မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသား များကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၁ ရက်တွင် အဆိုပါလုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား ၂၆၆ ဦးနှင့် မလေးရှားနိုင်ငံသား ၂၅ ဦး တို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်

မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသား များကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၁ ရက်တွင် အဆိုပါလုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား ၂၆၆ ဦးနှင့် မလေးရှားနိုင်ငံသား ၂၅ ဦး တို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၄၇ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ် ထိန်းသိမ်းခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများက ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့ စေရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ကောင်စစ်ဝန် H.E Mr. Pranav. Ganesh နှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့၊ မလေးရှားသံရုံးတာဝန်ခံ Mr. Johan Ariff Abdul Razak နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန် ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
ထို့အတူ မြဝတီမြို့-မယ်ထော်သလေးနယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၄၇ ဦးကို မတ် ၁၁ ရက်တွင် ထပ်မံစစ်ဆေး ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၅၄၄၆ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းခဲ့ကာ ၎င်းတို့အနက်မှ ၂၇၆၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၆၈၃ ဦးကိုသက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံ များသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၁ ရက် နံနက် ၈ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ညာတောကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးအောင်လွင်(၅၂)နှစ်သည် ၎င်း၏နေအိမ်မှ တောင်တွင်းကြီးမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ညာတောကျေးရွာထိပ်အရောက် အသင့်စောင့်နေသည့် PDF အမည်ခံ အကြမ်းဖက်သမား ရှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ကေ) ကျေးရွာအနီး ချောင်းဂွ(ကေ)-ကျွဲတဲကုန်းကျေးရွာချင်းဆက်လမ်းပေါ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ ချောင်းဂွ(ကေ)ကျေးရွာနေ ဦးအေးလွင်(၆၀)နှစ်သည် ၎င်း၏နေအိမ်မှ ကျွဲတဲကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ချောင်းဂွ(ကေ)-ကျွဲတဲကုန်းကျေးရွာချင်းဆက်လမ်းပေါ် အသင့်စောင့် နေသည့် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော် ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးမင်းအောင်(၄၈)နှစ်သည် ကျေးရွာရှိ “စန်းသော်တာ” စားသောက်ဆိုင်၌ ထိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိုင်ကလေးတိုက်နယ်ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဘားအံ မြို့နယ်၊ ကြာအင်းကျေးရွာနေ ဒေါ်နှင်းဆီ(၄၀)နှစ်သည် ကြာအင်းကျေးရွာအနီးရှိ တောစပ်၌ ဟင်းသီးဟင်းရွက် ခူးနေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် ဒေါ်နှင်းဆီတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

အမေရိကန်ပြည်ထောင်စုအပေါ် ဆက်လက် အမှီသဟဲပြုမည့်အစား ကိုယ်ပိုင်ကာကွယ်ရေး ယူနီယံတစ်ရပ်ထူထောင်နိုင်ရေးအတွက် ကြိုးပမ်းသင့်သည်ဟု ဥရောပကော်မရှင် အကြီးအကဲ အူဆူလာ ဗွန်ဒါလေယန်က ပြောကြားလိုက်ကြောင်း သိရသည်။
အီးယူအဖွဲ့သည် လက်ရှိတွင် ခက်ခဲသည့် ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်နေသည့် ကာလအတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပြီး အကာအကွယ်ပေးမည် ဟူသော ကတိကဝတ်များသည် ယခုအခါ သံသယ ဖြစ်စရာအခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဗွန်ဒါလေယန်က ဘရပ်ဆဲမြို့၌ မတ်လ ၉ ရက်တွင်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားသည်။

ထို့ကြောင့် အီးယူအဖွဲ့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ကာကွယ်ရေး ယူနီယံတစ်ရပ် ထူထောင်နိုင်ရေး အခြေခံအုတ်မြစ်အဖြစ် ယူရို ၈၀၀ ဘီလီယံ (ဒေါ်လာ ၈၆၈ ဘီလီယံ) မတည်မည့်အစီအစဉ်ကို ၎င်းကထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ဗြိတိန်၊ နော်ဝေနှင့် ကနေဒါကဲ့သို့သော စိတ်တူသဘောတူ နိုင်ငံများနှင့်လည်း အီးယူအဖွဲ့က ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဥရောပကော်မရှင်အဖွဲ့သည် အီးယူအပေါ် ကျရောက်လာနိုင်သည့် ခြိမ်းခြောက်မှုဆိုင်ရာ စိတ်မှန်းအခြေအနေများကို ခွဲခြမ်းစိတ်ဖြာထားသည့် စာတမ်းတစ်စောင်ကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ပြီး ယင်းခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း အဆိုပြုသွားရန် စီစဉ်ထားကြောင်း သိရသည်။
Source: https://myawady.net.mm/

ရုရှားက မတ်လ ၁၁ ရက်(အင်္ဂါ)နေ့တွင် ၎င်း၏အနောက်တောင်ပိုင်း Kursk ဒေသတွင် စတုရန်းကီလိုမီတာ ၁၀၀ ကျော် (စတုရန်းမိုင် ၄၀ နီးပါး) ကို ပြန်လည်သိမ်းပိုက်နိုင်ဟု ပြောကြားခဲ့သည်။ ရုရှား၏ ရည်မှန်းချက်မှာ ယူကရိန်းတပ်များကို ရုရှားပိုင်နယ်မြေမှ မောင်းထုတ်ရန် ဖြစ်သည်။

မော်စကို၏ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုများသည် ထိုဒေသတွင် အောင်မြင်မှုများရရှိနေသည်။ ယခင်နှစ် ဩဂုတ်လတွင် ယူကရိန်းက အံ့အားသင့်ဖွယ် ထိုးစစ်ဆင်နွှဲခဲ့ပြီး ဒုတိယကမ္ဘာစစ် ပြီး ပထမဆုံးအကြိမ် နိုင်ငံခြားတပ်များက ရုရှားကို မြေပြင်မှ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ နယ်မြေများကို လျင်မြန်စွာသိမ်းပိုက်ခဲ့ခြင်းလည်းဖြစ်သည်။
ရုရှား၏ စစ်ဆင်ရေးတိုးတက်မှုများသည် ယူကရိန်း၏ နယ်မြေဆိုင်ရာ ညှိနှိုင်းမှုကို ခြိမ်းခြောက်လျက်ရှိပြီး အမေရိကန်နှင့် ယူကရိန်းအရာရှိများ အကြား ဆွေးနွေးမှုများကို ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါတွင် လက်ရှိ ကျင်းပလျက်ရှိသည်။
ဝါရှင်တန်အခြေစိုက် Institute for the Study of War (ISW) ၏ ထုတ်ပြန်ချက်တွင် “ရုရှားတပ်များသည် Kursk Oblast တွင် ၎င်းတို့ရရှိထားသည်များကို ခိုင်မာစေရန်လုပ်ဆောင်နေပြီး လာမည့်ရက် များအတွင်း Sudzha ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု ယူဆ ရကြောင်း” ဖော်ပြခဲ့သည်။ ISW ၏ အဆိုအရ ရုရှား ကမ်းတက် တပ်ဖွဲ့ များနှင့် မြောက်ကိုရီးယားတပ်ရင်း နှစ်ရင်းအထိ ပါဝင်သောတပ်များသည် Kurilovka နှင့် Guyevo အနီးရှိ Sudzha ၏ တောင်ဘက်တွင် တိုက်ခိုက်နေသည်ဟု ဖော်ပြခဲ့သည်။
ကိုးကား-CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားနိုင်ငံအတွင်းရှိ လူနေရပ်ကွက်များနှင့် အရပ်သားအဆောက်အအုံများကို ပစ်မှတ်ထားသည့် ယူကရိန်း၏ ကြီးမားသော ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်ရန် Oreshnik ဒုံးများဖြင့် ပြန်လည်တိုက်ခိုက်သင့်ကြောင်း ရုရှား အမျိုးသားလွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့သည်။

ရုရှားနယ်မြေပေါ်တွင် ယူကရိန်း၏ ဒရုန်း ၃၃၇ စင်းကို ညအချိန်တွင် ပစ်ချခဲ့ကြောင်း မော်စကိုရှိ ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၁၁ ရက်(အင်္ဂါနေ့)နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ ရုရှားမီဒီယာများက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှားနှင့် ယူကရိန်းကြား ပဋိပက္ခ စတင်ချိန်မှစ၍ ယခုတိုက်ခိုက်မှုသည် ကိယက်ဗ်၏အကြီးဆုံး ဒရုန်း တိုက်ခိုက်မှုဟု ဖော်ပြခဲ့သည်။ မော်စကိုဒေသတွင် အရပ်သား သုံးဦး သေဆုံးပြီး ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး Andrey Vorobyev က ပြောကြားခဲ့သည်။
ရုရှားသည် Oreshnik ဖြင့် ယူကရိန်းပစ်မှတ်များကို တုံ့ပြန်တိုက်ခိုက်သင့်သလားဟု သတင်းထောက်များက မေးမြန်းရာတွင် ရုရှားနိုင်ငံတော် ဒူးမား ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ Andrey Kartapolov က “ဆုံးဖြတ်ချက်သည် စစ်ဦးစီးချုပ် ‘ရုရှားသမ္မတ ဗလာဒီမာပူတင်’ အပေါ် တွင်မူတည်သည်” ဟု ပြောကြားခဲ့သည်။
Oreshnik ဒုံးကျည်မြောက်များစွာဖြင့် ပြန်လည်တုန့်ပြန်တိုက်ခိုက်သင့်သည်ဟု ယခင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဗိုလ်ချုပ်ကြီး ရာထူးတာဝန်ထမ်းဆောင်ခဲ့ဖူးသူ အမျိုးသားလွှတ်တော်အမတ်က ပြောကြားခဲ့သည်။
ကိုးကား-RT

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အတူ “Freedom Shield” အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းအပေါ် ပြစ်တင်ရှုတ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေးဌာနက မတ် ၉ ရက်တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်ဟု KCNA သတင်းဌာနက မတ် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ ကြိမ်ဖန်များစွာ သတိပေးမှုအား လျစ်လျူရှု၍ အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်ရန် အတင်းအကျပ်လုပ်ဆောင်ခြင်းသည် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားနေသည့် ကိုရီးယား ကျွန်းဆွယ်အခြေအနေကို အဆုံးစွန်သို့ တွန်းပို့သည့် “အလွန်အမင်း အန္တရာယ်များသော မဆင်မခြင် ရန်စမှု” ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယား-အမေရိကန်၏ နိုင်ငံရေး၊ စစ်ရေး ထိပ်တိုက်ရင်ဆိုင်မှု အခင်းအကျင်းသည် အမေရိကန်၏ မြောက်ကိုရီးယားအပေါ် ဦးတည်သည့် စစ်မီးဆော့ကစားနေသည့်လုပ်ရပ်ကြောင့် ပေါက်ကွဲဖြစ်ပွားလာမည့် အခြေ အနေကို ပို၍နီးကပ်လာပြီး ထိပ်တိုက်ရင်ဆိုင်မှုပုံစံမှာလည်း ပို၍အန္တရာယ်များသည့်အဖြစ်သို့ ပြောင်းလဲ လာကြောင်း သတင်းကြေညာချက်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနှင့် အမေရိကန်သည် “Freedom Shield” ဟု အမည်ပေးထားသော နှစ်စဉ် ပုံမှန် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို မတ် ၁၀ ရက်၌ တရားဝင် စတင်ကာ ၁၁ ရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း Yonhap သတင်း အေဂျင်စီ၏ မတ် ၁၀ ရက် သတင်းများအရ သိရသည်။
ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုတွင် ကွန်ပျူတာဖြင့် ပုံတူပြုလုပ်သောနည်းလမ်းဖြင့် ဆောင်ရွက်မည့် ကွပ်ကဲရေး လေ့ကျင့်မှုများ၊ ယင်းလေ့ကျင့်မှုများနှင့် ချိတ်ဆက်ဖော်ဆောင်မည့် မြေပြင်၊ ရေပြင်၊ ဝေဟင်၊ အင်တာနက်ကွန်ရက်၊ အာကာသ စသည့် ကဏ္ဍစုံအား လွှမ်းခြုံသော ပူးတွဲကွင်းဆင်းရွေ့လျားလေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံး၏ သတင်းကို ကိုးကား၍ Yonhap သတင်းအေဂျင်စီ က ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
Photo: www.aa.com.tr

ယခုနှစ်အစောပိုင်း သမ္မတဒေါ်နယ်ထရမ့် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများ ပြောင်းလဲဖြစ်ပေါ်လာချိန်တွင် တရုတ်၊ ရုရှားနှင့် အီရန်တို့သည် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရေးအတွက် နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် (၃) နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို မတ်လ (၉)ရက်နေ့တွင် အိုမန်ပင်လယ်ကွေ့အနီး၌ စတင်လုပ်ဆောင်ခဲ့ကြောင်း တရုတ်နှင့် အီရန်နိုင်ငံတို့၏ နိုင်ငံပိုင် သတင်းဌာနများက ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုအား မတ်လ (၁၄) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ပဲ့ထိန်းဒုံးတပ်ဆင်ထားသည့် ဖျက်သင်္ဘော (၁)စီး၊ ရုရှားနိုင်ငံမှ corvette အမျိုးအစား စစ်သင်္ဘောများနှင့် အီရန်နိုင်ငံမှ ဖျက်သင်္ဘောများအပါအဝင် စစ်သင်္ဘော(၁၀)စီးကျော်ပါဝင်လေ့ကျင့်လျက်ရှိသည်။
စစ်ရေးလေ့ကျင့်မှုသည် ပင်လယ်ရေကြောင်းပစ်မှတ်များအပေါ် တိုက်ခိုက်ချေမှုန်းခြင်း၊ ပင်လယ်ဓားပြ ချေမှုန်းခြင်း၊ ပူးတွဲရှာဖွေကယ်ဆယ်ရေးနှင့် အခြားသော ပူးတွဲလေ့ကျင့်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။
စစ်ရေးလေ့ကျင့်မှုတွင် တောင်အာဖရိက၊ ပါကစ္စတန်၊ အိုမန်နှင့် အခြားသောနိုင်ငံများသည်လည်း လေ့လာသူများအဖြစ် ပါဝင်လျက်ရှိကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ပါဝင်လေ့ကျင့်လျက်ရှိသည့် နိုင်ငံများအကြား ယုံကြည်မှုပိုမိုခိုင်မာစေမည့်အပြင် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုအားကောင်းစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်ရေတပ်က ထုတ်ဖော်ပြောကြားခဲ့မှုကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား-NHK World
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)

X လူမှုကွန်ရက်သည် ကြီးမားသည့်ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရကြောင်းနှင့် တိုက်ခိုက်ခဲ့သည့် IP လိပ်စာများမှာ ယူကရိန်းနယ်မြေအတွင်းမှဖြစ်ကြောင်း X လူမှုကွန်ရက်ကို ပိုင်ဆိုင်သည့် Elon Musk က အခိုင်အမာပြောကြားခဲ့ ပါသည်။
မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ X လူမှုကွန်ရက်စာမျက်နှာများအား ဝင်ရောက်၍ မရတော့ကြောင်း သုံးစွဲသူများထံမှ တင်ပြချက်များ လက်ခံရရှိခဲ့မှုကို အင်တာနက်ဝင်ဆောင်မှုအား လေ့လာစောင့်ကြည့်သည့် ဝက်ဘ်ဆိုက် တစ်ခုမှ ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ X လူမှုကွန်ရက် ရပ်တန့်သွားရခြင်းမှာ ဆက်သွယ်ရေးပိုင်းဆိုင်ရာ ကြီးမားသည့် ဟန့်တားနှောင့်ယှက်မှု တစ်ခု သို့မဟုတ် ပြတ်တောက်မှုတစ်ခုကြောင့် ဖြစ်နိုင်ကြောင်း အမေရိကန်ရှိ သတင်းစာမျက်နှာများတွင် ရေးသား ဖော်ပြကြသည်။
Bloomberg သတင်းဌာနကမူ X လူမှုကွန်ရက်အပေါ် ဆိုက်ဘာတိုက်ခိုက်မှုအား Dark Storm ဟုခေါ်ဆိုသည့် ပါလက်စတိုင်းဟက်ကာအဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ကိုးကား-NHK World
Photo: CTech

ယူကရိန်းက မော်စကိုမြို့အား ပစ်မှတ်ထားပြီး အနည်းဆုံး ဒရုန်း (၉၁) စင်းဖြင့် အကြီးမားဆုံးသော တိုက်ခိုက်မှုကို မတ်လ (၁၁) ရက်နေ့တွင် လုပ်ဆောင်ခဲ့ရာ အနည်းဆုံးလူ (၂) ဦးသေဆုံးပြီး လေဆိပ်များပိတ်ထားရကာ လေကြောင်း ခရီးစဉ်များ ရွှေ့ဆိုင်းထားရကြောင်း ရုရှားနိုင်ငံတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယူကရိန်းက မော်စကိုမြို့တော်သို့ ဒရုန်း (၉၁) စင်းနှင့် ယူကရိန်းတပ်များပြန်လည်ဆုတ်ခွာသွားခဲ့သည့် ကာ့ခ်စ် (Kursk)ဒေသသို့ ဒရုန်း (၁၂၆) စင်းတို့အပါအဝင် စုစုပေါင်းဒရုန်း ၃၃၇ စင်းဖြင့် ရုရှားနိုင်ငံသို့ ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါသည်။
ကိုးကား-CNA