တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက် နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဈေးချိုမြောက်ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကြို့ပင်ကောက်မြို့နယ်၊ စက်တိုင်ကုန်းရပ်ကွက်နေ ဒေါ်ခင်သီရိလွင်(၄၃)နှစ်သည် ဈေးချိုမြောက်ရပ်ကွက်ရှိ ၎င်းပိုင် နန်းဝတီရွှေဆိုင်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်ခင်သီရိလွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မိုးဝန်းကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ စလင်းမြို့နယ်၊ ပြည်တော်သာကျေးရွာနေ ကိုမြင့်ကျော်(၃၁)နှစ်သည် ၎င်း၏နေအိမ်မှ မိုးဝန်းကျေးရွာသို့ သွားရောက်စဉ် မိုးဝန်းကျေးရွာရှိ ရွာလယ်ဇရပ်အရောက် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ရှိ အမှတ်(၁၈)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)သို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးကျေးရွာနေ ဒေါ်အုန်းဝင်း(၅၂)နှစ်သည် ချောင်းမုံကျေးရွာရှိ ဆီအုန်းခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပုထိုးဖြူရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များနှင့် ရှော့တိုက်ဒုံးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်အတွင်းသို့ Drop Bomb များနှင့် ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပုထိုးဖြူရပ်ကွက်နေ ဦးအောင်ဆန်းလင်း(၄၀)နှစ်၊ ဦးသန်းဇော်ဌေး(၃၅)နှစ်နှင့် ဒေါ်ယမုံဇင်(၂၇)နှစ်တို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး စလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းသို့ စစ်ရေးနှင့် ထောက်လှမ်းရေး အကူအညီများကို ပြန်လည်ဖြည်လျော့ပေးခဲ့ပြီး ယူကရိန်းဘက်မှလည်း ရုရှားနှင့် “ချက်ချင်း ယာယီ ၃၀ ရက်ကြာ စစ်ပြေငြိမ်းရေး” ဆိုင်ရာ အဆိုပြုချက်ကို သဘောတူညီခဲ့ကြောင်း မတ်လ ၁၁ ရက်နေ့တွင် ဆော်ဒီ အာရေဗျ၌ ကျင်းပခဲ့သောဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံက ကြေညာခဲ့သည်။ ထို့အပြင် ကိယက်ဗ်သည် အမေရိကန်နှင့် ယူကရိန်း၏ အရေးပါသောအရင်းအမြစ်များဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို အမြန်ဆုံး ချုပ်ဆိုရန်သဘောတူညီခဲ့သည်။

“ယူကရိန်းဘက်မှ အမေရိကန်၏အဆိုပြုချက်ကို လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ချက်ချင်း ယာယီ ၃၀ ရက်ကြာ စစ်ပြေငြိမ်းရေးကို အကောင်အထည်ဖော်ရန်နှင့် နှစ်ဖက်သဘောတူညီချက်ဖြင့် ကာလ ထပ်မံတိုးမြှင့်နိုင်ကာ ရုရှားဘက်မှ လက်ခံပြီး တစ်ပြိုင်နက်တည်း အကောင် အထည်ဖော်ဆောင်ရန်လိုအပ်ကြောင်း” ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ အမေရိကန်ဘက်မှလည်း မကြာမီအတွင်း ယင်းအဆိုပြုချက်ကို ရုရှားသို့ ဆက်သွယ်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
အမေရိကန်သည် ယခုအခါ ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေခြင်းကို ရပ်ဆိုင်းထားမှုကို ရုပ်သိမ်းပြီး ယူကရိန်းသို့ လုံခြုံရေး အကူအညီများ ပြန်လည်ပေးအပ်မည်ဖြစ်သည်။ ဝါရှင်တန်နှင့် ကိယက်ဗ် တို့သည် လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြပြီး ယင်းတွင် စစ်သုံ့ပန်းများ လဲလှယ်ခြင်း၊ အရပ်သား၊ အကျဉ်းသားများ လွှတ်ပေးခြင်းနှင့် အခြားလုပ်ဆောင်ချက်များ ပါဝင်သည်။
အစည်းအဝေးအတွင်း ကိုယ်စားလှယ်အဖွဲ့များသည် ယူကရိန်းအတွက် ရေရှည်လုံခြုံရေးအာမခံချက်များကို ဆွေးနွေးခဲ့ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ Mike Waltz က ပြောကြားခဲ့သော်လည်း နောက်ထပ်အသေးစိတ်အချက်အလက်များကို မဖော်ပြခဲ့ပါ။ ဂျီဒါတွင် ကျင်းပခဲ့သော အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်များနှင့်ပတ်သက်၍ မော်စကိုဘက်မှ တရားဝင် တုံ့ပြန်ချက်များ ဖော်ပြခဲ့ခြင်းမရှိပေ။ ရုရှားခေါင်းဆောင်များက ယာယီ စစ်ပြေငြိမ်းရေးသဘောတူညီချက်များကို လက်မခံနိုင်ဘဲ၊ ယာယီသဘောတူညီချက်များသည် ကိယက်ဗ်နှင့် ၎င်း၏အနောက်နိုင်ငံများမှ ပံ့ပိုးသူများအတွက်သာ အကျိုးရှိမည်ဟု ယခင်ကတည်းကအသိပေးခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသအတွင်းရှိ အကြမ်းဖက် TNLA စခန်း ၂ ခုအား မတ် ၁၂ ရက် နေ့လယ်ပိုင်းအချိန်က Surveillance Drone ဖြင့် ကင်းထောက်၍ ကွန်မန်ဒိုစစ်ကြောင်း ၂ ခု က တချိန်တည်းတပြိုင်တည်း ဝင်ရောက်တိုက်ခိုက်စီးနင်းနိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများအငိုက်မိ၍ အနည်းငယ်သာခုခံတိုက်ခိုက်နိုင်ပြီး အလောင်း/ လက်နက်များအား ဆိုင်ကယ်များဖြင့်ဆွဲယူထွက်ပြေးသွားခဲ့သည်။ စစ်ကြောင်းများမှာ ဆုတ်ခွာရန်သူနောက်သို့ ထပ်ကြပ် လိုက်လံ ချေမှုန်းလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်စခန်းမှ Type-81 သေနတ် ၁ လက်၊ ကျည်အိမ်များ၊ ကျည် ၈၅၀ တောင့်၊ မိုင်း မျိုးစုံ ၉ လုံး၊ RPG ဒုံးသီး ၁ လုံး၊ သဲအိတ်ဘန်ကာ ၁၀ လုံး၊ မြေခွေးကျင်း ၈ ကျင်း၊ ဆသရမြောင်း ၂၅၀ မီတာခန့်ရရှိခဲ့သည်။
ဒုတိယမြောက် TNLA အကြမ်းဖက်စခန်းတွင် ကျည်အိမ် ၈ ခု၊ ကျည် ၉၃၀ တောင့်၊ အီနာဂါ ၃ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ သဲအိတ်ဘန်ကာ ၁၁ လုံး၊ ပစ်ကျင်း ၉ ကျင်း၊ ဆသရမြောင်း ၁၅၀ မီတာခန့်၊ မှန်ပြောင်း ၁ လက် တို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
ကိုးကား-Myanmar National Post

ရုရှားအနောက်ပိုင်း Kursk ဒေသတွင် ယူကရိန်းစစ်တပ်၏ တိုက်ခိုက်မှုကြောင့် လူပုဂ္ဂိုလ်လေးဦး သေဆုံးပြီး အခြားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး Aleksandr Khinstein က ပြောကြား ခဲ့သည်။
မတ်လ ၁၂ ရက် နံနက်ပိုင်းက Kozyrevka ကျေးရွာရှိ စက်ရုံတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Khinstein က Telegram တွင် ရေးသားခဲ့သည်။
ပထမဆုံးသတင်းများအရ စက်ရုံဝန်ထမ်း လေးဦးသေဆုံးခဲ့ပြီး ၎င်းတို့ အထဲတွင် ယောက်ျား သုံးဦးနှင့် မိန်းမတစ်ဦး ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အခြားလုပ်သားတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရကာ အနည်းငယ်မျှသာ ဒဏ်ရာရရှိသူ လုပ်ဖော်ကိုင်ဖက်ကို စက်ရုံ၌ပင် ကုသပေးခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ဖြည့်စွက် ပြောကြား ခဲ့သည်။
Khinstein က ပြည်သူများကိုတိုက်ခိုက်ခြင်းသည် ကိယက်ဗ် အာဏာပိုင်များ၏ စိတ်ဝေဒနာခံစားနေရခြင်း လက္ခဏာဖြစ်ကြောင်း ပြောကြားခဲ့သည်။
အုပ်ချုပ်ရေးမှူးက သေဆုံးသူများ၏ မိသားစုများထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး Kursk ဒေသအုပ်ချုပ်ရေးအဖွဲ့မှ ၎င်းတို့အား လိုအပ်သောအကူအညီနှင့် ပံ့ပိုးမှုများ ပေးသွားမည်ဟု ကတိပြုခဲ့သည်။
စက်ရုံရှိ အဆောက်အဦတစ်ခုမှာ တိုက်ခိုက်မှုကြောင့် လုံးဝပျက်စီးသွားပြီး အခြားပစ္စည်းများလည်း ပျက်စီးမှုများရှိခဲ့ကြောင်း ၎င်းက ပြောကြား ခဲ့သည်။
မတ်လ ၁၀ ရက်နေ့တွင် ယူကရိန်းတပ်ဖွဲ့များက Belovsky ခရိုင် Belaya ကျေးရွာရှိ ဈေးဝယ်စင်တာတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် လူပုဂ္ဂိုလ်လေးဦးသေဆုံးခဲ့ပြီး အခြားများစွာ ဒဏ်ရာရရှိခဲ့သည်။
နောက်တစ်နေ့တွင် ရုရှားသည် နိုင်ငံနှစ်နိုင်ငံအကြား ပဋိပက္ခ စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်အတွင်း ဒရုန်း ၃၃၇ စီး ပါဝင်သော ယူကရိန်း၏အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့သည်။ ယခုကဲ့သို့ တိုက်ခိုက်မှုများ မြင့်တက်လာခြင်းမှာ ဩဂုတ်လ အစောပိုင်း ၂၀၂၄ ခုနှစ်မှစတင်၍ ယူကရိန်းတပ်ဖွဲ့များ ကျူးကျော် ဝင်ရောက်မှုများ ပြုလုပ်နေသည့် Kursk ဒေသ၌ ယူကရိန်းတပ်ဖွဲ့များ ရှုံးနိမ့်မှုများ ကြုံတွေ့နေရချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မတ်လ ၁၁ ရက်နေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Sudzha မြို့ အနီးရှိ ကျေးရွာ ၁၂ ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်းကြေညာခဲ့ပြီး Sudzha မြို့သည် ယင်းဒေသ၌ ယူကရိန်းတို့ ထိန်းချုပ်ထားသည့် အကြီးဆုံးမြို့ဖြစ်သည်။

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း၌ အကြမ်းဖက်မှုများ မြင့်တက်လာစေမှု၏နောက်ကွယ်တွင် လက်နက်ကိုင်စစ်သွေးကြွအဖွဲ့တစ်ဖွဲ့သည် မတ်လ ၁၁ ရက်တွင် ရထားတစ်စီးပေါ်၌ လိုက်ပါလာသော ရာနှင့်ချီသော ခရီးသည်များကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရ ပါသည်။
အာဖဂန်နစ္စတန်၊ အီရန်တို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ဘလိုချီစတန် ပြည်နယ်မှ တောင်တန်းဒေသတစ်ခုတွင် စစ်သွေးကြွများသည် ရထားကို သိမ်းပိုက်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်ရပ်အတွင်း ရထား ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရပါသည်။

အကြီးတန်းမီးရထားအစိုးရအရာရှိတစ်ဦးက “ရထားပေါ်တွင် လိုက်ပါ လာသော ခရီးသည် ၄၅၀ ကျော်ကို စစ်သွေးကြွအဖွဲ့များက ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ခရီးသည်များထဲ၌ အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်သည်” ဟု ပြောခဲ့ပါသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ၎င်းတို့တွင် တာဝန်ရှိကြောင်း Baloch Liberation Army (BLA) စစ်သွေးကြွအဖွဲ့က ချက်ချင်းထုတ်ဖော် ပြောဆို ခဲ့ကြောင်းလည်း သိရပါသည်။ Baloch Liberation Army (BLA) စစ်သွေးကြွအဖွဲ့သည် ရထားလမ်းကို ဗုံးခွဲပြီးနောက် ရထားကို ဝင်ရောက် စီးနင်းမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တစ်ခု၌ ရေးသား ဖော်ပြထားပါသည်။
ထို့အပြင် ဓါးစာခံများကို ကယ်တင်ရန် ကြိုးပမ်းပါက ပြင်းထန်သည့် အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဟု Baloch Liberation Army (BLA) စစ်သွေးကြွအဖွဲ့က သတိပေးပြောဆိုခဲ့ကြောင်းလည်း သိရပါသည်။
ကိုးကား-NP News

ရုရှားအစိုးရသည် ဗြိတိန်သံတမန်နှစ်ဦးကို သူလျှိုလုပ်သည်ဟု စွပ်စွဲခဲ့ပြီး သီတင်းနှစ်ပတ်အတွင်း တိုင်းပြည်မှ ထွက်ခွာရန် သတိပေးပြီး နှင်ထုတ် လိုက်ပါသည်။ အဆိုပါ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း ဗြိတိန်ဘက်က ပြောကြားခဲ့ပါသည်။
“ယင်းသံတမန်များသည် ရုရှားနိုင်ငံအတွင်းတွင် ထောက်လှမ်းရေးနှင့် အဖျက်သမားတို့၏လုပ်ဆောင်မှုလက္ခဏာများကို တွေ့ရှိခဲ့ပြီး ရုရှားဖက် ဒရေးရှင်း၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည်” ဟု ဖက်ဒရယ် လုံခြုံရေး ဝန်ဆောင်မှုအရာရှိများ၏ ကြေညာချက်တွင် ပါရှိပါသည်။

အမည်ဖော်ပြထားခြင်းမရှိသည့် အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ၎င်းတို့၏သံတမန် အသိအမှတ်ပြု စာရွက်စာတမ်းများကို ရုတ်သိမ်းလိုက်ပြီး ရုရှားနိုင်ငံမှထွက်ခွာရမည်ဟု ကရင်မလင်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှုက ၎င်း၏တန်ပြန်ထောက်လှမ်းရေး အော်ပရေတာများသည် “မော်စကိုရှိ သံရုံးမျက်နှာဖုံးအောက်တွင် ဗြိတိန်မှ အစီရင်ခံမထားသော ထောက်လှမ်းရေးသတင်းများ ရောက်ရှိနေမှုကို ထုတ်ဖော်ခဲ့ပါသည်” ဟု ပြောကြားခဲ့ပါသည်။
“ရုရှားက ၎င်းတို့၏ဝန်ထမ်းများကို ဆိုးဆိုးရွားရွားနှင့် အခြေအမြစ် မရှိ စွပ်စွဲခြင်းဖြစ်ပြီး ဤသည်မှာ ပထမဆုံးအကြိမ်မဟုတ်” ဟု ဗြိတိန်နိုင်ငံ ခြားရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာအနီးတွင် စိုင်းဟောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာရှိ ၎င်းငှားရမ်း နေထိုင်သည့် နေအိမ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း သုည ဒသမ ၉၅ ကီလိုနှင့် Happy Water သုည ဒသမ ၁၆၂
၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာအနီးတွင် စိုင်းဟောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာရှိ ၎င်းငှားရမ်း နေထိုင်သည့် နေအိမ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း သုည ဒသမ ၉၅ ကီလိုနှင့် Happy Water သုည ဒသမ ၁၆၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ကက်တမင်း ၁ ဒသမ ၂၅ ကီလို (တစ်ကီလိုလျှင် ၁၀၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၂၅ သိန်း)၊ Happy Water သုည ဒသမ ၁၆၂ ကီလို (တစ်ကီလိုလျှင် ၁,၁၀၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၇၈ ဒသမ ၂ သိန်း) သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ မတ် ၁၀ ရက် နံနက် ၁၀ နာရီတွင် ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟာကြားမနိုးကျေးရွာအနီးတွင် ချီးအေး မောင်းနှင်ပြီး အားညွေ့ လိုက်ပါလာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းရှိ ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀,၀၀၀ ပြား(တစ်ပြားလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂,၀၀၀ သိန်း) သိမ်းဆည်းရမိခဲ့ သဖြင့် စိုင်းဟောင်(၂၉)နှစ်၊ ချီးအေး(၄၆)နှစ်နှင့် အားညွေ့(၅၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရှိရပါသည်။
အလားတူ မတ် ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် ကျားယော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(တစ်ပြားလျှင် ၄၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေ ၄၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ကျားယော်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm
၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာအနီးတွင် စိုင်းဟောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာရှိ ၎င်းငှားရမ်း နေထိုင်သည့် နေအိမ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း သုည ဒသမ ၉၅ ကီလိုနှင့် Happy Water သုည ဒသမ ၁၆၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ကက်တမင်း ၁ ဒသမ ၂၅ ကီလို (တစ်ကီလိုလျှင် ၁၀၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၂၅ သိန်း)၊ Happy Water သုည ဒသမ ၁၆၂ ကီလို (တစ်ကီလိုလျှင် ၁,၁၀၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၇၈ ဒသမ ၂ သိန်း) သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ မတ် ၁၀ ရက် နံနက် ၁၀ နာရီတွင် ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟာကြားမနိုးကျေးရွာအနီးတွင် ချီးအေး မောင်းနှင်ပြီး အားညွေ့ လိုက်ပါလာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းရှိ ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀,၀၀၀ ပြား(တစ်ပြားလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂,၀၀၀ သိန်း) သိမ်းဆည်းရမိခဲ့ သဖြင့် စိုင်းဟောင်(၂၉)နှစ်၊ ချီးအေး(၄၆)နှစ်နှင့် အားညွေ့(၅၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရှိရပါသည်။
အလားတူ မတ် ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် ကျားယော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(တစ်ပြားလျှင် ၄၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေ ၄၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ကျားယော်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် မန္တလေး တိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန် ဒဏ်ရာများဖြင့် အမျိုးသမီးရှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာရှိ ဦးကျော်စိုး၏ နေအိမ်ခြံဝင်းအတွင်းသို့ လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက် ပေါက်ကွဲမှုကြောင့် ခြံဝင်းအတွင်း ရှိနေသူများဖြစ်ကြသည့် မပိုးဇင်ဝင်း(၁၅)နှစ်၊ မချမ်းချမ်း(၁၃)နှစ်၊ မဂျူးဂျူးအောင်(၁၂)နှစ်၊ မဆောင်းနှင်းထွေး (၁၄)နှစ်၊ မသန္တာအောင်(၂၇)နှစ်၊ ဒေါ်ခင်မြင့်ကြည် (၅၀)နှစ်၊ မဇူးဇူးအောင်(၁၆)နှစ်နှင့် ဒေါ်ချိုမာ (၅၂)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ညောင်ဦး မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အရာတော်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မသင်းစုစုနိုင်(၁၅)နှစ် နှင့် မအိန္ဒြေချမ်းမြေ့ (၂)နှစ်တို့ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ္တရာမြို့နယ်၊ သာစည်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ကိုဝဏ္ဏအောင်(၂၇)နှစ်နှင့် ဇနီးဖြစ်သူ မခိုင်ဇင်(၂၅)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၉ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ မိတ္ထီလာ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ တောင်သာမြို့နယ်၊ ချောင်းဝင်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မောင်ထွန်းလင်း(၁၇)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာ အတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ ပြည်သူများထိခိုက် ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင် ကန့်ကွက်လျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။