သတင်းများ

နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှု (Telecom   Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၈၃ ဦး လွှဲပြောင်းပေးအပ်ခဲ့ပြီး ၃၅၇ ဦးအား ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊  အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့်  ပြည်ပနိုင်ငံသား ၂၈၃ ဦးအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပ

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊  အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့်  ပြည်ပနိုင်ငံသား ၂၈၃ ဦးအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၃၅၇ ဦးအား ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
 ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများက  ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ ထိုင်းတပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥကရစ်ဘွန်တန်နွန်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ  သံအမတ်ကြီး H.E Mr. Pranav. Ganesh နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပြီး   မြန်မာ - ထိုင်း - တရုတ် သုံးနိုင်ငံပူးပေါင်း၍ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling)  တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ရေး၊ မူရင်းနိုင်ငံ၊ ဖြတ်သန်းနိုင်ငံနှင့် ဆိုက်ရောက်နိုင်ငံ တို့အကြား လွှဲပြောင်းလက်ခံရေး လုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊  အဆိုပါနိုင်ငံများအကြား Task Force ဖွဲ့စည်းပြီး Action Plan ရေးဆွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ၊ တတိယနိုင်ငံသားများအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
 ဆက်လက်၍ ပြည်နှင်လွှဲပြောင်းပေးအပ်မည့် ကိစ္စရပ်များ ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့  ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။
အလားတူ မြဝတီမြို့ - မယ်ထော်သလေးနယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၃၅၇ ဦးအား မတ် ၁၀ ရက်တွင် ထပ်မံစစ်ဆေး ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၅,၁၉၉  ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ  ၎င်းတို့အနက်မှ ၂,၄၇၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့  ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂,၇၂၇ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။   
 အဆိုပါထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား ၅,၁၉၉ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန္ဓာ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်နှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍အမျိုးသား နှစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာနေ ကိုမွန်ထိုင်း(၂၅)နှစ်နှင့် ကော့ပိထော်ကျေးရွာနေ ကိုဇော်ထက်(ခ)ကလန် (၂၅)နှစ်တို့သည် ကလော့သော့ကျေးရွာအနီးရှိ ရော်ဘာခြံသို့ ဆိုင်ကယ် တစ်စီးဖြင့် သွားရောက်စဉ် ကလော့သော့ကျေးရွာအဝင်လမ်းရှိ ဘောလုံးကွင်းဘေးလမ်းထောင့်အရောက် မွန်ပြည်သစ်ပါတီ (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်နေ ကျောက်ပန်းတောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး(၃၈)နှစ်သည် ရုံးစာရေး ဦးမျိုးကိုကို၊ ရုံးစောင့် ဦးမောင်ဝင်း၊ မြိုင်သာယာကျေးရွာနေ ဦးစိန်အောင်မင်း၊ တယ်ပင်တဲကျေးရွာနေ ဦးမျိုးမင်းထက်၊ အောင်မင်္ဂလာ ရပ်ကွက်နေ ဦးဆန်းဝင်းတို့နှင့်အတူ မြိုင်သာယာကျေးရွာအနောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ ၎င်းပိုင် စိုက်ပျိုးရေးခြံ၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ရောက်ရှိလာပြီး ဦးသန်းဇော်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ စိုက်ပျိုးရေးခြံအတွင်း ရပ်ထားသည့် မော်တော်ယာဉ် နှစ်စီးအား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့သဖြင့် ဦးသန်းဇော်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
 ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြောက်ကိုရီးယား၏ ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို ကင်ဂျုံအန်း မိတ်ဆက်

မြောက်ကိုရီးယားနိုင်ငံ၏ ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက မိတ်ဆက် ပြသလိုက်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာမှ မတ်လ ၈ ရက်နေ့(စနေနေ့)တွင် သတင်း ထုတ်ပြန်ခဲ့ပါသည်။ 

ကင်ဂျုံအန်းအနေဖြင့် အဆိုပါရေငုပ်သင်္ဘော တည်ဆောက်မှုလုပ်ငန်းစဉ်အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သော်လည်း တည်ဆောက် ခဲ့သည့်နေရာနှင့် နည်းပညာဆိုင်ရာအချက်အလက်များကို အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပါ။ 

Nuclear Threat Initiative ၏ အချက်အလက်များအရ မြောက်ကိုရီးယားသည် ကမ္ဘာ့အကြီးဆုံး ရေငုပ်သင်္ဘောတပ်ဖွဲ့များမှ တစ်ခုဖြစ်ပြီး ပျမ်းမျှ အစီး ၇၀ မှ ၉၀ အထိ ပိုင်ဆိုင်ထားပါသည်။ သို့ရာတွင် စစ်ရေးကျွမ်းကျင်သူများက မြောက်ကိုရီးယား၏ ရေငုပ်သင်္ဘောအများစုသည် ခေတ်မမီတော့ကြောင်း၊ စစ်ဆင်ရေးများတွင် ထိထိရောက်ရောက် အသုံးပြုနိုင်ခြင်း မရှိခြင်း ၊ ဒုံးကျည်များ ပစ်လွှတ်ရာတွင် တိကျစွာ အသုံးပြုနိုင်စွမ်းမရှိကြောင်း သုံးသပ်ထားကြပါသည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ဖယ်ခုံရှမ်းကျောင်းမှ ပရဟိတဆရာတော်ကို “ဒလန်” ဟု စွပ်စွဲကာ ပျားစစ်ကြောင်းအမည်ခံ PDF အဖွဲ့ က သတ်ဖြတ်ကြောင်း ဝန်ခံလာ

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံရှမ်းကျောင်းမှ ပရဟိတ ဆရာတော် ကို “ဒလန်” ဟု စွပ်စွဲကာ ပျားစစ်ကြောင်းအမည်ခံ PDF အကြမ်းဖက် အဖွဲ့ကသတ်ဖြတ်ကြောင်း ဝန်ခံချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်၊ ညနေ ၄ နာရီအချိန်ခန့်က ဖယ်ခုံမြို့နယ် ဖယ်ခုံရှမ်းကျောင်း ဆရာတော် ဦးဓမ္မသာရနှင့် အိုက်ပီး တို့ကို PDF အဖွဲ့က ဆိုင်ကယ် (၄) စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ - PK Police ဟု ၎င်းတို့ ဘာသာအမည်ပေးထားသော PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဆရာတော် အား “ဒလန်” ဟု စွပ်စွဲကာ စစ်ဆေးရန်ခေါ်စဉ် မလိုက်သောကြောင့် စိတ်မထိန်းနိုင်ဖြစ်ကာ ပျားစစ်ကြောင်းဆိုသည့်အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံချက်ထုတ်ပြန်ထားသည်။

ဆရာတော်သည် သက်တော် (၄၈) နှစ် ဝါတော် (၂၈) ဝါရှိ ကျောင်းထိုင် ဆရာတော်တစ်ပါးဖြစ်ပြီး ပရဟိတလုပ်ငန်းများနှင့် စစ်ရှောင်များအား ကူညီနေသည့်အပြင် ရွှေဓမ္မရောင်ခြည် အခမဲ့လူမှုကူညီရေး အသင်းကို လည်း ဖွဲ့စည်းတည်ထောင်ထားသူဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလကလည်း ဖယ်ခုံမြို့နယ်တွင်းက KNDF ထိန်းချုပ်နယ်မြေဖြစ်သော လအိကျေးရွာအနီးရှိစေတီမှ ဗုဒ္ဓရုပ်ပွားဆင်းတုတော် (၁၆) ဆူအနက် (၈) ဆူတွင် ဦးခေါင်းတော်များ အဖြတ်ခံရသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ဖူးသည်။

ထို့အတူ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်ကလည်း ဖယ်ခုံမြို့နယ်၊ မြို့ကုန်းရပ်ကွက်တွင် အမျိုးသား (၂) ဦး ကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ကိုးကား-NP News

ကရင်မလင်က ဆီးရီးယားရှိ အကြမ်းဖက်မှုများကို ထိန်းချုပ်ရန် အမြန်ဆုံးလုပ်ဆောင်ရေး တောင်းဆို

ဆီးရီးယား၌ မြင့်တက်လာနေသည့် အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် နိုင်ငံတကာမှ အမြန်ဆုံးဝင်ရောက်ဖြေရှင်းရန် လိုအပ်နေကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က မတ်လ ၁၀ ရက်(တနင်္လာ)နေ့တွင် ပြောကြားခဲ့သည်။ သတင်းများအရ လာတာ ကီးယား (Latakia) နှင့် တာတူးစ် (Tartus) မြို့များတွင် သုံးရက်အတွင်း လူပေါင်း ၁,၃၀၀ ခန့် သေဆုံးခဲ့ပြီး ၎င်းတို့ထဲတွင် ပြည်သူ ၈၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

ရုရှားနှင့် အမေရိကန်တို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးပေါ် အစည်းအဝေးတစ်ရပ်ခေါ်ယူရန် တောင်းဆိုခဲ့ပြီး အကြမ်းဖက်မှုများကို ဆွေးနွေးရန်ဖြစ်သည်။

ဆီးရီးယားအစိုးရသစ်၏မဟာမိတ် လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့် အချို့သောပြည်သူများသည် ရုရှားစစ်စခန်းအတွင်း ခိုလှုံနေကြသည်ဟု ဆိုသည့် အချက်အလက် များနှင့် ပတ်သက်၍ ရုရှားအရာရှိက မှတ်ချက်ပြုရန် ငြင်းဆိုခဲ့သည်။

ဆီးရီးယားအစိုးရသည် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ဖြုတ်ချခံခဲ့ရပြီး ထိုစဉ်က သမ္မတ Bashar Assad ကို ဆန့်ကျင်သည့် လက်နက်ကိုင်တပ်ဖွဲ့များက ဒမားစကတ်ကို ထိန်းချုပ်ခဲ့သည်။ အာဆာ့ဒ်မိသားစုသည် အစ္စလာမ် ဘာသာ၏ အလာဝီဂိုဏ်းဝင်ဖြစ်ပြီး အုပ်ချုပ်သူအသစ်ခေါင်းဆောင် Ahmed al-Sharaa ကို ထောက်ခံသည့် အစွန်းရောက် အစ္စလာမ် ဘာသာဝင်များက အလာဝီများနေထိုင်ရာဒေသရှိ ပြည်သူများကို အကြမ်းဖက်မှုများ ကျူးလွန်နေကြကြောင်း သိရှိရပါသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

နောင်ချိုမြို့နယ်၊ တောင်ခမ်းစစ်မြေပြင်မှ အောင်ပွဲဖြင့် ပြန်လည် ရောက်ရှိလာသော တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို

နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသမှ TNLA, PDF အကြမ်းဖက် အဖွဲ့များက ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက်မပြတ် ကျူးလွန်နေသည့်အတွက် တပ်မတော်သား များက နှိမ်နင်းဆောင်ရွက်ခဲ့ရသည်။

အကြမ်းဖက်သမား၏ လုပ်ရပ်ကြောင့် ဒေသခံပြည်သူများ အတိဒုက္ခရောက် ခဲ့ရပြီး ပြောင်းရွှေ့နေထိုင်ခဲ့ကြရသူများလည်း ရှိသည်။

တောင်ခမ်းစစ်မြေပြင်တွင် တပ်မတော်သားများအနေဖြင့် TNLA, PDF အကြမ်းဖက်အဖွဲ့များကို ပြင်းပြင်းထန်ထန် နှိမ်နင်းဆောင်ရွက်ခဲ့ရသည်။

အကြမ်းဖက် TNLA, PDF အဖွဲ့များ၏ ဆင်ခြင်ဉာဏ်မဲ့စွာ လုပ်ဆောင်မှု များကြောင့် ဒေသခံများ၏ လူမှုဘဝအလုံးစုံပျက်စီးခဲ့ရကာ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရင်းမြစ်များဖြင့် တည်ဆောက်ထားခဲ့သော နိုင်ငံပိုင် အဆောက်အဦများ၊ လမ်းတံတားများလည်း ပျက်စီးခဲ့ရသည်။

တပ်မတော်အနေဖြင့် အကြမ်းဖက်မှုများအား အစွမ်းကုန် တိုက်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား-Myanmar National Post

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အန္တရာယ် ရှိသည့် ရန်စမှုတစ်ရပ်ဖြစ်ကြောင်း မြောက်ကိုရီးယား ပြောကြား

အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အန္တရာယ်ရှိသည့်ရန်စမှု လုပ်ရပ်တစ်ခုဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ (၁၀) ရက်နေ့တွင် နိုင်ငံပိုင်KCNရုပ်သံမှတစ်ဆင့် ထုတ်ပြန်ကြေညာ ခဲ့သည်။

နှစ်စဉ်ကျင်းပမြဲ Freedom Shield ဟုအမည်ရသည့် အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ်လ(၁၀)ရက်မှ (၂၀)ရက်နေ့အထိ (၁၁)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ယခုလေ့ကျင့်မှုသည် မြောက်ကိုရီးယားကဲ့သို့သောနိုင်ငံ၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် အသင့်ဖြစ်စေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောကြားခဲ့ပါသည်။

နှစ်စဉ်ကျင်းပသည့် နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုအား “ကျူးကျော်ရန်အစပျိုးခြင်း” ဟု မြောက်ကိုရီးယားက အမည်တပ်ပြီး လေ့ကျင့်မှုမလုပ်ဆောင်ရန် ပြောဆိုမြဲပင်ဖြစ်သည်။

“အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်၌ စိုးရိမ်ဖွယ်ရာ အခြေအနေကို ဖြစ်စေနိုင်သော အန္တရာယ်ရှိသည့် ကျူးကျော်ရန်စမှုတစ်ရပ်ပင်ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်သည်မတော်တဆမှု တစ်ခုမှတစ်ဆင့် ကိုရီးယားနှစ်နိုင်ငံအကြား ပဋိပက္ခကိုအမှန်တကယ်ဖြစ်စေမည့် မီးစတစ်ခုဖြစ်လာနိုင်ကြောင်းနှင့် ယခုကဲ့သို့စစ်ရေးလေ့ကျင့်ခြင်းကြောင့် အမေရိကန်၏လုံခြုံမှုကို ထိခိုက်စေနိုင်ကြောင်း” မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါသည်။

ကိုးကား- NHK World

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုလုပ်ဆောင်

အမေရိကန်-တောင်ကိုရီးယားနှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် ပြစ်တင်ဝေဖန်ပြီးနောက် နာရီအနည်းငယ်အကြာ၌ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါပူးတွဲစစ်ရေး လေ့ကျင့်မှုသည် နှစ်နိုင်ငံထိပ်တိုက်ရင်ဆိုင်မှုကို ဖြစ်စေနိုင်ပြီး အန္တရာယ်ရှိသော ရန်စသည့်လုပ်ရပ်အဖြစ် မြောက်ကိုရီးယားက သတ်မှတ်ထားသည်။

ဒုံးကျည်များကို မြောက်ကိုရီးယားနိုင်ငံ အနောက်ဘက်ခြမ်းမှ ပင်လယ်ဝါအတွင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ပဲ့ထိန်းဒုံးကျည်များ ပစ်ခတ်စမ်းသပ်ခြင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်သည့် ဇန်နဝါရီလမှစ၍ ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယခုအကြိမ် ပစ်ခတ်ခဲ့မှုမှာ အကွာအဝေးမှာ ကီလိုမီတာ ၃၀၀ (၁၈၆)မိုင်အောက်သာ ရှိသည့်အတွက် စမ်းသပ်ပစ်ခတ်ခဲ့သည့် ဒုံးကျည် အမျိုးအစားများမှာ တာနီးပစ်ပဲ့ထိန်းဒုံးကျည်များဖြစ်နိုင်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့မှုကို Reuters သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- Reuters

ဥရောပခေါင်းဆောင်များက ဂါဇာဒေသအတွက် “လက်တွေ့ကျသော” အာရပ်အစီအစဉ်ကို ထောက်ခံ

ထိပ်တန်းဥရောပနိုင်ငံများက ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် အီဂျစ်မှရေးဆွဲပြီး အာရပ်များက ထောက်ခံသည့်အစီအစဉ်ကို ထောက်ခံ ကြောင်း ပြောကြားခဲ့သည်။ ထိုအစီအစဉ်သည် ဒေါ်လာ ၅၃ ဘီလီယံ (ပေါင် ၄၁ ဘီလီယံ) ကုန်ကျမည်ဖြစ်ပြီး ပါလက်စတိုင်းလူမျိုးများကို ထို နယ်မြေမှ ရွှေ့ပြောင်းခြင်းမှ ရှောင်ရှားမည်ဖြစ်သည်။

အီဂျစ်မှ ရေးဆွဲပြီး အာရပ်ခေါင်းဆောင်များက ထောက်ခံခဲ့သည့် အဆိုပါ အစီအစဉ်ကို အစ္စရေးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့က ပယ်ချ ခဲ့သည်။ 

စနေနေ့တွင် ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး များက ဂါဇာကို ငါးနှစ်အတွင်း ပြန်လည်တည်ဆောက်ရန် တောင်းဆိုထားသည့် အဆိုပါအစီအစဉ်ကို "လက်တွေ့ကျသော" အစီအစဉ်အဖြစ် ကြိုဆိုခဲ့သည်။

ထုတ်ပြန်ချက်တွင် ၎င်းတို့က ဤအဆိုပြုချက်သည် ဂါဇာပြည်သူများ၏ “ကြီးမားသော နေထိုင်မှုအခြေအနေများကို လျင်မြန်စွာနှင့် ရေရှည် တည်တံ့စွာ မြှင့်တင်ပေးနိုင်မည်” ဟု ဆိုသည်။

အဆိုပါအစီအစဉ်တွင် ဂါဇာကို လွတ်လပ်သော ကျွမ်းကျင်သူများ ပါဝင်သည့် ကော်မတီမှ ယာယီအုပ်ချုပ်ရန်နှင့် နယ်မြေသို့ နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့များ စေလွှတ်ရန် တောင်းဆိုထားသည်။

ကော်မတီသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ကြီးကြပ်ရန်နှင့် ပါလက်စတိုင်းအာဏာပိုင်များ၏ ကြီးကြပ်မှု အောက်တွင် ဂါဇာ၏ ကိစ္စရပ်များကို ယာယီအုပ်ချုပ်ရန် တာဝန်ရှိမည်ဖြစ်သည်။

ဂါဇာ၏ အားနည်းသော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် မတ်လ ၁ ရက်နေ့တွင် ပထမအဆင့် ခြောက်ပတ်ကုန်ဆုံးပြီးနောက် ပြိုလဲ သွားနိုင်သည်ဟု စိုးရိမ်မှုများ တိုးပွားလာချိန်တွင် အဆိုပါအဆိုပြုချက်ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ဥရောပနိုင်ငံလေးနိုင်ငံက စနေနေ့တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ၎င်းတို့သည် "အာရပ်အစီအစဉ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုထားကြောင်း" နှင့် ၎င်းတို့သည် အာရပ်နိုင်ငံများက ဂါဇာကို ဖွံ့ဖြိုးတိုးတက်စေရန်ပေးပို့ခဲ့သည့် လက်တွေ့ကျသော အစီအစဉ်အတွက် ကျေးဇူးတင်ကြောင်းဖော်ပြထားသည်။

ကိုးကား-BBC

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ မတ် ၈ ရက် နံနက် ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီး HIGER အမျိုးအစား ခရီးသည်တင်မှန်လုံယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မနန်းရီ သယ်ဆောင်လာသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေ ၁၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၅၀ သိန်း) အား သိမ်းဆည်းရမိခဲ့သဖြင့် မနန်းရီ(၆၀)နှစ်အားလည်းကောင်း။

အလားတူ မတ် ၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ရပ်ကွက်(၅)ရှိ မအီစိန်၏နေအိမ်အား ရှာဖွေရာ နေအိမ်အိပ်ခန်းထဲရှိ သံသေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၄,၁၀၀ ပြား(တစ်ပြားလျှင် ငွေ ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၃၂၀ ဒသမ ၅ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် မအီစိန်(၅၇)နှစ်အားလည်းကောင်း။အလားတူ မတ် ၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုံး(ခ)ကျေးရွာအုပ်စု၊ ပါခုတ်ကျေးရွာအနီးတွင် သက်နိုင်ဝင်း(ခ)ကိုသက် မောင်းနှင်လာသည့် HONDA INSIGHT အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၀၀၀ ပြား (တစ်ပြားလျှင် ငွေ ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၆၈ သိန်း) အား သိမ်းဆည်းရမိခဲ့သဖြင့် သက်နိုင်ဝင်း(ခ)ကိုသက် (၃၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အသီးသီးအရေးယူထားကြောင်း သတင်းရရှိပါသည်။