သတင်းများ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက သာသနာ့အနွယ်ဝင် သံဃာတော် တစ်ပါးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်နှင့် “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သာသနာ့အနွယ်ဝင် သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ဓား၊ သေနတ်များအသုံးပြု၍ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၄ ရက် မွန်းလွဲ ၅ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ အုံတိုင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သာသနာ့အနွယ်ဝင် သံဃာတော် တစ်ပါးနှင့် အမျိုးသား တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖယ်ခုံမြို့၊ ဈေးအရှေ့ရပ်ကွက်ရှိ ရှမ်းပိဋကတ်တိုက် (ရှမ်းဓမ္မာရုံ)ကျောင်းမှ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဘဒ္ဒန္တဓမ္မသာရ၊ သက်တော်(၄၇)နှစ်၊ ဝါတော်(၂၇)ဝါနှင့် ဈေးအရှေ့ရပ်ကွက်နေ စိုင်းခင်မောင်လတ်(၃၆)နှစ်တို့သည် အုံတိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ရောက်နေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) အင်အား လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သာသနာ့အနွယ်ဝင် သံဃာတော် တစ်ပါးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု မှတ်တမ်းဓာတ်ပုံ။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

  ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ငါ့သရောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ယာဉ်မောင်းဖြစ်သူ ဦးသန်းလှိုင်(၄၉)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်မမ(၄၅)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး တောပြားကျေးရွာ၏အရှေ့ဘက် ၂ မိုင်ခန့်အကွာ ယာခင်းသို့ ဖမ်းဆီးခေါ်ဆောင်၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသန်းလှိုင်နှင့် ဒေါ်ခင်မမတို့တွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော် တစ်ပါးနှင့် အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ဦး သေဆုံး

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရေနံချောင်းမြို့နယ်၊ ယင်းမချောင်းကျေးရွာနေ ဦးဝင်းလှိုင်(၄၈)နှစ်နှင့် ယင်းမချောင်းကျေးရွာဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးသုဇင်ည(၄၀)နှစ် ဝါတော် ၂၀ ဝါတို့သည် အုတ်ရှစ်ကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့ နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

PDF အမည်ခံ အကြမ်းဖက်အဖွဲ့က စလင်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ခွဲရုံအား စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့များသို့ လျှပ်စစ်ဓာတ်အားဖြတ်တောက်ရန် လက်နက်ပြ၍ အကျပ်ကိုင်ဖိအားပေး ခြိမ်းခြောက်စေခိုင်း

လက်နက်ကိုင်အကြမ်းဖက်သမားများသည် နိုင်ငံတော်အတွင်း အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်၊ ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်နှင့် လူနေမှုစနစ်အဆင်ပြေ ချောမွေ့မှုအား ပျက်စီးစေရန် ရည်ရွယ်၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အားခွဲရုံများ၊ ဓာတ်တိုင်များနှင့် လူနေအိမ်များအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ပြ၍ အကျပ်ကိုင် ဖိအားပေး ခြိမ်းခြောက်စေခိုင်းခြင်း စသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၇ ရက်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မြောက်ချောင်းဖြူကျေးရွာ၊ ဖောင်တော်ဦးဘုရားအနီးရှိ လျှပ်စစ်ဓာတ်အားဖြန့်ခွဲရုံသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်ရောက်ရှိလာပြီး အဆိုပါလျှပ်စစ်ဓာတ်အား ဖြန့်ခွဲရုံမှ ဆင်ဖြူကျွန်းမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးကျော်သူရ(၃၅)နှစ်ပါ နေ့စားဝန်ထမ်း လေးဦးတို့အား စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှုကို ဖြတ်တောက်ရန် လက်နက်ပြ၍ အကျပ်ကိုင်ဖိအားပေး ခြိမ်းခြောက်စေခိုင်းခဲ့သဖြင့် စလင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ဖြန့်ဖြူးပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပို့လွှတ်မှုများအား ဖြတ်တောက်ပေးခဲ့ရသည်။
အထက်ပါဖြစ်စဉ်မှ လျှပ်စစ်ဓာတ်အားဖြန့်ခွဲရုံအား လက်နက်ပြ၍ အကျပ်ကိုင်ဖိအားပေး ခြိမ်းခြောက်ကာ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှုအား ဖြတ်တောက်ရန် စေခိုင်းခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ဖြတ်တောက်ခဲ့သည့် လျှပ်စစ်ဓာတ်အားများ ပုံမှန် ပြန်လည်ပို့လွှတ်နိုင်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်း(ခ)စိုင်းညီအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ မတ် ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ နိုင်လင်း(ခ)စိုင်းညီအား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ပြား(တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၁ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် နိုင်လင်း(ခ)စိုင်းညီ(၄၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ကာ့ခ် (Kursk) ဒေသရှိ ယူကရိန်း တပ်များကို ရုရှားတပ်ဖွဲ့များက တိုက်ခိုက်နေသည့် ဗီဒီယိုဖိုင်များကို တရားဝင် မျှဝေ

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ကာ့ခ် (Kursk) ဒေသရှိ ယူကရိန်း တပ်များကို ရုရှားတပ်ဖွဲ့များက တိုက်ခိုက်နေသည့် ဗီဒီယိုဖိုင်များကို တရားဝင် မျှဝေခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လမှစ၍ ရုရှားပိုင် ကာ့ခ်ဒေသတွင် အမာခံတပ်စွဲထားသော ယူကရိန်းတပ်များကို ရုရှားတပ်ဖွဲ့က ယခုအပတ်အတွင်း   သိသာထင်ရှားစွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ကာ့ခ်ဒေသ ၈၆ ရာခိုင်နှုန်းကို ပြန်လည်ရရှိထားပြီဖြစ်သည်ဟု ခန့်မှန်းထားကြောင်း၊ အဆိုပါဒေသ၏ မြို့တော် Sudzha မှ ယူကရိန်းတပ်ဖွဲ့များမှာ ယခုအခါ ဆုတ်ခွာနေကြပြီ ဖြစ်ကြောင်း ဝန်ကြီးဌာနက ကြေညာထားပါသည်။

ယခုဗီဒီယိုမှာ ကာ့ခ်ဒေသမှ နောက်ပြန်ဆုတ်နေသည့် ယူကရိန်းစစ်ဘက် ယာဉ်တစ်စီးကို ရုရှားက ဒရုန်းဖြင့် လိုက်လံပစ်ချလိုက်ခြင်း ဖြစ်ပါသည်။

https://www.rt.com/russia/614126-kursk-region-drone-attacks/

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

တရုတ်၏ သူလျှိုလှုပ်ရှားမှုကို တန်ပြန်သည့်အနေဖြင့် ထိုင်ဝမ်က စစ်တရားခွင်စနစ် ပြန်လည်စတင်ရန် ကြိုးပမ်း

ထိုင်ဝမ်သမ္မတက ၎င်း၏အစိုးရအနေဖြင့် စစ်တရားရုံးစနစ်ကို ပြန်လည်အသက်သွင်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဤသည်မှာ ထိုင်ဝမ်စစ်တပ်ကို ပစ်မှတ်ထားသော ထိုးဖောက်ဝင်ရောက်မှုနှင့် သူလျှိုလုပ်ရှားမှုများကဲ့သို့ တရုတ်၏ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ခဲ့သည်ဟူသော သံသယဖြင့် လူ ၆၄ ဦး အား လွန်ခဲ့သောနှစ်အတွင်း စွဲချက်တင်ခဲ့ရကြောင်း မတ်လ ၁၃ ရက် (ကြာသပတေး)နေ့၌ ပြုလုပ်ခဲ့သည့် အထူးသတင်းစာရှင်းလင်းပွဲတွင် သမ္မတ Lai Ching-te က ပြောကြားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်များ၌ ၆၆ ရာခိုင်နှုန်းသည် တာဝန်ထမ်းဆောင်နေဆဲ သို့မဟုတ် စစ်တပ်မှ အငြိမ်းစားတပ်ဖွဲ့ဝင်များဖြစ်သည်ဟု ၎င်းက ဆိုပါသည်။

မစ္စတာ Lai က တရုတ်နိုင်ငံအား “ရန်လိုသည့်နိုင်ငံ” အဖြစ်ခေါ်ဆိုခဲ့ပြီး ထိုင်ဝမ်သည် “သင့်လျော်သော ကြိုတင်ကာကွယ်မှု အစီအမံများ ချမှတ်ရန်၊ ဒီမိုကရေစီဆိုင်ရာ ခံနိုင်ရည်စွမ်းအားနှင့် အမျိုးသား လုံခြုံရေးကိုမြှင့်တင်ရန်နှင့် တန်ဖိုးထားရမည့် လွတ်လပ်ပြီး ဒီမိုကရေစီဆန်သော လူနေမှုဘဝကို ကာကွယ်ရန်အချိန်တန်ပြီ” ဟု ၎င်းက ဆိုပါသည်။

၎င်း၏အစိုးရသည် စစ်တရားရုံးစနစ်ကို ပြန်လည်အသက်သွင်းပြီး စစ်ဘက်ဆိုင်ရာ တရားသူကြီးများကို စစ်ဘက်ဆိုင်ရာ ရာဇ၀တ်မှုကျူးလွန်ကြောင်း သံသယရှိသည့် တာဝန်ထမ်းဆောင်ဆဲ တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသော ရာဇဝတ်မှုများကို ကိုင်တွယ်ခွင့်ပြုရန် ကြိုးပမ်းမည် ဖြစ်သည်ဟု မစ္စတာ Lai က ပြောသည်။ ရာဇဝတ်မှုများတွင် နိုင်ငံတော် အကြည်ညိုပျက်စေရန်လုပ်ဆောင်ခြင်းနှင့် လျှို့ဝှက်အချက်အလက်များ ပေါက်ကြားစေခြင်းတို့ ပါဝင်သည်ဟုဆိုသည်။

ထိုင်ဝမ်အနေဖြင့် ငြိမ်းချမ်းရေးကာလအတွင်း အဆိုပါ တရားစီရင်မှုများ ဆောင်ရွက်ခွင့်ပြုရန်အတွက် စစ်တရားရုံးဆိုင်ရာ ဥပဒေကို ပြန်လည် အသက်သွင်းရန် လိုအပ်လျက်ရှိသည်။ လွှတ်တော်၌ အတိုက်အခံပါတီဝင်များက နေရာအများစုကို ရယူထားခြင်းကြောင့် ထိုကဲ့သို့ ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် မစ္စတာ Lai ၏ အစိုးရသည် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အာဂျင်တီးနားပင်စင်စားများ ဆန္ဒပြရာတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခြင်းကြောင့် ရာဘာကျည်ဆံဖြင့် ပစ်ခတ်နှိမ်နင်း

မတ်လ ၁၄ ရက်နေ့တွင် အာဂျင်တီးနား လွှတ်တော်ရှေ့၌ ဆန္ဒပြနေသည့် အငြိမ်းစားပင်စင်စားများကို ရဲများက ရာဘာကျည်ဆံများနှင့် ပစ်ခတ်ပြီး ဆန္ဒပြမှုကို ဖြိုခွင်းခဲ့ကြောင်း သိရပါသည်။ 

ပင်စင်လစာနှင့် လူနေထိုင်မှုစရိတ်မမျှမတဖြစ်နေခြင်းကြောင့် ပင်စင်စား သက်ကြီးပိုင်းများက အပတ်စဉ် လွှတ်တော်ရှေ့၌ ဆန္ဒပြခဲ့ကြသည်။ သက်ကြီးရွယ်အိုများအား မျက်ရည်ယိုဗုံးများ အသုံးပြုခြင်းအပါအဝင် ယခင်ဆန္ဒပြပွဲများတွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သော်လည်း မတ်လ ၁၃ ရက်နေ့ ဆန္ဒပြမှုသည် အကြီးမားဆုံးနှင့် အပြင်းထန်ဆုံး ဖြစ်ကြောင်း ဆိုသည်။

မြို့တော် ဗျူနိုအေရီ လွှတ်တော်အပြင်ဖက်၌ သက်ကြီးပိုင်းများ ဆန္ဒပြနေစဉ် အကြမ်းဖက်ဆန္ဒပြသမားများ ထပ်မံရောက်ရှိလာပြီး ရဲတပ်ဖွဲ့များကို ကျောက်ခဲဖြင့်ပစ်ခတ်ခြင်း၊ တွေ့သမျှအရာများကို ရိုက်ချိုးဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်များကို အသုံးပြုကာ ပစ်ခတ်ခဲ့ကြသည်။

ဆန္ဒပြပွဲအစ၌ ငြိမ်းချမ်းစွာ စတင်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့်ဖြိုခွင်းခဲ့သဖြင့် အကြမ်းဖက်လိုသူများက ကျောက်ခဲများနှင့် တုန့်ပြန်ပစ်ခတ်မှုများ လုပ်ဆောင်လာခြင်းကြောင့် ရဲများက ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ် နှိမ်နင်းမှုများလုပ်ဆောင်ခဲ့ကြပါသည်။ ပြင်းထန်သည့်  ရုန်းရင်းဆန်ခတ် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက်  ကွန်ဂရက်လွှတ်တော် နန်းတော်တစ်ဝိုက် ၌ မျက်ရည်ယိုဗုံးများမှ အငွေ့များ ထူထပ်စွာဖုံးလွှမ်းသွားခဲ့ပြီး အဆိုပါ ဖြစ်ရပ်များအကြား ရဲကားတစ်စီး မီးလောင်ပျက်စီးခဲ့ကာ မြို့အနှံ့ အမှိုက်ပုံးများ မီးလောင်မှုဖြစ်ပွားခဲ့သည်။ 

အချို့သော အကြမ်းဖက်ဆန္ဒပြသမားများက အရာရှိများကို တုတ်များ၊ သံဘူးများဖြင့် ပစ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၈၀၀ ခန့် ဖြန့်ကြက်ချထားကာ ဆန္ဒပြပွဲအားနှိမ်နှင်းရန် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ဆောင်ရွက်ခဲ့ရသည်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုများအတွင်း အနည်းဆုံး ဆန္ဒပြသူ ၂၀၀ ခန့် ဒဏ်ရာရကာ ၂၀ ဦး ဆေးရုံတင်ထားရပြီး ၁၀၀ ကျော် ထိန်းသိမ်းထားကြောင်း ဗျူနိုအေရီသံတော်ဆင့် သတင်းအရ သိရှိရပါသည်။

ကိုးကား-RT

Photo: www.aa.com.tr

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ် ရပ်စဲရေးအတွက် ရုရှားမှ လိုလားသော အာမခံချက်များကို စာရင်းပြုစုပြောကြား

ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူကရိန်းက စစ်ရေးလှုံ့ဆော်မှု၊ စစ်သားများလေ့ကျင့်ရေးနှင့် လက်နက်ပေးပို့မှုများကို ရပ်တန့်ရန် အာမခံချက်များ လိုလားကြောင်း ဖော်ပြခဲ့ပါသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းပဋိပက္ခတွင် ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံသော်လည်း ထိုသို့သော အပစ်အခတ် ရပ်စဲမှုကို မည်သို့အကောင်အထည်ဖော်မည်နည်းဆိုသည့် အချက်နှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိကြောင်း ဖော်ပြခဲ့ပါသည်။   

မတ်လ ၁၃ ရက်၊ ကြာသပတေးနေ့တွင် အဆိုပါကိစ္စအား ပြောကြားရာတွင် သမ္မတ ဗလာဒီမာပူတင်က ဖြစ်နိုင်ခြေရှိသော လိုက်လျောမှုများနှင့် နည်းဗျူဟာမြောက် အခက်အခဲများကို သတိပေးခဲ့ပါသည်။ 

“ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲချိန်အတွင်း ယူကရိန်းက စစ်ရေးလှုံ့ဆော်မှုများ မပြုလုပ်ရန်၊ စစ်သားများကို လေ့ကျင့်မှုများ မပြုလုပ်ရန်နှင့်လက်နက်များ မရယူရန် အာမခံချက်များကိုလည်း မိမိတို့လိုချင်ပါကြောင်း”သမ္မတဗလာဒီမာပူတင်က မော်စကိုတွင် ဘယ်လာရုဇ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြား ခဲ့ပါသည်။   

သမ္မတက ရုရှားတပ်များသည် ရှေ့တန်းစစ်မျက်နှာ ကီလိုမီတာ ၂၀၀၀ နီးပါးအထိ တိုးတက်နေပြီး စစ်ရေးလုပ်ဆောင်မှုများကို ရပ်တန့်ခြင်းသည် လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များကို နှောင့်ယှက်နိုင်ကြောင်း ထောက်ပြခဲ့ပါသည်။ ယူကရိန်းတပ်များသည် အပစ်အခတ်ရပ်စဲချိန်ကို အသုံးချ၍ ပြန်လည်စုစည်းခြင်း၊ လက်နက်များ ပိုမိုရယူခြင်းနှင့် အသစ် စုဆောင်းထားသော တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးခြင်းများ ပြုလုပ် နိုင်ကြောင်း သတိပေးခဲ့ပါသည်။ 

“အဆိုပါ ရက်ပေါင်း ၃၀ ကို ဘယ်လိုအသုံးချမလဲ။ ယူကရိန်းတွင် အတင်းအကြပ် စစ်ရေးလှုံ့ဆော်မှုကို ဆက်လုပ်ရန်လား။ လက်နက်တပ်ဆင်မှုတွေ ပိုမိုရယူရန်လား။ အသစ်စုဆောင်းထားသည့် တပ်ဖွဲ့များကို လေ့ကျင့်ရန်လား။ သို့မဟုတ် ထိုအချက်အားလုံး မဖြစ်ဘဲနေမည်လား” ဟု သမ္မတ ဗလာဒီမာပူတင် က မေးခွန်းထုတ်ခဲ့ပါသည်။   

ထိုကဲ့သို့သော ကျယ်ပြန့်သည့် စစ်မြေပြင်ပေါ်တွင် အပစ်အခတ်ရပ်စဲမှုကို အတည်ပြုရန် ခက်ခဲမည်ဖြစ်ပြီး ချိုးဖောက်မှုများကို အလွယ်တကူအငြင်းပွားနိုင်ကာ နှစ်ဖက်စလုံးအကြား အပြစ်တင်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။ အပစ်အခတ်ရပ်စဲမှုကို စောင့်ကြည့်ရန် “ထိန်းချုပ်မှုနှင့် အတည်ပြုမှု” စနစ်များကို သဘောတူညီသင့်ကြောင်း သမ္မတပူတင်က ပြောကြားခဲ့ပါ သည်။ သမ္မတပူတင်သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ရုရှား၏ Kursk ဒေသသို့ ဝင်ရောက်ခဲ့သည့် ယူကရိန်းတပ်များသည် ယခုအခါ တစ်သီး တခြားဖြစ်နေကြောင်းလည်း ဖော်ပြခဲ့ပါသည်။ အပစ်အခတ်ရပ်စဲမှု ဖြစ်ပေါ် ပါက ၎င်းတို့ကို မည်သို့ဆောင်ရွက်မည်နည်းဆိုသည်မှာ မရှင်းလင်းကြောင်း  သမ္မတဗလာဒီမာပူတင်က မှတ်ချက်ပြုခဲ့ပါသည်။  

“၎င်းတို့က ပြည်သူများကို စစ်ရာဇဝတ်မှုများ ကျူးလွန်ပြီးနောက် ၎င်းတို့ကို လွှတ်ပေးရမည်လား။ ယူကရိန်းခေါင်းဆောင်များက ၎င်းတို့ကို လက်နက်ချရန် အမိန့်ပေးမည်လား။ သို့မဟုတ် လက်နက်ချပြီး အကျဉ်းချ ခံမည်လား” ဟု သမ္မတဗလာဒီမာပူတင်က မေးခွန်းထုတ်ခဲ့ပါသည်။   

ရုရှားစစ်ဦးစီးချုပ် ဗာလာရီ ဂျီရာဆီမော့ဗ်၏ အဆိုအရ မတ်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) ညနေပိုင်းအထိ ရုရှား၏ တပ်များသည် ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လတွင် ယူကရိန်းတပ်များက သိမ်းပိုက်ထားသည့် နယ်မြေ၏ ၈၆% ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထိုဒေသတွင် ကျန်ရှိနေသော ယူကရိန်း၏ တပ်ဖွဲ့များကို အဓိကအားဖြင့် “ဝိုင်းရံထား” ပြီး “သီးသန့် ဖြစ်နေ” ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။   

ရုရှားသမ္မတဗလာဒီမာ ပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း အကြံပြုပြောကြားခဲ့ပါသည်။ 

“ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ပဋိပက္ခကို အဆုံးသတ်ရန် အယူအဆသည် မိမိတို့ ထောက်ခံသည့် အရာတစ်ခုဖြစ်သည်” ဟု သမ္မတ ဗလာဒီမာပူတင်က အတိအလင်း ပြောကြားခဲ့ပါသည်။

ကိုးကား - RT

ရုရှားသမ္မတ ပူတင် Kursk ဒေသသို့သွားရောက်

မတ်လ ၁၂ ရက်နေ့က စစ်ယူဖောင်းဝတ်ဆင်ထားသည့် ရုရှားနိုင်ငံ၏ သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မစ္စတာ ပူတင်သည် ယူကရိန်း စစ်ပွဲနှင့် အနီးဆုံးဖြစ်သော ယူကရိန်းတပ်များ ထိုးဖောက် ဝင်ရောက်ခဲ့သည့် Kursk ဒေသရှိ စစ်ဖက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်သို့ သွားရောက်ခဲ့ပါသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် Kursk ဒေသသို့ သွားရောက်ခဲ့ပြီး ကျူးကျော်ဝင်ရောက်လာသော ယူကရိန်းတပ်များကို အမြန်ဆုံး တိုက်ထုတ် သွားရမည်ဟု ပြောကြားခဲ့သည်။ ထိုဒေသတွင် ကျန်ရှိနေသေးသော ယူကရိန်းတပ်များကို ရုရှားတပ်များက အပြင်းအထန် ပြန်လည် တိုက်ခိုက်နေစဉ် ၎င်းသည် ထိုဒေသရှိ Command Post သို့ သွားရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်။

သမ္မတသည် ၎င်း၏ခရီးစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အကြီးအကဲများနှင့် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး Valery Gerasimov က စစ်ဆင်ရေးအခြေအနေများကို အစီရင်ခံတင်ပြခဲ့သည်။ ပူတင်က ထိုဒေသတွင် တိုက်ပွဲဝင်နေသော တပ်မှူးများနှင့်တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများအတွက် ကျေးဇူးတင်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

“မိမိတို့၏ ရည်မှန်းချက်မှာ Kursk ဒေသ၏ နယ်မြေတွင် ခြေကုပ်ယူ ထားသောရန်သူကို အမြန်ဆုံး တိုက်ထုတ်သွားရန်ဖြစ်သည်” ဟု သမ္မတ က ပြောကြားခဲ့ပြီး မော်စကိုသည် ယူကရိန်းနှင့် နယ်စပ်တလျှောက်တွင် “လုံခြုံရေးဇုန်” တစ်ခုဖန်တီးရန်လည်း စဉ်းစားနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထိုဒေသကို ကျူးကျော်ဝင်ရောက်လာသော ယူကရိန်း တပ်ဖွဲ့များကို “အကြမ်းဖက်သမားများ” အဖြစ် သဘောထားတိုက်ခိုက်ရန်နှင့် ဖမ်းဆီးရမိသော သုံ့ပန်းမှန်သမျှကိုလည်း ထိုသို့မှတ်ယူရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

Gerasimov ၏ အဆိုအရ ရုရှားစစ်တပ်သည် လွန်ခဲ့သော ငါးရက်အတွင်း မြို့နှင့်ရွာပေါင်း ၂၄ ခု ပါဝင်သော ဧရိယာစုစုပေါင်း ၂၅၉ စတုရန်း ကီလိုမီတာကို သိမ်းပိုက်နိုင်ခဲ့ပြီး ယူကရိန်းတပ်များကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ထားနိုင်ခဲ့သည်ဟု ၎င်းကအစီရင်ခံခဲ့သည်။

ယူကရိန်းစစ်တပ်သည် ၎င်းတို့၏ ကျူးကျော်ဝင်ရောက်မှုကြိုးပမ်းမှုတွင် စစ်သည် ၆၇,၀၀၀ ကျော် ဆုံးရှုံးခဲ့ရသည် ဟု Gerasimov က ပြောကြားခဲ့ပြီး ရုရှားတပ်များသည် စတုရန်းကီလိုမီတာ ၁,၁၀၀ ကျော် (ယခင်နှစ် က ပြန်လည်တိုက်ခိုက်မှုစတင်သည့်အချိန်မှစ၍ ကိယက်ဗ်မှ ကနဦး သိမ်းပိုက်ထားသော ဧရိယာ၏ ၈၆%) ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။