့သည်။
ယနေ့အချိန်တွင်လည်း ၎င်းမျိုးများအပြင် အခြား မျိုးစစ်များနှင့် မျိုးစပ်၍ ထုတ်လုပ်မှုကောင်းပြီး ဒေသတွင်း ရေ၊ မြေ၊ ရာသီဥတု နှင့်ကိုက်ညီသည့် မျိုးမြှင့်စပ်မျိုးများကို ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည်။ မျိုးစစ် ဝက်မျိုးငါးမျိုးမှာ-
ဂျူးရော့ဂျာစီ (Duroc Jersey)
မူရင်းဇာတိမှာ အမေရိကန်နိုင်ငံဖြစ်သည်။ နီညိုရောင်၊ နားရွက်လဲ ဝက်မျိုးဖြစ်သည်။ အခြားဝက်မျိုးများထက် ကြီးထွားနှုန်းပိုမြန်သည်။ သားပေါက်နှုန်း၊ သားထိန်းနှုန်းကောင်းပြီး အခြားမျိုးများနှင့် မျိုးစပ်ရာတွင် မျိုးထီးအနေဖြင့်အသုံးများသည်။
ရော့ရှိုင်းရား (Yorkshire)
အင်္ဂလန်နိုင်ငံ ရော့ရှိုင်းရားနယ်မှ စတင်မွေးမြူသည်။ အဖြူရောင်၊နားရွက်ထောင်၊ ခန္ဓာကိုယ်ရှည်သည့် ဝက်ဖြူကြီးမျိုးဖြစ်သည်။သားထိန်းကောင်းပြီး သားခွဲနှုန်းလည်းမြင့်သည်။ သုံးမျိုးစပ်မျိုးမြှင့်ထုတ်လုပ်ရာတွင်မျိုးတစ်မျိုးအနေဖြင့် ထည့်သွင်းသားဖောက်လေ့ရှိကြသည်။ ဒေသမျိုးများကိုမျိုးမြှင့်တင်ရာတွင် အသုံးပြုကြသည်။
လင်းဒရေ့(Landrace)
မူရင်းနိုင်ငံမှာ ဒိန်းမတ်နိုင်ငံဖြစ်သည်။ အဖြူရောင်၊ နားရွက်လဲ၊ ခန္ဓာကိုယ်ရှည်သည့်ဝက်ဖြူကြီးမျိုးဖြစ်သည်။ သားမွေးနှုန်း၊ သားခွဲနှုန်း၊ အသားတိုးနှုန်း ကောင်းမွန်သည်။ သုံးမျိုးစပ်မျိုးမြှင့်ထုတ်လုပ်ရာတွင် မျိုးတစ်မျိုးအနေဖြင့် ထည့်သွင်း သားဖောက်လေ့ရှိကြသည်။
ပီထရိန်း(Pietrain)
မူရင်းနိုင်ငံမှာ ဘယ်ဂျီယံနိုင်ငံဖြစ်သည်။ အဖြူရောင်ကိုယ်ပေါ်တွင် အမည်းကွက်များရှိသည်။ နားရွက်ရှေ့သို့ ထိုးထွက်နေသည်။ ပေါင်သား၊ လက်ပြင်သား၊ ကုပ်သားများ ဖွံ့ဖြိုးကြီးထွားသည်။ သားပေါက်နှုန်း၊ ကြီးထွားနှုန်းကောင်းမွန်သည်။
ဟမ်းရှိုင်းယား (Hampshire)
မူရင်းနိုင်ငံမှာ အင်္ဂလန်နိုင်ငံဖြစ်သည်။ ကိုယ်လုံးအမည်းရောင်ရှိပြီး ရှေ့လက်၊ လက်ပြင်နှင့် ကုပ်ပိုးပတ်လည်တို့တွင် အဖြူရောင်ရှိသည်။ နားရွက်သည်အပေါ်သို့ ထောင်နေသည်။ အသားထွက်နှုန်းကောင်းသည်။ ခါးပတ်ကျားဟုလည်းခေါ်ကြသည်။ သုံးမျိုးစပ်မျိုးမြှင့်ထုတ်လုပ်ရာတွင် မျိုးတစ်မျိုးအနေဖြင့် ထည့်သွင်းသားဖောက်လေ့ရှိကြသည်။
ခြံတည်ထောင်ခြင်း
ဝက်ခြံတစ်ခုတည်ထောင်မည်ဆိုလျှင် အောက်ပါအခြေခံအချက်များအားဆောင်ရွက်နိုင်ရန်ဦးစွာပြင်ဆင်ထားရပါမည်။ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ဆက်သွယ်၍ အကြံဉာဏ်ရယူနိုင်သည်။
၁။ မြေနေရာရွေးချယ်ခြင်း
၂။ အဆောက်အအုံတည်ဆောက်ခြင်း
၃။ သွင်းအားစုများထည့်သွင်းခြင်း
မြေနေရာရွေးချယ်ခြင်း
(က) ဝက်များကိုကျွေးသည့် အစားအစာများ ပေါများစွာရရှိသည့်နေရာဒေသဖြစ်ရမည်။
(ခ) လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလွယ်ကူသောနေရာဖြစ်ရမည်။
(ဂ)လေကောင်းလေသန့်နှင့် နေရောင်ခြည်ရသော နေရာမျိုးဖြစ်ရန်နှင့်သုံးရေလွယ်ကူ ပေါများစွာရရှိသောနေရာဖြစ်ရန်လိုအပ်သည်။
(ဃ) လူနေအိမ်နှင့် အလှမ်းဝေးသောနေရာဖြစ်ရမည်။ လိုအပ်သောအဆောက်အအုံများဆောက်လုပ်ရန်အပြင် စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရန် လုံလောက်သောအကျယ်အဝန်းရှိသည့် စိုက်ပျိုးရလွယ်ကူသောမြေဖြစ်ရမည်။
(င)လျှပ်စစ်စွမ်းအင် သို့မဟုတ် ဆိုလာ စွမ်းအင်ရရှိရမည်။
ဝက်ခြံဆောက်လုပ်ခြင်း
(က)မိမိဒေသတွင်အလွယ်တကူရရှိနိုင်သောပစ္စည်းများကိုအသုံးပြုပြီး ကုန်ကျစရိတ်သက်သာအောင် ဆောက်လုပ်နိုင်သည်။ ဝက်များအတွက် သက်သောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းရမည်။ လုံလောက်သောအရိပ်ရရှိရမည်။
(ခ)နေရောင်ခြည်ကျရောက်မှုနှင့် လေဒဏ်၊ မိုးဒဏ်တို့မှကာကွယ်နိုင်ရန်အတွက် ဝက်ခြံကို အရှေ့- အနောက်အလျားလိုက်တည်ဆောက်သင့်သည်။
(ဂ)ကြမ်းခင်းသည် ကွန်ကရစ်ကြမ်းခင်း(သို့) သစ်သားကြမ်းခင်း (သို့) ဝါးကြမ်းခင်းဖြစ်ပြီးသန့်ရှင်းရေးပြုလုပ်ရာတွင်လွယ်ကူစေရန်အတွက်အိပ်သည့်နေရာမှ အဝေးသို့ လျှောစောက်ပုံစံဖြစ်ရမည်။ ကြမ်းခင်းသည် ချောမနေရပါ။ သစ်သား (သို့) ဝါးကြမ်းခင်းဖြစ်ပါက ကြမ်းခင်းသည် မြေပြင်မှ အနည်းဆုံးနှစ်ပေအမြင့်ရှိရမည်။
(ဃ )အစာခွက်နှင့် ရေခွက်တို့ကို အစာထည့်ကျွေးရန် လွယ်ကူသောနေရာနှင့် ရေလဲလှယ်ရန်အတွက် လွယ်ကူသောနေရာတွင် ထားရှိသင့်သည်။
(င)ဝက်နှုတ်သီးဖြင့် တွန်းထိုးတတ်သော အလေ့အထကြောင့် ကြမ်းခင်းနှင့်နံရံ တို့ကို အကြမ်းခံနိုင်သောပစ္စည်းများအသုံးပြုပြီး ဆောက်လုပ်သင့်သည်။
(စ) ဝက်ခြံကို ခိုင်ခံ့အောင်ဆောက်လုပ်ရမည်။ တိရစ္ဆာန်တစ်ကောင်ချင်းအတွက် လိုအပ်သောနေရာ၊ အကွာအဝေးသတ်မှတ်ချက်နှင့်အညီဆောက်လုပ်နိုင်ရမည်။
(ဆ)အစာကြမ်း၊ အစာနုများသိုလှောင်ရန်သီးခြားအဆောက်အအုံတည်ဆောက်ရမည်။ အဆောက်အအုံဆောက်လုပ်ခြင်းဆိုင်ရာ သိရှိလိုက်နာဖွယ်ရာများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်ဆက်သွယ်၍ အကြံဉာဏ်ရယူနိုင်သည်။
သွင်းအားစုများထည့်သွင်းခြင်း
(က)မိမိမွေးမြူမည့် ရည်ရွယ်ချက်နှင့်ကိုက်ညီသော ဝက်မျိုးထည့်သွင်းရန်၊
(ခ)အစာကြမ်း၊ အစာနုနှင့် အစာကြိတ်ခွဲရောစပ်စက်ကိရိယာများ စုဆောင်းရန်၊
(ဂ) ဝက်ခြံတစ်ခြံတွင်ရှိသင့်သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများထားရှိရန် ဥပမာ-အစာသယ်ပို့ရန်နှင့် အညစ်အကြေးသယ်ထုတ်ရန် လက်တွန်းလှည်းငယ်များ၊အညစ်အကြေး သန့်ရှင်းရာတွင် အသုံးပြုရမည့်ပစ္စည်းကိရိယာများ၊တိရစ္ဆာန်ထိန်းချုပ်ပစ္စည်းများ၊
(ဃ)တိရစ္ဆာန်ဆေးကုဆရာဝန်မှ အကြံပြုထားသောဆေးဝါးနှင့်ဆက်စပ်ပစ္စည်းထားရှိရန်၊
(င)မိမိဒေသအခြေအနေနှင့်သင့်လျော်ပြီး ဇီဝလုံခြုံမှုနှင့်ကိုက်ညီသော ခြံစည်းရိုးကာရံရန်နှင့် ခြံအဝင်အထွက်ပေါက်တွင် ပိုးသတ်ဆေးကန်ထားရှိရန်။
ဝက်တစ်ကောင်အတွက်လိုအပ်သည့်နေရာအကျယ်အဝန်းကို ယေဘုယျအားဖြင့်ဖော်ပြပါအတိုင်းသတ်မှတ်မွေးမြူနိုင်သည်
ဒေသထွက် အစာကုန်ကြမ်းနှင့် အသင့်သုံးစပ်စာ
စားသောက်ရန်အတွက်ရည်ရွယ်မွေးမြူသည့် မည်သည့်တိရစ္ဆာန်အမျိုးအစားဖြစ်စေ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးကွက်တင်ပို့စရိတ်တို့အကြား အမြတ်အစွန်းကျန်သော မွေးမြူရေးဖြစ်ရမည်။ ထို့ကြောင့် မိမိတို့ကုန်ထုတ်ချိန်တွင်ဈေးကွက်ဝင် ထုတ်ကုန်အရည်အသွေးဖြစ်ရန်နှင့် ထုတ်ကုန်အတွက် အမြတ်အစွန်းရရှိရန်မှာ လွန်စွာအရေးကြီးသည်။
ထုတ်ကုန်အရည်အသွေးနှင့်ထုတ်ကုန်အတွက် အမြတ်အစွန်းရရှိရေး
ဟန်ချက်ညီရန်မှာ မွေးမြူရေးခြံအတွက် သုံးစွဲရသည့် သွင်းအားစုအပေါ် အဓိကမှီတည်သည်ဟုဆိုရပါမည်။ သွင်းအားစုပေါင်းများစွာအနက်မှ ကျွေးမွေးရသည့်အာဟာရပြည့်အစာသည် အဓိကဖြစ်သည်ကို မွေးမြူသူတိုင်းသိရှိကြပြီးဖြစ်သည်။
သို့ဖြစ်ပါ၍ အာဟာရပြည့်အစာဖြစ်ရန်နှင့် သွင်းအားစုစရိတ်သက်သာမှုရှိစေရန်ကို အဓိကထားလျက် ပြည်တွင်းထွက်အစာကုန်ကြမ်းများဖြင့် အရည်အသွေးပြည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဒေသတွင်းဖြစ်အစာကုန်ကြမ်းနှင့် အသင့်သုံးစပ်စာဆက်သွယ်နေမှုကို သိရှိနိုင်ရန် ဖော်ပြလိုသည်။ မွေးမြူထုတ်လုပ်လိုသူအတွက် ယေဘုယျသိရှိနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။ လိုက်ပါဆောင်ရွက်ရန်အကြံဉာဏ်ရယူလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ တိုက်ရိုက်ဆက်သွယ်ရန်ဖြစ်သည်။ အစာကုန်ကြမ်းထွက်ရှိသည့် ရေ၊ မြေ၊ ရာသီဥတုအရ အစာကုန်ကြမ်း၏ အာဟာရတန်ဖိုး ကွာခြားနိုင်ပါသဖြင့် လိုအပ်ပါက ဒေသအလိုက်ထွက်ရှိအစာကုန်ကြမ်းများတွင် ပါဝင်သည့် အာဟာရတန်ဖိုးများကို ဌာန၏ဓာတ်ခွဲခန်းဖြင့်စိစစ်ဆောင်ရွက်ပေးနေသည်။
ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံ
ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များနှင့်အညီ မွေးမြူကြမည်ဆိုလျှင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်မှာ အောင်မြင်စွာဆောင်ရွက်ပြီးဖြစ်သည်။ ပြည့်စုံစွာရှင်းလင်းရပါမူ ဇီဝလုံခြုံမှုစနစ်အပြည့်အဝဖြင့် မွေးမြူထုတ်လုပ်သောမွေးမြူရေးခြံများအတွက် တိရစ္ဆာန်ကူးစက်ရောဂါ၊ တိရစ္ဆာန်မှ လူသို့ကူးစက်စေတတ်သောရောဂါတို့ကို စနစ်တကျကာကွယ်ထိန်းချုပ်ရန် လုပ်ငန်းစဉ်များသတ်မှတ်ထားပြီးဖြစ်၍ GAHP လက်မှတ်ရခြံများသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ကြသည်။
လေ့လာသူများသိရှိနိုင်ရန် ဝက်မွေးမြူထုတ်လုပ်ရေးခြံများတွင် ကျွမ်းကျင်ပညာရှင်ဖြင့် မဖြစ်မနေထိုးနှံပေးရမည့်တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ဆေးများကို ဖော်ပြလိုသည်။ ယင်းတို့မှာ-
(က)ဝက်ခွာနာလျှာနာရောဂါကာကွယ်ဆေး
(ခ)ဝက်ဝမ်းကျရောဂါကာကွယ်ဆေး
(ဂ )ဝက်နားရွက်ပြာရောဂါကာကွယ်ဆေး
(ဃ)အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ဆေး
တန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်း
သတ်မှတ်GAHP များနှင့်အညီလိုက်နာဆောင်ရွက်သူတိုင်း ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးအတွက် ဌာနမှ ထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင်ရွက်ထားရှိသည်။
ဝက်သား၊ အေးခဲဝက်သားနှင့် ကလီစာအတွက်စံချိန်စံညွှန်း
ဤဝက်သားစံချိန်စံညွှန်းသည် Swine species မှ ထုတ်လုပ်ထားသော ဝက်သား၊အေးခဲဝက်သားနှင့် ကလီစာ စသည်တို့အားလုံးအတွက် အကျုံးဝင်သည်။ ထုတ်ပြန်ပြီး စံချိန်စံညွှန်းတွင် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်းနှင့်စစ်ဆေးရန် စံချိန်စံညွှန်းများသတ်မှတ်ခြင်းဟူ၍ အပိုင်းသုံးပိုင်းရှိသည်ဟု ယေဘုယျသိရှိနားလည်ထားစေလိုသည်။ ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင် အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရမှ ပြည်တွင်းသာမက ပြည်ပပို့ကုန်အထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်း သိရှိနိုင်သည်။
ထုတ်ပြန်ပြီး ဝက်သားဆိုင်ရာစံချိန်စံညွှန်းတွင်ပါဝင်သည့် အခန်းကဏ္ဍများမှာ ဖော်ပြပါအတိုင်းဖြစ်ပါသည်-
(၁) ဝက်သား၊ အေးခဲဝက်သားနှင့်စားသုံးနိုင်သောကလီစာအတွက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း
(၂) သားသတ်ခြင်းမပြုမီ တိရစ္ဆာန်၏ကျန်းမာရေးကို မျက်မြင်စစ်ဆေးခြင်း
(၃) သားသတ်ပြီးနောက် တိရစ္ဆာန်ထွက်ပစ္စည်းများကို စစ်ဆေးခြင်း
(၄) နမူနာပစ္စည်းပေးပို့ခြင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများကို အရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း
(၅) နမူနာပစ္စည်းပေးပို့ခြင်း၊ ညစ်ညမ်းပစ္စည်းနှင့် အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း
(၆) သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာ စံချိန် စံညွှန်းများ
(၇) မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက် ဒြပ်ကြွင်းပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများ
(၈) အဏုဇီဝပိုးပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ
(၉) နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်း
(၁၀)နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးကုန်တွင် ဖော်ပြသည့်တံဆိပ်တပ်ခြင်း
(၁၁) နမူနာပစ္စည်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း
နိုင်ငံတော်စံချိန်စံညွှန်းသတ်မှတ်ရေးဗဟိုကော်မတီမှ ခွင့်ပြုချက်ရရှိပြီး ထုတ်ပြန်ထားသည့် အသားကဏ္ဍစံချိန်စံညွှန်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ဆက်သွယ်မေးမြန်းလေ့လာနိုင်ပါသည်။ ။

ယနေ့မွေးမြူရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေးအတွက် အဓိကအခန်းကဏ္ဍက ပါဝင်လာသည်။ ယခင်က စိုက်ပျိုးမွေးမြူရေးသည် သမားရိုးကျစနစ်ဖြင့် စိုက်ပျိုးမွေးမြူခဲ့ရာမှ ယခုအခါ နည်းစနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးဆီသို့ ဦးတည်သွားကြရန်လိုအပ်သည်။ ထို့ပြင်မွေးမြူရေးဆိုင်ရာပညာရပ်များကို ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးခြင်းဖြင့်လည်း နည်းစနစ်ကျသော မွေးမြူရေးကဏ္ဍသို့ ဦးတည်နိုင်မည်ဖြစ်ပြီး မွေးမြူသူများအနေဖြင့်လည်း လုပ်ငန်းလုပ်သလောက် အကျိုးအမြတ်ရရှိပြီး နိုင်ငံ၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ
ယနေ့မွေးမြူရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေးအတွက် အဓိကအခန်းကဏ္ဍက ပါဝင်လာသည်။ ယခင်က စိုက်ပျိုးမွေးမြူရေးသည် သမားရိုးကျစနစ်ဖြင့် စိုက်ပျိုးမွေးမြူခဲ့ရာမှ ယခုအခါ နည်းစနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးဆီသို့ ဦးတည်သွားကြရန်လိုအပ်သည်။ ထို့ပြင်မွေးမြူရေးဆိုင်ရာပညာရပ်များကို ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးခြင်းဖြင့်လည်း နည်းစနစ်ကျသော မွေးမြူရေးကဏ္ဍသို့ ဦးတည်နိုင်မည်ဖြစ်ပြီး မွေးမြူသူများအနေဖြင့်လည်း လုပ်ငန်းလုပ်သလောက် အကျိုးအမြတ်ရရှိပြီး နိုင်ငံ၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးရာလည်း ရောက်သည်။ ယခုအခါ ငါး၊ ပုစွန်မွေးမြူရေးသည် နိုင်ငံတော်၏ စားနပ်ရိက္ခာကိုလည်း ဖြည့်တင်းပေးရာရောက်သည်။ တချို့က မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လိုကြသော်လည်း လုပ်ငန်းမကျွမ်းကျင်ခြင်း၊ နည်းစနစ်မသိခြင်းတို့ကြောင့် နောက်တွန့်နေသည်များလည်းရှိသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအနေဖြင့် အသိပညာရစေလိုသော ဆန္ဒဖြင့် စီးပွားဖြစ် ရေချိုပုစွန်အသားတိုး မွေးမြူမည်ဆိုလျှင် သိရှိရမည့်နည်းလမ်းများ၊ အချက်အလက်များ၊ နည်းစနစ်များကို လက်လှမ်းမီသလောက် လေ့လာတင်ပြပေးသွားမည်ဖြစ်သည်။
ကန်နေရာရွေးချယ်ခြင်းနှင့် ကန်တူးဖော်ခြင်း
မွေးမြူရေးဖြစ်စေ၊ စိုက်ပျိုးရေးဖြစ်စေ စတင်ပြုလုပ်တော့မည်ဆိုလျှင် ပထမဆုံးမွေးမြူမည့်မြေနေရာရှာရမည်။ မြေနေရာ ရေစိမ့်ထွက်မှုရှိသောမြေ၊ သဘာဝအစားအစာ မဖြစ်ထွန်းသည့် ထုံးဓာတ်နှင့်အချဉ်ဓာတ် များသောမြေမျိုးမဖြစ်ရပါ။ ပုစွန်မွေးမြူမည့်မြေကိုရှာဖွေရာတွင် မြေအနက် ၆ ပေတူးပြီး မြေကြီးကိုရေနှင့်ရော၍စမ်းကြည့်ပါက သဲကြမ်းပါသည့်မြေမျိုးဆိုလျှင် ပုစွန်ကန်အတွက်သင့်လျော်သည့် မြေအမျိုးအစား ငါးမျိုးရှိပါသည်။ ထိုမြေအမျိုးအစားငါးမျိုးအနက် ရွှံ့မြေသည် ကန်တူးရန်သင့်လျော်သောမြေမျိုးဖြစ်သည်။ အကြောင်းမှာ ရွှံ့မြေသည် ရေထိန်းချုပ်မှုကောင်းမွန်သောကြောင့်ဖြစ်သည်။ပုစွန်မွေးမြူရာတွင် ကန်အတွင်း ရေသွင်း၊ ရေထုတ်အလွန် အရေးကြီးသဖြင့် ကန်ကိုမြင့်လွန်းသောနေရာ၊ နိမ့်လွန်းသောနေရာမျိုး၌မတူးဘဲ မနိမ့်လွန်း၊ မမြင့်လွန်းသောနေရာမျိုးကို ရွေးချယ်၍တူးသင့်သည်။ ကန်အောက်ခြေ ညီညာမှုရှိဖို့လည်းလိုပါသည်။ ဒီရေရောက်သောနေရာများနှင့် ရေလွှမ်းမိုးမှုရှိသော နေရာမျိုးဖြစ်ပါက ရေလွှမ်းမိုးမှုအမြင့်ဆုံးပေကို သိရှိဖို့လိုသည်။ ထိုရေလွှမ်းမိုးမှုပေထက် ၂ ပေခန့်အထိမြင့်အောင် ကန်ပေါင်ကိုမြှင့်ထားရပါမည်။မွေးမြူရေးကန်အများစုကို ထောင့်မှန်စတုဂံပုံ တူးဖော်လေ့ရှိကြသည်။ ပုစွန်ကန်ကိုလည်း ထိုနည်းအတိုင်းတူးရသည်။အလျားသည် အနံ၏ ၃-၄ဆရှိသင့်သည်။ ဥပမာ-အနံက ပေ ၅၀ ဆိုပါက အလျားသည် အနံ၏ ၄ ဆ ပေ ၂၀၀ဖြစ်သည်။ ရေအနက် ၃ ပေမှ ၅ ပေရှိအောင်တူးရပါမည်။ ကန်တူးဖော်ရာတွင် မိမိမြေဧကအပေါ်မူတည်၍ အလျား၊ အနံ ချိန်ဆတူးဖော်နိုင်သည်။ အနည်းဆုံး၅ ဧကအထိ တူးဖော်မွေးမြူနိုင်သည်။ ကန်ပေါင်သည် သုည ဒသမ ၅ ဧက အရွယ်အတွက် တာပေါင်မျက်နှာပြင်ကို အကျယ် ၅ ပေထားရမည်။ ၁ ဧကတိုးလျှင် တာပေါင်အကျယ် ၁၀ ပေထားရသည်။
၂ ဒသမ ၅ ဧကအတွက် တာပေါင်အကျယ်မှာ ပေ ၂၀ ဖြစ်သည်။ တာပေါင်တည်ဆောက်ရာတွင် စနစ်တကျပုံဖော် တည်ဆောက်ရပါမည်။ရေသွင်းရေထုတ်အတွက် ရေတံခါးများ တပ်ဆင်ပေးရသည်။ ၂ ဒသမ ၅ ဧကအောက်ရှိကန်များအတွက် ရေထုတ်ပိုက်ကို ၉ လက်မပြုလုပ်ပြီး ၂ ဒသမ ၅ဧကအထက်ကန်များအတွက် ရေထုတ်ပိုက်ကို ၁၄ လက်မအရွယ် တပ်ဆင်အသုံးပြုရမည်။ ရေတံခါးများကို ကန်မျက်နှာပြင်၏နိမ့်သော နေရာတွင်တပ်ဆင်ပြီး ပိုလျှံသောရေများကို ရေတံခါးမှတစ်ဆင့်အပြင်သို့ ထုတ်ပစ်ခြင်းဖြစ်သည်။
ကန်ပြုပြင်ခြင်း
မွေးမြူရေးကန်ကို စတင်အသုံးပြုသည့်အခါ ကန်ကိုပြန်လည်ပြုပြင်ပေးရသည်။ မလိုအပ်သည့်ငါးများ၊ အပင်များနှင့်ရွှံ့ညွန်များကို ဖယ်ပေးရသည်။ ငါးရိုင်းများကို ဖယ်ရှားရန်အတွက် မဖောက်ထုံးကို အသုံးပြုကြသည်။ အခြောက်ခံထားသော ကန်များ ၁ စင်တီမီတာအထိ ပပ်ကြားအက်လာလျှင် ၁ ဧကကို မဖောက်ထုံး ၁၅ ပိဿာ ကန်အနှံ့ထည့်ပေးရသည်။ ထို့နောက် ရေ ၆ လက်မခန့် ထည့်သွင်းပြီး တစ်ပတ်ခန့်ထားခြင်းဖြင့် ငါးရိုင်းများနှင့် တွင်းအောင်းသတ္တဝါများ သေကျေသွားကြသည်။
ပြီးလျှင် ပြင်ပသို့ထုတ်ပေးခြင်းဖြင့် ပုစွန်ကန်ကို သန့်ရှင်းစေသည်။ ထို့နောက် ၁ ဧကကို ထုံးမှုန့် ၁၅ ပိဿာနှုန်းထပ်မံထည့်ပြီး ရေ ၁ ပေခန့်သွင်းကာ ကန်ရေ၏ pH ကို ၆ ဒသမ ၅ မှ ၈ ဒသမ ၅ အတွင်းရှိအောင် ထိန်းညှိပေးရပါမည်။ ထို့နောက် ကန်အတွင်း သဘာဝမြေသြဇာဖြစ်သည့်နွားချေး၊ ဝက်ချေး၊ ကြက်ချေးနှင့်ဓာတ်မြေသြဇာတို့ ထည့်ပေးရသည်။ မြေသြဇာထည့်ပေးခြင်းဖြင့် ကန်အတွင်း သက်ရှိအစာပေါက်ပွားမှုကိုဖြစ်စေသည်။ မြေသြဇာကို ထုံးထည့်ပြီးမှသာ ထည့်ပေးရသည်။ ကန် ၁ ဧကလျှင် တီစူပါနှင့် ယူရီးယား ၂၄ ကီလိုစီ ကန်အနှံ့ထည့်ပေးရသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကန်ရေတွင်သက်ရှိအစာများ ပေါက်ပွားလာပြီး ကန်ရေလည်းကြည်လင်၍ အစိမ်းရောင်ဖြစ်လာသည်။
ရေချိုပုစွန်တုပ်အတွက်ရေနှင့်လေမွေးမြူရေး ကန်များအတွက် အသုံးပြုမည့်ရေသည် သဘာဝရေ(မိုးရေ)နှင့်မြစ်၊ ချောင်း၊ မြောင်းတို့မှရေကိုရယူနိုင်ဖို့လိုသည်။ ရေချိုပုစွန်တုပ်ကန်သည်ရေအနက်သိပ်မရှိပေ။ ထို့ကြောင့် မိုးရေကိုခံယူ အသုံးပြုမည်ဆိုပါက နေရာဒေသ၊ ရာသီဥတု၊ မြေအနေအထားအရ မိုးရေလှောင်ကန်လိုအပ်မှု ရှိ၊ မရှိကို သတိပြုဆောင်ရွက်ဖို့လိုသည်။ မိုးရေကောင်းကောင်းရသော အနေအထားမျိုး၊ ဒေသမျိုးဆိုလျှင် ရေလှောင်ကန် လိုအပ်မည်မဟုတ်ပေ။ အထူးသဖြင့် ရေလိုအပ်ပါက မြစ်၊ချောင်းများမှ အလွယ်တကူယူ၍ အသုံးပြုနိုင်အောင် ပုစွန်ကန်သည် မြစ်၊ ချောင်းများနှင့်နီးလျှင် ပိုကောင်းသည်။ သတိပြုရမည့်အချက်မှာ အသုံးပြုမည့်ရေသည် ပုစွန်တုပ်များကို အန္တရာယ်ပေးနိုင်သည်။
မွေးမြူရေးကန်များတွင်သဘာဝ အောက်ဆီဂျင်(လေ)ကို အားကိုး၍မရပေ။ ရေထဲတွင်အောက်ဆီဂျင်(လေ)ပျော်ဝင်မှုများအောင် ဖန်တီးပေးရသည်။ အောက်ဆီဂျင်ပြည့်ဝအောင် လုပ်ဆောင်ရာတွင် မွေးမြူရေးကန်အတွင်း အောက်ဆီဂျင်ပျော်ဝင်မှုများစေရန် လုပ်ဆောင်ရာတွင် ရေကို အောက်ဆီဂျင်ပြည့်ဝသော လေတွင် ဖြတ်သန်းဖြတ်ကျော်စေခြင်းနှင့် အောက်ဆီဂျင်ပြည့်ဝသောလေကို ရေတွင်ဖြတ်ကျော် စေခြင်းနည်းတို့ဖြစ်သည်။
ကန်အတွင်း အောက်ဆီဂျင်ပြည့်ဝ စေရန်အတွက် ရေကိုအောက်ဆီဂျင်ပြည့်ဝသော လေတွင် ဖြတ်စေခြင်းဖြစ်သည်။ ဤနည်းမှာ ရေစုပ်စက်ဖြင့်တစ်နေရာမှ ရေကိုစုပ်ယူ ၍ ရေပန်းသဖွယ်ပြုလုပ်ပြီး ကန်ရေလဲရာတွင်လည်းကောင်း၊ ကန်အတွင်းရေသွင်းရာတွင် လည်းကောင်း ရေစုပ်စက်မှရေကို ရေပန်းသဖွယ်လေထုကိုဖြတ်၍ ကန်အတွင်း ရေသွင်းခြင်းဖြစ်သည်။
အောက်ဆီဂျင်ပြည့်ဝသောလေကို ရေတွင်ဖြတ်ကျော်စေခြင်းမှာ လေမှုတ်စက်ဖြင့် ကန်အတွင်း လေမှုတ်ပေးခြင်းမျိုးဖြစ်သည်။
ဤအချက်များသည် ပုစွန်တုပ်မွေးမြူမည့်သူများ မသိမဖြစ် သိထားရမည့်အချက်များ ဖြစ်သည်။ နောက်ထပ်သိသင့်သည့်အချက် များကိုလည်း ဆက်လက်ဖော်ပြပေးပါမည်။
ရေချိုပုစွန်သားဖောက်ခြင်း
ကိုယ်တိုင်သားဖောက်မွေးမြူခြင်းနှင့် သားပေါက်ဝယ်ယူမွေးမြူခြင်းအနက် ကိုယ်တိုင်သားဖောက် မွေးမြူခြင်းက သားပေါက်လိုအပ်သလောက်ကို ထုတ်လုပ်မွေးမြူနိုင်သည့် အားသာချက်ရှိသည်။
ပုစွန်သားဖောက်ရာတွင် ပထမဆုံး ဥကပ်ပုစွန်ကိုရွေးချယ်ရမည်။ ဥကပ်ပုစွန်သည် အလေးချိန် ၅၀ ဂရမ်အထက်ရှိရမည်။ အဆိုပါဥကပ်ပုစွန်တုပ်မများကို သဘာဝမြစ်၊ ချောင်း၊ အင်း၊ အိုင်များမှလည်းကောင်း၊ မွေးမြူရေးကန်များမှ လည်းကောင်းရနိုင်သည်။ ဥကပ်ပုစွန်တုပ်ကိုရွေးချယ်ရာတွင်လည်း ဥပြည့်နေသော ပုစွန်မကြီးများ၊ ဥအညိုရင့်ရောင်ရှိနေသည့် ဥကပ်ပုစွန်မကြီးမျိုးကို ရွေးချယ်ရမည်။ ဥကပ်ပုစွန်မကြီးများအတွက် ရေသည်သန့်စင်ဖို့လိုသည်။ ရေသန့်စင်ဖို့ ရေလဲပေးခြင်း၊အောက်ဆီဂျင်ဖြည့်ပေးခြင်းတို့ပြုလုပ်ပေးရသည်။ ဥကပ်ပုစွန်ကို သယ်ယူရာတွင် အထူးဂရုစိုက်ဖို့လိုသည်။ သယ်ယူစဉ် အထိအခိုက်မရှိအောင် ဂရုစိုက်ဖို့လိုသလို ဥများပျက်စီးမှုမရှိအောင်၊ သေကျေခြင်းမရှိအောင် အထူးဂရုစိုက်ရသည်။ သယ်ယူရာတွင် သယ်ယူသည့်ပုံး သို့မဟုတ် အခြားသယ်ယူမည့်ပစ္စည်းသည် မျက်နှာပြင်ကျယ်ရမည်။ သယ်ယူမည့်ပစ္စည်းအတွင်းရှိရေသည် ၂ လီတာအထက်ရှိဖို့လိုသည်။ထိုကဲ့သို့စနစ်တကျ သယ်ယူမှသာ ဥကပ်ပုစွန်တုပ်မကြီးများ အသေအကျေနှင့် အထိအခိုက်နည်းမည်ဖြစ်သည်။ ဥကပ်ပုစွန်တုပ်မကြီးများ၏ခန္ဓာကိုယ်ကို သန့်ရှင်းစေရန် ဖော်မလင်ဆေးရည် ၁၀ မှ ၂၀ ပီပီတီပါသော အသင့်ပြုပြင်ထားသော ကန်အတွင်း မိနစ် ၃၀ သို့မဟုတ် မိနစ် ၆၀ အထိထားပေးရမည်။ ဥကပ်ပုစွန်တုပ်မကြီးမှ ဥချပြီးတစ်ပတ်အတွင်း ဥမှသားလောင်းလေးများ ပေါက်လာသည်။ ဥကပ်ပုစွန်တုပ်မအား အစာအဖြစ် အာလူး၊ အုန်းသီး၊ ကန်စွန်းဥအစိမ်း၊ ဖော်စပ်စာတို့ကိုကျွေးပေးရသည်။ အစာကျန်များကိုဖယ်ထုတ်ပေးခြင်း၊ ရေကို ၂၅ ရာခိုင်နှုန်း လဲပေးခြင်းတို့ပြုလုပ်ပေးရသည်။
သားလောင်းထိန်းသိမ်းခြင်း
ပုစွန်သားလောင်းများကို သုံးရက်မြောက်နေ့တွင် မှန်လှောင်အိမ်တစ်ဖက်ကို ချန်၍ ပတ်ပတ်လည်ကို အမှောင်ချထားပေးရသည်။ ထိုအခါသားလောင်းများသည် တစ်ဖက်ချန်ထား၍ အလင်းရောင်ရှိသောနေရာတွင် လာစုကြသည်။ ထိုသားလောင်းများကို ပလတ်စတစ်ပိုက်အပျော့ကို အသုံးပြု၍ ပလတ်စတစ်ပုံးထဲသို့ ရွှေ့ပြောင်းကာ ကောင်ရေကိုခန့်မှန်းရသည်။ထိုသားလောင်းများကို သားလောင်းပြုစုကန်အတွင်း ထည့်သွင်းပြုစုပေးရသည်။ သားလောင်းထိန်းသိမ်းပြုစုရာတွင် ရေသည်အဓိကဖြစ်သည်။ရေသန့်စင်ဖို့လိုသည်။ ရေသန့်စင်စနစ်ကိုအသုံးပြုပြီး သားလောင်းထည့်သွင်းမွေးမြူသည့်စနစ် နှစ်မျိုးရှိသည်။
(၁)တိုက်ရိုက်ထည့်သွင်းမွေးမြူခြင်း - ဤစနစ်က ဥကပ်ပုစွန်တုပ်မကြီးမှ ပေါက်လာသော သားလောင်းများကို သားပေါက်ကန်အတွင်းသို့ သတ်မှတ် သားပေါက်နှုန်းအတိုင်း တိုက်ရိုက်ထည့်သွင်း မွေးမြူပြုစုခြင်းဖြစ်သည်။ ဥပမာ-ငါးတန်း သားလောင်းပြုစုကန်အတွင်း တစ်ကန် ၃၀၀၀၀ ထည့်မည်ဆိုလျှင် ငါးတန်းကန်ဆိုလျှင် သားလောင်း ၁၅၀၀၀၀ ကိုတိုက်ရိုက်ထည့်၍ သားပေါက်ပြန်ရသည်အထိ မွေးမြူခြင်း သို့မဟုတ် ရောင်းတမ်းဝင်သည်အထိ မွေးမြူခြင်းမျိုးဖြစ်သည်။
(၂)အဆင့်ခွဲမွေးမြူခြင်း - ဤစနစ်က ဥကပ်ပုစွန်တုပ်မကြီးမှပေါက်လာသည့် သားလောင်းများကို ပထမအဆင့် သားပြုစုကန်အတွင်း ၁၀ ရက်ခန့်ပြုစုမွေးမြူပြီးမှ သားပေါက်ပြုစုကန်သို့ပြန်ခွဲပြီး ဒုတိယ အဆင့်အနေဖြင့် သာမန်ထည့်နှုန်းအတိုင်း ကန်အတွင်းသို့ထည့်၍ မွေးမြူခြင်းဖြစ်သည်။ ပထမအဆင့် ငါးတန်းကန်အတွင်း သားလောင်းကောင်ရေ ၃၀၀၀၀၀ ထည့်ပြီး ၁၀ ရက်ကြာပြုစုပေးပြီး နောက်တစ်ခါ အဆိုပါသားလောင်းများကို ကန်နှစ်ကန်သို့ပြောင်းထည့်ရသည်။ ထိုအခါ ပထမအဆင့်မှာ သားလောင်း ၃၀၀၀၀၀ မှ ဒုတိယအဆင့် ကန်နှစ်ကန်သို့ထည့်သဖြင့် တစ်ကန်လျှင် သားလောင်းကောင်ရေ ၁၅၀၀၀၀ ခန့်ဖြစ်သွားသည်။
သားပေါက်ပြုစုခြင်း
သားလောင်းများအား သားလောင်းကန်မှဖမ်းဆီးပြီး အဆင်သင့်ပြင်ထားသော သားပေါက်ကန်အတွင်း ပြောင်းရွှေ့ထည့်ပေးရသည်။ သားပေါက်ကန်သို့ သယ်ယူရာတွင် သယ်ယူမှုစနစ် မကျပါက သေကျေပျက်စီးနိုင်သည်။ သယ်ယူပြီးချက်ချင်းမဖြစ်သော်လည်း နောက်ရက်များတွင်သေကျေ ပျက်စီးမှုဖြစ်နိုင်သည်။ သားပေါက်ကန်အတွင်းသို့ ရွှေ့ပြောင်းလာသောကြောင့် ပထမဆုံးအသုံးပြုမည့် ရေအငန်နှုန်းမှာ ၈ ပီပီစီ သာရှိရပါမည်။ ထို့နောက် နှစ်ရက်အကြာရေဟောင်းများ ထုတ်၍ ရေသစ်လဲပေးရသည်။ အစာအဖြစ် ငါးမှုန့်ကို တစ်နေ့လျှင် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်ကျွေးရမည်။ အစာကြွင်းအစာ ကျန်များကိုရှင်းလင်းပေးရမည်။ သားပေါက်များကို သားပေါက်ပြုစုကန်အတွင်း နှစ်ရက်ခန့်ထားပြီးနောက် အသားတိုးမွေးမြူမည့်စခန်းသို့ ပို့ဆောင်ပေးရသည်။
ပုစွန်အတွက်ဖော်စပ်စာများ
ပုစွန်အတွက်ဖော်စပ်စာကို သားလောင်း၊ သားပေါက်၊ သက်နုအဆင့် ဖော်စပ်စာနှင့် သက်ကြီးကောင်၊ မျိုးပုစွန် ဖော်စပ်စာဟူ၍နှစ်မျိုးရှိပါသည်။ သားလောင်း၊ သားပေါက်နှင့် သက်နုကောင်ဖော်စပ်စာ မှာ အောက်ပါအတိုင်းဖြစ်သည်-
တို့ဖြစ်သည်။ ဖော်ပြပါအချိုးအစားများ၏အလေးချိန်သည် ဂရမ်ဖြစ်ပါသည်။
ဆက်လက်ပြီး သက်ကြီးကောင်ပုစွန်နှင့် မျိုးပုစွန်အတွက်ဖော်စပ်စာကိုဖော်ပြပါမည်-
စသည်တို့ဖြစ်သည်။ ဖော်ပြပါအလေးချိန် ယူနစ်များသည် ဂရမ်ယူနစ်များသာဖြစ်သည်။
ပုစွန်ဖမ်းယူနည်းများ
ပုစွန်သည် ရောင်းတမ်းဝင်ရန် ၈ လမှ ၁၀ လကျော်သာကြာသည်။ ထိုအချိန်ဆိုလျှင် ဖမ်းယူရောင်းချနိုင်ပြီဖြစ်သည်။ ပုစွန်သည် စျေးကွက်ကောင်းသော ထုတ်ကုန်တစ်မျိုးဖြစ်သည်။ စာရေးသူတို့ဘက်မှာ သူတို့အခေါ် ၂ လက်မခွဲ၊ ၂ လက်မဆိုလျှင် ၁၀ ကျပ်သားလျှင် ၄၀၀၀-၅၀၀၀ အထိစျေးပေါက်သည်။အကောင်ကြီးလေ စျေးပိုကြီးလေဖြစ်သည်။ ထို့ပြင် ပုစွန်သည် ပြည်ပပို့ကုန်တစ်ခုလည်းဖြစ်သည်။ ပုစွန်ကို ဖမ်းယူရာတွင် ပုစွန်ပိုက်အား လူအင်အားသုံး၍"ဂ"ပုံစံဖမ်းယူနည်းဖြင့် ဖမ်းယူကြသည်။ ထို့ပြင် ထောင့်ဖြတ်မြောင်းတူး၍ဖမ်းယူနည်း၊ ပတ်လည်မြောင်းဖော်၍ ဖမ်းယူနည်း၊ ယင်းဝိုင်းရေစိမ်းထိုးဖမ်းယူနည်း တို့ဖြစ်သည်။ ယင်းဝိုင်းရေစိမ်းထိုး ဖမ်းယူနည်းမှာ မဖမ်းယူမီ ရေကို ၃ ပေအထိလျှော့ချပေးရမည်။ ထို့နောက် ယင်းကိုကန်၏ ထောင့်တစ်ထောင့်တွင် ချဝိုင်းလိုက်ပါ။ကန်၏ထောင့်နှင့်ယင်းသည် ၈ ပေကွာရမည်။ပုစွန်ဝင်နိုင်စေရန် ယင်းအားမြှုံးသဏ္ဌာန် ပြုလုပ်ပေးထားရမည်။
ထိုယင်းအဝင်သို့ ရေစိမ်းသွင်းပေးရသည်။ထိုအခါ ရေစိမ်းထိုးလိုက်သဖြင့် ပုစွန်များ ယင်းအတွင်းသို့ဝင်လာသည်။ ဤနည်းဖြင့်ဖမ်းယူခြင်းကို ယင်းဝိုင်းရေစိမ်းထိုး ဖမ်းယူခြင်းဟုခေါ်သည်။ နောက်တစ်နည်းမှာ ရေထုတ်ပိုက်ဖြင့် ဖမ်းယူခြင်းဖြစ်သည်။ ဤနည်းဖြင့်ဖမ်းယူလျှင်ရေသွင်းရေထုတ်အပေါက်ကို ပိုက်တပ်၍ ပိုက်ထိပ်မှအိတ်စွပ်ကာ ရေထုတ်ခြင်းဖြင့် ဖမ်းယူကြသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် ပုစွန်မွေးမြူခြင်းသည် အခြားသောမွေးမြူရေး လုပ်ငန်းများထက်ဂရုစိုက်ရသလိုလုပ်ငန်းစဉ်တွေ လည်းများသည်။ အတိမ်းအစောင်းမခံပေ။ အထူးသဖြင့် ရေထုညစ်ညမ်းမှုကိုမခံနိုင်ပေ။ စနစ်တကျလုပ်ကိုင်နိုင်လျှင် အကျိုးအမြတ်များများ ရနိုင်သည်။
အကြောင်းမှာ ပုစွန်သည် ပြည်ပပို့ကုန်တစ်ခုဖြစ်ခြင်းကြောင့်ဖြစ်သည်။ ပြည်တွင်းမှာလည်းစျေးကွက်ရှိပြီး စျေးကောင်းသော ထုတ်ကုန်တစ်မျိုးဖြစ်သည်။ ပုစွန်ထွက်ထုတ်ကုန်များသည် စျေးအလွန်ကောင်းသည်။ ထို့ကြောင့်ပုစွန်မွေးမြူလိုသူများ အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးရှိစေရန် စီးပွားဖြစ် ရေချိုပုစွန်မွေးမြူရာတွင် သိသင့်သိထိုက်သည့် အချက်တချို့ကို လေ့လာ၍ မျှဝေလိုက်ပါသည်။ ။

ဆန်သည် ကမ္ဘာပေါ်တွင် လူအများစားသုံးသော သီးနှံတစ်မျိုးဖြစ်သည်။

ကမ္ဘာပေါ်၌ ပထမစားသုံးမှုအများဆုံးမှာ ပြောင်းဖြစ်ပြီး ဒုတိယစားသုံးမှုအများဆုံးမှာဂျုံဖြစ်သည်။ ဆန်ကတော့ တတိယစားသုံးမှုအများဆုံးဟုသိရသည်။ တချို့နိုင်ငံများ၏ နေ့စဉ်စားသုံးသောအာဟာရမှာ ဂျုံဖြစ်သည်။ ဂျုံနှင့်အသားကိုတွဲဖက်စားသုံးကြသည်။ တချို့နိုင်ငံများက ဆန်ကိုနေ့စဉ် အာဟာရအဖြစ် အသား၊ ငါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တို့ဖြင့် တွဲဖက်စားသုံးကြသည်။ ဆန်သည် အာရှတိုက်၏ အဓိကအစားအစာသီးနှံတစ်မျိုးဖြစ်သည်။ အာရှတိုက်ရှိနိုင်ငံများအနက် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ဆန်ကိုစားသုံးလေ့ရှိကြသည်။ အိန္ဒိယနိုင်ငံရှိ အစားအသောက်ကြော်ငြာ သူများလည်း ဆန်နှင့် အသား၊ ငါးတို့ကိုတွဲဖက် စားသောက်နေကြသည်ကို Facebook ပေါ်မှာမကြာခဏတွေ့ရသည်။ တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့တွင် ဆန်စားသုံးသည့် လူဦးရေသည် သန်း ၄၀၀၀ ခန့်ရှိသည်။ ဥရောပတိုက်မှာလည်း ဆန်စားသုံးမှု အထိုက်အလျောက်ရှိကြောင်း သိရသလို အီတလီနှင့်စပိန်နိုင်ငံတို့သည်လည်း ဆန်ကိုပြည်ပပို့ကုန်အဖြစ် လုပ်ကိုင်ကြကြောင်း သိရသည်။ အီတလီနိုင်ငံထုတ် ဆန်နှင့် အမေရိကန်ထုတ်ဆန်သည် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ဆန်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့အကောင်းဆုံးဆန်များအနက် မြန်မာတို့စိုက်ပျိုးထုတ်လုပ်သော မြန်မာ့ပေါ်ဆန်း မွှေးဆန်လည်း ပါဝင်ပါသည်။
မြန်မာ့ဆန်စပါးသမိုင်း
ဆန်စပါးသည် မြန်မာနိုင်ငံ၏ အသက်သွေးကြောလုပ်ငန်းတစ်ခုဖြစ်သည်။ မြန်မာ့မြေဧရိယာ တော်တော်များများသည် စိမ်းစိုသော လယ်မြေဧရိယာကများသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါက စပါးခင်းများကို အများဆုံးတွေ့ရသည်။ ထို့ပြင် ဆန်သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ နေ့စဉ်စားသုံးနေသော အာဟာရလည်းဖြစ်သည်။ ထို့ကြောင့် ဆန်သည် မြန်မာနိုင်ငံ၏ အဓိကစားနပ်ရိက္ခာဖြစ်သည်။
ဆန်စပါးနှင့်ပတ်သက်ပြီး သမိုင်းအထောက်အထားမှာ ဗိဿနိုးမြို့ဟောင်းမှာ စပါးခွံပါသည့် အုတ်များကိုတွေ့ရသည်။ ဟန်လင်းမြို့ဟောင်းနှင့်သရေခေတ္တရာမြို့ဟောင်းမှာလည်း စားနပ်ရိက္ခာဖူလုံရေးအတွက် စပါးစိုက်ပျိုးသည့် အထောက်အထားများတွေ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်လောက်ကတည်းက ဆန်စပါးကို စိုက်ပျိုးစားသောက်သည့် အလေ့အထရှိခဲ့သည်။ ထို့ပြင် ပေါင်လောင်ရှင် မဟာအဿပထေရ်၏ ဗောဓိဝင်ဋီကာနိဂုံး၌ ပုဂံပြည်၏ ပြည်ကြီးအင်္ဂါပြည့်စုံပုံနှင့်တင့်တယ်ပုံတို့ကို ပါဠိဂါထာ ၁၄ ပုဒ်ဖြင့်မှတ်တမ်းတင်ခဲ့ရာ ပါဠိဂါထာ ၁၁ ပုဒ်မြောက်မှာ “လယ်၊ ယာ၊ မြစ်၊ ကန်၊ ဥယျာဉ်တို့မှ ပေါ်ထွက်သောပစ္စည်းတို့နှင့်ပြည့်စုံ၏” ဟုဖော်ပြထားရာ ပုဂံခေတ်မှာလည်း လယ်စိုက်ပျိုးသဖြင့် ဆန်စပါးပေါများကြောင်းထင်ရှားသည်။
ပြည်ပသို့မြန်မာ့ဆန်စပါးတင်ပို့မှု
မြန်မာ့ဆန်စပါးသည် ခေတ်အဆက်ဆက်က ထင်ရှားခဲ့သလို ရှေးဘုရင်များလက်ထက်ကတည်းက ပြည်ပပို့ကုန်တစ်ခုဖြစ်ကာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး၌ စစ်တွေဆိပ်ကမ်းမှ နိုင်ငံခြား ကုမ္ပဏီများက ပြည်ပသို့ဆန်စပါးတင်ပို့မှုကိုစတင်ခဲ့ကြသည်။ ၁၈၄၀ ပြည့်နှစ်လောက်က ဆိုလျှင် ဆန်တန်ချိန် ၇၄၅၀၀ တင်ပို့ခဲ့ပြီး ဥရောပစျေးကွက်ရော အာရှစျေးကွက်ပါတင်ပို့ခဲ့သည်။ ထို့ပြင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီးမှာလည်း အောက်မြန်မာနိုင်ငံ၌ ဆန်စပါးစိုက်ပျိုးမှုတိုးလာခဲ့သည်။ ၁၈၆၅ ခုနှစ်မှာ တန်ချိန် ၁ ဒသမ ၆ သိန်းကျော်၊ စူးအက်တူးမြောင်းဖောက်လုပ်ပြီးနောက်ပိုင်း ၁၈၈၀ ပြည့်နှစ်မှာ တန်ချိန် ၈ ဒသမ ၅ သိန်းတင်ပို့နိုင်ခဲ့သည်။ ၁၈၈၃ ခုနှစ် တွံတေးတူးမြောင်းဖောက်လုပ်ပြီး ၁၈၉၀ ပြည့်နှစ်မှာတော့ ဆန်တန်ချိန် ၁ ဒသမ ၁ သန်းကျော်အထိတင်ပို့နိုင်ခဲ့သည်။ ၁၉၀၀ ပြည့်နှစ်မှာမူ ဆန်တန်ချိန် နှစ်သန်းကျော်အထိ တင်ပို့နိုင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာ့ဆန်စပါးလောကသို့ နိုင်ငံခြားကုမ္ပဏီများ လွှမ်းမိုးမှုကို ကျော်လွှားနိုင်စေရန် မြန်မာ့ဆန်စပါးလုပ်ငန်းရှင်များက နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ကို ၁၄-၁၁-၁၉၄၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ကြသည်။ လွတ်လပ်ရေးရပြီးတစ်နှစ်အတွင်း မြန်မာ့ဆန်စပါးကဏ္ဍ၏ ၇၅ ရာခိုင်နှုန်းကို တိုင်းရင်းသားလုပ်ငန်းရှင်များက ဆောင်ရွက်လာနိုင်ပြီး ပြည်ပဆန်တင်ပို့မှု တန်ချိန် တစ်သန်းကျော်မှ နှစ်သန်းကြားတင်ပို့နိုင်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၃ ဒသမ ၂ သန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ဆန်ပြည်ပပို့နိုင်ရန် တည်မှီနေသည့်အချက်များ
နိုင်ငံအသီးသီးသည် မိမိနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်ဖြစ်စေ၊ မွေးမြူရေးထုတ်ကုန်ဖြစ်စေ မိမိနိုင်ငံဖူလုံ၍ ပိုလျှံမှသာ ပြည်ပသို့တင်ပို့ကြသည်ကများသည်။ စာရေးသူတို့ နိုင်ငံအနေဖြင့် ပြည်တွင်းဆန်စပါးဖူလုံ၍ ပိုလျှံစေရန် အောက်ပါအချက်များအပေါ် တည်မှီနေသည်။ ယင်းတို့မှာ-
(၁) တောင်သူများ ဆန်စပါးထုတ်လုပ်မှုအပေါ် စိတ်အားထက်သန်ခြင်း
(၂) ရာသီဥတုမှန်ကန်ခြင်း
(၃) စိုက်ပျိုးစဉ် စိုက်ပျိုးမှုနည်းစနစ် မှန်ကန်ခြင်း၊ ရိတ်သိမ်းခြွေလှေ့စဉ် အလေအလွင့် နည်းစေခြင်း
(၄) ပြည်တွင်းဆန်စျေးနှုန်း ကောင်းမွန်ခြင်းစသည်တို့ဖြစ်သည်။
ပြည်ပသို့ဆန်တင်ပို့ရာတွင် အောက်ပါအချက်များအပေါ် တည်မှီနေသည်။ ယင်းတို့မှာ-
(၁) ကမ္ဘာ့ဆန်စျေးနှုန်း
(၂) ပြည်တွင်းဆန်စပါးစျေးနှုန်း
(၃) မြန်မာ့ငွေနှင့်နိုင်ငံခြားငွေလဲလှယ်နှုန်း
(၄) ဆန်စပါးထုတ်လုပ်မှုတစ်လျှောက် တွက်ခြေကိုက်မှုရှိခြင်း
(၅) ကမ္ဘာ့ဆန်စားသုံးမှုအခြေအနေနှင့် စျေးကွက်လိုအပ်ချက်စသည်တို့ဖြစ်သည်။ စာရေးသူတို့နိုင်ငံ အနေဖြင့် ဆန်စပါးပြည်ပ တင်ပို့နိုင်ရေးအတွက်နှင့် စိုက်ပျိုးသူများ အကျိုးအမြတ်ရရှိနိုင်ဖို့ဆိုလျှင် စိုက်ပျိုးထုတ်လုပ်သူများအတွက် သင့်တင့်မျှတသောစျေးနှုန်းဖြစ်စေရေးနှင့်မစိုက်ပျိုးမီကပင် စျေးနှုန်းကိုခန့်မှန်းသိရှိနိုင်စေရန် စီစဉ်ဆောင်ရွက်သင့်ပါသည်။
ထို့ပြင် ဆန်စပါးကုန်စည်ဒိုင်များတွင် စနစ်မှန်ကန်ပြီး အာမခံချက်ရှိသည့်ပုံစံများဖြစ်အောင် ဆောင်ရွက်သင့်သည်။ စိုက်ပျိုးတောင်သူများအနေဖြင့်လည်း ဆန်စပါးစိုက်ပျိုးရာတွင် ပြည်ပအထိ တင်ပို့နိုင်စေရန်ရည်ရွယ်၍ အရည်အသွေးကောင်းမွန်သော ဆန်စပါးများကို စိုက်ပျိုးထုတ်လုပ်ကြဖို့ လိုပါသည်။
မြန်မာ့ဆန်စပါးနှင့်ပေါ်ဆန်းမွှေး
မြန်မာနိုင်ငံတွင် ပေါ်ဆန်းမွှေးဟုဆိုလိုက်လျှင် ရွှေဘိုပေါ်ဆန်းကိုသာပြေးမြင်ကြပေလိမ့်မည်။ အကြောင်းမှာ ရွှေဘိုပေါ်ဆန်းသည် နာမည်ကြီးသောကြောင့်ဖြစ်သည်။ ပေါ်ဆန်းသည် အခြားသောဆန်များထက် ပရိုတိန်းဓာတ်ကြွယ်ဝသည်။ ပေါ်ဆန်း၏ထူးခြားချက်မှာ ဆန်ကိုချက်လိုက်ပါက အလျားနှစ်ဆခန့် ရှည်ထွက်လာသည်။ ဆိုလိုတာက ဆန်လုံးဘဝထက် နှစ်ဆခန့်ရှည်ထွက်လာခြင်းကိုဆိုလိုသည်။ အရပ်စကားအရပြောရလျှင် အချက်ခံသည်။ ဆန်ပွားသည်။ အိုးတက်သည်ဟုဆိုလိုသည်။ ပေါ်ဆန်းဆန်သည် အနံ့ရှိသည်။ ချက်လိုက်လျှင် အနံ့သင်းသင်းလေး မွှေးသည်။ ထို့ကြောင့်ပေါ်ဆန်းမွှေးဟု ခေါ်ဆိုဟန်တူသည်။
ပေါ်ဆန်းနှင့် ငကျွဲဆန်မျိုးများသည် အခြားစပါးမျိုးများနှင့် မျိုးစပ်မရဟု ထိုင်းပညာရှင်များက ဆိုကြသည်။
မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သို့တင်ပို့ခဲ့ပြီး Pearl Rice ဟု မလေးရှား၊ စင်ကာပူသက်ကြီးရွယ် အိုများက အသိအမှတ်ပြုကြသည်။ ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပသော “The World Rice Conference” တွင် ကမ္ဘာ့အကောင်းဆုံးဆုဖြစ်သော “World Best Rice” ဆုကို မြန်မာနိုင်ငံမှ ပေါ်ဆန်းမွှေးဆန်အားချီးမြှင့်ခြင်းခံခဲ့ရသည်။
ယနေ့ကမ္ဘာပေါ်တွင် ထင်ရှားသည့်ဆန်တစ်မျိုးမှာ ထိုင်းဆန်ဖြစ်သည်။ ထိုင်းဆန်နာမည်ကြီးရခြင်းမှာ အရောင်အသွေးကောင်းခြင်း၊ ချက်ပြုတ်စားသောက်ရာမှာ အနံ့အရသာနှင့်ပြည့်စုံခြင်းစသည့် အချက်များကြောင့် ဖြစ်သည်။
အဆိုပါထိုင်းဆန်မွှေးကို ယှဉ်ပြိုင်နိုင်မည့်ဆန်မျိုး မြန်မာနိုင်ငံ၌ရှိပါသည်။
နည်းပညာဖြင့် ဖန်တီးထုတ်လုပ်ထားခြင်းမျိုးမဟုတ်ဘဲ သဘာဝအလျောက်စိုက်ပျိုးထားခြင်းဖြစ်သည်။ ထိုဆန်က ထိုင်းဆန်ကို ယှဉ်ပြိုင်နိုင်လိမ့်မည်ဖြစ်သည်။ ငကျွဲဆန်နှင့်ပေါ်ဆန်းမွှေးဆန်သည် မြန်မာလူမျိုးတို့၏ မိရိုးဖလာသဘာဝဆန်ပင်ဖြစ်သည်။
ငကျွဲဆန်၏ထူးခြားချက်မှာ ချက်လိုက်လျှင် မူလဆန်စေ့ထက် နှစ်ဆလောက်ရှည်ထွက်လာခြင်း ဖြစ်သည်။ ပေါ်ဆန်းမွှေးဆန်၏ ထူးခြားချက်မှာ ငကျွဲဆန်ကဲ့သို့ပင်ဖြစ်သည်။ သို့သော်ဆန်အနံ့မွှေးဖို့ရာ စိုက်ပျိုးချိန်ကို အချိန်ကိုက်စိုက်ပျိုးဖို့လိုကြောင်း ဆောင်းပါးတစ်ပုဒ်မှာဖော်ပြထားသည်ကိုတွေ့ရသည်။ ထို့ပြင် ငကျွဲဆန်နှင့် ပေါ်ဆန်းမွှေးဆန်ကို DNA ဖော်ထုတ်ပြီး မြန်မာ့စပါးအမျိုးအစားဖြစ်ကြောင်း မှတ်ပုံတင်ဖို့ မြန်မာနိုင်ငံ၏ ဆန်အမျိုးအစားဖြစ်သည့် ငကျွဲဆန်နှင့်ပေါ်ဆန်းမွှေးဆန်ကိုသာ စနစ်တကျစိုက်ပျိုး၍ နိုင်ငံတကာအဆင့်မီထုပ်ပိုးပြီး စီမံကိန်းချဆောင်ရွက်ပါက ကမ္ဘာ့စျေးကွက်မှာ နာမည်ရထင်ရှားသော ဆန်ဖြစ်လာနိုင်ပါသည်။ မြန်မာ့ပေါ်ဆန်းမွှေးသည် သဘာဝအတိုင်း စိုက်ပျိုးတောင် ကမ္ဘာ့အဆင့်မီဆန်မျိုးဖြစ်သဖြင့် စနစ်တကျစိုက်ပျိုးခြင်း၊ ခေတ်မီအောင်စနစ်တကျ ထုပ်ပိုးခြင်းများဖြင့် စီမံကိန်းချဆောင်ရွက်လျှင် မြန်မာ့ပေါ်ဆန်းမွှေးက ကမ္ဘာ့စျေးကွက်တွင် ထိပ်ဆုံးဖြစ်မည်မှာ သေချာသည်။
မြန်မာ့ပေါ်ဆန်းမွှေးနှင့် မြန်မာ့စီးပွားရေးဦးတည်ချက်
မြန်မာနိုင်ငံ၌ လူဦးရေ သန်း ၅၀ ကျော်သည် ဆန်တန်ချိန် ရှစ်သန်းကျော်ကိုစားသုံးကြသည်။ ထိုသန်း ၅၀ ကျော်အနက်မှ လေးသန်း/ငါးသန်းခန့်သည် ပေါ်ဆန်းမွှေးဆန်ကို စားသုံးကြသည်။ ကျန်လူဦးရေက အခြားဆန်များကိုစားသုံးကြသည်။ ဆန်သည် ပြည်ပဝင်ငွေကို အများဆုံးရှာပေးနိုင်သဖြင့် ယခုအခါပေါ်ဆန်းမွှေးဆန်ကို နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ဆောင်ရွက်သင့်သည်။
အထွက်နှုန်းကောင်းစေရေး၊ ကြိတ်ခွဲမှုစနစ်ကောင်းစေရေးနှင့် ပြည်ပတင်ပို့နိုင်မှုတို့ကို ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာ့ပေါ်ဆန်းမွှေးသည် အရည်အသွေးမညံ့ပါ။ ပေါ်ဆန်းမွှေးသည် ပြည်တွင်း၌ အများအပြားစားသုံးကြသော်လည်း ပြည်ပသို့တင်ပို့မှုမရှိသေးဟု သိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပြည်တွင်းစားသုံးမှုဖူလုံမှုမရှိသေးခြင်းနှင့် ထုတ်လုပ်မှုစရိတ်ကြီး နေခြင်းတို့ကြောင့်ဟု သိရသည်။ သို့သော်လည်း မြန်မာ့ပေါ်ဆန်းမွှေးကို ပြည်ပနိုင်ငံများက အသိအမှတ်ပြုကြသည်။
ထို့ကြောင့် ပြည်ပသို့တင်သွင်းနိုင်အောင် ကြိုးပမ်းကြဖို့လိုပါသည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် များမှာလည်း တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး အချက် ပါဝင်နေသည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးသည် ပြည်တွင်းဖူလုံရေးအတွက် သာမကဘဲ နိုင်ငံ့စီးပွားရေးအတွက်ပါ လယ်ယာထွက်ကုန်များ (အထူးသဖြင့် မြန်မာ့ပေါ်ဆန်းမွှေးဆန်) တင်ပို့နိုင်မှုသည် အရေးပါသော မြန်မာ့စီးပွားရေးဦးတည်ချက်တစ်ခုလည်း ဖြစ်သည်။ မြန်မာ့ပေါ်ဆန်း မွှေးကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရွှေဘိုဒေသတို့၌ အများအပြားစိုက်ပျိုးကြသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း ၂၀၂၃-၂၀၂၄ ခုနှစ်က စပါးစိုက်ဧက ၁၈ သိန်းအနက် ပေါ်ဆန်း ၃၅၆၈၄၂ ဧကစိုက်ပျိုးခဲ့သည်။ ရေဦးခရိုင်၌ ဧက ၁၁၁၈၉၀၊ ကန့်ဘလူခရိုင်၌ ၂၂၇၄၅ ဧကစိုက်ပျိုးခဲ့သည်။ အခြားသောဒေသများမှာလည်း စိုက်ပျိုးမှုများရှိသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် မြန်မာ့ပေါ်ဆန်းသည် အရည်အသွေးရှိပြီးသားဖြစ်သည်။ ကမ္ဘာ့စျေးကွက်ကို ထိုးဖောက်နိုင်သည့် အရည်အသွေးလည်းရှိပါသည်။ ထို့ကြောင့် နည်းစနစ်တကျစိုက်ပျိုးခြင်း၊ ခေတ်မီအောင်ထုပ်ပိုးခြင်း၊ ခေတ်မီသောကြိတ်စက်များ အသုံးပြုကြိတ်ခွဲခြင်းနှင့် ပြည်တွင်းဖူလုံမှုရှိအောင် စိုက်ပျိုးခြင်းအပြင် ပြည်ပသို့ပါတင်ပို့နိုင်အောင် စိုက်ပျိုးခြင်းစသည့် အချက်များနှင့် ကိုက်ညီအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုပါသည်။
ထိုအချက်များအပြင် အထက်ဖော်ပြပါ အချက်အလက်များနှင့်ကိုက်ညီအောင်ဆောင်ရွက်နိုင်လျှင် မြန်မာ့ပေါ်ဆန်းမွှေးသည် ပြည်ပပို့ကုန်တစ်ခုဖြစ်လာနိုင်ပြီး ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ကမ္ဘာတစ်လွှား ဝင့်ကြွားနိုင်မည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ပြီး ကြွယ်ဝပေါများသည့် ရေအရင်းအမြစ်နှင့် မြေသယံဇာတများ ပိုင်ဆိုင်ကာ စိုက်ပျိုး၍ရနိုင်သော မြေဧရိယာဟက်တာ ၁၂ ဒသမ ၂၅ သန်းရှိနေပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးကဏ္ဍကို မှီခိုလုပ်ကိုင်နေကြသည်။ မြန်မာနိုင်ငံတွင် မတူညီသည့် ရေမြေတောတောင်ဥတုရာသီများရှိပြီး နှစ်ရှည်ပင်များအတွက်သာမက ဆန်၊ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ အပါအဝင် သီးနှံမျိုးစုံနှင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကဲ့သို့သော ရာသီသီးနှံများပါ အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့်နိုင်ငံ ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဟူသည့် စီးပွားရေးဦးတည်ချက်နှင့်အညီ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်လာမည် ဖြစ်သည်။ GDP တွင် စိုက်ပျိုးရေးကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးဟူ၍ရှိပေရာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အောင်မြင်တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် အခြားကဏ္ဍကြီးတို့သည်လည်း အောင်မြင် တိုးတက်မည် ဖြစ်ပေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူရသည့် အချိန်အတွင်း ပြည်ပသွင်းကုန်အစားထိုးရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ ပြည်တွင်းမှ ပိုလျှံသည်တို့ကို ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသည်။
ပြည်ပသို့ကုန်ကြမ်းများ တင်ပို့ရောင်းချပြီး ထိုကုန်ကြမ်းဖြင့်ထုတ်လုပ်သည့် ကုန်ချောကို ပြန်လည်ဝယ်ယူမည့်အစား အဆင့်မီကုန်ချောကို ပြည်တွင်း၌ပင် ထုတ်လုပ်၍ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။
ပြည်တွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှရရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ ထူထောင် လုပ်ကိုင်ခြင်းဖြင့် ရရှိသောကုန်ချောများကို တင်ပို့ရောင်းချခြင်းအားဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ပြည်ပဝင်ငွေတိုးတက်ရရှိလာနိုင်မည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၃ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမှာစကား ပြောကြားစဉ် “မိမိတို့နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စိုက်ပျိုးရေး ထုတ်ကုန်များအား ပြည်ပသို့ တင်ပို့နိုင်သည့်အခြေ အနေသို့ရောက်ရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းထက် ကုန်ချောအဖြစ်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့မည်ဆိုပါက အကျိုးပိုမိုဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးထုတ်လုပ်မှုသုတေသန လုပ်ငန်းများ၊ ဈေးကွက်သုတေသန လုပ်ငန်းများကို သက်ဆိုင်ရာစိုက်ပျိုးရေး တောင်သူများ၊ ကုန်ထုတ်လုပ်ငန်းဆောင်ရွက်သူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအားဖြင့်ပြည်တွင်းမှထွက်ရှိသည့် ကုန်ပစ္စည်းများကို အရည်အသွေးမီမီ အဆင့်အတန်း မြင့်မြင့်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်ရေး ကြိုးစားကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အခြေခံလုပ်ငန်းများဖြစ်သည်။ ထိုအခြေခံလုပ်ငန်းများကို ပိုမိုတိုးတက်အောင် ကြံဆောင်နိုင်ကြမည်ဆိုလျှင် နိုင်ငံ့စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည် ဖြစ်သည်။
နိုင်ငံ့စီးပွားမြင့်မားရေးအတွက် စီးပွားရေးဦးတည်ချက် (၃) ရပ် ချမှတ်ဆောင်ရွက်ထားရာတွင် “ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကိုအားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး” ဦးတည်ချက်လည်း ပါဝင်သည်။
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆီစားသုံးမှုမှာ တစ်ဦးချင်းအနေဖြင့် မြင့်မားနေသည့်အတွက် နှစ်စဉ် ပြည်ပမှ စားအုန်းဆီ တန်ချိန်များစွာတင်သွင်းနေရသည်။
၂၀၂၀-၂၀၂၁ ခုနှစ်တွင် စားသုံးဆီတန်ချိန်ရှစ်သိန်းကျော် တင်သွင်းခဲ့ရသည်ဟု လေ့လာသိရှိရသည်။ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်စဉ် ပြည်ပမှ ဒေါ်လာ သန်း ၆၀၀ ဖိုးခန့် တင်သွင်းနေရသည့် ဆီတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။
ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၂-၂ဝ၂၃ ခုနှစ်မှစ၍ နေကြာသီးနှံ ၁ ဒသမ ၅ သန်း တိုးချဲ့စိုက်ပျိုးဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံများစိုက်ပျိုးခြင်းအတွက် ချေးငွေများပေးအပ်ဆောင်ရွက်လျက်ရှိပြီး ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်တွင် နေကြာသီးနှံ ဧကသုံးသန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ဝါစိုက်ပျိုးသည့်နိုင်ငံဖြစ်သဖြင့် ပြည်တွင်း၌ ဝါများလုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံအတွင်း လူတစ်ဦးချင်းစီ တစ်နှစ်လိုအပ်သည့် ဝတ်ရေး ဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့ရောင်းချရန်၊ သွင်းကုန်အစားထိုးရန်တို့အတွက် အရည်အသွေးအဆင့်အတန်းမီ ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ သုံးနှစ်တာကာလအတွင်း ဝါသီးနှံစိုက်ပျိုးဧရိယာ ဧကရှစ်သိန်းပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် အဆင့်မီသည့်ချည်ထည်များ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကာ ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်လျက်ရှိသည်။
ရော်ဘာထုတ်ကုန်သည်လည်း မြန်မာနိုင်ငံ၏ သေချာသည့်ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး အဆင့် မီသည့် ရော်ဘာကုန်ကြမ်းများကို ထုတ်လုပ်နိုင်သည်။ စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ရော်ဘာကို ဧက ၁ ဒသမ ၆ သန်း စိုက်ပျိုးထားရှိပြီး တစ်ဧကအထွက်နှုန်း ၆၃၅ ဒသမ ၅၄ ပေါင်နှုန်းဖြင့် အထွက်ပေါင်ချိန်ပေါင်း ၆၅၂ ဒသမ ၃ သန်း ထွက်ရှိခဲ့သည်။ နှစ်စဉ်ထွက်ရှိသည့် ရော်ဘာထဲမှ ပြည်တွင်းသုံးစွဲမှုအနေဖြင့် တန်ချိန် နှစ်သောင်းကျော်ခန့်ရှိပြီး ပြည်ပသို့တန်ချိန် သုံးသိန်းခန့်တင်ပို့လျက်ရှိသည်။ ရော်ဘာတင်ပို့မှုမှ နိုင်ငံခြားငွေရရှိမှုအနေဖြင့် ၂၀၁၈-၂၀၁၉ မှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာသန်း ၂၅၀ မှ ၄၅၀ ကြားတွင်ရရှိခဲ့ရာ ရော်ဘာသီးနှံသည် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် အရေးပါသည့် စက်မှုသီးနှံတစ်ခုဖြစ်သဖြင့် MSME နှင့်အကျုံးဝင်သည့် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရက အားပေး ကူညီလျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရော်ဘာသီးနှံနည်းတူ ကော်ဖီစိုက်ပျိုးခြင်းကိုလည်း အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်။ ကော်ဖီစိုက်ပျိုးမှုအနေဖြင့် ကော်ဖီစိုက်ဧက ၅၀၀၀၀ အနက် ပိဿာ ၂၄ ဒသမ ၁ သန်းကျော်ထွက်ရှိခဲ့သည်။ ပြည်တွင်း၌ တစ်နှစ်လျှင် ကော်ဖီစေ့တန်ချိန် ၈၀၀၀ မှ ၉၀၀၀ ဝန်းကျင်အထိ ထုတ်လုပ်လျက်ရှိပြီး အထူးတန်းဝင် ပရီမီယံနှင့် ဈေးကွက်ဝင်ကော်ဖီများလည်း ပါဝင်သည်။ အဆိုပါထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်း ဖြစ်သည်။ မြန်မာ့ကော်ဖီကို အရည်အသွေးမြင့်မား၍ ကမ္ဘာ့ဈေးကွက်တွင်နေရာရရှိရေးနှင့် ကော်ဖီကို မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်တစ်ခုအဖြစ် ပေါ်ထွက်လာစေရေးအတွက် ကော်ဖီစိုက်ပျိုးမှုကိုပိုမိုတိုးချဲ့ဆောင်ရွက်ပြီး မြန်မာ့ကော်ဖီကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လိုအပ်ချက်ရှိသဖြင့် ဈေးကွက်ရှိပြီး ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ MSME လုပ်ငန်းများသည် အပြန်အလှန်အထောက်အကူပြုနေသည်။ အဆိုပါလုပ်ငန်းများကို နည်းပညာများနှင့် ပေါင်းစပ်ထုတ်လုပ်သွားမည်ဆိုပါက တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ MSME လုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် အခြေခံအကျဆုံး လုပ်ငန်းများဖြစ်သဖြင့် ကုန်ကြမ်းသေချာသည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော MSME လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံသူ၊ နိုင်ငံသား များ၏ လူမှုစီးပွားဘဝများလည်း မြင့်မားလာမည် ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသည်။ ။

ကော်ဖီသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး အဖျော်ယမကာများထဲမှ တစ်ခုဖြစ်သည်။ ကော်ဖီသည် ကော်ဖီပင်မှရရှိသော ကော်ဖီစေ့များမှပြုလုပ်ထားသည်။ ကော်ဖီတွင် ကဖင်းဓာတ်ပါဝင်ကာ ၎င်းသည် စိတ်ကိုလန်းဆန်းစေပြီး အာရုံစူးစိုက်မှုကိုကောင်းမွန်စေသည်။ ကော်ဖီ၏သမိုင်းကြောင်းသည် ရှည်လျားပြီး စိတ်ဝင်စားဖွယ်ကောင်းသည်။ ကော်ဖီပင်ကို အီသီယိုးပီးယားတွင် စတင်တွေ့ရှိခဲ့ပြီး အာဖရိကမှတစ်ဆင့် ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ ကော်ဖီကို အစပိုင်းတွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများတွင် အသုံးပြုခဲ့ပြီးနောက်ပိုင်
ကော်ဖီသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး အဖျော်ယမကာများထဲမှ တစ်ခုဖြစ်သည်။ ကော်ဖီသည် ကော်ဖီပင်မှရရှိသော ကော်ဖီစေ့များမှပြုလုပ်ထားသည်။ ကော်ဖီတွင် ကဖင်းဓာတ်ပါဝင်ကာ ၎င်းသည် စိတ်ကိုလန်းဆန်းစေပြီး အာရုံစူးစိုက်မှုကိုကောင်းမွန်စေသည်။ ကော်ဖီ၏သမိုင်းကြောင်းသည် ရှည်လျားပြီး စိတ်ဝင်စားဖွယ်ကောင်းသည်။ ကော်ဖီပင်ကို အီသီယိုးပီးယားတွင် စတင်တွေ့ရှိခဲ့ပြီး အာဖရိကမှတစ်ဆင့် ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ ကော်ဖီကို အစပိုင်းတွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများတွင် အသုံးပြုခဲ့ပြီးနောက်ပိုင်းတွင် လူကြိုက်များသော အဖျော်ယမကာတစ်ခုဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) သည် အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ MSME များသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဒေသတွင်းစီးပွားရေးကို မြှင့်တင်ခြင်းတို့တွင် အဓိကကျသော အင်အားစုဖြစ်သည်။
မြန်မာနိုင်ငံတွင် ကော်ဖီလုပ်ငန်းသည် အများအားဖြင့် မိသားစုပိုင် MSME များဖြင့် လည်ပတ် လျက်ရှိသည်။ ကော်ဖီစိုက်ပျိုးသူများသည် မိမိတို့၏ လယ်ယာများတွင် ကော်ဖီပင်များကို စိုက်ပျိုးပြီး ရိတ်သိမ်းပြုပြင်ကာ ဒေသတွင်းဈေးကွက်များတွင် ရောင်းချကြသည်။ အချို့ MSME များသည် ကော်ဖီစေ့များကို ဝယ်ယူ၍ အဆင့်မြင့်သော ထုတ်ကုန်များအဖြစ်ပြောင်းလဲကာ ပြည်တွင်းနှင့် ပြည်ပဈေးကွက်များသို့ တင်ပို့ကြသည်။ ကော်ဖီလုပ်ငန်းတွင် ပါဝင်သော MSME များသည် စိုက်ပျိုး ရေး၊ ထုတ်လုပ်ရေး၊ ဖြန့်ဖြူးရေးနှင့် ဈေးကွက်ရှာဖွေရေးတို့တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
မြန်မာနိုင်ငံသည် အရည်အသွေးမြင့် အာရေးဗီးကားကော်ဖီကို စိုက်ပျိုးနိုင်သော ရာသီဥတုနှင့် မြေဆီလွှာများ ပိုင်ဆိုင်ထားသည်။ အရည်အသွေးမြင့်ကော်ဖီစေ့များကို ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင် နေရာတစ်ခုရယူနိုင်ပါသည်။ ကော်ဖီစေ့များကိုအသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော ကော်ဖီမှုန့်၊ ကော်ဖီအရည်၊ ကော်ဖီအချိုရည်နှင့် အခြားသော ကော်ဖီနှင့် ဆက်စပ်သော ထုတ်ကုန်များကို ထုတ်လုပ်နိုင်ပါသည်။
၎င်းသည် MSME များအတွက် ဝင်ငွေ တိုးပွားစေရုံသာမက နိုင်ငံခြားငွေကိုလည်းရှာဖွေပေးနိုင်ပါသည်။ ကော်ဖီလုပ်ငန်းတွင် ပါဝင်သော MSME များသည် ဒေသတွင်းစီးပွားရေးကိုမြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကော်ဖီစိုက်ပျိုးခြင်းနှင့် ထုတ်လုပ်ခြင်းသည် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကိုဖန်တီးပေးပြီး ဒေသတွင်းဝင်ငွေကိုတိုးပွားစေပါသည်။ မြန်မာ့ကော်ဖီသည် နိုင်ငံတကာဈေးကွက်တွင် ဝယ်လိုအားမြင့်မားပြီး အရည်အသွေးမြင့် ကော်ဖီထုတ်ကုန်များကို ထုတ်လုပ်ကာ နိုင်ငံတကာဈေးကွက်သို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေကို ရှာဖွေနိုင်ပါသည်။
စိန်ခေါ်မှုများ
မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာနည်းပညာသည် အခြားနိုင်ငံများထက် များစွာလိုအပ်နေသေးသည်။
မြန်မာနိုင်ငံသည် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတွင် အလားအလာကောင်း များစွာရှိသော်လည်း ကော်ဖီအခြေခံ စားသောက်ကုန်များအတွက်မူ ပြည်ပမှ တင်သွင်းနေရသည့် အခြေအနေမှာ မြင့်မားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ကော်ဖီမှုန့်နှင့် အခြားကော်ဖီထုတ်ကုန်များ (ဥပမာ ကော်ဖီအချိုရည်၊ ကော်ဖီမစ်)ကို အဓိကအားဖြင့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ တင်သွင်းလျက်ရှိသည်။ အဆင့်မြင့်ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များသည် အရည် အသွေးမြင့် ကော်ဖီစေ့များနှင့် ကော်ဖီအခြေခံဖျော်ရည်များကို ပြည်ပမှတင်သွင်း အသုံးပြုကြသည်။ ကော်ဖီထုတ်ကုန်များအတွက် ထုပ်ပိုးမှုနှင့် ဈေးကွက်တင်ခြင်းအပိုင်းတွင်လည်း ပြည်တွင်း၌ အားနည်းမှုများရှိသောကြောင့် ပြည်ပမှတင်သွင်းမှုကို အားကိုးနေရဆဲဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကုန်းမြင့်ကော်ဖီ ခေါ် အာရေးဗီးကားကော်ဖီနှင့် မြေနိမ့်ကော်ဖီခေါ် ရိုဘတ်စတာကော်ဖီကို စိုက်ပျိုးလျက်ရှိသည်။ သို့သော် ထုတ်လုပ်မှုပမာဏမှာ ပြည်တွင်းလိုအပ် ချက်ကိုဖြည့်ဆည်းရန် လုံလောက်မှု မရှိသေးပါ။ ပြည်တွင်း၌ ကော်ဖီမှုန့်ထုတ်လုပ်သည့် လုပ်ငန်းများ ရှိသော်လည်း အများစုမှာ အသေးစားလုပ်ငန်းများဖြစ်သည်။ အရည်အသွေးနှင့် ထုပ်ပိုးမှုပိုင်းတွင် ပြည်ပထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်သည်။
ကော်ဖီထုတ်ကုန်တိုးမြှင့်
မြန်မာ့ကော်ဖီကို ပြည်ပဈေးကွက် ဝယ်လိုအားတောင်းဆိုမှုများ မြင့်တက်လာနေခြင်းမှာ မြန်မာ့ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူများအတွက် မင်္ဂလာသတင်းကောင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံမှ ကော်ဖီများကို တရုတ်၊ ထိုင်း၊ အမေရိကန်၊ နယ်သာလန်၊ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်ဂျီယံ၊ ဆွစ်ဇာလန် နိုင်ငံတို့သို့ တင်ပို့လျက်ရှိသည်။ ကမ္ဘာပေါ်တွင် ကော်ဖီစိုက်ပျိုးထုတ်လုပ် တင်ပို့နေသည့် နိုင်ငံပေါင်းမှာ မြန်မာနိုင်ငံအပါအဝင် ၇၅ နိုင်ငံရှိရာ မြန်မာ့ကော်ဖီသည် အနံ့အရသာနှင့် အရည်အသွေးပိုင်း၌ ထိပ်တန်းအဆင့်မြင့် နိုင်ငံတကာဈေးကွက်တွင် နာမည်ကောင်း ရရှိနေပြီဖြစ်သည်။မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကော်ဖီတိုးချဲ့စိုက်ပျိုးရန်အတွက် ကော်ဖီလုပ်ငန်း လုပ်ကိုင်လိုသူများကို ဖိတ်ခေါ်၍ အစီအစဉ် ရေးဆွဲဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့်လည်း ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့စဉ်က “ကော်ဖီထုတ်ကုန်များဈေးကွက်ရရှိရေးနှင့် အရည်အသွေး မြင့်ထုတ်ကုန်ဖြစ်စေရေး အစိုးရက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ကော်ဖီသည် နှစ်ရှည်သီးနှံတွင်ပါရှိပြီး ကမ္ဘာနှင့်အဝန်း သောက်သုံးကြသည့် ဈေးကွက်ရှိသည့် သီးနှံတစ်ခုဖြစ်သည်။ ထို့ကြောင့် အောင်မြင်အောင်ဆောင်ရွက်မည်ဆိုပါက ကော်ဖီသည် တိုင်းပြည်အတွက်၊ ဒေသအတွက် အကျိုးရှိမည့် လုပ်ငန်းတစ်ခုဖြစ်သည်။ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပြီး ထိထိရောက်ရောက်ဖြင့် အောင်မြင်အောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။
ကမ္ဘာ့ဈေးကွက်တွင် ကော်ဖီသည် ရောင်းဝယ်မှုပမာဏ ဒုတိယအများဆုံးဖြစ်ရာ ဈေးကွက်ကြီးမား ကျယ်ပြန့်လှသည်။ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံး ကော်ဖီတင်ပို့သည့်နိုင်ငံဖြစ်ပြီး ကော်ဖီအင်အားကြီးနိုင်ငံဟု ဆိုရမည်ဖြစ်သည်။
ယခုအခါ မြန်မာ့ကော်ဖီကို ပြည်ပဈေးကွက်ဝယ်လိုအား တောင်းဆိုမှုမြင့်တက်လာခြင်းသည် အခွင့်အခါကောင်းဖြစ်သော်လည်း ကော်ဖီသည် နှစ်ချင်းစိုက်၍ သီးသည့် သီးနှံမဟုတ်သည့်အလျောက် ရေရှည်အတွက် မျှော်မှန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေအကျိုးအမြတ်များ ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရန် ကော်ဖီတိုးချဲ့စိုက်ပျိုးရေး၊ လက်ရှိစိုက်ဧကများတွင် အထွက်နှုန်းများကောင်းမွန်လာရေး၊ ဈေးကွက်ဝင် အရည်အသွေးစံချိန်စံညွှန်းများ ကောင်းမွန်ရေး၊ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး၊ ကော်ဖီကုန်ချောများ ထုတ်လုပ်နိုင်ရေး၊ ကိုယ်ပိုင်အမှတ်တံဆိပ်များနှင့် ထုပ်ပိုးမှုများ နိုင်ငံတကာအဆင့်မီ ဆွဲဆောင်မှုရှိရေးတို့အတွက် ကော်ဖီလုပ်ငန်းရှင်များက အဓိကကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် MSME ကဏ္ဍနှင့် ကော်ဖီလုပ်ငန်းသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်လျက်ရှိသည်။ MSME များသည် မြန်မာ့ကော်ဖီလုပ်ငန်း၏ အဓိကမောင်းနှင်အားဖြစ်ပြီး ကော်ဖီလုပ်ငန်းသည် MSME များအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေကို ဖန်တီးပေးသည်။ အထက်တွင် ဖော်ပြထားသော အလားအလာများကိုအသုံးချနိုင်ပြီး စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါက မြန်မာ့ကော်ဖီလုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။

နိုင်ငံတော်အနေဖြင့် ဒေသဝမ်းစာ ဖူလုံရေးအပြင် ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန်၊ မွေးမြူရေးကိုအခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရန်၊ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ ခိုင်မာသောဈေးကွက် ဖော်ဆောင်နိုင်ကြစေရန်၊ ဈေးကွက်နှင့်ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည
နိုင်ငံတော်အနေဖြင့် ဒေသဝမ်းစာ ဖူလုံရေးအပြင် ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန်၊ မွေးမြူရေးကိုအခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရန်၊ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ ခိုင်မာသောဈေးကွက် ဖော်ဆောင်နိုင်ကြစေရန်၊ ဈေးကွက်နှင့်ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးသည် ဒေသတွင်းတွင် စက်မှုဇုန်များ၊ စိုက်ပျိုးမွေးမြူရေးဇုန်များ အများအပြားတည်ရှိနေ၍ နိုင်ငံ၏အဓိကစီးပွားရေး မောင်းနှင်ရာဒေသတစ်ခုဖြစ်သည်။ နိုင်ငံ၏ စီးပွားရေး အချက်အချာဒေသလည်း ဖြစ်နေသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ရှစ်သန်းကျော် နေထိုင်နေသည်ဟု မှတ်တမ်းများ အရသိရသည်။ ရန်ကုန်တိုင်းဒေသကြီးသည် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးထက် အကျယ်အဝန်းပမာဏ အသေးငယ်ဆုံးဖြစ်သည်။
သို့သော် လက်ရှိရန်ကုန်တိုင်း ဒေသကြီးတွင် လူဦးရေ ရှစ်သန်းကျော်နေထိုင်၍ လူဦးရေအများဆုံးနှင့် လူနေအထူထပ်ဆုံး တိုင်းဒေသကြီး တစ်ခုဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းနေ ပြည်သူလူထု သက်သာချောင်ချိရေးနှင့် အာဟာရပြည့်ဝသည့် စားသောက်ကုန်များ စားသုံးနိုင်ရေးအတွက် သား၊ငါးထုတ်လုပ်မှု လုံလောက်စေရန်၊ စားရေရိက္ခာဖူလုံစေရန်နှင့် သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ပြီးတိုင်းဒေသကြီး အတွင်းမှာ စိုက်ပျိုးမွေးမြူရေး ဇုန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုစိုက်ပျိုးမွေးမြူရေးဇုန်များတွင် တွံတေးမြို့နယ် အဝန်းအဝိုင်းတွင် တည်ရှိသည့် တွံတေးမွေးမြူရေးဇုန်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ တွံတေးမွေးမြူရေးဇုန်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၅ ရက်တွင်စတင်ခဲ့ပြီး မြေဧရိယာ ၅၈၁ ဒသမ ၅၄ ဧကအကျယ်အဝန်းဖြင့် အကောင်အထည်ဖော်ခြင်းဖြစ်သည်။
မွေးမြူရေးဇုန်အား အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်နေသည်။ ယခုအချိန်တွင် ဇုန်များအလိုက် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး၊ ငုံးနှင့် ဘဲမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နေပြီဖြစ်သည်။ မွေးမြူရေး အထူးဇုန်ရှိ မွေးမြူရေးလုပ်ငန်းများကို ဒေသန္တရ မွေးမြူခြင်းမျိုးမဟုတ်ဘဲ စီးပွားဖြစ် စနစ်တကျ မွေးမြူဆောင်ရွက်နေခြင်းဖြစ်သည်။ စနစ်ကျနသည့် မွေးမြူရေးစနစ်ကို ဖော်ဆောင်ပြီး မွေးမြူမည်၊ ထုတ်ကုန်များကို ကုန်ချောအဆင့်သို့ရောက်အောင် ထုတ်လုပ်မည်၊ ရေရှည်အကျိုးစီးပွားနှင့် စဉ်ဆက် မပြတ်သည့် ထုတ်လုပ်မှုဖြစ်စေရေး ဆောင်ရွက်မည်၊
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ (Agro Base Industry) ကို ဖော်ဆောင်သွားမည်၊ တန်ဖိုးမြင့်စက်မှုထုတ်ကုန်များ ထုတ်လုပ်မည်ဆိုသည့် ရည်မှန်းချက်များထားရှိပြီး မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။
တွံတေးမြို့နယ် တလုတ္တော်ကျေးရွာအနီး မွေးမြူရေးအထူးဇုန်ရှိ မွေးမြူရေးဇုန် (၁)တွင် ငါးမွေးမြူရေးကန်၊ ဆိတ်မွေးမြူရေးခြံ၊ ကြက်မွေးမြူရေးခြံများ အကောင်အထည်ဖော်၍ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည်။ မွေးမြူရေးဇုန် (၂)နှင့် မွေးမြူရေးဇုန်(၃)တွင် မြန်မာကြက်မွေးမြူခြင်းအပါအဝင် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး၊ ငုံးနှင့် ဘဲ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။
ထိုမွေးမြူရေးလုပ်ငန်းမျိုးစုံကို လုပ်ဆောင်ကြရာ၌ ကြက်မွေးမြူခြင်းတွင် အသားတိုးကြက်၊ ဥစားကြက်၊ တိုင်းရင်းကြက်တို့ကိုသာ အဓိကထားပြီး အများဆုံးမွေးမြူခြင်းပြုကြသည်။ သို့သော် ထူးခြား မှုရှိနေသည်မှာ ကြက်မည်းမွေးမြူခြင်း လုပ်ငန်းလည်း ပါဝင်နေခြင်းဖြစ်သည်။ အကြောင်းမှာ ယခင်ကမွေးမြူရေးဇုန် တည်ထောင်သည့် ဒေသအဝန်းအဝိုင်းတွင် ကြက်မည်းမွေးမြူမှု မရှိသလောက်ဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။
ယခင်ကကြက်မည်းအကြောင်းကို သိသူနည်းပါးသည်။ အသားကိုစားသောက်ရမည်ကိုပင် ကြောက်ကြသည်။ ကြက်မည်းအသားနှင့်ဥကို ဆေးဝါးအဖြစ်သာ စားသုံးကြသည်။ ၂၀၁၅ ခုနှစ်ခန့်အထိ ရှမ်းပြည်နယ် ကြူကုတ် ပန်ဆိုင်းနှင့် တရုတ်နိုင်ငံနယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ မှာယူစားသုံးမှုမျိုးသာရှိခဲ့သည်။၂၀၁၉ ကိုဗစ်-၁၉ရောဂါ ပြည်တွင်း၌ ဖြစ်ပွားလာသည့်အခါ ဆေးဝါးအာဟာရအဖြစ် ကြက်မည်းစွပ်ပြုတ်နှင့် ကြက်မည်းဥကို ရှာဖွေစားသုံးမှု များလာခဲ့သည်။ ကြက်မည်း စားသုံးခြင်းများလာပြီး အသားနှင့်ဥဈေးကွက်နေရာ ရလာသည်။ တစ်ဆက်တည်း ကြက်မည်းမွေးမြူရေး လုပ်ငန်းများလည်း လူသိများတွင်ကျယ်လာခဲ့သည်။
ယခုအခါ နိုင်ငံအတွင်း နေရာဒေသအနှံ့၌ စီးပွားဖြစ်မွေးမြူခြင်း လုပ်ငန်းများအပြင် တစ်ပိုင်တစ်နိုင် မွေးမြူခြင်းများကိုပါ လုပ်ဆောင်နေကြပြီဖြစ်သည်။ပြည်တွင်းတွင် အင်ဒိုဂျာဗားစပ် ကြက်မည်းမျိုးနှင့် ယူနန်ဆမ်းမားမျိုးကို မွေးမြူရောင်းချလျက်ရှိသည်။
အင်ဒိုဂျာဗားစပ် ကြက်မည်းအမျိုးအစားမှာ အမွေးမှ အစ အသား၊ အတွင်းကလီစာများအထိ အမည်းရောင်သန်းနေပြီး ဥမှာခိုပြာရောင်သန်းသည်။ ယူနန် ဆမ်းမားကြက်မည်းမျိုးများမှာ အမွေးအတောင် မမည်းဘဲ အသားမှာ အမည်းရောင်သန်းကာ ဥမှာ မြန်မာကြက်ဥနှင့် ဆင်တူသည်။
ကြက်မည်းကိုစားခြင်းဖြင့် အမျိုးသားများအာရုံကြောအားနည်းခြင်း၊ အကြောအားနည်းခြင်းများကို သက်သာစေနိုင်သည့်အပြင် အမျိုးသမီးရောဂါများကိုလည်း သက်သာအောင် အထောက်အပံ့ပေးနိုင်သည်။
ကြက်မည်းသည် တရုတ်နိုင်ငံ၌ စားသုံးမှု အများဆုံးဖြစ်သည့် အာဟာရဓာတ်စာ တစ်မျိုးလည်းဖြစ်သည်။
ကြက်မည်းတွင် ပရိုတင်းဓာတ်၊ ဗီတာမင်နှင့် သတ္တု ဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ သံဓာတ်၊ ဇင့်၊ ဆီလီနီယမ်နှင့် ဗီတာမင် B12 တို့ ပါဝင်ပြီး ခန္ဓာကိုယ်အတွက်အရေးပါသော အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်သည်။
ကြက်မည်းတွင်ပါဝင်သော အင်တီအောက်ဆီးဒင့်ဓာတ်များသည် ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးနိုင်စွမ်းရှိသည်။ ကြက်မည်းသည် ကိုလက်စထရောနည်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော အဆီဓာတ်များ ပါဝင်သောကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေသည်။ ထို့ပြင် သွေးတိုးရောဂါကိုလည်း ကာကွယ်ပေးနိုင်သည်။
ကြက်မည်းကို ယခင်ကဆေးဝါးအဖြစ်သာ စားသုံးရာမှ ယခုတွင် ပြည်တွင်းကြက်မည်း အသားနှင့်ဥ စားသုံးမှု သိသိသာသာမြင့်တက်လာသဖြင့် အသားထုတ်လုပ်မှုနှင့် ဥစျေးကွက်ပါ တွင်ကျယ်လာသည်ဟု ကြက်မည်းမွေးမြူရေး လုပ်ငန်းရှင်များ အသိုင်းအဝိုင်းထံမှ သိရသည်။
‘‘တွံတေးမွေးမြူရေးဇုန်မှာလာပြီး လုပ်တဲ့အခါမှာ တော်တော်များများက ကြက်မည်း အသားအကြောင်း၊ ကြက်မည်းဥအကြောင်း သိလာကြတယ်။ ကျွန်တော်တို့ဆီ လာမှာတဲ့သူတွေ အတော်များလာပြီ။ ကျွန်တော်တို့က ကြက်အကောင်ပေါက်ပဲ ရောင်းတယ်။ အသားသက်သက်တော့ မရောင်းပေးဘူး။ အကောင်ပေါက် မီးလွတ်တွေ၊ နှစ်လသား၊ လေးလသားအရွယ်တွေကို ကျွန်တော်တို့ကရောင်းပေးနေတယ်။ ကြက်အကောင် ပေါက်တွေအတွက် အမှာတွေလည်း ရနေပါပြီ။ ဥကိုလည်း အစိုးရခွင့်ပြုထောက်ခံချက်နဲ့ စနစ်တကျ ထုပ်ပိုးပြီး ရောင်းပေးနေတယ်။ ကုန်ကျစရိတ်က တခြားကြက်မွေးတာထက်ပိုများလို့ ကြက်မည်းဥ ရောင်းဈေးများနေရတယ်။ အခု Super Market၊ ဝne Stop Market တွေမှာရောင်းနိုင်ဖို့ လုပ်နေတယ်။
ရောင်းရဖို့လည်းရှိလာတယ်။ ဈေးကွက်ကျယ်ပြန့်လာတယ်၊ တိုးတက်လာတယ်။ နောက်ထပ်လည်း ဒေသရာသီဥတုနဲ့ကိုက်ညီတဲ့ ကြက်မည်းမျိုးတွေ မှာယူနိုင်ပါတယ်။ ဈေးကွက်ရဲ့လိုအပ်ချက်ပြည့်မီဖို့ လက်ရှိဈေးကွက်မှာ ဥရောအကောင်ပေါက်အတွက်ပါ ရောင်းအားတက်လာဖို့ ကြိုးစားနေပါတယ်’ ဟု တွံတေးမွေးမြူရေးဇုန်ရှိ ကြက်မည်းမွေးမြူရေး ခြံမန်နေဂျာကပြောသည်။
ယခုဆိုလျှင် တွံတေးမွေးမြူရေးဇုန်တွင် ပါဝင်အကောင်အထည်ဖော်၍ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် မွေးမြူရေး လုပ်ငန်းရှင်များ၏ အားထည့်ကြိုးပမ်း လုပ်ဆောင်မှုများသည် မွေးမြူရေးဇုန်၏ အောင်မြင်မှုရလဒ်ကောင်းများ ရရှိစေရေးကို အထောက်အပံ့ပေးနေပြီဖြစ်သည်။ ကြက်မည်းမွေးမြူရေး အပါအဝင် အခြားမွေးမြူရေး လုပ်ငန်းများ၏ထွက်ကုန်များ ဈေးကွက်ထိုးဖောက်နိုင်မှု အနေအထားကလည်း အောင်မြင်ခြင်းဆီသို့ ခြေတစ်လှမ်းစတင်လှမ်းနိုင်ရန် အခြေအနေကောင်းများ ရရှိနေပါပြီ။
သို့ဖြစ်၍ တိုင်းဒေသကြီးအတွင်းနေ ပြည်သူလူထု သက်သာချောင်ချိရေးနှင့် အာဟာရပြည့်ဝသည့် စားသောက်ကုန်များ စားသုံးနိုင်ရေးအတွက် သားငါး ထုတ်လုပ်မှု လုံလောက်မှုရှိစေရန်၊ စားရေရိက္ခာဖူလုံစေရန်နှင့် သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် တွံတေးမွေးမြူရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင်မွေးမြူရေးဇုန် သက်တမ်းနှစ်နှစ် မပြည့်ခင်ကာလမှာပင် အောင်မြင်မှုလမ်းကြောင်း ပေါ်သို့ရောက်ရှိရန် အနေအထားကောင်းများကို တွေ့မြင်နေရပြီဖြစ်ကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။ ။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် “တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်” ဟူသည့် လုပ်ငန်းစဉ်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသော ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး လုပ်ငန်းများအနက် သဘာဝရော်ဘာ (Natural Rubber)စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းသည် နိုင်ငံတော်၏စီးပွားရေးတွင် အဓိကအခန်းကဏ္ဍ၌ပါဝင်နေပြီး စီးပွားရေးအရအရေးကြီးခြင်း၊ စက်မှုကုန်ကြမ်းသီးနှံဖြစ်သော သဘာဝရော်ဘာ၏ အသုံးဝင်မှုများပြားပြီး သုံးစွဲမှုများပြားလာခြင်းတို့ကြောင့် ၁၉၇၉ ခုနှစ်မှစ၍ ရော်ဘာကို အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် အဓိကအရေးကြီးသော သီးနှံအဖြစ် ဦးစားပေး သတ်မှတ်ဆောင်ရွက်လာသည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးမြေနှင့် ရာသီဥတုအခြေအနေအရ မကွေးတိုင်းဒေသကြီးကဲ့သို့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှအပ မြန်မာနိုင်ငံဒေသ အားလုံးနီးပါးတွင် ရော်ဘာစိုက်ပျိုး ဖြစ်ထွန်းခြင်းကြောင့် ရော်ဘာစိုက်ဧရိယာများ တိုးတက်လာခဲ့သည်။ ၁၉၈၈ ခုနှစ်တွင်စျေးကွက် စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးလာခဲ့၍ ရော်ဘာအပါအဝင် စိုက်ပျိုးထုတ်ကုန် အများအပြားကို လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ခွင့်ရရှိမှုကြောင့် ရော်ဘာစိုက်ဧကများ သိသိသာသာ တိုးတက်လာခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ရော်ဘာသီးနှံစိုက် ဧရိယာ ၁၆၃၉၇၄၈ ဧကအထိရှိလာပြီး အစေးခြစ်ဧရိယာ ၁၀၃၀၄၆၆ ဧကမှ ရော်ဘာတန်ချိန် ၃၃၈၇၅၈ တန် ထုတ်လုပ်လာနိုင်ခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်သည် စိုက်ဧရိယာအများဆုံးဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီးသည် ဒုတိယနှင့် ကရင်ပြည်နယ်သည်တတိယ အများဆုံးဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ ရှမ်း၊ ဧရာဝတီ၊ ကချင်၊ ရခိုင်တို့တွင်လည်း တိုးတက်စိုက်ပျိုးလာကြောင်း သိရသည်။
ရော်ဘာပြည်ပတင်ပို့မှုအခြေအနေ
ရော်ဘာပင်၏အခေါက်မှ အစေးကိုခြစ်ယူ၍ အစေးခဲခြင်း၊ အစေးကြိတ်ခြင်း၊ မှိုင်းတင်ခြင်းဖြင့် မှိုင်းခံရော်ဘာ (Ribbed Smoked Sheet-RSS) များ ထုတ်လုပ်ခြင်းအပြင် ဆွဲဖတ်၊ ခွက်ကပ်များ၊ အထူပြား ဖြတ်စ၊ ညှပ်စများကိုပြုပြင်၍ Technically Specified Rubber (TSR) သို့မဟုတ် ခရမ့်ရော်ဘာ(Crumb Rubber)ကိုလည်း ထုတ်လုပ်လျက်ရှိကြသည်။ မှိုင်းခံရော်ဘာနှင့် ခရမ့်ရော်ဘာများ ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်သာ ပြည်တွင်းစက်မှုလုပ်ငန်းများတွင်သုံးစွဲပြီးကျန် ၉၀ ရာခိုင် နှုန်းကျော်အား ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့ ရောင်းချလျက်ရှိရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်းရော်ဘာ တန်ချိန် ၂၁၁၂၇၃ တန်တင်ပို့နိုင်ခဲ့ပြီး ပြည်ပဝင်ငွေအမေရိကန် ဒေါ်လာသန်း ၂၇၅ ဒသမ ၅၆၉ ရရှိခဲ့သည်။
ရော်ဘာအခြေခံထုတ်ကုန်များ ပြည်ပမှတင်သွင်းနေရမှုအခြေအနေ
မြန်မာနိုင်ငံရှိ ရော်ဘာထုတ်လုပ်သည့် ပုဂ္ဂလိကအခန်းကဏ္ဍကို လေ့လာလျှင် မှိုင်းခံရော်ဘာနှင့် ခရမ့်ရော်ဘာများ ပြည်ပသို့တင်ပို့ရောင်းချနိုင်၍ ဝင်ငွေရရှိနေသော်လည်း တစ်ဖက်တွင် ကုန်ချောပစ္စည်း ထုတ်လုပ်သည့်အဆင့်မှာ လွန်စွာအားနည်းကြောင်း တွေ့ရှိရသည်။ အချို့ပုဂ္ဂလိက လုပ်ငန်းရှင်များမှ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ တည်ထောင်ပြီး ထုတ်လုပ်နေမှုများရှိသော်လည်း ပြည်တွင်းတွင်လုံလောက်စွာ ထုတ်လုပ်နိုင်မှုမရှိ၍ ကား တာယာအပါအဝင် တာယာမျိုးစုံ၊ ကျွတ်များနှင့် သားရေကွင်း၊ ပူဖောင်း၊ လက်အိတ်၊ မွေ့ရာ၊ ရော်ဘာဖိနပ်ဆိုးပြားစသည့် MSME ထုတ်ကုန်များ ပြည်ပမှတင်သွင်းနေရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကားတာယာ၊ စက်ဘီးတာယာ၊ ဆိုင်ကယ်တာယာနှင့် ကျွတ်အမျိုးမျိုးအရေအတွက် ၇၀၆၈၂၇၂ ခန့်အား ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် အမေရိကန်ဒေါ်လာသန်း ၄၆ ဒသမ ၇၈၂ အကုန်အကျခံ တင်သွင်းခဲ့ရကြောင်း သိရသည်။
သဘာဝရော်ဘာ၏ ပြိုင်စံကင်းသောဂုဏ်သတ္တိ
သဘာဝရော်ဘာသည် မာပြီးဆွဲနိုင်ဆန့်နိုင်ခြင်း၊ အပူချိန်မြင့်တက်လာချိန်တွင် ပျော့ပျောင်းပြီး စေးကပ်လာခြင်း၊ ဆွဲနိုင်ဆန့်နိုင်သော ဂုဏ်သတ္တိရှိခြင်းတို့ကြောင့် ဆွဲဆန့်ရာတွင်ကျယ်ပြန့်လာပြီး စပရိန်ကဲ့သို့ ဖွဲ့စည်းမှုကြောင့် လွှတ်လိုက်သည့်အချိန်တွင် မူလအနေအထားသို့ ပြန်လည်ရောက်ရှိနိုင်သည်။ ထိုသို့ဖြစ်ပေါ်မှုသည် အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၆၀ ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ပေါ်နိုင်ပြီး ပွတ်စားမှုဒဏ်(Abrasion)၊ ကွဲအက်မှုဒဏ် (Flex Cracking) တို့ကိုလည်း ခံနိုင်ရည်ရှိသည်။ အဆိုပါထူးခြားသည့် ဂုဏ်သတ္တိထူးများ၊ အရည်အချင်းများကြောင့်ပင် တာယာများထုတ်လုပ်ရာတွင် သဘာဝရော်ဘာကို မဖြစ်မနေ အသုံးပြုနေရပြီး သဘာဝရော်ဘာသုံးစွဲမှု အရေးပါနေဆဲဖြစ်ကြောင်းသိရသည်။
ပြည်တွင်းရော်ဘာအခြေခံထုတ်ကုန်များ ထုတ်လုပ်နေမှု
ပြည်တွင်း၌ ရော်ဘာအခြေခံ ထုတ်ကုန်များ ထုတ်လုပ်နေသည့် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ရန်ကုန်မြို့ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း TRI STAR မော်တော်ကားတာယာစက်ရုံမှ ကားတာယာမျိုးစုံ၊ ရန်ကုန်တာယာစက်ရုံမှ ကားတာယာနှင့် ဆိုင်ကယ်တာယာများ၊ မန္တလေးမြို့စပါးနှံတာယာစက်ရုံမှ ဆိုင်ကယ်တာယာနှင့် စက်ဘီးတာယာများ ထုတ်လုပ်လျက်ရှိကြောင်း၊ ရော်ဘာအခြေခံထုတ်ကုန်များထုတ်လုပ်သည့် OK Myanmar Industrial Rubber Roller & Conveying Mechinery Co.,Ltd.သည် ယခုလက်ရှိတွင် နိုင်ငံခြားသွင်းကုန် အစားထိုးအဖြစ် မှိုင်းခံရော်ဘာကိုအခြေခံ၍ စက်မှုလက်မှုလုပ်ငန်းများအတွက် လိုအပ်သော ရော်ဘာရိုလာများနှင့် ရော်ဘာအခြေပြု စက်မှုထုတ်ကုန်ပစ္စည်းမျိုးစုံကို ထုတ်လုပ်လျက်ရှိကြောင်း၊ စက္ကူစက်ရုံများအတွက် Press Roller များ၊ Carry Roller များ၊ သွပ်ပြားစက်ရုံများအတွက် Printing Roller များ၊ Carry Roller များ၊ ပလတ်စတစ်စက်ရုံများအတွက် အပူခံ Roller များ၊ Printing Roller များ၊ Line Roller များ၊ စာပုံနှိပ်စက်ရုံသုံး Roller မျိုးစုံ၊ လမ်းတံတားများအတွက် ရော်ဘာဘလောက်တုံးများ၊ လေဆိပ်သုံးရော်ဘာကျမ်းတုံးနှင့် ထော်လီ Wheel များ၊ ရော်ဘာပစ္စည်းအမျိုးမျိုးနှင့် ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းများအတွက် Conveyor မျိုးစုံတို့အား ထုတ်လုပ်လျက်ရှိကြောင်းနှင့် အခြားရော်ဘာ အခြေခံစက်ရုံများလည်း ရှိကြောင်းသိရသည်။
ရော်ဘာအခြေခံထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး
ထုတ်လုပ်သော ရော်ဘာကုန်ကြမ်းများအား ပြည်တွင်းစက်ရုံများ၌သုံးစွဲမှုနည်းပြီး ပြည်ပစျေးကွက်ကိုသာ အားကိုးနေရခြင်းကြောင့် ပြည်ပဈေးကွက်တွင် ဈေးနှိမ်ဝယ်ယူမှုများရှိလာပြီး ရသင့်သည့်စျေးနှုန်း မရရှိဘဲ ဝင်ငွေလျော့နည်းမှုများ ကြုံတွေ့ နေရသည်။ ပြည်တွင်းရှိ ရော်ဘာအခြေခံ MSME ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးလာပါက ပြည်တွင်း၌ထွက်ရှိသော ရော်ဘာကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ချောများ ထုတ်လုပ်လာနိုင်ပြီး ရော်ဘာအခြေခံ MSME ထုတ်ကုန်များ ပြည်ပမှတင်သွင်းနေရမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။
ရော်ဘာအခြေခံ MSME ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီး ဌာနအောက်တွင်ရှိသော ရော်ဘာသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဌာန(ရန်ကုန်)တွင် ရော်ဘာအစေးရည်ကို အခြေခံသော ရော်ဘာကုန်ချောပစ္စည်းများနှင့် မှိုင်းခံရော်ဘာကို အခြေခံသော ကုန်ချောပစ္စည်းများ ထုတ်လုပ်မှုသင်တန်း၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်း စသည်တို့ကို နှစ်စဉ်အနည်းဆုံး နှစ်ကြိမ်ဖွင့်လှစ်၍ ဌာနတွင်းဝန်ထမ်းများနှင့် ပုဂ္ဂလိကရော်ဘာ လုပ်ငန်းရှင်များသို့ နည်းပညာများ ဖြန့်ဝေပေးလျက်ရှိသည်။ ထို့ပြင် ရော်ဘာအခြေခံကုန်ချောပစ္စည်းများ ထုတ်လုပ်နေသည့် စက်ရုံ/ အလုပ်ရုံများနှင့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ထုတ်ကုန်ပစ္စည်းအရည်အသွေး ပိုမိုကောင်းမွန်ရေး အတွက် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရော်ဘာအခြေခံထုတ်ကုန်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရော်ဘာသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဌာနတွင် ကျွမ်းကျင်ဝန်ထမ်းများမွေးမြူခြင်း၊ သုတေသနအခြေခံ အဆောက်အအုံများ၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပတင်ပို့မည့်ရော်ဘာများ၏ အရည်အသွေးအား မြန်မာ့စံချိန်စံညွှန်းအဖြစ်သတ်မှတ်ပြီးဖြစ်သည့် မြန်မာရော်ဘာစံအရည်အသွေး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ စမ်းသပ်ချက်များဖြစ်သည့် Dirt Content % max, Ash Content % max, Volatile Content % max, Nitrogen Content % max, Initial Wallace Plasticity(PO) min, Lovibond Colour Index max, Mooney Viscosity ML တို့အား စမ်းသပ်စစ်ဆေးပေးခြင်း၊ ပုဂ္ဂလိက ခရမ့်ရော်ဘာထုတ်လုပ်သည့် စက်ရုံများရှိ ဓာတ်ခွဲခန်းများ၏ ရော်ဘာအရည်အသွေး စစ်ဆေးခြင်း မှန်ကန်မှု ရှိ၊ မရှိ ဌာန ဓာတ်ခွဲခန်းနှင့် ချိတ်ဆက်စစ်ဆေး အကြံပြုပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သို့ဖြစ်၍ ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံသူများမှ ရော်ဘာအခြေခံ ကုန်ချောပစ္စည်း ထုတ်လုပ်သောစက်ရုံများ၊ အထူးသဖြင့် ရော်ဘာအခြေခံ MSME ထုတ်ကုန်များထုတ်လုပ်သည့် စက်ရုံများ ရင်းနှီးမြှုပ်နှံ ထူထောင်လာပါက ပြည်တွင်းသုံးစွဲမှုပိုမိုများလာပြီး ရော်ဘာတင်ပို့ခြင်းအား ပြည်ပစျေးကွက်ကိုသာ အားကိုးနေရခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း၊ ရော်ဘာအခြေခံ MSME ထုတ်ကုန်များတိုးတက်ထုတ်လုပ်လာခြင်းဖြင့် ပြည်ပမှတင်သွင်းနေရမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများသာမက ပြည်တွင်း MSME လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသူများပါ အကျိုးအမြတ်ရရှိကာ ရော်ဘာအခြေခံ MSME ထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။