ဝါးပင်သည် မြန်မာလူမျိုးတို့အသုံးများသောအပင်တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ပေါက်ရောက်လေ့ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်မှာ ဝါးပေါက်ရောက်မှု တတိယအများဆုံးနိုင်ငံဟုသိရသည်။ ဝါးကိုရှေးယခင်ကတည်းက ယနေ့အချိန်အထိ အသုံးပြုနေကြဆဲဖြစ်သည်။ ဝါးကိုလူသုံးကုန်ပစ္စည်းအမျိုးမျိုးအဖြစ်လည်းကောင်း၊အိမ်ဆောက်ပစ္စည်းများအဖြစ်လည်းကောင်း၊ ဝါးလက်မှုထုတ်ကုန်များအဖြစ်လည်းကောင်း ပြုလုပ်အသုံးပြုနေကြသည်။ ကမ္ဘာပေါ်တွင် ဝါးပင်သည် အရေးပါသောအပင်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဝါးပင်သည်အဓိကစိုက်ပျိုးသင့်သောအပင်တစ်မျိုးပင်ဖြစ်သည်။

ဝါးမျိုးစိတ်နှင့်ဝါးပင်၏သဘာဝ
ဝါးကို မြန်မာအဘိဓာန်တွင် အမြစ်ဆုံမှ အပင်များပွား၍ တစ်စုတည်းပေါက်ပြီးပင်စည်ကိုစိတ်ဖြာ၍ ထရံ၊ တောင်းစသည့် ရက်လုပ်ရသောအပင်ဟူ၍အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဝါးသည်မြက်မျိုးရင်းဝင်ဖြစ်သည်။ မြက်အမျိုးပေါင်း ၄၂၀ ရှိသည့်အနက် ၈၆ မျိုးသည် ဝါးမျိုးများဖြစ်ကြောင်းသိရသည်။ မျိုးစဉ်မှာ Poales ဖြစ်ပြီး မျိုးရင်းမှာ Poaceae ဖြစ်သည်။ အင်္ဂလိပ်အမည်အားဖြင့် Bamboo ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Bambusa Vulgaris/ Phyllostachys edulis ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစိတ်၁၀၀ ကျော်ခန့် အလေ့ကျပေါက်ရောက်ရှင်သန်ကြသည်။ ထိုမျိုးစိတ်များအနက်မှ မြန်မာနိုင်ငံတွင် ဝါးမျိုး ၂၀ မျိုးပေါက်ရောက်ရှင်သန်ကြသည်။ ဝါးပေါက်ရောက်ပုံသဘာဝကိုအကြမ်းအားဖြင့်သုံးမျိုးခွဲခြားနိုင်သည်။ (၁) တစ်ပင်ချ ပေါက်ရောက်လေ့ရှိသောဝါး၊ (၂) အစုလိုက် သို့မဟုတ် အုပ်စုလိုက်ပေါက်လေ့ရှိသောဝါး၊ (၃) အထက်ပါအုပ်စုနှစ်စုရော၍ ပေါက်သောဝါး (စကဝါး)တို့ဖြစ်သည်။ ဝါးပင်သည် စုစုရုံးရုံးပေါက်ရောက်လေ့ရှိသည့်သဘာဝကြောင့် စည်းရုံးခြင်းသဘောကိုဆောင်သည်။ ဝါးပင်သည် အတ္တကင်းသောသဘောသဘာဝလည်းရှိပေသည်။ အကြောင်းမှာ ဝါးပင်ပေါက်ရောက်သော ပတ်ဝန်းကျင်တွင်အခြားသောအပင်များကိုလည်း ရှင်သန်ပေါက်ရောက်ခွင့်ပေးသည်။ ဝါးပင်သည်ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၀၀ မှ ပေ ၂၆၀၀ အကြားတွင်အများဆုံးရှင်သန်ပေါက်ရောက်ကြသည်။ ရာသီဥတုအနေဖြင့် အပူချိန် ၁၁ ဒီဂရီဖာရင်ဟိုက်မှ ၁၀၀ ဒီဂရီဖာရင်ဟိုက်နှင့်မိုးရေချိန်အနေဖြင့် ၃၁ လက်မမှ ၂၅၄ လက်မအတွင်းဖြစ်ထွန်းပြီး ရေမဝပ်သောမြေမျိုးနှင့်ဆားငန်ရေဝင်သောမြေမှလွဲ၍ အခြားမြေမျိုးများတွင် ရှင်သန်ပေါက်ကြသည်။ ဝါးသည်စုစုရုံးရုံးပေါက်ရောက်ကြသဖြင့်အပင်ရှုပ်ပြီး အပင်ကျပ်သည့်သဘောရှိသည်။ ထို့ကြောင့်ဝါးခုတ်ရာတွင် မလွယ်ကူပေ။ ပင်စည်တစ်ဝက်ကျော်ကျော်မှစ၍အတက်အရွက်ထွက်သည်။ အပင်အမြင့်ပေ ၈၀ မှ ၉၀ အထိရှိတတ်သည်။ အပင်လုံးပတ်မှာ ၉ လက်မခန့်မှ ၁ ပေအထိရှိတတ်သည်။ ထိုလုံးပတ်သည် ဝါးပိုးဝါးလိုဝါးမျိုးဖြစ်နိုင်သည်။ ဝါးပိုးဝါးသည် အလုံးကြီးသောကြောင့်ဖြစ်သည်။ ဝါးအဆစ်မှာ ၁၂ လက်မမှ လက်မ ၃၀ ခန့်အထိရှိတတ်ကြောင်း သိရသည်။ ဝါးပင်၏အသားသည် အရင်းပိုင်းအသားထူပြီး အဖျားပိုင်းကအသားပါးသည်။ ဝါးပင်သည် တစ်နေ့၁ မီတာအထိရှည်သည်ဟု သိရသည်။
ဝါးအမည်များ
အထက်ဖော်ပြပါဝါးမျိုးစိတ်များအနက်ဝါးအမျိုးအမည်များကိုဖော်ပြပါမည်။ယင်းတို့မှာ-ဝါးပိုး၊ ဝါးပိုးမျက်ဆန်ကျယ်၊ မြင်ဝါး၊ ဝါးယား သို့မဟုတ် ဝါးနက်၊ ဝါးဖြူ၊ ကြလို့ဝါး၊ တင်းဝါး၊ ခရင်ဝါး၊ သိုက်ဝါး၊ကြသောင်းဝါး၊ ကြခတ်ဝါး၊ သိုက်ဝါးကြီး၊ ထီးရိုးဝါး၊ တစ်ပင်တိုင်ဝါး၊ ဝါးကောက်၊တင်းလယ်မဲ၊ ကြခတ်မ၊ ဝါးမင်း၊ ခဲလံဝါး၊ ဝါးဖယောင်း၊ ပီလောပီနံဝါး၊ ရေဝါး၊ လစ်ဝါး၊ ဝါးကုပ်၊ ဝါးဖြူကလေး၊ ငနက်ရှော၊ ဝါးကြီး၊ ဝါးထွန်၊ ဝါးဘိုးအေ၊ ဝါးပြောက်(တနင်္သာရီဒေသတွင်ပေါက်သည်)၊ ဝါးသပွတ်၊ ကရင်ဝါး စသည်တို့ဖြစ်သည်။ ဖော်ပြပါဝါးများသည် အမည်မတူသည့်အမည်များကိုဖော်ပြထားခြင်းဖြစ်သည်။ သို့သော်ဒေသအခေါ်အရ အမည်မတူသော်လည်း ဝါးအမျိုးတူသည်များလည်းရှိနိုင်သည်။ စာရေးသူအနေဖြင့် အမည်မတူသည်ကိုသာ အဓိကဖော်ပြထားခြင်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့်ဝါးပင်
ဝါးပင်သည် သဘာဝပတ်ဝန်းကျင်ကိုများစွာ အကျိုးပြုသည်။ လေထုကိုညစ်ညမ်းစေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီး သက်ရှိတို့အတွက် အောက်ဆီဂျင်ကိုပြန်လည်ထုတ်လွှတ်ပေးသည်။ပတ်ဝန်းကျင် အစိုဓာတ်ရှိနေချိန်တွင် ထိုအစိုဓာတ်ကိုစုပ်ယူထားပြီး ပတ်ဝန်းကျင်ခြောက်သွေ့နေချိန်တွင် စုပ်ယူထားသောအစိုဓာတ်ကို ပြန်လည်ထုတ်လွှတ်ပေးသည်။ ရေမှုန်လေးများကိုထုတ်ပေးကြောင်းလည်းသိရသည်။ ဝါး ၂ ဒသမ၄၇၁ ဧကရှိသောဝါးစိုက်ခင်းတစ်ခင်းသည် လေထုကိုညစ်ညမ်းစေသည့်ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကာဗွန်၆၂ တန်အထိ နှစ်စဉ်စုပ်ယူပေးနိုင်သည်။ တချို့က ၁၂ တန်ဟုဆိုကြသည်။ မည်သို့ပင်ဆိုစေ ဝါးပင်သည်ပတ်ဝန်းကျင်ကို အကျိုးပြုသည်ကတော့ အမှန်ဖြစ်သည်။ အခြားသော အပင် ၂ ဒသမ ၄၇၁ ဧကသည် နှစ်စဉ်ကာဗွန် ၁၅ တန်ခန့်သာစုပ်ယူနိုင်သည်။ ဤကား ဝါးပင်နှင့်အခြားအပင်တို့၏ ကွာခြားချက်ဖြစ်သည်။ထို့ပြင် ဝါးပင်၏ အမြစ်ဖွဲ့စည်းမှုသည် အခြားအပင်များနှင့်မတူအမြစ်ကျစ်လျစ်သည်။ ထို့ကြောင့် မြေဆီလွှာကိုရေတိုက်စားမှုမှ ကာကွယ်ပေးသည်။ ဝါးပင်သည် အစိုဓာတ်ကိုထုတ်လွှတ်ပေးသလို ရာသီဥတုပူနွေးမှုကိုလည်းလျှော့ချပေးနိုင်သည်။ အကြောင်းမှာ ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူမှုများသောကြောင့်ဖြစ်သည်။ ထို့ကြောင့်သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပေးသည့်ဝါးပင်ကို တိုးချဲ့စိုက်ပျိုးသင့်သလို ဝါးပင်များကိုလည်း ထိန်းသိမ်းပေးသင့်သည်။ ထိုကဲ့သို့အရေးပါသော ဝါးပင်ကို လေးစားပြီး ဂရုပြုသည့်အနေဖြင့် နှစ်စဉ်စက်တင်ဘာလ ၁၈ ရက်နေ့ကို "ကမ္ဘာ့ဝါးပင်များနေ့"အဖြစ်သတ်မှတ်ထားကြသည်။ ထို့ပြင်ဝါးပင်သည်ဂေဟဗေဒစနစ်ဖြင့် ကိုက်ညီသည့်အချက်များရှိသည်။ လျင်မြန်စွာကြီးထွားခြင်း၊ ထွက်ရှိနှုန်းများခြင်း၊ ဝါးနှင့်ပတ်သက်သောအသက်မွေးမှုရှိခြင်း၊မြေဆီလွှာကိုကာကွယ်ပေးခြင်း၊ လေထုကိုသန့်စင်ပေးခြင်း စသည်တို့ဖြစ်သည်။
စီးပွားဖြစ်စိုက်ပျိုးသင့်သော မြန်မာတို့၏ဝါး
ဝါးကိုယခုအခါ စနစ်တကျစိုက်ပျိုးလာကြသည်။ ဝါးစိုက်ပျိုးရာတွင် မျိုးပွားစိုက်ပျိုးနည်းနှင့် အစေ့မှလည်း မျိုးပွားယူကြသည်ဟုသိရသည်။ စီးပွားဖြစ်ဝါးစိုက်ပျိုးမည်ဆိုပါက ဝါးပင်ကြိုက်နှစ်သက်သော မြေ၊ ရာသီဥတုအပြင် သင့်လျော်သော ဝါးမျိုးစိတ်ကိုရွေးချယ်စိုက်ပျိုးဖို့လည်းလိုပါသည်။ ဝါးစိုက်ပျိုးမည့် မြေကိုရွေးချယ်မည်ဆိုပါက ဝါးစိုက်မြေကို လမ်းပန်းဆက်သွယ်ရေးကောင်းသည့်မြေနေရာမျိုးကိုရွေးချယ်ဖို့လိုသည်။ဝါးထုတ်ကုန်များထုတ်လုပ်သည့်နေရာနှင့်နီးသောနေရာမျိုးကိုလည်း ရွေးချယ်စိုက်ပျိုးသင့်သည်။ ထိုအခါ သယ်ယူစရိတ်သက်သာမည်ဖြစ်သည်။ ဝါးကိုအများအားဖြင့်တော့ အမြစ်ဆုံမှမျိုးပွားစိုက်ပျိုးနည်းနှင့် အဆစ်မှမျိုးပွားစိုက်ပျိုးနည်းဟူ၍နှစ်မျိုးရှိသည်။ စာရေးသူတို့ဒေသဘက်မှာတော့ အဆစ်မှမျိုးပွားစိုက်ပျိုးလေ့ရှိကြသည်။ ဝါးကိုစီးပွားဖြစ် သီးသန့်စိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင် ၁၀ ပေခြားစိုက်ပျိုးရသည်။ ဝါးပင်သည် တဖြည်းဖြည်းအုံလိုက်ကျင်းလိုက် ပြန့်ပွားလာသောကြောင့်ဖြစ်သည်။ မျှစ်ဝါးဆိုလျှင် ဝါးတစ်ရုံတွင် အပင်ခြောက်ပင်ခန့်သာထားရမည်။ ယခုအခါစာရေးသူတို့ဒေသဘက်တွင် ဝါးနက်ဝါးတစ်လုံးကို ၂၀၀၀ -၃၀၀၀ ခန့်ပေးရသည်။ အစေ့ကိုပျိုးစိုက်မည်ဆိုပါက ခုနစ်နှစ်ခန့်ကြာသည်ဟုသိရသည်။ ဝါးပင်သည်အလေ့ကျပေါက်ရောက်မှုရှိသလို စနစ်တကျစီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။
ကမ္ဘာ့ဝါးယဉ်ကျေးမှု
ဝါးသည် ကမ္ဘာသုံးအပင်ဖြစ်သည်။ယဉ်ကျေးမှုနှင့်ဝါးသည် ဆက်စပ်မှုရှိသည်။ လူတို့သည် ရှေးက သားစိမ်းငါးစိမ်းများကိုသာစားခဲ့ကြသည်။ ထို့နောက်ဝါးပင်အချင်းချင်းပွတ်တိုက်ရာမှစ၍မီးကိုတွေ့ရှိခဲ့ပြီးနောက် သားစိမ်းငါးစိမ်းများကို မီးဖုတ်၊ မီးကင်၍ စားသုံးသည့်ယဉ်ကျေးမှုပေါ်ပေါက်လာခဲ့သည်။ ဤကား ဝါးကိုအခြေခံ၍ ဖြစ်ပေါ်လာသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဂျပန်နှင့်တရုတ်နိုင်ငံတို့တွင် ဝါးယဉ်ကျေးမှုထွန်းကားခဲ့ကြသည်။ ဂျပန်နိုင်ငံ၏ အဓိကရိုးရာပွဲတစ်ခုတွင် ဝါးသည် မြန်မာလူမျိုးတို့၏ကန်တော့ပွဲကဲ့သို့အရေးပါကြောင်းသိရသည်။ တရုတ်နိုင်ငံတွင်ဝါးကိုရှေးနှစ်ပေါင်း ၅၀၀၀ ခန့်လောက်ကတည်းက အသုံးပြုခဲ့ကြောင်းသိရသည်။ မြန်မာစာပေများမှာလည်း ဝါးပင်မှာသန္ဓေတည်၍ဖြစ်လာသော "ဝေဠုဝန်မင်းသမီး" ဟူ၍လည်းရှိခဲ့သည်။ ဝါးမှရရှိသောဝါးအမြုတေဟုလည်းရှိကြောင်း မှတ်သားရဖူးသည်။တရုတ်လူမျိုးတို့သည် ဝါးကိုအသုံးများသည်။ စာပေများရေးသားရာတွင်ဝါးစုပ်တံကိုအသုံးပြုကြသလို တရုတ်နိုင်ငံ၏ ပထမဆုံးစာအုပ်ကို ဝါးပြားပေါ်တွင်ရေးသားကြောင်းသိရသည်။ ဝါးသည် စာပေနှင့်သာဆက်စပ်နေသည်မဟုတ်ပေ။ ဂီတနှင့်လည်းဆက်စပ်နေသည်။ ဝါးဖြင့်ပြုလုပ်သောတူရိယာများလည်းရှိသည်။ ဝါးပလွေ၊ ဝါးလက်ခုပ်၊ ဝါးပတ္တလား စသည်တို့သည် ဝါးနှင့်အနုပညာတူရိယာကို ပေါင်းစည်းထားခြင်းဖြစ်သည်။
မြန်မာ့စီးပွားရေးနှင့်ဝါးထုတ်ကုန်
ဝါးကိုစီးပွားဖြစ်စိုက်ပျိုးပါက ဝါးတစ်လုံးကို ၂၀၀၀-၃၀၀၀ ခန့်စျေးရှိသည်။ ဝါးရုံတစ်ရုံတွင် ဝါးအလုံးရေ၄၀-၅၀ ခန့်ရှိကြသည်။ ဤကားခန့်မှန်းခြေသာဖြစ်သည်။ ထိုဝါးရုံမှဝါးများအနက်ရောင်းတန်းဝင်ဝါး ငါးလုံး ၁၀ လုံးခန့်ခုတ်ယူနိုင်သည်။ ဝါးတစ်ဧကတွင်ဝါးရုံ ၄၂၀ ခန့်ဝင့်ဆံ့သည်။ ဝါးရုံတစ်ရုံတွင်ပျမ်းမျှဝါး ငါးလုံးခန့်ခုတ်ယူနိုင်လျှင် ယနေ့ဝါးစျေး ပျမ်းမျှ တစ်လုံး ၃၀၀၀နှင့်တွက်လျှင် ဝါးရုံ ၄၂၀ အတွက် တစ်ရုံငါးလုံးဆိုလျှင် ဝါးအလုံးရေ ၂၁၀၀ ခန့်ရမည်ဖြစ်သည်။ ဝါးအလုံးရေ ၂၁၀၀ ကို ဝါးတစ်လုံးငွေကျပ် ၃၀၀၀ နှင့်ဆိုလျှင် ငွေကျပ် ၆၃၀၀၀၀၀ ရရှိမည်ဖြစ်သည်။
ဤကားကုန်ကြမ်းခေါ် အလုံးလိုက်ရောင်းချရငွေဖြစ်သည်။ ထိုဝါးများကို လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချကြသည်။ ဝါးလက်မှုပစ္စည်းများအဖြစ်လည်း ထုတ်လုပ်ရောင်းချကြသည်။ဝါးလက်မှုပစ္စည်းများကို အနည်းငယ်ဖော်ပြပါမည်။ ယင်းတို့မှာ- ဝါးခမောက်၊ဝါးပလွေ၊ ဝါးပတ္တလား၊ ဝါးလက်ခုပ်၊ စပါးထည့်သည့်ဝါးပုတ်၊ ငါးဖမ်းရာတွင်အသုံးပြုသည့်ယင်း၊
ဝါးမြှုံးအမျိုးမျိုး၊ ဆန်ကော၊ ဆန်ခါ၊ ပုသိမ်ထီး၊နှီးကြောဖျာ၊ မြန်မာ့ယွန်းထည်နှင့်ဝါးကုလားထိုင်အမျိုးမျိုးတို့ဖြစ်သည်။ စာရေးသူတို့ဘက်မှာဆိုဝါးကုလားထိုင်များပြုလုပ်ရောင်းချကြသူများရှိသည်။ ဝါးထရံရက်လုပ်ရောင်းချကြသူများလည်းရှိသည်။ ဝါးပုတ်ပြုလုပ်သူများလည်းရှိသည်။ ဝါးကုလားထိုင်တစ်လုံးလျှင် ယခင်ကငွေကျပ် ၅၀၀၀ ခန့်ပေးရသည်။ ယခုဆို အနည်းဆုံး ငွေကျပ် ၇၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်လောက်ရှိပေလိမ့်မည်။ ဝါးထရံရက်လုပ်ခြင်းနှင့်ဝါးပုတ်ပြုလုပ်ခြင်း၊ ဝါးကုလားထိုင်ပြုလုပ်ခြင်းသည် ထိုသူတို့၏ စီးပွားရေးလုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်သည်။ ယခင်ကတည်းက ယနေ့အထိပြုလုပ်နေကြဆဲ ဝါးဖြင့်စီးပွားရှာသည့်လက်မှုဝါးစီးပွားရေးလုပ်ငန်းများပင်ဖြစ်သည်။ မြန်မာ့ပုသိမ်ထီးနှင့်မြန်မာ့ယွန်းထည်ဆိုလျှင် ကမ္ဘာသိမြန်မာ့ဝါးလက်မှုအနုပညာယဉ်ကျေးမှုပင်ဖြစ်သည်။ ဝါးပင်သည်ကုန်ကြမ်းသာဖြစ်သည်။ အဆိုပါဝါးကို လက်မှုပစ္စည်းများဖြစ်သည့် ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ရန်လိုအပ်သည်။ မြန်မာ့ယွန်းထည်နှင့်မြန်မာ့ရိုးရာပုသိမ်ထီးဆိုလျှင် ကမ္ဘာသိဝါးလက်မှုကုန်ချောပစ္စည်းဖြစ်သည်။ ထိုကဲ့သို့ဝါးလက်မှု အခြေခံထုတ်ကုန်များဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်ကလည်းအားပေးလျက်ရှိသည်။ ဝါးလက်မှုထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာပါက လူမှုစီးပွားရေးလည်း တောင့်တင်းခိုင်မာလာမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့်လည်း ဝါးအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးများထုတ်ပေးပြီး အားပေးဆောင်ရွက်လျက်ရှိသည်။ ဒေသအသီးသီးမှာလည်း MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိကြောင်းတွေ့ရသည်။
ထို့ကြောင့် ယခုအခါစိုက်ပျိုးရေးတောင်သူများအနေဖြင့် မြေကြီးကရွှေသီးဟု ဆိုရမည့်အချိန်ပင်ဖြစ်သည်။ အဆိုပါစိုက်ပျိုးရေးလုပ်ငန်းအသီးသီးတွင် ဝါးစိုက်ပျိုးရေးသည်လည်း ပါဝင်သည်။ ဝါးသည် ယဉ်ကျေးမှုအရလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်အရလည်းကောင်း၊ MSME အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများအရလည်းကောင်း ဘက်စုံအသုံးဝင်သောအပင်ဖြစ်သည်။ ထို့ကြောင့် ဘက်စုံအသုံးဝင်သည့်ဝါးပင်ကို စိုက်ပျိုးသင့်သလို အစဉ်ထိန်းသိမ်းသင့်ပါကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories

ရေဘုံပိုင်မှ ရေများပွင့်ကျနေသည်ကိုတွေ့လျှင် ပြေး၍ပိတ်ကြသည်ကို ကြုံဖူးကြမည်ဖြစ်သည်။ ရေများအလဟဿဆုံးရှုံးနေသည်ကို နှမြော၍ဖြစ်သည်။ ရေဘားများမလုံ၍၊ ရေပိုက်များမလုံ၍ရေများစိမ့်ထွက်ပေါက်ထွက်နေသည်ကိုတွေ့လျှင်လည်း ပြုပြင်လေ့ရှိကြသည်။ အကြောင်းမှာ အသုံးပြုရမည့်ရေများအသုံးမပြုလိုက်ရဘဲ ဆုံးရှုံးသွားမည်ကိုနှမြောခြင်းနှင့် ရေလိုအပ်သည့်အချိန်တွင် အသုံးပြုရန်မရနိုင်တော့ခြင်းတို့ကြောင့်ဖြစ်သည်။ ယခုနမူနာပြသော ရေဆုံးရှုံးမှုသည် အနည်းငယ်မျှသောဆုံးရှုံးမှုပင်ဖြစ်သည်။ ဧရာဝတီမြစ်သည် ပင်လယ်နှင့်ထိစပ်သော&nbs
ရေဘုံပိုင်မှ ရေများပွင့်ကျနေသည်ကိုတွေ့လျှင် ပြေး၍ပိတ်ကြသည်ကို ကြုံဖူးကြမည်ဖြစ်သည်။ ရေများအလဟဿဆုံးရှုံးနေသည်ကို နှမြော၍ဖြစ်သည်။ ရေဘားများမလုံ၍၊ ရေပိုက်များမလုံ၍ရေများစိမ့်ထွက်ပေါက်ထွက်နေသည်ကိုတွေ့လျှင်လည်း ပြုပြင်လေ့ရှိကြသည်။ အကြောင်းမှာ အသုံးပြုရမည့်ရေများအသုံးမပြုလိုက်ရဘဲ ဆုံးရှုံးသွားမည်ကိုနှမြောခြင်းနှင့် ရေလိုအပ်သည့်အချိန်တွင် အသုံးပြုရန်မရနိုင်တော့ခြင်းတို့ကြောင့်ဖြစ်သည်။ ယခုနမူနာပြသော ရေဆုံးရှုံးမှုသည် အနည်းငယ်မျှသောဆုံးရှုံးမှုပင်ဖြစ်သည်။ ဧရာဝတီမြစ်သည် ပင်လယ်နှင့်ထိစပ်သော ဧရာဝတီတိုင်းဒေသကြီးအတွက် ကြီးမားသောရေချိုအရင်းအမြစ်ဖြစ်ပြီး ပင်လယ်တွင်းသို့ မြစ်ခွဲပေါင်းများစွာစီးဝင်လျက်ရှိရာ အဆိုပါရေချိုများအားအသုံးမပြုနိုင်ဘဲ သို့မဟုတ် အသုံးမပြုလိုက်ရဘဲ ဆုံးရှုံးသွားခဲ့ပါလျှင် မည်မျှနှမြောစရာကောင်းမည်ကိုတွေးမိစေရန်ဖြစ်သည်။ သို့ဖြစ်ရာ တန်ဖိုးရှိသော ရေချိုများအလေအလွင့်မရှိစေရေး၊ ရေချိုများရယူအသုံးချနိုင်စေရေး၊ ရေချိုအရင်းအမြစ်များ စနစ်တကျထိရောက်စွာကိုင်တွယ်နိုင်စေရေး စသောရေစီမံခန့်ခွဲမှုများအရေးကြီးလျက်ရှိပြီး အဆိုပါရေစီမံခန့်ခွဲမှုလုပ်ငန်းများအတွက် အရေးကြီးသောအချက်တစ်ခုမှာ ရေတံခါးများတည်ဆောက်ခြင်းနှင့် စနစ်တကျထိန်းသိမ်း လည်ပတ်ခြင်းပင်ဖြစ်သည်။
မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော စိုက်ပျိုးထုတ်လုပ်ရေးအတွက်အရေးကြီးသည့်စနစ်များကို ပီပြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ရေစီမံခန့်ခွဲမှုလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ မှန်ကန်သည့်မြေပေါ်တွင် အောင်မြင်ဖြစ်ထွန်းမည့်မျိုးအား နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရာတွင် လိုအပ်သောရေကို လိုအပ်သောအချိန်တွင် လိုအပ်သောပမာဏအတိုင်းအချိုးညီစွာသွင်းယူပေးရန်မှာ အရေးကြီးလျက်ရှိသည်။ ထိုသို့ တောင်သူများ၏ရည်မှန်းချက် လိုအပ်ချက်များပြည့်မီစေရန်အတွက် အရေးကြီးသောရေစီမံခန့်ခွဲမှုများဆောင်ရွက်နိုင်ရန် ရေတံခါးများတည်ဆောက်ပေးလျက်ရှိသည်။ ရေတံခါးများ တည်ဆောက်ရာတွင် တည်ဆောက်သည့် ရည်ရွယ်ချက်ပေါ်မူတည်၍ ရေသွင်း ရေတံခါး၊ ရေထုတ်ရေတံခါး၊ ရေသွင်းရေထုတ်လိုသလိုထိန်းညှိဆောင်ရွက်နိုင်သော ရေထိန်းရေတံခါး၊ စက်လှေရေယာဉ်မော်တော်များ ဆက်သွယ်သွားလာနိုင်ရန် ရေယာဉ်အဝင်၊ အထွက် ရေတံခါးစသည်ဖြင့်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန်၊မြို့ပြစနစ်ဖွံ့ဖြိုးစေရန်၊ စက်မှုလုပ်ငန်းများလည်ပတ်နိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်နှင့် ရေကြီးမှုသဘာဝဘေးကာကွယ်ရန် စသော ဒေသ၏အခြေခံလိုအပ်ချက်အခြေအနေများပေါ်မူတည်၍ တည်ဆောက်ပေးလျက်ရှိသည်။ အဆိုပါရေတံခါးများအနက် တောင်သူများ၏အကျိုးစီးပွားကို တိုက်ရိုက်အကျိုးပြုလျက်ရှိသော ရေတံခါးအချို့ကို နားလည်လွယ်စေရန် ကောက်နုတ်တင်ပြပါမည်။
ရေသွင်းရေတံခါးများ
တန်ဖိုးရှိလှသောရေချိုများ ပင်လယ်အတွင်းသို့စီးဝင်၍ ဆုံးရှုံးမှုများနည်းနိုင်သမျှနည်းစေရန်အတွက် ရေချိုလိုအပ်သောနေရာများသို့ ပို့ဆောင်ပေးနိုင်ရန်ရေချိုသွင်းရေတံခါးများကို တည်ဆောက်ပေးလျက်ရှိသည်။ ရေချိုသွင်းရေတံခါးများ တည်ဆောက်ထားခြင်းမရှိပါက ရေချိုများအနီးဝန်းကျင်တွင်ရှိနေသည့်တိုင် အသုံးပြု၍မရနိုင်ပေ။ ရေချိုဝင်သည့် နေရာများရှိပါကလည်း ရေမြင့်ချိန်တွင် ရေချိုများဝင်လာပြီး ရေနည်းချိန်တွင် မြစ်ချောင်းများအတိုင်း ပြန်ထွက်သွားမည်ဖြစ်သည်။အချို့နေရာများတွင် ရေချိုကိုရယူနိုင်ရန်လမ်းတာများတွင်ပြွန်ငယ်လေးများဖောက်၍ရေချိုအနည်းငယ်မျှကိုပင် ခက်ခက်ခဲခဲယူနေကြရပြီး အချို့နေရာများတွင် ကားလမ်းတာများကို ယာယီချိုးဖွင့်၍ (ယာယီအုန်းတုံးတံတားများထိုး၍)ရေချိုကိုခက်ခက်ခဲခဲရယူစိုက်ပျိုးနေကြရသည်။ ရေချိုသွင်းရေတံခါးများ တည်ဆောက်ပေးခြင်းဖြင့် တောင်သူများ၏နှစ်စဉ်ကုန်ကျစရိတ်များ များစွာသက်သာသွားပြီး လုံလောက်သောရေချိုကို လွယ်ကူသေချာစွာရရှိနိုင်ပြီဖြစ်သည်။ တောင်သူများအတွက်အသက်တမျှအရေးကြီးလှသောရေသွင်းရေတံခါးများဖြစ်သည်။ ရေသွင်းရေတံခါးများသည်လိုသလိုလှည့်တင်လှည့်ချနိုင်သော ရေတံခါးရွက်များတပ်ဆင်ထားပြီး လိုအပ်သောပမာဏကို လိုအပ်သောအချိန်တွင် သွင်းယူနိုင်စေရန်စီစဉ်ထားခြင်းဖြစ်ရာရေတံခါးရွက်အတင်၊ အချစနစ်များကောင်းမွန်စေရန်နှင့် ရေယူရာလမ်းကြောင်းများရှင်းလင်းကောင်းမွန်စေရန်ကို အလေးထားပြုပြင်ထိန်းသိမ်းလျက်ရှိသည်။
ရေထုတ်ရေတံခါးများ
မိုးရာသီအတွင်း မိုးရွာသွန်းမှုများပြားခြင်းကြောင့် ရေကြီးနစ်မြုပ်မှုများမဖြစ်ပေါ်စေရန်အတွက် ရေထုတ်ရေတံခါးများကို တည်ဆောက်လေ့ရှိသည်။ အထူးသဖြင့်ရေတက်၊ ရေကျဖြစ်ပေါ်သော မြစ်ဝကျွန်းပေါ်ဒေသများနှင့် ကမ်းရိုးတန်းဆက်စပ်ဒေသများတွင် တည်ဆောက်လေ့ရှိသည်။ ရေထုတ်ရေတံခါးများတည်ဆောက်ထားခြင်းမရှိပါက မိုးများစွာရွာသွန်းချိန်တွင် မိုးရေများစိုက်ခင်းများအပေါ် တက်ရောက်ဖုံးလွှမ်းပြီး အဆိုပါမိုးရေများ ပင်လယ်အတွင်းသို့ စီးဆင်းခြင်းမပြုနိုင်ဘဲတစ်ရက်နှစ်ကြိမ် တက်ရောက်သောပင်လယ်ဒီရေများ စိုက်ခင်းများအတွင်း ထပ်မံဝင်ရောက်လာခြင်းဖြင့် စိုက်ပျိုးသီးနှံများရေနစ်မြုပ်ပျက်စီးဆုံးရှုံးရလျက်ရှိသည်။ ရေထုတ်ရေတံခါးများတည်ဆောက်ခြင်းဖြင့် ပင်လယ်ရေမဝင်ရောက်စေရန်တားဆီးပြီး ပင်လယ်ရေကျချိန်တွင် ပိုလျှံသောမိုးရေများ ပင်လယ်အတွင်းသို့ လျင်မြန်စွာထုတ်နုတ်ပေးလျက်ရှိရာ မိုးစပါးစိုက်တောင်သူများအတွက် အရေးကြီးသော အားထားရာရေထုတ်ရေတံခါးများဖြစ်သည်။ ရေထုတ်ရေတံခါးများတွင် ရေတံခါးရွက်များကောင်းမွန်စေရန်နှင့် ရေထုတ်နုတ်ရာ ရေလမ်းကြောင်းများကောင်းမွန်စေရန်ကို အလေးထားပြုပြင်ထိန်းသိမ်း လျက်ရှိသည်။
ရေထိန်းရေတံခါးများ
နွေစပါးရေချိုသွင်းခြင်း၊ မိုးရာသီ ပိုလျှံမိုးရေများ လျှော့ချထုတ်နုတ်ခြင်း စသည်တို့အပြင် ရေတံခါးအတွင်းရှိ ရေချိုများလေလွင့်ဆုံးရှုံးမှုမရှိစေရန် ရေချိုထိန်းခြင်း (အောင်ရေထိန်းခြင်း) စသည့် ရေစီမံခန့်ခွဲမှု များလုပ်ဆောင်နိုင်ရန် ရေထိန်းတံခါးကြီးများကို တည်ဆောက်လေ့ရှိသည်။ရေထိန်းတံခါးများသည် မြစ်ရေကြီးချိန် မြစ်ရေများဝင်ရောက်ခြင်းမပြုနိုင်စေရန်၊ပင်လယ်ရေတက်ချိန် ပင်လယ်ရေများဝင်ရောက်ဖုံးလွှမ်းခြင်းများမဖြစ်ပေါ်စေရန်ရေတံခါးချပ်များဖြင့် တားဆီးပေးပြီးပင်လယ်ရေကျချိန်တွင် ပိုလျှံမိုးရေများ ပင်လယ်အတွင်းသို့ လျှော့ချထုတ်နုတ်နိုင်စေရန် တစ်ဖက်ပွင့်ရေတံခါးချပ်များကို ရေထုတ်နုတ်မည့် ပင်လယ်ဘက်တွင် တပ်ဆင်ထားလေ့ရှိသည်။ အတင်၊ အချ ပြုလုပ်နိုင်သော ရေတံခါးချပ်များကို ရေတံခါး၏အတွင်းဘက် (စိုက်ပျိုးနေသည့်ဘက်)တွင်တပ်ဆင်လေ့ရှိသည်။ အဆိုပါအတင်၊ အချရေတံခါးများအား မိုးရာသီတွင်ရေထုတ်နိုင်ရန် မိုးရာသီတစ်ခုလုံးဖွင့်ထားပြီး မိုးကုန်မှသာ (နွေရာသီရောက်မှသာ) ရေချိုသိုလှောင်နိုင်စေရန်အတွက် ပြန်လည်ပိတ်ထားလေ့ရှိသည်။ အတင်အချ၊ အဖွင့်အပိတ်ကို လိုအပ်သလိုထိန်းညှိဆောင်ရွက်နိုင်သည်ဖြစ်ရာ တောင်သူများအတွက် ရေသွင်း၊ ရေထုတ်သေချာစေသော ရေထိန်းတံခါးကြီးများဖြစ်သည်။
ရေထိန်းတံခါးများ မတည်ဆောက်ထားပါက မိုးချိုး၊ နွေပိတ်ဟု တောင်သူ များခေါ်ဝေါ်သည့် ချောင်းပိတ်တမံများကို နှစ်စဉ်ပြုလုပ်ကြရသည်။ တောင်သူများသည် မိမိတို့စိုက်ပျိုးရေယူမည့်ချောင်းကိုနွေရာသီရေငန်မဝင်မီအမြန်ပိတ်ဖို့ရမည်ဖြစ်သည်။ သို့မှသာ ရေငန်ဝင်ရောက်မှုမှကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။အဆိုပါချောင်းပိတ်ကို မိုးမကျမီတွင် ပြန်၍ချိုးဖျက်ပစ်မှသာ မိုးရာသီတွင် မိုးရေများလျှော့ချထုတ်နုတ်နိုင်မည်ဖြစ်သည်။မိုးရာသီမတိုင်မီ ချောင်းပိတ်ကို ပြန်မချိုးဖျက်ပစ်ပါကရေထုတ်နုတ်မှုမရှိဘဲ လယ်ယာမြေများ ရေကြီးနစ်မြုပ်ပျက်စီးမည်ဖြစ်သည်။ သို့ဖြစ်ရာ တောင်သူများအဖို့ နွေသီးထပ်စိုက်ပျိုးနိုင်ရန်အတွက်နှစ်စဉ်ကြီးမားသောကုန်ကျစရိတ်များကျခံဆောင်ရွက်ရလျက်ရှိပြီး ချောင်းပိတ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်း၊ ကျိုးပေါက်တတ်ခြင်း၊ရေကျော်ဝင်ရောက်တတ်ခြင်း စသော မသေချာမရေရာမှုများကြောင့် အနည်းငယ်သာစိုက်ပျိုးကြသည့်အပြင်နှစ်စဉ်လည်းဆုံးရှုံးမှုများမကြာခဏကြုံရလေ့ရှိသည်။ ထို့ပြင် မိုးချိုး၊နွေပိတ်ချောင်းပိတ်များပြုလုပ်ရန်မြေကြီးအများအပြားလိုအပ်ပြီး မြေယူရန်ခက်ခဲသောဖို့မြေရှားပါးခြင်းဒုက္ခများကိုလည်း နှစ်စဉ် ကြုံတွေ့ရလေ့ရှိသည်။ ရေထိန်းတံခါးများတည်ဆောက်ခြင်းဖြင့် တောင်သူများအတွက် နွေသီးထပ်စိုက်ပျိုးရေသေချာစေသည့်အပြင် နှစ်စဉ်ကျခံနေရသောကုန်ကျစရိတ်များသက်သာခြင်း၊ ဖို့မြေရှာရသည့်ဒုက္ခများကင်းဝေးပြီး ပုံမှန်ထက်ပိုမို၍ စိုက်ပျိုးလာနိုင်သည်ကိုတွေ့မြင်ရမည်ဖြစ်သည်။ ရေထိန်းတံခါးများသည် ရေတံခါးချပ်များဖြင့် ရေငန်တားခြင်း၊ ရေချိုအလေအလွင့်မဖြစ်စေရန်အောင်ရေထိန်းခြင်း စသည်များကို ဆောင်ရွက်ရသည်ဖြစ်ရာ ရေတံခါးရွက်များကောင်းမွန်စေရန်နှင့် ရေတံခါးအတင်၊ အချစနစ်များ၊ ရေဝင်၊ ရေထွက်လမ်းကြောင်းများကောင်းမွန်စေရန် အလေးထားပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။
ရေယာဉ်အဝင်၊ အထွက်ရေတံခါးများ
ရေတံခါးများတည်ဆောက်ခြင်းဖြင့် အထက်ဖော်ပြပါကောင်းကျိုးများစွာရရှိနိုင်သော်လည်း တစ်ဖက်တွင်မူ မြစ်ကြောင်းများအတွင်း ရေကြောင်းသွားလာရေးကို ထိခိုက်မှုဖြစ်ပေါ်လာနိုင်သည်ဖြစ်ရာ ရေယာဉ်အဝင်၊ အထွက် ရေတံခါးများကိုပါ ရေတံခါးများအနီးတွင် တွဲလျက်တည်ဆောက်လေ့ရှိသည်။ ဒီရေအတက်၊ အကျ ဖြစ်ပေါ်သောနေရာများတွင် ရေတံခါးများတည်ဆောက်လေ့ရှိရာ ရေတံခါး၏အတွင်းရှိ ရေအမြင့်နှင့် ရေတံခါး၏အပြင်ရှိ ပင်လယ်ရေအမြင့်ကို တူညီစွာထိန်းညှိနိုင်ရန် ရေညှိကန်ကိုတည်ဆောက်ပေးလေ့ရှိသည်။ ရေလမ်းခရီးအသုံးများသောဒေသများတွင် ရေတံခါးများတည်ဆောက်ရမည်ဆိုပါက ရေယာဉ်သွားလာမှုများအပေါ် စနစ်တကျဆန်းစစ်၍ လိုအပ်သောရေညှိကန်အကျယ်အဝန်းနှင့် လှေလမ်းအရွယ်အစားကို သတ်မှတ်တည်ဆောက်လေ့ရှိသည်။ ရေယာဉ်အဝင်၊ အထွက်ရေတံခါးများရှိခြင်းဖြင့် ရေတံခါးများ တည်ဆောက်ခြင်းကြောင့် ရေလမ်းသွားလာမှုကို အဟန့်အတားဖြစ်ပေါ်နိုင်ခြင်းမရှိသည်ကိုတွေ့ရသည်ဖြစ်ရာ ဒေသနေတောင်သူများအတွက် သီးနှံများတိုးတက်စိုက်ပျိုးနိုင်သည့်အပြင် ရေလမ်းဖြင့်ကုန်ထုတ်မှုတွင်လည်း အဆင်ပြေလျက်ရှိသည်။ ရေယာဉ်အဝင်၊ အထွက် ရေတံခါးများတွင် ရေတံခါးချပ်များဖြင့် ရေထိန်းညှိရသည်ဖြစ်ရာ ရေတံခါးချပ်များကောင်းမွန်စေရေး အစဉ်ဂရုစိုက်ဆောင်ရွက်လျက်ရှိသည်။
ဖော်ပြပါရေတံခါးများဖြင့် တန်ဖိုးရှိလှသော ရေချိုအရင်းအမြစ်များကိုစနစ်တကျ ထုတ်ယူသုံးစွဲလျက်ရှိသည့်အပြင် တောင်သူများ၏အကျိုးစီးပွားကိုလည်းမြှင့်တင်ပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ တောင်သူများဘက်မှလည်း ရေသွင်း၊ရေထုတ်ရေတံခါးများနှင့်ရေထိန်းတံခါးများအပေါ် ပြန်လည်၍ မိမိတို့ တတ်နိုင်သည့်ဘက်မှ ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။ရေတံခါးအနီး ငါးဖမ်းခြင်း၊ ဒိုက်ဗေဒါများချခြင်း၊ ချုံချငါးဖမ်းခြင်း၊ ရေတံခါးရွက်များလှန်ဖွင့်၍ ရေစိမ်းထိုးခြင်း (ပိုက်ထောင်ခြင်း)စသော တရားမဝင်ခွင့်ပြုထားခြင်းမရှိသည့်တောင်သူအကျိုး၊ နိုင်ငံ့အကျိုးကို ထိခိုက်စေနိုင်သော အပြုအမူများကို ရှောင်ရှားရမည့်အပြင် တစ်ပါးသူဆောင်ရွက်နေသည်များကို တွေ့မြင်ရပါကလည်း တားမြစ်ရမည်၊ သက်ဆိုင်ရာသို့ အသိပေးအကြောင်း ကြားခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် ရေတံခါးနယ်နိမိတ်များအတွင်း ကျူးကျော်နေထိုင်ခြင်းနှင့် ရေတံခါးအဝင်၊ အထွက်လမ်းကြောင်းများကို အတားအဆီးဖြစ်စေသော အပြုအမူ များကို ရှောင်ရှားရမည့်အပြင်တွေ့ရှိပါကလည်း ရေတံခါး ရေရှည်တည်တံ့ရေးအတွက် ကူညီပေးရမည်ဖြစ်သည်။
နိဂုံးချုပ်အားဖြင့် တောင်သူများနှင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးကြီးမားသော ရေတံခါးများ ကာလသက်တမ်း ကြာရှည်စွာ ရေသွင်းရေထုတ်လုပ်ငန်းများလုပ်ဆောင်နိုင်စေရေးအတွက် နိုင်ငံတော်တစ်ခုတည်းတွင်တာဝန်ရှိသည်ဟုမှတ်ယူခြင်းမပြုဘဲ တောင်သူများဘက်မှလည်း ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့်ဒေသနေတောင်သူများအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်မည်ဖြစ်ပါကြောင်း ဒေသ၏လူမှုစီးပွားရေးများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ရေးသား လိုက်ရပါသည်။ ။

မွေးလို့ရတဲ့ရွှေ သို့မဟုတ် ဆိတ်၊ သိုးမွေးမြူရေး

ဆိတ်၊ သိုးမွေးမြူရေးအား လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀၀ ခန့်ကပင် စတင်ဆောင်ရွက်ခဲ့ကြပြီး လူသားတို့မွေးမြူသည့် တိရစ္ဆာန်များထဲမှ ရှေးအကျဆုံးတိရစ္ဆာန်များထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ဆိတ်၊ သိုးမွေးမြူရေးသည် လူသားများအတွက် အသားနှင့်နို့ရရှိမှုသာမက အမွေးနှင့်သားရေမှ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများစွာအတွက် အသုံးဝင်သောမွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်လာသည်။ ကမ္ဘာ့ရေမြေရာသီဥတု သဘာဝများအရ မျိုးရိုးပုံပန်းသဏ္ဌာန်နှင့်အရည်အသွေးများကွဲပြားကြသည်။ မှတ်တမ်းတင်မှုများအရ ကမ္ဘာပေါ်တွင် ဆိတ်၊ သိုးမျိုးပေါင်း ၃၀၀ ကျော်ရှိပြီး အုပ်စုအားဖြင့် အသားတိုးဆိတ်၊ နို့စားဆိတ်နှင့်အမွေးအမှင်ရရှိရန် ရည်ရွယ်မွေးမြူ သောဆိတ်မျိုးဟူ၍ အုပ်စုသုံးစုခွဲခြားနိုင်သည်။ မူလတောရိုင်းဆိတ်၊ သိုးများအားဖမ်းယူ၍ ယဉ်ပါးအောင်မွေးမြူကြခြင်း ဖြင့် ထိန်းကျောင်းမွေးမြူခြင်းအလေ့အထများစတင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် လက်ရှိမွေးမြူဖြစ်ထွန်းနေသော ဆိတ်မျိုးများမှာ ရှေးယခင်ကာလ နိုင်ငံအချင်းချင်း၊ဒေသအချင်းချင်း ကုန်စည်ကူးသန်းရောင်းဝယ်ကြရာမှအစပြုခဲ့ကြောင်းသိရှိရသည်။ရေလမ်းကြောင်း၊ကုန်းလမ်းကြောင်းများဖြင့် ရက်ပေါင်းများစွာခရီးသွားကုန်သွယ်ကြရာ ခရီးကာလအတွင်း လမ်းခရီး၌အသား၊ နို့နှင့်ဥများရရှိနိုင်ရန် ဆိတ်၊ သိုးနှင့်အခြား တိရစ္ဆာန်များအား ခရီးသွားရင်းသယ်ဆောင်သွားကြသောအလေ့အထများရှိခဲ့သည်။ ထိုမှတစ်ဆင့် ဒေသတစ်ခုမှတစ်ခုသို့ ရောက်ရှိပျံ့နှံ့ရာမှ မြန်မာနိုင်ငံသို့ရောက်ရှိပြီး မွေးမြူခဲ့ကြရာ အချိန်ကာလကြာမြင့်လာပြီး ရေမြေရာသီဥတုနှင့် အသားကျ သင့်လျော်သောမျိုးများ ကျန်ရှိဖြစ်ထွန်းခဲ့ရာ ယနေ့ထိတိုင်ဒေသမျိုးရင်းများအဖြစ် မွေးမြူဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ထွန်းသောဆိတ်၊ သိုးမျိုးများ
မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူမှု၊ ၂၀၂၃ ခုနှစ် စာရင်းကောက်ယူမှုနှင့်လက်ရှိမြေပြင် စာရင်းများအရ ဆိတ်၊ သိုးကောင်ရေ နှစ်သန်းခွဲခန့်ရှိပြီး အသားကဏ္ဍဖူလုံရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် တန်ဖိုးကြီးသည့်အရင်းအမြစ်များဖြစ်သည်။ အဓိကအားဖြင့် ဒေသမျိုးရင်းဆိတ်များဖြစ်သော ထိန်စမ်း၊ ဂျိတ်နီနှင့် ဝေသာလီမျိုးများ ဖြစ်ကြသည်။ ပြည်ပမှတင်သွင်းမွေးမြူသောဆိတ်မျိုးများမှာ ဘိုဝါအသားတိုးဆိတ်မျိုးနှင့် ဆာနန်နို့စားဆိတ်မျိုးများ ဖြစ်ကြသည်။

ထိန်စမ်းဆိတ်မျိုးမှာ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ထိန်စမ်းရွာမှ စတင်အောင်မြင်ပြန့်ပွားသောဆိတ်မျိုးဖြစ်ပြီး ပုပ္ပားနယ်တစ်ဝိုက်၊ ချောက်၊ မြိုင်နှင့်နတ်မောက်မြို့နယ်တို့၌ အဓိကတွေ့ရှိရပြီးဒေသတော်တော်များများတွင် မွေးမြူ ဖြစ်ထွန်းလျက်ရှိသည်ကိုတွေ့ရှိရသည်။ ကိုယ်လုံးဖြူ၊ ဦးခေါင်းမည်း၊ နှာခေါင်းပိုင်းအမွေးဖြူတတ် ပြီး အများအားဖြင့် မုတ်ဆိတ်ပါသည်။ နားရွက်ရှည်ကာ မျက်နှာခုံးပြီး ဦးချိုနောက်ဘက်လန်ပြီးကွေးနေတတ်သည်။ သာမန်အား ဖြင့် အရွယ်ရောက်ပြီးသော ဆိတ်ထီးသည် ကိုယ်အလေးချိန် ၅၀ ကီလိုနှင့် အမသည် ၃၀ ကီလိုခန့်ရှိသည်။

ဒေသမျိုးရင်းဆိတ်ဂျိတ်နီမျိုးမှာ မန္တလေးတိုင်းဒေသကြီးတံတားဦး၊စဉ့်ကိုင်နှင့်ကျောက်ဆည်နယ်တစ်ဝိုက်တွင် မွေးမြူဖြစ်ထွန်းလျက်ရှိသည်ကိုအများဆုံးတွေ့ရှိရသည်။ နီညိုရောင်၊ အုန်းခွံရောင်နှင့် မန်ကျည်းစေ့ရောင် ရှိပြီးအရွယ် ရောက်ပြီး သောဆိတ်ထီးမှာ ကိုယ်အလေးချိန် ၅၀ ကီလိုခန့်နှင့် အမမှာ၄၀ ကီလိုခန့်ရှိနိုင် ပြီး အရပ်အမောင်းကောင်းကြသည်။ အရောင်နှင့်ပုံပန်းသဏ္ဌာန်မှာ နှစ်လိုဖွယ်ရှိပြီးဒေသရာသီဥတုနှင့် အစာကြမ်း ဒဏ်အားခံနိုင်ရည်ရှိကြသည်။

ဝေသာလီဆိတ်မျိုးအား မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ရေစကြို၊ ပေါက်နှင့်မြိုင်မြို့နယ်တစ်ဝိုက်တို့တွင် အဓိကတွေ့ ရသည်။အဖြူရောင်၊အနက်ရောင်နှင့်အညိုရောင်များတွေ့ရပြီး အဖြူနှင့်အနက်ကျားအရောင်များ တွေ့ရသည်။ အရပ် အမောင်းကောင်းပြီး အရွယ်ရောက်သည့် အထီးသည်ကိုယ်အလေးချိန် ၄၀ ကီလိုခန့်နှင့် အမသည် ၃၀ ကီလိုခန့် ရှိတတ်သည်။ အသားတိုးဆိတ်ဘိုဝါမျိုးမှာတောင်အာဖရိကမျိုးရင်းဖြစ်ပြီးမြန်မာနိုင်ငံတွင်လည်း အောင်မြင်ဖြစ်ထွန်းကြောင်း တွေ့ရှိရသည်။
အသားတိုးနှုန်းနှင့် အသားအရည်အသွေးကောင်းပြီး သားပေါက်နှုန်းကောင်းသည်။ ခန္ဓာကိုယ်အဖြူနှင့် ဦးခေါင်းနီညို ရောင်ရှိသည်။ ဦးချိုမှာအနောက်ဘက်နှင့် အောက်ဘက်ကိုကွေးဆင်းပြီး မျက်နှာအခုံးနှင့်လိုက်ဖက်တင့်တယ်သည်။ သန်မာ၍ အချိုးကျသောခြေလက်များရှိပြီး အထီးသည် ကိုယ်အလေးချိန် ၁၆၀ ကီလိုနှင့် အမသည် ၁၁၀ ကီလိုအထိ ကြီးထွားနိုင်ကြသည်။ မြန်မာနိုင်ငံတွင် လတ်တလောမွေးမြူကောင်ရေနည်းပါးသေးသော်လည်း ရေမြေရာသီဥတုနှင့်သင့်လျော်၍ ဖြစ်ထွန်းမှုအလားအလာကောင်းသော အသားတိုးဆိတ်မျိုးဖြစ်သည်။

ဆာနန်နို့စားဆိတ်မျိုးမှာ နို့ရရှိရန်အတွက် အဓိကရည်ရွယ်မွေးမြူကြပြီး အဖြူရောင်နှင့် နို့နှစ်ရောင်ရှိတတ် သည်။ အရွယ်ရောက်ပြီးအထီးသည်ကိုယ်အလေးချိန် ၇၀ ကီလိုနှင့် အမသည် ၅၀ ကီလိုခန့်ရှိနိုင်ပြီး အရွယ်အစားကြီး သကဲ့သို့ နို့ထွက်နှုန်းနှင့် နို့အရည်အသွေးကောင်းမွန်ကြသည်။ နို့အုံနှင့်ခန္ဓာကိုယ်ပုံစံအချိုးကျနပြီးပြေပြစ်လှပသည်။ ဦးခေါင်းသေးသည်။ နားရွက်များမှာ ချွန်၍ ထောင်ပြီး အရွယ်အစားသေးသည်။

သိုးမွေးမြူရေးတွင်လည်း ဒေသသိုးမျိုးကိုသာ အဓိကမွေးကြသည်။ ခန္ဓာကိုယ်အဖြူရောင်ရှိပြီးဦးခေါင်းဝါနှင့်အမြီးမှာ တံကောက်ကွေးအောက်အထိရှည်သောခေါင်းဝါမျိုး(ကုလားသိုးဟုလည်း ခေါ်ကြသည်)အား အဓိကမွေးမြူကြပြီး ဦးခေါင်းမည်းအမြီးတိုမျိုးများထက် ကြီးထွားနှုန်းပိုမိုကောင်းမွန်ကြသည်။ အသားနှင့်သိုးမွေးရရှိရေးအတွက်ရော အဓိကရည်ရွယ်မွေးမြူခဲ့ကြသည်။ ယခုအချိန်တွင် သိုးမွေးဈေးကွက်အခက်အခဲအရအသားအတွက်သာအဓိကထားမွေးမြူကြကြောင်းတွေ့ရှိရသည်။ သိုးများမှာ ဆိတ်နှင့်အခြားသတ္တဝါများထက် အုပ်စုဖွဲ့နေထိုင်တတ်ခြင်း၊ အစာကြမ်းဒဏ်ပိုမို ခံနိုင်ခြင်းများကြောင့် ထိန်းကျောင်းမွေးမြူရန်လွယ်ကူကြောင်းသိရှိရသည်။မြန်မာနိုင်ငံတွင် မွေးမြူတောင်သူများအနေဖြင့် ဆိတ်၊သိုးမျိုးများရရှိနိုင်မှု အားသာချက်များမှာ အရည်အသွေးကောင်းမွန်ပြီးဒေသရာသီဥတု၊သဘာဝပေါက်ပင်များနှင့် အသားကျပြီးသော ဒေသမျိုးရင်းများအလွယ်တကူရရှိနိုင်ခြင်း၊ ဒေသနှင့်သင့်လျော်သောနိုင်ငံခြားမျိုးများ ဝယ်ယူရရှိနိုင်ခြင်းအပြင် ဆိတ်မေထုန်မဲ့သားစပ်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် ဆိတ်မျိုးရည်ခဲချောင်းထုတ်လုပ်ရေး၊ နည်းပညာဖြန့်ဝေရေးနှင့် မြေပြင်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းများအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အစာကျွေးမွေးခြင်းနည်းစနစ်
အစာစားသုံးမှုအနေဖြင့် ဆိတ်၊ သိုးများမှာ အစာအိမ်အခန်းလေးခန်းပါသော စားမြုံ့ပြန်သတ္တဝါများဖြစ်ပြီး အခြားတိရစ္ဆာန်များမစားသောအသီးအရွက် အတော်များများကို စားနိုင်ကြသည်။ ဆီး၊ ဆီးခလောက်၊ ခံပင်၊ ဇင့်နီ၊ ဘောစကိုင်း၊ မြေစာမြက်၊ မန်ကျည်းရွက်၊ တမာ၊ ရှားရွက်၊ ကုက္ကိုရွက်၊ ထနောင်းရွက်၊ ဝါးရွက်၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲစင်းငုံ၊ ပဲမျိုးစုံအရွက်များ၊ အဝေရာရွက်၊ အဝေရာသီး၊ မဲဇလီ၊ မြင်းခွာရွက်၊ အခြားအသီးအစေ့အဆန်များအား ကြိုက်နှစ်သက်ကြသည်။ ဖြည့်စွက်စာအနေနှင့် ပဲဖတ်၊နှမ်းဖတ်၊ ဝါစေ့ကြိတ်ဖတ်၊ ဆန်ကွဲ၊ ဖွဲနု၊ ကုလားပဲခွံ၊ပဲမျိုးစုံခွံ၊ နေကြာစေ့ဖတ် စသည်ဖြင့် မိမိတို့လက်လှမ်းမီရာ ကျွေးမွေးနိုင်သည်။ ဖြည့်စွက်စာအား မတူညီသော အစာအမယ်အမျိုးမျိုးကို စနစ်တကျရောစပ်၍ကျွေးရန် လိုအပ်သည်။အစာတွင်အိမ်သုံးဆားထည့်ကျွေးခြင်း၊ သတ္တုဓာတ်များပြည့်စုံစေရန် ယူရီးယားသကာတုံးကဲ့သို့သော ဓာတ်ဆားခဲတုံးများအားလျှာဖြင့်လျက်၍ စားနိုင်ရန် ချိတ်ဆွဲပေးထားခြင်းများ ဆောင်ရွက်ပေးရန်လိုအပ်သည်။ သို့မှသာ ၎င်းတို့၏ နေ့စဉ်ဘဝဖြတ်သန်းမှုနှင့် သားမွေးခြင်းကိစ္စများအတွက် အာဟာရပြည့်ဝ၍ ကျန်းမာသန်စွမ်းမည် ဖြစ်သည်။ အစာကျွေးမွေးရာတွင် အသက်အရွယ်နှင့် ခန္ဓာကိုယ်အလေးချိန်အရွယ်အစားပေါ် မူတည်၍ကျွေးရပြီး ပုံမှန်အားဖြင့် ခန္ဓာကိုယ်အလေးချိန်၏ (၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း)အထိ အစာစားကြ၍ လုံလောက်အောင် တွက်ချက်ကျွေးရန်လိုအပ်သည်။ ကိုယ်ဝန်ဆောင်ဆိတ်မများ၊ နို့တိုက်ဆိတ်မများအတွက် အစာနှင့်ဓာတ်ဆားများ ပိုပြီးလိုအပ်သည်။ လိုအပ်သောစွမ်းအင်ဓာတ်၊ အသားဓာတ်နှင့်သတ္တုဓာတ်များစုံလင်အောင် အချိုးကျရောစပ်ကျွေးရန်လိုအပ်သည်။ ဖြည့်စွက်စာအတွက် အစာစပ်ခြင်းအား ဖော်ပြပါအတိုင်း နမူနာတွက်ချက်ကျွေးမွေးနိုင်သည်။

အစာကျွေးမွေးမှုမှာ မွေးမြူသောနည်းစနစ်ပေါ်တွင်လည်း မူတည်သည်။ မြန်မာနိုင်ငံတွင် မွေးမြူနည်းစနစ်သုံးမျိုးတွေ့ရှိရပြီး လွှတ်ကျောင်းစနစ်၊တစ်ဝက်လွှတ်ကျောင်းစနစ်၊ ခြံလှောင်စနစ်တို့ဖြစ်ကြသည်။ လွှတ်ကျောင်းစနစ်တွင် ဆိတ်၊ သိုးများအားလွှတ်ကျောင်းခြင်းဖြင့်အစာစားစေပြီး ခြံသို့ပြန်သိမ်းချိန်တွင် ဖြည့်စွက်စာအနည်းငယ်သာ ကျွေးရန်လို သောစနစ်ဖြစ်သည်။
လွှတ်ကွင်း၌ အစာပင်ပေါများပါက ဖြည့်စွက်စာကုန်ကျစရိတ်နည်းသည်။ တစ်ဝက်လွှတ်ကျောင်းစနစ်မှာ အချို့အချိန်တွင် လွှတ်ကွင်းသို့လွှတ်ခြင်း၊ ခြံသို့ပြန်သွင်းချိန်တွင် အစာကြမ်းနှင့်ဖြည့်စွက်စာ အစာနုကျွေးခြင်းဖြင့်မွေးမြူသောစနစ်ဖြစ်သည်။ လွှတ်ကျောင်းစနစ်ထက်စာလျှင် အစာကုန်ကျမှုပိုများသည်။
ခြံလှောင်မွေးစနစ်မှာ ဆိတ်၊ သိုးများအားလမ်းလျှောက်ရန် ခြံတွင်းလွှတ်ကွင်းသို့ လွှတ်သည်မှအပ အစာရိတ် သိမ်းကျွေး မွေးခြင်း၊ ဖြည့်စွက်စာကျွေးမွေးခြင်းတို့အား လုံလောက်စွာစီမံကျွေးမွေးပြီး ခြံလှောင်မွေးသော စနစ်ဖြစ်သည်။ ထိန်းသိမ်း စောင့်ရှောက်မှုအားသာချက်များရှိပြီး အစာကုန်ကျမှုနှင့်လုပ်အားစရိတ်များ ပိုမိုကုန်ကျသောစနစ်ဖြစ်သည်။ မည်သည့် စနစ်ဖြင့်မွေးမြူစေကာမူ သန့်ရှင်းလတ်ဆတ်သော သောက်သုံးရေလုံလောက်စွာရရှိရန်အတွက် စီမံ ဆောင်ရွက်ပေးရ သည်။ လုပ်အားအနေဖြင့် သာမန်အခြေအနေတွင် ဆိတ်၊ သိုး ၃၅ ကောင်မှ အကောင် ၅၀ အတွက် လုပ်သား တစ်ယောက်နှုန်းလိုအပ်ပြီးသောက်သုံးရေအနေဖြင့်တစ်ကောင်လျှင်တစ်ရက်တစ်လီတာနှုန်းခန့်လိုအပ်သည်။ နေထိုင်စားသောက်ရာတွင် သန့်ရှင်းမှုကိုနှစ်သက်ကြပြီးခုန်ပေါက်ဆော့ကစားခြင်း၊ သစ်တုံးနှင့်အရာဝတ္ထုများ အပေါ် တက်လိုက် ဆင်းလိုက် ဆော့ကစားရခြင်းတို့ကို နှစ်သက် သည်။ ဆော့ကစားနိုင်ရန် စီမံဆောင်ရွက် ပေးထားခြင်း ဖြင့် ကျန်းမာရေး ပိုမိုကောင်းမွန်ပြီး ထုတ်လုပ်မှုတိုးတက် စေကြောင်းသိရှိရသည်။
မွေးခြံဆောက်လုပ်ခြင်း
အဆောက်အအုံအနေဖြင့် သစ်သား၊ ဝါး၊ သက်ငယ်များဖြင့် အဆင်ပြေသလိုဆောက်လုပ်နိုင်ပြီး လေဒဏ်နှင့် မိုးဒဏ် ကာကွယ်နိုင်ပြီးသန့်ရှင်းခြောက်သွေ့ရန်အဓိကလိုအပ်သည်။ အရွယ်အလိုက် ကြမ်းခင်းအကျယ်လိုအပ်မှုမှာ အောက်ပါ အတိုင်းဖြစ်သည်။

လိုအပ်သောအဆောက်အအုံ၊ ကပ်ပါးရောဂါနှင့် အခြားလိုအပ်သော ကာကွယ်ဆေးများပုံမှန်ထိုးနှံပေးထားပါက ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး အခြားတိရစ္ဆာန်များထက် ရောဂါဖြစ်ပွားမှု နည်းပါးသည်။
ဈေးကွက်အားသာချက်အနေဖြင့် ဆိတ်၊ သိုးမွေးမြူရေးလုပ်ငန်းသည် အခြားသောမွေးမြူရေး လုပ်ငန်းများထက် ပိုမိုအားသာကြောင်းတွေ့ရှိရသည်။ တရုတ်၊ ယိုးဒယား၊ မလေးရှား စသောပြည်ပနိုင်ငံများသို့ တရားဝင်ပို့ဆောင် နိုင်သောဈေးကွက်ရှိနေခြင်းမှာ အားသာချက်တစ်ခုဖြစ်သည်။ ပြည်တွင်းဈေးကွက်အနေဖြင့်လည်း နို့ခွဲအရွယ် သုံးလသား၊ လေးလသားမှစတင်၍ ဈေးကွက်ပို့ဆောင်နိုင်ပြီဖြစ်သည်။ မျိုးလိုင်းမွေးမြူသူ၊ ကဆီ(သင်းကွပ်၍ အသားတိုးမွေးခြင်း) မွေးမြူသူများအနေဖြင့် အရွယ်စုံဝယ်ယူမွေးမြူကြသည်ကိုတွေ့ရှိရပြီး အသားခြောက်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း ကဲ့သို့သော တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ရောင်းချလျက်ရှိရာ အသားဈေးကွက်နှင့် မွေးမြူရေး ဈေးကွက်များ အနေဖြင့် တစ်နှစ်ပတ်လုံး ဝင်ငွေရရှိနိုင်သော မွေးမြူရေး လုပ်ငန်းတစ်ခုဖြစ်သည်။
ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံ
ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များနှင့်အညီ မွေးမြူကြမည်ဆိုလျှင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်မှာ အောင်မြင်စွာဆောင်ရွက်ပြီးဖြစ်သည်။ ပြည့်စုံစွာရှင်းလင်းရပါမူ ဇီဝလုံခြုံမှုစနစ်အပြည့်အဝဖြင့် မွေးမြူထုတ်လုပ်သော မွေးမြူရေးခြံများအတွက် တိရစ္ဆာန်ကူးစက်ရောဂါ၊ တိရစ္ဆာန်မှလူသို့ကူးစက်စေတတ်သောရောဂါတို့ကို စနစ်တကျ ကာကွယ်ထိန်းချုပ်ရန် လုပ်ငန်းစဉ်များသတ်မှတ်ထားပြီးဖြစ်၍ GAHP လက်မှတ်ရခြံများသည် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ကြသည်။ လေ့လာသူများသိရှိနိုင်ရန် ဆိတ်၊ သိုးမွေးမြူထုတ်လုပ်ရေး ခြံများတွင် ကျွမ်းကျင်ပညာရှင်များဖြင့်မဖြစ်မနေ ထိုးနှံပေးရမည့်တိရစ္ဆာန်ကူးစက်ရော ဂါကာကွယ်ဆေးများ ကို ဖော်ပြလိုသည်။
ယင်းတို့မှာ-(၁) ခွာနာလျှာနာရောဂါကာကွယ်ဆေး
(၂) ထောင့်သန်းနာရောဂါကာကွယ်ဆေးတန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်း
သတ်မှတ် GAHP များအတိုင်းလိုက်နာဆောင်ရွက်သူတိုင်းအတွက် ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးအတွက် ဌာနမှ ထုတ်ကုန်ဆိုင်ရာစံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင်ရွက်ထားရှိသည်။
ဆိတ်၊ သိုးသား၊ အေးခဲဆိတ်၊ သိုးသားနှင့်ကလီစာအတွက်စံချိန်စံညွှန်း
ဤစံချိန်စံညွှန်းသည် Swine species မှ ထုတ်လုပ်ထားသော ဆိတ်၊ သိုးသား၊ အေးခဲဆိတ်၊ သိုးသားနှင့်ကလီစာ စသည်တို့အားလုံးအတွက် အကျုံးဝင်သည်။ ထုတ်ပြန်ပြီး စံချိန်စံညွှန်းတွင် အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်း နှင့်စစ်ဆေးရန် စံချိန်စံညွှန်းများသတ်မှတ်ခြင်းဟူ၍ အပိုင်းသုံးပိုင်းရှိသည်ဟုယေဘုယျသိရှိနားလည်ထားစေလိုသည်။ ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင် အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရမှပြည်တွင်းသာမက ပြည်ပပို့ကုန် အထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်းသိရှိနိုင်သည်။
ထုတ်ပြန်ပြီး ဆိတ်၊ သိုးသားဆိုင်ရာစံချိန်စံညွှန်းတွင်ပါဝင်သည့်အခန်းကဏ္ဍများမှာ ဖော်ပြပါအတိုင်းဖြစ်သည်-
(၁) ဆိတ်၊ သိုးသား၊ အေးခဲဆိတ်၊ သိုးဆိတ်သားနှင့် စားသုံးနိုင်သောကလီစာအတွက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း
(၂) သားသတ်ခြင်းမပြုမီ တိရစ္ဆာန်၏ကျန်းမာရေးကို မျက်မြင်စစ်ဆေးခြင်း
(၃) သားသတ်ပြီးနောက်တိရစ္ဆာန်ထွက်ပစ္စည်းများကို စစ်ဆေးခြင်း
(၄) နမူနာပစ္စည်းပေးပို့ခြင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများကို အရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း
(၅) နမူနာပစ္စည်းပေးပို့ခြင်း၊ ညစ်ညမ်းပစ္စည်းနှင့်အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း
(၆) သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ
(၇) မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက် ဒြပ်ကြွင်းပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများ
(၈) အဏုဇီဝပိုးပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ
(၉) နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်း
(၁၀) နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးကုန်တွင် ဖော်ပြသည့်တံဆိပ်တပ်ခြင်း
(၁၁) နမူနာပစ္စည်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း
နိုင်ငံတော်စံချိန်စံညွှန်းသတ်မှတ်ရေးဗဟိုကော်မတီမှခွင့်ပြုချက်ရရှိပြီး ထုတ်ပြန်ထားသည့် အသားကဏ္ဍ စံချိန်စံညွှန်း များနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၃၆) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ဆက်သွယ်မေးမြန်းလေ့လာနိုင်သည်။
မွေး၍ရသောရွှေ
မြန်မာနိုင်ငံအနေဖြင့် ဆိတ်၊ သိုးမွေးမြူရေးလုပ်ငန်းတွင် အထက်ဖော်ပြပါအားသာချက်များဖြစ်သော ဒေသမျိုးရင်း မျိုးကောင်းမျိုးသန့်များ အလွယ်တကူရရှိနိုင်မှု၊ ဆိတ်မွေးမြူရေးအား ရင်းနှီးကျွမ်းဝင်ပြီးသော မွေးမြူတောင်သူများ ရှိခြင်း၊ ဆိတ်၊ သိုးမွေးမြူရေးအောင်မြင်ဖြစ်ထွန်းနိုင်သော သဘာဝပေါက်ပင်နှင့် ရေမြေရာသီဥတုများရှိခြင်း၊ လက်ရှိ ဈေးကွက်အပြင် ဈေးကွက်ထပ်မံချဲ့ထွင်နိုင်သောအခြေအနေကောင်းများရှိခြင်း၊ နည်းပညာအကူအညီများရယူနိုင် သော အခွင့်အလမ်းများရှိခြင်းစသောအားသာချက်များအား ဟန်ချက်ညီညီအသုံးချ၍ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါ က တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းအထိ တောင်သူများဝင်ငွေတိုးတက်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုဖြစ်ထွန်းမည့် “မွေး၍ရသောရွှေ”ဟုတင်စားခေါ်ဆိုနိုင်သော မွေးမြူရေးလုပ်ငန်း တစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မျိုး၊ မြေ၊ရေ၊ နည်း ဤ လေးချက်အား ကောင်းမွန်မှန်ကန်စွာ အသုံးချဆောင်ရွက်လျက်ရှိရာတွင် ရေချိုလုံလောက်စွာရရှိရေးသည် သီးနှံအထွက်နှုန်း တိုးတက်စေရန်အတွက်သော်လည်းကောင်း၊ စိုက်ပျိုးဧရိယာများ တိုးချဲ့စိုက်ပျိုးနိုင်စေရန်အတွက်သော်လည်းကောင်း၊ သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားစေရန်အတွက် သော်လည်းကောင်း မရှိမဖြစ်လိုအပ်သည့် အခြေခံအချက်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးသည် မိုးစပါး ဧက ၃၇ သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး မြန်မာနိုင်ငံတွင် မိုးစပါးအများဆုံးစိုက်ပျိုးသောဒေသကြီးတစ်ခုဖြစ်သည်။ ဒုတိယသီးနှံ စိုက်ပျိုးနိုင်မှုမှာ ဧရိယာဧက ၂၆ သိန်းခန့်ရှိရာ မစိုက်ပျိုးနိုင်သော ရိုးပြတ်ကျန် ဧရိယာမှာ ဧက ၁၁ ဒသမ ၂၀ သိန်းခန့် ကျန်ရှိသည်ကိုတွေ့ရှိရသည်။ သီးထပ်စိုက်ပျိုးခြင်းမပြုနိုင်သော ရိုးပြတ် ကျန်ဧရိယာအများစုမှာ ရေငန်ဒေသအတွင်းကျရောက်နေသော စိုက်ဧရိယာများဖြစ်သည်ကို တွေ့ရှိရသည်။ ထိုသို့ စိုက်ပျိုးနိုင်မှုမရှိခြင်းမှာ ရေငန်ဝင်ရောက်ခြင်း၊ ရေချိုရရှိမှုမသေချာခြင်း၊ ရွှံ့စေး-နုန်းဆန်သော အောက်ခံမြေစေးများရှိခြင်း စသည်တို့ကြောင့်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးတစ်သီးသာစိုက်ပျိုးနိုင်သော ရိုးပြတ်ကျန်နေရာများမှာ ရေငန်ဝင်ရောက်သည့်ဧရိယာများဖြစ်သော ဖျာပုံခရိုင်၊ လပွတ္တာခရိုင်နှင့်ပုသိမ်ခရိုင်ဒေသတို့ဖြစ်သည်ကို တွေ့ရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရိုးပြတ်ကျန် ဧရိယာဧက ၁၁ ဒသမ ၂၀ သိန်း ရှိရာတွင် ဖော်ပြပါ ခရိုင်သုံးခုအတွင်း ဧက၁၀ ဒသမ ၉၅ သိန်းခန့်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ရိုးပြတ်ကျန်များသည် ရေငန်ဝင်ရောက်သောဒေသများအတွင်း အများဆုံးတွေ့ရှိရသည်။
ဖျာပုံခရိုင် သို့မဟုတ် ရေချိုရေငန်စပ် ဧရိယာ
ဖျာပုံခရိုင်အတွင်း ၁၉၉၀ ဝန်းကျင်နှစ်များတွင် ရေငန်တားတာတမံများတည်ဆောက်ထားခြင်းမရှိခြင်းကြောင့်မိုးစပါးစိုက်ပျိုးရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ မိုးစပါးစိုက်ပျိုးချိန်ကာလတစ်လျှောက် လပြည့်လကွယ်ရက်များရောက်တိုင်း ပင်လယ်ဒီရေများစိုက်ခင်းများအတွင်းသို့ တက်ရောက်လေ့ရှိပြီး မိုးစပါးများရေနစ်မြုပ်ပျက်စီးထိခိုက်လေ့ရှိသည်။ အဆိုပါကာလများတွင်မိုးစပါးတစ်သီးကိုပင် အခက်အခဲများဖြင့် စိုက်ပျိုးခဲ့ရပြီး မိုးစပါးစိုက်ပျိုးသော ဧရိယာမှာလည်း ဧက ငါး သိန်းဝန်းကျင်ခန့်သာရှိခဲ့သည်။ ယခုအခါ ဖျာပုံခရိုင်အတွင်း မိုးစပါးစိုက်ဧက ၈ ဒသမ ၇၀ သိန်းကျော်ရှိလာပြီဖြစ်သည်။ တာတမံ၊ရေတံခါးများနှင့် ရေနုတ်မြောင်းများကြောင့် မိုးစပါးစိုက်ဧရိယာများသိသာစွာတိုးတက်လာပြီး မိုးစပါးစိုက်ဧက ၂ ဒသမ ၆၀ သိန်းကျော်မှာ တာတမံများနှင့် ကျွန်းပတ်တာများအတွင်း စိုက်ပျိုးလာနိုင်ခဲ့ခြင်းဖြစ်သည်။ မိုးစပါးများ အောင်မြင်စွာစိုက်ပျိုးလာနိုင်သော်လည်း နွေစပါးစိုက်ပျိုးရန်အတွက်မူ ရေငန်ဧရိယာအတွင်းကျရောက်နေခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
ကျွန်းပတ်တာနှင့် ရေတံခါးများတည်ဆောက်ခဲ့ခြင်း
၁၉၇၆-၁၉၈၅ ခုနှစ်အတွင်း စပါး(၁) စီမံကိန်းနှင့် ၁၉၈၆-၁၉၉၅ ခုနှစ်အတွင်း စပါး(၂)စီမံကိန်းများဖြင့် ဖျာပုံခရိုင်အတွင်း ရေငန်တားတာတမံ ၁၂ ခုနှင့် ရေထုတ်ရေတံခါး ၄၁ လုံးကို တည်ဆောက်ခဲ့ပြီး မိုးစပါးစိုက်ပျိုးချိန် ပင်လယ်ရေဝင်ရောက် နစ်မြုပ်ဖျက်ဆီးခြင်းမှကာကွယ်လျှော့ချနိုင်ခဲ့သည်။ ကျွန်းပတ်တာနှင့်ရေတံခါးများသည် မိုးစပါးစိုက်ပျိုးမှုများစွာကို အထောက်အကူပြုခဲ့ရုံသာမက ၂၀၀၈ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကျရောက်စဉ်တွင်လည်းတာအတွင်းရှိ ဧရိယာများအတွင်း ထိခိုက်ဆုံးရှုံးမှု သက်သာရာရခဲ့သည်ကို တွေ့ရှိရသည်။ ဤကဲ့သို့ ရေငန်တားတာတမံများ၏အကျိုးကျေးဇူးများဖြင့် မိုးစပါးစိုက်ပျိုးရေးအတွက် အထောက်အကူပြုလျက်ရှိနေသော်လည်း နွေစပါးစိုက်ပျိုးနိုင်ရေးအတွက်မူ ရေငန်ဧရိယာဖြစ်သည့်အလျောက် အခက်အခဲများစွာဖြစ်ပေါ်ခဲ့ရသည်။ ဖျာပုံခရိုင်အတွင်း လက်ရှိတွင်မိုးစပါးစိုက်ပျိုးမှုမှာ ဧက ၈ ဒသမ ၇၀ သိန်းကျော်ဖြစ်သော်လည်း နွေသီးထပ် စိုက်ပျိုးနိုင်မှုမှာ ဧက ၄ ဒသမ ၁၀ သိန်းကျော်ခန့်သာရှိရာ ထက်ဝက်ခန့်မှာမိုးစပါးတစ်သီးသာ စိုက်ပျိုးနိုင်သောဧရိယာများ(နွေသီးထပ်စိုက်ပျိုးခြင်းမပြုနိုင်သောရိုးပြတ်ကျန်များ)အဖြစ် ကျန်ရှိသည်ကိုတွေ့ရှိရသည်။
ရေငန်ဝင်ရောက်မှုအခြေအနေနှင့်စိုက်ပျိုးနိုင်မှုအခြေအနေရေငန်လိုင်း (ရေငန်တက်ရောက်မှု)
သည် ဖျာပုံမြစ်၊ ဘိုကလေးမြစ်နှင့်ဒေးဒရဲမြစ်တို့အတွင်း ဒီဇင်ဘာလမှစ၍ပင်လယ်ဘက်မှမြစ်ကြောင်းများအတိုင်း တဖြည်းဖြည်းကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့ပြီး မတ်လနှင့်ဧပြီလအတွင်းတွင် ရေငန်ဝင်ရောက်မှုအမြင့်ဆုံးဖြစ်သည်။ ရေငန်တိုင်းတာချက်များအရ ဖျာပုံမြစ်အတွင်း ဖျာပုံမြို့အထက်နားအထိ ရေငန်ဝင်ရောက်မှုရှိပြီး ဒေးဒရဲမြစ်အတွင်းဒေးဒရဲမြို့အထိလည်းကောင်း၊ ဘိုကလေးမြစ်အတွင်း ဘိုကလေးမြို့အထက်နားအထိ ရေငန်တက်ရောက်လေ့ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေသီးထပ်များစိုက်ပျိုးရာတွင် ဒီဇင်ဘာလနှင့်ဇန်နဝါရီလတို့အတွင်း စတင်စိုက်ပျိုးလေ့ရှိရာ အဆိုပါကာလများသည် မြစ်များအတွင်း ရေချိုရရှိသောကာလများဖြစ်သည်။သို့သော်လည်း နွေစပါးများ အောင်ရေ လိုအပ်ချိန်ဖြစ်သော ဖေဖော်ဝါရီလနှင့် မတ်လရောက်ချိန်တွင်မူ (ရေချိုရေငန်စပ် ဧရိယာအတွင်းရှိ)မြစ်ရေသည် ပင်လယ်ရေငန်ဝင်ရောက်လျက်ရှိပြီးဖြစ်ရာ စိုက်ပျိုးရန်အတွက် သင့်တော်ခြင်းမရှိတော့ပါ။ ထိုကဲ့သို့သော အခြေအနေများကြောင့် နွေသီးထပ်(နွေစပါး)စိုက်ပျိုးရန် အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိသည်။ ဖျာပုံခရိုင်အတွင်း မြို့နယ်လေးမြို့နယ်ရှိရာတွင် ကျိုက်လတ်မြို့သည် ပင်လယ်မှရေငန်တက်ရောက်နိုင်မှုမရှိခြင်းကြောင့်(ပင်လယ်နှင့်ဝေးကွာခြင်းကြောင့်) တစ်နှစ်ပတ်လုံး ရေချိုလုံလောက်စွာရရှိလျက်ရှိပြီး ကျိုက်လတ်မြို့နယ်သည် မိုးစပါးဧက၁၃၀၀၀၀ ကျော်တွင် နွေစပါး ၁၃၀၀၀၀ ကျော်ဖြင့် သီးထပ်အပြည့် စိုက်ပျိုးနိုင်သော ဖျာပုံခရိုင်အတွင်းရှိ တစ်ခုတည်းသောမြို့နယ်ဖြစ်သည်။ ကျန်သုံးမြို့နယ်ဖြစ်သော ဖျာပုံ၊ ဘိုကလေးနှင့် ဒေးဒရဲမြို့နယ်တို့မှာမူ မိုးစပါးတစ်သီးသာကောင်းစွာ စိုက်ပျိုးနိုင်ပြီး နွေစပါးဧရိယာများစွာ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်လျက်ရှိသည်ကိုတွေ့ရှိရသည်။
သီးထပ်စွမ်းအားတိုးတက်စေရန် ရေချို အရင်းအမြစ်ရရှိနိုင်မှုအခြေအနေကောင်းများ
ရေချိုရေငန်စပ်ဧရိယာများအတွင်းနွေသီးထပ်စိုက်ပျိုးနိုင်ရန်အတွက် အဓိက လိုအပ်ချက်မှာ ရေချိုလုံလောက်စွာရရှိရေးနှင့် ရေငန်မဝင်ရောက်စေရေးပင်ဖြစ်သည်။ ဖျာပုံခရိုင်အတွင်းသို့ ရေချိုလုံလောက်စွာရရှိစေနိုင်သော ကြီးမားသောရေချိုအရင်းအမြစ်ရှိပြီး ၎င်းမှာ ဧရာဝတီမြစ်မှ ခွဲထွက်စီးဆင်းလာသောတိုးမြစ်ဖြစ်သည်။ တိုးမြစ်သည် မအူပင်ခရိုင်မှ ဖျာပုံခရိုင်အတွင်းသို့ စီးဆင်းလာပြီး ဒေးဒရဲမြို့နယ်တွင် တိုးမြစ်(ဒေးဒရဲမြစ်)အဖြစ် ပင်လယ်တွင်းသို့ စီးဝင်သည်။မအူပင်ခရိုင်မှ ဖြတ်သန်းစီးဆင်းလာသောတိုးမြစ်သည် ကျိုက်လတ်မြို့အနီးတွင် ကျိုက်လတ်မြစ်အဖြစ် စီးဆင်းလာပြီး ဖျာပုံမြို့အထက်နားအရောက်တွင် ဂုံညင်းတန်းမြစ်အဖြစ် ခွဲထွက်စီးဆင်းလျက်ရှိသည်။ ရေချိုသယ်ဆောင်ရာ အဓိကရေချိုအရင်းအမြစ်ဖြစ်သော ဂုံညင်းတန်းမြစ်သည် ဘိုကလေးမြစ်အတွင်း စီးဝင်၍ ပင်လယ်အတွင်း စီးဆင်းလျက်ရှိသည်။
ဂုံညင်းတန်းမြစ်သည် ရေငန်လိုင်း (ရေငန်တက်ရောက်မှု)နှင့် လွတ်ကင်းလျက်ရှိခြင်းကြောင့် တစ်နှစ်ပတ်လုံး ရေချိုရရှိသော ဖျာပုံခရိုင်အတွက် ကြီးမားသော ရေချိုအရင်းအမြစ် တစ်ခုဖြစ်သည်။
ကြက်ဖမွေးဇောင်းကျွန်းပတ်တာ ရေချိုရေရရှိရေး ဆောင်ရွက်ခြင်း
ကြက်ဖမွေးဇောင်းကျွန်းပတ်တာသည် ဖျာပုံမြို့နယ်အတွင်းတည်ရှိပြီး ရေငန်ဧရိယာအတွင်းတည်ရှိသော ကျွန်းပတ်တာတစ်ခုဖြစ်သည်။ ရေချိုရေငန်စပ် ဧရိယာများအတွင်း နွေသီးထပ်များတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်လေးခုရှိပြီး (က) ရေငန်တားခြင်း၊(ခ) ရေချိုသွင်းယူခြင်း၊ (ဂ) ရေချိုပေးဝေခြင်းနှင့် (ဃ)ရေချိုထိန်းခြင်းတို့ဖြစ်သည်။ ပင်လယ်ရေမဝင်စေရန် ရေငန်တားတာများတည်ဆောက်ခြင်း၊ ရေချို အရင်းအမြစ်မှ ရေချိုသွင်းမြောင်းများ ဆက်စပ်တူးဖော်၍ ရေချိုသွင်းယူခြင်း၊ရေချိုသွင်းရေတံခါးများတည်ဆောက်၍ ရေချိုသွင်းယူခြင်း၊ ဝင်ရောက်လာသော ရေချိုများအား စိုက်ပျိုးသော လယ်ကွက်များဆီသို့ရောက်ရှိစေရန် ရေချိုသွင်းမြောင်းဆက်စပ်တူးဖော်ပေးခြင်း၊ ဝင်ရောက်လာသောရေချိုများ ပင်လယ်တွင်းသို့စီးထွက်၍ ရေချိုဆုံးရှုံးခြင်းများမရှိစေရန် ရေထုတ်ရေတံခါးများကို ရေထိန်းတံခါးများအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့်ရေထိန်းရေတံခါးများတည်ဆောက်ခြင်း စသည်တို့ပင်ဖြစ်သည်။
(က) ရေငန်တားခြင်း
ကြက်ဖမွေးဇောင်း ကျွန်းပတ်တာ အတွင်းသို့ ရေငန်မဝင်ရောက်စေရန်အတွက် အလျား ၄၆ မိုင်ရှိသောကျွန်းပတ်တာကို ၁၉၇၆-၁၉၈၅ ခုနှစ် စပါး(၁)စီမံကိန်းအတွင်း တည်ဆောက်ခဲ့သည်။တာပျမ်းမျှ အမြင့် ၅ ပေခန့်ရှိပြီး သတ်မှတ်တာအမြင့် ၈ ဒသမ ၅ ပေဖြင့်တည်ဆောက်ခဲ့သည်။ ပင်လယ်ရေငန်တက်ရောက်မှုမှာ အမြင့်ဆုံး ၆ ဒသမ ၀ ပေအထိဖြစ်ရာလုံလောက်သောတာအမြင့်ဖြင့် ရေငန်ဝင်ရောက်မှုမှ အကျိုးပြုကာကွယ်ပေးလျက်ရှိသည်။
(ခ) ရေချိုသွင်းယူခြင်း
ကြက်ဖမွေးဇောင်းကျွန်းပတ်တာ ရေချို ရေရရှိနိုင်စေရေးအတွက် အဓိကကျသောဂုံညင်းတန်းမြစ်သည် ရေနည်းချိန်တွင်ပင်၅၀၀၀၀ ကုဗပေ/စက္ကန့် ပမာဏကျော်ရှိခြင်းကြောင့် လိုအပ်သည်ထက်များစွာပိုလျှံသော ရေချိုအရင်းအမြစ်တစ်ခုပင်ဖြစ်သည်။ သို့ဖြစ်ရာ ကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း စိုက်ဧကများတိုးချဲ့နိုင်ရန် လိုအပ်သောရေချိုကို ဂုံညင်းတန်းမြစ်မှရယူလျက်ရှိသည်။ ဂုံညင်းတန်းမြစ်မှတစ်ဆင့် ကျုံကန်ချောင်းအတွင်းသို့ ရေချိုရယူနိုင်ရေးအတွက် ဆက်စပ်ချောင်းများတူးဖော်လျက်ရှိပြီး ကျုံကန်ချောင်းမှတစ်ဆင့် ကျွန်းပတ်တာအတွင်းသို့ ရေချိုသွင်းယူနိုင်စေရန်အတွက်(မမိုးသူ၊ အောင်ချမ်းသာ)စသော ရေချိုသွင်းရေတံခါးများ တည်ဆောက်ပေးလျက်ရှိသည်။
(ဂ) ရေချိုပေးဝေခြင်း
ရေချိုသွင်းရေတံခါးများမှ ဝင်ရောက်လာသော ရေချိုများအား နွေစပါးစိုက်တောင်သူများ လွယ်ကူစွာစုပ်တင်သွင်းယူ၍ စိုက်ပျိုးနိုင်စေရန် ရေချိုသွင်းမြောင်းများ တူးဖော်ပေးလျက်ရှိသည်။ ရေချိုသွင်းမြောင်းများတူးဖော်ရာတွင် ရေချိုလိုအပ်သော စိုက်ပျိုးမြေများဆီသို့ လိုအပ်သောအချိန်တွင် လိုအပ်သောပမာဏအတိုင်း အပြည့်အဝရရှိနိုင်စေရန် စနစ်တကျသွင်းယူတူးဖော်ပေး
လျက်ရှိသည်။
(ဃ) ရေချိုထိန်းခြင်း
ဝင်ရောက်လာသော ရေချိုများပင်လယ်အတွင်းသို့ ပြန်လည်စီးထွက်ခြင်းမရှိစေရန်(ရေချိုလေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်)ရေထုတ်ရေတံခါးများတွင် ယာယီရေချိုထိန်းခြင်း၊ စပါး(၁)စီမံကိန်းအတွင်းတည်ဆောက်ခဲ့သော ရေထုတ်ရေတံခါးများအား ရေချိုထိန်းရေတံခါးများအဖြစ် အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ရေထိန်းတံခါးများတည်ဆောက်ခြင်း စသောရေချိုထိန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း တိုးတက်စိုက်ပျိုးလာသော အခြေအနေများကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် မတိုင်မီတွင်နွေစပါးအနည်းငယ်သာ စိုက်ပျိုးလျက်ရှိပြီးပျမ်းမျှနွေစပါးစိုက်ပျိုးဧက ၆၀၀၀ ဝန်းကျင်သာရှိသည်။ ရေချိုရေရရှိမှုမသေချာသောအခြေအနေများနှင့် ရေထုတ်ရေတံခါးများမှရေငန်ဝင်ရောက်သော အခြေအနေများကြောင့် အခက်အခဲများရှိခဲ့ပြီး အနည်းငယ်သာ စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်မှစတင်ကာ ကြက်ဖမွေးဇောင်းကျွန်းပတ်တာရေချိုရေရရှိရေးလုပ်ငန်းများ စတင်လျာထားဆောင်ရွက်ခဲ့ပြီး တောင်သူများ အရှိန်အဟုန်ဖြင့် တိုးတက်စိုက်ပျိုးလာသည်ကို လည်း တွေ့ရှိရသည်။ ကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း ပျမ်းမျှစိုက်ပျိုးမှု ဧက ၆၀၀၀ ဝန်းကျင်ခန့်သာရှိရာမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေသီးထပ်ဧရိယာ ဧက၉၆၀၀ ကျော်အထိ တိုးတက်စိုက်ပျိုးခဲ့သည်။ ယခုလက်ရှိ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဧက ၁၄၀၀၀ ခန့်အထိ တိုးတက်စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်နေသည်ကို တွေ့ရသည်။ ဖော်ပြပါတိုးတက်စိုက်ပျိုးမှုများအား Euro space agency မှ အခမဲ့ရယူနိုင်သော website တစ်ခုဖြစ်သည့် Copernicus browser (https://datas-pace.copernicus.eu/analyse/data-workspace)တွင် NDVI စိုက်ပျိုးမှုမြေပုံများ(Normalized Difference Vegetation Index)နှင့် NDWI စိုက်ပျိုးသီးနှံရေရရှိမှု မြေပုံများ(Normalized Difference Water Index)တို့ကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်သည်။
ကြက်ဖမွေးဇောင်း ကျွန်းပတ်တာသည် မိုးစပါးစိုက်ပျိုးဧရိယာဧက ၂၉၀၀၀ ကျော်ရှိရာ ယခုဆောင်ရွက်နေသောရေချိုရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက မိုးစပါးနည်းတူ နွေစပါးဧက ၂၉၀၀၀ ကျော်အထိ သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးလာနိုင်မည်ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးရေချိုရေငန်စပ်ဧရိယာများအတွင်း သီးထပ်စွမ်းအားတိုးတက်စေခြင်း
ဖျာပုံမြို့နယ် ကြက်ဖမွေးဇောင်းကျွန်းပတ်တာ ရေချိုရေရရှိရေးလုပ်ငန်းများဆောင်ရွက်နိုင်သည့်နည်းတူ အခြားသော ရေချိုရေငန်စပ်ဧရိယာများတွင်လည်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဖျာပုံခရိုင်အတွင်း ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့်ဒေးဒရဲမြို့နယ်တို့တွင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် လပွတ္တာခရိုင်အတွင်း လပွတ္တာမြို့နယ်တွင်လည်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ ရေငန်ဧရိယာများအတွင်း အထက်ဖော်ပြပါ ရေချိုရရှိစေမည့်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပေးခြင်းဖြင့် သီးထပ်စွမ်းအားများတိုးတက်ရရှိစေမည်ဖြစ်သည်။ ရေချိုရေငန်စပ်ဧရိယာများအတွင်း သီးထပ်စိုက်စွမ်းအားတိုးတက်စေရေး အထက်ဖော်ပြပါလုပ်ငန်းစဉ်များအား ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာစွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး တစ်ဧကကုန်ကျစရိတ် ခြောက်သိန်းကျော်ခန့်ဖြစ်သည်။ ကုန်ကျစရိတ်နှင့်အရင်းပြန်ပေါ်နိုင်မှုအချိုးမှာ ၁ ဒသမ ၇ ခန့်ဖြစ်ပြီး Internal Rate of Return အရင်းပြန်ပေါ်နိုင်မှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့်ဖြစ်ရာ သုံးနှစ်အတွင်း အရင်းကျေနိုင်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဧရာဝတီတိုင်းဒေသကြီးသည် ဆန်ဖူလုံမှုအချိုးအရလိုအပ်သည်ထက် ပိုလျှံသောဒေသကြီးတစ်ခုအဖြစ် ရပ်တည်လျက်ရှိသော်လည်း နိုင်ငံတော်အတွက် ဆန်အိုးကြီးသဖွယ် တည်ရှိခြင်းကြောင့် ယခုထက်ပိုမိုသော ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ အထွက်နှုန်းကောင်းမွန်မှု၊ အရည်အသွေးကောင်းမွန်မှု၊ သီးထပ်စိုက်စွမ်းအားတိုးတက်လာမှု (သီးနှံစိုက်ဧကများတိုးချဲ့နိုင်မှု) စသည်တို့သည် လိုအပ်လျက်ရှိဆဲပင်ဖြစ်သည်။သို့ဖြစ်ရာ နိုင်ငံတော်၏စားနပ်ရိက္ခာဖူလုံရေးနှင့် နိုင်ငံ့အကျိုးစီးပွားအတွက်လွန်စွာအရေးကြီးသောသီးထပ်စွမ်းအားမြှင့်တင်နိုင်ရေးလုပ်ငန်းစဉ်များအား စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ရေချိုရေငန်စပ်ဧရိယာများအတွင်း ရေချိုရေရရှိရေး အဓိကလုပ်ငန်းစဉ်များအား ဖော်ပြလိုက်ရပါသည်။ ။

မြန်မာနိုင်ငံသည် ရေသယံဇာတပေါကြွယ်ဝပြီး နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းကို ကျယ်ပြန့်သောမြစ်ချောင်းများ၏ ရေဝေရေလဲဧရိယာများဖြင့် လွှမ်းမိုးထားသည့်အပြင် နိုင်ငံ၏ ပြည်သူအများစုသည်လည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်ဆက်စပ်၍ အသက်မွေးဝမ်းကျောင်းပြုနေသူများဖြစ်ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စီးပွားရေးဦးတည်ချက်များတွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး နှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြား စီးပွားရေး ကဏ
မြန်မာနိုင်ငံသည် ရေသယံဇာတပေါကြွယ်ဝပြီး နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းကို ကျယ်ပြန့်သောမြစ်ချောင်းများ၏ ရေဝေရေလဲဧရိယာများဖြင့် လွှမ်းမိုးထားသည့်အပြင် နိုင်ငံ၏ ပြည်သူအများစုသည်လည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်ဆက်စပ်၍ အသက်မွေးဝမ်းကျောင်းပြုနေသူများဖြစ်ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စီးပွားရေးဦးတည်ချက်များတွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး နှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြား စီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ” ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိသည်။
အထက်ပါ ဦးတည်ချက်နှင့်အညီ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် “ရေ” လုံလောက်စွာရရှိရေးမှာ အဓိကကျသဖြင့် ရေရရှိရေးအတွက် ဆိုလာစနစ်ကိုအဓိကထား၍ နည်းလမ်းမျိုးစုံဖြင့် ကြံဆစီမံဆောင်ရွက်ပြီး သီးနှံများကို သီးထပ်စိုက်ပျိုးရေး၊ အထွက်နှုန်းကို သတ်မှတ်ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် ဆောင်ရွက်ရမည်ဖြစ်သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံ ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ရေတံခါး ၁၉၉ ခုနှင့် မြစ်ရေတင်လုပ်ငန်း၂၂၇ ခုတို့မှ စိုက်ပျိုးရေ၊ သောက်သုံးရေပေးဝေခြင်းဆောင်ရွက်လျက်ရှိရာ လက်ရှိဆောင်ရွက်ပြီး လျှပ်စစ်ရေတင် လုပ်ငန်းများတွင် ဆိုလာစနစ်တိုးချဲ့ပြောင်းလဲ တပ်ဆင်ခြင်းနှင့် ဆိုလာစနစ်ရေတင်စီမံကိန်း အသစ်များ တိုးချဲ့ဆောင်ရွက်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ စိုက်ပျိုးမြေ ၆၀၈၀၆ ဧကအတွက် ရေတင်လုပ်ငန်း ၄၇ ခု တွင် ဆိုလာကီလိုဝပ်၉၀၉၂ ဒသမ ၄၇၊ စိုက်ပျိုးမြေ ၂၈၉၈ဧကအတွက် စက်ရေတွင်း ၂၂၄ တွင် ဆိုလာကီလိုဝပ် ၁၂၉၇ ဒသမ ၆၁ စုစုပေါင်းလုပ်ငန်း ၂၇၁ ခုတွင် ဆိုလာကီလိုဝပ်၁၀၃၉၀ ဒသမ ၀၈ တပ်ဆင်၍ စိုက်ပျိုးမြေ၆၃၇၀၄ ဧကအား စိုက်ပျိုးရေပေးဝေလျက်ရှိသည်။ ထို့ပြင် ရေတင်လုပ်ငန်းများမှအသုံးပြုနေသော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသောလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ပြီး လျှပ်စစ်ရေတင်လုပ်ငန်းများတွင် ဆိုလာစနစ်ပူးတွဲတပ်ဆင် နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျပြီး မရှိမဖြစ်လိုအပ်သည့် စိုက်ပျိုးရေရရှိရေးအတွက် နိုင်ငံတော်မှ နည်းလမ်းမျိုးစုံဖြင့် စီမံဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်ကိုသာ အဓိကအားကိုးမနေဘဲ တောင်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ရန် လိုအပ်သည်။ နိုင်ငံတော်ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှသာ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများအတွက် လျင်မြန်သော အကျိုးပြုမှုကိုရရှိနိုင်မည်ဖြစ်သည်။
နိုင်ငံတော်မှလည်း တောင်သူများ စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာစနစ် စိုက်ပျိုးရေစက်ရေတွင်းများ တူးဖော်ခြင်း၊ လက်ရှိအသုံးပြုနေသော စိုက်ပျိုးရေစက်ရေတွင်းများတွင် ဆိုလာစနစ်တပ်ဆင်ခြင်း၊ မြစ်/ချောင်း/ကန်/မြောင်းများမှ ရေကို ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လွန်စွာသက်သာသော အတိုးနှုန်းထား (တစ်နှစ်လျှင် ၂ ရာခိုင်နှုန်း)ဖြင့် ချေးငွေကာလ တစ်နှစ်ခြောက်လသတ်မှတ်ပြီး ထုတ်ချေးပေးလျက်ရှိသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်၆၀၄ ဒသမ ၂၀ သန်းဖြင့် ပြည်ထောင်စုနယ်မြေ အပါအဝင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၉ မြို့နယ်၊ တောင်သူ၁၃၂ ဦး၊ လုပ်ငန်း ၁၆၅ ခုမှ စိုက်ပျိုးမြေ ၁၃၉၂ ဒသမ ၃၃ ဧကအတွက် စိုက်ပျိုးရေရရှိရေး ပထမအကြိမ်အနေဖြင့် ထုတ်ချေးပေးပြီးဖြစ်သည်။ ဒုတိယအကြိမ်အနေဖြင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်၊ တောင်သူ ၇၉ ဦး၊ လုပ်ငန်း ၇၉ ခုမှ စိုက်ပျိုးမြေ ၅၂၂ ဒသမ ၇၁ဧက စိုက်ပျိုးရေရရှိရေးအတွက် ရန်ပုံငွေကျပ် ၃၉၀ ဒသမ ၆ သန်း၊ တတိယအကြိမ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်တို့အတွင်းရှိ ဒေသခံတောင်သူ ၁၅၂ ဦး၊ လုပ်ငန်း ၁၅၂ ခုမှ စိုက်ပျိုးမြေ ၉၁၂ ဧက စိုက်ပျိုးရေရရှိရေးအတွက် ရန်ပုံငွေကျပ်သန်း ၁၀၀၀ ထပ်မံ ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးမြင်းမူမြို့နယ်ရှိ ဝမ်းပြည့်လျှပ်စစ်ရေတင်လုပ်ငန်းတွင် ၁၆၅ ကီလိုဝပ် ဆိုလာစနစ်တွဲဖက်တပ်ဆင်ခြင်းနှင့် ရေသောက်စနစ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်၍ စိုက်ပျိုးမြေဧက ၄၅၀ ပြည့် စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်ခြင်းနှင့် အလျင်အမြန် အကျိုးရလဒ်(Quick Win)ရရှိနိုင်မည့် ရေတင်စီမံကိန်း ၅၉ ခုအနက်မှ တစ်နှစ်ခန့်အတွင်း ပြီးစီးနိုင်မည့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ ကျွန်းဦးဆိုလာစနစ်ရေတင်စီမံကိန်း (အကျိုးပြုဧက-၅၀၀)၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ဆိပ်သာ ဆိုလာစနစ်ရေတင်စီမံကိန်း (အကျိုးပြု ဧက-၂၀၀)၊ ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ်ရှိ သာယာကုန်းဆိုလာစနစ်ရေတင်စီမံကိန်း(အကျိုးပြုဧက-၄၅၀) များအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် GRF ရန်ပုံငွေဖြင့် လုပ်ငန်းများချက်ချင်း စတင်ပြီး စိုက်ပျိုးရေရရှိရေးအတွက် အလျင်အမြန်အကျိုးပြုစေရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားကို ကုန်ထုတ်စွမ်းအားတိုးတက် မြင့်မားစေရေးအတွက် အဓိကထား၍ ဖြန့်ဝေပေးနေသည့်အချိန်တွင် စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာစနစ်သုံး ရေတင်လုပ်ငန်းများအား အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ ဒေသနေပြည်သူများ၏ လူမှုစီးပွားတိုးတက်လာခြင်းနှင့်အတူ နိုင်ငံတော်၏ စားရေရိက္ခာဖူလုံမှုနှင့် စိုက်ပျိုးစီးပွားကဏ္ဍ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ။

စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံ၌ နိုင်ငံ့လူဦးရေ အများဆုံးနေထိုင်ရာ ကျေးလက်ဒေသများ၏ အဓိကကုန်ထုတ်လုပ်ငန်းသည် လယ်ယာကဏ္ဍကို အခြေခံလျက်ရှိနေသော်လည်း ပြည်ပမှတင်သွင်းသော စားသောက်ကုန် လူသုံးကုန်များကို များစွာမှီခိုနေရဆဲဖြစ်ရာ ပြည်တွင်းစားရေရိက္ခာ ဖူလုံရေးနှင့်နိုင်ငံခြားငွေသုံးစွဲရမှု လျှော့ချနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက သီးနှံအမျိုးအစားအလိုက် အထွက်နှုန်းမြှင့်တင်နိုင်ရေးနှင့် စိုက်ဧရိယာ တိုးတက်ရေးကို အလေးထားစီမံ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆန်စပါးပြီးလျှင် စားသ
စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံ၌ နိုင်ငံ့လူဦးရေ အများဆုံးနေထိုင်ရာ ကျေးလက်ဒေသများ၏ အဓိကကုန်ထုတ်လုပ်ငန်းသည် လယ်ယာကဏ္ဍကို အခြေခံလျက်ရှိနေသော်လည်း ပြည်ပမှတင်သွင်းသော စားသောက်ကုန် လူသုံးကုန်များကို များစွာမှီခိုနေရဆဲဖြစ်ရာ ပြည်တွင်းစားရေရိက္ခာ ဖူလုံရေးနှင့်နိုင်ငံခြားငွေသုံးစွဲရမှု လျှော့ချနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက သီးနှံအမျိုးအစားအလိုက် အထွက်နှုန်းမြှင့်တင်နိုင်ရေးနှင့် စိုက်ဧရိယာ တိုးတက်ရေးကို အလေးထားစီမံ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆန်စပါးပြီးလျှင် စားသုံးမှုအများဆုံး သီးနှံတစ်မျိုးဖြစ်သည့် ဂျုံသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလည်း ပါဝင်ကြောင်း တွေ့ရှိ ရမည်ဖြစ်သည်။
ရှေးယခင်က မိမိတို့နိုင်ငံတွင် ဂျုံစားသုံးမှုအနေဖြင့် ပေါင်မုန့်၊ ကိတ်မုန့်၊ ပေါက်စီ၊ ဘီစကွတ်နှင့်လူတန်းစား အလွှာစုံစားသုံးသည့် ရွှေကြည်၊ ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်များကိုသာ အသုံးပြုမှု များပြားခဲ့သော်လည်း ဆယ်စုနှစ်အနည်းငယ်အတွင်း၌ အသင့်စားခေါက်ဆွဲထုပ် စားသုံးခြင်း တွင်ကျယ်လာမှုနှင့်အတူ မာလာရှမ်းကော၊ မာလာမောက်ချိုက်အပါအဝင် ချက်ပြုတ်နည်းမျိုးစုံ၊ စားသုံးသည့် ပုံသဏ္ဌာန်အမျိုးမျိုးတို့ဖြင့် ခေါက်ဆွဲစားသုံးမှုများစွာ တိုးတက်လာသည်ကို သတိပြုမိကြမည်ဖြစ်သည်။ အလားတူ ဂျုံအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများက ထုတ်လုပ်သည့် စားသောက်ကုန်အများအပြား ဈေးကွက်ဝင်လာသကဲ့သို့ စားသုံးမှုပမာဏသည်လည်း တစ်နေ့တခြား တိုးပွားလာလျက်ရှိနေသည်။
ပြည်တွင်းဂျုံသီးနှံထုတ်လုပ်မှုအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ခြောက်ခုတွင် ဧက ၁၂၆၀၀၀ ကျော်စိုက်ပျိုးလျက်ရှိပြီး စုစုပေါင်းဂျုံအထွက် တင်း ၂,၉၇၀,၀၀၀ ကျော်ထွက်ရှိကာ ဂျုံမှုန့်တန်ချိန် ၇၂၇,၀၀၀ ကျော်ကို နှစ်စဉ်ထုတ်လုပ်လျက် ရှိနေသော်လည်း ကမ္ဘာ့ဂျုံတင်သွင်းသည့်နိုင်ငံ ၁၂၅ နိုင်ငံတွင် မြန်မာနိုင်ငံက ၆၉ နိုင်ငံမြောက် ဂျုံအများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်နေခြင်းက ပြည်တွင်းဂျုံလိုအပ်ချက်ကို သိသာထင်ရှားစေလျက်ရှိသည်။
သို့ဖြစ်၍လည်း ဖေဖော်ဝါရီလ ၆ ရက်က မြန်မာနိုင်ငံ ဂျုံစက်လုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကိုဖိတ်ကြားပြီး နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန နဝရတ်ခန်းမ၌ ဂျုံအခြေခံသည့် စားသောက်ကုန်များ ထုတ်လုပ်ရန်အရည်အသွေးကောင်းသည့် ပြည်တွင်းထုတ်ဂျုံမျိုးများ တိုးချဲ့စိုက်ပျိုးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ညှိနှိုင်းဆွေးနွေးပွဲမကျင်းပမီ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနတာဝန်ရှိသူများ၊ ဂျုံသီးနှံပညာရှင်များ၊ သုတေသီများက ပြည်တွင်းဂျုံမျိုးများဖြင့် ထုတ်လုပ်ထားသည့် ပေါင်မုန့်၊ ပေါက်စီနှင့်ဂျုံအခြေခံ စားသောက်ကုန်နမူနာများကို ပြသကာ ဂျုံမျိုးအလိုက် စားသုံးမှုအရည်အသွေးကို ဂျုံစက်လုပ်ငန်းရှင်များအား လက်တွေ့မြည်းစမ်းနိုင်ကြစေရန် စီစဉ်ပေးထားသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး၏ အဓိကဆွေးနွေးချက်အနေဖြင့် ပြည်တွင်းစားသုံးသူများ ကြိုက်နှစ်သက်သော အရည်အသွေးနှင့် အနံ့အရသာကောင်းမွန်သည့် ဂျုံမျိုးများကို နှစ်အလိုက်တိုးချဲ့စိုက်ပျိုး၍ ဂျုံစေ့၊ ဂျုံမှုန့်များတိုးမြှင့်ထုတ်လုပ်ရေး ဆောင်ရွက်ရာတွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်လိုက်သည့် ဂျုံကို ဝယ်ယူမည့်ဈေးကွက် သေချာစေရန် ဂျုံစက်လုပ်ငန်းရှင်များနှင့် ပဏာမ ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များလိုအပ်သည့် ဂျုံအမျိုးအစားနှင့် လိုအပ်ချက်ပမာဏကို သိရှိမှသာ မျိုးပွားခြင်း၊ မျိုးဖြန့်ခြင်းနှင့်အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းများကို စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် လုပ်ငန်းရှင်များအတွက် အမှန်တကယ်အကျိုးရှိစေပြီး ရေရှည်ဖွံ့ဖြိုးသည့် စီမံဆောင်ရွက်မှုဖြစ်မှသာ ပြည်ပမှဂျုံကုန်ကြမ်းမှီခိုမှုကင်းသော အခြေအနေကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ဂျုံစက်လုပ်ငန်းရှင်များ လက်တွေ့မြည်းစမ်းထားကြသည့် ပြည်တွင်းဂျုံမျိုးအလိုက် စားသုံးမှုအရည်အသွေးကို လွတ်လပ်ပေါ့ပါးစွာ အားမနာစတမ်း သဘောထားမှတ်ချက်ပေးကြရန်နှင့် အသုံးပြုလိုသည့် အခြားဂျုံမျိုးကို သဘောထားမှတ်ချက်ပေးမည် ဆိုပါကလည်း ပြည်တွင်း၌ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
လုပ်ငန်းရှင်များ၏ တင်ပြချက်များကို အနှစ်ချုပ်လေ့လာကြည့်ပါက ပြည်ပမှတင်သွင်းသော ဂျုံကုန်ကြမ်းများမှာ ဖုန်၊ သဲ၊ ခဲကင်းစင်ပြီး ကုန်ကြမ်းအရည်အသွေး တည်ငြိမ်မှုရှိသဖြင့် ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်ကို တင်သွင်းအသုံးပြုရခြင်း ဖြစ်ကြောင်းနှင့် ပြည်တွင်းထွက် ဂျုံကုန်ကြမ်းများ အရည်အသွေးတည်ငြိမ်မှုရှိရန် စီမံဆောင်ရွက်နိုင်ပါက ပြည်တွင်းဂျုံကုန်ကြမ်းကိုသာ အသုံးပြုလိုကြကြောင်း မှတ်သားခဲ့ရသည်။ အဆိုပါအချက်သည် ဂျုံသီးနှံတွင်သာမက သီးနှံများ ရောင်းဝယ်ဖောက်ကားရာတွင် ကြားသိနေရသည့် ပြဿနာတစ်ခုဖြစ်သည်။ ရိတ်သိမ်းခြွေလှေ့မှုတွင် ဖုန်၊ သဲ၊ ခဲ အနည်းငယ် ပါဝင်မှုရှိနိုင်သော်လည်း မသမာသူအချို့ကြောင့် ဈေးကောင်းမရခြင်း၊ ဈေးကွက်ပျက်ရခြင်းများကို တားဆီးကာကွယ်နိုင်စေရန် ရိတ်သိမ်းသူ၊ သိုလှောင်သူ၊ သယ်ယူဖြန့်ချိသူ စသည့် ဈေးကွက်စီးဆင်းမှုကွင်းဆက်တွင် ပါဝင်ပတ်သက်သူ အားလုံးသတိပြု၍ ဝိုင်းဝန်းထိန်းကျောင်း သွားကြရန် လိုအပ်မည်ဖြစ်သည်။
လုပ်ငန်းရှင်များ တင်ပြသကဲ့သို့ ပြည်တွင်း၌စားသုံးလျက်ရှိသည့် ဂျုံအခြေခံစားသောက်ကုန်များ ထုတ်လုပ်ရာတွင် ပြည်တွင်းဂျုံကုန်ကြမ်းကိုသာ အပြည့်အဝအသုံးပြု သွားမည်ဆိုပါက ဂျုံသီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက်တွင်ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းလည်း များစွာဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။
တောင်သူများထံမှ သတင်းစကားများအရ ပုံမှန်စိုက်ပျိုးပြုစုမှုဖြင့် ထွက်ရှိသည့် ဂျုံအထွက်နှုန်းနှင့် သီးနှံပေါက်ဈေးအရ ဝင်ငွေအကျိုးအမြတ် သင့်တော်ကောင်းမွန်မှုရှိကြောင်း၊ သို့သော် အချို့ဒေသများတွင် လုပ်ငန်းရှင်နှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်မှုကြောင့် ဝယ်လက်သေချာသော်လည်း အချို့ဒေသများအတွက် ဝယ်လက်ချိတ်ဆက်မှု လိုအပ်နေကြောင်း သိရှိရသည်။
လက်ရှိပြည်တွင်း၌ အဓိကစိုက်ပျိုးသည့်ဂျုံမျိုးများမှာ မုံရွာဂျုံဖြူ၊ ဇလုပ်ဖြူ-၁၊ ဇလုပ်ဖြူ-၂၊ ရေဆင်းဂျုံ-၉၊ ရေဆင်းဂျုံ-၁ဝ၊ ရေဆင်းဂျုံ-၁၁ နှင့် ရေဆင်းဂျုံ-၁၂ တို့ဖြစ်ပြီး အဆိုပါဂျုံမျိုးများမှာ Mexico နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ပြောင်းဖူးနှင့်ဂျုံသုတေသနဌာန(International Maize and Wheat Improvement Center, CIMMYT)မှ တင်သွင်း၍ မျိုးရွေးချယ်ရရှိထားသော ဂျုံမျိုးများဖြစ်ကာ အပူဒဏ်၊ ရေငတ်ဒဏ်နှင့်ရောဂါဒဏ်ခံနိုင်ပြီး အထွက်ကောင်းသည့် ပေါင်မုန့်ဂျုံမျိုးများဖြစ်၍ အမှန်တကယ် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်မည်ဆိုပါက စိုက်ပျိုးသူတောင်သူများနှင့် ကုန်ကြမ်းအသုံးပြုသူ လုပ်ငန်းရှင်များ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်ဖြစ်သည်။
သို့ဖြစ်၍ ဂျုံသီးနှံစိုက်ပျိုးနိုင်သည့် မြေဧရိယာများစွာ ရှိနေသော မိမိတို့နိုင်ငံတွင် စိုက်ပျိုးအောင်မြင်သော ဂျုံမျိုးများ အသင့်ရှိနေပြီးဖြစ်သကဲ့သို့ ဂျုံစက်လုပ်ငန်းရှင်များ၏ ပြည်တွင်း ဂျုံကုန်ကြမ်းအသုံးပြုလိုမှု တောင်းဆိုချက်များလည်း ရှိနေပြီဖြစ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများ အားပြုစရာ ဂျုံသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဌာနအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးတို့က ကျရာအခန်းကဏ္ဍများမှ ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းသွားကြရန် တိုက်တွန်းလိုက်ရပါသည်။ ။

မြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထက်ကတည်းက ယခင်အခေါ် ကြက်ပေါင်စေးပင်(ရော်ဘာ)အား အစေးလှီး၍ ချပ်ဝတ်တန်ဆာ၊ လက်နက်ကိရိယာများတွင် ထည့်သွင်းအသုံးပြုခဲ့ကြသည်။ ယခုမျက်မှောက်ကာလ စက်မှုလက်မှုဖွံ့ဖြိုးသောအချိန်တွင် ယာဉ်ယန္တရားများ၊ လက်နက်နှင့် စက်မှုလုပ်ငန်းများ(ကြီး၊ ငယ်၊ လတ်)တွင် မရှိမဖြစ် အသုံးပြုနေသော ကမ္ဘာ့ထိပ်တန်းဝင်အပင်မျိုးစိတ်တစ်ခုဖြစ်ပေသည်။ ပြည်ပပို့ကုန်တွင်လည်း အဓိကနေရာမှ ရပ်တည်လျက်ရှိသည်။ယနေ့မျက်မှောက်ခေတ်တွင် ပြည်ပနိုင်ငံများသို့ ရော်ဘာကို ကုန်ကြမ်းအဖြစ်ပို့သည်ထက် တိုင်းပြည်ဘဏ္ဍာတိုးတက်စေရန်အဆင့်မြင့်ကုန်ချောအဖြစ် ထုတ်လုပ်ပို
မြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထက်ကတည်းက ယခင်အခေါ် ကြက်ပေါင်စေးပင်(ရော်ဘာ)အား အစေးလှီး၍ ချပ်ဝတ်တန်ဆာ၊ လက်နက်ကိရိယာများတွင် ထည့်သွင်းအသုံးပြုခဲ့ကြသည်။ ယခုမျက်မှောက်ကာလ စက်မှုလက်မှုဖွံ့ဖြိုးသောအချိန်တွင် ယာဉ်ယန္တရားများ၊ လက်နက်နှင့် စက်မှုလုပ်ငန်းများ(ကြီး၊ ငယ်၊ လတ်)တွင် မရှိမဖြစ် အသုံးပြုနေသော ကမ္ဘာ့ထိပ်တန်းဝင်အပင်မျိုးစိတ်တစ်ခုဖြစ်ပေသည်။ ပြည်ပပို့ကုန်တွင်လည်း အဓိကနေရာမှ ရပ်တည်လျက်ရှိသည်။ယနေ့မျက်မှောက်ခေတ်တွင် ပြည်ပနိုင်ငံများသို့ ရော်ဘာကို ကုန်ကြမ်းအဖြစ်ပို့သည်ထက် တိုင်းပြည်ဘဏ္ဍာတိုးတက်စေရန်အဆင့်မြင့်ကုန်ချောအဖြစ် ထုတ်လုပ်ပို့ဆောင်နိုင်ရန် နိုင်ငံတော်မှလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသေးစား၊ အလတ်စား၊ အငယ်စား၊ စက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးပြည်နယ်မှာ မွန်ပြည်နယ်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသော ဈေးကွက်အနေအထားအရရော်ဘာကို ထပ်မံတိုးချဲ့စိုက်ပျိုးရန် လိုအပ်လာသည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက်စစ်ကိုင်းတိုင်းဒေသကြီးသည် ရော်ဘာစမ်းသပ်စိုက်ပျိုးခဲ့သော နောက်ဆုံးတိုင်းဒေသကြီးဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းသည် ရေမြေရာသီဥတုအခြေအနေအရ ရော်ဘာတိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် အလားအလာကောင်းများရှိသောကြောင့် ရော်ဘာစိုက်ပျိုးရန် ပထမခြေလှမ်းအဖြစ် ၂၀၀၅ခုနှစ်ကစတင်ခဲ့သည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှလည်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် မြန်မာ့နှစ်ရှည်ပင်လုပ်ငန်း တိုင်းမန်နေဂျာရုံးနှင့် ကလေးမြို့တွင် မြန်မာ့နှစ်ရှည်ပင်လုပ်ငန်း၊ မြို့နယ်မန်နေဂျာရုံးများ ဖွင့်လှစ်ကာ ရော်ဘာသီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်သော စိုက်ပျိုးရေးပညာရှင်များကို တာဝန်ပေးအပ်ခဲ့သည်။ ၎င်းအချိန်တွင် တိုင်းဒေသကြီးအတွင်း တိုင်းရုံးနှင့် မြို့နယ်ရုံး နှစ်ရုံးသာရှိသောကြောင့် ကလေးမြို့ မြို့နယ်မန်နေဂျာရုံးမှ စိုက်ပျိုးရေးပညာရှင်များက ဖောင်းပြင်မြို့နယ်၊ တမူးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်တို့သို့ ကွင်းဆင်း၍ ရော်ဘာစိုက်ပျိုးမည့်တောင်သူများနှင့်တွေ့ဆုံကာ ရော်ဘာစိုက်ပျိုးရေးနှင့် ပတ်သက်သည့် နည်းပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။နိုင်ငံတော်အကြီးအကဲကလည်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရော်ဘာခြံရှင် ဦးမောင်ညိုထံမှ ရော်ဘာမျိုးစေ့နှင့် ရော်ဘာပျိုးပင်ငုတ်(Bare Root) များကို တပ်မတော်လေယာဉ်ဖြင့် ဟုမ္မလင်းမြို့ရော်ဘာစိုက်ပျိုးမည့်တောင်သူများထံသို့အခမဲ့ပို့ဆောင်ပေးခဲ့သည်။
ဟုမ္မလင်းမြို့နယ်ရှိ ရော်ဘာစိုက်ပျိုးရန်စိတ်ဝင်စားသည့် တောင်သူများကမြန်မာ့နှစ်ရှည်ပင်လုပ်ငန်းဝန်ထမ်းများနှင့် ချိတ်ဆက်ကာ ရော်ဘာမျိုးစေ့ပျိုးထောင်ခြင်းလုပ်ငန်း၊ ရော်ဘာပျိုးပင်ငုတ် (Bare Root)များအား ပျိုးအိတ်ထည့်ခြင်းလုပ်ငန်းနှင့်ကိုင်းပွားခင်းတည်ထောင်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ ရော်ဘာစိုက်ပျိုးခြင်းလုပ်ငန်းကို ၂၀၀၅ ခုနှစ်မိုးရာသီမှစတင်စိုက်ပျိုးခဲ့ပြီး ရော်ဘာမျိုးများအနေဖြင့် GT-1၊ RRIM- 600၊ RRIM -623၊ BPM-24 နှင့် နောင်နန်းမျိုးသန့် ပျိုးပင်များအား စိုက်ပျိုးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရော်ဘာစိုက်ပျိုးဧကများ တိုးတက်လာသောကြောင့်၂၀၁၂ ခုနှစ်တွင် ဝန်ကြီးဌာနမှ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန ဖောင်းပြင်မြို့နယ်ရှေ့တန်းစခန်းရုံး၊ ဟုမ္မလင်းမြို့နယ် ရှေ့တန်းစခန်းရုံးနှင့် ခန္တီးမြို့နယ် ရှေ့တန်းစခန်းရုံးများ ထပ်မံတိုးချဲ့ဖွင့်လှစ်ပြီးစိုက်ပညာရှင်ဝန်ထမ်းများအား ခန့်ထားတာဝန်ပေးအပ်ခဲ့သည်။
ခန္တီးမြို့နယ်တွင် ၂၀၀၆ ခုနှစ်မှ စတင်၍ ရော်ဘာစိုက်ပျိုးခဲ့ရာ ယခုအချိန်ထိရော်ဘာ ဧက ၂၅၀ ခန့် စိုက်ပျိုးခဲ့ပြီး ရော်ဘာမျိုးမှာ နောင်နန်းမျိုးသန့်ပျိုးပင်ဖြစ်သည်။
ရော်ဘာစိုက်ပျိုးဧကများအနက် အချို့ရော်ဘာခြံများမှာ ရော်ဘာအစေးခြစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တစ်ဧကအထွက်နှုန်းမှာ ပေါင် ၆၀၀-၈၀၀ ခန့်ဖြစ်သည်။ ခန္တီးဒေသ၏ ရေ၊ မြေ၊ရာသီဥတုအနေအထားအရ ရော်ဘာတိုးချဲ့စိုက်ပျိုးရန် အလားအလာများစွာရှိသည်။ သို့ဖြစ်ပါ၍ အထွက်ကောင်းမျိုးအဖူးကူးရော်ဘာပျိုးပင်များဖြင့် တိုးချဲ့စိုက်ပျိုးရေးစည်းရုံးဆောင်ရွက်သင့်သည်။သို့မှသာ ရော်ဘာစေးအပြင် စီးပွားရေးသက်တမ်း ၃၀ နှစ် ကျော်လွန်လာပါကရော်ဘာသစ်အဖြစ် ထုတ်လုပ်ရောင်းချသွားနိုင်မည်လည်းဖြစ်သည်။
ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ အားသာချက်တစ်ခုမှာ Agroforestry အဖြစ် အာဟာရစားသုံးရန် အမြစ်စဉ် ဖွဲ့စည်းမှုမတူသော ရော်ဘာနှင့် ကော်ဖီသီးနှံအား ကြားသီးနှံအဖြစ် စိုက်ပျိုးနိုင်ပြီး ကော်ဖီအတွက် ထည့်သွင်းသော အာဟာရမြေဩဇာများကိုရော်ဘာသီးနှံမှလည်း မျှယူစားသုံးနိုင်၍ သွင်းအားစုအပေါ် ပိုမိုထိရောက် အကျိုးပြုစေသည်။ ကော်ဖီသီးနှံအတွက်လည်း ရော်ဘာပင်သည် နှစ်ရှည်အရိပ်ရပင်ဖြစ်၍ အရိပ်ရပင်သီးသန့် ကြိုတင်စိုက်ပျိုးရမည့်လုပ်ငန်းနှင့် ကုန်ကျစရိတ်လျော့နည်းသက်သာမှုရှိစေသည်။ ရော်ဘာ+ ကော်ဖီ သီးညှပ်စိုက်ပျိုးထားရှိခြင်းဖြင့် တစ်နှစ်ပတ်လုံးအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးထား၍ လုပ်သားရှားပါးမှု ပြဿနာ ဖြေရှင်းပြီးဖြစ်သည့်အပြင် လုပ်သားမိသားစုမှာလည်း တစ်နှစ်ပတ်လုံးလုပ်ငန်းရှိသည့်အတွက် မိသားစုဝင်ငွေရရန်အခြားလုပ်ငန်းမရှာရ၍ ပျော်ရွှင်ချမ်းမြေ့စေမည်ဖြစ်သည်။ ခြံရှင်အနေဖြင့်လည်း သီးနှံနှစ်မျိုးမှ အကျိုးအမြတ်ဝင်ငွေပိုမိုရရှိသဖြင့် စီးပွားရေးတွက်ခြေကိုက်ပြီး လုပ်ငန်းအောင်မြင်အောင်ဆောင်ရွက်ရေးအတွက် တွန်းအားတစ်ရပ်ဖြစ်စေသည်။ သဘာဝဂေဟစနစ်အား တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်မည်လည်းဖြစ်ပါသည်။
ခြံရှင်များအနေဖြင့် အလေးထား သတိပြုရမည်မှာ ဧရိယာယူနစ်တစ်ခုတည်း၌သီးနှံနှစ်မျိုး တစ်ပြိုင်တည်း စိုက်ပျိုးထုတ်လုပ်နေ၍ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ စနစ်တကျ အချိန်ကိုက် အချိုးကျထည့်သွင်းခြင်း၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နည်းစနစ်များ စသည့်သီးနှံများနှင့်ပတ်သက်သည့် စိုက်ပျိုးရေး၊ ရိတ်သိမ်းချိန်လွန်၊ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ခေတ်မီနည်းစနစ်များကို ကျင့်သုံးလိုက်နာဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပညာရှင်ဝန်ထမ်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်လိုအပ်သည်။
လက်ရှိအားဖြင့် ခန္တီးမြို့နယ်အတွင်း ရော်ဘာအစေးခြစ်ခြင်းလုပ်ငန်းမှ ထွက်ရှိလာသော ရော်ဘာပြားများကို ဟုမ္မလင်းမြို့ ရော်ဘာအဝယ်ဒိုင်များသို့လည်းကောင်း၊ မန္တလေးမြို့ ရော်ဘာအဝယ်ဒိုင်များသို့လည်းကောင်း တင်ပို့ရောင်းချလျက်ရှိသည်။ ထို့ပြင် နောင်တစ်ချိန်၌ Export Quality ရော်ဘာပြားများ ထုတ်လုပ်နိုင်ပါက Grade အလိုက်သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိလာမည်လည်းဖြစ်သည်။
ယခုအခါတွင် အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် ကျွမ်းကျင်အစေးလှီးလုပ်သားများ ရှားပါးမှုတို့ကြောင့် ရော်ဘာကုန်ကြမ်းထုတ်လုပ်မှုလျော့နည်းနေသည်။ အဆိုပါအခက်အခဲများကို ကျော်လွှားနိုင်ရန် ရော်ဘာကုန်ကြမ်းမှ တစ်ဆင့် ကုန်ချောဖြစ်သောသားရေကွင်းလုပ်ငန်း၊ ပူဖောင်းလုပ်ငန်း၊ လက်အိတ်လုပ်ငန်း၊ စက်ဘီးတာယာနှင့်ကျွတ်လုပ်ငန်း၊ ဆိုင်ကယ်တာယာနှင့်ကျွတ်လုပ်ငန်း၊ ကားတာယာနှင့်ကျွတ်လုပ်ငန်းများဖြစ်သော အသေးစား၊အလတ်စား၊ အငယ်စား (MSME) လုပ်ငန်းများကို ဒေသတွင်းဆောင်ရွက်နိုင်မည်ဆိုပါက ဒေသခံရော်ဘာခြံရှင်များယခင်ထက် ဝင်ငွေတိုးတက်လာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် နိုင်ငံ၏ GDP လည်း တိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။ ။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး သီးနှံမျိုးစုံ ပေါက်ရောက် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ရေမြေသဘာဝကို ပိုင်ဆိုင်ထားရှိသည်။ နိုင်ငံ၏စီးပွားဖြစ်သီးနှံအဖြစ် သီးနှံ (၁၀)မျိုးကို သတ်မှတ်ပြီး ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ သီးနှံစုံပေါက်ရောက်ဖြစ်ထွန်းနေသည့် နိုင်ငံတွင် အချို့သော သီးနှံများမှာ အသုံးပြုမှုနည်းခြင်း၊ အသုံးပြုရန် မေ့လျော့နေကြခြင်း စသည်တို့ကြောင့် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု မပြုလုပ်သေးသည့် သီးနှံများစွာရှိနေသည်။ ၎င်းတို့အနက် ယခုရေးသားတင်ပြမည့် သီးနှံဖြစ်သော ကျောက်သား
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး သီးနှံမျိုးစုံ ပေါက်ရောက် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ရေမြေသဘာဝကို ပိုင်ဆိုင်ထားရှိသည်။ နိုင်ငံ၏စီးပွားဖြစ်သီးနှံအဖြစ် သီးနှံ (၁၀)မျိုးကို သတ်မှတ်ပြီး ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ သီးနှံစုံပေါက်ရောက်ဖြစ်ထွန်းနေသည့် နိုင်ငံတွင် အချို့သော သီးနှံများမှာ အသုံးပြုမှုနည်းခြင်း၊ အသုံးပြုရန် မေ့လျော့နေကြခြင်း စသည်တို့ကြောင့် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု မပြုလုပ်သေးသည့် သီးနှံများစွာရှိနေသည်။ ၎င်းတို့အနက် ယခုရေးသားတင်ပြမည့် သီးနှံဖြစ်သော ကျောက်သားပျက်သီးလည်း တစ်ခုအပါအဝင်ဖြစ်သည်။
ကျောက်သားပျက်သီး (Gac Fruit) သည် ကြက်ဟင်းခါးမျိုးနွယ်၊ ဘူး၊ ဖရုံ၊ သခွားများ ပါဝင်သည့် အပင်မျိုးနွယ် (Cucurbita) အုပ်စုဝင်တစ်ခုဖြစ်သည်။၎င်းသည် ကြက်ဟင်းခါးမျိုးများနှင့် မျိုးရင်း (Momordica) တူညီပြီး မျိုးစိတ်သာကွဲပြားခြားနားသည်။ အင်္ဂလိပ်အမည်အားဖြင့် GAC fruit ဟုခေါ်ပြီး နိုင်ငံဒေသအလိုက် အခေါ်အဝေါ်ကွဲပြားမှုများရှိသည်။ ကျောက်သား ပျက်သီး၏ သိပ္ပံအမည်မှာ Momordica cochinchinensis Spreng ဖြစ်သည်။
ကျောက်သားပျက်၏ မူရင်းဒေသမှာ အရှေ့တောင်အာရှဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံစသည်တို့တွင် သဘာဝအတိုင်း ပေါက်ရောက်ပြီး ယခုကာလတွင် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် စီးပွားဖြစ်စိုက်ပျိုးလာကြသည်။ မြန်မာနိုင်ငံတွင် သာစည်မြို့နယ် လှိုင်းတက် ကျေးရွာ၊ ကူမဲမြို့နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ်ရှိ ကျေးရွာများတွင် သဘာဝအတိုင်း အရိုင်းပေါက်ရောက်နေသည်ကို လေ့လာတွေ့ရှိရသည်။ ယခုထိ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်း မရှိသေးပါ။
ကျောက်သားပျက်သီးအပင်သည် ဘူး၊ ဖရုံ၊ ကြက်ဟင်းခါး စသည်တို့နည်းတူ တစ်နှစ်ခံနွယ်ပင် အမျိုးအစားဖြစ်ပြီး ထိုင်းနိုင်ငံတွင် နှစ်ရှည်ပင်အဖြစ်လည်း စိုက်ပျိုးကြသည်။ ဘူး၊ ဖရုံအုပ်စုဝင်အပင်ဖြစ်သော်လည်း ကျန်သောဘူးမျိုးနွယ် အပင်မျိုးများနှင့်မတူညီဘဲ အဓိကခြားနားချက်မှာ အဖိုပင် အမပင်သီးခြားရှိသော အပင်မျိုးဖြစ်သည်။ ပင်စည်သည် စပျစ်ကဲ့သို့ သစ်မာပါသော ပင်စည်အမျိုးအစားဖြစ်ပြီး ပင်ပိုင်းမျိုးပွားနိုင်သည့် အဓိက အချက်ဖြစ်သည်။ အမြစ်သည် ရေသောက်မြစ်မကြီးအပြင် ပီလောပီနံကဲ့သို့ အစာသိုလှောင်မြစ် (tuberous roots )အဖြစ် ဖွဲ့စည်းတည်ရှိပြီး rhizomes ကဲ့သို့ တည်ရှိနေသည်။ ထိုအချက်က ကျောက်သားပျက်ပင်ကို နှစ်ရှည်အဖြစ် စိုက်ပျိုးနိုင်သည့် စွမ်းရည်ကိုရရှိစေသည်။ သဘာဝအတိုင်း ပေါက်ရောက်နေသည့် ကျောက်သားပျက်သီးပင်များတွင် နွေရာသီကဲ့သို့ ပူပြင်းခြောက်သွေ့ချိန်တွင် အရွက်များ ပင်စည်များ ညှိုးကျသွားပြီး မိုးဦးကျအချိန်တွင် မြေအောက်ရှိ ကျန်ရှိနေသောအမြစ် rhizomes အစိတ်အပိုင်းမှ အညွန့်သစ်ထွက်ကာ အပင်အဖြစ် ကြီးထွားလာကြသည်။ ဤကဲ့သို့သော ဖြစ်ပေါ်မှုသည် ကျီးအာသီးပင်နှင့်ဆင်တူသည်ကိုလည်းတွေ့ရှိရသည်။ ကျောက်သားပျက်သီး၏အရွက်မှာ ရွက်ခွပါသော ရိုးရိုးအရွက်အမျိုးအစားဖြစ်ပြီး ပင်စည်၊ အကိုင်းတို့မှ ရွက်လွဲပုံစံထွက်ရှိသည်။ စိုက်ပျိုးသည့် မျိုးပေါ် မူတည်၍ ရွက်ခွသုံးခုမှ ငါးခုအထိပါရှိသည်။ ပန်းပွင့်မှာ အဖိုပွင့်၊အမပွင့်သီးခြားရှိသည်။ ပန်းပွင့်ပြီး သန္ဓေအောင်ပြီးသည်မှ နှစ်လမှသုံးလတွင် ရင့်မှည့်သည်။ အသီးစတင်တည်ချိန်မှ ရင့်မှည့်သည်အထိကြာမည့်အချိန်မှာ မျိုးအပေါ်တွင်လည်းကောင်း၊ ပတ်ဝန်းကျင်ရာသီဥတုပေါ်တွင်လည်းကောင်းမူတည်သည်။ အဝေးတင်ပို့မည်ဆိုပါက အသီးအဝါရောင်မှ အညှာထိပ်ပိုင်း လိမ္မော်ရောင်ပြောင်းချိန်တွင် ခူးဆွတ်နိုင်ပြီး ခူးပြီးချက်ချင်း အသုံးပြုမည်ဆိုပါက အသီးအနီရောင် ဖြစ်မှခူးဆွတ်ခြင်းသည် အာဟာရပါဝင်မှု အများဆုံးရရှိစေနိုင်သည်။ အမပင်မှ တစ်ပင်ပါ အမပွင့်အရေအတွက် ၇၀ နှင့် အထက်ထွက်ရှိသည်။ အဖိုပင်သည် အမပင်ထက် ပန်းပွင့်ပိုများသည်။ အခြားသောဘူး၊ ဖရုံများကဲ့သို့ပင် နံနက်ပိုင်းတွင်ပန်းပွင့်ပြီး ဝတ်မှုန်ကူးခြင်းကိုဖြစ်ပေါ်စေသည်။ အသီးမှာ ဆူးပါသောအသီးဖြစ်ပြီး ငယ်စဉ်တွင် အစိမ်းရောင်ရှိ၍ ရင့်မှည့် လာသည့်အခါ အဝါရောင်၊ လိမ္မော်ရောင်မှ အနီရောင်သို့ပြောင်းလဲသွားသည်။
အသီးအရွယ်အစားမှာ ကျွဲကောသီး အလတ်စားအရွယ်ရှိသည်။ အတိုင်းအတာအားဖြင့် လုံးပတ် ၆ လက်မအရွယ်ရှိသည်။ အသီး၏ ရုပ်သွင်ပြင်အရ အပိုင်း သုံးပိုင်းပါဝင်သည်။ အခွံ၊ အသား၊ အစေ့အနှစ်ဟူ၍ ပုံတွင်ပြထားသည့်အတိုင်းဖြစ်သည်။ အဓိကအသုံးပြုသည့် အစိတ်အပိုင်းမှာ အစေ့နှင့် ကပ်နေသော အနီရောင်အနှစ်ဖြစ်သည်။ ယခုအခါ အစေ့နှင့်ကပ်လျက် အနီရောင်အနှစ် သာမက အသားနှင့်အခွံကိုပါ အသုံးပြုလာကြသည်။
ကျောက်သားပျက်သီးကို ကောင်းကင်ဘုံမှ နတ်သစ်သီးဟု တင်စားခေါ်ဝေါ်ရခြင်းမှာ ဤအသီးတွင် လူတို့အတွက် အသုံးဝင်သည့် ကျန်းမာရေးကို အထောက်အကူပြုနိုင်သည့် အပင်ဇီဝဓာတ်ပေါင်းများစွာပါဝင်နေသောကြောင့်ဖြစ်သည်။ အဓိကပါဝင်သည့် ဓာတ်ပေါင်းအနေဖြင့် ဗီတာမင်အေ၏ ကနဦးပစ္စည်းဖြစ် သည့် ဘီတာကယ်ရိုတင်းပင်ဖြစ်သည်။ ဘီတာကယ်ရိုတင်းပါဝင်မှုမှာ မုန်လာဥနီတွင်ပါဝင်သည့်ပမာဏထက် အဆ ၂၀ သာလွန်သည်။ ၎င်းအပြင် လိုင်ကိုပင်းဓာတ်မှာလည်း ခရမ်းချဉ်သီးတွင် ပါဝင်သည်ထက် အဆ ၇၀ ပါဝင်သည်။ အခြားသောဓာတ်ပေါင်းများအပြင် သက်စောင့်ဓာတ်များ၊ အန်တီအောက်စီဒန့်ဟုခေါ်သည့် အိုမင်းခြင်းကို ကာကွယ်ပေးနိုင်သော သတ္တိပါဝင်သည်။ ထို့ပြင် ဖလာဗိုနိုက်၊ ဗီတာမင်အီး၊ ဖီနော စသည့်ဓာတ်ပေါင်းများလည်းပါဝင်သည်။
ကျောက်သားပျက်သီးကို ဗီယက်နမ်နိုင်ငံတွင် ရိုးရာပွဲများ၊ မင်္ဂလာဆောင်နှင့် နှစ်ကူးပွဲ အခမ်းအနားများတွင် ဆန်နှင့်ရောချက်၍ (မြန်မာနိုင်ငံတွင် အုန်းထမင်းချက်သကဲ့သို့) စားသုံးကြသည်။ ဗီတာမင်အေ ချို့တဲ့သည့် ကလေးငယ်များကို ဤအသီးဖြင့်ချက်ထားသည့် အစားအသောက်များ ကျွေးမွေးခြင်းဖြင့် ဗီတာမင်အေချို့တဲ့မှုအပေါ်ကာကွယ်နိုင်သည်ကို လေ့လာသိရှိရသည်။ ထို့ပြင် တရုတ်နိုင်ငံ၌ ကျောက်သားပျက်သီးအရွက်နှင့် အသီးခွံကို ရောင်ရမ်းသောအနာများတွင် အုံပေးခြင်းဖြင့် အရောင်သက်သာစေသည့် အတွက် ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုကြသည်။ ယခုနောက်ပိုင်းတွင် အစေ့နှင့် ကပ်နေသည့်အနှစ်သားကို ဖျော်ရည်အဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိပြီး ထိုင်းနိုင်ငံ နှင့် အခြားသောနိုင်ငံများတွင် စီးပွားဖြစ်စိုက်ပျိုးကာ ထုတ်ကုန်ပစ္စည်းမျိုးစုံကို ထုတ်လုပ် ရောင်းချလျက်ရှိနေကြပြီဖြစ်သည်။
အာဟာရဓာတ်တန်ဖိုး မြင့်မားစွာ ပါဝင်သည့် ဤအသီးကို အချို့နိုင်ငံများတွင် တိုးချဲ့စိုက်ပျိုးထုတ်လုပ်လာကြသကဲ့သို့ ဤအသီးနှင့်ပတ်သက်သည့် အာဟာရတန်ဖိုးပါဝင်မှုကို လွှမ်းမိုးသည့်အချက်များ၊ ရိတ်သိမ်းချိန်လွန်နည်းပညာ အပါအဝင် ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရာတွင် လုပ်ဆောင်ရမည့်အချက်များ စသည်တို့ကို သုတေသနများလုပ်ဆောင် လာကြကာ စိုက်ပျိုးထုတ်လုပ်မှုကို အားပေးဆောင်ရွက်နေကြပြီဖြစ်သည်။
ကျောက်သားပျက်သီးပင်သည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အပူပိုင်း သီးနှံပင်ဖြစ်ပြီး စိုက်ပျိုးရန်အကောင်းဆုံး အပူချိန်မှာ ၂၅ မှ ၃၅ စင်တီဂရိတ်ဖြစ်သည်။ အပူချိန်နိမ့်လွန်းမြင့်လွန်းပါက အပင်ဖြစ်ထွန်းမှုကို ထိခိုက်စေနိုင်သည်။ ဆီးနှင်းကျခြင်းသည် ကျောက်သားပျက်ပင်ကို ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် နှင်းကျမှုရှိသည့် ဒေသများတွင် စိုက်ပျိုးရန်မသင့်တော်ပါ။ စိုက်ပျိုးမည့်နေရာသည် နေရောင်ခြည်ကောင်းစွာရရှိရမည်ဖြစ်ပြီး အရိပ်ကျခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိပါ။ နေရောင်ခြည် တစ်နေ့ ၆-၈နာရီထိရရှိမှု သည် အပင်ကြီးထွားမှု အကောင်းဆုံးကိုရရှိစေသည်။ထို့ကြောင့် စိုက်ပျိုးရာတွင် နေရောင်ခြည် ကောင်းစွာရရှိစေရန် စင်တင်၍ စိုက်ပျိုးသင့်သည်။ ကျောက်သားပျက်သီးပင်ကို မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သော်လည်း မြေချဉ်ငန်အညွှန်းကိန်း ၆- ၇ ဒသမ ၅ ရှိသည့် ရေစီးဆင်းမှုကောင်းသည့်မြေမျိုးတွင် အကောင်းဆုံးစိုက်ပျိုးဖြစ်ထွန်းသည်။ အော်ဂဲနစ်ပစ္စည်းထက်သန်သော မြေမျိုးကို ပို၍နှစ်သက်သည်။ မိုးရေချိန်အနေဖြင့် ၁၅၀၀မှ၂၅၀၀ မီလီမီတာ ရွာသွန်းသည့်အနေအထားတွင် အသင့်တော်ဆုံးဖြစ်ပြီး တစ်နှစ် မိုးရေချိန် ၁၀၀၀-၃၀၀၀ မီလီမီတာရသည့် ဒေသများတွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ ရေလိုအပ်မှုများသည့် သီးနှံဖြစ်ပြီး ခြောက်သွေ့ရာသီတွင် စိုက်ခင်းကိုရေလောင်းပေးရန်လိုအပ်သည်။ သို့ရာတွင် ရေဝပ်ခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိသဖြင့် ရေမများစေရန် ဂရုပြုသင့်သည်။ ရေများပါက အမြစ်ပုပ်ပြီး အပင်သေခြင်းကို ဖြစ်စေနိုင်သည့်အတွက် ကြောင့်ဖြစ်သည်။ စိုထိုင်းဆလိုအပ်ချက်အနေဖြင့် အပင်ပတ်ဝန်းကျင်တွင် ၆၀-၈၀ ရာခိုင်နှုန်းသည် အပင်ကျန်းမာသန်စွမ်း ကြီးထွားရန်အတွက် အကောင်းဆုံးအနေ အထားဖြစ်သည်။ ကျောက်သားပျက်သီးကို ပင်လယ်ရေမျက်နှာပြင်မှ မီတာ ၁၀၀၀ အထိမြင့်သည့် ဒေသများအထိ စိုက်ပျိုးနိုင်သည်။ အထက်ဖော်ပြထားသည့် စိုက်ပျိုးရန် လိုအပ်ချက်များရှိသော်လည်း ကျောက်သားပျက်သီးပင်သည် ဘူး၊ ဖရုံ၊ ကြက်ဟင်းခါး စသည်တို့နှင့် အပင် မျိုးစိတ်တူပြီး စိုက်ပျိုးရှင်သန်ပုံပါတူညီသည့်အတွက် အလွယ်တွေးလျှင် ဘူး၊ ဖရုံ၊ ကြက်ဟင်းခါးစိုက်ပျိုးနိုင်သည့် ဒေသနေရာတိုင်းတွင် ဤကျောက်သားပျက်သီးပင်ကို စီးပွားဖြစ်စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြုစုစောင့်ရှောက်မှုပုံစံမှာလည်း ဘူး၊ ဖရုံ၊ ကြက်ဟင်းခါးကဲ့သို့ပင်ဖြစ်ပြီး စိုက်ပျိုးရာတွင် ၎င်းတို့ထက်သာလွန်သည့်အချက်မှာ နှစ်ရှည်ခံပင်အဖြစ် စိုက်ပျိုးနိုင်ခြင်း၊ ရောဂါပိုးမွှားကျရောက်မှုနည်းခြင်း (သီးထိုးပိုး ယင်သာ အဓိကဂရုပြုရသည်။)နှင့် အကြမ်းခံခြင်းတို့ဖြစ်သည်။ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမည်ဆိုပါက ခြံစည်းရိုးသီးနှံပင်အဖြစ်စိုက်ပျိုးနိုင်သကဲ့သို့ စီးပွားဖြစ် စိုက်ပျိုးမည်ဆိုပါကလည်း စိုက်ပျိုးနိုင်သည့်သီးနှံဖြစ်သည်။
စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက သတိထားရမည့် အချက်တစ်ချက်ရှိသည်။ ကျောက်သားပျက်ပင်သည် အဖိုပင် အမပင်သီးခြားရှိသည့် နှစ်ပင်ပေါင်း လိင်စုံ အမျိုးအစားဖြစ်သည့်အတွက် ထိုအချက်သည် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ရာတွင် ထားရှိစိုက်ပျိုးရမည့် အဖိုပင်နှင့် အမပင်အချိုးကိုသိရှိရန်မှာ အဓိကထားရမည့် အချက်ဖြစ်သည်။ စီးပွားဖြစ်စိုက်ပျိုးမည့် စိုက်ခင်းအတွက် အဖိုပင်နှင့် အမပင်အချိုးမှာ ၁:၁၀ ရှိလျှင် လုံလောက်သော်လည်း စိုက်ပျိုးသည့်အခါ အဖိုပင်များ ပိုများနေသည်ကို ကြုံတွေ့ရသည့် အတွက် နောက်ပိုင်းတွင် ကျန်သည့်ဘူး၊ ဖရုံ၊ သခွားအပင်များကဲ့သို့ ပင်တည်းလိင်စုံရရှိလာစေရန် မျိုးစပ်မွေးမြူခြင်းများ စတင်လုပ် ဆောင်နေပြီဖြစ်သည်။ ထိုသို့ရရှိရန် ကြိုးပမ်းနေသော အနေအထားတွင် စီးပွားဖြစ် စိုက်ပျိုးသူများအနေဖြင့် လိုအပ်သည့် အမပင်အရေအတွက်ရရှိရန် မျိုးစေ့မှ မျိုးပွားခြင်းအစား အမပင်မှ အကိုင်းများ၊ မြေအောက်ပင်စည် (Rhizomes) များမှ ပင်ပိုင်းမျိုးပွားခြင်းဖြင့် မျိုးပွားယူကာ စိုက်ပျိုးနေကြသည်။ စီးပွားဖြစ်စိုက်ပျိုးသည့် စိုက်ခင်းတွင် ထိုင်းနိုင်ငံ၌ တစ်တန်းနှင့်တစ်တန်းကြား ၄-၅မီတာခြားပြီး အတန်းတွင်းရှိ အပင်များကို တစ်ပင်နှင့်တစ်ပင် ၃-၄ မီတာခြား၍ စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးမည်ဆိုပါက ဘူးစိုက်သကဲ့သို့ သင့်တော်ရာ အကွာအဝေးထား၍ စိုက်ပျိုးနိုင်သည်။
သီးနှံတစ်ခုကို တောင်သူများ စိုက်ပျိုးလာစေရန် အားပေးသည့် အဓိကအချက်မှာ ခိုင်မာသည့် စျေးကွက်တည်ရှိခြင်းပင်ဖြစ်သည်။ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီဆိုသကဲ့သို့ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်သည့်နည်းပညာထွန်းကားပြီး MSME လုပ်ငန်းများအားကောင်းလာစေရန် အဆိုပါ လုပ်ငန်းနှင့်သက်ဆိုင်သည့် ကုန်ကြမ်းများ စိုက်ပျိုးရန်လိုအပ်သကဲ့သို့ MSME လုပ်ငန်းနှင့် သက်ဆိုင်သည့် သီးနှံများ စိုက်ပျိုးလာနိုင်ရန် ခိုင်မာသည့် စျေးကွက်ရှိဖို့လိုအပ်သည်။ ထို့ကြောင့် နိုင်ငံစီးပွား တိုးတက်စေရန် MSME လုပ်ငန်းကို အားပေးနေသည့် အချိန်အခါတွင် ကျောက်သားပျက်သီးမှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းကိုလေ့လာပြီး ထုတ်လုပ်မည်ဆိုပါက ကျောက်သားပျက် သီးစိုက်ပျိုးခြင်းတိုးတက်လာပြီး တောင်သူများဝင်ငွေရစေသကဲ့သို့ နိုင်ငံစီးပွားလည်းတိုးတက်လာစေနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် FAMEကဲ့သို့သော ဆေးဝါးလုပ်ငန်းမှ ကျောက်သားပျက်သီးတွင် များပြားစွာ ပါဝင်သောဗီတာမင်အေ ကနဦးဓာတ်ပေါင်းဖြစ်သည့် ဘီတာကယ်ရိုတင်းကို ထုတ်ယူပြီး ဗီတာမင်အေဆေးတောင့် ထုတ်လုပ်ရောင်းချပါက လုပ်ငန်းပိုမိုကျယ်ပြန့်လာ နိုင်သည့်အပြင် ဗီတာမင်အေဆေးတောင့်ကို လွယ်ကူစွာဝယ်ယူနိုင်မည်ဖြစ်သည့် နည်းတူ ဆေးဝါးလုပ်ငန်းအတွက် လိုအပ်သည့်ကုန်ကြမ်း ကျောက်သားပျက်သီးကို စီးပွားဖြစ် စိုက်ပျိုးလာနိုင်မည်ဖြစ်သည့်အတွက် မြေကြီးမှ ရွှေသီးလာစေမှာ အမှန်ပင်ဖြစ်သည်။ ထို့ပြင် စီးပွားဖြစ်စိုက်ပျိုး၍ ထွက်ရှိလာသည့် အသီးများကို ပြည်တွင်းတွင် ဖျော်ရည်လုပ်ငန်း၊ အလှကုန်လုပ်ငန်း စသည်တို့တွင် အသုံးပြုနိုင်သည့်အပြင် ဖော်ပြထားသည့် ထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့် နိုင်ငံ၏ MSME လုပ်ငန်းများပိုမိုဖွံ့ဖြိုးလာစေနိုင်သည်။ ထို့ပြင် ပြည်ပမှ ကျောက်သားပျက်သီးနှင့် ပတ်သက်သည့် အမှုန့်၊ အဆီ စသည့် ကုန်ကြမ်းဝယ်လိုအားမှာ မြင့်မားနေသည့်အနေအထားတွင်ရှိသည်။ သို့ရာတွင် ကျောက်သားပျက်သီးမှပါဝင်သော အာဟာရဓာတ်များ မပျက်စီးဘဲ အမှုန့်နှင့် အဆီထုတ်နိုင်ရန် နည်းပညာအကူအညီ လိုအပ်နေသေးသည်။ မည်သို့ပင်ဖြစ်စေ ကျောက်သားပျက်သီးကို ပြည်တွင်းတွင်အသုံးပြုရုံသာမက ပြည်ပသို့ပါတင်ပို့နိုင်သည့် အခြေအနေတွင်ရှိနေသည့် အသီးဖြစ်သည်။
သို့ဖြစ်ပါသဖြင့် အာဟာရဓာတ် ကြွယ်ဝ၍ ကျန်းမာရေးကို အထောက်အကူ ပြုစေနိုင်သည့် အာဟာရ တန်ဖိုးမြင့်မားသည့် ကျောက်သားပျက်သီးကို စီးပွားဖြစ် စိုက်ပျိုးရန် လုပ်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆိတ်မွေးမြူရေးလုပ်ငန်းကို ကျေးလက်နေပြည်သူများအတွက် ဝင်ငွေရရှိစေသည့်လုပ်ငန်းတစ်ခုအဖြစ် တစ်နိုင်တစ်ပိုင်လုပ်ငန်းအနေနှင့် သာမကဘဲ စီးပွားဖြစ်လုပ်ငန်း တစ်ခုအနေနှင့်ပါ မွေးမြူနေကြသည်။
ဆိတ်မွေးမြူရေးလုပ်ငန်းသည် အရင်းအနှီးအနည်းငယ်ဖြင့် ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းကိုစတင်နိုင်ပြီး ကျေးလက်ဒေသများတွင် ဝင်ငွေကောင်းမွန်စေသည့် အလုပ်အကိုင် တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆိတ်မွေးမြူရေးလုပ်ငန်းသည် ကျေးလက်ဒေသများအတွက် အလားအလာကောင်းရှိသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဆိတ်များကို အဓိကအားဖြင့်အသားနှင့်နို့အတွက် မွေးမြူကြသည်။ဆိတ်မွေးမြူရေးလုပ်ငန်းသည် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်လည်း အထောက်အကူပြုနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆိတ်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများစွာ ရှိကြောင်း လေ့လာသုံးသပ်မိသည်။
သဘာဝအရင်းအမြစ်နှင့် ကိုက်ညီမှု
မြန်မာနိုင်ငံသည် ကျေးလက်ဒေသများတွင် သဘာဝစားကျက်ခင်းများ၊ သဘာဝပေါက်ပင်များနှင့် သဘာဝအရင်း အမြစ်များ ကြွယ်ဝသောကြောင့် ဆိတ်မွေးမြူရေး လုပ်ငန်းအတွက် အလွန် သင့်တော်သည်။ ဆိတ်များသည် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကို နှစ်သက်ပြီး ချုံပင်၊ ဆီးပင်နှင့် ကန္တာရပင် စသည့်အပူပိုင်းတွင် ပေါက်ရောက်သည့်အပင်တို့၏ အရွက်များကို အဓိကစားသုံးသော တိရစ္ဆာန်များဖြစ်သည်။ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် လွယ်ကူစွာ မွေးမြူနိုင်သည်။ထို့ကြောင့် ဆိတ်မွေးမြူရေး လုပ်ငန်းကို အလယ်ပိုင်း ခြောက်သွေ့ဒေသများ (ဥပမာ - မကွေး၊ စစ်ကိုင်း၊ မန္တလေး) တွင် အဓိကတွေ့ရှိရပြီး အခြားဒေသများထက် ပိုမိုဖွံ့ဖြိုးလျက်ရှိသည်ကို တွေ့ရှိရသည်။
ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့်စတင်နိုင်ခြင်း
ကျေးလက်ဒေသများတွင် ဆိတ်များ အား သဘာဝအစာများကို အဓိကအားထား၍ မွေးမြူနိုင်ပြီး ဖြည့်စွက်စာအနည်းငယ်သာ လိုအပ်သည့်အတွက် အစာကုန်ကျစရိတ် သက်သာသည်။ ဆိတ်ခြံကိုလည်း ဒေသထွက် သစ်၊ ဝါး စသည်တို့ကိုအသုံးပြု၍ စရိတ်စကနည်းနည်းဖြင့် ဆောက်လုပ်နိုင်သည်။ ထို့ကြောင့် ဆိတ်မွေးမြူရေးလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှု အနည်းငယ်ဖြင့် စတင်နိုင်သော လုပ်ငန်းတစ်ခုဖြစ်သည်။
ဆိတ်သားတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရဓာတ်များပါဝင်မှုဆိတ်သားသည် အမျှင်ဓာတ်များပြီး ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ကြွက်သားဖွံ့ဖြိုးမှု၊ တစ်သျှူး ပြန်လည်ပြုပြင်မှုနှင့် ခုခံအားစနစ်အတွက် အရေးပါသည့် အာဟာရဓာတ်ဖြစ်သည်။
ဆိတ်သားတွင် ဟီမိုဂလိုဘင် ထုတ်လုပ်မှုအတွက် အရေးပါသော သံဓာတ်ပါဝင်မှု မြင့်မားသဖြင့် သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်သည်။ ဗီတာမင် B 12၊ B 3 (နီယာစင်)၊ B 6 စသည့် ဗီတာမင်များ ကြွယ်ဝစွာပါဝင်သဖြင့် ဦးနှောက်လုပ်ဆောင်မှုနှင့် အာရုံကြောစနစ်ကိုလည်း အထောက်အကူပြုသည်။ ထို့ပြင် ဆိတ်သားတွင်ဇင့်ဓာတ် ပါဝင်သဖြင့် ခုခံအားစနစ်ကိုမြှင့်တင်ပေးပြီး ဆယ်လီနီယမ်ပါဝင်ခြင်းကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်ကာကင်ဆာကာကွယ်မှုကိုအထောက်အကူပြုနိုင်ပါသည်။ ဆိတ်သားတွင် အဆီနှင့်ကိုလက်စထရောပါဝင်မှုနည်းပါးသဖြင့် သွေးတိုးနှင့် နှလုံးရောဂါအန္တရာယ်ကို လျှော့ချပေးနိုင်သည်။ တန်ဆေးလွန်ဘေးဆိုသကဲ့သို့ လူ့ကျန်းမာရေးအတွက် အကျိုးပြုအာဟာရဓာတ်များ မြင့်မားစွာပါဝင်သော်လည်း ဆိတ်သားတွင် ပျမ်းမျှ ပျူရင်း(Purine)ပါဝင်မှုမြင့်မားသောကြောင့် အဆစ်အမျက် ရောင် ဂေါက်ရောဂါရှိသူများအနေဖြင့် လျှော့စားသင့်ကြောင်း သိရှိရသည်။
ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက် အလားအလာ
မြန်မာနိုင်ငံတွင်ဆိတ်သားသည် ပြည်တွင်းဈေးကွက်၌ အခြားအသားနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်သဖြင့် ဝယ်လိုအားမြင့်မားသည်။ ကမ္ဘာတစ်ဝန်းတွင်လည်း ဆိတ်သားအတွက် ဝယ်လိုအားမြင့်မားလျက်ရှိသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း၊ တရုတ်နိုင်ငံနှင့် အာရှနိုင်ငံများတွင် ဆိတ်သားအတွက် ဝယ်လိုအားမြင့်မားပြီး မိမိတို့နိုင်ငံအနေဖြင့် ထိုဈေးကွက်များသို့ ဆိတ်သားတင်ပို့နိုင်ရန် အလားအလာများရှိသည်။ထို့ပြင် ဆိတ်နို့သည်လည်း နွားနို့ထက် အာဟာရပြည့်ဝ ပြီး ကျန်းမာရေးနှင့်ညီညွတ်သည်ဟု ယုံကြည်လာကြခြင်းကြောင့် နိုင်ငံတကာတွင် ဈေးကွက်တိုးတက်လျက်ရှိသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးပေါင်းစပ်လုပ်ကိုင်နိုင်ခြင်း
မြန်မာနိုင်ငံတွင် အခြားတစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများနည်းတူ ဆိတ်မွေးမြူရေးကိုလည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုပေါင်းစပ်၍ လုပ်ကိုင်နိုင်သည်။ စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများဖြစ်ကြသည့် ကောက်ရိုး၊ ပဲရိုး၊ ပဲမှော်၊ ဝါကြိတ်ဖတ်နှင့် ဆီးမှုန့်တို့ကို ဆိတ်များအားကျွေးမွေးလေ့ရှိကြသည်။ ထိုစိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို စနစ်တကျပြုပြင်၍ ကျွေးမွေးနိုင်ပါက ဆိတ်အတွက် အာဟာရဓာတ်များပိုမိုရရှိစေပြီး ဆိတ်မွေးမြူရေးလုပ်ငန်းကို ပိုမိုအကျိုးကျေးဇူးရရှိနိုင်သည်။ ထို့ပြင် ဆိတ်များ၏မစင်ကိုလည်းသဘာဝ မြေဩဇာအဖြစ် ပြန်လည် အသုံးပြုနိုင်သဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတွဲဖက် လုပ်ငန်းအနေဖြင့် ဆိတ်မွေးမြူရေးကို လုပ်ကိုင်နိုင်သည်။
နိုင်ငံတော်မှ ကူညီပံ့ပိုးပေးနိုင်မှု
ဆိတ်မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ မြို့နယ်တိုင်းတွင် ဖွင့်လှစ်ထားသည့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးများတွင် နည်းပညာနှင့်အကြံဉာဏ်များရယူနိုင်သည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း လိုအပ်သည့်အရင်းအနှီးများကို ပံ့ပိုးမှုများပြုလုပ်ပေးနေကြောင်း သိရှိရသည်။
ထို့ပြင် မွေးမြူရေးသုတေသနဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့တွင်လည်းဆိတ်၏ အစာနှင့်အာဟာရ ဖွံ့ဖြိုးရေးသုတေသနများ၊ ဆိတ်ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ သုတေသနလုပ်ငန်းများ စသည့် မြန်မာနိုင်ငံ ဆိတ်မွေးမြူရေးဖွံ့ဖြိုးမှုအထောက်အကူပြု သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ နည်းပညာများကိုလည်း အခါအားလျော်စွာဖြန့်ဝေပေးလျက်ရှိသည်။ဆိတ်မွေးမြူရေးလုပ်ငန်းကို အောင်မြင်စွာလုပ်ကိုင်နိုင်ရန်အတွက် အောက်ပါအချက်များကို သိရှိလိုက်နာသင့်သည်။
(က) ဆိတ်မျိုးစိတ်ရွေးချယ်ခြင်း
ဆိတ်မွေးမြူရာတွင် မျိုးစိတ်ရွေးချယ်မှုသည်အရေးကြီးသည်။ ကြီးထွားနှုန်းကောင်းမွန်ပြီး မိမိဒေသနှင့်လိုက်ဖက်သည့် မျိုးစိတ်ကောင်းများကို ရွေးချယ်မွေးမြူခြင်းဖြင့် အသားနှင့်နို့ထွက်နှုန်း ပိုမိုကောင်းမွန်စေသည်။ မြန်မာနိုင်ငံတွင် အဓိကမွေးမြူလေ့ရှိသော ဆိတ်မျိုးစိတ်များမှာ ဂျိတ်နီ၊ ထိန်စမ်း၊ အိန္ဒိယဆိတ်မျိုးများ၊ ဂျမ်မာပါရီဆိတ်နှင့် ဘိုးအာဆိတ်မျိုး စသည်တို့ဖြစ်သည်။
(ခ) ရောဂါကာကွယ်ခြင်းနှင့်ကျန်းမာရေး စောင့်ရှောက်ခြင်း
ဆိတ်များကို ကျန်းမာရေးကောင်းမွန်စေရန် ပုံမှန်စောင့်ကြည့်ပြီး လိုအပ်သော ကာကွယ်ဆေးများကို အချိန်မီထိုးပေးရသည်။ ဆိတ်များတွင် ဖြစ်ပွားတတ်သော ရောဂါများမှာ ဗက်တီးရီးယားနှင့် ဗိုင်းရပ်ရောဂါများ (အဆစ်အမျက်ပြည်တည်နာ၊ အကျိတ်ရောင်ရမ်းနာ၊ ဆိတ်ပလိပ်ရောဂါ(Peste des Petits Ruminants (PPR)နှင့် နှုတ်ခမ်း၊ ပါးစပ်နှင့် နို့သီးခေါင်းတွင် အနာဖုများဖြစ်ခြင်း (Orf)စသည်)၊ ကပ်ပါးရောဂါများ (အစာအိမ်အူလမ်းကြောင်းသန်ကောင်များ၊ ခရုမှတစ်ဆင့်ကူးစက်သည့် သန်ပြားကောင်များ၊ သွေးစုပ်သည့် အင်းဆက်များမှတစ်ဆင့် ကူးစက်သော သွေးတွင်းကပ်ပါးရောဂါများ၊ အရေပြားကပ်ပါးရောဂါများ) စသည်တို့ဖြစ်ကြသည်။ ထို့ပြင် အာဟာရဓာတ်များ မညီမျှမှုကြောင့်လည်း ရောဂါများဖြစ်ပွားနိုင်သည်။ နားလည်တတ်ကျွမ်းသော တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် တိုင်ပင်၍ အထက်ပါရောဂါများကို ကာကွယ်ကုသနိုင်သည်။
(ဂ) လုံလောက်မျှတသည့် အစာနှင့် အာဟာရကျွေးမွေးခြင်း
ဆိတ်များကို အာဟာရပြည့်ဝသော အစာများကျွေးမွေးရသည်။ သဘာဝ ပေါက်ပင်များနှင့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကျွေးမွေးသည့်အပြင် လိုအပ်ပါက အာဟာရဖြည့်စွက်စာများကို ထည့်သွင်းကျွေးမွေးသင့်သည်။
(ဃ) မွေးမြူရေးခြံနေရာ
ဆိတ်မွေးမြူရာတွင် သင့်တော်သော မွေးမြူရေးခြံနေရာရှိရန် အရေးကြီးသည်။ ဆိတ်များအတွက် ခြံဆောက်လုပ်ရာတွင် ခွေးများ၏ရန်မှကာကွယ်နိုင်ရန် လုံခြုံပြီး သန့်ရှင်းသောနေရာဖြစ်ရမည်။ ထို့ပြင် ဆိတ်များကို မိုးရေနှင့် နေရောင်ဒဏ်မှ ကာကွယ်နိုင်သည့် နားခိုမည့်နေရာလည်းဖြည့်ဆည်းပေးရန်လိုအပ်သည်။
(င) စီမံခန့်ခွဲမှု
ဆိတ်မွေးမြူရေးလုပ်ငန်းတွင် စနစ်တကျစီမံခန့်ခွဲမှုသည် အရေးကြီးသည်။ ဆိတ်များကို ပုံမှန်စောင့်ကြည့်ပြီး လိုအပ်သော ပြုစုစောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ပေးရသည်။ ထို့ပြင် ဆိတ်များကို စနစ်တကျသားဖောက်မျိုးပွားခြင်း၊ ရောဂါကာကွယ်ခြင်း၊ အစာကျွေးခြင်း စသည့်လုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲရသည်။
(စ) စိန်ခေါ်မှုများ
ဆိတ်မွေးမြူရေးလုပ်ငန်းတွင် ရောဂါဘယများဖြစ်ပွားခြင်း၊ ဈေးကွက်ပြောင်းလဲမှုများ၊ ရာသီဥတုဖောက်ပြန်မှုများ စသည့်စိန်ခေါ်မှုများရှိနိုင်သည်။ ထို့ကြောင့် ဆိတ်မွေးမြူရေးလုပ်ငန်းကို စနစ်တကျလုပ်ကိုင်၍ အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားသွားရန်လိုအပ်သည်။
နိဂုံး
ဆိတ်မွေးမြူရေးလုပ်ငန်းသည် ကျေးလက်ဒေသများတွင် ဆောင်ရွက်နိုင်သည့် စီးပွားရေးအခွင့်အလမ်းကောင်းတစ်ခုဖြစ်ပြီး စနစ်တကျလုပ်ကိုင်ပါက အောင်မြင်သော စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ်ပင်ရရှိနိုင်သည်။ စိန်ခေါ်မှုများရှိနေသေးသော်လည်း မြန်မာနိုင်ငံသည် ဆိတ်သားတင်ပို့နိုင်မှုအတွက် အလားအလာကောင်းများရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ရာသီဥတု၊ သဘာဝအရင်းအမြစ်များနှင့် သင့်တော်သည့် ဆိတ်မွေးမြူရေးကို အောင်မြင်စွာ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူ လူထုအတွက် ဝင်ငွေကောင်းမွန်စေနိုင်ပြီးနိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (Conservation Agriculture- CA)သည် မြန်မာနိုင်ငံတွင် မြေဆီလွှာပျက်စီးမှု၊ ရေရှားပါးမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်သော အဓိကမဟာဗျူဟာတစ်ရပ်အဖြစ် ပေါ်ထွက်လျက်ရှိပါတယ်။ မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ရေရှည်ရှင်သန်ရေးအတွက် အရေးကြီးသောအချက်ဖြစ်သည့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်ရင်း ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်များအပေါ် အားထားကာ ကုန်ထုတ်စွမ်းအားမြှင့်တင်နိုင်သော နည်းလမ်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ
စိုက်ပျိုးရေးသည် မြန်မာ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည်လယ်ယာလုပ်ငန်းဖြင့် လုပ်ကိုင်အသက်မွေးနေကြပါတယ်။ သို့သော်လည်း အလွန်အကျွံ ထယ်ထိုးထွန်ယက်ခြင်း၊ သီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးခြင်းစသောမိရိုးဖလာစိုက်ပျိုးနည်းစနစ်များကြောင့်မြေဆီလွှာပျက်စီးဆုံးရှုံးခြင်းများ၊ အထွက်နှုန်းကျဆင်းခြင်းများအပါအဝင် သစ်တောပြုန်းတီးခြင်းများ၊ ရာသီဥတုပြောင်းလဲမှုဒဏ်များစသော စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ သို့ဖြစ်ပါ၍ မိရိုးဖလာလယ်ယာစိုက်ပျိုးရေး အလေ့အကျင့်များနှင့် ဆက်စပ်နေပြီး သဘာဝအရင်းအမြစ်များကိုလည်းကာကွယ်ထိန်းသိမ်းကာ ရေရှည်တည်တံ့သောစိုက်ပျိုးရေးစနစ်ဆီသို့ ဦးတည်နေသောသဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေးကိုပိုမိုလုပ်ဆောင်ကြရန် လိုအပ်လာပြီပဲဖြစ်ပါတယ်။
သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေးတွင် အဓိကလုပ်ဆောင်ရမည့်လုပ်ငန်းစဉ် (၃)ရပ်ရှိပါတယ်။
၁။ မြေဆီလွှာထွန်ယက်မှုကို အနည်းဆုံးဆောင်ရွက်ခြင်း (သို့) ထယ်ရေးမဲ့စိုက်ပျိုးခြင်း
ထယ်ထိုးထွန်မွှေတာဟာ စိုက်ပျိုးရေးလုပ်ငန်းရဲ့ ပထမဆုံးလုပ်ငန်းအဖြစ်ယူဆခဲ့ကြသလို ထယ်ရေးနက်နက်ထွန်ရေးညက်ညက်ဖြစ်မှသာ မျိုးစေ့များ ကောင်းစွာ အပင်ပေါက်နိုင်သည်ဟုမှတ်ယူခဲ့ကြပါတယ်။ သို့သော် နှစ်လများစွာ ထွန်ယက်စိုက်ပျိုးခဲ့သောမြေများသည် မြေဆီလွှာအာဟာရဓာတ်များ တဖြည်းဖြည်းဆုံးရှုံး၍ မြေသားတည်ဆောက်မှုပျက်စီးသွားပြီး မြေတိုက်စားမှုဒဏ်ကို အလွယ်တကူခံစားရကာ တောင်သူဦးကြီးများ၏ သီးနှံအထွက်နှုန်းများ ထိခိုက်လျက်ရှိပါတယ်။ ထို့ကြောင့်ပင် သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး(CA)တွင် မြေကြီးကို အနည်းငယ်မျှသာတူးဆွ၍ စိုက်ပျိုးရန် သို့မဟုတ် လုံးဝမထယ်မထွန်ဘဲစိုက်ပျိုးရန် လမ်းညွှန်ထားပါတယ်။
ထယ်ရေးမဲ့စိုက်ပျိုးမှုကြောင့် မြေဆီလွှာအား နေ၊ ရေ၊ လေ တိုက်စားမှုကာကွယ်ပေးပြီး မြေဆီလွှာအစိုဓာတ်နှင့် အပူချိန်ကိုထိန်းညှိပေးခြင်း၊ မြေဆီလွှာထဲရှိ အဏုဇီဝသက်ရှိများ ပိုမိုပေါက်ဖွားရှင်သန်နိုင်ပြီး မြေဆီလွှာအာဟာရဓာတ်ပြည့်ဝကာ ရေရှည်ထိ စိုက်ပျိုးလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
၂။ မြေဆီလွှာကို အမြဲတမ်းဖုံးအုပ်ထားခြင်း
သီးနှံပင်အကြွင်းအကျန်များ (သို့)မြေဖုံးပင်များစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကို အမြဲတမ်းဖုံးအုပ်ထားရပါမယ်။ အဓိကသီးနှံပင်မစိုက်ပျိုးမီ မြေကြီးကို နေ၊ ရေ၊လေ တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်စေရန်နှင့် မြေတွင်းရေသိုလှောင်ထိန်းသိမ်းမှုအားကောင်းကာ မြေဆီလွှာကျန်းမာပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖြစ်လာစေရန်ရည်ရွယ်ပါတယ်။ သီးနှံအကြွင်းအကျန်များကို မီးမရှို့ဘဲ ပြန်လည်အသုံးပြုခြင်းကြောင့် လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်ပြီး ၎င်းတို့မှမြေဆွေးအဖြစ်ရရှိကာ မြေဆီဩဇာပိုမိုထက်သန်လာစေသောစနစ်ဖြစ်ပါတယ်။
၃။ သီးနှံစုံအလှည့်ကျစိုက်ပျိုးခြင်း
သီးလှည့်စိုက်ပျိုးခြင်း၊ သီးနှံစုံကိုရောစပ်၍ စိုက်ပျိုးခြင်းဖြင့် သီးနှံတစ်မျိုးတည်းပေါ်တွင် ကျရောက်လေ့ရှိသောရောဂါပိုးမွှားများ၏ သံသရာစက်ဝန်းကိုဖြတ်တောက်သကဲ့သို့ဖြစ်ကာ ရောဂါပိုးမွှားကျရောက်မှုကို လျော့နည်းစေပါတယ်။
အကျိုးကျေးဇူးများ
သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA)သည် မထွန်ယက်ခြင်းကြောင့် မြေကြီးတည်ဆောက်မှုမပျက်စီးခြင်း၊ မြေတွင်းရှိ အော်ဂဲနစ်ပစ္စည်းများနှင့် သက်ရှိအဏုဇီဝများပျက်စီးဆုံးရှုံးမှုမရှိခြင်း၊ လောင်စာသုံးစွဲမှုလျှော့ချနိုင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းပေးနိုင်ခြင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေစွာ စိုက်ပျိုးနိုင်ခြင်း၊မြေဖုံးထားခြင်းကြောင့် ပေါင်းပေါက်ရောက်မှု လျော့နည်းခြင်း၊ သစ်ဆွေးဓာတ်ရရှိပြီး မြေအပူချိန် သမမျှတကာ မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများ ပိုမိုကောင်းမွန်လာခြင်းနှင့်အတူ သီးနှံမျိုးကွဲအစုံစိုက်ပျိုးခြင်းဖြင့် ရောဂါပိုးမွှားကျရောက်မှုလျော့နည်းလာပြီး သဘာဝအရင်းအမြစ်များကို ပိုမိုထိရောက်အောင် သုံးစွဲလာနိုင်ကာ ရေရှည်တည်တံ့သောစိုက်ပျိုးရေးစနစ်ဖြစ်ပါတယ်။
သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး(CA )သည် အနာဂတ်တွင်လိုအပ်လာမည့်စားနပ် ရိက္ခာကို အကောင်းဆုံးဖြည့်ဆည်းပေးမည့်နည်းစနစ်ဖြစ်ပါတယ်။ လုပ်ကွက်ငယ်တောင်သူများအနေဖြင့် အထူးသင့်လျော်ပြီး အကျိုးအမြတ်ရရှိကာမိသားစုဝမ်းစာ ဖူလုံရုံသာမက ပိုလျှံလာစေမည့် စိုက်ပျိုးရေးစနစ်ဖြစ်ပါတယ်။ ရေငွေ့ပြန်ခြင်းကို လျှော့ချပေးခြင်းကြောင့် မိုးခေါင်ရေရှားဒေသများတွင် ရေအရင်းအမြစ်ကို ထိန်းသိမ်းစောင့်ရှောက်ပေး ပါတယ်။ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး သုံးစွဲမှုကို လျှော့ချနိုင်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျော့နည်းစေတယ်။ တောင်သူဝင်ငွေတိုးတက်စေပြီး လူမှုဘဝသာယာဝပြောလာစေနိုင်တဲ့ နည်းစနစ်ကောင်းဖြစ်ပါတယ်။
လက်ရှိဆောင်ရွက်ဆဲ
ယခုလက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး( CA) နည်းပညာပြန့်ပွားရေးအစီအစဉ်များ၊ စမ်းသပ်စိုက်ကွင်းများ၊ စိုက်ပျိုးရေးသင်တန်းကျောင်းများမှတစ်ဆင့် သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး(CA)ကို အဆင့်မြှင့်တင်ကာ တောင်သူများအား မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ ရေရှည်တည်တံ့သောစိုက်ပျိုးရေးစနစ်ဆီသို့ပြောင်းလဲရန် လိုအပ်သောကိရိယာများ၊ နည်းပညာဖြန့်ဝေခြင်းသင်တန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
အနာဂတ်အလားအလာ
မြန်မာနိုင်ငံ၏ မတူကွဲပြားသောစိုက်ပျိုးရေးဂေဟစနစ်နှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးနည်းစနစ်ဖြစ်စေရန်လိုအပ်သောသုတေသနဆောင်ရွက်မှုများလုပ်ဆောင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများပို့ချခြင်း၊ စမ်းသပ်စိုက်ကွင်းများ ပိုမိုတိုးချဲ့စိုက်ပျိုးခြင်း၊ သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး ( CA )ကို ကျယ်ကျယ်ပြန့်ပြန့်လက်ခံကျင့် သုံးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို တောင်သူများအား လက်ဆင့်ကမ်းမျှဝေပေးကာ လိုအပ်သောအရင်းအမြစ်များဖြစ်သည့် စက်ကိရိယာများ၊ သီးနှံမျိုးစေ့များအား အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့ များပူးပေါင်း၍ တောင်သူများအား ကူညီထောက်ပံ့ပေးခြင်းဖြင့် သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး(CA )ကို တွင်ကျယ်စွာလက်ခံကျင့်သုံးသော တောင်သူများတိုးပွားလာကာ မိမိတို့မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ဝန်းကျင်မပျက် စိုက်ပျိုးရေးစနစ်မှာ အနာဂတ်စိုက်ပျိုးရေးစနစ်တွင် အရေးပါသည့်အခန်းကဏ္ဍ အနေဖြင့် ပါဝင်လာမည်ဖြစ်ပါတယ်။
သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေးသည် မြန်မာ့လယ်ယာကဏ္ဍ၏အနာဂတ်အတွက် မြေဆီဩဇာထက်သန်ပြီး သီးနှံအထွက်နှုန်းတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရန်နှင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံနိုင်ရည်ရှိအောင် မြှင့်တင်ပေးနိုင်ကာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းတစ်ခုအဖြစ် ရှေ့ဆောင်နေပါတယ်။ စိုက်ပျိုးပညာပေးရေးနှင့် သဘာဝအရင်းအမြစ်များတွင် မှန်ကန်သော ပံ့ပိုးကူညီမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်ခြင်းဖြင့် သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA)သည် မြန်မာနိုင်ငံတွင်ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်လာနိုင်ပြီး နောင်လာနောက်သားများအတွက် စားနပ်ရိက္ခာဖူလုံရေးနှင့် လူမှုစီးပွားဘဝ စည်ပင်ဝပြောလာမည်ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။