မြန်မာ့တပ်မတော်နှင့် MNDAA အပစ်ရပ် သဘောတူမှုရပြီဟု တရုတ်ဘက်က အသိပေးလာ

News Image

  • မြန်မာ့တပ်မတော်နှင့် MNDAA အပစ်ရပ် သဘောတူမှုရပြီဟု တရုတ်ဘက်က အသိပေးလာ

တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မော်နင်က ယနေ့ ဇန်နဝါရီ (၂၀) ရက်တွင် သတင်းထောက်များကို အသိပေးပြောကြားခဲ့သည်။

တရုတ်၏ ကြားဝင်မှုဖြင့် နှစ်ဘက်တာဝန်ရှိသူများ ကူမင်းမြို့တွင် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုကို ဒုတိယအကြိမ်အနေဖြင့် ဇန်နဝါရီ (၁၆)ရက်နှင့် (၁၇)ရက်တို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးမှုအရ တစ်နှစ်ကျော်ကြာ စစ်ရေးတင်းမာခဲ့သည့် မြန်မာ့တပ်မတော် နှင့် MNDAA တို့ အကြား တရားဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းသဘောတူညီမှုသည် ဇန်နဝါရီ (၁၈) ရက်တွင် စတင်အသက်ဝင်ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စတင်ခဲ့သည့် ရှမ်းမြောက်တိုက်ပွဲများအတွင်း MNDAA က လောက်ကိုင်နှင့် လားရှိုးအပါအဝင် ရှမ်းမြောက်ရှိ မြို့အချို့ကို ထိန်းချုပ်ထားပြီး နယ်မြေပိုင်းခြားမှုများနှင့်ပတ်သက်၍ မည်သည့် သဘောတူညီမှုများ ရယူခဲ့သည်ဆိုသည့်အချက်ကို လက်ရှိအချိန်ထိ မသိရသေးပေ။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းကလည်း ပထမအကြိမ်ဆွေးနွေးမှုကို တရုတ်နိုင်ငံ ကူမင်းမြို့တွင်ပင် ပြုလုပ်ခဲ့ပြီး နှစ်ဘက်ဆွေးနွေးမှု မပြေလည်ခဲ့သည့်အတွက် တစ်လအကြာတွင် ဒုတိယအကြိမ်ထပ်မံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Source: Popular Myanmar

ဆက်စပ်သတင်း- https://sacministry.gov.mm/my/news/1818