ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ကာ့ခ် (Kursk) ဒေသရှိ ယူကရိန်း တပ်များကို ရုရှားတပ်ဖွဲ့များက တိုက်ခိုက်နေသည့် ဗီဒီယိုဖိုင်များကို တရားဝင် မျှဝေ

News Image

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ကာ့ခ် (Kursk) ဒေသရှိ ယူကရိန်း တပ်များကို ရုရှားတပ်ဖွဲ့များက တိုက်ခိုက်နေသည့် ဗီဒီယိုဖိုင်များကို တရားဝင် မျှဝေခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လမှစ၍ ရုရှားပိုင် ကာ့ခ်ဒေသတွင် အမာခံတပ်စွဲထားသော ယူကရိန်းတပ်များကို ရုရှားတပ်ဖွဲ့က ယခုအပတ်အတွင်း   သိသာထင်ရှားစွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ကာ့ခ်ဒေသ ၈၆ ရာခိုင်နှုန်းကို ပြန်လည်ရရှိထားပြီဖြစ်သည်ဟု ခန့်မှန်းထားကြောင်း၊ အဆိုပါဒေသ၏ မြို့တော် Sudzha မှ ယူကရိန်းတပ်ဖွဲ့များမှာ ယခုအခါ ဆုတ်ခွာနေကြပြီ ဖြစ်ကြောင်း ဝန်ကြီးဌာနက ကြေညာထားပါသည်။

ယခုဗီဒီယိုမှာ ကာ့ခ်ဒေသမှ နောက်ပြန်ဆုတ်နေသည့် ယူကရိန်းစစ်ဘက် ယာဉ်တစ်စီးကို ရုရှားက ဒရုန်းဖြင့် လိုက်လံပစ်ချလိုက်ခြင်း ဖြစ်ပါသည်။

https://www.rt.com/russia/614126-kursk-region-drone-attacks/

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃