ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

နေကြာသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး ဝတ်မှုန်ကူးရာတွင်ကူညီပေး
-

နေကြာသီးနှံသည် စိုက်ပျိုးရာတွင်ကုန်ကျစရိတ်နည်းခြင်း၊  အပျက်အစီးနည်းခြင်း၊  အထွက်နှုန်းကောင်းခြင်းနှင့်  တစ်ဧကဆီထွက်နှုန်းများခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုနိုင်သည့်သီးနှံတစ်မျိုးဖြစ်သည်။တောင်သူဦးကြီးများအနေဖြင့်  နေကြာစိုက်ပျိုးထုတ်လုပ်ရာတွင်  တစ်ဧကအထွက်နှုန်းတိုးရေးအတွက် မှန်ကန်သောနည်းစနစ်များနှင့်စိုက်ပျိုးကြရန်အလွန်အရေးကြီးသည်။    မှန်ကန်သောစိုက်ပျိုးနည်းစနစ်များတွင် မျိုးကောင်းမျိုးသန့်အသုံးပြုခြင်း၊ စိုက်နည်းစနစ်မှန်ကန်ခြင်း၊ ပေါင်းကာကွယ်နှိမ်နင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊

နေကြာသီးနှံသည် စိုက်ပျိုးရာတွင်ကုန်ကျစရိတ်နည်းခြင်း၊  အပျက်အစီးနည်းခြင်း၊  အထွက်နှုန်းကောင်းခြင်းနှင့်  တစ်ဧကဆီထွက်နှုန်းများခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုနိုင်သည့်သီးနှံတစ်မျိုးဖြစ်သည်။တောင်သူဦးကြီးများအနေဖြင့်  နေကြာစိုက်ပျိုးထုတ်လုပ်ရာတွင်  တစ်ဧကအထွက်နှုန်းတိုးရေးအတွက် မှန်ကန်သောနည်းစနစ်များနှင့်စိုက်ပျိုးကြရန်အလွန်အရေးကြီးသည်။    မှန်ကန်သောစိုက်ပျိုးနည်းစနစ်များတွင် မျိုးကောင်းမျိုးသန့်အသုံးပြုခြင်း၊ စိုက်နည်းစနစ်မှန်ကန်ခြင်း၊ ပေါင်းကာကွယ်နှိမ်နင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ မြေသြဇာကိုအချိုးကျ၊  အချိန်ကိုက်မှန်ကန်စွာ   အသုံးပြုခြင်း၊ ရေသွင်းမှုမှန်ကန်ခြင်း၊  ရိတ်သိမ်းချိန်မှန်ကန်ခြင်း စသည့်နည်းလမ်းများကိုအသုံးပြုကြသည်။ နေကြာသီးနှံအထွက်နှုန်းတိုးရေးအတွက်  နိုင်ငံတကာမှတောင်သူများဆောင်ရွက်နေကြသော အခြားနည်းလမ်းတစ်ခုမှာ ဝတ်မှုန်ကူးရာတွင်ကူညီပေးခြင်းဖြစ်သည်။

နေကြာပန်း ဝတ်မှုန်ကူးခြင်း

နေကြာသီးနှံတွင် ဝတ်မှုန်ကူးခြင်းသည် အဓိကအရေးကြီးသောအချက်တစ်ချက်ဖြစ်သည်။ ဝတ်မှုန်ကူးမှုကောင်းမှသာ နေကြာစေ့အထွက်နှုန်းကောင်းသည်။ ဝတ်မှုန်ကူးမှုမကောင်းခဲ့လျှင် နေကြာအစေ့အဆန်များ အောင်မြင်မှုနည်းပြီး အထွက်နှုန်းလျော့သည်။

နေကြာသည် ပန်းပွင့်တွင်ပါဝင်သော အဖိုနှင့်အမတို့အရွယ်ရောက်ချိန် မတူညီကြသည့်အတွက် ပင်ခြားဝတ်မှုန်ကူးသောအပင်အမျိုးအစားဖြစ်သည်။ ဆိုလိုသည်မှာ အမအင်္ဂါမဖွံ့ဖြိုးခင် (သို့)အဖိုဝတ်မှုန်များကိုအမအင်္ဂါမှလက်ခံရန် အဆင်သင့်မဖြစ်သေးခင်မှာ အဖိုအင်္ဂါသည် ကြီးထွားဖွံ့ဖြိုးသည်။ ဤအချက်သည်ပင်တည်းဝတ်မှုန်ကူးမှုကို  အဟန့်အတားဖြစ်စေသည်။ နေကြာသည် အတိုင်းအတာတစ်ခုအထိပင်တည်းဝတ်မှုန်ကူးမှု(တစ်ပွင့်တည်းအတွင်း ဝတ်မှုန်ကူးခြင်း)ဖြစ်နိုင်သော်လည်း အစေ့အဆန်တည်ခြင်း၊ဆီပါဝင်မှုနှုန်းများခြင်းနှင့်  အထွက်နှုန်းကောင်းခြင်းတို့အတွက် ပင်ခြားဝတ်မှုန်ကူးခြင်း(အခြားပန်းပွင့်နှင့်ဝတ်မှုန်ကူးခြင်း)အပေါ်မှာ အဓိကအားဖြင့်မှီခိုနေသည်။

နေကြာပန်း၏ဝတ်မှုန်သည်   စေးကပ်သောသဘောရှိသဖြင့်  လေအားဖြင့် ဝတ်မှုန်ကူးနိုင်ရန်အခက်အခဲရှိသည်။ ပင်ခြားဝတ်မှုန်ကူးနိုင်ရန် ပျား၊လိပ်ပြာ၊ ပိတုန်း စသည့်အင်းဆက်များသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေသည်။ နေကြာစိုက်ခင်းအနီးတွင် မွေးမြူရေးပျားပုံးများ တစ်ဧကလျှင် တစ်ပုံး၊နှစ်ပုံးထားရှိပြီး ပျားများ၏အကူအညီဖြင့် ပင်ခြားဝတ်မှုန်ကူးခြင်းကိုဖြစ်စေကာ အထွက်နှုန်းတိုးအောင်ဆောင်ရွက်ကြသည်။

ပျားများသည်   နေကြာပန်းတစ်ပွင့်ပေါ်တွင်သွားလာရင်း  ပန်းဝတ်ရည်များစုပ်ယူနေစဉ် သူ၏ ကိုယ်ခန္ဓာပေါ်တွင် နေကြာပန်း၏အဖိုဝတ်မှုန်များသည် ကပ်ပါသွားကြသည်။ ပျားများသည် သွားလာရင်း ပန်းဝတ်ရည်များစုပ်ယူနေစဉ် ထိုအဖိုဝတ်မှုန်များသည် အခြားနေကြာပန်းတစ်ပွင့်ပေါ်သို့ ကျကျန်ရစ်ခဲ့သည်။ ထိုအခါ အခြားနေကြာပန်းတစ်ပွင့်မှ အဖိုဝတ်မှုန်များသည် အခြားနေကြာပန်းတစ်ပွင့်ရှိအမဝတ်မှုန်ခံတိုင်ပေါ်သို့ကျရောက်ခြင်းဖြင့် ပင်ခြားဝတ်မှုန်ကူးခြင်းကိုဖြစ်ပေါ်စေသည်။

ယနေ့ကာလတွင် သဘာဝအတိုင်း ဝတ်မှုန်ကူးပေးသောအင်းဆက်များရှားပါးလာခြင်းနှင့် ပျားမွေးမြူရေးခက်ခဲသောနေရာများတွင် နေကြာပန်းပွင့်များ ပင်ခြားဝတ်မှုန်ကူးခြင်းကိုသေချာစေရန် လူလုပ်အားကိုအသုံးပြုကာ လက်ဖြင့်ဝတ်မှုန်ကူးခြင်းကိုဆောင်ရွက်လာကြသည်။ လက်ဖြင့်ဝတ်မှုန်ကူးပေးခြင်းသည်ဝတ်မှုန်ကူးမှုကို ပျားများကဲ့သို့ ကူညီပေးနိုင်သောကြောင့်  အစေ့အဆန်တည်ခြင်းနှင့်အစေ့အောင်ခြင်းများပြားပြီး အထွက်နှုန်းတိုးသကဲ့သို့ ဆီပါဝင်မှုလည်းများသည်။

လက်ဖြင့်ဝတ်မှုန်ကူးခြင်း

လက်ဖြင့်ဝတ်မှုန်ကူးခြင်းသည် ရိုးရှင်းသော်လည်း အနုစိတ်ရသောလုပ်ငန်းဖြစ်ပြီး   အထူးဂရုစိုက်ဆောင်ရွက်ရသည်။ ပထမဦးစွာ နေကြာပန်းပွင့်၏သဘောတရားကိုနားလည်ရန်လိုအပ်သည်။ နေကြာပန်းပွင့်ဟုခေါ်ကြသောပန်းပွင့်သည် အမှန်တကယ်မှာ ပန်းပွင့်မဟုတ်ဘဲ အထဲတွင် ပန်းပွင့်ပေါင်းများစွာပါဝင်သော ပန်းပွင့်အစုအဝေးတစ်ခုသာဖြစ်သည်။ နေကြာသည် စိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် ပန်းစတင်ပွင့်သည်။ ပန်းပွင့်ကလေးများသည် ခြောက်ရက်မှ ၁၀ ရက်ကြာ ပန်းပွင့်ကြသည်။ ပန်းပွင့်နေချိန်ကာလအတွင်းမှာ ဝတ်မှုန်ကူးမှုသည်ဖြစ်ပေါ်သည်။ အမဝတ်မှုန်ခံတိုင်သည် ၁၄ ရက်ကြာသည်အထိ အဖိုဝတ်မှုန်များကိုလက်ခံနိုင်သော်လည်း တစ်ရက်ထက်တစ်ရက် လက်ခံနိုင်မှုစွမ်းရည်မှာကျဆင်းလာသည်။အမဝတ်မှုန်ခံတိုင်မှ အဖိုဝတ်မှုန်များကို လက်ခံနိုင်မှုစွမ်းရည်မြင့်မားသည့်အချိန်တွင် ဝတ်မှုန်ကူးမှုဖြစ်ပေါ်အောင် ဆောင်ရွက်ပေးသင့်သည်။

ဝတ်မှုန်ကူးခြင်းဆိုသည်မှာ  အဖိုဝတ်မှုန်များကို  အမဝတ်မှုန်ခံတိုင်ပေါ်သို့ကျရောက်အောင် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် နေကြာပန်းတစ်ပွင့်မှ အဖိုဝတ်မှုန်များကို အခြားနေကြာပန်းတစ်ပွင့်၏ အမဝတ်မှုန်ခံတိုင်ပေါ်သို့ကျရောက်အောင် လက်ဖြင့် ကူညီပေးကာ ပင်ခြားဝတ်မှုန်ကူးမှု အောင်မြင်အောင် ဆောင်ရွက်ပေးရသည်။ ဤနည်းကို လက်ဖြင့်ဝတ်မှုန်ကူးခြင်းဟုခေါ်သည်။

လက်ဖြင့်ဝတ်မှုန်ကူးခြင်း နည်းလမ်းများ

၁။ လက်ဝါးဖြင့် ပွတ်ပေးခြင်း

ပထမဦးစွာ ပန်းပွင့်တစ်ပွင့်ကို လက်ဝါးဖြင့် အသာအယာပွတ်ပေးပါ။ လက်တွင် အဖိုဝတ်မှုန်များ ကပ်ပါလာမည်။ ထို့နောက် အခြားပန်းတစ်ပွင့်ပေါ်သို့ ပွတ်ပေးပါ။ အဖိုဝတ်မှုန်များသည်  အခြားပန်းပွင့်ပေါ်သို့ ကူးသွားပါမည်။

ဤနည်းသည် အဖိုဝတ်မှုန်များကို တစ်ပွင့်တည်းရှိ အမဝတ်မှုန်ခံတိုင်ပေါ်သို့    ကျရောက်စေသကဲ့သို့အခြားပန်းပွင့်၏အမဝတ်မှုန်ခံတိုင်ပေါ်သို့လည်း ကျရောက်စေသည်။ ထို့ကြောင့် ဝတ်မှုန်ကူးမှုကို အောင်မြင်စေပြီး အစေ့အဆန်တည်မှုကို မြှင့်တင်ပေးသည်။ သို့သော် ဤနည်းသည် ပန်းပွင့်အတွင်းရှိအမဝတ်မှုန်ခံတိုင်ကို ထိခိုက်စေနိုင်သည်။ လက်ဖြင့် ကြမ်းကြမ်းတမ်းတမ်းပွတ်မိလျှင် နေကြာပွင့်ထဲတွင်ရှိသော ပန်းပွင့်ကလေးများ၏အဖိုအင်္ဂါနှင့်အမအင်္ဂါများကို ထိခိုက်တတ်သည်။

 ၂။ ပန်းပွင့်အချင်းချင်း ပွတ်ပေးခြင်း

ပန်းပွင့်အချင်းချင်းကိုမျက်နှာချင်းအပ်ပြီး  ပွတ်ပေးခြင်းဖြင့်လည်း ဝတ်မှုန်ကူးပေးနိုင်သည်။ သို့သော်လည်း အနီးနားက ပန်းပွင့်များအချင်းချင်း ပွတ်လျှင်တော့ မထိရောက်နိုင်ပါ။

 ၃။ အဝတ်စဖြင့် ပွတ်ပေးခြင်း

ပျော့ပျောင်းသောအဝတ်စနုနုဖြင့် နေကြာပန်းပွင့်၏မျက်နှာပြင်ကိုပွတ်ပေးခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ အဝတ်စအပြင် နေကြာရွက်ဖြင့်လည်း ပွတ်ပေးနိုင်သည်။ စိုက်ကွင်းထဲတွင် ပန်းစတင်ပွင့်ချိန်တွင်ဆောင်ရွက်နိုင်ပြီး ဝတ်မှုန်ကူးချိန်ကာလအတွင်း တစ်ရက်ခြားမပြတ် ပြုလုပ်ပေးသင့်သည်။ ပွတ်ရာတွင် ပန်းပွင့်၏အစွန်းများမှစတင်ပြီး အတွင်းဘက်အလယ်သို့ ရွှေ့သွားရင်း ပွတ်ပေးရမည်။ ပွတ်ပေးခြင်းကို ခုနစ်ရက်မှ ၁၀ ရက်အတွင်းတွင် ပန်းပွင့်အားလုံးပြည့်စုံအောင်ဆောင်ရွက်ပေးရမည်။

၄။ ပန်းပွင့်ကို တုန်ခါပေးခြင်း

နေကြာပန်းပွင့်ကို လက်ဖြင့်အပွင့်အောက်ခြေရိုးတံကနေကိုင်ပြီး တုန်ခါပေးခြင်းအားဖြင့် အဖိုဝတ်မှုန်များကိုလွင့်စေပြီး တစ်ပွင့်တည်းတွင်ရှိသောပန်းပွင့်၏အမအင်္ဂါပေါ်သို့ကျရောက်စေသည်။ ဤနည်းအားဖြင့် ဝတ်မှုန်ကူးခြင်းကိုဖြစ်ပေါ်စေသည်။

 ၅။ အဖိုဝတ်မှုန်များကိုစုဆောင်း၍ ဖြန့်ဖြူးပေးခြင်း

ပန်းပွင့်၏အဖိုအင်္ဂါမှ အဝါရောင်အဖိုဝတ်မှုန်များကိုသေးငယ်၍ ပျော့ပျောင်းသော ဘရပ် (သို့) ဝါဂွမ်းဖတ် (သို့) အဝတ်စတစ်ခုခုဖြင့် စုဆောင်းပါ။ ထိုအဖိုဝတ်မှုန်များကို အခြားပန်းပွင့်၏အမ  အင်္ဂါပေါ်သို့ညင်သာစွာဖြန့်ဖြူးပေးပါ။  ထိုသို့ဖြန့်ဖြူးရာတွင်နေကြာပန်းပွင့်၏အပြင်ပိုင်းပန်းပွင့်ကလေးများမှစတင်၍ အတွင်းသို့သွားပါ။ ဤနည်းသည် ပျားများပြုလုပ်သည့်နည်းလမ်းအတိုင်း ပြုလုပ်ပေးခြင်းဖြစ်ပြီး ပင်ခြားဝတ်မှုန်ကူးခြင်းကို ဖြစ်ပေါ်စေသည်။

လက်ဖြင့်ဝတ်မှုန်ကူးပေးခြင်းသည်   အလွန်စိတ်ရှည်ရပြီး အချိန်ကိုက် တစ်ညီတည်းဆောင်ရွက်နိုင်လျှင် အောင်မြင်သောရလဒ်များကိုရရှိနိုင်သည်။လေ့လာတွေ့ရှိချက်များအရ ပန်းပွင့်ချိန်တွင် နံနက်၁၀ နာရီမှမွန်းတည့် ၁၂ နာရီအတွင်း လက်ဖြင့်ဝတ်မှုန်ကူးခြင်းကို တစ်ရက်ခြား   ငါးကြိမ်မှခြောက်ကြိမ်အထိ ပြုလုပ်ပေးခြင်းသည် အထွက်နှုန်းကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေသည်။တစ်ဧကအတွက် လုပ်သားခြောက်ယောက်လိုအပ်သည်။ ကုန်ကျစရိတ်များသည်ဟု ထင်ရသော်လည်းအလွန်ထိရောက်၍ အထွက်နှုန်းတိုးသည်။ ဤနည်းကိုအသုံးပြုလျှင် ပျားများဖြင့် ဝတ်မှုန်ကူးခြင်းသည် မလိုအပ်တော့ပါ။

အထူးသတိပြုရန်မှာ နေကြာမျိုးအများစုသည် ပင်တည်းဝတ်မှုန်ကူးခြင်းဖြင့် သန္ဓေအောင်မြင်မှုသည်အားနည်းသည်။ နေကြာမျိုးကိုလိုက်၍ ပင်တည်းဝတ်မှုန်ကူးပြီး  သန္ဓေအောင်မြင်မှုအဆင့်သည်ကွာခြားသည်။ ပင်တည်းဝတ်မှုန်ကူးခြင်းမှအစေ့တည်မှုသည် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းလောက်သာရရှိပြီး ပင်ခြားဝတ်မှုန်ကူးခြင်းမှ အစေ့တည်မှုသည် ၉၀ ရာခိုင်နှုန်းအထိရရှိနိုင်သည်။

စပ်မျိုးများသည် ပင်တည်းဝတ်မှုန်ကူးမှုဖြစ်နိုင်ခြေမြင့်မားသော်လည်း ပျားများဖြင့် ပင်ခြားဝတ်မှုန်ကူးနိုင်လျှင် အကျိုးကျေးဇူးများရရှိနိုင်သည်။ ပျားများဖြင့် ဝတ်မှုန်ကူးသော စပ်မျိုးများသည် အထွက်နှုန်း၄၈ ဒသမ ၈ ရာခိုင်နှုန်းတိုးစေပြီး ဆီပါဝင်မှုရာခိုင်နှုန်း၆ ဒသမ ၄ ရာခိုင်နှုန်းတိုးစေကြောင်း သိပ္ပံစာစောင်များတွင် ဖတ်ရသည်။ ပင်တည်းဝတ်မှုန်ကူးပြီးသန္ဓေအောင်နိုင်သော်လည်း အစေ့တည်မှုနည်းခြင်းနှင့်အစေ့အရွယ်အစားသေးခြင်းတို့ကြောင့် ဆီပါဝင်မှုနှင့်မျိုးစေ့အညှောင့်ပေါက်နှုန်းတို့လျော့နည်းသည်။

၁၉၇၆ ခုနှစ်တွင် McGregor သည် ပင်တည်းဝတ်မှုန်ကူးခြင်းမှရသောမျိုးစေ့သည် ပင်ခြားဝတ်မှုန်ကူးခြင်းမှရသောမျိုးစေ့ထက် အညှောင့်ပေါက်မှု ပိုမိုနှေးကွေးပြီး အထွက်နှုန်းနည်းကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့်  နေကြာတွင်  ပင်ခြားဝတ်မှုန်ကူးရန်ပျားများ၏အကူအညီကိုမရယူနိုင်ပါက လက်ဖြင့်ဆောင်ရွက်ပေးနိုင်လျှင် လက်ရှိစိုက်ခင်း၏အထွက်နှုန်း ပိုမိုကောင်းမွန်နိုင်သကဲ့သို့ ထိုစိုက်ခင်းမှထွက်သောမျိုးစေ့သည်လည်း အရည်အသွေးကောင်းနိုင်သည်။

နေကြာစိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာရေးသည်  နိုင်ငံတော်မှရည်မှန်းထားသည့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အရေးကြီးသောလုပ်ငန်းဖြစ်သည်။ နေကြာစိုက်ပျိုးထုတ်လုပ်ရာတွင် တစ်ဧကပန်းတိုင်အထွက်နှုန်းတင်း ၅၀ ရရှိရေးသည် တောင်သူဦးကြီးများ၏ဝင်ငွေတိုးစေရန်နှင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရန်  အလွန်အရေးကြီးသည်။ထို့ကြောင့် တောင်သူဦးကြီးများအနေဖြင့် မိမိလည်း ဝင်ငွေတိုးစေ၊ ပြည်တွင်းစားသုံးဆီဖူလုံရေး ရည်မှန်းချက်လည်း ပြည့်စေရန်နေကြာသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားရာတွင် ပန်းပွင့်ချိန်မှာ ဝတ်မှုန်ကူးပေးခြင်းကို လက်ဖြင့်ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါသည်။    ။

Source: https://myawady.net.mm/stories

စိုးမိုးဝင်း (စိုက်ပျိုးရေး)

OROP
-

ဆန်စပါးသည်  နှံစားသီးနှံများအနက်  စိုက်ပျိုးထုတ်လုပ်သုံးစွဲမှု  အများဆုံးသီးနှံဖြစ်ပြီး  ကမ္ဘာ့လူဦးရေ၏  သုံးပုံတစ်ပုံခန့်သည်  ဆန်စပါးကို အဓိကအစားအစာအဖြစ်  စားသုံးလျက်ရှိကြရာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက်  အဓိကကျသောသီးနှံတစ်ခုဖြစ်သည်။  မြန်မာနိုင်ငံအနေဖြင့်လည်း ဆန်စပါးသည်  အဓိကစားသုံးသောသီးနှံဖြစ်ပြီး မြန်မာ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်ကာနှစ်စဉ် ဧက  ၁၇ သန်းကျော် စိုက်ပျိုးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  စီးပွားရေးဦးတည်ချက်များကို   ချမှတ်ရာတွင်  ‘‘တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက်    တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော   စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက် အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး”ကို ပထမဦးဆုံးဦးတည်ချက်အဖြစ် သတ်မှတ်ထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူရသည့်အချိန်အတွင်း ပြည်ပသွင်းကုန်အစားထိုးရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ ပြည်တွင်းမှပိုလျှံသည်တို့ကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် MSME လုပ်ငန်း များကို အားပေးဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရှိဒေသအသီးသီးတွင်     ဒေသထွက်ကုန်များကို   အခြေခံသည့်ကုန်ထုတ်လုပ်ငန်း များဆောင်ရွက်ပြီး   ဒေသ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဆောင်ရွက်နိုင်သည့်   အလားအလာကောင်းများ  များစွာရှိသည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ရွှေဘိုပေါ်ဆန်းစပါးသည်လည်း ပြည်တွင်း၊ ပြည်ပဈေးကွက်တွင်   ခိုင်မာစွာရပ်တည်နိုင်သည့် ဒေသတစ်ခုထုတ်ကုန်တစ်မျိုး One Region One Product (OROP) ထုတ်ကုန်အဖြစ်   သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘိုပေါ်ဆန်းစပါး စတင်စိုက်ပျိုးမှုအနေဖြင့်  ရွှေဘိုမြို့နယ် သီးလုံးကျေးရွာမှ  တောင်သူတစ်ဦးသည်  ၁၉၉၇-၁၉၉၈ ခုနှစ်တွင်  ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဗုံလုံကျေးရွာမှ ပေါ်ဆန်းဘေးကြားစပါးမျိုး လေးပြည်ယူဆောင်ခဲ့ပြီး စမ်းသပ်စိုက်ပျိုးခဲ့ရာမှစတင်ခဲ့သည်။

 ၂၀၀၄-၂၀၀၅ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ မျိုးသန့်မျိုးပွားမျိုးစေ့ (Register Seed )အဆင့်ရှိ ပေါ်ဆန်းဘေးကြား တင်း ၆၀  သယ်ယူ၍ ရွှေဘိုမြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများနှင့်မျိုးပွားခြင်းများကို ဆောင်ရွက်ခဲ့ရာရွှေဘိုဒေသ ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး စိုက်ပျိုးဖြစ်ထွန်းမှုကောင်းမွန်ခြင်း၊  အထွက်နှုန်းကောင်းမွန်ခြင်း၊   ဆန်ထွက်ကောင်းခြင်းနှင့် စားသုံးမှုအရသာကောင်းမွန်ခြင်းတို့ကြောင့် လူကြိုက်များလာခဲ့ရာ တောင်သူအချင်းချင်းမျိုးဖလှယ်၍   စိုက်ပျိုးမှုများပြားလာခဲ့ပြီး ၂၀၀၆ - ၂၀၀၇ ခုနှစ်ခန့်မှစတင်၍ မန္တလေးဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းဟု နေရာရလာကာ လူကြိုက်များလာခဲ့သည်။

ရွှေဘိုပေါ်ဆန်းစပါးနှင့်ဆန်၏  ထူးခြားကောင်းမွန်သည့်  လက္ခဏာများသည် ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီသည့်အတွက် စပါးအထွက်ကောင်းခြင်း၊ အလေးချိန်စီးပြီး အနှစ်ပြည့်ဝခြင်း၊ စပါးပေါ်ချိန်မှစ၍ သိုလှောင်ချိန်ကာလများအထိ ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရခြင်း၊ ဆန်ထွက်ကောင်းပြီးဆန်အရည်အသွေးနှင့်ဆန်သားကောင်းမွန်ခြင်း၊ စပါးရိတ်ချိန်တွင် အစေ့ကြွေကျမှုနည်း၍ လေလွင့်မှုသက်သာခြင်း၊ အိုးတက်ခြင်း၊ အနံ့မွှေးပြီးနူးညံ့သဖြင့်  စားကောင်းသည့်ဆန်ဖြစ်ခြင်းတို့ကြောင့် ၂၀၁၁ ခုနှစ် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော   အပြည်ပြည်ဆိုင်ရာ   ဆန်စပါးညီလာခံတွင် “ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice) ” အဖြစ် ရွေးချယ်ခံခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၏   ၂၀၂၃ - ၂၀၂၄ ခုနှစ် စပါးစိုက်ဧရိယာ ၁၈  သိန်းအနက် ရွှေဘိုပေါ်ဆန်း ၃၅၆,၈၄၂ ဧက စိုက်ပျိုးခဲ့သဖြင့် တိုင်းဒေသကြီး၏ ၂၀   ရာခိုင်နှုန်းခန့်   စိုက်ပျိုးလျက်ရှိသည်။  တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးမှုအနေဖြင့် ရွှေဘိုခရိုင်၌ ၂၁၈,၃၄၄ ဧက၊ရေဦးခရိုင်၌ ၁၁၁,၈၉၀ ဧက၊ ကန့်ဘလူခရိုင်၌၂၂,၇၄၅ ဧကစိုက်ပျိုးပြီး ကလေးခရိုင်၊ ကသာခရိုင်၊ မုံရွာခရိုင်နှင့် စစ်ကိုင်းခရိုင်တို့တွင် အနည်းငယ်စီစိုက်ပျိုးကြသည်။ တစ်ဧက ပျမ်းမျှအထွက်နှုန်း အနေဖြင့် ၈၁  တင်းနှုန်းထွက်ရှိခဲ့ပြီး   စိုက်ပျိုးထုတ်လုပ်မှု  ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့်ကုန်ကျကြောင်းသိရသည်။

ရွှေဘိုပေါ်ဆန်းဈေးကွက်ရရှိမှုအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှစတင်၍ ရန်ကုန်ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချခဲ့ရပြီး ယခုလက်ရှိတွင် ရွှေဘိုပေါ်ဆန်းဆန်ဈေးကွက်သည် တဖြည်းဖြည်းကျယ်ပြန့်လာပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် မြို့ကြီးများအပြင် တောင်ပေါ်ဒေသများဖြစ်သည့်ရှမ်း၊ ကယား၊ ကရင် စသည့်ဒေသများတွင်လည်း ဈေးကွက်ရရှိပြီး ဝယ်လိုအားကောင်းသည့် ထွက်ကုန်တစ်ခုဖြစ်သည်။

ထိုသို့   ဈေးကွက်ကောင်းမွန်၍   ပြည်တွင်း၊ ပြည်ပဝယ်လိုအားရှိသည့်  ရွှေဘိုပေါ်ဆန်းစပါးအားဈေးကွက်ဝင်အရည်အသွေးမြင့်ဆန်များ ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် ဈေးကွက်ခိုင်မာစေရေးအတွက်  ရွှေဘိုပေါ်ဆန်းစပါးဝယ်ယူကြိတ်ခွဲတင်ပို့ရောင်းချလျက်ရှိသည့်  ဆန်စက်လုပ်ငန်းရှင်များသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ဆန်စက်များမှ အဆင့်မြင့်နည်းပညာများဖြင့်ကြိတ်ခွဲပြီး ဆန်အရောင်ရွေးစက်များဖြင့် သန့်စင်၍ပထမတန်းစားဆန်အဖြစ်   ဈေးကွက်သို့တင်ပို့ရောင်းချပါက ပြည်တွင်း ၊ ပြည်ပဈေးကွက် ခိုင်မာစွာရရှိနိုင်မည့် ဒေသထွက်ကုန်တစ်မျိုးဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိသည့် ရွှေဘိုပေါ်ဆန်းအား မြန်မာနိုင်ငံ၏ ပထမဆုံး ပထဝီဒေသဆိုင်ရာ အညွှန်းကိန်း Geographical Indication (GI)  ရရှိရေးအတွက်    ဌာနဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်  ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ရွှေဘိုပေါ်ဆန်း GI ရရှိပါက အဆိုပါ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်ပြီး တင်ပို့ရောင်းချမှု ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊   ဆန်ကုန်သည်ကြီးများအားလုံးအတွက်  အကျိုးကျေးဇူးများစွာ  ရရှိလာသဖြင့်  ရွှေဘိုပေါ်ဆန်း  စိုက်ပျိုးထုတ်လုပ်သည့် ကွင်းဆက်တစ်ခုလုံးအတွက် အကျိုးအမြတ်ရရှိစေပြီးဒေသ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည့်အပြင် ဈေးကွက်အနေဖြင့်လည်း လက်ရှိတင်ပို့နေသည့် အရှေ့တောင်အာရှနိုင်ငံများသာမကဥရောပဈေးကွက်နှင့် အနောက်နိုင်ငံ ဈေးကွက်များ သို့ပါတင်ပို့နိုင်မည့် အလားအလာများရရှိနိုင်သဖြင့် မြန်မာ့ဆန်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘိုပေါ်ဆန်းအား ဒေသတစ်ခုထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရေးအတွက် ရွှေဘိုပေါ်ဆန်း ဝယ်ယူကြိတ်ခွဲတင်ပို့ရောင်းချလျက်ရှိသော ဆန်စက်လုပ်ငန်းရှင်များနှင့် စိုက်ပျိုးသူတောင်သူများ အချိတ်အဆက်မိစွာ ရွှေဘိုပေါ်ဆန်းစပါး အရည်အသွေးကိုစနစ်တကျထိန်းသိမ်းဆောင်ရွက်ခြင်း၊ ဈေးကွက်ခိုင်မာစေရေးအတွက် ဆန်စက်လုပ်ငန်းရှင်များ ၊ ဆန်ကုန်သည်များအချင်းချင်းညှိနှိုင်းချိတ်ဆက်၍ ဖြန့်ဖြူးရောင်းချခြင်း၊ ကြိတ်ခွဲတင်ပို့ရောင်းချရာတွင်လည်း အရည်အသွေးကောင်းသည့် ဆန်များရရှိစေရေး၊ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်စပါးမျိုးများအသုံးပြုစိုက်ပျိုးစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကာ အမျိုးသားပို့ကုန်မဟာဗျူဟာရည်မှန်းချက်အရ မြန်မာ့ဆန်စပါးတိုးတက်ထုတ်လုပ်ပြီး  ပို့ကုန်တိုးမြှင့်ရန်နှင့်   နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း  ရေးသားတင်ပြအပ်ပါသည်။    ။

Source: https://myawady.net.mm/stories

ဒေါက်တာတင်မာမာဦး

ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုများကြားမှ တံတားတစ်စင်းဖြစ်သည့် ခရီးသွားလုပ်ငန်း
-

ခရီးသွားခြင်းသည် အတွေ့အကြုံသစ်များကို ရရှိစေပြီး အတွေးအမြင်ကို တိုးတက်စေပါသည်။ ယဉ်ကျေးမှုအသစ်များကို ဖော်ထုတ်ပေးကာ မတူညီသောနောက်ခံများမှ လူအများနှင့် ချိတ်ဆက်ရန် ကူညီပေးသည်။ သမိုင်း၊ အနုပညာနှင့် ဓလေ့ထုံးတမ်းများကို လက်တွေ့လေ့လာသင်ယူနိုင်သည်။ ထို့အပြင် ခရီးသွားခြင်းသည် အပန်းဖြေရန်၊ ဗဟုသုတရှာဖွေရန်နှင့် ရေရှည်တည်မြဲသော အမှတ်တရများကိုဖန်တီးရန် ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သည်။ ခရီးစဉ်တစ်ခုသည် ကိုယ်ပိုင်တိုးတက်မှုနှင့် ရှာဖွေတွေ့ရှိမှုအတွက် အခွင့်အလမ်းဖြစ်သည်။ ခရီးသွားလာမှုပုံစံသည် ခေတ်အဆက်ဆက်ပြောင်းလဲလာပြီး ခေတ်မီလာသည့် ခရီးသွားလုပ်ငန်းအဖြစ် ပေါ်ထွန်းလာကာ တဖြည်းဖြည

ခရီးသွားခြင်းသည် အတွေ့အကြုံသစ်များကို ရရှိစေပြီး အတွေးအမြင်ကို တိုးတက်စေပါသည်။ ယဉ်ကျေးမှုအသစ်များကို ဖော်ထုတ်ပေးကာ မတူညီသောနောက်ခံများမှ လူအများနှင့် ချိတ်ဆက်ရန် ကူညီပေးသည်။ သမိုင်း၊ အနုပညာနှင့် ဓလေ့ထုံးတမ်းများကို လက်တွေ့လေ့လာသင်ယူနိုင်သည်။ ထို့အပြင် ခရီးသွားခြင်းသည် အပန်းဖြေရန်၊ ဗဟုသုတရှာဖွေရန်နှင့် ရေရှည်တည်မြဲသော အမှတ်တရများကိုဖန်တီးရန် ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သည်။ ခရီးစဉ်တစ်ခုသည် ကိုယ်ပိုင်တိုးတက်မှုနှင့် ရှာဖွေတွေ့ရှိမှုအတွက် အခွင့်အလမ်းဖြစ်သည်။ ခရီးသွားလာမှုပုံစံသည် ခေတ်အဆက်ဆက်ပြောင်းလဲလာပြီး ခေတ်မီလာသည့် ခရီးသွားလုပ်ငန်းအဖြစ် ပေါ်ထွန်းလာကာ တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာသည်။ ခရီးသွားလုပ်ငန်းဟူသည် ကမ္ဘာပေါ်တွင် အကြီးမား ဆုံးစီးပွားရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ရေးကို များစွာအထောက်အကူပြုလျက် မီးခိုးမထွက်သောစက်ရုံဟု တင်စားသတ်မှတ်ထားသည့် အစိမ်းရောင်စီးပွားရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ အရေးပါမှု

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ ခိုင်မြဲရေးတို့ကို မြှင့်တင်ရာတွင် ဘက်စုံကဏ္ဍစုံမှ ခရီးသွားလုပ်ငန်းအခန်းကဏ္ဍကို အလေးပေး ဖော်ပြသည်။ COVID-19 ကူးစက်ရောဂါမတိုင်မီက ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့ GDP ၏ ၁၀ ရာခိုင် နှုန်းနီးပါးရှိပြီး သန်းနှင့်ချီ၍ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှုများ ဖန်တီးပေးခဲ့သည်။ ခရီးသွားလုပ်ငန်းသည် ဒေသတွင်းစီးပွားရေးကို ပံ့ပိုးပေးခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာများကို မြှင့်တင်ပေးနိုင်ခဲ့သည်။ ခရီးသွားလုပ်ငန်း၏ သဘောသဘာဝအရ လုပ်ငန်းနယ်ပယ်ပေါင်းစုံတွင် အကျိုးဖြစ်ထွန်းစေသည်။ မြို့ပြနှင့် ကျေးလက်ဒေသများတွင်ရှိသည့် အမျိုးသမီးများ၊ လူငယ်များနှင့် ကျေးလက်နေပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်သည့်အပြင် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအရင်းအမြစ်များနှင့် အလှအပများကို ဖွင့်လှစ်ပြသနိုင်သည့် အခွင့်အလမ်းများလည်း ရရှိစေသည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍကို ပိုမိုကောင်းမွန်စေရေး စီမံခန့်ခွဲပေးနိုင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်း လုပ်ဆောင်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်နှင့်လျော်ညီသော ခရီးသွားလုပ်ငန်းဆိုင်ရာမူဝါဒများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကို မှီခိုရပ်တည်နေရသည့် အများပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာထိခိုက်ဆုံးရှုံးခဲ့ရ သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စီးပွားရေးကုစားမှုစီမံကိန်း (COVID–19 Economic Relief Plan) အရ နိုင်ငံတော်ဘဏ္ဍာငွေ၏ သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအထိ သုံးစွဲရန် သတ်မှတ်ထားခဲ့ရာ ခရီးသွားကုမ္ပဏီ ၂၄၄ ခု၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၃၃၉ ခုတို့ကို ငွေကျပ် ၂၁ ဒသမ ၄ ဘီလီယံ ထုတ်ချေးခဲ့သည်။ နိုင်ငံပိုင် ငှားရမ်းဟိုတယ်များအတွက် ငှားရမ်းခများကို ခြောက်လရွှေ့ဆိုင်းပေးခြင်းအပြင် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ၂၁ လကို ငှားရမ်းခ ၅၀ ရာခိုင်နှုန်းလျှော့ချပေးခြင်း၊ ဟိုတယ်၊ မိုတယ်၊ ခရီးလှည့်လည်ရေးလုပ်ငန်းများနှင့် ဧည့်လမ်းညွှန်များ၏ လုပ်ငန်းလိုင်စင်ကြေးများကို တစ်နှစ်စာကင်းလွတ်ခွင့်ပြုခြင်းများ ဖြေလျှော့ ဆောင်ရွက်ပေးခဲ့သည်။ ပြည်တွင်း/ ပြည်ပခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဦးစားပေးတစ်ရပ်အဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်း လုပ်ကိုင်နေ သူများကို နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များတွင် ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အပေါ် သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနက ကာလတို၊ ကာလလတ်၊ ကာလရှည်ပန်းတိုင်များ အောင်မြင်စေရန်အတွက် မဟာဗျူဟာ ၁၈ ခု၊ အသေးစိတ်စီမံချက် ၉၃ ခု ပါဝင်သည့် “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅)”  ကို ရေးဆွဲ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစပြီး ကိုဗစ် - ၁၉ ကပ်ရောဂါပြန့်ပွားမှုအခြေအနေ လျော့နည်းလာသည်နှင့်အမျှ ပြည်တွင်း ခရီးသွားလာမှုများ စတင်တိုးတက်လာသည်။ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်း/ ပြည်ပ ခရီးသွားလာမှုများ တစ်စထက်တစ်စ ဖွံ့ဖြိုးတိုးတက်လာသည်။ မြန်မာနိုင်ငံသည် ခရီးသွား လုပ်ငန်း ပြန်လည်စတင်ရာတွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုများ၊ ကာဗွန် ထုတ်လုပ်မှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် အင်တာနက်အခြေခံဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုရေးစသည့် ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်များကိုလည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာဖြင့် သွားလာလည်ပတ်နိုင်ရန်၊ ခရီးသွားများအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြည့်ပြည့်စုံစုံနှင့် လွယ်ကူလျင်မြန်စွာရရှိနိုင်အောင် စီစဉ်ပေးခြင်း၊ ခရီးသွားဧည့်သည်များ၏ ပြည်ဝင်၊ ပြည်ထွက်ခွင့် လုပ်ထုံးလုပ်နည်းများနှင့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကိုလည်း လွယ်ကူရှင်းလင်းစေခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဝိုင်းဝန်း ပံ့ပိုးကူညီဆောင်ရွက်ခဲ့သည်။

တာဝန်သိခရီးသွားအမူအကျင့်များ

ခရီးသွားလုပ်ငန်းသည် နိုင်ငံအများအပြားတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပြီး ၎င်း၏အကျိုးကျေးဇူးများသည် စီးပွားရေးလုပ်ငန်းများထက် သာလွန်သည်။ ၎င်းသည်ယဉ်ကျေးမှုဖလှယ် ခြင်းကို အားပေးပြီး မတူကွဲပြားသော လူဦးရေများအကြား နားလည်မှုကို တိုးပွားစေသည်။ သို့သော် အထူးသဖြင့် ခရီးသွားလာမှုအပေါ် ကပ်ရောဂါ၏သက်ရောက်မှုကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် ရေရှည်တည်တံ့မှုကို ဦးစားပေးသည့်ခရီးသွားလုပ်ငန်းကို ဆောင်ရွက်ရန် အရေးကြီးပါသည်။ အမှိုက်နည်းစေရန်၊ ဒေသတွင်း စီးပွားရေးကို ပံ့ပိုးပေးခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းကဲ့သို့သော တာဝန်သိခရီးသွားအမူအကျင့်များကို အားပေးအားမြှောက်ပြုရမည်ဖြစ်သည်။ တာဝန်ယူမှုရှိသော ခရီးသွားအမူအကျင့်သည် သွားရောက်လည်ပတ်သည့်နေရာများနှင့် တွေ့ဆုံမည့်သူများအပေါ် အကျိုးသက်ရောက်မှုရှိသည်။

ယဉ်ကျေးမှုကိုလေးစားမှုရှိခြင်း - ဒေသဆိုင်ရာဓလေ့ထုံးတမ်းများ၊ ရိုးရာဓလေ့များနှင့် ဘာသာစကားများကို လေ့လာပြီး လေးစားမှုရှိရပါမည်။ လူမှုအသိုင်းအဝိုင်းများနှင့် လေးစားစွာ ဆက်ဆံရပါမည်။

ပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုရှိခြင်း - အမှိုက်ကို လျှော့ချခြင်း၊ တစ်ခါသုံးပလတ်စတစ်များကို ရှောင်ကြဉ်ပြီး အမှိုက်မပစ်ရန် စည်းမျဉ်းများကို လိုက်နာခြင်းနှင့် ဂေဟစနစ်ဖြင့် သဟဇာတဖြစ်အောင် အတတ်နိုင်ဆုံး နေထိုင်ရပါမည်။

ဒေသန္တရစီးပွားရေးများကိုပံ့ပိုးခြင်း - နေရာထိုင်ခင်း၊ စားသောက်ခြင်းနှင့် သယ်ယူပို့ဆောင်မှုများအတွက် ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ရွေးချယ်ခြင်းဖြင့် ခရီးသွားလုပ်ငန်းနှင့် ဒေသန္တရ လူ့အဖွဲ့အစည်းကို ရေရှည်တည်တံ့စေပါသည်။

တောရိုင်းတိရစ္ဆာန်ကာကွယ်ခြင်း - တောရိုင်းတိရစ္ဆာန်များကို အမြတ်ထုတ်သည့် ဆောင်ရွက်မှုများအား ရှောင်ကြဉ်၍ ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီသင့်ပါသည်။

သဘာဝခရီးသွားလုပ်ငန်း (Eco-tourism) သည် ခရီးသွားသူများအား သဘာဝပတ်ဝန်းကျင်၊ တိရစ္ဆာန်များနှင့် သဘာဝပုံရိပ်များကို ကာကွယ်သည့်နည်းလမ်းများကို ထောက်ပံ့သွားနိုင်သော လုပ်ငန်းတစ်ခုဖြစ်ပြီး သဘာဝစရိုက်များကို စီမံခန့်ခွဲနိုင်ခြင်း၊ သဘာဝအရင်းအမြစ်များကို လွတ်လပ်စွာ အသုံးပြုနိုင်သည့်အပြင် ဒေသခံများအား ကောင်းမွန်သောဝင်ငွေများကို ဖန်တီးပေးနိုင်သည်။ ခရီးသွားလုပ်ငန်း၌ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ အလေးထားဆောင်ရွက်ခြင်းဖြင့် နိုင်ငံရှိ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို အထောက်အကူပြုသည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရာရောက်သည်။

ခေတ်မီခရီးသွားလုပ်ငန်း (Modern Travel Business) သည် နည်းပညာတိုးတက်မှုများနှင့် အဆင့်မြင့်ဝန်ဆောင်မှုများကို ချိတ်ဆက်ပြီး ခရီးသွားအတွေ့အကြုံများကို အထူးပြုလုပ်သော လုပ်ငန်းမျိုးဖြစ်သည်။ ယနေ့ခေတ်တွင် ခရီးသွားလုပ်ငန်းများသည် အင်တာနက်၊ မိုဘိုင်းအက်ပ်များ၊ ကွန်ပျူတာစနစ်များနှင့် ကုန်ပစ္စည်းအသစ်များကို အသုံးပြု၍ အချိန်တိုင်းခရီးသွားများအတွက် လွယ်ကူ၍ အဆင်ပြေသောဝန်ဆောင်မှုများ ပေးစွမ်းနိုင်သည်။ ခေတ်မီခရီးသွားလုပ်ငန်းတွင် ဝန်ဆောင်မှု များကို ပိုမိုအဆင့်မြင့်လုပ်ဆောင်နိုင်ရန် အနာဂတ်နည်းပညာများဖြစ်သော Virtual Reality (VR), Augmented Reality (AR), Artificial Intelligence (AI) နှင့် Blockchain စနစ်များကို အသုံးပြု၍ ခရီးသွားအတွေ့အကြုံများကို ပိုမိုအဆင့်မြင့်အောင် လုပ်ဆောင်ကြသည်။

ခရီးသွားလုပ်ငန်းသည် စွန့်ဦးလုပ်ငန်းရှင်များနှင့် MSME ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် အခွင့်အလမ်းများစွာကို ဆောင်ကြဉ်းပေးနိုင်သည်။ ခရီးသွားကဏ္ဍ၏ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများသည် အခြားသော ထုတ်လုပ်မှုကဏ္ဍများအပေါ်တွင်ပါ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်လျက်ရှိရာ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုသည်။ ထို့ပြင် တည်းခိုနေထိုင်ရေးနှင့် ဧည့်သည်အား ဝန်ဆောင်မှုပေးခြင်းကဏ္ဍအပြင် ကျန်းမာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လမ်းတံတားကဏ္ဍ၊ ပတ်ဝန်းကျင်သာယာလှပရေးကဏ္ဍ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ဖန်တီးပေးနိုင်သည်။ ထို့အပြင် ခရီးသွားလုပ်ငန်းသည် မြို့ပြဒေသများအတွက်သာမက ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေသဖြင့် ‌ဒေသခံများအား အလုပ်အကိုင်နှင့် ပုံမှန်ဝင်ငွေကို တိုးပွားစေပါသည်။

မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေများစသည့် မတူကွဲပြား ထူးခြားလှပသော သဘာဝရှုခင်းများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ အရောင်အသွေးစုံလင်သည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့်အရာများ ဖြစ်ကြသည်။ ခရီးသွားလုပ်ငန်းသည် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ချိတ်ဆက်ဖန်တီးပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ တိုးတက်လာမည်ဆိုပါက နိုင်ငံ၏စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများစွာပြောင်းလဲသွားမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

Source: www.moi.gov.mm

ကိုဘုန်း(ထုတ်လုပ်)

အာလူးစိုက်တောင်သူတွေ ပျော်နေကြပြီ
-

ကောက်ပဲသီးနှံများ လှိုင်လှိုင်ပေါ်ချိန်တွင် တောင်သူများဈေးနှိမ်ခံနေရခြင်းက အစဉ်အလာသဘောဖြစ်နေခြင်းသည် ငြင်း၍မရသော ပကတိအရှိတရား ဖြစ်နေပါသည်။ တောသူတောင်သားဘဝ အမြဲတမ်းလိုလို ငွေကြေးလိုအပ်ချက်ဖြစ်ပေါ်နေ၍ ပေါ်ပေါ်ချင်းရောင်းချလိုက်ရသကဲ့သို့ သီးနှံများအား အဆင့်မြင့်တာရှည်ခံ နည်းပညာနှင့် စက်ကိရိယာများမရှိ၍ ရောင်းချနေခြင်းက တောင်သူအများစု ကြုံတွေ့နေရခြင်းလည်းဖြစ်ပေသည်။

စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် အရင်းကျေ အမြတ်အနည်းငယ်ရရှိနိုင်ရေး နေဝင်မိုးချုပ် တစ်အိမ်သားလုံး လုပ်ကိုင်နေကြရသော်လည်း ပွဲစား၊ ကုန်သည်များကတော့ စားသုံးသူကို မငဲ့ကွက်၊ သူတို့အတွက် အရင်း၏ထက်ဝက်ခန့် အမြတ်မကျန်လျှင် တုတ်တုတ်မျှမလှုပ်ဟု ဆိုရလောက်အောင် ဖြစ်ပျက်နေသည့် အခြေအနေကို ကြားသိနေရပြန်သည်။

တောင်သူတွေ ဝင်ငွေတိုးဖို့

ခေတ်အဆက်ဆက် တောင်သူတွေဝင်ငွေတိုးဖို့၊ သူတို့၏လူမှုစီးပွားဘဝမြင့်မားဖို့ လုပ်ဆောင်ပေးလျက်ရှိရာ မျက်မှောက်ကာလတွင် အချို့သော တောင်သူများအနေဖြင့် လက်တွေ့အကျိုးခံစားနေရသည်ကို တွေ့ရှိနေရပါသည်။ ယင်းတောင်သူအများစုကိုကြည့်လျှင် သမဝါယမအသင်းသားများ အဖြစ်ပါဝင်ပြီး သမဝါယမအသင်းက စီစဉ်ဦးဆောင်၍ စုပေါင်းရောင်းဝယ်၊ စုပေါင်းလုပ်ဆောင်၊ စုပေါင်းစိုက်ပျိုးကြကာ အသင်းသားများအကျိုး ရှေးရှု၍ အသင်းပိုင်ရင်းနှီးငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတို့ဖြင့် ခေတ်မီအဆင့်မြင့်သီးနှံတာရှည်ခံ အအေးခန်းသိုလှောင်ရုံများ တည်ဆောက်ကာ ဈေးကွက်ခိုင်မာမှုရှိသည့်အချိန်တွင် ဖြန့်ဖြူးရောင်းချခြင်းမျိုးကို ဆောင်ရွက်လျက်ရှိသည့် သမဝါယမအသင်း (၂) သင်း၏ အခြေအနေကို စာရေးသူလေ့လာ သိရှိရသလောက် မျှဝေပေးလိုပါသည်။

ယခင့်ယခင်က ဤအခြေအနေမျိုးမပေးသဖြင့် မည်သို့ပင်ကြိုးစားစိုက်ပျိုးစေကာမူ ဈေးကွက်ပျက်၍တစ်ဖုံ၊ ရာသီဥတုဖောက်ပြန်လို့တစ်မျိုး၊ သဘာဝဘေးကတစ်သွယ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာက တစ်နည်းအမျိုးမျိုးအဖုံဖုံ ကြုံတွေ့ကြရ၍ တောင်သူတို့ ဒုက္ခအစုံကြုံခဲ့ရသော်လည်း နောင်တရားဒေသ အာလူးစိုက်တောင်သူများခမျာ ပစ္စက္ခဘဝရှင်သန်ရပ်တည်မှုက အောင်မြင်မှု အလီလီဆွတ်ခူးနေရသည့်ပမာ တွေ့နေရပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားဒေသတစ်ဝိုက်တွင် တစ်နိုင်ငံလုံး အာလူးစိုက်ဧက၏ သုံးပုံတစ်ပုံခန့်ဖြစ်သော စိုက်ဧက ၁၅၀၀၀ ကို စိုက်ပျိုးကာ အာလူးတန်ချိန် ၁၂၅,၀၀၀ ခန့် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် သုံးကြိမ် စိုက်ပျိုးကြခြင်းကြောင့် စားသုံးသူများထံ တစ်နှစ်ပတ်လုံး ဖြန့်ဖြူးပေးနိုင်လျက်ရှိပါသည်။

အာလူးစိုက်ပျိုးသူတောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ ခေတ်မီအာလူးစိုက်ပျိုးမှုနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့်များရရှိရေးကို ရည်ရွယ်၍ စန္ဒာခမ်းနောင်တရား အာလူးအစု အဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် အသင်းသားတောင်သူ ၁,၅၃၂ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံ၍ အာလူးအအေးခန်း စက်ရုံကို ၂၀၂၀ ပြည့်နှစ်တွင် တည်ဆောက်နိုင်ခဲ့ကြပါသည်။ တစ်ချိန်တည်းမှာပင် Naung Ta Yar Potato Group Co.,Ltd. ကို ထူထောင်ခဲ့ကြပါသည်။

၁၇-၆-၂၀၂၂ ရက်နေ့တွင် နောင်တရားအာလူး စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းကို ဖွဲ့စည်းခဲ့ပြီး Naung Ta Yar Potato Group Co.,Ltd. ၏ အအေးခန်းစက်ရုံနှင့် ချိတ်ဆက်၍ အသင်းသားများ စိုက်ပျိုးထွက်ရှိသောအာလူးများကို သတ်မှတ်နှုန်းထားပေး၍ သိုလှောင် ထိန်းသိမ်းခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် အာလူးတန် ၃၄၀၀ နှင့် ၂၀၂၃ ခုနှစ် ရာသီပေါ်ချိန် တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ခန့် ဈေးကျချိန်တွင် တန်ချိန် ၄၈၀၀ ကို အအေးခန်းစက်ရုံတွင် သိုလှောင်ခဲ့ကြပြီး တစ်ပိဿာလျှင် ငွေကျပ် ၄၂၀၀ ပေါက်ဈေးရောက်ရှိချိန်တွင် ဖြန့်ဖြူး ရောင်းချနိုင်ခဲ့ခြင်းကြောင့် အသင်းသားတောင်သူများ ဝင်ငွေပိုမိုတိုးမြှင့်ရရှိကာ ယင်းတို့၏ လူမှုစီးပွားဘဝမြင့်မားရေးကို များစွာအထောက်အကူပြုနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ဝမ်းမြောက်ဖွယ်

နောင်တရားအာလူးအစုအဖွဲ့ကုမ္ပဏီ (Naung Ta Yar Potato Group Co.,Ltd.)နှင့် နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းတို့ အချိတ်အဆက်မိမိပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းကြောင့် နောင်တရားဒေသ အာလူးစိုက်တောင်သူများ အပြုံးပီတိဖုံးနေကြသည်က ဝမ်းမြောက်ဖွယ် ဖြစ်မိပါသည်။

နောင်တရားဒေသ၌ အာလူး၊ ငရုတ်၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်စသည့် နှစ်တိုသီးနှံများ စိုက်ပျိုးရာတွင် ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲမှုများကြောင့် မြေဆီလွှာခန်းခြောက်ပျက်စီးခြင်း၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကျဆင်းခြင်း၊ စားသုံးသူများ ကျန်းမာရေးလုံခြုံမှုမရှိခြင်းစသည့် ဆိုးကျိုးများ ခံစားနေကြရခြင်းကို ကျော်လွှားနိုင်ရေး၊ ဓာတုကင်းစင်နယ်မြေ ပြန်လည်ဖြစ်တည်လာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း၍ စားသုံးမှုလုံခြုံစေရေးတို့ကို ဦးတည်၍ ဆောင်ရွက်နိုင်ရန် အာလူးစိုက် တောင်သူများ တန်ဖိုးသင့်သဘာဝမြေဩဇာများ သုံးစွဲလာနိုင်ရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်သန်း ၁၀၀၀ ထောက်ပံ့ကြေးငွေရယူ၍ နောင်တရား အားလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းသည် သဘာဝမြေဩဇာစက်ရုံကြီးကို ၃၁-၃-၂၀၂၄ ရက်နေ့တွင် စမ်းသပ်လည်ပတ်နိုင်ခဲ့ပြီး အသင်းသားနှင့် အခြားတောင်သူများကို စက်ရုံထုတ် နောင်တရားသဘာဝမြေဩဇာများ ရောင်းချဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရ ပါသည်။

အာလူးစိုက်ခင်းများတွင် သဘာဝမြေဩဇာများ အသုံးပြုလာခြင်းကြောင့် စားသုံးသူပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရပြည့်ဝသော အာလူးများကို စားသုံးနိုင်ကြတော့မည်လည်းဖြစ်ပါသည်။ နောင်တရားဒေသ အာလူးအပါအဝင် နှစ်တိုသီးနှံစိုက်ပျိုးနေကြသော တောင်သူများအနေဖြင့် သမဝါယမအသင်းသားများအဖြစ် ပါဝင်လျက်ရှိနေခြင်းကြောင့် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကြပြီး အသင်းသားအကျိုး အပြည့်အဝခံစားကြရခြင်းနှင့်အတူ သမဝါယမအသင်းကြီး၏ ရေရှည်စဉ်ဆက်မပြတ် အောင်မြင်မှုများ ရှိနေနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

ကုသိုလ်ရသည့်သီးနှံ

အာလူးကို လူတိုင်းစားသုံးကြလျက်ရှိရာ အသားများနှင့်ရော၍ ချက်ပြုတ်စားသောက်ကြသလို ကြော်၍တစ်မျိုး၊ ထောင်း၍တစ်ဖုံ၊ ပြုတ်-သုပ်၍တစ်ဖန် စားလေ့ရှိကြပါသည်။ စိုက်ပျိုးသူတောင်သူများအနေဖြင့် လူသားတို့၏ အာဟာရဖြစ်ရေးအတွက် ကုသိုလ်ရသည့်သီးနှံမျိုးကို စိုက်ပျိုးထုတ်လုပ်နေကြသည်ဟူ၍မှတ်ယူကာ ကုသိုလ်လည်းရ- ဝမ်းလည်းဝနေကြမည်ဖြစ်ပါသည်။

အာလူးစားသုံးခြင်းဖြင့် သွေးဖိအားကောင်းခြင်း၊ အရိုးနှင့် နှလုံးကျန်းမာရေး ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းကိုလည်း သက်သာစေနိုင်ပါသည်။ အစာခြေစနစ်ကောင်းခြင်း၊ ပေါင်ချိန်ထိန်းညှိပေးနိုင်ခြင်း၊ အရေပြားကျန်းမာရေး ကောင်းမွန်ခြင်း၊ ခုခံစွမ်းအားကောင်းမွန်ခြင်းနှင့် ကင်ဆာရောဂါကာကွယ်မှုတွင် ကူညီပေးခြင်းစသည့်အကျိုးကျေးဇူးများလည်း ရရှိနိုင်သည်ဟု သုတေသနမှတ်တမ်းများအရ သိရှိရပါသည်။ အာလူးစိုက်ပျိုးခြင်းသည် လူသားတို့၏ ကျန်းမာရေးကို အထောက်အကူပြုနေသကဲ့သို့ စိုက်ပျိုးတောင်သူများအနေဖြင့်လည်း သမဝါယမစနစ်ပုံစံဖြင့် ဆောင်ရွက်နေခြင်းကြောင့် တစ်ဦးချင်းစီဝင်ငွေတိုးကာ နောင်တရားဒေသမှာလည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာတော့မည်လည်း ဖြစ်ပါသည်။

ထို့အတူ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်း အာလူးလယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းသည်လည်း အာလူးမျိုးကောင်းမျိုးသန့်များကို အအေးခန်းစနစ်ဖြင့် ထိန်းသိမ်းသိုလှောင်နိုင်ရန် အအေးခန်းစက်ရုံကို ၉-၅-၂၀၂၄ ရက်နေ့တွင် ဆင်ဖြူကျွန်းမြို့ မြောက်ချောင်းဖြူကျေးရွာတွင် တည်ဆောက်ခဲ့ကြ ပါသည်။

အဆိုပါသမဝါယမအသင်းမှာ အာလူးစိုက်တောင်သူ ၄၁ ဦးတို့က အစုရှယ်ယာထည့်ဝင် ငွေကျပ် သိန်း ၇၀၀၀၊ ခေတ္တချေးငွေကျပ်သိန်း ၇၆၀ နှင့် တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်သိန်း ၄၀၀၀ ရယူ၍ စုစုပေါင်းကျပ်သိန်း ၁၁,၇၆၀ ရင်းနှီးမတည်ခဲ့ကြပါသည်။ တစ်ချိန်ကဆိုလျှင် ဆင်ဖြူကျွန်းနယ်တစ်ဝိုက် အာလူးစိုက်တောင်သူများအနေဖြင့် ထွက်ရှိအာလူးနှင့် မျိုးတို့အတွက် ရည်မှန်း၍ ဟဲဟိုး၊ နောင်တရားနှင့် အောင်ပန်းမြို့တို့ရှိ အာလူးအအေးခန်းစက်ရုံများသို့ နယ်ခြားမြေခြားခရီးဝေးကွာစွာ သွားရောက်သိုလှောင်ခဲ့ကြရပါသည်။

ယခုကဲ့သို့ အအေးခန်းစက်ရုံ တည်ဆောက်နိုင်ခြင်းကြောင့် မိမိဒေသတွင်သာ အာလူးမျိုးများထားရှိ ရသည့်အတွက် လိုအပ်သည့်အချိန်တွင် အလွယ်တကူစိုက်ပျိုးနိုင်မည်ဖြစ်သဖြင့် အချိန်ကုန်သက်သာခြင်း၊ သယ်ယူရမည့်အချိန်နှင့် သယ်ယူစရိတ်သက်သာခြင်းစသည့် အကျိုးကျေးဇူးများကို လက်တွေ့ခံစားနေကြရပြီဖြစ်ပေသည်။ ဆင်ဖြူကျွန်းနယ်တစ်ဝိုက် အာလူးစိုက်တောင်သူများ ကိုယ်စီပြုံးပျော်နေကြသည်ဟု သိရပါသည်။

ဆင်ဖြူကျွန်းဒေသတွင် အာလူးစိုက်ဧက ၈၀၀ ခန့်ရှိကာ တစ်နှစ်လျှင် အာလူးတန်ချိန် ၈၀၀ ခန့် ထွက်ရှိပြီး ဒေသတွင်းနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါ သည်။ အအေးခန်းစက်ရုံမှာ အသင်းပိုင်ဖြစ်၍ အသင်းသားအာလူးစိုက်တောင်သူ၊ အခြား တောင်သူများနှင့် ငရုတ်စိုက်တောင်သူများ ထွက်ရှိသော အာလူးနှင့် ငရုတ်သီးနှံများကို သိုလှောင်ခပေး စနစ်ဖြင့် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

အာလူးတစ်ပိသာလျှင် တစ်လသိုလှောင်ခ ငွေကျပ် ၉၀၊ တစ်တန်လျှင် တစ်လ ငွေကျပ် ၅၅၀၀၀ နှုန်း၊ ငရုတ်သီးတစ်ပိသာလျှင် တစ်လ ကျပ် ၂၀၀ နှုန်း သတ်မှတ်၍ လက်ခံဆောင်ရွက် လျက်ရှိရာ အာလူး ၁၂၆,၆၆၆ ပိဿာနှင့် ငရုတ်သီးပိဿာ ၁၃၆,၉၆၀ လက်ခံသိုလှောင်နိုင်ခဲ့သဖြင့် သိုလှောင်ခရဝင်ငွေကျပ် ၃၈၇ ဒသမ ၉၁၉ သိန်း ခန့် ရရှိလျက်ရှိသည်ဟု သိရပါသည်။

သို့ဆိုရာ အာလူးစိုက်ဒေသများတွင် အအေးခန်း စက်ရုံများ တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် အာလူးမျိုးပွားတစ်သျှူးကာချာလုပ်ငန်းကို တိုးချဲ့အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းအောင်မြင်ပါက အာလူးစိုက်တောင်သူများ လိုအပ်နေသော အာလူးမျိုးများကို နိုင်ငံခြားမှ ဈေးကြီးပေးဝယ် တင်သွင်းနေရမှု ကင်းလွတ်ကာ ဒေသတွင်းရှိ အာလူးစိုက်တောင်သူများ ဈေးနှုန်းသက်သာစွာ မျိုးကောင်းမျိုးသန့်များ အလွယ်တကူဝယ်ယူရရှိပြီး စိုက်ပျိုးနိုင်တော့မည်ဖြစ်၍ စိုက်ပျိုးရေးကဏ္ဍ တိုးတက်မှုနှင့်အတူ လူမှုစီးပွားဘဝများလည်း မြင့်မားလာကြတော့မည် ဖြစ်ပါသည်။

ဈေးကွက်ချိုးနှိမ်မှုဒဏ်ကို ကျော်လွှား

သီးနှံပေါ်ချိန် ဈေးကွက်ချိုးနှိမ်မှုဒဏ်ကို ကျော်လွှားကာ ဈေးကောင်းရသည့်အချိန်တွင် သိုလှောင်သီးနှံများ ဖြန့်ဖြူးရောင်းချခြင်းကြောင့် ကျေးလက်နေတောင်သူများ ဝင်ငွေတိုးပွားရရှိလာ နိုင်တော့မည်ဖြစ်ပါသည်။ စိတ်ဆန္ဒတူ၊ လုပ်ငန်းတူသူများစုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းကာ လိုအပ်သော ခေတ်မီစက်ကိရိယာများ အသုံးပြုလာနိုင်ခြင်း၊ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲနိုင်ခြင်း၊ ဒေသအကျိုးဖြစ်ထွန်းမှုနှင့် အသင်းသားတိုင်းကိုယ်စီ အမြတ်ဝေစုများ ရရှိခံစားနိုင်ခြင်း၊ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်ခြင်းစသည့် မွန်မြတ်ကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိခံစားနိုင်ကြတော့မည်ဖြစ်ပါသည်။

သမဝါယမအသင်းပိုင် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလာနိုင်ခြင်းကြောင့် အရည်အသွေးကောင်းမွန်သော၊ ကျန်းမာရေးနှင့် ညီညွတ်သော အော်ဂဲနစ်သီးနှံများကို စားသုံးရသည့် ပြည်သူများအတွက်လည်း ကျန်းမာရေးသုခနှင့် ပြည့်စုံလာနိုင်တော့မည် ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဒေသအလိုက် သီးနှံမျိုးတူစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် သမဝါယမအသင်းဖွဲ့စည်းပြီး လိုအပ်သော သွင်းအားစုများကို အသင်းကိုယ်တိုင်ထုတ်လုပ်-တင်သွင်းခြင်း၊ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်သည့် ခေတ်မီအဆင့်မြှင့် စက်ကိရိယာ၊ သီးနှံတာရှည်ခံ Cold Storage စက်ရုံများ တည်ဆောက်ခြင်း၊ စားသုံးသူပြည်သူများသို့ အသင်းအချင်းချင်း ချိတ်ဆက်၍ ရောင်းချဖြန့်ဖြူးခြင်း၊ လိုအပ်သော ရင်းနှီးထောက်ပံ့ငွေများအား နိုင်ငံတော်အစိုးရက ကူညီထောက်ပံ့ပေးခြင်းများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးတောင်သူများ ဝင်ငွေတိုးပွားလာခြင်း၊ စားသုံးသူပြည်သူများ ပစ္စည်းမှန်၊ ဈေးမှန် ဝယ်ယူစားသုံးနိုင်ခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် သမဝါယမစီးပွားရေးစနစ်ဖြင့် အထောက်အကူပြုလာနိုင်ခြင်းစသည့် အကျိုး ဖြစ်ထွန်းမှုများရှိလာကာ ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ စိုက်ပျိုးထုတ်လုပ်သူနှင့် စားသုံးသူပြည်သူအကြား ဈေးကွက်ခိုင်မာမှုနှင့် ဈေးနှုန်းထိန်းညှိမှုကို သမဝါယမအသင်းများက တတ်စွမ်းသမျှ ပေါင်းစပ်ကူညီဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း ရေးသားလိုက်ရပါသည်။ ။

ကျမ်းကိုး။ ။ သမဝါယမဦးစီးဌာန၏ စာရင်းအချက်အလက်များ

Source: www.moi.gov.mm

K ဇင်သစ်(မန်းတက္ကသိုလ်)

တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရန် စိုက်ပျိုးသင့်တဲ့ ပဲပုပ်သီးနှံ
-

ပဲပုပ်သီးနှံကို   ပဲပုပ်ဖြင့်ပြုလုပ်သောပဲငါးပိကို စားသုံးခြင်းမှ စတင်သိခဲ့ရသည်။  ပဲငါးပိသည်  ပဲပုပ်သီးနှံ၏ တန်ဖိုးမြှင့်ထုတ်ကုန်တစ်မျိုးဖြစ်သည်။  ပဲပုပ်သည် အာဟာရဓာတ်ကြွယ်ဝသော အစားအစာများထဲတွင်ပါဝင်ပြီး ကမ္ဘာ့အရေးကြီးဆုံးသီးနှံ (၁၀)မျိုးအနက် အမှတ်စဉ်(၆)နေရာတွင် ရပ်တည်နေသည်။ ပဲပုပ်တွင် အသားဓာတ် ၄၀ ရာခိုင်နှုန်းမှ ၄၅ရာခိုင်နှုန်းနှင့် ဟင်းသီးဟင်းရွက်ဆီ ၁၉ ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းပါဝင်သည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်းနေရာတွင်  ရပ်တည်နေသောဟင်းသီးဟင်းရွက်ဆီတစ်မျိုးဖြစ်သည်။ ပဲအမျိုးအစားများစွာရှိသည့်အနက် ပဲပုပ်သည် အာဟာရဓာ

ပဲပုပ်သီးနှံကို   ပဲပုပ်ဖြင့်ပြုလုပ်သောပဲငါးပိကို စားသုံးခြင်းမှ စတင်သိခဲ့ရသည်။  ပဲငါးပိသည်  ပဲပုပ်သီးနှံ၏ တန်ဖိုးမြှင့်ထုတ်ကုန်တစ်မျိုးဖြစ်သည်။  ပဲပုပ်သည် အာဟာရဓာတ်ကြွယ်ဝသော အစားအစာများထဲတွင်ပါဝင်ပြီး ကမ္ဘာ့အရေးကြီးဆုံးသီးနှံ (၁၀)မျိုးအနက် အမှတ်စဉ်(၆)နေရာတွင် ရပ်တည်နေသည်။ ပဲပုပ်တွင် အသားဓာတ် ၄၀ ရာခိုင်နှုန်းမှ ၄၅ရာခိုင်နှုန်းနှင့် ဟင်းသီးဟင်းရွက်ဆီ ၁၉ ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းပါဝင်သည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်းနေရာတွင်  ရပ်တည်နေသောဟင်းသီးဟင်းရွက်ဆီတစ်မျိုးဖြစ်သည်။ ပဲအမျိုးအစားများစွာရှိသည့်အနက် ပဲပုပ်သည် အာဟာရဓာတ်အပြည့်ဝဆုံးသောပဲသီးနှံဖြစ်သည်။

သီးနှံများကို  စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရေးထွက်ကုန်နှင့် စိုက်ပျိုးရေးထုတ်ကုန်ဟူ၍ နှစ်မျိုးရှိသည်။  စိုက်ပျိုးရေးထွက်ကုန်ဆိုသည်မှာ သီးနှံကိုစိုက်ပျိုး၍ ရိတ်သိမ်းပြီးနောက် ထွက်ရှိလာသော သီးနှံထွက်ကုန်များကိုဆိုလိုပြီး စိုက်ပျိုးရေးထုတ်ကုန်ဆိုသည်မှာ သီးနှံထွက်ကုန်များကို ပြုပြင်မွမ်းမံပြင်ဆင်၍ ထုတ်လုပ်ခြင်းအားဖြင့် ထွက်ရှိလာသော တန်ဖိုးမြှင့်ထုတ်ကုန်များကိုဆိုလိုသည်။ ထို့ကြောင့် ယနေ့ခေတ်ကာလတွင် သီးနှံထွက်ကုန်များထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်းတို့အတွက် ရည်မှန်းချက်ထား၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းကို ဆောင်ရွက်လာကြသည်။

တန်ဖိုးမြှင့်ထုတ်ကုန်ဆိုသည်မှာ

တန်ဖိုးမြှင့်ထုတ်ကုန်ဆိုသည်မှာစိုက်ပျိုးထုတ်လုပ်ရာမှ ထွက်ရှိလာသော စိုက်ပျိုးရေးထွက်ကုန်တစ်ခုကို ရုပ်ပိုင်းဆိုင်ရာအခြေအနေ  ပြောင်းလဲပေးခြင်း ဥပမာ- ဂျုံစေ့မှ ဂျုံမှုန့် (သို့) ထုတ်ကုန်၏ပုံစံကို ပြောင်းလဲပေးခြင်း ဥပမာဂျုံမှုန့်မှ ပေါင်မုန့်ကိုဆိုလိုသည်။  ဤနည်းလမ်းနှစ်မျိုးဖြင့်   မည်သည့်သီးနှံထွက်ကုန်ကိုမဆို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်။ ထိုသို့ပြုလုပ်ရာတွင် ပြုပြင်မွမ်းမံပြင်ဆင်ထုတ်လုပ်ခြင်းအားဖြင့် အဆင့်သုံးဆင့်ရှိသည်။

ပထမအဆင့် ပြုပြင်မွမ်းမံပြင်ဆင်ထုတ်လုပ်ခြင်းတွင် စိုက်ပျိုးထုတ်လုပ်ရာမှ ထွက်ရှိလာသော သီးနှံထွက်ကုန်များကို မူရင်းအတိုင်း ပုံစံမပျက်စေဘဲ ဆောင်ရွက်ရသောလုပ်ငန်းများဖြစ်သည်။  သီးနှံထွက်ကုန်များကို ရေဆေးခြင်း၊ သန့်ရှင်းခြင်း၊ အဆင့်ခွဲခြင်း၊ အမျိုးအစားခွဲခြင်းစသည်တို့ပါဝင်သည်။

ဒုတိယအဆင့် ပြုပြင်မွမ်းမံပြင်ဆင်ထုတ်လုပ်ခြင်းတွင် ပထမအဆင့်မှထွက်ရှိလာသော သီးနှံထုတ်ကုန်များကို ပမာဏများရာမှ နည်းသွားခြင်း၊ ပုံစံကိုလျှော့ချခြင်းတို့ကို ဖြစ်ပေါ်စေရန် ဆောင်ရွက်ရသောလုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းများတွင် ထုပ်ပိုးခြင်း၊ ဖယောင်းတင်ခြင်း၊ အသားအနှစ်ထုတ်ခြင်း၊ အခွံခွာခြင်း၊ အရည်ထုတ်ခြင်း၊ တစ်ပိုင်းတစ်စကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ ကြာရှည်ခံအောင်ထိန်းသိမ်းခြင်းတို့ပါဝင်သည်။

တတိယအဆင့် ပြုပြင်မွမ်းမံပြင်ဆင်ထုတ်လုပ်ခြင်းတွင်  စားသုံးရန်အဆင်သင့်ဖြစ်အောင် ပြုလုပ်ရသော လုပ်ငန်းများပါဝင်သည်။   ထုတ်ကုန်သည် သက်တမ်းရှည်ပြီး   အရည်အသွေးမြင့်မားသည်။ ထို့ကြောင့် ဤအဆင့်တွင် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရန် ထုတ်လုပ်သည့်ကုန်ပစ္စည်းအပေါ်မူတည်ပြီး အဆင့်မြင့်နည်းပညာလိုအပ်သည်။

ပဲပုပ်သီးနှံသည်  အခြားသီးနှံများနှင့်နှိုင်းယှဉ်လျှင် တန်ဖိုးမြှင့်ထုတ်ကုန်များစွာထုတ်လုပ်နိုင်သောသီးနှံတစ်မျိုးဖြစ်သည်။ ပဲပုပ်သီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ပြီး   စီးပွားရေးတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်လျှင် အလွန်စိုက်ပျိုး ရန်သင့်တော်သော သီးနှံတစ်မျိုးဖြစ်သည်။

ပဲပုပ်သီးနှံထွက်ကုန်အစားအစာများ

ပဲပုပ်သီးနှံကို   စိုက်ပျိုးထုတ်လုပ်၍ ထွက်ရှိလာသော ပဲပုပ်စေ့များကို သရေစာ အဖြစ်   အစိမ်းလိုက်ကြော်၍ စားခြင်း၊ ပြုတ်၍သုပ်စားခြင်းနှင့် ဟင်းလျာတစ်မျိုးအဖြစ် ချက်၍စားခြင်းတို့အပြင် ပဲပုပ်ထောင်းကြော်၊ ပဲပုပ်ကြက်သွန်ကြော်၊ ပဲပုပ်မြေပဲကြော်၊ ပဲပုပ်ဂျူးမြစ်ကြော်၊ ပဲပုပ်ကြော်ချက်၊ ပဲပုပ်မြေပဲချက်၊ပဲပုပ်စေ့ဟင်းချို၊ ပဲပုပ်မီးကင်၊ ပဲပုပ်ချဉ် စသည်ဖြင့် နှစ်သက်ရာပုံစံအမျိုးမျိုးကို ပြုလုပ်ဖန်တီး၍စားသောက်ကြသည်။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်များမှာ “မိရိုးဖလာ အစားအစာ ပဲပုပ်ဟင်းလေးတစ်ခွက်ပါ”ဟူသော စကားရပ်တစ်ရပ်ရှိသည့်အတိုင်းပဲပုပ်ဟင်းလျာကို      ခုံမင်နှစ်ခြိုက်စွာ စားသုံးကြသည်။ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားများသည်ပဲပုပ်စေ့ကို ရေစိမ်ပြုတ်၍ ပဲပုပ်အစိုအဖြစ်ပြုလုပ်ကာ   မိမိကြိုက်နှစ်သက်သော အရသာထည့်သွင်းပြီး    ဟင်းတစ်မယ်အဖြစ် ရှေးယခင်ကတည်းကပင် ချက်ပြုတ်စားသောက်ကြသည့်  အလေ့အထရှိကြ သည်။

ပဲပုပ်စေ့ကို  တိုက်ရိုက်ချက်ပြုတ်စားသောက်ကြခြင်းအပြင်   ပဲပုပ်စေ့များကိုထောင်း၍ ပဲပုပ်ထောင်းမှုန့်များကို ဟင်းချိုထဲတွင် ခပ်ခြင်း၊ ခရမ်းသီးမီးဖုတ်သုပ်နှင့် ခရမ်းချဉ်သီးမီးဖုတ်သုပ်ထဲတွင် ထည့်ခြင်းတို့အပြင်  ကိတ်မုန့်များပြုလုပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုကြသည်။

ပဲပုပ်သီးနှံ တန်ဖိုးမြှင့်ထုတ်ကုန်အစားအစာများ

ပဲပုပ်သီးနှံသည်သီးနှံထွက်ကုန်အဖြစ် အသုံးပြုနိုင်ရုံသာမက  တန်ဖိုးမြှင့်ထုတ်ကုန် များထုတ်လုပ်ရန်အတွက် အလွန်အသုံးဝင်သော သီးနှံတစ်မျိုးဖြစ်သည်။ပဲပုပ်သီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးအစားများစွာကို ထုတ်လုပ်နိုင်သည်။  ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားများသည်  ပဲပုပ်ကို ဂျူးမြစ်၊ ငရုတ်သီးတို့ဖြင့်ရောနှောပြီး အရသာမျိုးစုံရှိသောပဲပုပ်ချပ်အခြောက်ပြုလုပ်၍ တာရှည်ခံအောင်ပြုလုပ်ခြင်း၊  ပဲပုပ်ပြား၊ ပဲပုပ်အတုံး၊ ပဲငါးပိချဉ်စပ်၊ ပဲငါးပိဆီစိမ်၊ ပဲပုပ်တိုဟူးနှော၊ ပဲပုပ်စေ့လှော်၊ ပဲနို့ရည်၊ ပဲငံပြာရည် စသည်ဖြင့် စားဖွယ်စုံစွာ ပြုပြင်ဖန်တီးပြီး စားသုံးကြသည်။ ရှမ်းတိုင်းရင်းသားများသည်   ပဲပုပ်ကို နှစ်သက်စွာစားသုံးကြပြီး    ရှမ်းရိုးရာအစားအစာ “ရှမ်းပဲပုပ်”အဖြစ် မြန်မာပြည်တစ်လွှား နာမည်ကျော်ကြားသည်။

မြန်မာလူမျိုးများသည် ပဲငါးပိကို အစို၊ အခြောက်နှစ်မျိုးစားသုံးကြ၍ ပဲပုပ်စေ့မှ ပဲငါးပိပြုလုပ်၍  ရောင်းချသောလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာ့ရိုးရာ ပဲငါးပိလုပ်ငန်းတစ်ခုဖြစ်လာသည်။ ထို့ပြင် ပဲပုပ်မှ ပဲနို့ရည်၊ ပဲနို့ဒိန်ခဲ၊ ဆော့စ်၊ ကော်ဖီ၊ ကိတ်၊ စည်သွတ်ဘူး၊ကြာညို့ စသည်တို့ ပြုလုပ်နိုင်ပြီး ပဲပုပ်စေ့ကိုကြိတ်၍ ပဲပုပ်ဆီကိုလည်း  ထုတ်လုပ်နိုင်သည်။

ပဲပုပ်သီးနှံ   လူသုံးကုန်တန်ဖိုးမြှင့်ထုတ်ကုန်များ

ပဲပုပ်သီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် လူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်သည်။ ပဲပုပ်ဆီမှ စာရေးမင်၊ ပုံနှိပ်မင်၊ ဆပ်ပြာ၊ ရော်ဘာတု၊ ဓာတ်ဆီ၊ ဇီဝဒီဇယ်၊ ပလတ်စတစ်၊ ခဲတံ၊  အရောင်တင်ဆီ၊ အိမ်သုတ်ဆေး၊ ပိုးမွှားသတ်ဆေး၊ ကြွေဆေး၊   ဆီစိမ်စက္ကူ၊ သားရေတု၊ ဖယောင်းတိုင်၊ သိုးမွှေးတု၊ သုတ်ဆေး၊ အလှကုန်ပစ္စည်းအမျိုးမျိုး စသည့်လူ့အသုံးအဆောင်ပစ္စည်းအမျိုးအစားပေါင်း၂၀၀၀ ခန့်ကို ထုတ်လုပ်နိုင်သည်။

ပဲပုပ်သီးနှံပင် ကြွင်းကျန်ပင်များ၏ အသုံးဝင်မှု

ပဲပုပ်သီးနှံကို အဓိကစိုက်ပျိုးကြခြင်းမှာ ပဲပုပ်စေ့ကို   ထုတ်လုပ်ရန်ဖြစ်သည်။ပဲပုပ်စေ့ကိုထုတ်လုပ်ပြီးနောက် ကျန်ရစ်ခဲ့သော ပဲပုပ်ပင်၏ အမြစ်၊   အရိုးများ၊ အရွက်များကိုလည်း လူသားတို့အကျိုးအတွက် အသုံးချနိုင်သည်။  ပဲပုပ်ပင်၏အမြစ်နှင့်အရိုးများကို ထင်းအဖြစ်အသုံးပြုနိုင်သည်။ အမြစ်၊ အရိုး၊ အရွက်အပါအဝင်အပင်အကြွင်းအကျန်အားလုံးကို  မြေဆွေးပြုလုပ်၍ သဘာဝမြေဩဇာအဖြစ် ပြုလုပ်အသုံးပြုနိုင်သည်။ ပဲပုပ်စေ့ကို ကြိတ်၍ ဆီထုတ်လုပ်ရာမှကျန်ရစ်ခဲ့သော ပဲပုပ်ဆီကြိတ်ဖတ်များကို   တိရစ္ဆာန်အစားအစာအဖြစ်အသုံးပြုနိုင်သည်။

ပဲပုပ်ဇီဝဒီဇယ်ထုတ်လုပ်ခြင်း

တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းလမ်းများတွင် လယ်ယာအခြေခံ ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်းနည်းလမ်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။   ပြည့်ဖြိုးမြဲစွမ်းအင်ဆိုသည်မှာ နေရောင်ခြည်(သို့)လေကဲ့သို့  အမြဲတမ်းပြန်လည်ဖြည့်ပေးသော သဘာဝနှင့်ပြန်လည်ပြည့်ဖြိုးသော အရင်း အမြစ်မှ ထုတ်လုပ်သော စွမ်းအင်ကိုခေါ်သည်။ ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးမျိုးကို ကျေးလက်ဒေသများတွင် နည်းလမ်းမျိုးစုံဖြင့် ထုတ်လုပ်လျက်ရှိရာ လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်မှစ၍   ဇီဝစွမ်းအင်များအထိ ထုတ်လုပ်ကြသည်။ ပြည့်ဖြိုးမြဲစွမ်းအင်များသည် မြေမှထုတ်ယူရရှိသော သဘာဝလောင်စာများကို  အစားထိုးသုံးစွဲနိုင်ပြီး ရေရှည်ကာလတွင်  စွမ်းအင်ဖူလုံမှုကို ဖြစ်စေသည်။

ရေနံထုတ်ကုန်များပြတ်လပ်မှုကြောင့်ဇီဝဒီဇယ်များသည် လောင်စာဆီအရင်း အမြစ်တစ်ခုအဖြစ် လူအများပိုမိုစိတ်ဝင်စားလာကြသည်။ ဇီဝဒီဇယ်၏ ကောင်းကျိုးများမှာ ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ခြင်း၊  ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုဖြစ်ခြင်း၊ ကာဗွန်ထုတ်လုပ်မှုနည်းခြင်းနှင့်  အဆိပ်အတောက်ကင်းမဲ့ခြင်းတို့ဖြစ်ပြီး  ဇီဝဒီဇယ်ကို  သာမန်ဒီဇယ်အင်ဂျင်များတွင်    အသုံးပြုနိုင်သည်။ ဇီဝဒီဇယ်ကို ယေဘုယျအားဖြင့် ဆီပါဝင်မှု မြင့်မားသော သီးနှံများမှ ထုတ်လုပ်နိုင်သည်။ ဇီဝဒီဇယ်ထုတ်လုပ်ရန် အဓိကအသုံးပြုသော သီးနှံများမှာ အမေရိကန်နိုင်ငံတွင် ပဲပုပ်၊ ဥရောပတိုက်တွင် ဆီမုန်ညင်း၊ အရှေ့တောင်အာရှဒေသရှိ အပူပိုင်းဒေသများတွင် အုန်းထန်း၊ အပူပိုင်းဇုန်နှင့်အပူလျော့ပိုင်းဇုန်များတွင် ကြက်ဆူ စသည်ဖြင့် နိုင်ငံအလိုက်သုံးကြပြီး အခြားသီးနှံများအနေဖြင့် နေကြာ၊ ဝါစေ့၊ မှော်ပင်ရေညှိ၊ ပြောင်း၊ မြေပဲတို့ဖြစ်သည်။

အမေရိကန်နိုင်ငံတွင်  ၂၀၁၈ ခုနှစ်စာရင်းအရ ဇီဝဒီဇယ်ကို ပဲပုပ်ဆီမှ အများဆုံး ထုတ်လုပ်ပြီး စုစုပေါင်းထုတ်လုပ်မှု၏၅၄ ရာခိုင်နှုန်းရှိသည်။ ယေဘုယျအားဖြင့် ပေါင် ၆၀ ရှိသော ပဲပုပ်တစ်တင်းသည် ဇီဝဒီဇယ် ၁ ဒသမ ၅ ဂါလန်ကို ထုတ်လုပ်နိုင်ပြီး ပဲပုပ်တစ်ဧကမှာ ပဲပုပ်စေ့ တင်း ၄၀ ထွက် လျှင် ဇီဝဒီဇယ် ဂါလန် ၆၀ ထွက်နိုင်သည်။

အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သင့်

စိုက်ပျိုးရေးသည်     နိုင်ငံတစ်နိုင်ငံအတွက်   အလုံးစုံဖွံ့ဖြိုးတိုးတက်မှု၏အခြေခံဖြစ်သည်။ ပဲပုပ်သီးနှံသည် တန်ဖိုးမြှင့်ထုတ်ကုန်များစွာကို ထုတ်လုပ်နိုင်သောကြောင့်  ပဲပုပ်သီးနှံစိုက်ပျိုးရေးကို တိုးချဲ့ဆောင်ရွက်သင့်သည်။ သို့သော် ပဲပုပ်သီးနှံမှတန်ဖိုးမြှင့်ထုတ်ကုန်    ထုတ်လုပ်ရန်နည်းပညာလိုအပ်သည်ကိုတော့  မမေ့သင့်ပေ။  ထိုလိုအပ်သောနည်းပညာကိုကောင်းစွာ ကျွမ်းကျင်တတ်မြောက်လျှင်ပဲပုပ်သီးနှံတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်သည့်အတွက် အသေးစား၊ အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ်များစွာဆောင်ရွက်နိုင်မည်ဖြစ်သည်။

နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက်စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ် စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်းများမှ  ထွက်ရှိလာသည့် သီးနှံထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ပဲပုပ်သီးနှံကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်သကဲ့သို့တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်နည်းပညာများကိုလည်း ရှာဖွေဖော်ထုတ်ရန်လိုအပ်သည်။ ထို့ကြောင့်  စိုက်ပျိုးရေးသုတေသနပညာရှင်၊ စိုက်ပျိုးရေးပညာရှင်၊  စိုက်ပျိုးပညာပေးရေးပညာရှင်များအပါအဝင်စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးတွင်     ပါဝင်ပတ်သက်သူများအားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သင့်ပါကြောင်းအကြံပြုတင်ပြလိုက်ရပါသည်။     ။

Source: https://myawady.net.mm/stories

စိုးမိုးဝင်း(စိုက်ပျိုးရေး)

တိုင်းရင်းကြက်မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး
-

ကျေးလက်နေပြည်သူများ၏  စားရေရိက္ခာ ပြည့်စုံဖူလုံရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းကြက်မွေးမြူရေးကို“ဟင်းစားမှသည် တစ်နိုင်တစ်ပိုင် တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်  စီးပွားဖြစ်မှသည် ပြည်ပပို့ကုန်အမည်တစ်မျိုး…”အဖြစ်မွေးမြူပါက  မိသားစုစားရေရိက္ခာအတွက် ဟင်းစားရရှိလာမည့်အပြင် ပိုလျှံသည်များကို ဈေးကွက် တင်ပို့ရောင်းချပါက မွေးမြူရေး အလုပ်အကိုင် အခွင့်အလမ်း  စီးပွားရေးလုပ်ငန်းတစ်ခု အနေဖြင့်  ပိုလျှံ တိုးပွားဝင်ငွေ အခွင့်အလမ်းရရှိလာမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်တွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည်  မြေကြီးပေါ်တွင်  စိုက်ပျိုးမွေးမြူကာ စိုက်ပျိုး၍ အပင်မှထွက်ရှိလာသည်များကို မွေးမြူရေးတိရစ္ဆာန်များတွင်ကျွေးမွေး၍   အသား၊   ငါး၊   နို့၊ ဥများ ထုတ်လုပ်ကာ   လူသားများအတွက် အဓိကလိုအပ်သော    အစာကွင်းဆက်၊   အစာသံသရာ အတွက် စားရေရိက္ခာပြည့်စုံဖူလုံအောင် ဆောင်ရွက်ပေးနေသော လုပ်ငန်းဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ကြားဖြတ်တိရစ္ဆာန် ကောင်ရေစာရင်းအရ တိုင်းရင်းကြက်၊ ဥစားကြက်၊ အသားစားကြက်၊ ကြက်ကောင်ရေစုစုပေါင်း ၈၀ ဒသမ ၈၆  သန်းရှိကာ ဒေသကြက်ကောင်ရေသည် ကြက်စုစုပေါင်း၏   ၅၄  ဒသမ  ၃  ရာခိုင်နှုန်းရှိပြီး ပြည်သူများ၏   အသားရိက္ခာအတွက်   အဓိက ပံ့ပိုးပေးနေသော  မွေးမြူရေးလုပ်ငန်းဖြစ်သည်။ ကျေးလက်ဒေသများတွင်  တိုင်းရင်းကြက်မွေးမြူရေးသည် ဝင်ငွေကောင်းရရှိစေနိုင်ပြီး ကျေးလက်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောလုပ်ငန်းတစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထင်ရှားသော တိုင်းရင်းကြက်မျိုးများဖြစ်သည့်

(က)   စစ်တကောင်းကြက်

( ခ )   အင်ပင်ဝကြက်

( ဂ )   လည်ပြောင်ကြက်

(ဃ)   တိုက်ကြက် အစရှိသောမျိုးများသည် အထူးထင်ရှားသည်။

တိုင်းရင်းကြက်မွေးမြူရေးသည် ဥစားကြက်နှင့် အသားတိုးကြက်မွေးမြူရေး လုပ်ငန်းများကဲ့သို့ ကုန်ကျစရိတ်မများဘဲ မွေးမြူထုတ်လုပ်နိုင်သော မွေးမြူရေးလုပ်ငန်း တစ်ခုဖြစ်ပေသည်။ အဓိကအားဖြင့်

      (၁)     အဆောက်အအုံ၊ အစာ၊ ဆေး၊ ခြံသုံးပစ္စည်းနှင့် လုပ်အားခ စသည့်ကုန်ကျစရိတ်များ သက်သာစွာ မွေးမြူနိုင်ခြင်း။

      (၂)      ဆိုးရွားသော ရာသီဥတုဒဏ်၊ ရောဂါဒဏ်၊  အစာချို့တဲ့မှုဒဏ်ကို နိုင်ငံခြားကြက်မျိုးများထက် ခံနိုင်ရည်ရှိခြင်း။

      (၃)     ဒေသတွင်းမိမိဘာသာ ရှာဖွေစားသောက်နိုင်ခြင်း။

      (၄)     ဖောက်စက်မလိုအပ်ဘဲ မိမိကိုင်တိုင်ဝပ်၍ သားပေါက်နိုင်ခြင်း။

       (၅)     ကြက်ငယ်များအပေါ် မိခင်၊ ဖခင်စိတ်ထားရှိနိုင်ပြီး  ကြက်ငယ်များအဝရှင်သန်ရန် လေ့ကျင့်သင်ကြားထိန်းကျောင်းပေးနိုင်ခြင်း။

      (၆)     အရွယ်ရောက်သောအခါ    မိမိဘာသာရန်သူကို  ကာကွယ်ရှင်သန် လှုပ်ရှားနိုင်ခြင်း။

      (၇)     ကြက်သား၏ အနံ့၊ အရသာနှင့် ဖွဲ့စည်းမှုကောင်းမွန်ခြင်း။

      (၈)     ကြက်ဥ၏အနှစ်အရည်အသွေးကောင်းမွန်ခြင်း စသည့် အရည်အသွေးကောင်းများ ရှိပေသည်။

အထက်ဖော်ပြပါ အရည်အသွေးကောင်းများရှိသော်လည်း တိုင်းရင်းကြက်မွေးမြူရေးကို စနစ်တကျကျွေးမွေး၊ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလျှင် သေပျောက်ဆုံးရှုံး ပျက်စီးမှုများ ကြုံတွေ့ရတတ်သည်။

“ဆရာမပြ နည်းမကျ”ဆိုသကဲ့သို့ တတ်သိနားလည်သော ဆရာ၊ တိရစ္ဆာန်ဆေးကုဆရာဝန်(မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန)များ၏ နည်းမှန်လမ်းမှန်နည်းပေး လမ်းပြမှုဖြင့်   တိုင်းရင်းကြက်မွေးမြူရေးကို စနစ်တကျမွေးမြူထုတ်လုပ်ပါက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  မှန်ကန်သောမွေးမြူရေး လုပ်ငန်းဖြစ်ပေသည်။

တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းများသည် အချိန်တိုကာလအတွင်း  ရင်းနှီးမြှုပ်နှံငွေပြန်လည်ရရှိနိုင်ခြင်း၊  မိမိတို့ဒေသအတွင်းရှိ  တိုင်းရင်းကြက်မျိုးများ၏  ထုတ်လုပ်နိုင်မှုစွမ်းရည်သည် စနစ်တကျ မွေးမြူထုတ်လုပ်ပါက   ပုံမှန်သိရှိထားသည်ထက် များစွာသာလွန် ကောင်းမွန်ခြင်း၊ အသားနှင့်ဥများ၏ အနံ့အရသာများမှာ မွေးမြူရေးကြက်ဥ၊ ကြက်သားများထက် လူကြိုက်များပြီး ထုတ်ကုန်တန်ဖိုးပိုမိုမြင့်မားခြင်းတို့ကြောင့်    ယခုအချိန်ကာလတွင် တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းသည် မွေးမြူရန်အခွင့်အလမ်း ပိုမိုကောင်းမွန်လျက်ရှိသည်။

တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်း ပိုမိုတိုးတက်အောင်မြင်စေရန်  ကြက်ခြံဆောက်လုပ်ပေးရမည်။ ညအိပ်ရန်၊   ခွေး၊ ကြောင်၊  ငှက်၊  သားရဲတိရစ္ဆာန်တို့ရန်မှ ကာကွယ်ရန်နှင့်      ရာသီဥတုဒဏ်မှ ကာကွယ်ရန်ဖြစ်သည်။    တိုင်းရင်းကြက်များသည် ကိုယ်တိုင်ရှာဖ ွေစားသောက်နိုင်သော်လည်း စပါး၊ ဆန်၊ ဆန်ကွဲ၊ ဖွဲနု၊ ထမင်း(သို့)ရောစပ်စာ၊ အစာစိမ်း၊ဒေသအလိုက် ရရှိနိုင်သော  ပိုးစာရွက်၊ ဘောစကိုင်းရွက်၊ ကန်စွန်းရွက်၊ ဗေဒါရွက်၊ ဟင်းသီးဟင်းရွက်တို့ကိုလည်း ဖွဲနု၊ ဆန်ကွဲ၊ ပဲဖတ်တို့ဖြင့်ရောစပ်ကာ အစာခွက်ဖြင့် ကျွေးမွေးနိုင်သည်။

သန့်ရှင်း၍  လတ်ဆတ်သော အစာနှင့်ရေရရှိရေးသည်   မွေးမြူရေးအတွက်  အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။  သန့်ရှင်းသောအစာနှင့် ရေရရှိရေးအတွက် သန့်ရှင်းသော အစာခွက်၊ ရေခွက်အသုံးပြုရေးသည်လည်း အရေးကြီးလှပေသည်။

တိုင်းရင်းကြက်များသည် မြန်မာနိုင်ငံအနှံ့အပြားဒေသ အသီးသီး၏ ရာသီဥတုပတ်ဝန်းကျင် အခြေအနေနှင့် ယဉ်ပါးပြီးဖြစ်ကာ  မိဘ၊ ဘိုးဘွားလက်ထက် အစဉ်အဆက်မွေးမြူခဲ့ကြသော  ဒေသကြက်မျိုးများဖြစ်သည်။ တိုင်းရင်းကြက်မွေးမြူရေးတွင်-

“ကြက်မကိုးကောင် ကိုးလရှောင်တစ်နေ့တစ်ကောင် စားသုံးမျိုးမတုံး” ဆိုသောစကားရှိသည်။ စနစ်တကျမွေးမြူမှသာလျှင် ဆိုရိုးစကားနှင့်ကိုက်ညီသော အကျိုးကျေးဇူးကို ခံစားရမည်ဖြစ်သည်။

တိုင်းရင်းကြက်မွေးမြူရေးတွင်  ဥတင်းများ ထားရှိပေးရမည်။ ကြက်ခြံ၏ မှောင်၍ ထောင့်ကျသောနေရာတွင် ဥတင်းကိုမြေပြင်မှ ၁ ပေခွဲအကွာတွင် ကောက်ရိုး၊ မြက်ခြောက်ခင်းပြီး ခိုင်ခိုင်မြဲမြဲထားပေးရမည်။    ကြက်မတစ်ကောင်လျှင်   ဥတင်းတစ်ခုနှုန်းထားပေးရမည်။  ဝပ်ကြက်မ သားပေါက်ပြီးပါက ဥတင်းထဲမှ ကောက်ရိုး၊ မြက်ခြောက်များကို စွန့်ဖယ်၍ မီးရှို့ပစ်ရမည်။ ကြက်သန်း၊ လှေးများ မတွယ်ကပ်စေရန် ကြက်ခြံအတွင်း ဥတင်း၊ အိပ်တန်းအကြိုအကြားနေရာများကို ဆေးရွက်ကြီးထည့်ခြင်း၊ ဆေးရွက်ကြီးစိမ်ထားသောရေဖြင့် ပက်ဖျန်း၊ သုတ်လိမ်းပေးခြင်းတို့ကို ပြုလုပ်ရမည်။ ကြက်ငယ်လေးများ ပေါက်လာပါက သီးသန့်အနွေးပေး မွေးမြူခြင်းဖြင့် ကြက်မများ တစ်နှစ်လျှင် သုံးကြိမ်မှလေးကြိမ် သားပေါက်ရာမှ ငါးကြိမ်မှခြောက်ကြိမ်အထိ ပိုမိုပေါက်ပွားနိုင်ပြီး ခွေး၊ ကြောင်၊ ကျီး၊ စွန် စသည်တို့ကြောင့် ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်သည်။

 တိုင်းရင်းကြက်မွေးမြူရေးခြံကို နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပေးရမည်။  သန့်ရှင်းရေး ပြုလုပ်ချိန်တွင် ကြက်ချေးအရောင်နှင့် ဖွဲ့စည်းပါဝင်မှုကိုကြည့်ရှုပြီး ကြက်များ၏ ကျန်းမာရေးအခြေအနေကို နေ့စဉ်စစ်ဆေးပေးရမည်။ အထူးသဖြင့် တိုင်းရင်းကြက်များ အိပ်တန်းဝင်နေချိန်နှင့် အစာကျွေးချိန်တွင် သေချာစစ်ဆေးပေးရမည်။

တိုင်းရင်းကြက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအဟန့်အတားဖြစ်စေသော အတားအဆီးမှာ ကြက်လည်လိမ်ရောဂါ ဖြစ်ပွားမှုဖြစ်သည်။ မှိုင်ကုပ်ပြီးရက်ပိုင်းအတွင်း   ကြက်တစ်အုပ်လုံးဆုံးရှုံးနိုင်သည်။ ကြက်ဝမ်းကျရောဂါသည် ဒုတိယဆုံးရှုံးမှုများသော ရောဂါဖြစ်သည်။ ကြက်အသက်အရွယ် မရွေးဖြစ်ပွားကာ ဆုံးရှုံးမှုများတတ်သည်။ ကြက်ငယ်ကလေးများ ညအချိန်တွင် ခြင်ကိုက်ရာမှ မျက်ခွံတွင် အနာဖြစ်ပြီး ကြက်ကျောက်ရောဂါလည်းဖြစ်ပွားတတ်သည်။ ၎င်းရောဂါများကို ကာကွယ်ဆေးပေးခြင်းဖြင့်   အပြည့်အဝကာကွယ်နိုင်သည်။

Description: C:\Users\TinTunAung\Desktop\27-2-2025\272132.JPG

    သန်ကောင်များကြောင့်လည်း ထုတ်လုပ်မှု ကျဆင်းတတ်သဖြင့် သန်ချဆေးများကိုလည်း ပုံမှန်တိုက်ကျွေးပေးရန် လိုအပ်သည်။

မှတ်တမ်းများထားရှိခြင်းသည်  တိုင်းရင်းကြက်မွေးမြူရေးတွင် ကြက်မျိုးရွေးချယ်မှုကို အထောက် အကူဖြစ်စေသည်။  ကြက်မတစ်ကောင်ချင်းအလိုက်  ဥနှုန်း၊ သားပေါက်နှုန်း၊ ကြီးထွားနှုန်း၊ အစာစားနှုန်းတို့ကိုမှတ်တမ်းထားမှသာ  မျိုးကြက်ရွေးချယ်ခြင်းနှင့်  ပယ်ခြင်းများပြုလုပ်နိုင်ပြီး အကျိုးသက်ရောက်မှုကို ဆန်းစစ်နိုင်မည်ဖြစ်သည်။

တိုင်းရင်းကြက်မွေးမြူရေးကို မိရိုးဖလာနည်းဖြင့်သာ မွေးမြူနေကြသဖြင့် တိုးတက်မှု နှောင့်နှေးနေပေသည်။ နည်းစနစ်တကျ မွေးမြူမည်ဆိုပါက မျိုးထိန်းသိမ်းခြင်းနှင့် ကြီးထွားနှုန်း၊ထုတ်လုပ်မှု အမြင့်မားဆုံးရရှိစေရန် ဆောင်ရွက်နိုင်ပြီး ပြောင်းလဲလာသော သဘာဝပတ်ဝန်းကျင် ရာသီဥတုအခြေအနေများတွင် လိုက်လျောညီထွေဖြစ်စေနိုင်သည့် မျိုးသစ်များထွက်ပေါ်လာစေရန်နှင့် တစ်နိုင်တစ်ပိုင်မွေးမြူရေးမှစီးပွားဖြစ်မွေးမြူရေး အသွင်ဖြစ်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း မိမိတို့နိုင်ငံဒေသအသီးသီးရှိ     ဒေသကြက်မျိုးများကိုပြန်လည်ဖော်ထုတ်မွေးမြူနေကြသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း  တိုင်းရင်းကြက်များကို စနစ်တကျမွေးမြူခြင်းဖြင့်  အစားအစာပြည့်စုံဖူလုံရေး၊ အစားအစာဘေးကင်း လုံခြုံရေးအတွက် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ကျေးလက်လူမှုုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာကာ နိုင်ငံတော်၏ စားရေရိက္ခာပြည့်စုံ ဖူလုံရေးတွင်အရေးပါသောမွေးမြူရေး လုပ်ငန်းဖြစ်လာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။   ။

Source: Myawady Web Portal

အောင်သူရိန်(လယ်ဝေး)

မြေကြီးက ရွှေသီးစေရမည်
-

လူသားတို့အတွက် သဘာဝတရားကြီးက မြေ၊ ရေ၊ လေဟူသော လက်ဆောင်ကြီးသုံးခုကို ပေးအပ်ထားသည်။ အဆိုပါလက်ဆောင်သုံးခုကို    လူသားတို့ကောင်းကျိုးအတွက် အသုံးပြုနိုင်ရပေမည်။ မြေကြီးသည် သူ့အပေါ်တွင် သက်ရှိသက်မဲ့အရာ အားလုံးကို နေထိုင်ခွင့်ပြုထားပေရာ လူသားတို့အတွက် မရှိမဖြစ်သောကျေးဇူးရှင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေမြေတောတောင် သဘာဝနှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည်။  မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်  သယံဇာတပြည့်စုံများပြားလှသည်။ “မြေကြီးက ရွှေသီးသည်”ဟူသောစကားမှာ တင်စားပြောဆိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ  လူသားတို့၏အသိပညာ၊ အတတ်ပညာမ

လူသားတို့အတွက် သဘာဝတရားကြီးက မြေ၊ ရေ၊ လေဟူသော လက်ဆောင်ကြီးသုံးခုကို ပေးအပ်ထားသည်။ အဆိုပါလက်ဆောင်သုံးခုကို    လူသားတို့ကောင်းကျိုးအတွက် အသုံးပြုနိုင်ရပေမည်။ မြေကြီးသည် သူ့အပေါ်တွင် သက်ရှိသက်မဲ့အရာ အားလုံးကို နေထိုင်ခွင့်ပြုထားပေရာ လူသားတို့အတွက် မရှိမဖြစ်သောကျေးဇူးရှင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေမြေတောတောင် သဘာဝနှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည်။  မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်  သယံဇာတပြည့်စုံများပြားလှသည်။ “မြေကြီးက ရွှေသီးသည်”ဟူသောစကားမှာ တင်စားပြောဆိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ  လူသားတို့၏အသိပညာ၊ အတတ်ပညာများကို သဘာဝတရားနှင့်ပေါင်းစပ်အသုံးချကာ လူတို့အတွက်  စား၊ ဝတ်၊ နေရေးမှ အရေးကြီးဆုံးဖြစ်သည့် စားရေးအတွက် လိုအပ်သည့်   စားပင်သီးပင်များ အောင်မြင်စွာဖြစ်ထွန်းလာအောင် စိုက်ပျိုးနိုင်ခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုရသော် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက်  မြေကြီးဆိုသည်မှာ  အလွန်တန်ဖိုးရှိလှသည်။

ထို့အတူ ရွှေဆိုသည်မှာလည်း လူတိုင်းနှစ်သက်စွဲလမ်းစွာ  ဝတ်ဆင်ကြသော တန်ဖိုးကြီးသတ္တုတစ်မျိုးဖြစ်သည်။ အလွန်တန်ဖိုးရှိသည့်မြေကြီးမှ အလွန်တန်ဖိုးရှိသည့် ရွှေထွက်ပေါ်လာသကဲ့သို့ စားရေးအတွက်  အရေးပါသော တန်ဖိုးရှိသည့် သီးပင်စားပင်များ ဖြစ်ထွန်းလာစေခြင်းကို တင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။

အဓိကအားဖြင့် မြေကြီးနှင့်စဉ်ဆက်မပြတ်  ထိတွေ့ဆက်ဆံဆောင်ရွက်ရမည့်လုပ်ငန်းမှာ စိုက်ပျိုးရေးဖြစ်သည်။

မြန်မာတို့ပိုင်ဆိုင်သော မြန်မာ့မြေတွင် မြန်မာတို့စိုက်ပျိုးရေး လုပ်ကိုင်ဆောင်ရွက်ရာဝယ်မိမိတို့စိုက်ပျိုးချင်သည့် သီးနှံအပေါ်မူတည်၍ မြေကိုပြင်ဆင်စိုက်ပျိုးကြရမည်ဖြစ်သည်။   စိုက်ပျိုးရေးဟုဆိုရာတွင်  “ကောက်ပဲသီးနှံ”ဟူသောဝေါဟာရကို သုံးကြသည်မှာ လယ်ယာသီးနှံ၊ စက်မှုသီးနှံ၊ ဆီထွက်သီးနှံအားလုံးကို ကိုယ်စားပြုခြင်းဖြစ်သည်။ စာပေလောကတွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းအမည်များကိုစုပေါင်း၍ “စာနယ်ဇင်း”ဟုခေါ်သကဲ့သို့ဖြစ်သည်။

စိုက်ရေးပျိုးရေးတွင် မြေကြီးသည် အကောင်းဆုံး  သွင်းအားစုဖြစ်သည်။ 

မြေကြီးသည် အပင်အတွက် အာဟာရ၊ အောက်ဆီဂျင်နှင့် ရေကိုသိမ်းဆည်းပေးနိုင်ခြင်း၊ သီးနှံအကြွင်းအကျန်နှင့်စားကျက် အကြွင်းအကျန်များအား   မြေကြီးကိုအသုံးပြု၍  မြေဆွေးပြုလုပ်နိုင်ခြင်း၊ အပင်များထောင်မတ်နေစေရန် ကူညီပေးနိုင်ခြင်း စသည့်အရေးပါသည့် အရာဖြစ်သည်။ မြေကြီးတွင် အဓိကပါဝင်သောပစ္စည်းလေးမျိုးမှာ  သတ္တုပစ္စည်းများ(ကျောက်စရစ်၊ သဲ၊ နုန်း၊ ရွှံ့အစရှိသည်…)၊ အော်ဂဲနစ်ပစ္စည်းများ (အပင် အကြွင်းအကျန်၊   တိရစ္ဆာန်အကြွင်းအကျန်၊ အဏုဇီဝသက်ရှိ အစရှိသည်…)၊  ရေ(မြေ၏စိုစွတ်မှု ၃၀ မှ ၅၀ ရာခိုင်နှုန်း)နှင့်  လေ(အောက်ဆီဂျင်နဲ့  ကာဗွန်ဒိုင်အောက်ဆိုက်)တို့ဖြစ်သည်။  အထက်ပါတို့ကိုပေါင်းစပ်ပြီး  မြေကြီးဟုခေါ်ခြင်းဖြစ်သည်။

အထက်ပါမြေကြီးပေါ်တွင်  ကောက်ပဲသီးနှံစိုက်ပျိုးရာ၌  သိရှိပြီးဖြစ်သည့် လိုအပ်ချက်များမှာ မျိုး၊ မြေ၊ ရေ၊ နည်းဖြစ်သည်။ အမျိုးအစား ပို၍ကောင်းခြင်းကို  နေရာကဏ္ဍတိုင်းတွင်  အလိုရှိကြသည်။  လူတို့တွင်   အမျိုးကောင်းသား၊ အမျိုးကောင်းသမီးဆိုသကဲ့သို့ ကောက်ပဲသီးနှံစိုက်ပျိုးမှုတွင်လည်း မျိုးကောင်းမျိုးသန့်သည် အဓိကဖြစ်၍ “မျိုးစေ့မမှန် ပင်မသန်”   ဆိုစကားပင်ရှိထားသည်။

မျိုးကောင်းမျိုးသန့်   ရရှိရေးအတွက် ပညာရှင်များက သုတေသနပြုကြရသည်။

စမ်းသပ်တီထွင်မှုပြုကြသည်။ ပြည်တွင်းမှာသာမက ပြည်ပကအောင်မြင်ဖြစ်ထွန်းသော သီးနှံအလိုက်မျိုးများကို လေ့လာမှတ်သားရသည်။

ကောက်ပဲသီးနှံများ အထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေးအတွက် မျိုးကောင်းမျိုးသန့်သည် အပင်တစ်ပင်အတွက်  အမြစ်ပင်ဖြစ်သည်။ ထိုအမြစ်ခိုင်မာရှင်သန်ရေး အတွက်  လိုအပ်သည်မှာမြေဖြစ်သည်။ မြေကိုအလှဆင်ရမည်ဆိုသည်ထက် သက်ရှိလူသားတစ်ဦးကို ပြုစုရသကဲ့သို့ပမာတူလှသည်။    စိုက်ပျိုးရေးတွင် နှစ်ပေါင်းကြာရှည်စွာ ရှိနေသည့်ဆောင်ပုဒ်တစ်ခုမှာ “ညက်ညက်ထွန် စိပ်စိပ်စိုက်”ဟူ၍ဖြစ်သည်။ မြေကြီးကို ကြေညက်နေအောင် ထွန်ပေးရသလို မြေကြီးပေါ်တွင် သီးနှံအလိုက်သတ်မှတ်ထားသည့် မျိုးစေ့နှင့်အပင်အရေအတွက်ကိုလည်း ပြည့်မီစေရန်  စိုက်ပျိုးရမည်ဖြစ်သည်။

သူ့အတိုင်းအတာနှင့်  သူ့အချိုးအစားအလိုက် မြေဩဇာထည့်သွင်းပေးကြရသည်။

မျိုးကောင်းမျိုးသန့်ရရှိပြီဆိုသည်နှင့် ကောက်ပဲသီးနှံများကို မြေကြီးတွင် စိုက်ပျိုးနိုင်ပြီဖြစ်သည်။ ရေသည် စိုက်ပျိုးမှုကွင်းဆက်တစ်လျှောက်လုံးတွင် အရိပ်တကြည့်ကြည့်နှင့် ရှိနေရမည်ဖြစ်သည်။ ရေနှင့်ကင်းကွာသောအခါ  ကောက်ပဲသီးနှံများ ဖြစ်ထွန်းနိုင်မည် မဟုတ်သည့်အတွက် ရေရရှိရေးစီမံကြရသည်။ မိုးရေ၊ မြစ်ရေ၊ ချောင်းရေ၊ ဆည်ရေ၊ မြေအောက်ရေစသည်တို့မှ   ရေကိုရအောင်ယူကြရမည်။ ကောက်ပဲသီးနှံရှင်သန်ကြီးထွား လာရေးအတွက် ရေလိုအပ်ချိန်တွင် ရေကိုအဆင်ပြေစွာ   ဖြည့်ဆည်းပေးနိုင်ရမည်ဖြစ်သည်။   ထမင်းအသက်ခုနစ်ရက်၊   ရေအသက် တစ်မနက်ဆိုသည်နှင့်အညီ ရေသည် အပင်များအတွက် အရေးပါလှသည်။ စိုက်ပျိုးရေးတွင် စိုက်ပျိုးရေနှင့်အောင်ရေ  နှစ်မျိုးလုံးကို အချိန်နှင့်တစ်ပြေးညီ  အသုံးပြုနိုင်ရမည်ဖြစ်သည်။ ရေများလျှင်လည်း  သီးနှံပျက်စီးနိုင်သကဲ့သို့ ရေနည်းလျှင်လည်း အောင်မြင်မှုနည်းပါးပေလိမ့်မည်။

မျိုး၊  မြေ၊  ရေဟူသော  ညီနောင်သုံးဖော်တို့ ပြိုင်တူလှုပ်ရှားနိုင်ရေးအတွက် ဦးဆောင်ထိန်းကျောင်း ပေးရမည်မှာ နည်းပညာဖြစ်သည်။  နည်းပညာသည် ကောက်ပဲသီးနှံအားလုံး၏  အနှစ်ချုပ်သို့မဟုတ်  ခေါင်းဆောင်ဖြစ်သည်ဟုဆိုနိုင်သည်။ နည်းပညာချို့တဲ့နေလျှင် အောင်မြင်မှုပန်းတိုင်၊ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သို့ရောက်ရှိနိုင်မည် မဟုတ်ပေ။  စိုက်နည်းမှန်မှ အထွက်နှုန်းမှန်မည်ဖြစ်သည်။ တိတိကျကျဆိုရသော် မြေကြီးကရွှေသီးနိုင်မည်သာဖြစ်သည်။

အထက်ပါအတိုင်း  စိုက်ပျိုးရေးလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်လျှင်၊  မျိုး၊ မြေ၊ ရေ၊ နည်း စသည့် ခေတ်မီနည်းစနစ်များနှင့်  စိုက်ပျိုးမည်ဆိုလျှင်  သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းစွမ်းအားများ  တိုးချဲ့ခြင်း၊  အထွက်တိုးအောင်လုပ်ဆောင်ခြင်း၊ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျှင်  စိုက်ပျိုးရေးကဏ္ဍက ထုတ်ကုန်နှစ်ဆတိုးမြှင့်ကာ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်သည်။  စိုက်ပျိုးရေးလုပ်ငန်းများ တွင်ကျယ်လာလျှင် ပြည်တွင်းစားသုံးမှုဖူလုံသည့်အပြင် ပိုလျှံမှုကို ပြည်ပသို့တင်ပို့ ရောင်းချနိုင်မည်ဖြစ်သည့်အတွက် ပြည်ပဝင်ငွေ တိုးတက်ရရှိပြီး နိုင်ငံ့စီးပွားမြင့်မားလာမည်ဖြစ်သည်။  မြန်မာနိုင်ငံက တောင်သူလယ်သမား လုပ်ငန်းရှင်များအတွက် “မြေကြီးကရွှေသီး”ခြင်းပင်ဖြစ်သည်။

စိုက်ပျိုးရေးထွက်ကုန်များတွင် မြန်မာလူမျိုးတို့  အဓိကထားစားသုံးသည့် ဆန်စပါး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ဝါ၊ ပဲပုပ်၊ နေကြာ၊ အာဟာရဓာတ်ပြည့်ဝစွာပါဝင်သည့်  ပဲအမျိုးမျိုး၊နေ့စဉ်စားသုံးနေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၊  သစ်သီးဝလံအမျိုးမျိုးနှင့် အခြားထုတ်ကုန်များ   ထုတ်လုပ်ရန် ကုန်ကြမ်းသီးနှံ   အစရှိသည်တို့ပါဝင်သည်။   စိုက်ပျိုးရေးထွက်ကုန်များကို အရေအတွက်ရော၊   အရည်အချင်းပါ ကောင်းမွန်အောင် ထုတ်လုပ်နိုင်ပါက ပြည်ပကတင်သွင်းနေရမှုများ  လျှော့ချ နိုင်ကာ နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျလာမည်ဖြစ်သည်။  နိုင်ငံခြားငွေသုံးစွဲရမှုလျော့ကျလျှင်   ပြည်တွင်းငွေကြေးလည်ပတ်မှုများ  တည်ငြိမ်တိုးတက်ကောင်းမွန်လာပြီး   နိုင်ငံစီးပွားရေး မြင့်တက်လာနိုင်သည်။ နိုင်ငံစီးပွားရေး တိုးတက်လာပြီဆိုလျှင်  ပြည်သူတစ်ဦးချင်း၏ လူမှုစီးပွားဘဝများပါ တိုးတက်မြင့်မားလာမည်ဖြစ်သည်။ “မြေကြီးကရွှေသီး”ခြင်း၏   အကျိုးဆက်များပင်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်က တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား  တွေ့ဆုံအမှာစကား ပြောကြားရာတွင်  “တိုင်းပြည်သာယာဝပြောစေရေးမြေကြီးက   ရွှေသီးအောင်လုပ်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အလုပ်လုပ်မှ မြေကြီးကရွှေသီးမည်ဖြစ်သဖြင့် အမှန်တကယ်အလုပ်လုပ်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဆိုပါက  ကုန်ဈေးနှုန်းများလည်း ထိုက်သင့်သလောက် ကျဆင်းသွားမည်ဖြစ်ကြောင်း၊   စိုက်ပျိုးရေး ထုတ်ကုန်များ  တိုးမြှင့်ထုတ်လုပ်နိုင်မှသာလျှင် ပို့ကုန်ကဏ္ဍတိုးတက် လာမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေသည်လည်း  တိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းဖြစ်ထွန်း အောင်မြင်ပြီး ပြည်ပဈေးကွက် လိုအပ်ချက်ရှိသည့်   ဆန်၊ ပြောင်း၊ ကော်ဖီတို့ကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး   ဆောင်ရွက်သွားကြရန်လိုကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့်  နိုင်ငံတော်အစိုးရသည် “မြေကြီးကရွှေသီး” နိုင်အောင် ဦးဆောင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းတစ်ခုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးအရင်းအနှီးနှင့် နည်းပညာသည် မရှိမဖြစ်အရာများဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစက်မှုကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်က လုပ်ငန်းရှင်များထံ ရင်းနှီး မတည်ငွေများ ပေးအပ်ထားသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်   ပြည်ထောင်စုအဆင့် MSME  ထုတ်ကုန်ပြပွဲနှင့်  ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်မှ  ၁၆ ရက်အထိ ကျင်းပပေးခဲ့သည်။  တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်ဆိုသည့်စကားအတိုင်း   အောင်မြင်နေသည့် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများကို ပြည်သူများမြင်တွေ့ကြရပြီးဖြစ်သည်။ ထို့ပြင် နိုင်ငံတစ်ဝန်းလုံးရှိ MSME လုပ်ငန်းရှင်များအနေဖြင့်   မိမိတို့၏  လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် ငွေကြေးလိုအပ်ချက်ရှိပါက   မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့်ပုဂ္ဂလိကဘဏ် ၁၆ ခုတို့တွင် ချေးငွေများ လျှောက်ထားကြရန် အသိပေးထားသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စိုက်ပျိုးရေး  ကုန်ထုတ်လုပ်ငန်းများကို တိုးတက်အောင်ကြိုးပမ်းကြရမည်။ ထိုသို့ကုန်ထုတ်လုပ်မှု တိုးတက်မှ နိုင်ငံ၏ GDP လည်း   တိုးတက်လာမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏  ဖွံ့ဖြိုးတိုးတက်မှုကို GDP ဖြင့် တိုင်းတာခြင်းဖြစ်၍ နိုင်ငံ့ GDP တိုးတက်ရေးအတွက်  လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီး၊   စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတို့ကို တိုးတက်စေရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။

မွေးမြူရေးလုပ်ငန်းဆိုသည်မှာလည်း   မြေကြီးပေါ်တွင်  အဓိကတည်ဆောက်ရသည့် အတွက် မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်းသည် မြေကြီးမှရွှေသီးစေခြင်းဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများမှ အသားစို၊ အသားခြောက်၊  အေးခဲအသား၊  အသားမျှင်၊ စည်သွတ်ဘူး၊ ကြက်အူချောင်း၊ ဝက်အူချောင်း စသည့်အစားအစာများ၊ အင်္ကျီ၊ ဦးထုပ်၊ ဖိနပ်တို့ကဲ့သို့သော တန်ဖိုးမြှင့်ထုတ်ကုန် လူ့အသုံးအဆောင်ပစ္စည်းများ၊ နွားနို့၊ နို့စိမ်း၊ နို့အေး၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ နို့ဆီ၊ မလိုင်၊ ထောပတ်ကဲ့သို့သောနို့ထွက်ပစ္စည်းများ၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ ထုတ်လုပ်သော  သဘာဝမြေဩဇာများ စသည်ဖြင့်မွေးမြူရေး ထွက်ကုန်များအား တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်ပြောင်းလဲ ထုတ်လုပ်လာကြသကဲ့သို့ မွေးမြူရေးလုပ်ငန်းများ၏အဓိကဖြစ်သော တိရစ္ဆာန်အစာများကိုလည်း ပြည်တွင်းထွက် စိုက်ပျိုးရေးမှ ရရှိသည့်ကုန်ကြမ်းများကိုအခြေခံပြီး အဆင့်မြင့်နည်းပညာများနှင့် ထုတ်လုပ်ဖြန့်ချိ သုံးစွဲကြရမည်ဖြစ်သည်။ ထို့အတူ ဆန်ထုတ်လုပ်မှုမှ ဆန်ကွဲနှင့်ဖွဲများကိုလည်း မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးရှိရှိ အသုံးချကြရမည်ဖြစ်သည်။ ပြောင်းထုတ်လုပ်မှုတွင်လည်း ပြောင်းပင်အစေးမှ အဆင့်မြင့်ပြောင်းကော်၊ ပြောင်းဆန်မှ  ပြောင်းဆီနှင့်ပြောင်းပင်ကို တိရစ္ဆာန်အစာနှင့် ဘိုင်အိုအက်သနော(ဇီဝလောင်စာဆီ) ထုတ်လုပ်ခြင်းများ ပြုလုပ်နိုင်သည်။

စိုက်ပျိုးရေးနှင့်  မွေးမြူရေးတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်လျက်ရှိသဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခြင်းမှာ  “မြေကြီးကရွှေသီး”စေခြင်းဖြစ်သည်။  စိုက်ပျိုးရေး၊မွေးမြူရေးနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် အထက်တွင်ဖော်ပြထားသကဲ့သို့ အဓိကလိုအပ်ချက်မှာ နည်းပညာဖြစ်သည်။ ပညာတတ်လူသားအရင်းအမြစ်များ ရရှိစေရေး Polytechnic တက္ကသိုလ်များ၊ စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများ   ဖွင့်လှစ်သင်ကြားပေးလျက် ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များကိုလည်း တိုးချဲ့ဖွင့်လှစ်မည်ဖြစ်သည်။ ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိရာတွင်  နဝမတန်းပြီးမြောက်သည်နှင့် နည်းလမ်းလေးသွယ်တွင် မိမိတို့နှစ်သက်ရာ သင်ယူခွင့်ကိုလည်း ပေးထားပြီးဖြစ်သည်။

မြေကြီးက   ရွှေသီးဖို့ဆိုသည်မှာ အရည်အသွေးပြည့်ဝသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းဈေးကွက်ကြီးများ ခိုင်မာစွာရှိနေသည့်အတွက်  မိမိတို့၏စွမ်းအားကို ဖော်ထုတ်ပြသကြရန်သာဖြစ်သည်။

မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှာ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်   ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် တစ်နည်းနည်းအားဖြင့် ပါဝင်နေသူများဖြစ်ကြသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့အတွက် ပန်းတိုင်ရည်မှန်းချက်များ    ချမှတ်ထားသည်မှာ   သုတေသနအထပ်ထပ်လုပ်ဆောင်ပြီးမှ သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့်  လုပ်ငန်းတိုင်းရည်မှန်းချက်ပြည့်မီရေးကို အလေးထားလုပ်ဆောင်ကြရမည်ဖြစ်သည်။ လုပ်ငန်းတိုင်းတွင် မိမိတို့မမျှော်လင့်ထားသည့်အရာများ ရှိတတ်သည်။  မမြင်ရသည့်နေရာတွင် အန္တရာယ်များရှိနေတတ်သည်။ အခက်အခဲများရှိနေပါက ထိုအခက်အခဲများကို  ကြီးမားသောအောင်မြင်မှုဆီသို့  ဆွဲခေါ်သွားရမည်ဖြစ်သည်။  လုပ်ငန်းရှင်များ၊ လုပ်သားများအားလုံးတွင် အကောင်းမြင်မှုနှင့် စိတ်အားထက်သန်မှု ရှိနေရမည်ဖြစ်သည်။  အကောင်းမြင်စိတ်ဓာတ်သည် အောင်မြင်မှုဆီဦးတည်ပြီး  အဆိုးမြင်စိတ်ဓာတ်သည်  ဆုံးရှုံးမှုသို့  ဦးတည်သည်။

ထို့ကြောင့်    ကြီးပွားတိုးတက်ကာ လုပ်ငန်းများ အောင်မြင်လိုသူတိုင်း၊ မြေကြီးမှ ရွှေသီးလိုသူတိုင်းအနေဖြင့် စိတ်ဓာတ်ကောင်းရမည်။ စည်းကမ်းစနစ်တကျရှိရမည်။  နိုင်ငံနှင့်လူမျိုးအပေါ်၊  မိမိ၏လုပ်ငန်းအပေါ်သစ္စာထားရှိရမည်။ ထို့ပြင် မိမိတို့လုပ်ဆောင်နေသည့်လုပ်ငန်းတွင် စည်းလုံးမှု  အမြဲရှိနေရမည်ဖြစ်သည်။  တစ်ဦးကမေတ္တာ  တစ်ဦးကစေတနာဆိုသကဲ့သို့ လုပ်ငန်းရှင်နှင့်လုပ်သားများ စည်းလုံးမှုရှိမှလည်း အောင်မြင်ပေမည်။

ထို့အတူ လုပ်ဆောင်သူများအားလုံးတွင် ကိုယ်စီစွမ်းရည်များ ရှိနေကြရမည်ဖြစ်သည်။ ကိုယ်စီစွမ်းရည်ဆိုသည်မှာ မိမိတာဝန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင် နိုင်သည့် အရည်အချင်းဖြစ်သည်။ 

“မြေကြီးကရွှေသီး”ရမည်ဟူသော မင်္ဂလာစကားနှင့်အညီ ယနေ့အချိန်အခါသည် မြန်မာတို့အတွက် အချိန်ကောင်း၊ အခါကောင်းဖြစ်သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် ကောင်းမွန်သော ဆောင်ရွက်ချက်များကို   လုပ်ဆောင်ပေးလျက်ရှိသည်။  ထို့ကြောင့်  ရောက်ရှိနေသည့် အချိန်အခါကောင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌  မြေကြီးမှရွှေသီးအောင် “တစ်စိတ်ဝမ်း တစ်လက်ညီ” ပြည်ရေးကို ပြိုင်တူညီညာ လုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။    ။

Source: Myawady Web Portal

ဘုန်းမောင်ဝင်း(ဖျာပုံ)

စိုက်ပျိုးရေးကို အခြေခံသော MSME လုပ်ငန်းများ
-

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အညီ အလေးထား လိုက်နာဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်ရှိသည့်အနက် စီးပွားရေး ဦးတည်ချက်(၃)ရပ်မှာ-

   (က)   တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော    စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊

    (ခ  )    တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို  အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊

    (ဂ  )    ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးတို့ ဖြစ်သည်။

ဦးတည်ချက်(၃)ရပ်အနက် ဦးတည်ချက် (က)နှင့်(ဂ)သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်  အဓိကတာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းအဖြစ်အဆိုပါဦးတည်ချက်များ  ပြည့်မီအောင်ဆောင်ရွက်ပြီး   ဦးတည်ချက်(ခ)အရ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်နှင့်မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန၏ မျှော်မှန်းချက်အနေဖြင့် “အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်  ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားရေရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မား လာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန်”ဖြစ်ပြီး မျှော်မှန်းချက်ပြည့်မီရေးအတွက်   “ကျေးလက်နေပြည်သူများနှင့် လယ်ယာစီးပွားရေး လုပ်ငန်းများအား ခေတ်မီဆန်းသစ်၍ ရေရှည်တည်တံ့သောထုတ်လုပ်မှု နည်းပညာများ၊ ပြုပြင်ထုပ်ပိုးနည်းလမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေး နည်းလမ်းများနှင့် ဈေးကွက်ဆိုင်ရာ နည်းပညာများကို အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်လာသော ပြည်တွင်းပြည်ပဈေးကွက် ဝယ်လိုအားနှင့်အညီ  ဘေးအန္တရာယ်ကင်းရှင်း၍ အာဟာရပြည့်ဝသည့် အမယ်စုံလင်သော စားနပ်ရိက္ခာနှင့်   စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်ရာတွင် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်”ဟူသည့်  လုပ်ငန်းတာဝန်အား ထမ်းဆောင်လျက်ရှိသည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏လမ်းညွှန်ချက်၊ ညွှန်ကြားချက်များနှင့် ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)တွင် လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုမှာ ၂၃ ဒသမ  ၇ ရာခိုင်နှုန်းဖြစ်ပြီး တိုးတက်မှုနှုန်းအနေဖြင့်  ၃ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ ပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၅၅၄ ဒသမ ၃၈ သန်း(လယ်ယာထွက်ကုန် အမေရိကန်ဒေါ်လာ ၃၈၃၁ ဒသမ ၃၁ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းအမေရိကန်ဒေါ်လာ ၈ ဒသမ ၂၃ သန်းနှင့်  ရေထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၇၁၄ ဒသမ ၈၄ သန်း)ဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍ၏ ဆောင်ရွက်နိုင်မှုအနေဖြင့် စိုက်ပျိုးမြေဧရိယာဧက ၃၀ ဒသမ ၉၇၅ သန်းရှိပြီး အဓိကသီးနှံများဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါ၊ ‌ရော်ဘာနှင့်ချက်ကြံရင့် စသည့်သီးနှံများအပါအဝင် သီးနှံ ၆၁ မျိုးကို စုစုပေါင်းစိုက်ဧက ၅၀ ဒသမ ၄၀ သန်းကျော်စိုက်ပျိုးလျက်ရှိသည်။ မိုးစပါးဧက ၁၄ ဒသမ  ၉၉ သန်း၊ နွေစပါးဧက ၂ ဒသမ ၉၉ သန်း၊ ဆီထွက်သီးနှံဧက ၈ ဒသမ  ၇၇ သန်း၊ ပဲမျိုးစုံ စုစုပေါင်းဧက ၁၀ ဒသမ ၂၈ သန်း၊ ဝါစုစုပေါင်းဧက သုည ဒသမ  ၆၁ သန်း၊ ချက်ကြံရင့်ဧက သုည ဒသမ  ၄၂ သန်း စသည်တို့စိုက်ပျိုးနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်မှာ   ကျေးလက်တွင်နေထိုင်ကြပြီး လူဦးရေ၏ ၄၅ ဒသမ ၃၅ ရာခိုင်နှုန်းခန့်သည် လယ်ယာ၊ သားငါး၊ သစ်တောနှင့် နှီးနွှယ်သည့်အလုပ်များကို လုပ်ကိုင်ကြခြင်းဖြစ်သည်။  သို့ဖြစ်ရာ  ကျေးလက်ဒေသ၏  အဓိကစီးပွားရေးဖြစ်သောစိုက်ပျိုးရေးကို မြှင့်တင်နိုင်ခြင်းဖြင့် ပြည်သူအများစု၏ လူမှုစီးပွားဘဝများကို  မြင့်မားလာစေမည်လည်းဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း”ဟူ၍ အခြေခံ(၄)ရပ်ရှိရာ သီးနှံမျိုးကောင်းမျိုးသန့်များ  အလွယ်တကူရရှိအောင်  ဆောင်ရွက်ပေးခြင်း၊ မြေကိုစနစ်တကျပြုပြင်ပေးခြင်း၊ သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းများပေးဝေခြင်း၊  စိုက်ပျိုးရေလိုအပ်ချိန်တွင် အောင်ရေရရှိအောင်ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်များဖြန့်ဝေခြင်းတို့ လိုအပ်နိုင်သော်လည်း အဓိကအကျဆုံးမှာ    တောင်သူများကိုယ်တိုင်ပင်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ပြီး ထွက်ရှိလာသော ကုန်ကြမ်းများကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများထူထောင်လုပ်ကိုင်ခြင်းဖြင့် ရရှိသောကုန်ချောများကို တင်ပို့ရောင်းချခြင်းအားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ  ပိုမိုတိုးတက်လာမည်ဖြစ်သည်။

ပြည်ပဝင်ငွေတိုးတက်ရရှိလာနိုင်မည်ဖြစ်သောကြောင့် ကုန်ချောထုတ်လုပ်ရာတွင် အသေးစား၊   အငယ်စား၊  အလတ်စားစီးပွားရေးလုပ်ငန်း  (MSME) များသည် တိုင်းပြည်၏  အဓိကမောင်းနှင်အားပင်ဖြစ်ပြီး နိုင်ငံ၏ GDP လည်း တိုးတက်လာမည်ဖြစ်သည်။  အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင်  အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ(Small and Medium Enterprises-SME)ကို   ထုတ်လုပ်မှုလုပ်ငန်း၊ ရောင်းဝယ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်းဟူ၍ လေးမျိုးခွဲခြားထားကြောင်း သိရှိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲအနေဖြင့် ကုန်ကြမ်းမှကုန်ချော ထုတ်လုပ်သည့် MSME လုပ်ငန်းများကို တိုက်ရိုက်လုပ်ကိုင်ခြင်း မရှိသော်လည်း  တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ကုန်ချောထုတ်လုပ်ရာတွင် စိုက်ခင်းများမှထွက်ရှိလာသော  ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ(ကုန်ကြမ်း)များ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်ရန်အတွက် သုတေသနလုပ်ငန်းများ၊ သီးနှံများ၏ ရိတ်သိမ်းချိန်လွန် သုတေသနလုပ်ငန်းများ၊ တောင်သူပညာပေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ဌာနခွဲတစ်ခုဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်သည့် (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အခြေခံကျသည့် ကုန်ကြမ်းပစ္စည်းဖြစ်သော အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် မျိုးစေ့ထုတ်လုပ်ငန်း၊ သုတေသနရလဒ်များကိုအခြေခံ၍ စိုက်ပျိုးနည်းစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများအား  တောင်သူပညာပေးခြင်းလုပ်ငန်း၊  GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများကို   စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

ဥယျာဉ်ခြံ၊   ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲအနေဖြင့် ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်လုပ်ငန်း၊ သစ်သီးဝလံပျိုးပင်ထုတ်လုပ်ခြင်း လုပ်ငန်းနှင့် သုတေသန လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန(VFRDC)တွင် အဓိကဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး   မင်္ဂလာဒုံမြို့နယ်၌ တည်ရှိသောအပင်ဇီဝနည်းပညာ ဗဟိုဌာန(Plant Biotechnology Center) တွင် အပင် Tissue Culture နည်းပညာ၊ Genetic Engineering နည်းပညာ စသည့်နည်းပညာများဖြင့် အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်နှင့်  သစ်သီးဝလံများအပြင် စပါး၊ ဝါ စသည့်နှံစားသီးနှံများကိုပါ သုတေသနပြုဆောင်ရွက်ခြင်း၊ မျိုးသစ်ထုတ်ပေးခြင်း   စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

MSME လုပ်ငန်းများတွင် အဓိကလိုအပ်သော အရည်အသွေးကောင်း စိုက်ပျိုးရေးထုတ်ကုန်များနှင့်   တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်  နည်းပညာများ ဖြန့်ဝေပေးနိုင်ရန်အတွက် ဥယျာဉ်-ဇီဝဌာနခွဲအောက်ရှိ နေပြည်တော်တိုင်းဒေသကြီး ရေဆင်းနယ်မြေတွင် တည်ရှိသော ရိတ်သိမ်းချိန်လွန်နည်းပညာ သုတေသနဌာန(PHRI)နှင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင်   တည်ရှိသော ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း (PHTTC) တို့မှလည်း သီးနှံရိတ်သိမ်းချိန်တွင် ဆောင်ရွက်ရမည့်နည်းပညာ၊ သိုလှောင်နည်းပညာ၊ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းနည်းပညာများကို သုတေသနပြုခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ တောင်သူများနှင့်လုပ်ငန်းရှင်များသို့ စာတွေ့၊ လက်တွေ့သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ GAP လုပ်ငန်းကို ၂၀၁၆ ခုနှစ်မှစတင်၍  အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး  စားသုံးသူများ အစားအစာဘေးကင်းရန်နှင့်  တောင်သူများ၊ MSME လုပ်ငန်းရှင်များအတွက် ဈေးကွက်ရရှိရန်ရည်ရွယ်လျက်   စိုက်ပျိုးရေး ထွက်ကုန်သီးနှံများအပေါ်  မြန်မာ GAP အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာ GAP လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကလုပ်ငန်းစဉ်နှစ်ရပ်ဖြစ်သော (၁) မြန်မာ GAP နည်းစနစ်လိုက်နာကျင့်သုံးရန် နည်းပညာပေးခြင်း၊(၂) မြန်မာ GAP  အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

GAP (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ)ဆိုသည်မှာ  မြေပြုပြင်စိုက်ပျိုးထုတ်လုပ်သည်မှ  စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန်လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများဖြစ်သည်။ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မြန်မာ GAP အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစားအစာဘေးအန္တရာယ်ကင်းရှင်းရန်နှင့် ဈေးကွက်ရရှိရန်တို့ဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်   သရက်စိုက်တောင်သူများအနက်မှ ပုဂ္ဂလိကပိုင် ၂၅ ခြံနှင့် ဌာနပိုင်ခြံနှစ်ခြံ စုစုပေါင်း ၂၇ ခြံအား GAP Certificate ပေးနိုင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိကပိုင် သရက်ခြံ ၂၀ နှင့်  ဌာနပိုင်ခြံငါးခြံ၊ ပုဂ္ဂလိကပိုင်ခရမ်းချဉ်ငါးခြံ စုစုပေါင်း ၃၀ အား GAP Certificate  ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လက်ဖက်နှင့်ကော်ဖီသီးနှံအပါအဝင် သီးနှံ ၃၃ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၄၇၄ စောင်ပေးနိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သီးနှံ ၄၉ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း  ၁၅၅၁ စောင်ပေးနိုင်ခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂၀၂၁ ခုနှစ်  စက်တင်ဘာလအထိ သီးနှံ ၃၂ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း  ၁၁၁၇ စောင်ပေးနိုင်ခဲ့သည်။ ၂၀၂၁-၂၀၂၂  (Mini Budget)တွင်  ၂၀၂၂ ခုနှစ် မတ်လအထိ  သီးနှံ ၁၉ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၄၁၉ စောင်ပေးနိုင်ခဲ့သည်။ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် သီးနှံ ၂၈ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၃၀၇ စောင်ထုတ်ပေးနိုင်ခဲ့သည်။ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်တွင် သီးနှံ ၄၀ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၃၉၅ စောင် ထုတ်ပေးနိုင်ခဲ့သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဇန်နဝါရီလအထိတွင် သီးနှံ ၃၀ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း  ၁၉၆ စောင်ထုတ်ပေးနိုင်ခဲ့သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ် ဇန်နဝါရီလအထိ GAP အသိအမှတ်ပြုလက်မှတ် စုစုပေါင်း ၄၅၁၆ စောင် ထုတ်ပေးခြင်းလုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။

အချုပ်အားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် အသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်များနှင့် အညီ(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   တင်ပြအပ်ပါသည်။   ။

Source: Myawady Web Portal

သနပ်ခါး (YAU)

ဘက်စုံအသုံးဝင် ကြံသီးနှံပင်
-

လယ်ယာသီးနှံများမှ   စားနပ်ရိက္ခာအပြင် လူသားအကျိုးပြု  အဝတ်အထည်၊  တိရစ္ဆာန်အစာနှင့်  လောင်စာစွမ်းအင်တည်းဟူသော   Food, Fibre, Feed and Fuel (F လေးလုံး)ကို ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။ သီးနှံအများစုသည် အဆိုပါ F လေးလုံးအနက် အနည်းဆုံးနှစ်မျိုးခန့်ကိုသာ ထုတ်ပေးနိုင်ကြသော်လည်း  ကြံသီးနှံ အနေဖြင့််မူ F လေးမျိုးစလုံးကိုပင်   ထုတ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။   စားနပ်ရိက္ခာအဖြစ်   သကြားကိုလည်းကောင်း၊ အမျှင်ဓာတ်အဖြစ် ကြံကြိတ်ဖတ်ကို ဖိုင်ဘာကတ်ထူပြား (Fibre Board)နှင့်  စက္ကူအဖြစ် လည်းကောင်း၊ တိရစ္ဆာန်အစာအဖြစ် တင်လဲအခြေခံဘေးဆွယ်ထွ

လယ်ယာသီးနှံများမှ   စားနပ်ရိက္ခာအပြင် လူသားအကျိုးပြု  အဝတ်အထည်၊  တိရစ္ဆာန်အစာနှင့်  လောင်စာစွမ်းအင်တည်းဟူသော   Food, Fibre, Feed and Fuel (F လေးလုံး)ကို ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။ သီးနှံအများစုသည် အဆိုပါ F လေးလုံးအနက် အနည်းဆုံးနှစ်မျိုးခန့်ကိုသာ ထုတ်ပေးနိုင်ကြသော်လည်း  ကြံသီးနှံ အနေဖြင့််မူ F လေးမျိုးစလုံးကိုပင်   ထုတ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။   စားနပ်ရိက္ခာအဖြစ်   သကြားကိုလည်းကောင်း၊ အမျှင်ဓာတ်အဖြစ် ကြံကြိတ်ဖတ်ကို ဖိုင်ဘာကတ်ထူပြား (Fibre Board)နှင့်  စက္ကူအဖြစ် လည်းကောင်း၊ တိရစ္ဆာန်အစာအဖြစ် တင်လဲအခြေခံဘေးဆွယ်ထွက်ကုန်ကိုလည်းကောင်း၊ လောင်စာအဖြစ် ဇီဝအီသနောကို လည်းကောင်း ထုတ်လုပ်ပေးနိုင်စွမ်းရှိသည့်    စက်မှုကုန်ကြမ်းသီးနှံဖြစ်သည်။ ကြံပင်သည် မျိုးရင်း (Family) Gramineae (or) Poaceae တွင်ပါဝင်ပြီး သိပ္ပံအမည်အားဖြင့်် မျိုးစိတ်များစွာရှိသည့်အတွက်  Saccharum sp. ဟုသာ ခေါ်ဝေါ်ရေးသားသည်။

ကြံပင်သည် ကြီးထွားချိန်တွင် ပူအိုက်စွတ်စိုပြီး ရင့်မှည့်ချိန်တွင် အေးမြခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ မိုးရေချိန် ၄၀ လက်မမှ ၆၀ လက်မအတွင်း    ရွာရန်လိုအပ်သော်လည်း ရေဝပ်ခြင်းကို လုံးဝမနှစ်သက်ပါ။  ကြံသီးနှံသည် စပါးသီးနှံကဲ့သို့ ရေများများစားစား မလိုအပ်သော်လည်း စပါးသီးနှံရေ လိုအပ်ချက်၏ ငါးပုံ သုံးပုံခန့်ရေကို လိုအပ်သည်။ သွင်းရေကို ကြိုက်နှစ်သက်သောသီးနှံဖြစ်သဖြင့်   ရေသွင်းစိုက်ပျိုးမည်ဆိုပါက ကြံအထွက်ကို ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုရရှိစေနိုင်သည်။ ကြံသီးနှံသည် မြန်မာနိုင်ငံ၏ ရေမြေရာသီဥတုနှင့်ကိုက်ညီသဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၃ ခုတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံ၏ ကြံစိုက်ပျိုးမှုအခြေအနေကို လေ့လာကြည့်ပါက ၁၉၉၄ - ၁၉၉၅ ခုနှစ်တွင် ကြံစိုက်ဧက ၁၃၀၀၀၀ ခန့်ရှိရာမှ ယခုအခါ ဧကပေါင်းလေးသိန်းကျော်ထိ စိုက်ပျိုးလျက်ရှိပြီး ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။

ကြံစိုက်ပျိုးထုတ်လုပ်မှုတွင် လွန်ခဲ့သောနှစ်များနှင့်နှိုင်းယှဉ်လျှင်  ကြိတ်ဝါးကြံရရှိမှု၊  အထွက်နှုန်းနှင့် ကြံအရည်အသွေးများသည်လည်း  တဖြည်းဖြည်း ပြောင်းလဲတိုးတက်လျက်ရှိသည်။  ၂၀၁၁ - ၂၀၁၂ ခုနှစ်တွင်  တစ်နိုင်ငံလုံး  စိုက်ဧက  ၃၈၀၀၀၀ ကျော်မှ  တန်ချိန်  ၈၆  သိန်းကျော်ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် စိုက်ဧကလေးသိန်းကျော်မှ တန်ချိန် ၁၁၅ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။

ရှမ်းပြည်နယ်တွင် ကြံစိုက်ဧက  ၁၇၀၀၀၀ ကျော်ရှိပြီး ရှမ်းမြောက်ဒေသမှ စိုက်ဧကပေါင်း  ၁၄၀၀၀၀ ကျော်ထိစိုက်ပျိုးခဲ့ရာ ကြိတ်ဝါးကြံ တန်ချိန် ၃၈ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။ ရှမ်းပြည်နယ်သည် ကြံပင်ကြီးထွားမှုအတွက်   လိုအပ်သောအပူချိန်နှင့် ရေမြေပတ်ဝန်းကျင်ကောင်းများရှိသည့်အတွက် နှစ်စဉ်ကြံစိုက်ဧရိယာ တိုးတက်လျက်ရှိသလို တစ်ဧကအထွက်နှုန်းကောင်းပြီး   သုံးနှစ်မှ  လေးနှစ်ထိ ကြံလမိုင်းများ ထားလေ့ရှိကြသည်။ မြန်မာနိုင်ငံ၏ ၂၀၂၃−၂၀၂၄ ခုနှစ် ကြံရာသီ ပျမ်းမျှကြံအထွက်နှုန်းသည် တစ်ဧကလျှင် ၂၇ ဒသမ ၅၅ တန်ဖြစ်သည်။ ကြံသီးနှံ၏ တစ်ဧကပန်းတိုင် အထွက်နှုန်းသည်  တန်  ၃၀  ဖြစ်သည့်အတွက် တစ်ဧကအထွက်နှုန်းတိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

မြန်မာနိုင်ငံအပါအဝင်  သကြားထုတ်လုပ်သည့် နိုင်ငံပေါင်း ၁၁၀ ခန့်ရှိပြီး ပျမ်းမျှအားဖြင့် ကြံမှသကြား ထုတ်လုပ်မှုမှာ စုစုပေါင်းသကြားထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းဖြစ်ပြီး သကြားမုန်လာမှ ထုတ်လုပ်မှုသည် ၂၀ ရာခိုင်နှုန်းရှိသည်။ ကမ္ဘာတစ်ဝန်းလုံး နှစ်စဉ်သကြားထုတ်လုပ်မှုသည်  မက်ထရစ်တန်သန်း ၁၈၀ ခန့်ရှိပြီး  ကမ္ဘာ့သကြား အများဆုံးထုတ်လုပ်သည့်နိုင်ငံမှာ  ဘရာဇီးနိုင်ငံဖြစ်ကြောင်းသိရသည်။ ၂၀၁၀−၂၀၁၁ ခုနှစ်မှ  ၂၀၂၂−၂၀၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့်  သကြားထုတ်လုပ်မှုသည် ၂၀၁၇−၂၀၁၈ ခုနှစ်တွင် အများဆုံးဖြစ်ပြီး  မက်ထရစ်တန် ၁၉၄  ဒသမ ၈၈ သန်းဖြစ်ကြောင်း တွေ့ရှိရသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နှစ်စဉ်သကြားစားသုံးမှုသည်   ၂၀၂၂−၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန်၁၇၆  သန်းမှ ၂၀၂၃−၂၀၂၄ ခုနှစ်တွင် မက်ထရစ်တန်၁၈၀ ဒသမ ၀၅  သန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းရသည်။     လေ့လာ တွေ့ရှိချက်များအရ အမေရိကန်ပြည်ထောင်စုသည်   ကမ္ဘာပေါ်တွင် သကြားစားသုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး   လူတစ်ဦး တစ်နှစ်လျှင် သကြားပျမ်းမျှ ၄၆ ဒသမ ၁၃ ကီလိုဂရမ်ခန့် စားသုံးကြောင်းသိရှိရသည်။   သကြားအများဆုံးထုတ်လုပ်သည့် ၁၀ နိုင်ငံထဲတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော  အိန္ဒိယ၊  တရုတ်၊ ထိုင်းနိုင်ငံတို့ပါဝင်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ သကြားထုတ်လုပ်မှုမှာ နှစ်စဉ်တန်ချိန် လေးသိန်းကျော်ဖြစ်သည်။  ၂၀၁၉  ခုနှစ်  မြန်မာနိုင်ငံ၏ လူတစ်ဦး တစ်နှစ်လျှင် သကြားစားသုံးမှု စစ်တမ်းအရ ပျမ်းမျှ ၇ ဒသမ ၇ ကီလိုဂရမ်ခန့်ရှိသည့်အတွက် လက်ရှိ မြန်မာနိုင်ငံလူဦးရေနှင့်  တွက်ချက်ကြည့်မည်ဆိုပါက သကြားတန်ချိန် ၄၂၀၀၀၀ ခန့်လိုအပ်ပြီး ပိုလျှံသောပမာဏကို ပြည်ပသို့တင်ပို့နိုင်သည်။

ကမ္ဘာပေါ်တွင် သဘာဝသယံဇာတပစ္စည်းများ တဖြည်းဖြည်းရှားပါးလာသဖြင့်   ကျောက်ဖြစ် ရုပ်ကြွင်းတွင်းထွက် ရေနံဓာတုလောင်စာနေရာတွင် အစားထိုးအသုံးပြုနိုင်ရန်နှင့် လောင်စာဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက်  အစားထိုးလောင်စာစွမ်းအင် ဇီဝအီသနောကို ရေရှည်တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။ ကြံမှသကြားအပြင် ဇီဝလောင်စာဆီဖြစ်သည့် အီသနောကို အများအပြား ထုတ်လုပ်လျက်ရှိကြရာ ၂၀၂၂ ခုနှစ်စာရင်းအရ အမေရိကန်ပြည်ထောင်စုသည် အီသနောဂါလန်သန်းပေါင်း ၁၅၄၀၀ ထုတ်လုပ်ပြီး ပထမနေရာမှ ဦးဆောင်လျက်ရှိသည်။ ဘရာဇီးနိုင်ငံက ဂါလန်သန်းပေါင်း ၇၄၂၀ ဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့်   ၂၀၂၁−၂၀၂၂ ခုနှစ် ပြည်တွင်းစက်သုံးဆီသုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းဖြန့်ဖြူးလျက်ရှိပြီး သုံးစွဲမှု၏ ၃ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်းတွင်ထုတ်လုပ်ကြောင်း သိရှိရသည်။ သို့ဖြစ်ရာ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့်  ဖူလုံမှုရှိစေရန် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များအနက်  တစ်ခုအပါအဝင် ဖြစ်သည့် လယ်ယာထွက်သီးနှံနှင့်   ဘေးထွက်ပစ္စည်းများမှ ဇီဝလောင်စာစက်သုံးဆီများကို     ပြည်တွင်း၌ ကျယ်ပြန့်စွာ ထုတ်လုပ်သုံးစွဲနိုင်အောင် ဆောင်ရွက်ရေးမှာ   အထူးလိုအပ်လျက်ရှိကြောင်း တွေ့ရှိရသည်။   ကြံမှ    ဇီဝလောင်စာစက်သုံးဆီအပြင် ကြံကြိတ်ဖတ်မှ    လျှပ်စစ်ဓာတ်အားကိုလည်း ထုတ်ယူရရှိနိုင်သည်။ ကြံတန် ၁၀၀ ကြိတ်လျှင် ကြံဖတ် တန်ချိန် ၃၀ ခန့်ရရှိပြီး ထွက်ရှိကြံဖတ်ကို ကြံမှသကြားကြိတ်ဝါးရာ၌လိုအပ်သည့် ဘွိုင်လာစွမ်းအင်တွင် ပြန်လည်အသုံးပြုနိုင်သည်။  မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်နေသော သကြားစက်ရုံ ၂၂ ရုံမှ တစ်နှစ်လျှင် ကြံတန်ချိန် သိန်း  ၄၀ ကျော် ကြိတ်ဝါး လျက်ရှိသည်။   သကြားစက်ရုံများလည်ပတ်ချိန်တွင် ကိုယ်ပိုင်စွမ်းအင်များထုတ်လုပ်၍   လည်ပတ်ခဲ့ခြင်းဖြစ်ပြီး စက်လည်ချိန်ကာလတွင် စက်ရုံသုံးအပြင် အပိုလျှပ်စစ်စွမ်းအင်များကို ထုတ်လုပ်နိုင်သည်။

မြန်မာနိုင်ငံရှိ   သကြားစက်ရုံအများစုသည် တစ်ရက် ကြံတန်ချိန် ၂၀၀၀ စွမ်းအား ကြိတ်ဝါးသည့် စက်များဖြစ်သဖြင့်   ကြံဖတ်ပိုလျှံမှုနည်းပြီး   လျှပ်စစ်ထုတ်နိုင်မှုနည်းပါးသည်။ ပုဂ္ဂလိက သကြားစက်ရုံလေးရုံဖြစ်သည့်  နဝဒေးသကြားစက်၊  မောင်းကုန်းသကြားစက်၊  ဆင်းရွှေလီသကြားစက်နှင့် မိုင်းရယ်သကြားစက်တို့မှာ တစ်ရက်လျှင် ကြံတန်ချိန် ၅၀၀၀ တန်နှင့်အထက်  ကြိတ်ဝါးနိုင်သည့် စက်များဖြစ်သောကြောင့် စက်ရုံအတွက်လိုအပ်သော လျှပ်စစ်စွမ်းအင်အပြင် ပိုလျှံသောလျှပ်စစ်စွမ်းအင်များကို အနီးပတ်ဝန်းကျင်ရှိရွာများအား ဖြန့်ဝေပေးနိုင်သည်။ ထို့ကြောင့် ပြည်တွင်းသကြားစက်လုပ်ငန်းရှင်များအနေနှင့် စက်စွမ်းအားတိုးမြှင့်ပြီး   Value Added  ထုတ်လုပ်မှုများနှင့် ယှဉ်တွဲဆောင်ရွက်မည်ဆိုပါက သကြားစက်ရုံများအတွက်   အပိုဝင်ငွေရရှိပြီး   ကြံစိုက် တောင်သူများအားပံ့ပိုးနိုင်ကာ   စျေးကောင်းပေး ဝယ်ယူနိုင်ခြင်းတို့ကြောင့်   နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးရရှိစေမည် ဖြစ်သည်။

ထိုကဲ့သို့   ဘက်စုံအကျိုးကျေးဇူးများသည့် ကြံသီးနှံပင်စိုက်ပျိုးထုတ်လုပ်မှု   ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်တည်တံ့စေရန် စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲအနေဖြင့် သုတေသနလုပ်ငန်းနှင့် မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးခြင်း လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။   လက်ရှိအချိန်ထိ    ဌာနမှ   မှတ်ပုံတင်ထုတ်လုပ်ထားသော     ကြံမျိုးသစ်ကိုးမျိုးရှိပြီး တောင်သူများက ဒေသအလိုက် မိမိတို့ကြိုက်နှစ်သက်သည့် မျိုးများကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြသည်။

မည်သည့်သီးနှံပင်ဖြစ်စေ မျိုးတစ်မျိုးကို နှစ်စဉ်ဆက်တိုက်စိုက်ပျိုးပါက အရည်အသွေးနှင့် အထွက်နှုန်း ကျဆင်းလာနိုင်ခြင်းကြောင့် လက်ရှိထုတ်ဝေပြီး သားကြံမျိုးများမှ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနေသော မျိုးများကို ခေတ်မီတစ်သျှူးနည်းဖြင့် မျိုးသန့်ပွားများပြီး   ဖြန့်ဝေခြင်းလုပ်ငန်းကို ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံသုံးခြံတွင်  ဆောင်ရွက်လျက်ရှိသည်။  တစ်သျှူးနည်းနှင့် ကြံမျိုးမွေးမြူခြင်းဖြင့် ရောဂါကင်းစင်ပြီး အရည်အသွေးကောင်းသော Healthy Seed Cane များကိုရရှိသည်။ အဆိုပါ တစ်သျှူးစတင်မွေးမြူခြင်းနှင့် ရရှိလာသည့် Breeder Seed နှင့် Foundation Seed အဆင့်များကို သုတေသနခြံများနှင့် မျိုးသန့်ခြံများတွင် ဆောင်ရွက်လျက်ရှိပြီး စီးပွားဖြစ်မျိုးသန့်မျိုးစေ့ Commercial Seed အဆင့်ကို  မျိုးသန့်ခြံများနှင့် သကြားစက်ရုံများမှတစ်ဆင့် တောင်သူများထံဖြန့်ဖြူးပေးလျက်ရှိသည်။

ထွက်ရှိလာသောသကြားများ၏ အရည်အသွေးကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် ပျဉ်းမနား ကြံသုတေသနခြံတွင် ဓာတ်ခွဲခန်း အဆောက်အအုံဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး  လိုအပ်သည့်  ပစ္စည်းအင်အား၊ လူအင်အားပြည့်စုံပါက  ISO   အသိအမှတ်ပြု သကြားအရည်အသွေး ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့်  မိမိတို့နိုင်ငံမှထွက်ရှိသော အရည်အသွေးစံချိန်မီသည့်သကြားများကို အာဆီယံနှင့် အနောက်နိုင်ငံများအထိပါ တင်ပို့နိုင်မည်ဖြစ်သောကြောင့် တိုင်းပြည်ဝင်ငွေပိုမိုရရှိမည့်အပြင် သကြားစက်ရုံများနှင့် တောင်သူများပါ အကျိုးအမြတ်များစွာရရှိစေနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါး လိုက်ရပေသည်။    ။

ဒေါက်တာခင်ခင်ကြီး

မြန်မာ့ဂုဏ်ဆောင်သည့်ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice)
-

“မြေကြီးမှ ရွှေသီး” ဆိုသလို ဆန်စပါးသည် မြန်မာ့စီးပွားရေးအသက်သွေးခဲဖြစ်သည်။ ဆန်သည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံး  အဓိကအစားအစာများထဲမှ တစ်ခုဖြစ်ပြီး သန်းပေါင်းများစွာသော လူများအတွက် အထူးသဖြင့် အာရှတိုက်ရှိ  အစားအစာများ၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ စပါးသည်   မြက်ပင်မျိုးဖြစ်သည်။ အများအားဖြင့် တစ်နှစ်ခံပင်မျိုးဖြစ်၍   အချို့အပူပိုင်းဒေသများတွင် နှစ်ကြာခံပင်မျိုးဖြစ်သည်။  ရုက္ခဗေဒပညာရှင်များက ယခုစိုက်ပျိုးလုပ်ကိုင်နေကြသော စပါးမျိုးများသည်   ရှေးအခါက အရိုင်းပေါက်ခဲ့သောစပါးမျိုးမှ ဆင်းသက်လာသည်ဟုဆိုသည်။   ရုက္ခဗေဒအလိုအရ စပါ

“မြေကြီးမှ ရွှေသီး” ဆိုသလို ဆန်စပါးသည် မြန်မာ့စီးပွားရေးအသက်သွေးခဲဖြစ်သည်။ ဆန်သည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံး  အဓိကအစားအစာများထဲမှ တစ်ခုဖြစ်ပြီး သန်းပေါင်းများစွာသော လူများအတွက် အထူးသဖြင့် အာရှတိုက်ရှိ  အစားအစာများ၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ စပါးသည်   မြက်ပင်မျိုးဖြစ်သည်။ အများအားဖြင့် တစ်နှစ်ခံပင်မျိုးဖြစ်၍   အချို့အပူပိုင်းဒေသများတွင် နှစ်ကြာခံပင်မျိုးဖြစ်သည်။  ရုက္ခဗေဒပညာရှင်များက ယခုစိုက်ပျိုးလုပ်ကိုင်နေကြသော စပါးမျိုးများသည်   ရှေးအခါက အရိုင်းပေါက်ခဲ့သောစပါးမျိုးမှ ဆင်းသက်လာသည်ဟုဆိုသည်။   ရုက္ခဗေဒအလိုအရ စပါးသည် “အိုရီဇာ”မျိုးစုတွင်ပါဝင်သည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပြီး အမျိုးသားပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းပါဝင်သည်။ နိုင်ငံတော်၏ တောတောင်ရေမြေရာသီဥတုအနေအထားသည် ကောင်းမွန်ပြီး    စိုက်ပျိုးမြေပေါကြွယ်ဝသည့်အလျောက် စိုက်ပျိုးရေးကဏ္ဍဖြစ်သည့် ဆန်စပါးကို အဓိကစီးပွားရေးကဏ္ဍအဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ဆန်စပါးသည် မြန်မာနိုင်ငံ၏အဓိကစားနပ်ရိက္ခာဖြစ်သည်။

ဒုတိယကမ္ဘာစစ်မတိုင်မီက မြန်မာနိုင်ငံတွင် စပါးစိုက်ဧက ဟက်တာငါးသန်းအထိရှိခဲ့ပြီး ထိုစဉ်က မြန်မာနိုင်ငံသည် နှစ်စဉ်ပြည်ပသို့ ဆန်တန်ချိန်သုံးသန်းတင်ပို့နိုင်ခဲ့ကာ ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သော်လည်း စစ်ပြီးကာလတွင် ပြည်တွင်းမငြိမ်သက်မှုများကြောင့် စပါးစိုက်ပျိုးမှုလျော့နည်းခဲ့ရသည်။  ၁၉၆၅ ခုနှစ်နောက်ပိုင်းတွင် ဆန်ထုတ်လုပ်မှုအနည်းငယ်  ပြန်လည်တိုးတက်လာခဲ့သည်။ စားရေရိက္ခာဖူလုံစေရန်နှင့် ဆန်တင်ပို့မှုတိုးတက်မြင့်မားလာစေရန် အထူးဆန်အထွက်နှုန်းအစီအစဉ်မှတစ်ဆင့် ဆန်နည်းပညာသစ်ကို  ၁၉၇၇-၁၉၇၈ ခုနှစ်မှစတင်မိတ်ဆက်စိုက်ပျိုးခဲ့သည်။ ဆည်မြောင်းတာတမံများ၊  ရေလှောင်ကန်များ ဆောက်လုပ်ပေးခြင်း၊  ရှိရင်းစွဲဆည်မြောင်းများ  ပိုမိုကောင်းမွန်လာစေရန်  ပြုပြင်ပေးခြင်း၊ မြစ်ရေတင်စက်များတည်ထောင်ခြင်းနှင့် အထူးသဖြင့် စိုက်ပျိုးရေကို အာမခံချက်ပေးရန်မြေအောက်ရေကိုတူးဖော်ပေးခြင်း၊ နွေစပါးစိုက်ပျိုးခြင်း စသည်တို့ကြောင့် မြန်မာ့ဆန်စပါးလုပ်ငန်းသည် တိုင်းပြည်၏ဆန်ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးသည့်ရလဒ်ကောင်းများကို   ရရှိခဲ့သည်။  မြန်မာနိုင်ငံတွင်    ပြည်တွင်းဈေးကွက်အကြိုက်စပါးမျိုး ၅၀ ခန့်နှင့် ပြည်ပဈေးကွက်အကြိုက် စပါးမျိုး ၂၀ ခန့်အပါအဝင် စပါးအမျိုးပေါင်း ၉၀ ကျော်ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

ပေါ်ဆန်းဆန်အား ၁၉၉၇-၁၉၉၈ ခုနှစ်ခန့်က ရွှေဘိုမြို့နယ် သီးလုံးကျေးရွာရှိ တောင်သူတစ်ဦးက ရန်ကုန်တိုင်းဒေသကြီးကျောက်တန်းမြို့နယ်ရှိ  ဗုံလုံကျေးရွာမှ ပေါ်ဆန်းဘေးကြားစပါးမျိုးလေးပြည်ယူဆောင်ပြီး စမ်းသပ်စိုက်ပျိုးရာမှစတင်ခဲ့သည်။  စိုက်ပျိုးခါစတွင်  တောင်သူကြိုက်နှစ်သက်မှု  နည်းခဲ့သော်လည်း နှစ်အနည်းငယ်ကြာလာသည်နှင့်အမျှ မိမိတို့ဒေသရေမြေရာသီဥတုနှင့်  ကိုက်ညီသဖြင့် စိုက်ပျိုးဖြစ်ထွန်းခြင်း၊ အထွက်နှုန်းကောင်းခြင်း၊  ဆန်ထွက်ကောင်းခြင်း၊ စားသုံးမှုအရသာကောင်းခြင်းတို့ကြောင့်  အသုံးများပြီး    လူကြိုက်များလာခဲ့ရာ  တောင်သူအချင်းချင်းမျိုးဖလှယ်၍ စိုက်ပျိုးမှုမှာတစ်စတစ်စများလာခဲ့သည်။ ရွှေဘိုပေါ်ဆန်းစပါးမျိုးကို   ရွှေဘိုမြို့နယ်တင်မကဘဲ ခရိုင်အတွင်းရှိ  ဝက်လက်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း စသည့်မြို့နယ်များအထိပါ   တိုးချဲ့စိုက်ပျိုးလာကြပြီး ဈေးကွက်ဝင်မျိုးကောင်းမျိုးသန့်အဖြစ် ထင်ရှားလာကာ ၂၀၀၆-၂၀၀၇ ခုနှစ်ခန့်မှစ၍  မန္တလေးဈေးကွက်တွင်  “ရွှေဘိုပေါ်ဆန်း”ဆိုပြီး   နေရာရလာခဲ့သည်။ ရွှေဘိုပေါ်ဆန်းစပါးမျိုးသည်    မီးဒုန်းအုပ်စုဝင်ဖြစ်ပြီး သက်ကြီး၊  သက်လတ်၊ သက်လျင်ဟူ၍ သုံးမျိုးရှိသည့်အထဲမှ သက်လတ်ရာသီ စပါးရွှေဘိုပေါ်ဆန်းက ဈေးကွက်ဝင်  လူကြိုက်အများဆုံးဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏   တတိယစပါးကျီတစ်ခုဖြစ်သည့်အားလျော်စွာ ရွှေဘိုဒေသတွင် သဖန်းဆိပ်ဆည်ရေဖြင့် စပါးစိုက်လယ်ဧက ၄ ဒသမ ၄ သိန်းခန့်ရှိရာ မိုးရေချိန် လက်မ ၄၀ ရှိသည့်အတွက်  အထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်သည့်  ရွှေဘိုပေါ်ဆန်းစပါးတိုးတက်စိုက်ပျိုးလာကြသည်ကို စိုက်ပျိုးရေးဦးစီးဌာန၏  စာရင်းများအရသိရှိရသည်။ ရွှေဘိုပေါ်ဆန်းစပါးသည်   ရွှေဘိုဒေသ၏   ရေမြေရာသီဥတုနှင့်ကိုက်ညီခြင်း၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးလာနိုင်ခြင်းတို့ကြောင့် တင်ပို့ရောင်းချသူများအနေဖြင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များအထိ ထိုးဖောက်ချဲ့ထွင်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်။  ထိုသို့ ပြည်ပဈေးကွက်ရရှိရေး အတွက်လည်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်  အထွက်နှုန်းကောင်းသော၊ အရည်အသွေးကောင်းသော မျိုးကောင်းမျိုးသန့် စပါးများရွေးချယ်စိုက်ပျိုးခြင်း၊ ဈေးကွက်ခိုင်မာသော စပါးမျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ GAP စနစ်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း   အစရှိသည့် နည်းလမ်းများကို ဆောင်ရွက်လျက်ရှိကြသည်။

ရွှေဘိုပေါ်ဆန်းစပါးနှင့်ဆန်၏ထူးခြားကောင်းမွန်သည့် လက္ခဏာများသည် ဒေသ၊ ရေမြေရာသီဥတုနှင့်ကိုက်ညီသည့်အတွက်   စပါးအထွက်ကောင်းခြင်း၊ အလေးချိန်စီးပြီး အနှစ်ပြည့်ဝခြင်း၊ စပါးပေါ်ချိန်မှစ၍  သိုလှောင်ချိန်ကာလများအထိ ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရခြင်း၊ ဆန်ထွက်ကောင်းပြီး ဆန်အရည်အသွေးနှင့်   ဆန်သားကောင်းမွန်ခြင်း၊ စပါးရိတ်ချိန်တွင် အစေ့ကြွေကျမှုနည်း၍ လေလွင့်မှုသက်သာခြင်း၊    အိုးတက်ခြင်း၊  အနံ့မွှေးပြီးနူးညံ့ခြင်းတို့ကြောင့် စားကောင်းသည့်ဆန်ဖြစ်သည်။

၂၀၁၁ ခုနှစ်၌  ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ကျင်းပခဲ့သော  အပြည်ပြည်ဆိုင်ရာဆန်စပါးညီလာခံတွင်   မြန်မာနိုင်ငံမှ ထုတ်လုပ်သည့်   ရွှေဘိုပေါ်ဆန်း သည် “ကမ္ဘာ့အကောင်းဆုံးဆန်(World Best Rice)”အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အရှေ့တောင်အာရှ ဆန်စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများတွင် အကောင်းဆုံးသောအရည်အသွေးများနှင့်ထိပ်တန်းဆန်များ ကိုယ်စီပိုင်ဆိုင်ထားကြသည့်အနက် မြန်မာနိုင်ငံသည်လည်း   ပါဝင်လာခြင်းဖြစ်သည်။

ထိုင်းမှစံပယ်နံ့မွှေးသော Hom Mali ဆန်၊ ကမ္ဘောဒီးယားနိုင်ငံမှ Malys Angkor ဆန်၊ ဗီယက်နမ်နိုင်ငံမှ ST24 ဆန်များနည်းတူ မြန်မာနိုင်ငံမှ  ရွှေဘိုပေါ်ဆန်းကလည်း ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ရပ်တည်လာခြင်းဖြစ်ရာ  မိမိတို့၏ဆန်အရည်အသွေးကို   မပြတ်မြှင့်တင်နေရန်နှင့် အကောင်းဆုံးဆန်စပါးမျိုးသစ်များ ထပ်မံထွက်ပေါ်လာစေရန်လည်း ကြိုးပမ်းနေကြရမည်ဖြစ်သည်။ ရွှေဘိုပေါ်ဆန်းကို ပြည်တွင်းဈေးကွက်တွင်  အများဆုံးရောင်းချရပြီး ပြည်ပဈေးကွက်တွင်လည်း “မြန်မာ့ပုလဲ” အမည်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ရွှေဘိုပေါ်ဆန်းဆန်ကို  အသေးစိတ်တိကျသော  သီးခြားအရည်အသွေးများ၊ နာမည်ဂုဏ်သတင်း သို့မဟုတ်  ထူးခြားသော အသွင်အပြင်လက္ခဏာရှိသည့် အချို့သော တိုင်းပြည်၊ ဒေသ သို့မဟုတ် တိုင်းဒေသကြီး/ ပြည်နယ်များမှလာသော ထုတ်ကုန်ပစ္စည်းများအပေါ်  ပထဝီဝင်ဒေသဆိုင်ရာညွှန်းဆိုမှုအတွက်  သိသာထင်ရှားစေသည့်   အထောက်အထားလက်မှတ်တစ်ခုဖြစ်သော Geographical Indication(GI) ရရှိရေးအတွက်  အဖွဲ့အစည်းအဆင့်ဆင့်ဖွဲ့စည်း၍ ကျွမ်းကျင်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် စုပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။  အဆိုပါ အသိအမှတ်ပြုလက်မှတ်သည် ပုံမှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ရောင်းချသော   ကုန်ပစ္စည်းများအတွက်   ဈေးကွက်တန်ဖိုးကို တိုးပွားစေပြီး   ၎င်းထုတ်ကုန်များ၏ အရည်အသွေးကြောင့် စားသုံးသူများ၏ အသိအမှတ်ပြုမှုကို   တည်ဆောက်နိုင်ခြင်းဖြင့်  ဒေသထုတ်ကုန်များ၏ ကုန်အမှတ်တံဆိပ်ကိုကာကွယ်ပေးကြောင်း   သိရှိရသည်။

မြန်မာ့ဆန်ကို  ကမ္ဘာ့ဈေးကွက်တွင် ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရန် စပါးစတင်စိုက်ပျိုးချိန်တွင် GAP စနစ်များဖြင့်စိုက်ပျိုးခြင်းမှစတင်ကာ ဓာတ်မြေဩဇာကျွေးခြင်း၊ စပါးအထွက်နှုန်းကောင်းစေရန်နှင့်  ဆန်အရည်အသွေးမြင့်မားစေရန် အချိန်မီရိတ်သိမ်းခြင်း၊    ရိတ်သိမ်းချိန်လွန်နည်းပညာများဖြစ်သည့် စပါးအခြောက်ခံခြင်း၊ စပါးသန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊ ဖြန့်ချိခြင်းနှင့်ကြိတ်ခွဲခြင်း စသည့်အဆင့်တိုင်းတွင် ဈေးကွက်ဝင်ဖြစ်စေရေးတို့ကို နိုင်ငံတကာကသတ်မှတ်ထားသောအဆင့်မီနေရန်   ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးနှင့်    မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို  ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး    အခြားစီးပွားရေးကဏ္ဍများကိုလည်း   ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးသည် နိုင်ငံတော်၏ ဦးတည်ချက်(၉)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက “မြန်မာနိုင်ငံအနေဖြင့်   နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ရာ အရည်အသွေးနှင့်အထွက်နှုန်း   ပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးကို ဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့်  ဆောင်ရွက်သွားကြရန်”လိုအပ်ကြောင်းကို  “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂”ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့ပြင် “မိမိတို့နိုင်ငံမှထုတ်လုပ်သည့် ဆန်နှင့်ပဲများသည် ဈေးကွက်ရရှိပြီးဖြစ်သဖြင့် ယခုထက်အရည်အသွေး  ပိုမိုကောင်းမွန်သည့်   ဆန်နှင့်ပဲများတင်ပို့နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊  ဥပမာအားဖြင့် ဂုဏ်သတင်းရှိပြီးဖြစ်သည့် ပေါ်ဆန်းမွှေးဆန် ရောင်းအားမြှင့်တင်ရန်လိုကြောင်း”ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်  ဇန်နဝါရီလ ၁၇ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး   အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထိုသို့ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အတိုင်း အရည်အသွေးနှင့်အထွက်နှုန်းပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့စိုက်ပျိုးပြီး အရည်အသွေးမြင့် မြန်မာ့ဆန်များပြည်ပသို့ပိုမိုတင်ပို့နိုင်ရေး၊ ကမ္ဘာ့ဆန်တင်ပို့သည့်  ထိပ်တန်းနိုင်ငံနေရာသို့ ပြန်လည်ရောက်ရှိရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရေး တို့အတွက်   ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားတင်ပြလိုက်ရပါသည်။    ။