ငလျင်ကြောင့် မီးလောင်ဆုံးရှုံးသွားသော ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများအတွက် ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် မန္တလေးတစ်တိုင်းလုံးအနေဖြင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူအင်အား ၉၄ ရာခိုင်နှုန်းရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်၏ ပြောကြားချက်အရ သိရသည်။

ဗိုလ်ချုပ်ကြီးမိုးအောင်သည် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် အတူ မေလ ၉ ရက်၊ မွန်းလွဲပိုင်းက ရမည်းသင်းခရိုင်ပျော်ဘွယ်မြို့ ယင်းတော် အခြေခံပညာ အထက်တန်းကျောင်းနှင့်အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရမည်းသင်းမြို့ မြို့မအခြေခံပညာ အထက်တန်းကျောင်း ခန်းမတို့တွင် စခန်းသွင်းသင်ကြားလေ့ကျင့်လျက်ရှိသည့် တက္ကသိုလ် ပါမောက္ခ၊ ဆရာ၊ ဆရာမများ၊ အခြေခံပညာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားစဥ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ငလျင်ဘေးဒဏ်ကြောင့် ပြန်လည်ရုန်းထရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ Grade-12 စာမေးပွဲအား ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်စေရန်အတွက် အခွင့်အလမ်းတစ်ရပ်အဖြစ်မှတ်ယူကာ ကြိုးစားဆောင်ရွက်နေမှုကို အသိအမှတ်ပြုချီးကျူးကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့သည်။
အလားတူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မလျော့သော ဇွဲ၊ လုံ့လ တို့ဖြင့် ကြုံတွေ့လာရသည့်အခက်အခဲကို ရင်ဆိုင်ကျော်လွှားပြီး လက်ရှိစာသင်ကြားနေသည့် အချိန်ဇယားအလိုက် စာမေးပွဲဖြေဆိုရန် ၃၇ ရက်သာလိုသည့်အချိန်တွင် ဘာသာရပ်အလိုက် စနစ်တကျ တွက်ချက်ပြီး တန်ဖိုးထားကြိုးစားခြင်းဖြင့် ပိုမိုအောင်မြင်မှုများ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ကျန်ရှိနေသောအခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အမြန်ဆုံးရောက်ရှိ ပညာသင်ကြားနိုင်ရေး ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန် သင်ကြားကြပ်မတ်ပေးသည့် ဆရာ/ဆရာမများ၊ မိဘများ၊ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ အားလုံးကိုလည်း အသိအမှတ်ပြုကြောင်း၊ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ရရှိသည့်အချိန်အတွင်း မဆုတ်မနစ်ကြိုးစားအားထုတ်ပြီး ဘဝ ရည်မှန်းချက်ပန်းတိုင်အသီးသီးသို့ အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေကြောင်းဖြင့် အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု သိရသည်။
ကိုးကား- MHT

ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့အောင်မြင်စွာ ဖြေဆိုနိုင်ရန် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က တိုက်တွန်းထားသည်။
ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့ အောင်မြင်စွာ ဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ကိုယ်ပိုင်ကျောင်း တည်ထောင်အုပ်ချုပ်သူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးစဉ် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

မတ်လ (၂၈) ရက် မွန်းလွဲပိုင်း၌ လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်း မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာ များကို စာစစ်လုပ်ငန်းများဆောင်ရွက်နေသည့် မန္တလေး တက္ကသိုလ် ပင်မ အဆောက်အအုံ ထိခိုက်ပြိုကျပျက်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ယခင်စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ် အားလုံး ဖြေဆိုခဲ့သူများကို ပြန်လည်ဖြေဆိုခွင့်ပြုထားပြီး လာမည့် ဇွန်လ (၁၆) ရက် မှ (၂၁) ရက်အထိ စာမေးပွဲ ပြန်လည်ကျင်းပသွားမည် ဖြစ်သည်။
ယင်းကဲ့သို့ ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ၌ ပြန်လည် ဖြေဆိုခွင့်ပြုထားသည့် ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ် အားလုံးကို အဆင်ပြေချောမွေ့အောင်မြင်စွာဖြင့် ပြီးဆုံးသည်အထိ ဖြေဆို နိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသွားသည်။
ကိုးကား- ဒေသတွင်းမီဒီယာ

မတ်လ ၂၈ ရက်က အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတက္ကသိုလ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့်နေပြည်တော်တို့မှ စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် ဇွန်လ ၁၆ ရက်မှ ၂၁ ရက်နေ့၊ နံနက် (၉) နာရီမှ (၁၂) နာရီအထိ ပြန်လည် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့် မတ်လအတွင်းက စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာရပ်အားလုံးဖြေဆိုခဲ့သူများကိုသာ ပြန်လည် ဖြေဆို ခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အထက(မင်းကင်း)၊ အထက (ပန်ဆက်)၊ အထက (၁) တမူး၊ အထက (၂) ရွှေဘို၊ အထက (၁) ရေဦး၊ အထက(ဗန်းမောက်)၊ အထက(ဝန်းသို)၊ အထက(မော်လိုက်)၊ အထက (ကင်းတပ်)နှင့် အထက(အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများ သည် ပြန်လည်ဖြေဆိုရန် မလိုကြောင်း ထုတ်ပြန်ထားသည်။
ယခုနှစ်၊ မတ်လက ကျင်းပခဲ့သော စစ်ဆေးစာစစ်ဌာနများအနက် စစ်ကိုင်းတိုင်းဒေသကြီးရှိ စာစစ်ဌာန နှစ်ခု၊ မန္တလေးတိုင်းဒေသကြီးရှိ စာစစ်ဌာန (၁၉) ခုနှင့် နေပြည်တော်ရှိ စာစစ်ဌာန (၁၀) ခု များသည် ဖော်ပြထားသော စာစစ်ဌာနများတွင် ပြောင်းလဲဖြေဆိုရမည်ဖြစ်ပြီး မဖော်ပြသည့် ကျန်စာစစ်ဌာနများမှာ မူလစာစစ်ဌာနများတွင် ဖြေဆို ရမည်ဖြစ်ကြောင်း သိရသည်။
ယခုပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့် ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများထံမှ ဇွန် ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက်ရိုက်ထုတ်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
(၂၀၂၄-၂၀၂၅) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်း စာစစ်ဌာနပေါင်း (၈၁၇) ခုဖွင့်လှစ်ကာ မတ်လ (၁၇) ရက်မှ (၂၂) ရက် အထိစစ်ဆေးခဲ့ရာတွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသူ ကျောင်းသူ၊ ကျောင်းသား (၂) သိန်းကျော် လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ သို့သော် PDF များ အပါအဝင် လက်နက်ကိုင်များကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် အခက်အခဲကြုံခဲ့ရသည့် ဒေသများလည်းရှိခဲ့ပြီး လုံးဝ မဖြေလိုက်ရသူများလည်းရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိနေသည့် (၂၀၂၄-၂၀၂၅) တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေးတိုင်း ဒေသကြီးမှ ဖြေဆိုသူဦးရေ (၄၆,၉၄၄) ဦး၏ အဖြေလွှာအုပ်ရေ (၂၈၀,၉၄၀) အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၇၃၁၁) ဦး ၏ အဖြေလွှာအုပ်ရေ (၄၃,၈၂၇) အုပ်၊ ကချင်ပြည်နယ်မှဖြေဆိုသူဦးရေ (၈၆၉၉) ဦး ၏ အဖြေလွှာအုပ်ရေ (၅၂,၁၈၉) အုပ်တို့သည် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှမတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ သဲမောင်းကန်ကျေးရွာအုပ်စု အိမ်မြင့်စံကျေးရွာ “ရွှေအိမ်စံ” စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါကျေးရွာ စာကြည့်တိုက်တွင်ကျင်းပကြောင်းသိရသည် ။

အဆိုပါပြိုင်ပွဲများတွင် တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား ၊ ကျောင်းသူများအနေဖြင့် စာပေဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရေး ၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေ ချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ပေါ်လာစေရေး ၊ ဗလငါးတန်နှင့်ပြည့်စုံရေး စာဖတ်စွမ်းရည်မြင့်မားလာစေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပေးခြင်းဖြစ်ကြောင်းပြောကြားပြီး အိမ်မြင့်စံကျေးရွာ ကျောင်းအုပ်ဆရာကြီး ဦးနေလှိုင်ဖြိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ ကျောင်းသား ၊ ကျောင်းသူများက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို စိတ်ဝင်တစား ပါဝင်ယှဉ်ပြိုင်ကြပြီး ကျောင်းသား/သူများအား စာကြည့်တိုက်ကော်မတီဝင်များနှင့်တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည် ။
ပေးပို့သူ- ဦးရဲတင့်( ပြန်/ဆက်)၊ ၀၉-၇၉၇၄၃၈၃၀၅

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ပဉ္စမနေ့) ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို တံတားဦးခရိုင်အတွင်း သက်ဆိုင်ရာစာဖြေဌာနအသီးသီးတွင် မတ်လ ၂၁ ရက် နံနက် (၉) နာရီအချိန်က အေးချမ်း ပျော်ရွှင်စွာဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည် ။

အဆိုပါ တက္ကသိုလ်ဝင်တန်း (Grade – 12 ) စာမေးပွဲကို တံတားဦးခရိုင်တွင် စာစစ်ဌာနအနေဖြင့် အထက-တံတားဦး၊ ချောင်းခွစာစစ်ဌာနနှင့် ငါန်းဇွန်စာစစ်ဌာနဟူ၍ သုံးခုရှိပါကြောင်း အထက-တံတားဦး စာစစ်ဌာနတွင် ရူပဗေဒ ဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၁၆)ဦး ၊ ကျောင်းသူ(၂၂၉)ဦး စုစုပေါင်း (၄၄၅)ဦး ရာခိုင်နှုန်းအားဖြင့် (၉၆.၁၁) ရာခိုင်နှုန်း၊ သမိုင်းဘာသာရပ်ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၅)ဦး၊ ကျောင်းသူ (၉)ဦး စုစုပေါင်း (၂၄)ဦး ရာခိုင်နှုန်းအားဖြင့်(၈၅.၇၁) ရာခိုင်နှုန်း ရှိပါကြောင်း ၊ ထို့အပြင် ချောင်းခွစာစစ်ဌာနတွင် ရူပဗေဒဘာသာရပ် ဝင်ရောက် ဖြေဆိုသူ ကျောင်းသား(၅၉)ဦး၊ ကျောင်းသူ(၁၀၈)ဦး ရာခိုင်နှုန်းအားဖြင့်(၁၀၀.၀၀) ရာခိုင်နှုန်း၊ သမိုင်းဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၉)ဦး ၊ ကျောင်းသူ(၂၁)ဦး စုစုပေါင်း (၃၀)ဦး ရာခိုင်နှုန်းအားဖြင့်(၁၀၀.၀၀) ရာခိုင်နှုန်း ရှိပါကြောင်း ၊ ငါန်းဇွန်စာစစ်ဌာနတွင် ရူပဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၁၄)ဦး ၊ ကျောင်းသူ(၁၆၂)ဦး စုစုပေါင်း(၂၇၆)ဦး ရာခိုင်နှုန်းအားဖြင့်(၉၅.၅၀) ရာခိုင်နှုန်း သမိုင်းဘာသာရပ် ဝင်ရောက် ဖြေဆိုသူ ကျောင်းသား(၇)ဦး ၊ ကျောင်းသူ(၂)ဦး စုစုပေါင်း (၉)ဦး ရာခိုင်နှုန်းအားဖြင့်(၁၀၀.၀၀) ရာခိုင်နှုန်း ရှိပါကြောင်း တံတားဦးခရိုင်အနေဖြင့် ရူပဗေဒဘာသာရပ်ဖြေဆိုရန် လာရောက်စာရင်းပေးထားသူ စုစုပေါင်း (၉၁၉) ဦးရှိရာ ဝင်ဖြေဆိုသူ စုစုပေါင်း (၈၈၈) ဦး ရာခိုင်နှုန်းအနေဖြင့် (၉၆.၆၃)ရာခိုင်နှုန်း သမိုင်းဘာသာရပ်ဖြေဆိုရန် လာရောက်စာရင်းပေးထားသူ စုစုပေါင်း (၆၇)ဦးရှိရာ ဝင်ဖြေဆိုသူ စုစုပေါင်း (၆၃) ဦး ရာခိုင်နှုန်းအနေဖြင့် (၉၄.၀၃) ရာခိုင်နှုန်း ရှိပါကြောင်း ခရိုင်ပညာရေးမှူးရုံးမှသိရသည် ။
တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေကြသည့် ကျောင်းသား ၊ ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား ၊ ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း လိုအပ်သည်များနှင့် ထူးခြား ဖြစ်စဉ်များဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်နှင့် လုံခြုံရေးကိုလည်း အထူးဂရုပြုကြရန် လိုအပ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်တာဝန်ရှိသူများ ၊ တံတားဦးခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် ဆရာ/များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာစာမေးပွဲကြီးကြပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ပြောကြားကြောင်းသိရသည် ။
ဦးရဲတင့်( ပြန်/ဆက်)
၀၉-၇၉၇၄၃၈၃၀၅

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade – 12) စာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှ စတင်ကျင်းပ ခဲ့ပြီး တိုင်းဒေသကြီ ၊ ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တတိယနေ့ သင်္ချာဘာသာကို မတ်လ ၁၉ ရက်နေ့၊ နံနက် (၉) နာရီအချိန်က ဖြေဆိုကြရာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်တွင် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား ၊ ကျောင်းသူပေါင်း (၉၅၂) ဦး ဝင်ရောက်ဖြေဆိုကြကြောင်းသိရသည် ။

အဆိုပါ တက္ကသိုလ်ဝင်တန်း (Grade – 12 ) စာမေးပွဲကို တံတားဦးခရိုင်တွင် စာစစ်ဌာနအနေဖြင့် အထက-တံတားဦး၊ ချောင်းခွစာစစ်ဌာနနှင့် ငါန်းဇွန်စာစစ်ဌာနဟူ၍ သုံးခုရှိပါကြောင်း အထက-တံတားဦး စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား(၂၄၅)ဦး ၊ ကျောင်းသူ(၂၄၆)ဦး ၊ စုစုပေါင်း(၄၉၁)ဦး ရှိသော်လည်း၊ လာရောက်ဖြေဆိုသူ ကျောင်းသား(၂၃၂)ဦး ၊ ကျောင်းသူ(၂၃၈)ဦး ရာခိုင်နှုန်းအားဖြင့်(၉၅.၇၂) ရာခိုင်နှုန်း ရှိပါကြောင်း၊ ထို့အပြင် ချောင်းခွစာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ (၁၂၉)ဦး ၊ စုစုပေါင်း(၁၉၇)ဦး ရှိသော်လည်း ၊ လာရောက်ဖြေဆိုသူ ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ(၁၂၉)ဦး ရာခိုင်နှုန်းအားဖြင့်(၁၀၀.၀၀) ရာခိုင်နှုန်းရှိပါကြောင်း ၊ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးထားသူကျောင်းသား(၁၂၉)ဦး ၊ ကျောင်းသူ(၁၆၉)ဦး ၊ စုစုပေါင်း(၂၉၈)ဦး ရှိသော်လည်း ၊ လာရောက်ဖြေဆိုသူ ကျောင်းသား (၁၂၁)ဦး ၊ ကျောင်းသူ(၁၆၄)ဦး စုစုပေါင်း(၂၈၅)ဦး ရာခိုင်နှုန်းအားဖြင့်(၉၅.၆၄) ရာခိုင်နှုန်းရှိပါကြောင်း တံတားဦး ခရိုင်အနေဖြင့် ဖြေဆိုရန် လာရောက်စာရင်းပေးထားသူ စုစုပေါင်း (၉၈၆)ဦးရှိရာ ဝင်ဖြေဆိုသူ စုစုပေါင်း (၉၅၂) ဦး ရာခိုင်နှုန်းအနေဖြင့် (၉၆.၅၅)ရာခိုင်နှုန်းရှိပါကြောင်း ခရိုင်ပညာရေးမှူးရုံးမှသိရသည် ။
တက္ကသိုလ်ဝင်တန်း (Grade – 12 ) စာမေးပွဲကို ကျောင်းသား ၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်များမှန်မမှန်နှင့် လိုအပ်သည့်စစ်ဆေးခြင်းများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့မှုများ ၊ စာရေးကိရိယာများအခမဲ့အသုံးပြုနိုင်ရန် စီစဉ်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက်ကျောင်းဝင်း အတွင်းအပြင်များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေးဆိုင်ရာများ ၊ ကျန်းမာရေးဆိုင်ရာများ ဆောင်ရွက်ထားရှိကြောင်းသိရသည် ။
ဦးရဲတင့် ( ပြန်/ဆက်)

Harvard University သည် တစ်နှစ်လျှင် ဒေါ်လာ ၂၀၀,၀၀၀ သို့မဟုတ် ထို့ထက်နည်းသော ဝင်ငွေရှိသည့် မိသားစုများမှ ကျောင်းသားများအား ကျောင်းလခကို ကင်းလွတ်ခွင့်ပေးမည်ဟု ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်သည် လူလတ်တန်းစား မိသားစုများမှ ကျောင်းသားများအား ကျောင်းလခ မတတ်နိုင်သည့် ပြဿနာများကို ဖြေရှင်းပေးရန် ရည်ရွယ်ပါသည်။

ထို့အပြင် တစ်နှစ်လျှင် ဒေါ်လာ ၆၅,၀၀၀ အောက် ဝင်ငွေရှိသည့် မိသားစုများမှ ကျောင်းသားများသည် နေထိုင်စရိတ်နှင့် အစားအသောက်စရိတ်များကိုပါ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။ ယင်းအစီအစဉ်သည် Harvard ၏ ဝင်ငွေနည်းပါးသော်လည်း ပညာတတ်ကျောင်းသားများအား ကျောင်းတက်နိုင်ရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုရှိ Ivy League တက္ကသိုလ်များထဲမှ တစ်ခု ဖြစ်သော Harvard University သည် ယခင်က တစ်နှစ်လျှင် ဒေါ်လာ ၈၅,၀၀၀ အောက် ဝင်ငွေရှိသော မိသားစုများမှ ဘွဲ့ကြို ကျောင်းသားများအား ကျောင်းလခကို အခမဲ့ပေးခဲ့ပြီး ယခုအခါတွင် လူလတ်တန်းစား မိသားစုများမှ ကျောင်းသားများအပါအဝင် ပိုမိုများပြားသော ကျောင်းသားများအတွက် ပညာရေးကို စရိတ်သက်သာစွာဖြင့် ရယူနိုင်စေရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့သည်။
Harvard ၏ ပညာသင်ဆုအစီအစဉ်သည် အမေရိကန်ပြည်ထောင်စုတွင် အထင်ရှားဆုံးသော အစီအစဉ်များထဲမှတစ်ခုဖြစ်ပြီး စီးပွားရေးအခြေအနေ အမျိုးမျိုးမှ ကျောင်းသားများအား ပိုမိုလာရောက် လျှောက်ထားပြီး Harvard ၏ ပညာရေးကို အကျိုးရှိစွာ ရယူနိုင်ရန် မျှော်လင့်ထားသည်။
ဤကြေညာချက်သည် ထိပ်တန်းတက္ကသိုလ်များတွင် ပညာသင်ဆုများ တိုးမြှင့်ပေးခြင်းနှင့် ကျောင်းသားများ၏ ကြွေးမြီပြဿနာများကို လျှော့ချပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ပညာရေးကို ပိုမိုလက်လှမ်းမီနိုင်စေရန် ရည်ရွယ်ချက်ဖြင့် Harvard သည် ပိုမို ကျယ်ပြန့်ပြီး ကွဲပြားသောပညာရေးအသိုင်းအဝိုင်းကို ဖန်တီးရန် ရည်ရွယ် ထားသည်။
၂၀၂၅-၂၆ ပညာသင်နှစ်တွင် အစီအစဉ်ကို စတင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း တက္ကသိုလ်ကထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
၂၀၂၄-၂၅ ပညာသင်နှစ်အတွက် နေထိုင်စရိတ်နှင့် အစားအသောက် စရိတ်များအပါအဝင် ကျောင်းလခနှင့် အခကြေးငွေများသည် ဒေါ်လာ ၈၂,၀၀၀ ကျော်ရှိကြောင်း တက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။
အခြားထင်ရှားသော တက္ကသိုလ်များတွင်ပြုလုပ်ခဲ့သည့် အလားတူ လုပ်ဆောင်ချက်များနောက်ပိုင်း ဤအစီအစဉ်သည် အမေရိကန် ပြည်ထောင်စု ရှိ မိသားစုများ၏ ၈၆% ခန့်အား ပညာသင်ဆုအတွက် လျှောက်ထားစေနိုင်မည်ဖြစ်ကြောင်း တက္ကသိုလ်က ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ သန်းခေါင်စာရင်းအရ ၂၀၂၃ ခုနှစ်တွင် ပျမ်းမျှ အိမ်ထောင်စုဝင်ငွေမှာ ဒေါ်လာ ၈၀,၆၁၀ ဖြစ်သည်။
ကိုးကား-VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade – 12) စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်ဘာသာကို မတ်လ ၁၈ ရက်နေ့၊ နံနက် (၉) နာရီအချိန် က ဖြေဆို လျက်ရှိကြောင်းသိရသည် ။

အဆိုပါ တက္ကသိုလ်ဝင်တန်း (Grade – 12 ) စာမေးပွဲကို တံတားဦးမြို့နယ်တွင် စာစစ်ဌာနအနေဖြင့် အထက-တံတားဦးနှင့် ချောင်းခွစာစစ်ဌာနဟူ၍ နှစ်ခုရှိပါကြောင်း အထက-တံတားဦး စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်း ပေးထားသူ ကျောင်းသား(၂၄၅)ဦး၊ ကျောင်းသူ(၂၄၆)ဦး၊ စုစုပေါင်း(၄၉၁)ဦး ရှိသော်လည်း၊ လာရောက်ဖြေဆိုသူ ကျောင်းသား(၂၃၂)ဦး ၊ ကျောင်းသူ(၂၃၈)ဦး ရာခိုင်နှုန်းအားဖြင့်(၉၅.၇၂) ရာခိုင်နှုန်းရှိပါကြောင်း၊ ထို့အပြင် ချောင်းခွ စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ(၁၂၉)ဦး ၊ စုစုပေါင်း(၁၉၇)ဦး ရှိသော်လည်း ၊ လာရောက်ဖြေဆိုသူ ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ(၁၂၉)ဦး ရာခိုင်နှုန်းအားဖြင့်(၁၀၀.၀၀) ရာခိုင်နှုန်းရှိပါကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ယင်းတက္ကသိုလ်ဝင်တန်း (Grade – 12) ဖြေဆိုရန် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ၊ ကျောင်းသူများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကိုပါ တစ်ပါတည်း ဆောင်ရွက်ထားပါကြောင်း သိရသည်။

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ ၂၀၂၄-၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နိုင်ငံနှင့်တစ်ဝန်းရှိ အခြေခံပညာ အထက်တန်းကျောင်းများအားလုံးတွင် တစ်ပြိုင်တည်း ဖြေဆိုမည်ဖြစ်ရာ တံတားဦးမြို့နယ်ရှိ အခြေခံပညာအသထက်တန်းကျောင်းတွင်လည်း မတ်လ ၁၇ ရက်နေ့၊ နံနက် (၉) နာရီက မြန်မာစာမေးခွန်းကို စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည် ။

တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်စာမေးပွဲဖြေဆိုရန် စာစစ်ဌာန(၁)ခု ရှိသော်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တံတားဦး ၊ စာစစ်ဌာန ၊ ချောင်းခွစာစစ်ဌာနတို့ဖြင့် ဖြေဆိုလျက် ရှိပါကြောင်း တံတားဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း (ခွဲ)တို့မှ မြန်မာစာကို ဖြေဆိုရန်ကျောင်းသား(၂၄၅)ဦး ၊ ကျောင်းသူ(၂၄၆)ဦး စုစုပေါင်း (၄၉၁)ဦး စာရင်းပေးထားသော်လည်း၊ အဆိုပါ စာစစ်ဌာနတွင် ကျောင်းသား(၂၃၂) ဦး ၊ ကျောင်းသူ (၂၃၈)ဦး စုစုပေါင်း(၄၇၀)ဦး ဖြေဆိုသူအားဖြင့် (၉၅.၇၂) ရာခိုင်နှုန်း ရှိပါကြောင်း ၊ ထို့အပြင် တံတားဦးမြို့နယ် ချောင်းခွစာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ(၁၂၉)ဦး စုစုပေါင်း (၁၉၇)ဦး စာရင်းပေးထားသော်လည်း ၊ အဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၆၈) ဦး၊ ကျောင်းသူ (၁၂၉)ဦး စုစုပေါင်း(၁၉၇)ဦး ဖြေဆိုသူအားဖြင့် (၁၀၀.၀၀)ရာခိုင်နှုန်း ရှိပါကြောင်း တက္ကသိုလ် ဝင်တန်း စာမေးပွဲလာရောက်ဖြေဆိုကြသည့် ကျောင်းသား ၊ ကျောင်းသူများ ခဲတံ ၊ ပေတံ ၊ ခဲဖျက်တို့ကို လိုအပ် ပါက အခမဲ့ယူဆောင်နိုင်ကြောင်းစီစဉ်ဆောင်ရွက်ပေးပြီး တံတားဦးမြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို နှင့် တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး စာမေးပွဲဖြေဆိုမည့် ကတ်ပြား များပါ ၊ မပါစစ်ဆေးခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကိုပါ တစ်ပါတည်း ဆောင်ရွက်ထားပါကြောင်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ကျောင်းဝင်းအပြင် လုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးကြကြောင်းသိရသည်။

အမေရိကန်နိုင်ငံခြားရေးဌာနမှ ဖက်ဒရယ်ရန်ပုံငွေများ ရပ်ဆိုင်းခံရခြင်းကြောင့် Fulbright အပါအဝင် ထင်ရှားသော ပညာသင်ဆု အစီအစဉ်များစွာ ရပ်ဆိုင်းခံရပြီးနောက် အမေရိကန်ရှိ နိုင်ငံတကာ ကျောင်းသား ထောင်ပေါင်းများစွာသည် မရေရာမှုများနှင့်ရင်ဆိုင်နေရသည်။
Fulbright အစီအစဉ်ဖြင့် Southern Illinois University Edwardsville တွင် ပညာသင်ကြားနေသော ယူကရိန်းနိုင်ငံသား နိုင်ငံတကာ ကျောင်းသူ Halyna Morozova က ABC News သို့ ပြောကြားရာတွင် သူမသည် တစ်လစာထောက်ပံ့ကြေးအစား တစ်ပတ်စာ ငွေကြေးအထောက်အပံ့ကို သာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုတက္ကသိုလ်တွင် ယူကရိန်းဘာသာစကား သင်ကြားပေးနေသော Morozova သည် Institute of International Education (IIE) မှ သူမ၏ လစဉ်ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၇၅၀ မှ ၁၈၇.၅၀ သို့ လျှော့ချ ခံရမည်ဖြစ်ကြောင်း အသိပေးခံရသည်။ သူမသည် သူမ၏ ငွေကြေး အထောက်အပံ့ ဆက်လက်ရရှိမှုနှင့် အမေရိကန်တွင် ဆက်လက်နေထိုင် နိုင်မည့်အခြေအနေနှင့်ပတ်သက်၍ မရေရာမှုများ ရှိနေကြောင်း ပြောကြား ခဲ့သည်။
အလားတူပင် California State University မှ ကျောင်းသူ Frida Larios သည် Gilman ပညာသင်ဆုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ရောက်ရှိနေစဉ် သူမ၏ ထောက်ပံ့ငွေများ ရပ်ဆိုင်းခံရကြောင်း သိရှိခဲ့ရသည်။ Larios သည် သူမ၏ ပညာသင်စရိတ်အတွက် အမေရိကန်ဒေါ်လာ ၃,၀၀၀ ခန့် ရရှိမည်ဟု မျှော်လင့်ထားသော်လည်း ယခုအခါတွင် ငွေကြေးအခက်အခဲများ ကြုံတွေ့နေရကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံတကာ ပညာသင်ဆုများနှင့် အစိုးရနှီးနှောဖလှယ်ရေး အစီအစဉ်များကို ထိခိုက်စေမည့် ထောက်ပံ့ငွေများ ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကနဦးတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြန်လည်စတင်မည်ဟု သတ်မှတ်ထားသော်လည်း ထောက်ပံ့ငွေများ ရပ်ဆိုင်းနေဆဲဖြစ်ပြီး ယင်းကဏ္ဍတွင် မရေရာမှုများ ဆက်လက်ရှိနေသည်။
Fulbright Association က ယင်းရပ်ဆိုင်းမှုသည် နိုင်ငံခြားတွင် ရောက်ရှိနေသော သို့မဟုတ် နှီးနှောဖလှယ်ရေးအစီအစဉ်များအတွက် ပြင်ဆင်နေသော အမေရိကန်နိုင်ငံသား ၁၂,၅၀၀ ကျော်ကို ထိခိုက်စေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အမေရိကန်တွင် ပညာသင်ကြားနေသော နိုင်ငံခြားသား ၇,၄၀၀ ခန့်လည်းထိခိုက်မည်ဟု မျှော်မှန်းထားသည်။
“နိုင်ငံခြားရေးဌာန၏ ထောက်ပံ့ငွေအစီအစဉ်များ ရပ်ဆိုင်းခြင်းသည် အမေရိကန်၏စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးအတွက် အရေးပါသော နိုင်ငံတကာပညာသင်ဆုနှင့် နှီးနှောဖလှယ်ရေးအစီအစဉ်များ၏ တည်ရှိမှုကို ခြိမ်းခြောက်နေသည်” ဟု Association of International Educators (NAFSA) က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ကိုးကား-VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂