သတင်းများ

နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှု(Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၇၅ ဦး လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၆၀ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့

မြန်မာ - တရုတ် - ထိုင်းသုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ(Trilateral Cooperation)ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု(Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling)လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၇၅ ဦးကို ၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက်တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းန

မြန်မာ - တရုတ် - ထိုင်းသုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ(Trilateral Cooperation)ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု(Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling)လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၇၅ ဦးကို ၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက်တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်း ပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၆၀ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
 အလားတူ မြဝတီမြို့-မင်းလက်ပံနှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၆၀ ဦးကို မတ် ၁၄ ရက်တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။
 ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၆၂၇၅ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၃၅၈၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၆၈၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
  နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအား ခြိမ်းခြောက်ထိခိုက်များရှိလာသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်းပြီး ထိန်းသိမ်းလွှဲပြောင်းပေးလျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့်တို့ကလည်း အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုလုပ်ငန်းများမရှိစေရေး ဖော်ထုတ်ခြင်း၊ အရေးယူခြင်းတို့ကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

အပစ်အခတ်ရပ်စဲရေးကို ရုရှားက မူအားဖြင့် သဘောတူပြီး ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး ထွက်ပေါ်လာစေရန် ကြိုးပမ်းရမည်ဟု ပူတင်ပြော

အမေရိကန်ကအဆိုပြုသည့် ယူကရိန်းတွင် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို ရုရှားနိုင်ငံက မူအားဖြင့်သဘောတူပြီး ထိုသို့သောသဘောတူညီချက်မှတစ်ဆင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး ထွက်ပေါ်လာစေရန် ကြိုးပမ်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က  ပြောကြားလိုက်ကြောင်း သိရသည်။

အမေရိကန်အစိုးရ၏  အပစ်အခတ် ရပ်စဲရေးစိတ်ကူးသည်  မှန်ကန်သော ဆောင်ရွက်ချက်တစ်ရပ်ဖြစ်သည်ဟု ရုရှားနိုင်ငံက ယုံကြည်လျက်ရှိပြီး ယင်းစိတ်ကူးကို အပြည့်အဝထောက်ခံကြောင်း သမ္မတ ပူတင်က မတ်လ ၁၃ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များကိုပြောသည်။

ရုရှားနိုင်ငံအနေဖြင့်လည်း အပစ်အခတ်ရပ်စဲရန် အသင့်ရှိကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဖြေရှင်းခြင်းကို ရုရှားနိုင်ငံက  သဘောတူသော်လည်း ရုရှားနှင့်ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်  မချမှတ်မီ အချို့ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးဖြေရှင်းရန် လိုအပ်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အထူးသဖြင့် ရုရှားနိုင်ငံအနေဖြင့် အဆိုပါကိစ္စရပ်များအား အမေရိကန်အစိုးရနှင့် ဆွေးနွေးရန် လိုအပ်လျက်ရှိသည်ဟု ပူတင်က ဆက်လက်ပြောကြားသည်။

အလားတူပင် ရုရှားနှင့် အမေရိကန်တို့ကြား  ဆွေးနွေးရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးရန်လိုအပ်သည်ဟု  ပူတင်ကထပ်လောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ရုရှားအစိုးရက ဆွေးနွေးရန်လိုအပ်နေသည့် ကိစ္စရပ်များတွင် ရုရှားနှင့် ယူကရိန်းတို့ကြား ချမှတ်မည့်အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို စောင့်ကြည့်ထိန်းချုပ်နိုင်မည့် စနစ်များ၊ ယူကရိန်းအစိုးရက အပစ်အခတ်ရပ်စဲရေးကို အသုံးချ၍ ရှေ့တန်းစစ်မျက်နှာရှိ ၎င်းတို့၏ စစ်သည်များအား လက်နက်နှင့်စစ်အင်အား ပြန်လည်ဖြည့်တင်းခြင်းတို့ကို လုပ်ဆောင်ရန် ကြိုးပမ်းလာနိုင်မှုတို့ ပါဝင်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင်  သမ္မတပူတင်သည် ထရမ့်၏ အထူးသံတမန် စတိဝှစ်ကော့နှင့် တွေ့ဆုံ၍ ဆွေးနွေးရန် လိုအပ်ချက်များကို ထရမ့်ထံသို့  ပေးပို့ခဲ့သည်ဟု မီဒီယာတစ်ခုတွင် ဖော်ပြသည်။ 

Source: https://myawady.net.mm/

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ထန်းတပင်မြို့နယ်၊ အနောက်မြောင်ကျေးရွာသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးညွန့်ဝင်း(၅၃)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

ပူတင်က ကိယက်ဗ်အား Kursk ဒေသရှိ စစ်သားများကို လက်နက်ချခိုင်းရန်တိုက်တွန်း

ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ်လ ၁၄ ရက်(သောကြာ)နေ့တွင် ကျင်းပသော အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးတွင် ရုရှား၏ Kursk ဒေသတွင် ဝိုင်းခံထားရသော ယူကရိန်းစစ်သားများ၏ အသက်ကို မသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်ကို နားလည်သဘောပေါက်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းစစ်သားများ လက်နက်ချပါက ရုရှားဘက်မှ ၎င်းတို့၏အသက်ကို အာမခံပေးမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ဤသည်မှာ ဒုတိယကမ္ဘာစစ်ကတည်းက မမြင်ဖူးသော ကြောက်မက်ဖွယ်သတ်ဖြတ်မှုကြီး ဖြစ်လိမ့်မည်” ဟု ၎င်းက Truth Social တွင် ရေးသားခဲ့သည်။

ပူတင်က ထရမ့်၏တောင်းဆိုချက်ကို သိရှိပြီးဖြစ်ကြောင်း၊ ရုရှားဘက်မှ ၎င်းကို ထည့်သွင်းစဉ်းစားရန်ဆန္ဒရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။ “၎င်းတို့ လက်နက်ချပါက ရုရှားအနေဖြင့် နိုင်ငံတကာဥပဒေများ၊ ရုရှား ဥပဒေစံနှုန်းများနှင့်အညီ ၎င်းတို့၏ အသက်ကို အာမခံပေးပြီး ဂုဏ်သိက္ခာ ရှိစွာဆက်ဆံပေးမည်” ဟု ပူတင်ကပြောကြားခဲ့သည်။

ပူတင်က ကိယက်ဗ်၏တပ်ဖွဲ့များသည် Kursk ဒေသတွင်းသို့ ဝင်ရောက်စဉ်က ဒေသခံပြည်သူများအပေါ် များပြားသော ရာဇဝတ်မှုများ ကျူးလွန် ခဲ့ပြီး ရုရှားတရားဥပဒေစိုးမိုးရေးအဖွဲ့များက ၎င်းတို့၏လုပ်ရပ်များကို “အကြမ်းဖက်မှု” အဖြစ် သတ်မှတ်ထားကြောင်း ထောက်ပြခဲ့သည်။

အမေရိကန်သမ္မတ၏ တောင်းဆိုချက်ကို “ထိရောက်စွာ လိုက်နာနိုင်ရန်” အတွက် ကိယက်ဗ်သည် ၎င်း၏ စစ်သားများအား လက်နက်ချရန် အမိန့်ပေးရမည်ဟု ပူတင်က ပြောကြားခဲ့သည်။

ကိယက်ဗ်သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် Kursk ဒေသတွင်းသို့ ပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီး Sudzha မြို့နှင့် ကျေးရွာများစွာကို သိမ်းပိုက်ခဲ့သည်။ ယူကရိန်း၏ ထိုးစစ်ဆင်မှုများကို ရုရှားတပ်ဖွဲ့များက အလျင်အမြန် ရပ်တန့်နိုင်ခဲ့ပြီး Kursk ဒေသရှိနယ်မြေများကိုတစ်ဆင့်ချင်း ပြန်လည် သိမ်းပိုက်ခဲ့သည်။ မတ်လ ၁၂ ရက်နေ့ ညနေပိုင်းအထိ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ယူကရိန်းက သိမ်းပိုက်ထားသော နယ်မြေ၏ ၈၆% ကို မော်စကို၏တပ်များက ပြန်လည်ရရှိခဲ့ကြောင်း ရုရှားဗိုလ်ချုပ်ကြီး ဗာလာရီ ဂျီရာဆီမော့ဗ်က ပြောကြားခဲ့သည်။ ထိုဒေသတွင် ကျန်ရှိနေသော ယူကရိန်းတပ်ဖွဲ့များကို ဝိုင်းပတ်ပိတ်ဆို့ထားကြောင်းနှင့် ယူကရိန်း စစ်သားအရေအတွက်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

ပူတင်က မော်စကိုနှင့်ကိယက်ဗ်အကြား စစ်ပြေငြိမ်းရေး သဘောတူညီချက်တစ်ခုမရရှိမီ ဖြေရှင်းရမည့် အဓိကပြဿနာများထဲမှတစ်ခုအဖြစ် Kursk ဒေသရှိ ယူကရိန်းစစ်သားများ၏ ကံကြမ္မာကို ထည့်သွင်းဖော်ပြခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကာ့ဒ်ရှိ ယူကရိန်းတပ်ဖွဲ့ဝင်များ လက်နက်ချရန် ငြင်းဆိုပါက ဆိုးဆိုး ရွားရွား ဖျက်ဆီးခံရမည်ဖြစ်ကြောင်း ဒီမီထရီမက်ဗီဒက်က ပြောကြား

ကာ့ဒ်ဒေသရှိ ယူကရိန်းတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချရန် ငြင်းဆိုပါက ဆိုးဆိုးရွားရွားဖျက်ဆီးခံရမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်က ပြောကြားလိုက်ပါသည်။ အစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ကာ့ဒ်ဒေသအနီးတွင် လက်နက်ချထားသော ယူကရိန်းစစ်သားများကို အသက်အန္တရာယ်အတွက် သင့်လျော်သည့် ဆေးကုသမှုပေးရန် အာမခံချက်ပေးထားကြောင်း လုံခြုံရေးကောင်စီကို ညွှန်ကြားထားပါသည်။ 

“အဆိုပါအပြုအမူသည် မိမိတို့နိုင်ငံအတွက် အလွန် လူသားဆန်သော အပြုအမူ ဖြစ်သော်လည်း ယူကရိန်း နာဇီများအတွက်တော့ လက်နက်ချရန် ငြင်းဆိုလာပါက ညှာတာမှုကင်းမဲ့စွာဖြင့် ချေမှုန်းပစ်ရမည် ဖြစ်ပါ ကြောင်း” ဒီမီထရီမက်ဗီဒက်က ၎င်း၏ Telegram ချန်နယ်တွင် ရေးသား ခဲ့သည်။ 

ယူကရိန်းအစိုးရအနေဖြင့် ၎င်း၏ စစ်သားများကို ကယ်တင်ရန် အခွင့်အရေး လိုချင်ပါက လာမည့်နာရီပိုင်းများတွင် ပြသပေးသွားမည် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ မတ် ၁၃ ရက်တွင် “ရုရှားသည် ကာ့ဒ်ဒေသရှိ အခြေအနေများကို အပြည့်အဝ ထိန်းချုပ်ထားပြီး ယူကရိန်းတပ်သား တစ်စုသည် အထီးကျန်စွာပိတ်ဆို့နေခဲ့သည်” ဟု ပူတင်က ပြောကြား ထားပါသည်။ ရုရှားသမ္မတဗလာဒီမာပူတင်သည် မတ်လ ၁၂ ရက်က ကာ့ခ် ဒေသကွပ်ကဲမှုစခန်းများသို့ ကွင်းဆင်းသွားရောက်ခဲ့ပါသည်။ 

ကိုးကား- TASS 

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ပိတ်မိခံရသည့် ယူကရိန်းတပ်ဖွဲ့ဝင်များအတွက် အချိန်အနည်းငယ်သာ ကျန်တော့ကြောင်း ကရင်မလင် ပြော

ကာ့ဒ်ဒေသ၌ ထောက်ချောက်ပိတ်မိခံလိုက်ရသော ယူကရိန်း တပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချအရှုံးပေးရန် ရုရှားသမ္မတဗလာဒီမာပူတင်၏ အကြံပြုချက်မှာ ပြောင်းလဲသေးခြင်း မရှိသေးပါကြောင်း၊ သို့ရာတွင် ၎င်းတို့အတွက် အချိန်တဖြည်းဖြည်း ကုန်ဆုံးလာနေပြီ ဖြစ်ကြောင်း ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ရုရှားနိုင်ငံပိုင် သတင်းဌာန TASS ကို ပြောကြားထားပါသည်။

ကိုးကား- ကရင်မလင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သနဝကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကိုငြိမ်းသူ(၂၉)နှစ်သည် ၎င်း၏နေအိမ်မှ ဖလံကျင်းကျေးရွာသို့ ခြေလျင်သွားရောက်စဉ် သနဝကျေးရွာ၏ အနောက်ဘက် ၁ ဖာလုံခန့်အကွာရှိ ပဲခင်းအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကိုငြိမ်းသူတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

PDF အမည်ခံ အကြမ်းဖက်အဖွဲ့က စလင်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ခွဲရုံအား စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့များသို့ လျှပ်စစ်ဓာတ်အားဖြတ်တောက်ရန် လက်နက်ပြ၍ အကျပ်ကိုင်ဖိအားပေး ခြိမ်းခြောက်စေခိုင်း

လက်နက်ကိုင်အကြမ်းဖက်သမားများသည် နိုင်ငံတော်အတွင်း အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်၊ ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်နှင့် လူနေမှုစနစ်အဆင်ပြေ ချောမွေ့မှုအား ပျက်စီးစေရန် ရည်ရွယ်၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အားခွဲရုံများ၊ ဓာတ်တိုင်များနှင့် လူနေအိမ် များအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ပြ၍ အကျပ်ကိုင်ဖိအားပေး ခြိမ်းခြောက်စေခိုင်းခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၇ ရက်တွင် မကွေးတိုင်းဒေသကြီး၊ စလင်း မြို့နယ်၊ မြောက်ချောင်းဖြူကျေးရွာ၊ ဖောင်တော်ဦးဘုရားအနီးရှိ လျှပ်စစ်ဓာတ်အားဖြန့်ခွဲရုံသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့် ရောက်ရှိလာပြီး အဆိုပါလျှပ်စစ်ဓာတ်အားဖြန့်ခွဲရုံမှ ဆင်ဖြူကျွန်းမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးကျော်သူရ(၃၅)နှစ်ပါ နေ့စားဝန်ထမ်း လေးဦးတို့အား စလင်း မြို့နှင့် ဆင်ဖြူကျွန်းမြို့များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှုကို ဖြတ်တောက်ရန် လက်နက်ပြ၍ အကျပ်ကိုင်ဖိအားပေး ခြိမ်းခြောက်စေခိုင်းခဲ့သဖြင့် စလင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ဖြန့်ဖြူးပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပို့လွှတ်မှုများအား ဖြတ်တောက်ပေးခဲ့ရသည်။
အထက်ပါဖြစ်စဉ်မှ လျှပ်စစ်ဓာတ်အားဖြန့်ခွဲရုံအား လက်နက်ပြ၍ အကျပ်ကိုင်ဖိအားပေး ခြိမ်းခြောက်ကာ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှုအား ဖြတ်တောက်ရန် စေခိုင်းခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ဖြတ်တောက်ခဲ့သည့် လျှပ်စစ်ဓာတ်အားများ ပုံမှန်ပြန်လည်ပို့လွှတ်နိုင်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ကျော်ထက်အောင်နှင့် သက်ကျော်ဦးတို့အား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ မတ် ၁၁ ရက် နံနက် ၉ နာရီ ၄၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် ကျော်ကျော်ထက်အောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြား(တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၆,၃၀၀ ကျပ်) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၉ နာရီ ၄၅ မိနစ်တွင် အဆိုပါနေရာ၌ သက်ကျော်ဦး မောင်းနှင်လာသည့် LIFAN အမျိုးအစား မော်တော်ယာဉ်ကို ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူဘလောက်တုံး ၁၄၀ တုံး၊ အလ

၂၀၂၅ ခုနှစ်၊ မတ် ၁၁ ရက် နံနက် ၉ နာရီ ၄၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် ကျော်ကျော်ထက်အောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြား(တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၆,၃၀၀ ကျပ်) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၉ နာရီ ၄၅ မိနစ်တွင် အဆိုပါနေရာ၌ သက်ကျော်ဦး မောင်းနှင်လာသည့် LIFAN အမျိုးအစား မော်တော်ယာဉ်ကို ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူဘလောက်တုံး ၁၄၀ တုံး၊ အလေးချိန် ၄၉ ကီလို(တစ်ကီလိုလျှင် ၁၅၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၇,၃၅၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ကျော်ကျော်ထက်အောင်(၃၂)နှစ်နှင့် သက်ကျော်ဦး(၂၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား လုပ်ကြံသတ်ဖြတ်မှု မှတ်တမ်းဓာတ်ပုံ။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ မင်းရဲကျော်စွာရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးလှမင်းဖြိုး(၃၄)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။