ခရီးသွားခြင်းသည် အတွေ့အကြုံသစ်များကို ရရှိစေပြီး အတွေးအမြင်ကို တိုးတက်စေပါသည်။ ယဉ်ကျေးမှုအသစ်များကို ဖော်ထုတ်ပေးကာ မတူညီသောနောက်ခံများမှ လူအများနှင့် ချိတ်ဆက်ရန် ကူညီပေးသည်။ သမိုင်း၊ အနုပညာနှင့် ဓလေ့ထုံးတမ်းများကို လက်တွေ့လေ့လာသင်ယူနိုင်သည်။ ထို့အပြင် ခရီးသွားခြင်းသည် အပန်းဖြေရန်၊ ဗဟုသုတရှာဖွေရန်နှင့် ရေရှည်တည်မြဲသော အမှတ်တရများကိုဖန်တီးရန် ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သည်။ ခရီးစဉ်တစ်ခုသည် ကိုယ်ပိုင်တိုးတက်မှုနှင့် ရှာဖွေတွေ့ရှိမှုအတွက် အခွင့်အလမ်းဖြစ်သည်။ ခရီးသွားလာမှုပုံစံသည် ခေတ်အဆက်ဆက်ပြောင်းလဲလာပြီး ခေတ်မီလာသည့် ခရီးသွားလုပ်ငန်းအဖြစ် ပေါ်ထွန်းလာကာ တဖြည်းဖြည
ခရီးသွားခြင်းသည် အတွေ့အကြုံသစ်များကို ရရှိစေပြီး အတွေးအမြင်ကို တိုးတက်စေပါသည်။ ယဉ်ကျေးမှုအသစ်များကို ဖော်ထုတ်ပေးကာ မတူညီသောနောက်ခံများမှ လူအများနှင့် ချိတ်ဆက်ရန် ကူညီပေးသည်။ သမိုင်း၊ အနုပညာနှင့် ဓလေ့ထုံးတမ်းများကို လက်တွေ့လေ့လာသင်ယူနိုင်သည်။ ထို့အပြင် ခရီးသွားခြင်းသည် အပန်းဖြေရန်၊ ဗဟုသုတရှာဖွေရန်နှင့် ရေရှည်တည်မြဲသော အမှတ်တရများကိုဖန်တီးရန် ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သည်။ ခရီးစဉ်တစ်ခုသည် ကိုယ်ပိုင်တိုးတက်မှုနှင့် ရှာဖွေတွေ့ရှိမှုအတွက် အခွင့်အလမ်းဖြစ်သည်။ ခရီးသွားလာမှုပုံစံသည် ခေတ်အဆက်ဆက်ပြောင်းလဲလာပြီး ခေတ်မီလာသည့် ခရီးသွားလုပ်ငန်းအဖြစ် ပေါ်ထွန်းလာကာ တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာသည်။ ခရီးသွားလုပ်ငန်းဟူသည် ကမ္ဘာပေါ်တွင် အကြီးမား ဆုံးစီးပွားရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ရေးကို များစွာအထောက်အကူပြုလျက် မီးခိုးမထွက်သောစက်ရုံဟု တင်စားသတ်မှတ်ထားသည့် အစိမ်းရောင်စီးပွားရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ အရေးပါမှု
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ ခိုင်မြဲရေးတို့ကို မြှင့်တင်ရာတွင် ဘက်စုံကဏ္ဍစုံမှ ခရီးသွားလုပ်ငန်းအခန်းကဏ္ဍကို အလေးပေး ဖော်ပြသည်။ COVID-19 ကူးစက်ရောဂါမတိုင်မီက ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့ GDP ၏ ၁၀ ရာခိုင် နှုန်းနီးပါးရှိပြီး သန်းနှင့်ချီ၍ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှုများ ဖန်တီးပေးခဲ့သည်။ ခရီးသွားလုပ်ငန်းသည် ဒေသတွင်းစီးပွားရေးကို ပံ့ပိုးပေးခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာများကို မြှင့်တင်ပေးနိုင်ခဲ့သည်။ ခရီးသွားလုပ်ငန်း၏ သဘောသဘာဝအရ လုပ်ငန်းနယ်ပယ်ပေါင်းစုံတွင် အကျိုးဖြစ်ထွန်းစေသည်။ မြို့ပြနှင့် ကျေးလက်ဒေသများတွင်ရှိသည့် အမျိုးသမီးများ၊ လူငယ်များနှင့် ကျေးလက်နေပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်သည့်အပြင် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအရင်းအမြစ်များနှင့် အလှအပများကို ဖွင့်လှစ်ပြသနိုင်သည့် အခွင့်အလမ်းများလည်း ရရှိစေသည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍကို ပိုမိုကောင်းမွန်စေရေး စီမံခန့်ခွဲပေးနိုင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်း လုပ်ဆောင်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်နှင့်လျော်ညီသော ခရီးသွားလုပ်ငန်းဆိုင်ရာမူဝါဒများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကို မှီခိုရပ်တည်နေရသည့် အများပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာထိခိုက်ဆုံးရှုံးခဲ့ရ သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စီးပွားရေးကုစားမှုစီမံကိန်း (COVID–19 Economic Relief Plan) အရ နိုင်ငံတော်ဘဏ္ဍာငွေ၏ သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအထိ သုံးစွဲရန် သတ်မှတ်ထားခဲ့ရာ ခရီးသွားကုမ္ပဏီ ၂၄၄ ခု၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၃၃၉ ခုတို့ကို ငွေကျပ် ၂၁ ဒသမ ၄ ဘီလီယံ ထုတ်ချေးခဲ့သည်။ နိုင်ငံပိုင် ငှားရမ်းဟိုတယ်များအတွက် ငှားရမ်းခများကို ခြောက်လရွှေ့ဆိုင်းပေးခြင်းအပြင် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ၂၁ လကို ငှားရမ်းခ ၅၀ ရာခိုင်နှုန်းလျှော့ချပေးခြင်း၊ ဟိုတယ်၊ မိုတယ်၊ ခရီးလှည့်လည်ရေးလုပ်ငန်းများနှင့် ဧည့်လမ်းညွှန်များ၏ လုပ်ငန်းလိုင်စင်ကြေးများကို တစ်နှစ်စာကင်းလွတ်ခွင့်ပြုခြင်းများ ဖြေလျှော့ ဆောင်ရွက်ပေးခဲ့သည်။ ပြည်တွင်း/ ပြည်ပခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဦးစားပေးတစ်ရပ်အဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်း လုပ်ကိုင်နေ သူများကို နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များတွင် ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အပေါ် သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနက ကာလတို၊ ကာလလတ်၊ ကာလရှည်ပန်းတိုင်များ အောင်မြင်စေရန်အတွက် မဟာဗျူဟာ ၁၈ ခု၊ အသေးစိတ်စီမံချက် ၉၃ ခု ပါဝင်သည့် “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅)” ကို ရေးဆွဲ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစပြီး ကိုဗစ် - ၁၉ ကပ်ရောဂါပြန့်ပွားမှုအခြေအနေ လျော့နည်းလာသည်နှင့်အမျှ ပြည်တွင်း ခရီးသွားလာမှုများ စတင်တိုးတက်လာသည်။ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်း/ ပြည်ပ ခရီးသွားလာမှုများ တစ်စထက်တစ်စ ဖွံ့ဖြိုးတိုးတက်လာသည်။ မြန်မာနိုင်ငံသည် ခရီးသွား လုပ်ငန်း ပြန်လည်စတင်ရာတွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုများ၊ ကာဗွန် ထုတ်လုပ်မှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် အင်တာနက်အခြေခံဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုရေးစသည့် ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်များကိုလည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာဖြင့် သွားလာလည်ပတ်နိုင်ရန်၊ ခရီးသွားများအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြည့်ပြည့်စုံစုံနှင့် လွယ်ကူလျင်မြန်စွာရရှိနိုင်အောင် စီစဉ်ပေးခြင်း၊ ခရီးသွားဧည့်သည်များ၏ ပြည်ဝင်၊ ပြည်ထွက်ခွင့် လုပ်ထုံးလုပ်နည်းများနှင့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကိုလည်း လွယ်ကူရှင်းလင်းစေခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဝိုင်းဝန်း ပံ့ပိုးကူညီဆောင်ရွက်ခဲ့သည်။
တာဝန်သိခရီးသွားအမူအကျင့်များ
ခရီးသွားလုပ်ငန်းသည် နိုင်ငံအများအပြားတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပြီး ၎င်း၏အကျိုးကျေးဇူးများသည် စီးပွားရေးလုပ်ငန်းများထက် သာလွန်သည်။ ၎င်းသည်ယဉ်ကျေးမှုဖလှယ် ခြင်းကို အားပေးပြီး မတူကွဲပြားသော လူဦးရေများအကြား နားလည်မှုကို တိုးပွားစေသည်။ သို့သော် အထူးသဖြင့် ခရီးသွားလာမှုအပေါ် ကပ်ရောဂါ၏သက်ရောက်မှုကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် ရေရှည်တည်တံ့မှုကို ဦးစားပေးသည့်ခရီးသွားလုပ်ငန်းကို ဆောင်ရွက်ရန် အရေးကြီးပါသည်။ အမှိုက်နည်းစေရန်၊ ဒေသတွင်း စီးပွားရေးကို ပံ့ပိုးပေးခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းကဲ့သို့သော တာဝန်သိခရီးသွားအမူအကျင့်များကို အားပေးအားမြှောက်ပြုရမည်ဖြစ်သည်။ တာဝန်ယူမှုရှိသော ခရီးသွားအမူအကျင့်သည် သွားရောက်လည်ပတ်သည့်နေရာများနှင့် တွေ့ဆုံမည့်သူများအပေါ် အကျိုးသက်ရောက်မှုရှိသည်။
ယဉ်ကျေးမှုကိုလေးစားမှုရှိခြင်း - ဒေသဆိုင်ရာဓလေ့ထုံးတမ်းများ၊ ရိုးရာဓလေ့များနှင့် ဘာသာစကားများကို လေ့လာပြီး လေးစားမှုရှိရပါမည်။ လူမှုအသိုင်းအဝိုင်းများနှင့် လေးစားစွာ ဆက်ဆံရပါမည်။
ပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုရှိခြင်း - အမှိုက်ကို လျှော့ချခြင်း၊ တစ်ခါသုံးပလတ်စတစ်များကို ရှောင်ကြဉ်ပြီး အမှိုက်မပစ်ရန် စည်းမျဉ်းများကို လိုက်နာခြင်းနှင့် ဂေဟစနစ်ဖြင့် သဟဇာတဖြစ်အောင် အတတ်နိုင်ဆုံး နေထိုင်ရပါမည်။
ဒေသန္တရစီးပွားရေးများကိုပံ့ပိုးခြင်း - နေရာထိုင်ခင်း၊ စားသောက်ခြင်းနှင့် သယ်ယူပို့ဆောင်မှုများအတွက် ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ရွေးချယ်ခြင်းဖြင့် ခရီးသွားလုပ်ငန်းနှင့် ဒေသန္တရ လူ့အဖွဲ့အစည်းကို ရေရှည်တည်တံ့စေပါသည်။
တောရိုင်းတိရစ္ဆာန်ကာကွယ်ခြင်း - တောရိုင်းတိရစ္ဆာန်များကို အမြတ်ထုတ်သည့် ဆောင်ရွက်မှုများအား ရှောင်ကြဉ်၍ ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီသင့်ပါသည်။
သဘာဝခရီးသွားလုပ်ငန်း (Eco-tourism) သည် ခရီးသွားသူများအား သဘာဝပတ်ဝန်းကျင်၊ တိရစ္ဆာန်များနှင့် သဘာဝပုံရိပ်များကို ကာကွယ်သည့်နည်းလမ်းများကို ထောက်ပံ့သွားနိုင်သော လုပ်ငန်းတစ်ခုဖြစ်ပြီး သဘာဝစရိုက်များကို စီမံခန့်ခွဲနိုင်ခြင်း၊ သဘာဝအရင်းအမြစ်များကို လွတ်လပ်စွာ အသုံးပြုနိုင်သည့်အပြင် ဒေသခံများအား ကောင်းမွန်သောဝင်ငွေများကို ဖန်တီးပေးနိုင်သည်။ ခရီးသွားလုပ်ငန်း၌ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ အလေးထားဆောင်ရွက်ခြင်းဖြင့် နိုင်ငံရှိ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို အထောက်အကူပြုသည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရာရောက်သည်။
ခေတ်မီခရီးသွားလုပ်ငန်း (Modern Travel Business) သည် နည်းပညာတိုးတက်မှုများနှင့် အဆင့်မြင့်ဝန်ဆောင်မှုများကို ချိတ်ဆက်ပြီး ခရီးသွားအတွေ့အကြုံများကို အထူးပြုလုပ်သော လုပ်ငန်းမျိုးဖြစ်သည်။ ယနေ့ခေတ်တွင် ခရီးသွားလုပ်ငန်းများသည် အင်တာနက်၊ မိုဘိုင်းအက်ပ်များ၊ ကွန်ပျူတာစနစ်များနှင့် ကုန်ပစ္စည်းအသစ်များကို အသုံးပြု၍ အချိန်တိုင်းခရီးသွားများအတွက် လွယ်ကူ၍ အဆင်ပြေသောဝန်ဆောင်မှုများ ပေးစွမ်းနိုင်သည်။ ခေတ်မီခရီးသွားလုပ်ငန်းတွင် ဝန်ဆောင်မှု များကို ပိုမိုအဆင့်မြင့်လုပ်ဆောင်နိုင်ရန် အနာဂတ်နည်းပညာများဖြစ်သော Virtual Reality (VR), Augmented Reality (AR), Artificial Intelligence (AI) နှင့် Blockchain စနစ်များကို အသုံးပြု၍ ခရီးသွားအတွေ့အကြုံများကို ပိုမိုအဆင့်မြင့်အောင် လုပ်ဆောင်ကြသည်။
ခရီးသွားလုပ်ငန်းသည် စွန့်ဦးလုပ်ငန်းရှင်များနှင့် MSME ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် အခွင့်အလမ်းများစွာကို ဆောင်ကြဉ်းပေးနိုင်သည်။ ခရီးသွားကဏ္ဍ၏ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများသည် အခြားသော ထုတ်လုပ်မှုကဏ္ဍများအပေါ်တွင်ပါ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်လျက်ရှိရာ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုသည်။ ထို့ပြင် တည်းခိုနေထိုင်ရေးနှင့် ဧည့်သည်အား ဝန်ဆောင်မှုပေးခြင်းကဏ္ဍအပြင် ကျန်းမာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လမ်းတံတားကဏ္ဍ၊ ပတ်ဝန်းကျင်သာယာလှပရေးကဏ္ဍ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ဖန်တီးပေးနိုင်သည်။ ထို့အပြင် ခရီးသွားလုပ်ငန်းသည် မြို့ပြဒေသများအတွက်သာမက ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေသဖြင့် ဒေသခံများအား အလုပ်အကိုင်နှင့် ပုံမှန်ဝင်ငွေကို တိုးပွားစေပါသည်။
မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေများစသည့် မတူကွဲပြား ထူးခြားလှပသော သဘာဝရှုခင်းများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ အရောင်အသွေးစုံလင်သည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့်အရာများ ဖြစ်ကြသည်။ ခရီးသွားလုပ်ငန်းသည် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ချိတ်ဆက်ဖန်တီးပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ တိုးတက်လာမည်ဆိုပါက နိုင်ငံ၏စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများစွာပြောင်းလဲသွားမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
Source: www.moi.gov.mm

ပဲပုပ်သီးနှံကို ပဲပုပ်ဖြင့်ပြုလုပ်သောပဲငါးပိကို စားသုံးခြင်းမှ စတင်သိခဲ့ရသည်။ ပဲငါးပိသည် ပဲပုပ်သီးနှံ၏ တန်ဖိုးမြှင့်ထုတ်ကုန်တစ်မျိုးဖြစ်သည်။ ပဲပုပ်သည် အာဟာရဓာတ်ကြွယ်ဝသော အစားအစာများထဲတွင်ပါဝင်ပြီး ကမ္ဘာ့အရေးကြီးဆုံးသီးနှံ (၁၀)မျိုးအနက် အမှတ်စဉ်(၆)နေရာတွင် ရပ်တည်နေသည်။ ပဲပုပ်တွင် အသားဓာတ် ၄၀ ရာခိုင်နှုန်းမှ ၄၅ရာခိုင်နှုန်းနှင့် ဟင်းသီးဟင်းရွက်ဆီ ၁၉ ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းပါဝင်သည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်းနေရာတွင် ရပ်တည်နေသောဟင်းသီးဟင်းရွက်ဆီတစ်မျိုးဖြစ်သည်။ ပဲအမျိုးအစားများစွာရှိသည့်အနက် ပဲပုပ်သည် အာဟာရဓာ
ပဲပုပ်သီးနှံကို ပဲပုပ်ဖြင့်ပြုလုပ်သောပဲငါးပိကို စားသုံးခြင်းမှ စတင်သိခဲ့ရသည်။ ပဲငါးပိသည် ပဲပုပ်သီးနှံ၏ တန်ဖိုးမြှင့်ထုတ်ကုန်တစ်မျိုးဖြစ်သည်။ ပဲပုပ်သည် အာဟာရဓာတ်ကြွယ်ဝသော အစားအစာများထဲတွင်ပါဝင်ပြီး ကမ္ဘာ့အရေးကြီးဆုံးသီးနှံ (၁၀)မျိုးအနက် အမှတ်စဉ်(၆)နေရာတွင် ရပ်တည်နေသည်။ ပဲပုပ်တွင် အသားဓာတ် ၄၀ ရာခိုင်နှုန်းမှ ၄၅ရာခိုင်နှုန်းနှင့် ဟင်းသီးဟင်းရွက်ဆီ ၁၉ ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းပါဝင်သည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်းနေရာတွင် ရပ်တည်နေသောဟင်းသီးဟင်းရွက်ဆီတစ်မျိုးဖြစ်သည်။ ပဲအမျိုးအစားများစွာရှိသည့်အနက် ပဲပုပ်သည် အာဟာရဓာတ်အပြည့်ဝဆုံးသောပဲသီးနှံဖြစ်သည်။
သီးနှံများကို စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရေးထွက်ကုန်နှင့် စိုက်ပျိုးရေးထုတ်ကုန်ဟူ၍ နှစ်မျိုးရှိသည်။ စိုက်ပျိုးရေးထွက်ကုန်ဆိုသည်မှာ သီးနှံကိုစိုက်ပျိုး၍ ရိတ်သိမ်းပြီးနောက် ထွက်ရှိလာသော သီးနှံထွက်ကုန်များကိုဆိုလိုပြီး စိုက်ပျိုးရေးထုတ်ကုန်ဆိုသည်မှာ သီးနှံထွက်ကုန်များကို ပြုပြင်မွမ်းမံပြင်ဆင်၍ ထုတ်လုပ်ခြင်းအားဖြင့် ထွက်ရှိလာသော တန်ဖိုးမြှင့်ထုတ်ကုန်များကိုဆိုလိုသည်။ ထို့ကြောင့် ယနေ့ခေတ်ကာလတွင် သီးနှံထွက်ကုန်များထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်းတို့အတွက် ရည်မှန်းချက်ထား၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းကို ဆောင်ရွက်လာကြသည်။
တန်ဖိုးမြှင့်ထုတ်ကုန်ဆိုသည်မှာ
တန်ဖိုးမြှင့်ထုတ်ကုန်ဆိုသည်မှာစိုက်ပျိုးထုတ်လုပ်ရာမှ ထွက်ရှိလာသော စိုက်ပျိုးရေးထွက်ကုန်တစ်ခုကို ရုပ်ပိုင်းဆိုင်ရာအခြေအနေ ပြောင်းလဲပေးခြင်း ဥပမာ- ဂျုံစေ့မှ ဂျုံမှုန့် (သို့) ထုတ်ကုန်၏ပုံစံကို ပြောင်းလဲပေးခြင်း ဥပမာဂျုံမှုန့်မှ ပေါင်မုန့်ကိုဆိုလိုသည်။ ဤနည်းလမ်းနှစ်မျိုးဖြင့် မည်သည့်သီးနှံထွက်ကုန်ကိုမဆို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်။ ထိုသို့ပြုလုပ်ရာတွင် ပြုပြင်မွမ်းမံပြင်ဆင်ထုတ်လုပ်ခြင်းအားဖြင့် အဆင့်သုံးဆင့်ရှိသည်။
ပထမအဆင့် ပြုပြင်မွမ်းမံပြင်ဆင်ထုတ်လုပ်ခြင်းတွင် စိုက်ပျိုးထုတ်လုပ်ရာမှ ထွက်ရှိလာသော သီးနှံထွက်ကုန်များကို မူရင်းအတိုင်း ပုံစံမပျက်စေဘဲ ဆောင်ရွက်ရသောလုပ်ငန်းများဖြစ်သည်။ သီးနှံထွက်ကုန်များကို ရေဆေးခြင်း၊ သန့်ရှင်းခြင်း၊ အဆင့်ခွဲခြင်း၊ အမျိုးအစားခွဲခြင်းစသည်တို့ပါဝင်သည်။
ဒုတိယအဆင့် ပြုပြင်မွမ်းမံပြင်ဆင်ထုတ်လုပ်ခြင်းတွင် ပထမအဆင့်မှထွက်ရှိလာသော သီးနှံထုတ်ကုန်များကို ပမာဏများရာမှ နည်းသွားခြင်း၊ ပုံစံကိုလျှော့ချခြင်းတို့ကို ဖြစ်ပေါ်စေရန် ဆောင်ရွက်ရသောလုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းများတွင် ထုပ်ပိုးခြင်း၊ ဖယောင်းတင်ခြင်း၊ အသားအနှစ်ထုတ်ခြင်း၊ အခွံခွာခြင်း၊ အရည်ထုတ်ခြင်း၊ တစ်ပိုင်းတစ်စကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ ကြာရှည်ခံအောင်ထိန်းသိမ်းခြင်းတို့ပါဝင်သည်။
တတိယအဆင့် ပြုပြင်မွမ်းမံပြင်ဆင်ထုတ်လုပ်ခြင်းတွင် စားသုံးရန်အဆင်သင့်ဖြစ်အောင် ပြုလုပ်ရသော လုပ်ငန်းများပါဝင်သည်။ ထုတ်ကုန်သည် သက်တမ်းရှည်ပြီး အရည်အသွေးမြင့်မားသည်။ ထို့ကြောင့် ဤအဆင့်တွင် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရန် ထုတ်လုပ်သည့်ကုန်ပစ္စည်းအပေါ်မူတည်ပြီး အဆင့်မြင့်နည်းပညာလိုအပ်သည်။
ပဲပုပ်သီးနှံသည် အခြားသီးနှံများနှင့်နှိုင်းယှဉ်လျှင် တန်ဖိုးမြှင့်ထုတ်ကုန်များစွာထုတ်လုပ်နိုင်သောသီးနှံတစ်မျိုးဖြစ်သည်။ ပဲပုပ်သီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ပြီး စီးပွားရေးတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်လျှင် အလွန်စိုက်ပျိုး ရန်သင့်တော်သော သီးနှံတစ်မျိုးဖြစ်သည်။
ပဲပုပ်သီးနှံထွက်ကုန်အစားအစာများ
ပဲပုပ်သီးနှံကို စိုက်ပျိုးထုတ်လုပ်၍ ထွက်ရှိလာသော ပဲပုပ်စေ့များကို သရေစာ အဖြစ် အစိမ်းလိုက်ကြော်၍ စားခြင်း၊ ပြုတ်၍သုပ်စားခြင်းနှင့် ဟင်းလျာတစ်မျိုးအဖြစ် ချက်၍စားခြင်းတို့အပြင် ပဲပုပ်ထောင်းကြော်၊ ပဲပုပ်ကြက်သွန်ကြော်၊ ပဲပုပ်မြေပဲကြော်၊ ပဲပုပ်ဂျူးမြစ်ကြော်၊ ပဲပုပ်ကြော်ချက်၊ ပဲပုပ်မြေပဲချက်၊ပဲပုပ်စေ့ဟင်းချို၊ ပဲပုပ်မီးကင်၊ ပဲပုပ်ချဉ် စသည်ဖြင့် နှစ်သက်ရာပုံစံအမျိုးမျိုးကို ပြုလုပ်ဖန်တီး၍စားသောက်ကြသည်။
မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်များမှာ “မိရိုးဖလာ အစားအစာ ပဲပုပ်ဟင်းလေးတစ်ခွက်ပါ”ဟူသော စကားရပ်တစ်ရပ်ရှိသည့်အတိုင်းပဲပုပ်ဟင်းလျာကို ခုံမင်နှစ်ခြိုက်စွာ စားသုံးကြသည်။ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားများသည်ပဲပုပ်စေ့ကို ရေစိမ်ပြုတ်၍ ပဲပုပ်အစိုအဖြစ်ပြုလုပ်ကာ မိမိကြိုက်နှစ်သက်သော အရသာထည့်သွင်းပြီး ဟင်းတစ်မယ်အဖြစ် ရှေးယခင်ကတည်းကပင် ချက်ပြုတ်စားသောက်ကြသည့် အလေ့အထရှိကြ သည်။
ပဲပုပ်စေ့ကို တိုက်ရိုက်ချက်ပြုတ်စားသောက်ကြခြင်းအပြင် ပဲပုပ်စေ့များကိုထောင်း၍ ပဲပုပ်ထောင်းမှုန့်များကို ဟင်းချိုထဲတွင် ခပ်ခြင်း၊ ခရမ်းသီးမီးဖုတ်သုပ်နှင့် ခရမ်းချဉ်သီးမီးဖုတ်သုပ်ထဲတွင် ထည့်ခြင်းတို့အပြင် ကိတ်မုန့်များပြုလုပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုကြသည်။
ပဲပုပ်သီးနှံ တန်ဖိုးမြှင့်ထုတ်ကုန်အစားအစာများ
ပဲပုပ်သီးနှံသည်သီးနှံထွက်ကုန်အဖြစ် အသုံးပြုနိုင်ရုံသာမက တန်ဖိုးမြှင့်ထုတ်ကုန် များထုတ်လုပ်ရန်အတွက် အလွန်အသုံးဝင်သော သီးနှံတစ်မျိုးဖြစ်သည်။ပဲပုပ်သီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးအစားများစွာကို ထုတ်လုပ်နိုင်သည်။ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားများသည် ပဲပုပ်ကို ဂျူးမြစ်၊ ငရုတ်သီးတို့ဖြင့်ရောနှောပြီး အရသာမျိုးစုံရှိသောပဲပုပ်ချပ်အခြောက်ပြုလုပ်၍ တာရှည်ခံအောင်ပြုလုပ်ခြင်း၊ ပဲပုပ်ပြား၊ ပဲပုပ်အတုံး၊ ပဲငါးပိချဉ်စပ်၊ ပဲငါးပိဆီစိမ်၊ ပဲပုပ်တိုဟူးနှော၊ ပဲပုပ်စေ့လှော်၊ ပဲနို့ရည်၊ ပဲငံပြာရည် စသည်ဖြင့် စားဖွယ်စုံစွာ ပြုပြင်ဖန်တီးပြီး စားသုံးကြသည်။ ရှမ်းတိုင်းရင်းသားများသည် ပဲပုပ်ကို နှစ်သက်စွာစားသုံးကြပြီး ရှမ်းရိုးရာအစားအစာ “ရှမ်းပဲပုပ်”အဖြစ် မြန်မာပြည်တစ်လွှား နာမည်ကျော်ကြားသည်။
မြန်မာလူမျိုးများသည် ပဲငါးပိကို အစို၊ အခြောက်နှစ်မျိုးစားသုံးကြ၍ ပဲပုပ်စေ့မှ ပဲငါးပိပြုလုပ်၍ ရောင်းချသောလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာ့ရိုးရာ ပဲငါးပိလုပ်ငန်းတစ်ခုဖြစ်လာသည်။ ထို့ပြင် ပဲပုပ်မှ ပဲနို့ရည်၊ ပဲနို့ဒိန်ခဲ၊ ဆော့စ်၊ ကော်ဖီ၊ ကိတ်၊ စည်သွတ်ဘူး၊ကြာညို့ စသည်တို့ ပြုလုပ်နိုင်ပြီး ပဲပုပ်စေ့ကိုကြိတ်၍ ပဲပုပ်ဆီကိုလည်း ထုတ်လုပ်နိုင်သည်။
ပဲပုပ်သီးနှံ လူသုံးကုန်တန်ဖိုးမြှင့်ထုတ်ကုန်များ
ပဲပုပ်သီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် လူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်သည်။ ပဲပုပ်ဆီမှ စာရေးမင်၊ ပုံနှိပ်မင်၊ ဆပ်ပြာ၊ ရော်ဘာတု၊ ဓာတ်ဆီ၊ ဇီဝဒီဇယ်၊ ပလတ်စတစ်၊ ခဲတံ၊ အရောင်တင်ဆီ၊ အိမ်သုတ်ဆေး၊ ပိုးမွှားသတ်ဆေး၊ ကြွေဆေး၊ ဆီစိမ်စက္ကူ၊ သားရေတု၊ ဖယောင်းတိုင်၊ သိုးမွှေးတု၊ သုတ်ဆေး၊ အလှကုန်ပစ္စည်းအမျိုးမျိုး စသည့်လူ့အသုံးအဆောင်ပစ္စည်းအမျိုးအစားပေါင်း၂၀၀၀ ခန့်ကို ထုတ်လုပ်နိုင်သည်။
ပဲပုပ်သီးနှံပင် ကြွင်းကျန်ပင်များ၏ အသုံးဝင်မှု
ပဲပုပ်သီးနှံကို အဓိကစိုက်ပျိုးကြခြင်းမှာ ပဲပုပ်စေ့ကို ထုတ်လုပ်ရန်ဖြစ်သည်။ပဲပုပ်စေ့ကိုထုတ်လုပ်ပြီးနောက် ကျန်ရစ်ခဲ့သော ပဲပုပ်ပင်၏ အမြစ်၊ အရိုးများ၊ အရွက်များကိုလည်း လူသားတို့အကျိုးအတွက် အသုံးချနိုင်သည်။ ပဲပုပ်ပင်၏အမြစ်နှင့်အရိုးများကို ထင်းအဖြစ်အသုံးပြုနိုင်သည်။ အမြစ်၊ အရိုး၊ အရွက်အပါအဝင်အပင်အကြွင်းအကျန်အားလုံးကို မြေဆွေးပြုလုပ်၍ သဘာဝမြေဩဇာအဖြစ် ပြုလုပ်အသုံးပြုနိုင်သည်။ ပဲပုပ်စေ့ကို ကြိတ်၍ ဆီထုတ်လုပ်ရာမှကျန်ရစ်ခဲ့သော ပဲပုပ်ဆီကြိတ်ဖတ်များကို တိရစ္ဆာန်အစားအစာအဖြစ်အသုံးပြုနိုင်သည်။
ပဲပုပ်ဇီဝဒီဇယ်ထုတ်လုပ်ခြင်း
တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းလမ်းများတွင် လယ်ယာအခြေခံ ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်းနည်းလမ်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ပြည့်ဖြိုးမြဲစွမ်းအင်ဆိုသည်မှာ နေရောင်ခြည်(သို့)လေကဲ့သို့ အမြဲတမ်းပြန်လည်ဖြည့်ပေးသော သဘာဝနှင့်ပြန်လည်ပြည့်ဖြိုးသော အရင်း အမြစ်မှ ထုတ်လုပ်သော စွမ်းအင်ကိုခေါ်သည်။ ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးမျိုးကို ကျေးလက်ဒေသများတွင် နည်းလမ်းမျိုးစုံဖြင့် ထုတ်လုပ်လျက်ရှိရာ လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်မှစ၍ ဇီဝစွမ်းအင်များအထိ ထုတ်လုပ်ကြသည်။ ပြည့်ဖြိုးမြဲစွမ်းအင်များသည် မြေမှထုတ်ယူရရှိသော သဘာဝလောင်စာများကို အစားထိုးသုံးစွဲနိုင်ပြီး ရေရှည်ကာလတွင် စွမ်းအင်ဖူလုံမှုကို ဖြစ်စေသည်။
ရေနံထုတ်ကုန်များပြတ်လပ်မှုကြောင့်ဇီဝဒီဇယ်များသည် လောင်စာဆီအရင်း အမြစ်တစ်ခုအဖြစ် လူအများပိုမိုစိတ်ဝင်စားလာကြသည်။ ဇီဝဒီဇယ်၏ ကောင်းကျိုးများမှာ ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ခြင်း၊ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုဖြစ်ခြင်း၊ ကာဗွန်ထုတ်လုပ်မှုနည်းခြင်းနှင့် အဆိပ်အတောက်ကင်းမဲ့ခြင်းတို့ဖြစ်ပြီး ဇီဝဒီဇယ်ကို သာမန်ဒီဇယ်အင်ဂျင်များတွင် အသုံးပြုနိုင်သည်။ ဇီဝဒီဇယ်ကို ယေဘုယျအားဖြင့် ဆီပါဝင်မှု မြင့်မားသော သီးနှံများမှ ထုတ်လုပ်နိုင်သည်။ ဇီဝဒီဇယ်ထုတ်လုပ်ရန် အဓိကအသုံးပြုသော သီးနှံများမှာ အမေရိကန်နိုင်ငံတွင် ပဲပုပ်၊ ဥရောပတိုက်တွင် ဆီမုန်ညင်း၊ အရှေ့တောင်အာရှဒေသရှိ အပူပိုင်းဒေသများတွင် အုန်းထန်း၊ အပူပိုင်းဇုန်နှင့်အပူလျော့ပိုင်းဇုန်များတွင် ကြက်ဆူ စသည်ဖြင့် နိုင်ငံအလိုက်သုံးကြပြီး အခြားသီးနှံများအနေဖြင့် နေကြာ၊ ဝါစေ့၊ မှော်ပင်ရေညှိ၊ ပြောင်း၊ မြေပဲတို့ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် ၂၀၁၈ ခုနှစ်စာရင်းအရ ဇီဝဒီဇယ်ကို ပဲပုပ်ဆီမှ အများဆုံး ထုတ်လုပ်ပြီး စုစုပေါင်းထုတ်လုပ်မှု၏၅၄ ရာခိုင်နှုန်းရှိသည်။ ယေဘုယျအားဖြင့် ပေါင် ၆၀ ရှိသော ပဲပုပ်တစ်တင်းသည် ဇီဝဒီဇယ် ၁ ဒသမ ၅ ဂါလန်ကို ထုတ်လုပ်နိုင်ပြီး ပဲပုပ်တစ်ဧကမှာ ပဲပုပ်စေ့ တင်း ၄၀ ထွက် လျှင် ဇီဝဒီဇယ် ဂါလန် ၆၀ ထွက်နိုင်သည်။
အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သင့်
စိုက်ပျိုးရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အလုံးစုံဖွံ့ဖြိုးတိုးတက်မှု၏အခြေခံဖြစ်သည်။ ပဲပုပ်သီးနှံသည် တန်ဖိုးမြှင့်ထုတ်ကုန်များစွာကို ထုတ်လုပ်နိုင်သောကြောင့် ပဲပုပ်သီးနှံစိုက်ပျိုးရေးကို တိုးချဲ့ဆောင်ရွက်သင့်သည်။ သို့သော် ပဲပုပ်သီးနှံမှတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရန်နည်းပညာလိုအပ်သည်ကိုတော့ မမေ့သင့်ပေ။ ထိုလိုအပ်သောနည်းပညာကိုကောင်းစွာ ကျွမ်းကျင်တတ်မြောက်လျှင်ပဲပုပ်သီးနှံတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်သည့်အတွက် အသေးစား၊ အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ်များစွာဆောင်ရွက်နိုင်မည်ဖြစ်သည်။
နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက်စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ် စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် သီးနှံထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ပဲပုပ်သီးနှံကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်သကဲ့သို့တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်နည်းပညာများကိုလည်း ရှာဖွေဖော်ထုတ်ရန်လိုအပ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးသုတေသနပညာရှင်၊ စိုက်ပျိုးရေးပညာရှင်၊ စိုက်ပျိုးပညာပေးရေးပညာရှင်များအပါအဝင်စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးတွင် ပါဝင်ပတ်သက်သူများအားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သင့်ပါကြောင်းအကြံပြုတင်ပြလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories

လူသားတို့အတွက် သဘာဝတရားကြီးက မြေ၊ ရေ၊ လေဟူသော လက်ဆောင်ကြီးသုံးခုကို ပေးအပ်ထားသည်။ အဆိုပါလက်ဆောင်သုံးခုကို လူသားတို့ကောင်းကျိုးအတွက် အသုံးပြုနိုင်ရပေမည်။ မြေကြီးသည် သူ့အပေါ်တွင် သက်ရှိသက်မဲ့အရာ အားလုံးကို နေထိုင်ခွင့်ပြုထားပေရာ လူသားတို့အတွက် မရှိမဖြစ်သောကျေးဇူးရှင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေမြေတောတောင် သဘာဝနှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတပြည့်စုံများပြားလှသည်။ “မြေကြီးက ရွှေသီးသည်”ဟူသောစကားမှာ တင်စားပြောဆိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လူသားတို့၏အသိပညာ၊ အတတ်ပညာမ
လူသားတို့အတွက် သဘာဝတရားကြီးက မြေ၊ ရေ၊ လေဟူသော လက်ဆောင်ကြီးသုံးခုကို ပေးအပ်ထားသည်။ အဆိုပါလက်ဆောင်သုံးခုကို လူသားတို့ကောင်းကျိုးအတွက် အသုံးပြုနိုင်ရပေမည်။ မြေကြီးသည် သူ့အပေါ်တွင် သက်ရှိသက်မဲ့အရာ အားလုံးကို နေထိုင်ခွင့်ပြုထားပေရာ လူသားတို့အတွက် မရှိမဖြစ်သောကျေးဇူးရှင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေမြေတောတောင် သဘာဝနှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတပြည့်စုံများပြားလှသည်။ “မြေကြီးက ရွှေသီးသည်”ဟူသောစကားမှာ တင်စားပြောဆိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လူသားတို့၏အသိပညာ၊ အတတ်ပညာများကို သဘာဝတရားနှင့်ပေါင်းစပ်အသုံးချကာ လူတို့အတွက် စား၊ ဝတ်၊ နေရေးမှ အရေးကြီးဆုံးဖြစ်သည့် စားရေးအတွက် လိုအပ်သည့် စားပင်သီးပင်များ အောင်မြင်စွာဖြစ်ထွန်းလာအောင် စိုက်ပျိုးနိုင်ခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုရသော် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် မြေကြီးဆိုသည်မှာ အလွန်တန်ဖိုးရှိလှသည်။
ထို့အတူ ရွှေဆိုသည်မှာလည်း လူတိုင်းနှစ်သက်စွဲလမ်းစွာ ဝတ်ဆင်ကြသော တန်ဖိုးကြီးသတ္တုတစ်မျိုးဖြစ်သည်။ အလွန်တန်ဖိုးရှိသည့်မြေကြီးမှ အလွန်တန်ဖိုးရှိသည့် ရွှေထွက်ပေါ်လာသကဲ့သို့ စားရေးအတွက် အရေးပါသော တန်ဖိုးရှိသည့် သီးပင်စားပင်များ ဖြစ်ထွန်းလာစေခြင်းကို တင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။
အဓိကအားဖြင့် မြေကြီးနှင့်စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံဆောင်ရွက်ရမည့်လုပ်ငန်းမှာ စိုက်ပျိုးရေးဖြစ်သည်။
မြန်မာတို့ပိုင်ဆိုင်သော မြန်မာ့မြေတွင် မြန်မာတို့စိုက်ပျိုးရေး လုပ်ကိုင်ဆောင်ရွက်ရာဝယ်မိမိတို့စိုက်ပျိုးချင်သည့် သီးနှံအပေါ်မူတည်၍ မြေကိုပြင်ဆင်စိုက်ပျိုးကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးဟုဆိုရာတွင် “ကောက်ပဲသီးနှံ”ဟူသောဝေါဟာရကို သုံးကြသည်မှာ လယ်ယာသီးနှံ၊ စက်မှုသီးနှံ၊ ဆီထွက်သီးနှံအားလုံးကို ကိုယ်စားပြုခြင်းဖြစ်သည်။ စာပေလောကတွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းအမည်များကိုစုပေါင်း၍ “စာနယ်ဇင်း”ဟုခေါ်သကဲ့သို့ဖြစ်သည်။
စိုက်ရေးပျိုးရေးတွင် မြေကြီးသည် အကောင်းဆုံး သွင်းအားစုဖြစ်သည်။
မြေကြီးသည် အပင်အတွက် အာဟာရ၊ အောက်ဆီဂျင်နှင့် ရေကိုသိမ်းဆည်းပေးနိုင်ခြင်း၊ သီးနှံအကြွင်းအကျန်နှင့်စားကျက် အကြွင်းအကျန်များအား မြေကြီးကိုအသုံးပြု၍ မြေဆွေးပြုလုပ်နိုင်ခြင်း၊ အပင်များထောင်မတ်နေစေရန် ကူညီပေးနိုင်ခြင်း စသည့်အရေးပါသည့် အရာဖြစ်သည်။ မြေကြီးတွင် အဓိကပါဝင်သောပစ္စည်းလေးမျိုးမှာ သတ္တုပစ္စည်းများ(ကျောက်စရစ်၊ သဲ၊ နုန်း၊ ရွှံ့အစရှိသည်…)၊ အော်ဂဲနစ်ပစ္စည်းများ (အပင် အကြွင်းအကျန်၊ တိရစ္ဆာန်အကြွင်းအကျန်၊ အဏုဇီဝသက်ရှိ အစရှိသည်…)၊ ရေ(မြေ၏စိုစွတ်မှု ၃၀ မှ ၅၀ ရာခိုင်နှုန်း)နှင့် လေ(အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်)တို့ဖြစ်သည်။ အထက်ပါတို့ကိုပေါင်းစပ်ပြီး မြေကြီးဟုခေါ်ခြင်းဖြစ်သည်။
အထက်ပါမြေကြီးပေါ်တွင် ကောက်ပဲသီးနှံစိုက်ပျိုးရာ၌ သိရှိပြီးဖြစ်သည့် လိုအပ်ချက်များမှာ မျိုး၊ မြေ၊ ရေ၊ နည်းဖြစ်သည်။ အမျိုးအစား ပို၍ကောင်းခြင်းကို နေရာကဏ္ဍတိုင်းတွင် အလိုရှိကြသည်။ လူတို့တွင် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးဆိုသကဲ့သို့ ကောက်ပဲသီးနှံစိုက်ပျိုးမှုတွင်လည်း မျိုးကောင်းမျိုးသန့်သည် အဓိကဖြစ်၍ “မျိုးစေ့မမှန် ပင်မသန်” ဆိုစကားပင်ရှိထားသည်။
မျိုးကောင်းမျိုးသန့် ရရှိရေးအတွက် ပညာရှင်များက သုတေသနပြုကြရသည်။
စမ်းသပ်တီထွင်မှုပြုကြသည်။ ပြည်တွင်းမှာသာမက ပြည်ပကအောင်မြင်ဖြစ်ထွန်းသော သီးနှံအလိုက်မျိုးများကို လေ့လာမှတ်သားရသည်။
ကောက်ပဲသီးနှံများ အထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေးအတွက် မျိုးကောင်းမျိုးသန့်သည် အပင်တစ်ပင်အတွက် အမြစ်ပင်ဖြစ်သည်။ ထိုအမြစ်ခိုင်မာရှင်သန်ရေး အတွက် လိုအပ်သည်မှာမြေဖြစ်သည်။ မြေကိုအလှဆင်ရမည်ဆိုသည်ထက် သက်ရှိလူသားတစ်ဦးကို ပြုစုရသကဲ့သို့ပမာတူလှသည်။ စိုက်ပျိုးရေးတွင် နှစ်ပေါင်းကြာရှည်စွာ ရှိနေသည့်ဆောင်ပုဒ်တစ်ခုမှာ “ညက်ညက်ထွန် စိပ်စိပ်စိုက်”ဟူ၍ဖြစ်သည်။ မြေကြီးကို ကြေညက်နေအောင် ထွန်ပေးရသလို မြေကြီးပေါ်တွင် သီးနှံအလိုက်သတ်မှတ်ထားသည့် မျိုးစေ့နှင့်အပင်အရေအတွက်ကိုလည်း ပြည့်မီစေရန် စိုက်ပျိုးရမည်ဖြစ်သည်။
သူ့အတိုင်းအတာနှင့် သူ့အချိုးအစားအလိုက် မြေဩဇာထည့်သွင်းပေးကြရသည်။
မျိုးကောင်းမျိုးသန့်ရရှိပြီဆိုသည်နှင့် ကောက်ပဲသီးနှံများကို မြေကြီးတွင် စိုက်ပျိုးနိုင်ပြီဖြစ်သည်။ ရေသည် စိုက်ပျိုးမှုကွင်းဆက်တစ်လျှောက်လုံးတွင် အရိပ်တကြည့်ကြည့်နှင့် ရှိနေရမည်ဖြစ်သည်။ ရေနှင့်ကင်းကွာသောအခါ ကောက်ပဲသီးနှံများ ဖြစ်ထွန်းနိုင်မည် မဟုတ်သည့်အတွက် ရေရရှိရေးစီမံကြရသည်။ မိုးရေ၊ မြစ်ရေ၊ ချောင်းရေ၊ ဆည်ရေ၊ မြေအောက်ရေစသည်တို့မှ ရေကိုရအောင်ယူကြရမည်။ ကောက်ပဲသီးနှံရှင်သန်ကြီးထွား လာရေးအတွက် ရေလိုအပ်ချိန်တွင် ရေကိုအဆင်ပြေစွာ ဖြည့်ဆည်းပေးနိုင်ရမည်ဖြစ်သည်။ ထမင်းအသက်ခုနစ်ရက်၊ ရေအသက် တစ်မနက်ဆိုသည်နှင့်အညီ ရေသည် အပင်များအတွက် အရေးပါလှသည်။ စိုက်ပျိုးရေးတွင် စိုက်ပျိုးရေနှင့်အောင်ရေ နှစ်မျိုးလုံးကို အချိန်နှင့်တစ်ပြေးညီ အသုံးပြုနိုင်ရမည်ဖြစ်သည်။ ရေများလျှင်လည်း သီးနှံပျက်စီးနိုင်သကဲ့သို့ ရေနည်းလျှင်လည်း အောင်မြင်မှုနည်းပါးပေလိမ့်မည်။
မျိုး၊ မြေ၊ ရေဟူသော ညီနောင်သုံးဖော်တို့ ပြိုင်တူလှုပ်ရှားနိုင်ရေးအတွက် ဦးဆောင်ထိန်းကျောင်း ပေးရမည်မှာ နည်းပညာဖြစ်သည်။ နည်းပညာသည် ကောက်ပဲသီးနှံအားလုံး၏ အနှစ်ချုပ်သို့မဟုတ် ခေါင်းဆောင်ဖြစ်သည်ဟုဆိုနိုင်သည်။ နည်းပညာချို့တဲ့နေလျှင် အောင်မြင်မှုပန်းတိုင်၊ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သို့ရောက်ရှိနိုင်မည် မဟုတ်ပေ။ စိုက်နည်းမှန်မှ အထွက်နှုန်းမှန်မည်ဖြစ်သည်။ တိတိကျကျဆိုရသော် မြေကြီးကရွှေသီးနိုင်မည်သာဖြစ်သည်။
အထက်ပါအတိုင်း စိုက်ပျိုးရေးလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်လျှင်၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် ခေတ်မီနည်းစနစ်များနှင့် စိုက်ပျိုးမည်ဆိုလျှင် သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းစွမ်းအားများ တိုးချဲ့ခြင်း၊ အထွက်တိုးအောင်လုပ်ဆောင်ခြင်း၊ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျှင် စိုက်ပျိုးရေးကဏ္ဍက ထုတ်ကုန်နှစ်ဆတိုးမြှင့်ကာ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများ တွင်ကျယ်လာလျှင် ပြည်တွင်းစားသုံးမှုဖူလုံသည့်အပြင် ပိုလျှံမှုကို ပြည်ပသို့တင်ပို့ ရောင်းချနိုင်မည်ဖြစ်သည့်အတွက် ပြည်ပဝင်ငွေ တိုးတက်ရရှိပြီး နိုင်ငံ့စီးပွားမြင့်မားလာမည်ဖြစ်သည်။ မြန်မာနိုင်ငံက တောင်သူလယ်သမား လုပ်ငန်းရှင်များအတွက် “မြေကြီးကရွှေသီး”ခြင်းပင်ဖြစ်သည်။
စိုက်ပျိုးရေးထွက်ကုန်များတွင် မြန်မာလူမျိုးတို့ အဓိကထားစားသုံးသည့် ဆန်စပါး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ဝါ၊ ပဲပုပ်၊ နေကြာ၊ အာဟာရဓာတ်ပြည့်ဝစွာပါဝင်သည့် ပဲအမျိုးမျိုး၊နေ့စဉ်စားသုံးနေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ သစ်သီးဝလံအမျိုးမျိုးနှင့် အခြားထုတ်ကုန်များ ထုတ်လုပ်ရန် ကုန်ကြမ်းသီးနှံ အစရှိသည်တို့ပါဝင်သည်။ စိုက်ပျိုးရေးထွက်ကုန်များကို အရေအတွက်ရော၊ အရည်အချင်းပါ ကောင်းမွန်အောင် ထုတ်လုပ်နိုင်ပါက ပြည်ပကတင်သွင်းနေရမှုများ လျှော့ချ နိုင်ကာ နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျလာမည်ဖြစ်သည်။ နိုင်ငံခြားငွေသုံးစွဲရမှုလျော့ကျလျှင် ပြည်တွင်းငွေကြေးလည်ပတ်မှုများ တည်ငြိမ်တိုးတက်ကောင်းမွန်လာပြီး နိုင်ငံစီးပွားရေး မြင့်တက်လာနိုင်သည်။ နိုင်ငံစီးပွားရေး တိုးတက်လာပြီဆိုလျှင် ပြည်သူတစ်ဦးချင်း၏ လူမှုစီးပွားဘဝများပါ တိုးတက်မြင့်မားလာမည်ဖြစ်သည်။ “မြေကြီးကရွှေသီး”ခြင်း၏ အကျိုးဆက်များပင်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်က တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် “တိုင်းပြည်သာယာဝပြောစေရေးမြေကြီးက ရွှေသီးအောင်လုပ်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အလုပ်လုပ်မှ မြေကြီးကရွှေသီးမည်ဖြစ်သဖြင့် အမှန်တကယ်အလုပ်လုပ်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းများလည်း ထိုက်သင့်သလောက် ကျဆင်းသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်မှသာလျှင် ပို့ကုန်ကဏ္ဍတိုးတက် လာမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းဖြစ်ထွန်း အောင်မြင်ပြီး ပြည်ပဈေးကွက် လိုအပ်ချက်ရှိသည့် ဆန်၊ ပြောင်း၊ ကော်ဖီတို့ကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရသည် “မြေကြီးကရွှေသီး” နိုင်အောင် ဦးဆောင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းတစ်ခုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးအရင်းအနှီးနှင့် နည်းပညာသည် မရှိမဖြစ်အရာများဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစက်မှုကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်က လုပ်ငန်းရှင်များထံ ရင်းနှီး မတည်ငွေများ ပေးအပ်ထားသည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၆ ရက်အထိ ကျင်းပပေးခဲ့သည်။ တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်ဆိုသည့်စကားအတိုင်း အောင်မြင်နေသည့် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများကို ပြည်သူများမြင်တွေ့ကြရပြီးဖြစ်သည်။ ထို့ပြင် နိုင်ငံတစ်ဝန်းလုံးရှိ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် ငွေကြေးလိုအပ်ချက်ရှိပါက မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့်ပုဂ္ဂလိကဘဏ် ၁၆ ခုတို့တွင် ချေးငွေများ လျှောက်ထားကြရန် အသိပေးထားသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများကို တိုးတက်အောင်ကြိုးပမ်းကြရမည်။ ထိုသို့ကုန်ထုတ်လုပ်မှု တိုးတက်မှ နိုင်ငံ၏ GDP လည်း တိုးတက်လာမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို GDP ဖြင့် တိုင်းတာခြင်းဖြစ်၍ နိုင်ငံ့ GDP တိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတို့ကို တိုးတက်စေရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။
မွေးမြူရေးလုပ်ငန်းဆိုသည်မှာလည်း မြေကြီးပေါ်တွင် အဓိကတည်ဆောက်ရသည့် အတွက် မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်းသည် မြေကြီးမှရွှေသီးစေခြင်းဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများမှ အသားစို၊ အသားခြောက်၊ အေးခဲအသား၊ အသားမျှင်၊ စည်သွတ်ဘူး၊ ကြက်အူချောင်း၊ ဝက်အူချောင်း စသည့်အစားအစာများ၊ အင်္ကျီ၊ ဦးထုပ်၊ ဖိနပ်တို့ကဲ့သို့သော တန်ဖိုးမြှင့်ထုတ်ကုန် လူ့အသုံးအဆောင်ပစ္စည်းများ၊ နွားနို့၊ နို့စိမ်း၊ နို့အေး၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ နို့ဆီ၊ မလိုင်၊ ထောပတ်ကဲ့သို့သောနို့ထွက်ပစ္စည်းများ၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ ထုတ်လုပ်သော သဘာဝမြေဩဇာများ စသည်ဖြင့်မွေးမြူရေး ထွက်ကုန်များအား တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်ပြောင်းလဲ ထုတ်လုပ်လာကြသကဲ့သို့ မွေးမြူရေးလုပ်ငန်းများ၏အဓိကဖြစ်သော တိရစ္ဆာန်အစာများကိုလည်း ပြည်တွင်းထွက် စိုက်ပျိုးရေးမှ ရရှိသည့်ကုန်ကြမ်းများကိုအခြေခံပြီး အဆင့်မြင့်နည်းပညာများနှင့် ထုတ်လုပ်ဖြန့်ချိ သုံးစွဲကြရမည်ဖြစ်သည်။ ထို့အတူ ဆန်ထုတ်လုပ်မှုမှ ဆန်ကွဲနှင့်ဖွဲများကိုလည်း မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးရှိရှိ အသုံးချကြရမည်ဖြစ်သည်။ ပြောင်းထုတ်လုပ်မှုတွင်လည်း ပြောင်းပင်အစေးမှ အဆင့်မြင့်ပြောင်းကော်၊ ပြောင်းဆန်မှ ပြောင်းဆီနှင့်ပြောင်းပင်ကို တိရစ္ဆာန်အစာနှင့် ဘိုင်အိုအက်သနော(ဇီဝလောင်စာဆီ) ထုတ်လုပ်ခြင်းများ ပြုလုပ်နိုင်သည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်လျက်ရှိသဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခြင်းမှာ “မြေကြီးကရွှေသီး”စေခြင်းဖြစ်သည်။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် အထက်တွင်ဖော်ပြထားသကဲ့သို့ အဓိကလိုအပ်ချက်မှာ နည်းပညာဖြစ်သည်။ ပညာတတ်လူသားအရင်းအမြစ်များ ရရှိစေရေး Polytechnic တက္ကသိုလ်များ၊ စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များကိုလည်း တိုးချဲ့ဖွင့်လှစ်မည်ဖြစ်သည်။ ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိရာတွင် နဝမတန်းပြီးမြောက်သည်နှင့် နည်းလမ်းလေးသွယ်တွင် မိမိတို့နှစ်သက်ရာ သင်ယူခွင့်ကိုလည်း ပေးထားပြီးဖြစ်သည်။
မြေကြီးက ရွှေသီးဖို့ဆိုသည်မှာ အရည်အသွေးပြည့်ဝသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းဈေးကွက်ကြီးများ ခိုင်မာစွာရှိနေသည့်အတွက် မိမိတို့၏စွမ်းအားကို ဖော်ထုတ်ပြသကြရန်သာဖြစ်သည်။
မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှာ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် တစ်နည်းနည်းအားဖြင့် ပါဝင်နေသူများဖြစ်ကြသည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့အတွက် ပန်းတိုင်ရည်မှန်းချက်များ ချမှတ်ထားသည်မှာ သုတေသနအထပ်ထပ်လုပ်ဆောင်ပြီးမှ သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းတိုင်းရည်မှန်းချက်ပြည့်မီရေးကို အလေးထားလုပ်ဆောင်ကြရမည်ဖြစ်သည်။ လုပ်ငန်းတိုင်းတွင် မိမိတို့မမျှော်လင့်ထားသည့်အရာများ ရှိတတ်သည်။ မမြင်ရသည့်နေရာတွင် အန္တရာယ်များရှိနေတတ်သည်။ အခက်အခဲများရှိနေပါက ထိုအခက်အခဲများကို ကြီးမားသောအောင်မြင်မှုဆီသို့ ဆွဲခေါ်သွားရမည်ဖြစ်သည်။ လုပ်ငန်းရှင်များ၊ လုပ်သားများအားလုံးတွင် အကောင်းမြင်မှုနှင့် စိတ်အားထက်သန်မှု ရှိနေရမည်ဖြစ်သည်။ အကောင်းမြင်စိတ်ဓာတ်သည် အောင်မြင်မှုဆီဦးတည်ပြီး အဆိုးမြင်စိတ်ဓာတ်သည် ဆုံးရှုံးမှုသို့ ဦးတည်သည်။
ထို့ကြောင့် ကြီးပွားတိုးတက်ကာ လုပ်ငန်းများ အောင်မြင်လိုသူတိုင်း၊ မြေကြီးမှ ရွှေသီးလိုသူတိုင်းအနေဖြင့် စိတ်ဓာတ်ကောင်းရမည်။ စည်းကမ်းစနစ်တကျရှိရမည်။ နိုင်ငံနှင့်လူမျိုးအပေါ်၊ မိမိ၏လုပ်ငန်းအပေါ်သစ္စာထားရှိရမည်။ ထို့ပြင် မိမိတို့လုပ်ဆောင်နေသည့်လုပ်ငန်းတွင် စည်းလုံးမှု အမြဲရှိနေရမည်ဖြစ်သည်။ တစ်ဦးကမေတ္တာ တစ်ဦးကစေတနာဆိုသကဲ့သို့ လုပ်ငန်းရှင်နှင့်လုပ်သားများ စည်းလုံးမှုရှိမှလည်း အောင်မြင်ပေမည်။
ထို့အတူ လုပ်ဆောင်သူများအားလုံးတွင် ကိုယ်စီစွမ်းရည်များ ရှိနေကြရမည်ဖြစ်သည်။ ကိုယ်စီစွမ်းရည်ဆိုသည်မှာ မိမိတာဝန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင် နိုင်သည့် အရည်အချင်းဖြစ်သည်။
“မြေကြီးကရွှေသီး”ရမည်ဟူသော မင်္ဂလာစကားနှင့်အညီ ယနေ့အချိန်အခါသည် မြန်မာတို့အတွက် အချိန်ကောင်း၊ အခါကောင်းဖြစ်သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် ကောင်းမွန်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်ပေးလျက်ရှိသည်။ ထို့ကြောင့် ရောက်ရှိနေသည့် အချိန်အခါကောင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ မြေကြီးမှရွှေသီးအောင် “တစ်စိတ်ဝမ်း တစ်လက်ညီ” ပြည်ရေးကို ပြိုင်တူညီညာ လုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။ ။
Source: Myawady Web Portal

ကျေးလက်နေပြည်သူများ၏ စားရေရိက္ခာ ပြည့်စုံဖူလုံရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းကြက်မွေးမြူရေးကို“ဟင်းစားမှသည် တစ်နိုင်တစ်ပိုင် တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ် စီးပွားဖြစ်မှသည် ပြည်ပပို့ကုန်အမည်တစ်မျိုး…”အဖြစ်မွေးမြူပါက မိသားစုစားရေရိက္ခာအတွက် ဟင်းစားရရှိလာမည့်အပြင် ပိုလျှံသည်များကို ဈေးကွက် တင်ပို့ရောင်းချပါက မွေးမြူရေး အလုပ်အကိုင် အခွင့်အလမ်း စီးပွားရေးလုပ်ငန်းတစ်ခု အနေဖြင့် ပိုလျှံ တိုးပွားဝင်ငွေ အခွင့်အလမ်းရရှိလာမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် မြေကြီးပေါ်တွင် စိုက်ပျိုးမွေးမြူကာ စိုက်ပျိုး၍ အပင်မှထွက်ရှိလာသည်များကို မွေးမြူရေးတိရစ္ဆာန်များတွင်ကျွေးမွေး၍ အသား၊ ငါး၊ နို့၊ ဥများ ထုတ်လုပ်ကာ လူသားများအတွက် အဓိကလိုအပ်သော အစာကွင်းဆက်၊ အစာသံသရာ အတွက် စားရေရိက္ခာပြည့်စုံဖူလုံအောင် ဆောင်ရွက်ပေးနေသော လုပ်ငန်းဖြစ်ပေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ကြားဖြတ်တိရစ္ဆာန် ကောင်ရေစာရင်းအရ တိုင်းရင်းကြက်၊ ဥစားကြက်၊ အသားစားကြက်၊ ကြက်ကောင်ရေစုစုပေါင်း ၈၀ ဒသမ ၈၆ သန်းရှိကာ ဒေသကြက်ကောင်ရေသည် ကြက်စုစုပေါင်း၏ ၅၄ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ပြည်သူများ၏ အသားရိက္ခာအတွက် အဓိက ပံ့ပိုးပေးနေသော မွေးမြူရေးလုပ်ငန်းဖြစ်သည်။ ကျေးလက်ဒေသများတွင် တိုင်းရင်းကြက်မွေးမြူရေးသည် ဝင်ငွေကောင်းရရှိစေနိုင်ပြီး ကျေးလက်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောလုပ်ငန်းတစ်ရပ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ထင်ရှားသော တိုင်းရင်းကြက်မျိုးများဖြစ်သည့်
(က) စစ်တကောင်းကြက်
( ခ ) အင်ပင်ဝကြက်
( ဂ ) လည်ပြောင်ကြက်
(ဃ) တိုက်ကြက် အစရှိသောမျိုးများသည် အထူးထင်ရှားသည်။
တိုင်းရင်းကြက်မွေးမြူရေးသည် ဥစားကြက်နှင့် အသားတိုးကြက်မွေးမြူရေး လုပ်ငန်းများကဲ့သို့ ကုန်ကျစရိတ်မများဘဲ မွေးမြူထုတ်လုပ်နိုင်သော မွေးမြူရေးလုပ်ငန်း တစ်ခုဖြစ်ပေသည်။ အဓိကအားဖြင့်
(၁) အဆောက်အအုံ၊ အစာ၊ ဆေး၊ ခြံသုံးပစ္စည်းနှင့် လုပ်အားခ စသည့်ကုန်ကျစရိတ်များ သက်သာစွာ မွေးမြူနိုင်ခြင်း။
(၂) ဆိုးရွားသော ရာသီဥတုဒဏ်၊ ရောဂါဒဏ်၊ အစာချို့တဲ့မှုဒဏ်ကို နိုင်ငံခြားကြက်မျိုးများထက် ခံနိုင်ရည်ရှိခြင်း။
(၃) ဒေသတွင်းမိမိဘာသာ ရှာဖွေစားသောက်နိုင်ခြင်း။
(၄) ဖောက်စက်မလိုအပ်ဘဲ မိမိကိုင်တိုင်ဝပ်၍ သားပေါက်နိုင်ခြင်း။
(၅) ကြက်ငယ်များအပေါ် မိခင်၊ ဖခင်စိတ်ထားရှိနိုင်ပြီး ကြက်ငယ်များအဝရှင်သန်ရန် လေ့ကျင့်သင်ကြားထိန်းကျောင်းပေးနိုင်ခြင်း။
(၆) အရွယ်ရောက်သောအခါ မိမိဘာသာရန်သူကို ကာကွယ်ရှင်သန် လှုပ်ရှားနိုင်ခြင်း။
(၇) ကြက်သား၏ အနံ့၊ အရသာနှင့် ဖွဲ့စည်းမှုကောင်းမွန်ခြင်း။
(၈) ကြက်ဥ၏အနှစ်အရည်အသွေးကောင်းမွန်ခြင်း စသည့် အရည်အသွေးကောင်းများ ရှိပေသည်။
အထက်ဖော်ပြပါ အရည်အသွေးကောင်းများရှိသော်လည်း တိုင်းရင်းကြက်မွေးမြူရေးကို စနစ်တကျကျွေးမွေး၊ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလျှင် သေပျောက်ဆုံးရှုံး ပျက်စီးမှုများ ကြုံတွေ့ရတတ်သည်။
“ဆရာမပြ နည်းမကျ”ဆိုသကဲ့သို့ တတ်သိနားလည်သော ဆရာ၊ တိရစ္ဆာန်ဆေးကုဆရာဝန်(မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန)များ၏ နည်းမှန်လမ်းမှန်နည်းပေး လမ်းပြမှုဖြင့် တိုင်းရင်းကြက်မွေးမြူရေးကို စနစ်တကျမွေးမြူထုတ်လုပ်ပါက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သောမွေးမြူရေး လုပ်ငန်းဖြစ်ပေသည်။
တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းများသည် အချိန်တိုကာလအတွင်း ရင်းနှီးမြှုပ်နှံငွေပြန်လည်ရရှိနိုင်ခြင်း၊ မိမိတို့ဒေသအတွင်းရှိ တိုင်းရင်းကြက်မျိုးများ၏ ထုတ်လုပ်နိုင်မှုစွမ်းရည်သည် စနစ်တကျ မွေးမြူထုတ်လုပ်ပါက ပုံမှန်သိရှိထားသည်ထက် များစွာသာလွန် ကောင်းမွန်ခြင်း၊ အသားနှင့်ဥများ၏ အနံ့အရသာများမှာ မွေးမြူရေးကြက်ဥ၊ ကြက်သားများထက် လူကြိုက်များပြီး ထုတ်ကုန်တန်ဖိုးပိုမိုမြင့်မားခြင်းတို့ကြောင့် ယခုအချိန်ကာလတွင် တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းသည် မွေးမြူရန်အခွင့်အလမ်း ပိုမိုကောင်းမွန်လျက်ရှိသည်။
တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်း ပိုမိုတိုးတက်အောင်မြင်စေရန် ကြက်ခြံဆောက်လုပ်ပေးရမည်။ ညအိပ်ရန်၊ ခွေး၊ ကြောင်၊ ငှက်၊ သားရဲတိရစ္ဆာန်တို့ရန်မှ ကာကွယ်ရန်နှင့် ရာသီဥတုဒဏ်မှ ကာကွယ်ရန်ဖြစ်သည်။ တိုင်းရင်းကြက်များသည် ကိုယ်တိုင်ရှာဖ ွေစားသောက်နိုင်သော်လည်း စပါး၊ ဆန်၊ ဆန်ကွဲ၊ ဖွဲနု၊ ထမင်း(သို့)ရောစပ်စာ၊ အစာစိမ်း၊ဒေသအလိုက် ရရှိနိုင်သော ပိုးစာရွက်၊ ဘောစကိုင်းရွက်၊ ကန်စွန်းရွက်၊ ဗေဒါရွက်၊ ဟင်းသီးဟင်းရွက်တို့ကိုလည်း ဖွဲနု၊ ဆန်ကွဲ၊ ပဲဖတ်တို့ဖြင့်ရောစပ်ကာ အစာခွက်ဖြင့် ကျွေးမွေးနိုင်သည်။
သန့်ရှင်း၍ လတ်ဆတ်သော အစာနှင့်ရေရရှိရေးသည် မွေးမြူရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ သန့်ရှင်းသောအစာနှင့် ရေရရှိရေးအတွက် သန့်ရှင်းသော အစာခွက်၊ ရေခွက်အသုံးပြုရေးသည်လည်း အရေးကြီးလှပေသည်။
တိုင်းရင်းကြက်များသည် မြန်မာနိုင်ငံအနှံ့အပြားဒေသ အသီးသီး၏ ရာသီဥတုပတ်ဝန်းကျင် အခြေအနေနှင့် ယဉ်ပါးပြီးဖြစ်ကာ မိဘ၊ ဘိုးဘွားလက်ထက် အစဉ်အဆက်မွေးမြူခဲ့ကြသော ဒေသကြက်မျိုးများဖြစ်သည်။ တိုင်းရင်းကြက်မွေးမြူရေးတွင်-
“ကြက်မကိုးကောင် ကိုးလရှောင်တစ်နေ့တစ်ကောင် စားသုံးမျိုးမတုံး” ဆိုသောစကားရှိသည်။ စနစ်တကျမွေးမြူမှသာလျှင် ဆိုရိုးစကားနှင့်ကိုက်ညီသော အကျိုးကျေးဇူးကို ခံစားရမည်ဖြစ်သည်။
တိုင်းရင်းကြက်မွေးမြူရေးတွင် ဥတင်းများ ထားရှိပေးရမည်။ ကြက်ခြံ၏ မှောင်၍ ထောင့်ကျသောနေရာတွင် ဥတင်းကိုမြေပြင်မှ ၁ ပေခွဲအကွာတွင် ကောက်ရိုး၊ မြက်ခြောက်ခင်းပြီး ခိုင်ခိုင်မြဲမြဲထားပေးရမည်။ ကြက်မတစ်ကောင်လျှင် ဥတင်းတစ်ခုနှုန်းထားပေးရမည်။ ဝပ်ကြက်မ သားပေါက်ပြီးပါက ဥတင်းထဲမှ ကောက်ရိုး၊ မြက်ခြောက်များကို စွန့်ဖယ်၍ မီးရှို့ပစ်ရမည်။ ကြက်သန်း၊ လှေးများ မတွယ်ကပ်စေရန် ကြက်ခြံအတွင်း ဥတင်း၊ အိပ်တန်းအကြိုအကြားနေရာများကို ဆေးရွက်ကြီးထည့်ခြင်း၊ ဆေးရွက်ကြီးစိမ်ထားသောရေဖြင့် ပက်ဖျန်း၊ သုတ်လိမ်းပေးခြင်းတို့ကို ပြုလုပ်ရမည်။ ကြက်ငယ်လေးများ ပေါက်လာပါက သီးသန့်အနွေးပေး မွေးမြူခြင်းဖြင့် ကြက်မများ တစ်နှစ်လျှင် သုံးကြိမ်မှလေးကြိမ် သားပေါက်ရာမှ ငါးကြိမ်မှခြောက်ကြိမ်အထိ ပိုမိုပေါက်ပွားနိုင်ပြီး ခွေး၊ ကြောင်၊ ကျီး၊ စွန် စသည်တို့ကြောင့် ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်သည်။
တိုင်းရင်းကြက်မွေးမြူရေးခြံကို နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပေးရမည်။ သန့်ရှင်းရေး ပြုလုပ်ချိန်တွင် ကြက်ချေးအရောင်နှင့် ဖွဲ့စည်းပါဝင်မှုကိုကြည့်ရှုပြီး ကြက်များ၏ ကျန်းမာရေးအခြေအနေကို နေ့စဉ်စစ်ဆေးပေးရမည်။ အထူးသဖြင့် တိုင်းရင်းကြက်များ အိပ်တန်းဝင်နေချိန်နှင့် အစာကျွေးချိန်တွင် သေချာစစ်ဆေးပေးရမည်။
တိုင်းရင်းကြက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအဟန့်အတားဖြစ်စေသော အတားအဆီးမှာ ကြက်လည်လိမ်ရောဂါ ဖြစ်ပွားမှုဖြစ်သည်။ မှိုင်ကုပ်ပြီးရက်ပိုင်းအတွင်း ကြက်တစ်အုပ်လုံးဆုံးရှုံးနိုင်သည်။ ကြက်ဝမ်းကျရောဂါသည် ဒုတိယဆုံးရှုံးမှုများသော ရောဂါဖြစ်သည်။ ကြက်အသက်အရွယ် မရွေးဖြစ်ပွားကာ ဆုံးရှုံးမှုများတတ်သည်။ ကြက်ငယ်ကလေးများ ညအချိန်တွင် ခြင်ကိုက်ရာမှ မျက်ခွံတွင် အနာဖြစ်ပြီး ကြက်ကျောက်ရောဂါလည်းဖြစ်ပွားတတ်သည်။ ၎င်းရောဂါများကို ကာကွယ်ဆေးပေးခြင်းဖြင့် အပြည့်အဝကာကွယ်နိုင်သည်။
သန်ကောင်များကြောင့်လည်း ထုတ်လုပ်မှု ကျဆင်းတတ်သဖြင့် သန်ချဆေးများကိုလည်း ပုံမှန်တိုက်ကျွေးပေးရန် လိုအပ်သည်။
မှတ်တမ်းများထားရှိခြင်းသည် တိုင်းရင်းကြက်မွေးမြူရေးတွင် ကြက်မျိုးရွေးချယ်မှုကို အထောက် အကူဖြစ်စေသည်။ ကြက်မတစ်ကောင်ချင်းအလိုက် ဥနှုန်း၊ သားပေါက်နှုန်း၊ ကြီးထွားနှုန်း၊ အစာစားနှုန်းတို့ကိုမှတ်တမ်းထားမှသာ မျိုးကြက်ရွေးချယ်ခြင်းနှင့် ပယ်ခြင်းများပြုလုပ်နိုင်ပြီး အကျိုးသက်ရောက်မှုကို ဆန်းစစ်နိုင်မည်ဖြစ်သည်။
တိုင်းရင်းကြက်မွေးမြူရေးကို မိရိုးဖလာနည်းဖြင့်သာ မွေးမြူနေကြသဖြင့် တိုးတက်မှု နှောင့်နှေးနေပေသည်။ နည်းစနစ်တကျ မွေးမြူမည်ဆိုပါက မျိုးထိန်းသိမ်းခြင်းနှင့် ကြီးထွားနှုန်း၊ထုတ်လုပ်မှု အမြင့်မားဆုံးရရှိစေရန် ဆောင်ရွက်နိုင်ပြီး ပြောင်းလဲလာသော သဘာဝပတ်ဝန်းကျင် ရာသီဥတုအခြေအနေများတွင် လိုက်လျောညီထွေဖြစ်စေနိုင်သည့် မျိုးသစ်များထွက်ပေါ်လာစေရန်နှင့် တစ်နိုင်တစ်ပိုင်မွေးမြူရေးမှစီးပွားဖြစ်မွေးမြူရေး အသွင်ဖြစ်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း မိမိတို့နိုင်ငံဒေသအသီးသီးရှိ ဒေသကြက်မျိုးများကိုပြန်လည်ဖော်ထုတ်မွေးမြူနေကြသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း တိုင်းရင်းကြက်များကို စနစ်တကျမွေးမြူခြင်းဖြင့် အစားအစာပြည့်စုံဖူလုံရေး၊ အစားအစာဘေးကင်း လုံခြုံရေးအတွက် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ကျေးလက်လူမှုုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာကာ နိုင်ငံတော်၏ စားရေရိက္ခာပြည့်စုံ ဖူလုံရေးတွင်အရေးပါသောမွေးမြူရေး လုပ်ငန်းဖြစ်လာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အညီ အလေးထား လိုက်နာဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်ရှိသည့်အနက် စီးပွားရေး ဦးတည်ချက်(၃)ရပ်မှာ-

(က) တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊
(ခ ) တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊
(ဂ ) ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးတို့ ဖြစ်သည်။
ဦးတည်ချက်(၃)ရပ်အနက် ဦးတည်ချက် (က)နှင့်(ဂ)သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အဓိကတာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းအဖြစ်အဆိုပါဦးတည်ချက်များ ပြည့်မီအောင်ဆောင်ရွက်ပြီး ဦးတည်ချက်(ခ)အရ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်နှင့်မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန၏ မျှော်မှန်းချက်အနေဖြင့် “အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားရေရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မား လာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန်”ဖြစ်ပြီး မျှော်မှန်းချက်ပြည့်မီရေးအတွက် “ကျေးလက်နေပြည်သူများနှင့် လယ်ယာစီးပွားရေး လုပ်ငန်းများအား ခေတ်မီဆန်းသစ်၍ ရေရှည်တည်တံ့သောထုတ်လုပ်မှု နည်းပညာများ၊ ပြုပြင်ထုပ်ပိုးနည်းလမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေး နည်းလမ်းများနှင့် ဈေးကွက်ဆိုင်ရာ နည်းပညာများကို အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်လာသော ပြည်တွင်းပြည်ပဈေးကွက် ဝယ်လိုအားနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်း၍ အာဟာရပြည့်ဝသည့် အမယ်စုံလင်သော စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်ရာတွင် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်”ဟူသည့် လုပ်ငန်းတာဝန်အား ထမ်းဆောင်လျက်ရှိသည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏လမ်းညွှန်ချက်၊ ညွှန်ကြားချက်များနှင့် ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)တွင် လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုမှာ ၂၃ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး တိုးတက်မှုနှုန်းအနေဖြင့် ၃ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ ပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၅၅၄ ဒသမ ၃၈ သန်း(လယ်ယာထွက်ကုန် အမေရိကန်ဒေါ်လာ ၃၈၃၁ ဒသမ ၃၁ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းအမေရိကန်ဒေါ်လာ ၈ ဒသမ ၂၃ သန်းနှင့် ရေထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၇၁၄ ဒသမ ၈၄ သန်း)ဖြစ်သည်။
စိုက်ပျိုးရေးကဏ္ဍ၏ ဆောင်ရွက်နိုင်မှုအနေဖြင့် စိုက်ပျိုးမြေဧရိယာဧက ၃၀ ဒသမ ၉၇၅ သန်းရှိပြီး အဓိကသီးနှံများဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါ၊ ရော်ဘာနှင့်ချက်ကြံရင့် စသည့်သီးနှံများအပါအဝင် သီးနှံ ၆၁ မျိုးကို စုစုပေါင်းစိုက်ဧက ၅၀ ဒသမ ၄၀ သန်းကျော်စိုက်ပျိုးလျက်ရှိသည်။ မိုးစပါးဧက ၁၄ ဒသမ ၉၉ သန်း၊ နွေစပါးဧက ၂ ဒသမ ၉၉ သန်း၊ ဆီထွက်သီးနှံဧက ၈ ဒသမ ၇၇ သန်း၊ ပဲမျိုးစုံ စုစုပေါင်းဧက ၁၀ ဒသမ ၂၈ သန်း၊ ဝါစုစုပေါင်းဧက သုည ဒသမ ၆၁ သန်း၊ ချက်ကြံရင့်ဧက သုည ဒသမ ၄၂ သန်း စသည်တို့စိုက်ပျိုးနိုင်ခဲ့သည်။
မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်တွင်နေထိုင်ကြပြီး လူဦးရေ၏ ၄၅ ဒသမ ၃၅ ရာခိုင်နှုန်းခန့်သည် လယ်ယာ၊ သားငါး၊ သစ်တောနှင့် နှီးနွှယ်သည့်အလုပ်များကို လုပ်ကိုင်ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ ကျေးလက်ဒေသ၏ အဓိကစီးပွားရေးဖြစ်သောစိုက်ပျိုးရေးကို မြှင့်တင်နိုင်ခြင်းဖြင့် ပြည်သူအများစု၏ လူမှုစီးပွားဘဝများကို မြင့်မားလာစေမည်လည်းဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း”ဟူ၍ အခြေခံ(၄)ရပ်ရှိရာ သီးနှံမျိုးကောင်းမျိုးသန့်များ အလွယ်တကူရရှိအောင် ဆောင်ရွက်ပေးခြင်း၊ မြေကိုစနစ်တကျပြုပြင်ပေးခြင်း၊ သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းများပေးဝေခြင်း၊ စိုက်ပျိုးရေလိုအပ်ချိန်တွင် အောင်ရေရရှိအောင်ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်များဖြန့်ဝေခြင်းတို့ လိုအပ်နိုင်သော်လည်း အဓိကအကျဆုံးမှာ တောင်သူများကိုယ်တိုင်ပင်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ပြီး ထွက်ရှိလာသော ကုန်ကြမ်းများကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများထူထောင်လုပ်ကိုင်ခြင်းဖြင့် ရရှိသောကုန်ချောများကို တင်ပို့ရောင်းချခြင်းအားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးတက်လာမည်ဖြစ်သည်။
ပြည်ပဝင်ငွေတိုးတက်ရရှိလာနိုင်မည်ဖြစ်သောကြောင့် ကုန်ချောထုတ်လုပ်ရာတွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များသည် တိုင်းပြည်၏ အဓိကမောင်းနှင်အားပင်ဖြစ်ပြီး နိုင်ငံ၏ GDP လည်း တိုးတက်လာမည်ဖြစ်သည်။ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ(Small and Medium Enterprises-SME)ကို ထုတ်လုပ်မှုလုပ်ငန်း၊ ရောင်းဝယ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်းဟူ၍ လေးမျိုးခွဲခြားထားကြောင်း သိရှိရသည်။
စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲအနေဖြင့် ကုန်ကြမ်းမှကုန်ချော ထုတ်လုပ်သည့် MSME လုပ်ငန်းများကို တိုက်ရိုက်လုပ်ကိုင်ခြင်း မရှိသော်လည်း တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ကုန်ချောထုတ်လုပ်ရာတွင် စိုက်ခင်းများမှထွက်ရှိလာသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ(ကုန်ကြမ်း)များ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်ရန်အတွက် သုတေသနလုပ်ငန်းများ၊ သီးနှံများ၏ ရိတ်သိမ်းချိန်လွန် သုတေသနလုပ်ငန်းများ၊ တောင်သူပညာပေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ဌာနခွဲတစ်ခုဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်သည့် (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အခြေခံကျသည့် ကုန်ကြမ်းပစ္စည်းဖြစ်သော အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် မျိုးစေ့ထုတ်လုပ်ငန်း၊ သုတေသနရလဒ်များကိုအခြေခံ၍ စိုက်ပျိုးနည်းစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများအား တောင်သူပညာပေးခြင်းလုပ်ငန်း၊ GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲအနေဖြင့် ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်လုပ်ငန်း၊ သစ်သီးဝလံပျိုးပင်ထုတ်လုပ်ခြင်း လုပ်ငန်းနှင့် သုတေသန လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန(VFRDC)တွင် အဓိကဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ တည်ရှိသောအပင်ဇီဝနည်းပညာ ဗဟိုဌာန(Plant Biotechnology Center) တွင် အပင် Tissue Culture နည်းပညာ၊ Genetic Engineering နည်းပညာ စသည့်နည်းပညာများဖြင့် အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအပြင် စပါး၊ ဝါ စသည့်နှံစားသီးနှံများကိုပါ သုတေသနပြုဆောင်ရွက်ခြင်း၊ မျိုးသစ်ထုတ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
MSME လုပ်ငန်းများတွင် အဓိကလိုအပ်သော အရည်အသွေးကောင်း စိုက်ပျိုးရေးထုတ်ကုန်များနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် နည်းပညာများ ဖြန့်ဝေပေးနိုင်ရန်အတွက် ဥယျာဉ်-ဇီဝဌာနခွဲအောက်ရှိ နေပြည်တော်တိုင်းဒေသကြီး ရေဆင်းနယ်မြေတွင် တည်ရှိသော ရိတ်သိမ်းချိန်လွန်နည်းပညာ သုတေသနဌာန(PHRI)နှင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် တည်ရှိသော ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း (PHTTC) တို့မှလည်း သီးနှံရိတ်သိမ်းချိန်တွင် ဆောင်ရွက်ရမည့်နည်းပညာ၊ သိုလှောင်နည်းပညာ၊ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းနည်းပညာများကို သုတေသနပြုခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ တောင်သူများနှင့်လုပ်ငန်းရှင်များသို့ စာတွေ့၊ လက်တွေ့သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ GAP လုပ်ငန်းကို ၂၀၁၆ ခုနှစ်မှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး စားသုံးသူများ အစားအစာဘေးကင်းရန်နှင့် တောင်သူများ၊ MSME လုပ်ငန်းရှင်များအတွက် ဈေးကွက်ရရှိရန်ရည်ရွယ်လျက် စိုက်ပျိုးရေး ထွက်ကုန်သီးနှံများအပေါ် မြန်မာ GAP အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာ GAP လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကလုပ်ငန်းစဉ်နှစ်ရပ်ဖြစ်သော (၁) မြန်မာ GAP နည်းစနစ်လိုက်နာကျင့်သုံးရန် နည်းပညာပေးခြင်း၊(၂) မြန်မာ GAP အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
GAP (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ)ဆိုသည်မှာ မြေပြုပြင်စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန်လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများဖြစ်သည်။ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မြန်မာ GAP အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစားအစာဘေးအန္တရာယ်ကင်းရှင်းရန်နှင့် ဈေးကွက်ရရှိရန်တို့ဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် သရက်စိုက်တောင်သူများအနက်မှ ပုဂ္ဂလိကပိုင် ၂၅ ခြံနှင့် ဌာနပိုင်ခြံနှစ်ခြံ စုစုပေါင်း ၂၇ ခြံအား GAP Certificate ပေးနိုင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိကပိုင် သရက်ခြံ ၂၀ နှင့် ဌာနပိုင်ခြံငါးခြံ၊ ပုဂ္ဂလိကပိုင်ခရမ်းချဉ်ငါးခြံ စုစုပေါင်း ၃၀ အား GAP Certificate ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လက်ဖက်နှင့်ကော်ဖီသီးနှံအပါအဝင် သီးနှံ ၃၃ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၄၇၄ စောင်ပေးနိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သီးနှံ ၄၉ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၁၅၅၁ စောင်ပေးနိုင်ခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ သီးနှံ ၃၂ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၁၁၁၇ စောင်ပေးနိုင်ခဲ့သည်။ ၂၀၂၁-၂၀၂၂ (Mini Budget)တွင် ၂၀၂၂ ခုနှစ် မတ်လအထိ သီးနှံ ၁၉ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၄၁၉ စောင်ပေးနိုင်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သီးနှံ ၂၈ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၃၀၇ စောင်ထုတ်ပေးနိုင်ခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သီးနှံ ၄၀ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၃၉၅ စောင် ထုတ်ပေးနိုင်ခဲ့သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဇန်နဝါရီလအထိတွင် သီးနှံ ၃၀ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၁၉၆ စောင်ထုတ်ပေးနိုင်ခဲ့သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဇန်နဝါရီလအထိ GAP အသိအမှတ်ပြုလက်မှတ် စုစုပေါင်း ၄၅၁၆ စောင် ထုတ်ပေးခြင်းလုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။
အချုပ်အားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်များနှင့် အညီ(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ။

လယ်ယာသီးနှံများမှ စားနပ်ရိက္ခာအပြင် လူသားအကျိုးပြု အဝတ်အထည်၊ တိရစ္ဆာန်အစာနှင့် လောင်စာစွမ်းအင်တည်းဟူသော Food, Fibre, Feed and Fuel (F လေးလုံး)ကို ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။ သီးနှံအများစုသည် အဆိုပါ F လေးလုံးအနက် အနည်းဆုံးနှစ်မျိုးခန့်ကိုသာ ထုတ်ပေးနိုင်ကြသော်လည်း ကြံသီးနှံ အနေဖြင့််မူ F လေးမျိုးစလုံးကိုပင် ထုတ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။ စားနပ်ရိက္ခာအဖြစ် သကြားကိုလည်းကောင်း၊ အမျှင်ဓာတ်အဖြစ် ကြံကြိတ်ဖတ်ကို ဖိုင်ဘာကတ်ထူပြား (Fibre Board)နှင့် စက္ကူအဖြစ် လည်းကောင်း၊ တိရစ္ဆာန်အစာအဖြစ် တင်လဲအခြေခံဘေးဆွယ်ထွ
လယ်ယာသီးနှံများမှ စားနပ်ရိက္ခာအပြင် လူသားအကျိုးပြု အဝတ်အထည်၊ တိရစ္ဆာန်အစာနှင့် လောင်စာစွမ်းအင်တည်းဟူသော Food, Fibre, Feed and Fuel (F လေးလုံး)ကို ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။ သီးနှံအများစုသည် အဆိုပါ F လေးလုံးအနက် အနည်းဆုံးနှစ်မျိုးခန့်ကိုသာ ထုတ်ပေးနိုင်ကြသော်လည်း ကြံသီးနှံ အနေဖြင့််မူ F လေးမျိုးစလုံးကိုပင် ထုတ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။ စားနပ်ရိက္ခာအဖြစ် သကြားကိုလည်းကောင်း၊ အမျှင်ဓာတ်အဖြစ် ကြံကြိတ်ဖတ်ကို ဖိုင်ဘာကတ်ထူပြား (Fibre Board)နှင့် စက္ကူအဖြစ် လည်းကောင်း၊ တိရစ္ဆာန်အစာအဖြစ် တင်လဲအခြေခံဘေးဆွယ်ထွက်ကုန်ကိုလည်းကောင်း၊ လောင်စာအဖြစ် ဇီဝအီသနောကို လည်းကောင်း ထုတ်လုပ်ပေးနိုင်စွမ်းရှိသည့် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည်။ ကြံပင်သည် မျိုးရင်း (Family) Gramineae (or) Poaceae တွင်ပါဝင်ပြီး သိပ္ပံအမည်အားဖြင့်် မျိုးစိတ်များစွာရှိသည့်အတွက် Saccharum sp. ဟုသာ ခေါ်ဝေါ်ရေးသားသည်။
ကြံပင်သည် ကြီးထွားချိန်တွင် ပူအိုက်စွတ်စိုပြီး ရင့်မှည့်ချိန်တွင် အေးမြခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ မိုးရေချိန် ၄၀ လက်မမှ ၆၀ လက်မအတွင်း ရွာရန်လိုအပ်သော်လည်း ရေဝပ်ခြင်းကို လုံးဝမနှစ်သက်ပါ။ ကြံသီးနှံသည် စပါးသီးနှံကဲ့သို့ ရေများများစားစား မလိုအပ်သော်လည်း စပါးသီးနှံရေ လိုအပ်ချက်၏ ငါးပုံ သုံးပုံခန့်ရေကို လိုအပ်သည်။ သွင်းရေကို ကြိုက်နှစ်သက်သောသီးနှံဖြစ်သဖြင့် ရေသွင်းစိုက်ပျိုးမည်ဆိုပါက ကြံအထွက်ကို ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုရရှိစေနိုင်သည်။ ကြံသီးနှံသည် မြန်မာနိုင်ငံ၏ ရေမြေရာသီဥတုနှင့်ကိုက်ညီသဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၃ ခုတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံ၏ ကြံစိုက်ပျိုးမှုအခြေအနေကို လေ့လာကြည့်ပါက ၁၉၉၄ - ၁၉၉၅ ခုနှစ်တွင် ကြံစိုက်ဧက ၁၃၀၀၀၀ ခန့်ရှိရာမှ ယခုအခါ ဧကပေါင်းလေးသိန်းကျော်ထိ စိုက်ပျိုးလျက်ရှိပြီး ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။
ကြံစိုက်ပျိုးထုတ်လုပ်မှုတွင် လွန်ခဲ့သောနှစ်များနှင့်နှိုင်းယှဉ်လျှင် ကြိတ်ဝါးကြံရရှိမှု၊ အထွက်နှုန်းနှင့် ကြံအရည်အသွေးများသည်လည်း တဖြည်းဖြည်း ပြောင်းလဲတိုးတက်လျက်ရှိသည်။ ၂၀၁၁ - ၂၀၁၂ ခုနှစ်တွင် တစ်နိုင်ငံလုံး စိုက်ဧက ၃၈၀၀၀၀ ကျော်မှ တန်ချိန် ၈၆ သိန်းကျော်ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် စိုက်ဧကလေးသိန်းကျော်မှ တန်ချိန် ၁၁၅ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။
ရှမ်းပြည်နယ်တွင် ကြံစိုက်ဧက ၁၇၀၀၀၀ ကျော်ရှိပြီး ရှမ်းမြောက်ဒေသမှ စိုက်ဧကပေါင်း ၁၄၀၀၀၀ ကျော်ထိစိုက်ပျိုးခဲ့ရာ ကြိတ်ဝါးကြံ တန်ချိန် ၃၈ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။ ရှမ်းပြည်နယ်သည် ကြံပင်ကြီးထွားမှုအတွက် လိုအပ်သောအပူချိန်နှင့် ရေမြေပတ်ဝန်းကျင်ကောင်းများရှိသည့်အတွက် နှစ်စဉ်ကြံစိုက်ဧရိယာ တိုးတက်လျက်ရှိသလို တစ်ဧကအထွက်နှုန်းကောင်းပြီး သုံးနှစ်မှ လေးနှစ်ထိ ကြံလမိုင်းများ ထားလေ့ရှိကြသည်။ မြန်မာနိုင်ငံ၏ ၂၀၂၃−၂၀၂၄ ခုနှစ် ကြံရာသီ ပျမ်းမျှကြံအထွက်နှုန်းသည် တစ်ဧကလျှင် ၂၇ ဒသမ ၅၅ တန်ဖြစ်သည်။ ကြံသီးနှံ၏ တစ်ဧကပန်းတိုင် အထွက်နှုန်းသည် တန် ၃၀ ဖြစ်သည့်အတွက် တစ်ဧကအထွက်နှုန်းတိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။
မြန်မာနိုင်ငံအပါအဝင် သကြားထုတ်လုပ်သည့် နိုင်ငံပေါင်း ၁၁၀ ခန့်ရှိပြီး ပျမ်းမျှအားဖြင့် ကြံမှသကြား ထုတ်လုပ်မှုမှာ စုစုပေါင်းသကြားထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းဖြစ်ပြီး သကြားမုန်လာမှ ထုတ်လုပ်မှုသည် ၂၀ ရာခိုင်နှုန်းရှိသည်။ ကမ္ဘာတစ်ဝန်းလုံး နှစ်စဉ်သကြားထုတ်လုပ်မှုသည် မက်ထရစ်တန်သန်း ၁၈၀ ခန့်ရှိပြီး ကမ္ဘာ့သကြား အများဆုံးထုတ်လုပ်သည့်နိုင်ငံမှာ ဘရာဇီးနိုင်ငံဖြစ်ကြောင်းသိရသည်။ ၂၀၁၀−၂၀၁၁ ခုနှစ်မှ ၂၀၂၂−၂၀၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် သကြားထုတ်လုပ်မှုသည် ၂၀၁၇−၂၀၁၈ ခုနှစ်တွင် အများဆုံးဖြစ်ပြီး မက်ထရစ်တန် ၁၉၄ ဒသမ ၈၈ သန်းဖြစ်ကြောင်း တွေ့ရှိရသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နှစ်စဉ်သကြားစားသုံးမှုသည် ၂၀၂၂−၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန်၁၇၆ သန်းမှ ၂၀၂၃−၂၀၂၄ ခုနှစ်တွင် မက်ထရစ်တန်၁၈၀ ဒသမ ၀၅ သန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းရသည်။ လေ့လာ တွေ့ရှိချက်များအရ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် သကြားစားသုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လူတစ်ဦး တစ်နှစ်လျှင် သကြားပျမ်းမျှ ၄၆ ဒသမ ၁၃ ကီလိုဂရမ်ခန့် စားသုံးကြောင်းသိရှိရသည်။ သကြားအများဆုံးထုတ်လုပ်သည့် ၁၀ နိုင်ငံထဲတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံတို့ပါဝင်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ သကြားထုတ်လုပ်မှုမှာ နှစ်စဉ်တန်ချိန် လေးသိန်းကျော်ဖြစ်သည်။ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ၏ လူတစ်ဦး တစ်နှစ်လျှင် သကြားစားသုံးမှု စစ်တမ်းအရ ပျမ်းမျှ ၇ ဒသမ ၇ ကီလိုဂရမ်ခန့်ရှိသည့်အတွက် လက်ရှိ မြန်မာနိုင်ငံလူဦးရေနှင့် တွက်ချက်ကြည့်မည်ဆိုပါက သကြားတန်ချိန် ၄၂၀၀၀၀ ခန့်လိုအပ်ပြီး ပိုလျှံသောပမာဏကို ပြည်ပသို့တင်ပို့နိုင်သည်။
ကမ္ဘာပေါ်တွင် သဘာဝသယံဇာတပစ္စည်းများ တဖြည်းဖြည်းရှားပါးလာသဖြင့် ကျောက်ဖြစ် ရုပ်ကြွင်းတွင်းထွက် ရေနံဓာတုလောင်စာနေရာတွင် အစားထိုးအသုံးပြုနိုင်ရန်နှင့် လောင်စာဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် အစားထိုးလောင်စာစွမ်းအင် ဇီဝအီသနောကို ရေရှည်တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။ ကြံမှသကြားအပြင် ဇီဝလောင်စာဆီဖြစ်သည့် အီသနောကို အများအပြား ထုတ်လုပ်လျက်ရှိကြရာ ၂၀၂၂ ခုနှစ်စာရင်းအရ အမေရိကန်ပြည်ထောင်စုသည် အီသနောဂါလန်သန်းပေါင်း ၁၅၄၀၀ ထုတ်လုပ်ပြီး ပထမနေရာမှ ဦးဆောင်လျက်ရှိသည်။ ဘရာဇီးနိုင်ငံက ဂါလန်သန်းပေါင်း ၇၄၂၀ ဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁−၂၀၂၂ ခုနှစ် ပြည်တွင်းစက်သုံးဆီသုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းဖြန့်ဖြူးလျက်ရှိပြီး သုံးစွဲမှု၏ ၃ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်းတွင်ထုတ်လုပ်ကြောင်း သိရှိရသည်။ သို့ဖြစ်ရာ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဖူလုံမှုရှိစေရန် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များအနက် တစ်ခုအပါအဝင် ဖြစ်သည့် လယ်ယာထွက်သီးနှံနှင့် ဘေးထွက်ပစ္စည်းများမှ ဇီဝလောင်စာစက်သုံးဆီများကို ပြည်တွင်း၌ ကျယ်ပြန့်စွာ ထုတ်လုပ်သုံးစွဲနိုင်အောင် ဆောင်ရွက်ရေးမှာ အထူးလိုအပ်လျက်ရှိကြောင်း တွေ့ရှိရသည်။ ကြံမှ ဇီဝလောင်စာစက်သုံးဆီအပြင် ကြံကြိတ်ဖတ်မှ လျှပ်စစ်ဓာတ်အားကိုလည်း ထုတ်ယူရရှိနိုင်သည်။ ကြံတန် ၁၀၀ ကြိတ်လျှင် ကြံဖတ် တန်ချိန် ၃၀ ခန့်ရရှိပြီး ထွက်ရှိကြံဖတ်ကို ကြံမှသကြားကြိတ်ဝါးရာ၌လိုအပ်သည့် ဘွိုင်လာစွမ်းအင်တွင် ပြန်လည်အသုံးပြုနိုင်သည်။ မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်နေသော သကြားစက်ရုံ ၂၂ ရုံမှ တစ်နှစ်လျှင် ကြံတန်ချိန် သိန်း ၄၀ ကျော် ကြိတ်ဝါး လျက်ရှိသည်။ သကြားစက်ရုံများလည်ပတ်ချိန်တွင် ကိုယ်ပိုင်စွမ်းအင်များထုတ်လုပ်၍ လည်ပတ်ခဲ့ခြင်းဖြစ်ပြီး စက်လည်ချိန်ကာလတွင် စက်ရုံသုံးအပြင် အပိုလျှပ်စစ်စွမ်းအင်များကို ထုတ်လုပ်နိုင်သည်။
မြန်မာနိုင်ငံရှိ သကြားစက်ရုံအများစုသည် တစ်ရက် ကြံတန်ချိန် ၂၀၀၀ စွမ်းအား ကြိတ်ဝါးသည့် စက်များဖြစ်သဖြင့် ကြံဖတ်ပိုလျှံမှုနည်းပြီး လျှပ်စစ်ထုတ်နိုင်မှုနည်းပါးသည်။ ပုဂ္ဂလိက သကြားစက်ရုံလေးရုံဖြစ်သည့် နဝဒေးသကြားစက်၊ မောင်းကုန်းသကြားစက်၊ ဆင်းရွှေလီသကြားစက်နှင့် မိုင်းရယ်သကြားစက်တို့မှာ တစ်ရက်လျှင် ကြံတန်ချိန် ၅၀၀၀ တန်နှင့်အထက် ကြိတ်ဝါးနိုင်သည့် စက်များဖြစ်သောကြောင့် စက်ရုံအတွက်လိုအပ်သော လျှပ်စစ်စွမ်းအင်အပြင် ပိုလျှံသောလျှပ်စစ်စွမ်းအင်များကို အနီးပတ်ဝန်းကျင်ရှိရွာများအား ဖြန့်ဝေပေးနိုင်သည်။ ထို့ကြောင့် ပြည်တွင်းသကြားစက်လုပ်ငန်းရှင်များအနေနှင့် စက်စွမ်းအားတိုးမြှင့်ပြီး Value Added ထုတ်လုပ်မှုများနှင့် ယှဉ်တွဲဆောင်ရွက်မည်ဆိုပါက သကြားစက်ရုံများအတွက် အပိုဝင်ငွေရရှိပြီး ကြံစိုက် တောင်သူများအားပံ့ပိုးနိုင်ကာ စျေးကောင်းပေး ဝယ်ယူနိုင်ခြင်းတို့ကြောင့် နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးရရှိစေမည် ဖြစ်သည်။
ထိုကဲ့သို့ ဘက်စုံအကျိုးကျေးဇူးများသည့် ကြံသီးနှံပင်စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်တည်တံ့စေရန် စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲအနေဖြင့် သုတေသနလုပ်ငန်းနှင့် မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးခြင်း လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်ထိ ဌာနမှ မှတ်ပုံတင်ထုတ်လုပ်ထားသော ကြံမျိုးသစ်ကိုးမျိုးရှိပြီး တောင်သူများက ဒေသအလိုက် မိမိတို့ကြိုက်နှစ်သက်သည့် မျိုးများကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြသည်။
မည်သည့်သီးနှံပင်ဖြစ်စေ မျိုးတစ်မျိုးကို နှစ်စဉ်ဆက်တိုက်စိုက်ပျိုးပါက အရည်အသွေးနှင့် အထွက်နှုန်း ကျဆင်းလာနိုင်ခြင်းကြောင့် လက်ရှိထုတ်ဝေပြီး သားကြံမျိုးများမှ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနေသော မျိုးများကို ခေတ်မီတစ်သျှူးနည်းဖြင့် မျိုးသန့်ပွားများပြီး ဖြန့်ဝေခြင်းလုပ်ငန်းကို ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံသုံးခြံတွင် ဆောင်ရွက်လျက်ရှိသည်။ တစ်သျှူးနည်းနှင့် ကြံမျိုးမွေးမြူခြင်းဖြင့် ရောဂါကင်းစင်ပြီး အရည်အသွေးကောင်းသော Healthy Seed Cane များကိုရရှိသည်။ အဆိုပါ တစ်သျှူးစတင်မွေးမြူခြင်းနှင့် ရရှိလာသည့် Breeder Seed နှင့် Foundation Seed အဆင့်များကို သုတေသနခြံများနှင့် မျိုးသန့်ခြံများတွင် ဆောင်ရွက်လျက်ရှိပြီး စီးပွားဖြစ်မျိုးသန့်မျိုးစေ့ Commercial Seed အဆင့်ကို မျိုးသန့်ခြံများနှင့် သကြားစက်ရုံများမှတစ်ဆင့် တောင်သူများထံဖြန့်ဖြူးပေးလျက်ရှိသည်။
ထွက်ရှိလာသောသကြားများ၏ အရည်အသွေးကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် ပျဉ်းမနား ကြံသုတေသနခြံတွင် ဓာတ်ခွဲခန်း အဆောက်အအုံဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး လိုအပ်သည့် ပစ္စည်းအင်အား၊ လူအင်အားပြည့်စုံပါက ISO အသိအမှတ်ပြု သကြားအရည်အသွေး ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံမှထွက်ရှိသော အရည်အသွေးစံချိန်မီသည့်သကြားများကို အာဆီယံနှင့် အနောက်နိုင်ငံများအထိပါ တင်ပို့နိုင်မည်ဖြစ်သောကြောင့် တိုင်းပြည်ဝင်ငွေပိုမိုရရှိမည့်အပြင် သကြားစက်ရုံများနှင့် တောင်သူများပါ အကျိုးအမြတ်များစွာရရှိစေနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါး လိုက်ရပေသည်။ ။

“မြေကြီးမှ ရွှေသီး” ဆိုသလို ဆန်စပါးသည် မြန်မာ့စီးပွားရေးအသက်သွေးခဲဖြစ်သည်။ ဆန်သည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံး အဓိကအစားအစာများထဲမှ တစ်ခုဖြစ်ပြီး သန်းပေါင်းများစွာသော လူများအတွက် အထူးသဖြင့် အာရှတိုက်ရှိ အစားအစာများ၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ စပါးသည် မြက်ပင်မျိုးဖြစ်သည်။ အများအားဖြင့် တစ်နှစ်ခံပင်မျိုးဖြစ်၍ အချို့အပူပိုင်းဒေသများတွင် နှစ်ကြာခံပင်မျိုးဖြစ်သည်။ ရုက္ခဗေဒပညာရှင်များက ယခုစိုက်ပျိုးလုပ်ကိုင်နေကြသော စပါးမျိုးများသည် ရှေးအခါက အရိုင်းပေါက်ခဲ့သောစပါးမျိုးမှ ဆင်းသက်လာသည်ဟုဆိုသည်။ ရုက္ခဗေဒအလိုအရ စပါ
“မြေကြီးမှ ရွှေသီး” ဆိုသလို ဆန်စပါးသည် မြန်မာ့စီးပွားရေးအသက်သွေးခဲဖြစ်သည်။ ဆန်သည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံး အဓိကအစားအစာများထဲမှ တစ်ခုဖြစ်ပြီး သန်းပေါင်းများစွာသော လူများအတွက် အထူးသဖြင့် အာရှတိုက်ရှိ အစားအစာများ၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ စပါးသည် မြက်ပင်မျိုးဖြစ်သည်။ အများအားဖြင့် တစ်နှစ်ခံပင်မျိုးဖြစ်၍ အချို့အပူပိုင်းဒေသများတွင် နှစ်ကြာခံပင်မျိုးဖြစ်သည်။ ရုက္ခဗေဒပညာရှင်များက ယခုစိုက်ပျိုးလုပ်ကိုင်နေကြသော စပါးမျိုးများသည် ရှေးအခါက အရိုင်းပေါက်ခဲ့သောစပါးမျိုးမှ ဆင်းသက်လာသည်ဟုဆိုသည်။ ရုက္ခဗေဒအလိုအရ စပါးသည် “အိုရီဇာ”မျိုးစုတွင်ပါဝင်သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပြီး အမျိုးသားပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းပါဝင်သည်။ နိုင်ငံတော်၏ တောတောင်ရေမြေရာသီဥတုအနေအထားသည် ကောင်းမွန်ပြီး စိုက်ပျိုးမြေပေါကြွယ်ဝသည့်အလျောက် စိုက်ပျိုးရေးကဏ္ဍဖြစ်သည့် ဆန်စပါးကို အဓိကစီးပွားရေးကဏ္ဍအဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ဆန်စပါးသည် မြန်မာနိုင်ငံ၏အဓိကစားနပ်ရိက္ခာဖြစ်သည်။
ဒုတိယကမ္ဘာစစ်မတိုင်မီက မြန်မာနိုင်ငံတွင် စပါးစိုက်ဧက ဟက်တာငါးသန်းအထိရှိခဲ့ပြီး ထိုစဉ်က မြန်မာနိုင်ငံသည် နှစ်စဉ်ပြည်ပသို့ ဆန်တန်ချိန်သုံးသန်းတင်ပို့နိုင်ခဲ့ကာ ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သော်လည်း စစ်ပြီးကာလတွင် ပြည်တွင်းမငြိမ်သက်မှုများကြောင့် စပါးစိုက်ပျိုးမှုလျော့နည်းခဲ့ရသည်။ ၁၉၆၅ ခုနှစ်နောက်ပိုင်းတွင် ဆန်ထုတ်လုပ်မှုအနည်းငယ် ပြန်လည်တိုးတက်လာခဲ့သည်။ စားရေရိက္ခာဖူလုံစေရန်နှင့် ဆန်တင်ပို့မှုတိုးတက်မြင့်မားလာစေရန် အထူးဆန်အထွက်နှုန်းအစီအစဉ်မှတစ်ဆင့် ဆန်နည်းပညာသစ်ကို ၁၉၇၇-၁၉၇၈ ခုနှစ်မှစတင်မိတ်ဆက်စိုက်ပျိုးခဲ့သည်။ ဆည်မြောင်းတာတမံများ၊ ရေလှောင်ကန်များ ဆောက်လုပ်ပေးခြင်း၊ ရှိရင်းစွဲဆည်မြောင်းများ ပိုမိုကောင်းမွန်လာစေရန် ပြုပြင်ပေးခြင်း၊ မြစ်ရေတင်စက်များတည်ထောင်ခြင်းနှင့် အထူးသဖြင့် စိုက်ပျိုးရေကို အာမခံချက်ပေးရန်မြေအောက်ရေကိုတူးဖော်ပေးခြင်း၊ နွေစပါးစိုက်ပျိုးခြင်း စသည်တို့ကြောင့် မြန်မာ့ဆန်စပါးလုပ်ငန်းသည် တိုင်းပြည်၏ဆန်ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးသည့်ရလဒ်ကောင်းများကို ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းဈေးကွက်အကြိုက်စပါးမျိုး ၅၀ ခန့်နှင့် ပြည်ပဈေးကွက်အကြိုက် စပါးမျိုး ၂၀ ခန့်အပါအဝင် စပါးအမျိုးပေါင်း ၉၀ ကျော်ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
ပေါ်ဆန်းဆန်အား ၁၉၉၇-၁၉၉၈ ခုနှစ်ခန့်က ရွှေဘိုမြို့နယ် သီးလုံးကျေးရွာရှိ တောင်သူတစ်ဦးက ရန်ကုန်တိုင်းဒေသကြီးကျောက်တန်းမြို့နယ်ရှိ ဗုံလုံကျေးရွာမှ ပေါ်ဆန်းဘေးကြားစပါးမျိုးလေးပြည်ယူဆောင်ပြီး စမ်းသပ်စိုက်ပျိုးရာမှစတင်ခဲ့သည်။ စိုက်ပျိုးခါစတွင် တောင်သူကြိုက်နှစ်သက်မှု နည်းခဲ့သော်လည်း နှစ်အနည်းငယ်ကြာလာသည်နှင့်အမျှ မိမိတို့ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသဖြင့် စိုက်ပျိုးဖြစ်ထွန်းခြင်း၊ အထွက်နှုန်းကောင်းခြင်း၊ ဆန်ထွက်ကောင်းခြင်း၊ စားသုံးမှုအရသာကောင်းခြင်းတို့ကြောင့် အသုံးများပြီး လူကြိုက်များလာခဲ့ရာ တောင်သူအချင်းချင်းမျိုးဖလှယ်၍ စိုက်ပျိုးမှုမှာတစ်စတစ်စများလာခဲ့သည်။ ရွှေဘိုပေါ်ဆန်းစပါးမျိုးကို ရွှေဘိုမြို့နယ်တင်မကဘဲ ခရိုင်အတွင်းရှိ ဝက်လက်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း စသည့်မြို့နယ်များအထိပါ တိုးချဲ့စိုက်ပျိုးလာကြပြီး ဈေးကွက်ဝင်မျိုးကောင်းမျိုးသန့်အဖြစ် ထင်ရှားလာကာ ၂၀၀၆-၂၀၀၇ ခုနှစ်ခန့်မှစ၍ မန္တလေးဈေးကွက်တွင် “ရွှေဘိုပေါ်ဆန်း”ဆိုပြီး နေရာရလာခဲ့သည်။ ရွှေဘိုပေါ်ဆန်းစပါးမျိုးသည် မီးဒုန်းအုပ်စုဝင်ဖြစ်ပြီး သက်ကြီး၊ သက်လတ်၊ သက်လျင်ဟူ၍ သုံးမျိုးရှိသည့်အထဲမှ သက်လတ်ရာသီ စပါးရွှေဘိုပေါ်ဆန်းက ဈေးကွက်ဝင် လူကြိုက်အများဆုံးဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခုဖြစ်သည့်အားလျော်စွာ ရွှေဘိုဒေသတွင် သဖန်းဆိပ်ဆည်ရေဖြင့် စပါးစိုက်လယ်ဧက ၄ ဒသမ ၄ သိန်းခန့်ရှိရာ မိုးရေချိန် လက်မ ၄၀ ရှိသည့်အတွက် အထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်သည့် ရွှေဘိုပေါ်ဆန်းစပါးတိုးတက်စိုက်ပျိုးလာကြသည်ကို စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ရွှေဘိုပေါ်ဆန်းစပါးသည် ရွှေဘိုဒေသ၏ ရေမြေရာသီဥတုနှင့်ကိုက်ညီခြင်း၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးလာနိုင်ခြင်းတို့ကြောင့် တင်ပို့ရောင်းချသူများအနေဖြင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များအထိ ထိုးဖောက်ချဲ့ထွင်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ပြည်ပဈေးကွက်ရရှိရေး အတွက်လည်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အထွက်နှုန်းကောင်းသော၊ အရည်အသွေးကောင်းသော မျိုးကောင်းမျိုးသန့် စပါးများရွေးချယ်စိုက်ပျိုးခြင်း၊ ဈေးကွက်ခိုင်မာသော စပါးမျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ GAP စနစ်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း အစရှိသည့် နည်းလမ်းများကို ဆောင်ရွက်လျက်ရှိကြသည်။
ရွှေဘိုပေါ်ဆန်းစပါးနှင့်ဆန်၏ထူးခြားကောင်းမွန်သည့် လက္ခဏာများသည် ဒေသ၊ ရေမြေရာသီဥတုနှင့်ကိုက်ညီသည့်အတွက် စပါးအထွက်ကောင်းခြင်း၊ အလေးချိန်စီးပြီး အနှစ်ပြည့်ဝခြင်း၊ စပါးပေါ်ချိန်မှစ၍ သိုလှောင်ချိန်ကာလများအထိ ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရခြင်း၊ ဆန်ထွက်ကောင်းပြီး ဆန်အရည်အသွေးနှင့် ဆန်သားကောင်းမွန်ခြင်း၊ စပါးရိတ်ချိန်တွင် အစေ့ကြွေကျမှုနည်း၍ လေလွင့်မှုသက်သာခြင်း၊ အိုးတက်ခြင်း၊ အနံ့မွှေးပြီးနူးညံ့ခြင်းတို့ကြောင့် စားကောင်းသည့်ဆန်ဖြစ်သည်။
၂၀၁၁ ခုနှစ်၌ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာဆန်စပါးညီလာခံတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ရွှေဘိုပေါ်ဆန်း သည် “ကမ္ဘာ့အကောင်းဆုံးဆန်(World Best Rice)”အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အရှေ့တောင်အာရှ ဆန်စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများတွင် အကောင်းဆုံးသောအရည်အသွေးများနှင့်ထိပ်တန်းဆန်များ ကိုယ်စီပိုင်ဆိုင်ထားကြသည့်အနက် မြန်မာနိုင်ငံသည်လည်း ပါဝင်လာခြင်းဖြစ်သည်။
ထိုင်းမှစံပယ်နံ့မွှေးသော Hom Mali ဆန်၊ ကမ္ဘောဒီးယားနိုင်ငံမှ Malys Angkor ဆန်၊ ဗီယက်နမ်နိုင်ငံမှ ST24 ဆန်များနည်းတူ မြန်မာနိုင်ငံမှ ရွှေဘိုပေါ်ဆန်းကလည်း ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ရပ်တည်လာခြင်းဖြစ်ရာ မိမိတို့၏ဆန်အရည်အသွေးကို မပြတ်မြှင့်တင်နေရန်နှင့် အကောင်းဆုံးဆန်စပါးမျိုးသစ်များ ထပ်မံထွက်ပေါ်လာစေရန်လည်း ကြိုးပမ်းနေကြရမည်ဖြစ်သည်။ ရွှေဘိုပေါ်ဆန်းကို ပြည်တွင်းဈေးကွက်တွင် အများဆုံးရောင်းချရပြီး ပြည်ပဈေးကွက်တွင်လည်း “မြန်မာ့ပုလဲ” အမည်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ရွှေဘိုပေါ်ဆန်းဆန်ကို အသေးစိတ်တိကျသော သီးခြားအရည်အသွေးများ၊ နာမည်ဂုဏ်သတင်း သို့မဟုတ် ထူးခြားသော အသွင်အပြင်လက္ခဏာရှိသည့် အချို့သော တိုင်းပြည်၊ ဒေသ သို့မဟုတ် တိုင်းဒေသကြီး/ ပြည်နယ်များမှလာသော ထုတ်ကုန်ပစ္စည်းများအပေါ် ပထဝီဝင်ဒေသဆိုင်ရာညွှန်းဆိုမှုအတွက် သိသာထင်ရှားစေသည့် အထောက်အထားလက်မှတ်တစ်ခုဖြစ်သော Geographical Indication(GI) ရရှိရေးအတွက် အဖွဲ့အစည်းအဆင့်ဆင့်ဖွဲ့စည်း၍ ကျွမ်းကျင်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် စုပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ အသိအမှတ်ပြုလက်မှတ်သည် ပုံမှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ရောင်းချသော ကုန်ပစ္စည်းများအတွက် ဈေးကွက်တန်ဖိုးကို တိုးပွားစေပြီး ၎င်းထုတ်ကုန်များ၏ အရည်အသွေးကြောင့် စားသုံးသူများ၏ အသိအမှတ်ပြုမှုကို တည်ဆောက်နိုင်ခြင်းဖြင့် ဒေသထုတ်ကုန်များ၏ ကုန်အမှတ်တံဆိပ်ကိုကာကွယ်ပေးကြောင်း သိရှိရသည်။
မြန်မာ့ဆန်ကို ကမ္ဘာ့ဈေးကွက်တွင် ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရန် စပါးစတင်စိုက်ပျိုးချိန်တွင် GAP စနစ်များဖြင့်စိုက်ပျိုးခြင်းမှစတင်ကာ ဓာတ်မြေဩဇာကျွေးခြင်း၊ စပါးအထွက်နှုန်းကောင်းစေရန်နှင့် ဆန်အရည်အသွေးမြင့်မားစေရန် အချိန်မီရိတ်သိမ်းခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာများဖြစ်သည့် စပါးအခြောက်ခံခြင်း၊ စပါးသန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊ ဖြန့်ချိခြင်းနှင့်ကြိတ်ခွဲခြင်း စသည့်အဆင့်တိုင်းတွင် ဈေးကွက်ဝင်ဖြစ်စေရေးတို့ကို နိုင်ငံတကာကသတ်မှတ်ထားသောအဆင့်မီနေရန် ဆောင်ရွက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးသည် နိုင်ငံတော်၏ ဦးတည်ချက်(၉)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက “မြန်မာနိုင်ငံအနေဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ရာ အရည်အသွေးနှင့်အထွက်နှုန်း ပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးကို ဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့် ဆောင်ရွက်သွားကြရန်”လိုအပ်ကြောင်းကို “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂”ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့ပြင် “မိမိတို့နိုင်ငံမှထုတ်လုပ်သည့် ဆန်နှင့်ပဲများသည် ဈေးကွက်ရရှိပြီးဖြစ်သဖြင့် ယခုထက်အရည်အသွေး ပိုမိုကောင်းမွန်သည့် ဆန်နှင့်ပဲများတင်ပို့နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဂုဏ်သတင်းရှိပြီးဖြစ်သည့် ပေါ်ဆန်းမွှေးဆန် ရောင်းအားမြှင့်တင်ရန်လိုကြောင်း”ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထိုသို့ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အတိုင်း အရည်အသွေးနှင့်အထွက်နှုန်းပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့စိုက်ပျိုးပြီး အရည်အသွေးမြင့် မြန်မာ့ဆန်များပြည်ပသို့ပိုမိုတင်ပို့နိုင်ရေး၊ ကမ္ဘာ့ဆန်တင်ပို့သည့် ထိပ်တန်းနိုင်ငံနေရာသို့ ပြန်လည်ရောက်ရှိရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရေး တို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားတင်ပြလိုက်ရပါသည်။ ။

မြန်မာနိုင်ငံတွင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းသည် ပြည်တွင်းဝတ်ရေးဖူလုံစေခြင်းအပြင် ပြည်တွင်းလိုအပ်သောကုန်ကြမ်းများကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ပြည်ပမှ ချည်တင်သွင်းမှုလျှော့ချနိုင်ခြင်းနှင့် ပိုလျှံသည့်ပမာဏကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည် ဖြစ်သည့်အတွက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဆောင်ရွက်ရန်မှာ အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်မှလည်း ဝါသီးနှံကို မြန်မာနိုင်ငံ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု၌ အရေးပါသော
မြန်မာနိုင်ငံတွင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းသည် ပြည်တွင်းဝတ်ရေးဖူလုံစေခြင်းအပြင် ပြည်တွင်းလိုအပ်သောကုန်ကြမ်းများကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ပြည်ပမှ ချည်တင်သွင်းမှုလျှော့ချနိုင်ခြင်းနှင့် ပိုလျှံသည့်ပမာဏကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည် ဖြစ်သည့်အတွက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဆောင်ရွက်ရန်မှာ အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်မှလည်း ဝါသီးနှံကို မြန်မာနိုင်ငံ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု၌ အရေးပါသော မဏ္ဍိုင်သီးနှံ ၁၀ မျိုးတွင် တစ်ခုအဖြစ်ထည့်သွင်းလျက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကိုတွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရန်မှာ အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်သဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်မှစတင်၍ ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေး စီမံကိန်းကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်ထိ ငါးနှစ်စီမံကိန်းကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်မူဝါဒမှာလည်း လက်ရှိဝါစိုက်ဧကအပေါ်တွင် တစ်ဧက ပန်းတိုင်အထွက်နှုန်းရှိရန် ကြိုးစားဆောင်ရွက်ရေး လမ်းညွှန်မှု ပြုထားသဖြင့် ဝါတစ်ဧက ပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိရေးကိုလည်း စီမံဆောင်ရွက်သွားမည်ဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စီမံကိန်းကာလအတွင်း မျိုးစေ့ထုတ်ဧရိယာများ သတ်မှတ်ဆောင်ရွက်ခြင်း၊ စံပြကွက်၊ စမ်းသပ်ကွက်များ သတ်မှတ်ဆောင်ရွက်ခြင်း၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် ဌာနအစီအစဉ်ဖြင့် ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်ထက် ၆၄,၆၀၇ ဧက၊ ၁၆ ဒသမ ၄၁ ရာခိုင်နှုန်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ထက် ၅၇,၅၄၁ ဧက၊ ၁၂ ဒသမ ၅၅ ရာခိုင်နှုန်း ပိုမိုတိုးတက်စိုက်ပျိုးလာခဲ့ကြောင်း တွေ့ရှိရသည်။ အထွက်နှုန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက တစ်ဧကလျှင် ၂ ဒသမ ၄၈ ပိဿာ ပိုမိုထွက်ရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ထက် တစ်ဧကလျှင် ၃၄ ဒသမ ၆၁ ပိဿာ ပိုမိုတိုးတက်ထွက်ရှိလာခဲ့သည်ကို တွေ့ရှိရသည်။
ဝါသီးနှံပန်းတိုင်အထွက်နှုန်းတစ်ဧက ပိဿာ ၇၀၀ ရရှိရေးနှင့် အရည်အသွေးကောင်းဝါများရရှိရေးအတွက် ဖော်ပြပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်-
ဝါသီးနှံဇုန်များ သတ်မှတ်ဆောင်ရွက်ခြင်း
ဝါသီးနှံ အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ကြီးခရိုင်တို့ရှိ ခရိုင် ၂၆ ခရိုင်၊ မြို့နယ် ၇၆ မြို့နယ်တွင် ဇုန်ပေါင်း ၁၄ ဇုန်ဖြင့် ၂၀၂၃-၂၀၂၄ မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အထိ ဝါသီးနှံဇုန်များသတ်မှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
ချည်မျှင်အလွန်ရှည်သော စပ်မျိုးများစိုက်ပျိုးနိုင်ရေးဆောင်ရွက်ခြင်း
မြန်မာနိုင်ငံအတွင်း ၁/၈၀ ချည် အပါအဝင် အရည်အသွေးကောင်းချည်များ ထုတ်လုပ်နိုင်ရန်အတွက် ချည်မျှင်အလွန်ရှည်သောဝါမျိုးများ စိုက်ပျိုးထုတ်လုပ်သွားရန်လိုအပ်သောကြောင့် လက်ရှိချည်မျှင်ရှည်ဝါ စိုက်ပျိုးဧရိယာ ဧကငါးသိန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သောဧက တစ်သိန်းအား ဂွမ်းမွေးအရှည် ၃၂ မီလီမီတာနှင့် အထက်ရှိသော ဝါမျိုးများစိုက်ပျိုးခြင်းကို ချည်မျှင်ရှည်ဝါစိုက်ဧက၏ ၁၀ ရာခိုင်နှုန်းမှစ၍ တဖြည်းဖြည်းတိုးချဲ့သွားရန် မူဝါဒချမှတ်ပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။
မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း
ဝါမျိုး၏ မျိုးရိုးဗီဇသည် ဝါအထွက်နှုန်းအပေါ် ၅၀ - ၆၀ ရာခိုင်နှုန်းအကျိုးပြုစေသောကြောင့် မျိုးရိုးဗီဇခိုင်မာကောင်းမွန်သော ဝါမျိုးများရွေးချယ်စိုက်ပျိုးရမည်ဖြစ်ရာ ဝါမျိုးစေ့စနစ် ဖွံ့ဖြိုးစေရန်အတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များအသုံးပြုခြင်း၊ မျိုးစေ့၏သန်စွမ်းနိုင်စွမ်း (Seed Vigor)ကောင်းမွန်၍ ကျန်းမာသန်စွမ်း
သည့်မျိုးစေ့များကို အသုံးပြုခြင်း၊ ဂွမ်းမွေးတိုချွတ်ထားသော (Acid Delinted) ဝါမျိုးစေ့များကိုအသုံးပြုခြင်း၊ တစ်ဧက အပင်ဦးရေနှုန်းမြင့်မားမှု (High Population Density)ကို ခံနိုင်ရည်ရှိသောဝါမျိုးများ ရွေးချယ်အသုံးပြုခြင်းများကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစတင်ကာ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ၊ ဝါသီးနှံမျိုးသန့်ခြံများမှ သုတေသနပြု၍ မျိုးစေ့စီးဆင်းမှုစနစ်(Seed Flow)နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသောချည်မျှင်ရှည်ဝါမျိုး ငါးမျိုးအား အက်စစ်ဖြင့် ဂွမ်းမွေးတိုချွတ်ခြင်း၊ ဆေးလူးနယ်ခြင်း၊ အခြောက်ခံ၍ စနစ်တကျထုပ်ပိုးခြင်းများ ဆောင်ရွက်ပြီးမှသာ တောင်သူများထံ ဖြန့်ဖြူးသွားမည်ဖြစ်သည်။ ထို့ပြင် ဝါမျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးသည့်ခြံများ၊ ဝါကြိတ်စက်များအနေဖြင့် ဝါမျိုးစေ့ ဂွမ်းမွေးတိုချွတ်သည့် လုပ်ငန်းစဉ်ကို စနစ်တကျ ဆောင်ရွက်နိုင်စေရန် နည်းပညာပေးခြင်းအပါအဝင် လိုအပ်သည့်အစီအမံများ၊ ပစ္စည်းကိရိယာများကို ဖြည့်တင်း ဆောင်ရွက်သွားရမည်ဖြစ်သည်။
စိုက်ပျိုးရေးသွင်းအားစုများ အပြည့်အဝအသုံးချနိုင်ရေး စီမံဆောင်ရွက်ခြင်း
မျိုးစေ့အနေဖြင့် အမွေးတိုချွတ်ခြင်း (Acid Delinted)လုပ်ထားသော ဝါမျိုးစေ့များအသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းနှင့် မြေဩဇာအချိုးကျအသုံးပြုရန်အတွက် ချည်မျှင်ရှည်ဝါတစ်ဧကတွင် ယူရီးယား-တီစူပါ-ပိုတက်ရှ်(NPK)ဓာတ်မြေဩဇာကို စိုက်ပျိုးမြေအသင့်အတင့်ကောင်းမွန်ပါက (၂၂၄-၁၁၂-၂၂၄) ပေါင်နှုန်း သို့မဟုတ် ကွန်ပေါင်း-ယူရီးယား-ပိုတက်ရှ်(၂၂၄-၁၁၂-၁၂၂) ပေါင်နှုန်းအသုံးပြုရန်လိုအပ်ခြင်းနှင့် နွားချေး၊ သစ်ဆွေးနှင့်သစ်စိမ်းမြေဩဇာများကို တစ်ဧကလျှင် နွားလှည်း ၅-၁၀ စီးနှုန်း ထည့်သွင်းပေးရမည်။ အထွက်ကောင်း အရည်အသွေးကောင်းဝါများရရှိရန်နှင့် ရာသီဥတုဆိုးရွားသည့်ဒဏ်များကို ခံနိုင်ရည်ရှိစေရန် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ရမည်။ ဝါပင်အတွက် မျှော်မှန်းအထွက်နှုန်းရရှိရေးနှင့်ဂွမ်းအရည်အသွေးတိုးတက်ကောင်းမွန်ရေးမှာ ဖြည့်စွက်ရေသည် အရေးကြီးသောသွင်းအားစုတစ်ခုဖြစ်ရာ ဝါသီးနှံသက်တမ်းအတွင်း ပျမ်းမျှရေအသုံးပြုမှုမှာ ၃၆-၄၃ လက်မဖြစ်သဖြင့် မိုးကောင်းသောက်ဧရိယာများတွင် မြေအောက်ရေထုတ်ယူရရှိနိုင်မည့် ရေအရင်းအမြစ်များ နီးစပ်ပါက နေရောင်ခြည်စွမ်းအင်သုံး Tube Well များ တူးဖော်အသုံးပြုခြင်းနှင့် ရေအလိုအပ်ဆုံးအချိန်ဖြစ်သော ဝါသီးနှံသီးပွင့်ချိန်များတွင် ဖြည့်စွက်ရေ ရယူအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သည်။
ဝါအထူးအထွက်တိုးရေး နည်းလမ်း ၁၀ ချက်ကို တောင်သူများ လိုက်နာစေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
ဝါအထူးအထွက်တိုးရေး နည်းလမ်း၁၀ ချက်ဖြစ်သည့် မျိုးကောင်း၊ မျိုးသန့်အသုံးပြုခြင်း၊ စနစ်တကျ စိုက်ပျိုးမြေပြုပြင်ခြင်း၊ စိုက်ချိန်မှန်ကန်စေခြင်း၊ တစ်ဧကသတ်မှတ်အပင်ဦးရေ ပြည့်မီအောင် ဆောင်ရွက်ခြင်း၊ အချိန်မီအပင်သားခွဲခြင်း၊ ပေါင်းမြက်များ အချိန်မီရှင်းလင်းခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးညီ အချိန်ကိုက်ထည့်သွင်းခြင်း၊ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ လိုအပ်သလို ရေသွင်း/ရေထုတ်ပြုလုပ်ခြင်း၊ စနစ်တကျဝါကောက်သိမ်းခြင်းနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများလိုက်နာခြင်းတို့ကို ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အနေဖြင့် တိတိကျကျ လိုက်နာဆောင်ရွက်ရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ဝါသီးနှံသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း
မျိုးကောင်းမျိုးသန့်များ၊ မျိုးသစ်များထုတ်လုပ်ဖြန့်ဖြူးရန်နှင့် အထွက်တိုးစိုက်ပျိုးနည်းစနစ်များကို ဖော်ထုတ် သတ်မှတ်ရန်အတွက် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရရှိလာသောသု တေသနရလဒ်ကောင်းများကို တောင်သူများအား နည်းပညာဖြန့်ဝေပေးလျက်ရှိသည်။
၎င်းအပြင် တောင်သူများကိုယ်တိုင် ပါဝင်သော ဝါမျိုးရွေးချယ်သည့် သုတေသနများကိုလည်း တောင်သူစိုက်ခင်းများတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။
နည်းပညာပြန့်ပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်း
ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ လိုအပ်သည့်သွင်းအားစုများ ထည့်သွင်းမှုနည်းပညာများ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းမှုဆိုင်ရာနည်းပညာများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများကို ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲရှိ ဝါသီးနှံဆိုင်ရာပညာရှင်များမှ မြေ၊ မျိုး၊ ပိုးဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်(Subject Matter Specialist- SMS) များနှင့်ပေါင်းစပ်၍ ဇုန်အသီးသီးမှဝါသီးနှံပညာပေးဝန်ထမ်း များအတွက် Trainings of Trainers (ToT) သင်တန်းများပေးခြင်း၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်၊ စာအုပ်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါနည်းပညာများအပါအဝင် အထွက်တိုးစိုက်ပျိုးနည်းပညာများကို တောင်သူများ
မျက်မြင်သိရှိ လိုက်နာကျင့်သုံးလာစေရေးအတွက် သင်တန်းများ၊ ကွင်းသရုပ်ပြပွဲများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းနှင့် နည်းပညာစာအုပ်၊ စာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်းနှင့် တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ခြင်းတို့မှာ အရေးကြီးသောလုပ်ငန်းများဖြစ်ပါသဖြင့် ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် စိုက်ပျိုးပညာပေးရေးလုပ်ငန်း ဆောင်ရွက်နေသူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

ကမ္ဘာ့နိုင်ငံ အသီးသီးသည် စီးပွားရေး အားပြိုင်မှုအကောင်းဆုံးဖြင့် အနာဂတ် လူ့ဘောင်လောကတစ်ခုကို ပီပြင်စွာ ထုဆစ်လျက်ရှိကြသည်။ နိုင်ငံအလိုက် စီးပွားရေးမူဝါဒအသီးသီး ကျင့်သုံးလျက် လူသားများအတွက် ခေတ်ကတောင်းဆိုလာသည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး လုံ့လပြုကြိုးပမ်း ဆောင်ရွက်လာကြသည်။ ချိန်ဆတွက်ချက်လျက် အပြိုင်အဆိုင်ကြိုးပမ်း ဆောင်ရွက်ရာတွင် ဝယ်လိုအား၊ ရောင်းလိုအားသည် ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍအတွက် ထင်သာမြင်သာသည့် အညွှန်းကိန်းတစ်ခုဖြစ်သည်။ ပြည်တွင်းသုံးစွဲမှု၊ ပြည်ပတင်ပို့မှုဟူ၍ အခန်းကဏ္ဍများခွဲခြား၍ လယ်ယာ၊ သားငါး၊
ကမ္ဘာ့နိုင်ငံ အသီးသီးသည် စီးပွားရေး အားပြိုင်မှုအကောင်းဆုံးဖြင့် အနာဂတ် လူ့ဘောင်လောကတစ်ခုကို ပီပြင်စွာ ထုဆစ်လျက်ရှိကြသည်။ နိုင်ငံအလိုက် စီးပွားရေးမူဝါဒအသီးသီး ကျင့်သုံးလျက် လူသားများအတွက် ခေတ်ကတောင်းဆိုလာသည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး လုံ့လပြုကြိုးပမ်း ဆောင်ရွက်လာကြသည်။ ချိန်ဆတွက်ချက်လျက် အပြိုင်အဆိုင်ကြိုးပမ်း ဆောင်ရွက်ရာတွင် ဝယ်လိုအား၊ ရောင်းလိုအားသည် ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍအတွက် ထင်သာမြင်သာသည့် အညွှန်းကိန်းတစ်ခုဖြစ်သည်။ ပြည်တွင်းသုံးစွဲမှု၊ ပြည်ပတင်ပို့မှုဟူ၍ အခန်းကဏ္ဍများခွဲခြား၍ လယ်ယာ၊ သားငါး၊ သစ်တော၊ စွမ်းအင် အစရှိသော ကဏ္ဍအလိုက် ဂျီဒီပီတိုးတက်ရေး ဆောင်ရွက်ချက်များသည် နိုင်ငံ့စီးပွားရေး မောင်းနှင်အားကို အရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်သည်။
GDP(Gross Domestic Product)အညွှန်းကိန်းသည် တစ်နှစ်တာကာလအတွင်း ပြည်တွင်း၌ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ စုစုပေါင်းငွေကြေးတန်ဖိုး၊ တိုင်းပြည်၏ စီးပွားရေး အတက်အကျကို ညွှန်ပြနေခြင်းလည်းဖြစ်သည်။
ပြည်တွင်း၌ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို သုံးစွဲအားပေးခြင်းဖြင့် ပြည်ပသို့နိုင်ငံခြားငွေ စီးဆင်းမှုကို တားဆီးနိုင်သည်။ ပြည်ပသွင်းကုန်အစား ပြည်ပပို့ကုန်အသွင် ပြောင်းလဲ၍ နိုင်ငံ၏စီးပွားရေး အဆင့်အတန်း မြှင့်တင်သွားရပေမည်။ နိုင်ငံခြားဝင်ငွေ စီးဆင်းမှု အားကောင်းခြင်းမှတစ်ဆင့် နိုင်ငံအတွက် လိုအပ်သည့်ကဏ္ဍ အသီးသီးကို ဖြည့်ဆည်းဆောင်ရွက် သွားနိုင်မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်း အများစုလိုအပ်သည့် အခြေခံအရင်းအနှီးမှာ လျှပ်စစ်ကဏ္ဍဖြစ်သည်။ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးသည်နှင့် အခြားသော စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်မောင်းနှင်နိုင်စွမ်း ရှိပေသည်။ ရေမီးအစုံစုံပြည့်စုံလျှင် ထိုရေမြေပေါ်တွင် အခြေပြုတည်ဆောက်သွားနိုင်မည့် စီးပွားရေး အဆောက်အအုံများစွာ ပေါ်ထွက်လာနိုင်ပေသည်။
စွန့်ဦးတီထွင်လုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးကူညီခြင်းဖြင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများစွာကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းစုများစွာမှသည် စီးပွားရေးတွန်းအား တစ်ရပ်ဖြစ်လာပြီး ကျယ်ပြန့်သော စီးပွားရေးအင်အားစုကြီးများ ဖြစ်လာသည်အထိ တိုးတက်ပြောင်းလဲ လာနိုင်ပေသည်။ အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ရပ် တည်ဆောက်ရာတွင် စီးပွားရေးဆိုင်ရာ လိုအပ်သော နည်းစနစ်နှင့်အသုံးဝင်သော နည်းလမ်းများကို ကောင်းစွာ အသုံးချရမည်ဖြစ်သည်။ လုပ်ငန်းတစ်ခုချင်းစီတွင် စိတ်ကူးသစ် များစွာ ပါရှိသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများစွာကို လေ့လာဆန်းစစ်ကြည့်ပါက အငယ်စားစီးပွားရေးလုပ်ငန်းများကို ဗဟိုပြုသည်ကို တွေ့ရှိရသည်။ မြို့ရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း၊ မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသကဲ့သို့ တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်းများစွာကိုလည်း လုပ်ကိုင်ဆောင်ရွက်ကြသည်။ ဈေးကွက်ဝင်ရောင်းအား ကောင်းသည့် ပြင်ဦးလွင်က ဝိုင်၊ စတော်ဘယ်ရီ၊ နာနတ်ယိုနှင့် မလိုင်မုန့်များ၊ ပုဂံညောင်ဦးက ပုန်းရည်ကြီးနှင့်ဆီးယို၊ ကျောက်ပန်းတောင်းအာလူးကြော် အစရှိသည့် ဒေသထွက်စားစရာများသည် လူတိုင်းပါးစပ်ဖျားတွင် ရေပန်းစားလှသည်။
လုပ်ငန်းရပ်အသီးသီးသည် စားသုံးသူများ၏ လိုအပ်ချက်၊ သုံးစွဲသူများ၏ အသုံးပြုမှုအပေါ်ရပ်တည်ကြသည်။ အပြန်အလှန်အားဖြင့် ဆက်သွယ်မှုရှိသဖြင့် ဈေးကွက်၏ တောင်းဆိုမှုအလိုက် ဖြည့်စွမ်းနိုင်သည့်အစီအမံများချမှတ်ရန်လိုသည်။ စားသုံးသူသည် စဉ်ဆက်မပြတ်တည်ရှိနေမည့် ဖြစ်တည်မှုဖြစ်သည်။ စီးပွားရေးကို ဗဟိုပြုလုပ်ဆောင်သူများသည် စားသုံးသူတိုင်းအတွက် လိုအပ်သည့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ အရည်အသွေးနှင့် ဈေးနှုန်းသည် ဆက်စပ်မှုရှိသည်။ အရည်အသွေးနိမ့်သော ပစ္စည်းများကို လူတိုင်းနှစ်သက်လေ့မရှိကြပေ။ သုံးစွဲသူနှစ်သက်သည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများသည် ကုန်စည်စီးဆင်းမှုအတွက် သိမ်မွေ့သောဖြစ်စဉ်များဖြစ်သည်။
အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများသည် မျက်မှောက်ကာလနှင့် အနာဂတ်လိုအပ်ချက်ကို တွက်ဆ၍ ဈေးကွက်အပေါ် သုတေသနပြုခြင်း၊ ဆန်းစစ်ခြင်းများ ပြုလုပ်ကြရလေ့ရှိသည်။ တိုးတက်ပြောင်းလဲလျက်ရှိသည့် ခေတ်နှင့်အပြိုင် အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ တီထွင်ဆန်းသစ်သည့် ထုပ်ပိုးမှုပုံစံပြုပြင်ခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို ထိထိမိမိ အသုံးချရန် လိုအပ်ပေသည်။ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများ လုံလောက်စွာထွက်ရှိအောင် ဆောင်ရွက်ပြီး ကုန်ချောထုတ်လုပ်မှု အပိုင်းတွင်လည်း လူအများကြိုက်နှစ်သက်သည့် အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများထုတ်လုပ်၍ ပြည်ပနိုင်ငံများအထိ ဈေးကွက်ထိုးဖောက်ရမည်ဖြစ်သည်။
နိုင်ငံ၏ဒေသအသီးသီးသည် မြန်မာ့ရိုးရာဒေသထွက် ကုန်စည်အမျိုးမျိုးထွက်ရှိပေသည်။ အဆိုပါဒေသ ထွက်ကုန်ပစ္စည်းများတွင် လိုအပ်သည့် ကုန်ကြမ်းများရှာဖွေခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များတွင် ဝယ်လိုအား/ရောင်းလိုအားကို အခြေပြုဆောင်ရွက်ကြလေ့ရှိသည်။ စားသုံးသူနှစ်ခြိုက်သည့် ကုန်ပစ္စည်းသည် နာမည်ရထင်ရှားသည်။ နာမည်ရှိသည့် အမှတ်တံဆိပ်နောက်တွင်လည်း ပုံစံတူအတုအပ သတိပြုစရာအခြေအနေများ ပေါ်ပေါက်လေ့ရှိသည်။ ကုန်အမှတ်တံဆိပ် တစ်ခုသည် သက်မဲ့တစ်ခုဖြစ်သော်လည်း ကုန်ပစ္စည်းတီထွင် ထုတ်လုပ်မှုကို ကိုယ်စားပြုသည်။ အရည်အသွေးညံ့လျှင် ကုန်အမှတ်တံဆိပ်ကို ထိခိုက်နိုင်ပြီး စားသုံးသူများအကြား ဝယ်လိုအား ကျဆင်းသွားစေနိုင်သည်။
အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းတစ်ခုအနေဖြင့် ဈေးကွက်အတွင်း ရေရှည်ရပ်တည်နေနိုင်သည့် စွမ်းဆောင်ချက်ရှိရန် လိုအပ်ပြီး လုပ်ငန်းအပေါ် စီမံခန့်ခွဲနိုင်စွမ်းအားကို ပြသရန်ဖြစ်ပါသည်။ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးရေး အလေးထား ဆောင်ရွက်ရာတွင် ကုန်ကြမ်း၊ နည်းပညာ၊ သွင်းအားစုများနှင့် ရင်းနှီးစိုက်ထုတ်ငွေ လိုအပ်မှု အစရှိသည့် လုပ်ငန်းတစ်ခု၏ အားသာချက်နှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ထည့်သွင်းစဉ်းစားရလေ့ရှိသည်။ ထို့အတူ ဈေးကွက်အပေါ် နားလည်ခြင်း၊ စီးပွားရေးဝန်းကျင်ကို လေ့လာသုံးသပ်ခြင်းဖြင့် ဝယ်လိုအားနှင့်ရောင်းလိုအားကို အကဲခတ်နိုင်ရမည်ဖြစ်သည်။ ဈေးကွက်အခြေအနေသည် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများသိရှိရမည့် စနစ်တစ်ခုဖြစ်သည်။ ဈေးကွက်အတွင်းရှိ ကုန်စည်၊ ဝန်ဆောင်မှု၊ ဈေးနှုန်းပမာဏတို့သည် လုပ်ငန်းတွင်ပါဝင် လုပ်ကိုင်သူများအတွက် ရင်ဆိုင်ကြရမည့် ယှဉ်ပြိုင်မှုအသွင်အပြင်ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းများဖြစ်ပြီး လူသုံးကုန်ပစ္စည်း၊ စက်ပစ္စည်းနှင့် အခြားကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ၏ရာခိုင်နှုန်းမှာ နည်းပါးနေသည်ကို တွေ့ရှိရသည်။
သို့ဖြစ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်း နယ်ပယ်တွင် လိုအပ်လျက်ရှိသည့် ကွက်လပ်များကို ဖြည့်ဆည်းနိုင်ရေး စီးပွားရေး လုပ်ငန်းရှင်အားလုံး အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ လုပ်ငန်းတစ်ခုချင်းမြှင့်တင် ဆောင်ရွက်ခြင်းဖြင့် ဝယ်လိုအား/ရောင်းလိုအားကို ကိုယ်စားပြုသည့် ကုန်စည်အရေအတွက်နှင့် အရည်အသွေးကို အာမခံရရှိစေနိုင်မည်ဖြစ်သည်။ ယှဉ်ပြိုင်ခြင်းသည် တိုးတက်မှုကိုဖြစ်စေသည်။ လုပ်ငန်းတိုင်းသည် မှန်ကန်သော လုပ်ဆောင်ချက်၊ ခိုင်မာသောယုံကြည်ချက်ဖြင့် ရှေ့သို့ချီရန်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိ၏အရည်အသွေးကို ပြသရန်လိုသည်။
တစ်ဦး၏အားသာချက်ကို တစ်ဦးကနားလည်ပြီး မိမိ၏အရည်အသွေးကို တိုးတက်စေသည့် ပြိုင်ဘက်ကောင်း ရွေးချယ်ကြရမည်ဖြစ်သည်။ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းအစီအစဉ်များတွင် စတင်လုပ်ကိုင်မည့်သူများကို လမ်းဖွင့်ကြိုဆိုကြရမည်ဖြစ်သည်။ ထုတ်ကုန်အသစ်၊ အမယ်သစ်များ ပိုမိုထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းအားပေး ဆောင်ရွက်ရမည်ဖြစ်သည်။ ချေးငွေနှင့် အကူအညီရရှိရေး လမ်းပြကူညီကြရပါမည်။ အတွေ့အကြုံ ရင့်ကျက်သော လုပ်ငန်းတိုင်းတွင် မဟာဗျူဟာ၊ နည်းဗျူဟာလုပ်ငန်း အစီအစဉ်ရှိသည်။ မတူညီသောလုပ်ငန်း အစီအစဉ်၊ မတူညီသောလုပ်ငန်း နယ်ပယ်များတွင် လုပ်ငန်းတစ်ခု ရေရှည်တည်တံ့ရေး ရှုထောင့်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရလေ့ရှိသည်။ လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံခြင်းသည် အကျိုးအမြတ်ကို ဖန်တီးပေးစွမ်းနိုင်သည်။ လုပ်ငန်းတစ်ခုသည် ဈေးကွက်နှင့်ဝန်းကျင် ကောင်းပေါ်တွင် တည်မှီနေခြင်းကြောင့် ခိုင်မာသော ဈေးကွက်ကို ဖော်ဆောင်ကြရမည်ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမိုအားကောင်းလာပါက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ပြည်တွင်းမှ ထုတ်လုပ်သည့် စားသောက်ကုန်၊ လူသုံးကုန်များနှင့် အဝတ်အထည်များ သုံးစွဲအားပေးခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချသွားနိုင်မည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်အထိ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးပွားလာစေပြီး ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်၊ အားနည်းချက်များကို သိမြင်ဖော်ထုတ်လာစေရန်၊ ထုတ်ကုန်ပစ္စည်းများသည် “ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းချင်းတူပါက အရည်အသွေးပိုကောင်းရန်”ကိုထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက်လာစေရန်၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအမံများ အောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်စေရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ MSME များနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက်များနှင့် ကျင်းပပြုလုပ်ပေးလျက်ရှိသည်။
သို့ဖြစ်၍ တစ်နိုင်တစ်ပိုင် အိမ်တွင်းထုတ်လုပ်ငန်းများ၊အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှ လူတိုင်းအသုံးချနိုင်သည့် အရည်အသွေးမြင့်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပဝင်ငွေများလည်း ရရှိနိုင်ပေသည်။ နိုင်ငံတော်၏အကျိုးစီးပွား၊ လူမှုစီးပွားဘဝ တိုးတက်ရေးကို အထောက်အကူပြုနိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ခြင်း၊ ပြည်ပဝင်ငွေရရှိခြင်း အစရှိသည့်အခြေအနေများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများကို အားပေးကူညီဆောင်ရွက်ကြရမည်ဖြစ်ပြီး မြန်မာ့ဒေသအသီးသီးမှ ထွက်ရှိသည့်ကုန်ပစ္စည်းအားလုံး Made in Myanmar စာတန်းထိုး ဖော်ပြပါရှိမှုနှင့်အတူ ထုတ်ကုန်များ ကမ္ဘာပတ်နိုင်ခြင်းသည် မြန်မာတို့အတွက် ဂုဏ်ယူစရာပင် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ ။

အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင်ကို ပူနွေးလာစေပြီး ကမ္ဘာ့ရာသီဥတုပုံစံကို ပြောင်းလဲစေနိုင်သော ဖြစ်စဉ်ဖြစ်ပါသည်။ အယ်လ်နီညိုသည် ၂ - ၇ နှစ်လျှင်တစ်ကြိမ် ဖြစ်ပေါ်တတ်ပြီး ၉ - ၁၂ လအထိ ကြာတတ်ပါသည်။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အားကောင်းသော အယ်လ်နီညိုဖြစ်စဉ်၏ ပြင်းထန်သော သက်ရောက်မှုကို ခံစားရနိုင်သောနိုင်ငံများကို ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံသည် ရာသီဥတုဆိုင်ရာစိန်ခေါ်မှုများအတွက် ဦးစားပေး စောင့်ကြည့်ရမည့်စာရင်းတွင် ပါဝင်သည်။ မြန်မာနိုင်ငံသည် ၁၉၈၀ ပြည့်နှစ် မှ ၂၀၁၅ ခုနှစ်အတွင်း-
(၁) ၁၉၈၂- ၁၉၈၃၊
(၂) ၁၉၈၆-၁၉၈၇၊
(၃) ၁၉၈၇-၁၉၈၈၊
(၄) ၁၉၉၁-၁၉၉၂၊
(၅) ၁၉၉၇-၁၉၉၈၊
(၆) ၂၀၀၂-၂၀၀၃၊
(၇) ၂၀၀၉-၂၀၁၀၊
(၈) ၂၀၁၄-၂၀၁၅ များတွင် အယ်လ်နီညိုဖြစ်ပွားမှု ရှစ်ကြိမ်ကြုံတွေ့ခဲ့ရပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများတွင် ပုံမှန်ရွာသွန်းမြဲမိုးရေချိန်အောက်လျော့နည်းရရှိပြီး အပူချိန်မြင့်တက်မှုပြင်းထန်နိုင်ပြီး ပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံစားရနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံ၏ တရားဝင်မိုးလေဝသကြေညာချက်များကို စောင့်ကြည့်လေ့လာပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရန် ကမ္ဘာ့မိုးလေဝသအဖွဲ့က နှိုးဆော်ထားပါသည်။
အယ်လ်နီညို ရာသီဥတုကြောင့် မြန်မာနိုင်ငံ ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို သက်ရောက်မှု
ကမ္ဘာ့ရာသီဥတုသည် အယ်လ်နီညိုနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတို့ကြောင့် ပူနွေးလာလျက်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို ရိုက်ခတ်လျက်ရှိသကဲ့သို့ ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကိုပါ သက်ရောက်နေပါသည်။ အယ်လ်နီညိုအားကောင်းမှုက စိုက်ပျိုးရေးအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်စေပြီး စားနပ်ရိက္ခာထောက်ပံ့မှုကွင်းဆက်ကို နှောင့်ယှက်ဟန့်တားမှုများနှင့် နိုင်ငံစီးပွားရေးကို ထိခိုက်စေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဝါသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းသောဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တို့တွင် အဓိကစိုက်ပျိုးပြီး ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင် ပြည်နယ်များရှိ မြို့နယ်အချို့တွင်လည်း စိုက်ပျိုးလျက်ရှိပါသည်။
ထို့ကြောင့် အယ်လ်နီညိုသည် ဝါသီးနှံကို အဓိကစိုက်ပျိုးနေသော ဒေသများ၌ ကာလရှည်မိုးခေါင်မှုကို ဖြစ်စေနိုင်ပြီး စိုက်ပျိုးရာသီအတွက် အထူးသဖြင့် မိုးကောင်းသောက် ဝါစိုက်ဒေသများတွင် ပုံမှန်ရာသီဥတုရှိသော နှစ်များနှင့်ယှဉ်ပါက ဝါအထွက်နှုန်းကို ထိခိုက်ကျဆင်းစေနိုင်ပါသည်။ တခြားတစ်ဖက်တွင်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်ရှိပြီး ဝါစိုက်ပျိုးထုတ်လုပ်မှုကို သက်ရောက်စေနိုင်ပါသည်။ မိုးခေါင်ရေရှားမှုနှင့် အပူချိန်တိုးလာမှုကြောင့် ဝါသီးနှံအပေါ် ရေလိုအပ်ချက်သည် ပုံမှန်စိုက်ရာသီများထက် ပိုနိုင်ပြီး မြေအောက်ရေနှင့် ဆည်ရေသောက်ဒေသများတွင် ရေကိုစနစ်တကျသုံးစွဲရန် အရေးကြီးပါသည်။
ထို့ပြင် ကမ္ဘာကြီးပူနွေးလာပြီး အပူချိန်တိုးလာသည်နှင့်အမျှ အင်းဆက်အားလုံးနီးပါးကို သက်ရောက်မှုရှိပြီး အင်းဆက်ဖျက်ပိုးများကိုသာမက ရောဂါဖြစ်စေသော သက်ရှိများ (မှို၊ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ နီမတုတ် စသည့်) သက်ရှိများ၏ ဇီဝဖြစ်စဉ်ကိုပါ လျင်မြန်စေသည်ဟု သုတေသနစာတမ်းများတွင် ဆိုထားသည်။ ဤအကျိုးသက်ရောက်မှုများသည် အင်းဆက်ဖျက်ပိုးများနှင့် ရောဂါဖြစ်စေသော သက်ရှိများ၏အရေအတွက် တိုးလာပြီး ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို သက်ရောက်မှုများ ကြုံလာရနိုင်ပါသည်။ ဝါပင်၏ ပြင်ပပုံသဏ္ဌာန်နှင့် အပင်ဇီဝဆိုင်ရာ တည်ဆောက်ထားမှု ပုံသဏ္ဌာန်ထူးခြားချက်များသည် အခြားသီးနှံများထက် ပိုးကျရောက်ဖျက်ဆီး ပိုမိုကျရောက်ရန် ဖန်တီးထားသကဲ့သို့ ဖြစ်နေပါသည်။
ဝါပင်၏ ရာသီဥတုအပေါ်တုံ့ပြန်မှု
ဝါသည် ပူ၍ခြောက်သွေ့သောဒေသများကို ကြိုက်နှစ်သက်ပြီး အမြင့်ဆုံးအထွက်နှုန်းကို ၎င်းဒေသများတွင် ရရှိနိုင်သော်လည်း ၂၀-၃၀ ဒီဂရီဆဲလ်စီးယပ်အတွင်း ညီညာသောအပူချိန်ရရှိရန် လိုအပ်ပါသည်။ ဝါပင်သည် အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်အထက်ဆိုလျှင် မသင့်လျော်ပါ။ သို့သော် ၄၃ - ၄၅ ဒီဂရီ ဆဲလ်စီးယပ်အထိ ရက်အနည်းငယ် ထိခိုက်မှုမရှိဘဲ ခံနိုင်ရည်ရှိပါသည်။ ၎င်းအပူချိန်အတိုင်း ရက်အတော်ကြာ ဆက်ရှိနေမည်ဆိုပါက ဝါအထွက်နှုန်းကို ဆိုးကျိုးသက်ရောက်နိုင်ပါသည်။
ဝါပင်ဖြစ်ထွန်းမှုအတွက် အကောင်းဆုံးနေ့တာမှာ ၈ - ၁၂ နာရီအတွင်း ဖြစ်ပါသည်။ ဝါပင်သန်စွမ်းကြီးထွားစေရန် ရေ(အစိုဓာတ်) လိုအပ်သည်။ အစိုဓာတ် မလုံလောက်လျှင် ဝါပင်ညှိုးစေပြီး အဖူး၊ အပွင့်နှင့် သီးကင်းများကြွေကျမည်။ အပင်ကြီးထွားမှုနှေးမည်။ အစိုဓာတ်များလျှင်လည်း အမြစ်များမှ အောက်ဆီဂျင်မရသဖြင့် အပင်ဖြစ်ထွန်းမှုမရှိဘဲ အဖူးနှင့် သီးကင်းများကြွေကျမည်။ အပင်ပုမည်။ အမြင့်ဆုံးအထွက်နှုန်းရရှိရန် ပုံမှန်ရာသီဥတုတွင် ရေ ၂၈ ဒသမ ၀ - ၃၈ ဒသမ ၅ ဧကလက်မ လိုအပ်သည်။ သို့ဖြစ်၍ အပင်ကြီးထွားမှု အဆင့်အလိုက် မြေအစိုဓာတ်ထိန်းစွမ်းအား (Field Capacity) လိုအပ်ချက်မှာ- ပန်းမပွင့်မီအချိန်တွင် ၆၅ ရာခိုင်နှုန်း၊ ပန်းပွင့်ဖြိုင်ချိန်တွင် ၇၀ ရာခိုင်နှုန်း၊ ဝါသီးကွဲချိန်တွင် ၆၀ ရာခိုင်နှုန်း အသီးသီးဖြစ်ပါသည်။
မိုးကောင်းသောက်စိုက်ပျိုးမည့်ဒေသတွင် ပျမ်းမျှမိုးရေချိန် ၂၀ လက်မ- ၄၀ လက်မရရှိရန်လိုသည်။ ဝါစိုက်ရန် အသင့်လျော်ဆုံးနှစ်စဉ်ပျမ်းမျှမိုးရေချိန် မှာ ၃၅ လက်မ - ၄၅ လက်မအတွင်း ဖြစ်ပါသည်။ ဝါစိုက်ပျိုးရာသီတွင် မိုးရွာသွန်းမှုညီညာပျံ့နှံ့ရန်လိုသည်။ ဝါသီးကွဲချိန်တွင် လေထုစိုထိုင်းဆ ၆၅ ရာခိုင်နှုန်းအောက် ရှိသင့်သည်။
ဝါစေ့စတင်စိုက်ပျိုးသည်မှ ဝါပင်မြေပေါ်ထွက်လာသည်အထိ ကာလကြာမြင့်မှုမှာ မြေတွင်းအပူချိန်နှင့် သက်ဆိုင်ပါသည်။ မြေအပူချိန် ၁၈ - ၂၂ ဒီဂရီဆဲလ်စီးယပ်အတွင်းတွင် ၁၀-၁၃ရက်ကြာတတ်ပြီး ၂၃-၂၆ ဒီဂရီဆဲလ်စီးယပ် အတွင်းတွင် ၇- ၉ ရက် ကြာတတ်ပါသည်။ မျိုးစေ့အပင်ပေါက်ရန် မြေအနက်လေးလက်မတွင် အနည်းဆုံး ၁၆ ဒီဂရီ ဆဲလ်စီးယပ်ရှိရန် လိုအပ်သည်။ ၎င်းထက်နည်းလျှင် အပင်ပေါက်စုံလင်စွာမရနိုင်ပေ။ ပန်းပွင့်ချိန်နှင့် ဝါသီးသီးချိန်တွင် နေ့အပူချိန် ၂၆ - ၃၂ ဒီဂရီဆဲလ်စီးယပ်အတွင်း ညအချိန်တွင် အအေးအသင့်အတင့် လိုအပ်ပါသည်။ ညအပူချိန်မြင့်မားခြင်း (၈၀ ဒီဂရီဖာရင်ဟိုက်=၂၆ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်)သည် ဝတ်မှုန်အောင်မြင်မှုကျဆင်းစေပြီး အချို့ဝါမျိုးများသည် ညအပူချိန် (၉၈ ဒီဂရီဖာရင်ဟိုက် = ၃၆ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်နှင့်အထက်)တွင် ဝတ်မှုန်ရှင်သန်မှု လုံးဝရပ်တန့်သွားပြီး ဝါစေ့အောင်မြင်မှုနည်းပါသည်။
ဝါစေ့အောင်မြင်မှု နည်းသည့်အတွက် ဝါအထွက်နှုန်းကို ထိခိုက်ကျဆင်းစေနိုင်သည်။ ဝါပွင့်ဝတ်မှုန်သည် အစိုဓာတ်နှင့် တုံ့ပြန်မှုပြင်းထန်သည်။ ဝတ်မှုန်သည် ရေနှင့်ထိတွေ့ပါက ငါးစက္ကန့်အတွင်း ပေါက်ကွဲသွားလေ့ရှိသဖြင့် ပန်းပွင့်ရက်များတွင် နံနက်စောစောမိုးရွာခြင်း၊ ရေစိုခြင်းဖြစ်ပါက မျိုးကူးစက်အောင်မြင်မှုနည်းသည်။ ဝါပွင့်၏ ပွင့်ဖတ်များ ပြန့်ကားပန်းပွင့်လာစေရန် အဓိကအားဖြင့် ရေအစိုဓာတ်က ဆောင်ရွက်ပါသည်။ သို့သော် ပန်းပွင့်ရန်အတွက်မူ ရေနည်းသော်လည်း အောင်မြင်စွာ ပွင့်နိုင်သည်။
ထိုကာလတွင် ပန်းပွင့်သည် ရေငတ်ဒဏ်ကို ခံနိုင်သော်လည်း သန္ဓေအောင်ပြီးနောက် ခံနိုင်ရည်အနည်းဆုံးအဆင့်သို့ ချက်ချင်းရောက်ရှိသွားပြီး ရေနည်းလျှင်ချက်ချင်းကြွေပါသည်။ ပန်းပွင့်ဖြိုင်ချိန်တွင် ဝါခင်းရေမငတ်စေရန် သတိပြုရ မည်။ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်နှင့် အထက် ပြင်းထန်စွာရောက်ရှိပါက ဝါပင်ဖြစ်ထွန်းမှုကို ထိခိုက်ကာ မျိုးကူးစက်မအောင်မြင်ဘဲ အပွင့်နှင့် သီးကင်းကြွေကျမှုကို ဖြစ်စေပါသည်။
ဝါသီးကွဲချိန်တွင် မိုးရွာပါကအထွက်နှုန်းနှင့် အရည်အသွေးကို ကျဆင်းစေနိုင်ပါသည်။ ဝါသီးရင့်မှည့်ချိန်တွင် ပျမ်းမျှနေ့အပူချိန် ၂၂ ဒီဂရီဆဲလ်စီးယပ်ရှိသင့်ပြီး ၎င်းကာလအတွင်း အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယပ်သို့ ရောက်ရှိလာပါက ဝါသီးရင့်မှည့်မှု ရပ်တန့်ကာ သေးငယ်စေပြီး ချည်မျှင်ရင့်မှည့်မှုကို အပြည့်အဝမဖြစ်စေဘဲ အထွက်နှုန်းနှင့် ဂွမ်းအရည်အသွေးကို ကျစေသည်။ ချည်အရည် အသွေးမြင့်မားစေရန် ဝါပင်အင်္ဂါအစိတ်အပိုင်းအလိုက် ပုံမှန်ဖွံ့ဖြိုးမှုလိုအပ်ပါသည်။ ထို့ကြောင့် ဝါကြိုက်နှစ်သောအပူချိန် (၂၀-၃၀ ဒီဂရီဆဲလ်စီးယပ်)တွင် သင့်တော်သော စိုထိုင်းဆရှိပါက ဝါသီးတစ်လုံးတွင် ချည်မျှင်ပါဝင်မှုမြင့်မားပြီး ချည်အလျားတိုနေစေကာမူ ချည်မျှင်ကိုထူစေ၍ ခိုင်မာစေပါသည်။ မြေအပူချိန် ၂၀ ဒီဂရီဆဲလ်စီးယပ်အောက် ရက်အနည်းငယ် (ကာလတို) ကျရောက်ပါက ရေစုပ်ယူမှုကို နှေးကွေးစေပြီး သင့်လျော်သော အစိုဓာတ်ရှိလျှင်တောင်မှ ဝါပင်ကိုညှိုးစေနိုင်သည်။
ရာသီဥတုနှင့် လိုက်လျောညီထွေသော သီးညှပ်စိုက်ပျိုးနည်းစနစ်
အချို့ဒေသများတွင် ဝါသီးနှံတစ်မျိုးတည်း စိုက်ပျိုးကြသည်များရှိသကဲ့သို့ သီးညှပ်စိုက်ပျိုးသော ဒေသများလည်းရှိပါသည်။ သီးနှံစိုက်ပျိုးနည်းစနစ်များ များစွာရှိသည့်အနက်မှ အယ်လ်နီညိုရာသီနှင့် လိုက်လျောညီထွေရှိသည့် စိုက်နည်းစနစ်များမှာ-
ချည်မျှင်ရှည်ဝါနှင့် ပဲတီစိမ်း - ချည်မျှင်ရှည်ဝါကို ပင်ကြားတန်းကြား ၃ ပေ x ၂ ပေ တစ်ကျင်း နှစ်ပင်ချန် သို့မဟုတ် ၃ ပေ x ၃ပေ တစ်ကျင်း နှစ်ပင်ချန်စနစ်ဖြင့် စိုက်ပျိုးပြီး ချည်မျှင်ရှည်ဝါ စိုက်တန်းများ၏ အလယ်တွင် ပဲတီစိမ်းကို ကြွက်မြီးတန်းချစိုက်ပျိုးခြင်း။
ချည်မျှင်ရှည်ဝါနှင့် မြေပဲ - မြေပဲကို ၁ ဒသမ ၅ ပေ စိုက်တန်းဖြင့် ကြွက်မြီးတန်းချစိုက်ပျိုးပြီး မြေပဲနှစ်တန်း (ဝါအဓိကပုံစံ) သို့မဟုတ် မြေပဲငါးတန်း (မြေပဲအဓိကပုံစံ) စိုက်ပျိုးပြီးတိုင်း ဝါနှစ်တန်း စိုက်ပျိုးရန် ဝါကိုသတ်မှတ်အတန်းကြား အပင်ကြားအကွာအဝေး ဖြင့် စိုက်ပျိုးခြင်း။
ချည်မျှင်ရှည်ဝါနှင့် နှမ်း - နှမ်းကို ၁ ဒသမ ၅ ပေ စိုက်တန်းဖြင့် ဖြူးချစိုက်ပျိုးပြီး နှမ်းငါးတန်းကျော်တိုင်း ဝါနှစ်တန်းစိုက်ရန်၊ ဝါကိုသတ်မှတ်အတန်းကြား အပင်ကြားအကွာအဝေးဖြင့် စိုက်ပျိုးခြင်း။
ချည်မျှင်ရှည်ဝါနှင့် ငရုတ် - ပင်ကြား တန်းကြား ၃ပေ x ၂ပေ သို့မဟုတ် ၃ပေx ၃ ပေစနစ်ဖြင့် စိုက်ပျိုးထားသော ငရုတ်ခင်းတွင် ငရုတ်ပင်ကိုင်းခွပြီး ပန်းစပွင့်ချိန်၌ ငရုတ်စိုက်တန်းများအကြား သို့မဟုတ် ငရုတ်နှစ်ပင်ကြား ဝါကိုသတ်မှတ်အပင်ကြား အကွာအဝေးဖြင့် စိုက်ပျိုးခြင်း။
ချည်မျှင်ရှည်ဝါနှင့် ပဲစင်းငုံ- ချည်မျှင်ရှည်ဝါကို ပင်ကြားတန်းကြား ၃ ပေ x ၃ ပေ နှစ်ပင်ချန်စနစ်ဖြင့် စိုက်ပျိုးပြီး ဝါ ၆-၈ တန်း စိုက်ပျိုးပြီးတိုင်း ပဲစင်းငုံ ၁-၂ တန်း စိုက်ပျိုးခြင်း။
ချည်မျှင်တိုဝါနှင့် ပဲစင်းငုံ - ချည်မျှင် တိုဝါကို ၂ ဒသမ ၅ ပေ x ၁ ပေ နှစ်ပင်ချန် စနစ်ဖြင့် စိုက်ပျိုးပြီး ချည်မျှင်တိုဝါ ၈-၁၀ တန်း စိုက်ပျိုးပြီးတိုင်း ပဲစင်းငုံ တစ်တန်းစိုက်ပျိုးခြင်း။
အထက်ပါ သီးနှံအတွဲများသည် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲမှ အကြံပြုထားသော ဝါစိုက်ပျိုးနည်းစနစ်များထဲမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပုံမှန်မဖြစ်ခြင်းကို မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိသော သတင်းများကို အမြဲမပြတ်လေ့လာစောင့်ကြည့်၍ ဝါစိုက်တောင်သူဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာစီမံခန့်ခွဲမှုများ (အထူးသဖြင့် စိုက်ပျိုးနည်းစနစ်၊ သီးနှံကာကွယ်ရေး)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် သို့မဟုတ် အနည်းဆုံးဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းများကို စီမံဆောင်ရွက်ကြရန် ဖြစ်ပါသည်။ စိုက်ပျိုးနည်းစနစ်နှင့် ပတ်သက်၍ ထက်မံသိလိုသည်များရှိပါက စိုက်ပျိုးရေးဦးစီးဌာန၏ ဝက်ဆိုက် (www.doa.gov.mm) တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း၊ (Call Center) MPT Free Call ဖုန်းနံပါတ် ၀၈၀၀၈၀၀၈၈၀၀ လည်းကောင်း၊ Viber No. ၀၉၇၆၄၀၀၀၈၄၁ သို့လည်းကောင်း ဖုန်းနံပါတ် ၀၆၇၃၄၁၀၁၃၉ သို့ ရုံးပိတ်ရက်မှအပ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။ ။