သတင်းများ

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုအောင်မြင်သူ ၁၆၇၆၆ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၄၉ ဒသမ ၆၂ ရာခိုင်နှုန်းရှိ

မန္တလေး ဇူလိုင် ၂၇

၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီး ဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့တွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း အပြီးထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၃၃၇၉၁ ဦး ရှိသည့်အနက် အောင်မြင်သူ ၁၆၇၆၆ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၄၉ ဒသမ ၆၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီမှစတင်၍ မန္တလေးမြို့ရှိ စာစစ်ဌာနဖွင့်လှစ်သောကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား ကျောင်းသူများ စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြပြီး တာဝန်ကျ ဆရာ ဆရာမများကလည်း စည်းကမ်းတကျဖြင့် စနစ်တကျကြည့်ရှုနိုင်စေရေး ကြီးကြပ်ဆောင်ရွက်ပေးကြသည်။

​အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက “ကျွန်တော်တို့ကျောင်းအနေနဲ့ ဒီနှစ်အောင်ချက်က မနှစ်ကထက်ကောင်းမွန်ပါတယ်။ မန္တလေးမြို့မှာ သဘာဝဘေးအန္တရာယ်နဲ့ကြုံတွေ့ပြီး ဒုတိယအကြိမ်ပြန်လည်ဖြေဆိုတော့ ခြောက်ဘာသာဂုဏ်ထူး၊ ငါးဘာသာနဲ့ လေးဘာသာဂုဏ်ထူးတွေလည်း ထွက်ရှိပါတယ်။ ဒီနှစ်ကတော့ ကျန်တဲ့နှစ်တွေထက် ကို နှစ်ဆလောက် ပိုပြီးဂုဏ်ယူရတဲ့ နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းမှာ Grade - 12 ကျောင်းသား ၁၁၂ ယောက်ရှိပါတယ်။ ဒီ ၁၁၂ ယောက်မှာ ၅၇ ရာခိုင်နှုန်းအောင်ပါတယ်။ စာမေးပွဲကိုပျက်ကွက်မရှိ ပြန်လည်ဖြေဆိုကြပြီး ဒီလိုရာခိုင်နှုန်းရရှိတဲ့အတွက် အင်မတန်ကျေနပ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စသည်ဖြင့် ဘယ်ကျောင်းကပဲ အောင်မြင်ပါစေအရေးကြီးတာက နိုင်ငံတော်ကိုအကျိုးပြုမယ့် ကျောင်းသား ကျောင်းသူတွေဖြစ်ဖို့လိုအပ်ပါတယ်။ ဒီနေ့ကတော့ အားလုံးအတွက် မင်္ဂလာရှိတဲ့ နေ့လေးတစ်နေ့ဖြစ်တယ်လို့ ပြောကြားလိုပါတယ်”ဟု ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မအေးချမ်းပြည့်က “သမီးအနေနဲ့ ဒီလိုဂုဏ်ထူးတွေရရှိအောင် ကျောင်းသင်ခန်းစာတွေကို တစ်နေ့စာတစ်နေ့ ပုံမှန်လေ့လာကျက်မှတ်ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပေးတဲ့ ဘာသာရပ်အလိုက် သင်ခန်းစာတွေကို သေချာလေ့လာမှတ်သားခဲ့ပါတယ်။ ဒီလိုကြိုးစားခဲ့တဲ့အပေါ်မှာ အခုလိုအကျိုးရလဒ်ရတဲ့အတွက် ကျေနပ်မိပါတယ်။ သမီးအနေနဲ့ ဆရာဝန်တစ်ယောက်ဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိပါတယ်။ ဒါကြောင့် ဆေးကျောင်းတက်ပြီး ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားပြီး ပြည်သူတွေကို ဆေးကုသပေးမှာဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းသင်ခန်းစာတွေကို အားထုတ်ကြိုးစား လေ့လာမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ရည်မှန်းချက်ကို ရောက်ရှိမှာဖြစ်ပါတယ်”ဟုပြောသည်။

​မန္တလေးတိုင်းဒေသကြီးအတွင်း ဂုဏ်ထူးရရှိမှုအနေဖြင့် ခြောက်ဘာသာဂုဏ်ထူးရှင် ၄၂ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၈၀ ၊ လေးဘာသာဂုဏ်ထူး ရှင် ၅၄၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၂၆၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၈၉၆ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၉၉၃ ဦး ထွက်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ဆဋ္ဌမအဆင့်ရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် မောင်ဟိန်းမင်းကိုက “ကျွန်တော့်အနေနဲ့ ကျောင်းသင်ခန်းစာတွေကို တစ်နေ့စာတစ်နေ့ ပြီးပြတ်အောင် ကျက်မှတ်ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားတဲ့အချိန်မှာလည်း သေချာဂရုစိုက်နားထောင်ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် ဒုတိယအကြိမ် ပြန်လည်ဖြေဆိုတဲ့ အခါမှာလည်း အကောင်းဆုံးကြိုးစားဖြေဆိုခဲ့ပါတယ်။ အခုလို ဘာသာစုံဂုဏ်ထူးရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ငယ်ငယ်ကတည်းက သင်ကြားပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ငယ်စဉ်ကတည်းက ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ ဒါကြောင့်ဆေးကျောင်းတက်ပြီး ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ရည်မှန်းထားပါတယ်”ဟု ပြောသည်။

​ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မနန်းရတီထွန်းက “ကျောင်းစဖွင့်ကတည်းက CAE ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာ ဆရာမတွေရဲ့ သင်ပြလမ်းညွှန်မှုအောက်မှာ သေချာလေ့လာ မှတ်သားခဲ့ပါတယ်။ ဒါကြောင့် အခုလိုအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ် စာမေးပွဲဖြေဆိုတုန်းက အခက်အခဲတချို့ရှိခဲ့ပါတယ်။ ပြီးတော့ သဘာဝဘေးကြောင့် ဒုတိယတစ်ကြိမ် ထပ်ဖြေရမယ်ဆိုတော့ စိတ်ဓာတ်ကျချင်ပေမယ့် ကြိုးစားမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ထပ်ပြီးကြိုးစားဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ အခုလို ခြောက်ဘာသာဂုဏ်ထူးရရှိတဲ့အတွက် သမီးငယ်ငယ်ကတည်းက ရည်မှန်းခဲ့တဲ့ ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။ သမီးအခုလို အောင်မြင်မှုရအောင် သမီးရဲ့နောက်ကွယ်ကနေ ပံ့ပိုးပေးတဲ့ မိဘတွေနဲ့ သင်ကြားပြသပေးတဲ့ ဆရာကြီး၊ ဆရာမကြီးတွေကို ကျေးဇူးအများကြီးတင်ရှိပါတယ်”ဟုပြောသည်။

ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မနှင်းအိန္ဒြာကလည်း “သမီး ဒီလိုခြောက်ဘာသာ ဂုဏ်ထူးထွက်အောင် တစ်နေ့စာတစ်နေ့ ကြိုးစားသင်ယူကျက်မှတ်ခဲ့ပါတယ်။ ပထမအကြိမ် စာမေးပွဲဖြေစဉ်က အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒုတိယအကြိမ်ဖြေဆိုရမယ်လို့ သိရတဲ့အခါ စိတ်ဓာတ်မကျဘဲ မလျှော့သောဇွဲလုံ့လနဲ့ ပြန်လည်ကြိုးစားဖြေဆိုခဲ့ပါတယ်။ သမီးအနေနဲ့ ဒီလိုခြောက်ဘာသာဂုဏ်ထူး ရရှိမယ်လို့တော့ မမျှော်လင့်ခဲ့ပါဘူး။ အခုလို ရရှိ ခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ်။ ဒီလိုအောင်မြင်မှုရရှိအောင်ထောက်ပံ့ပေးတဲ့ အဖေနဲ့ အမေကိုကျေးဇူးတင်ပါတယ်။ သေချာသင်ကြားပေးတဲ့ ဆရာ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ တက္ကသိုလ်ကတော့ရွေးချယ်နေတုန်းပဲရှိပါတယ်” ဟု ပြောသည်။

ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မကြည်နူးမေက “စာမေးပွဲအောင်စာရင်းမထွက်ခင် အချိန်အထိ အလွန်ကိုစိတ်လှုပ်ရှားနေပါတယ်။ အခုလို ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်။ အခုလို အောင်မြင်မှုရရှိအောင် တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပေးတာတွေကိုလည်း နားထောင်ပြီး လေ့လာကျက်မှတ်ပါတယ်။ ဆရာမတွေ လမ်းညွှန်ပေးထားတဲ့အတိုင်းပဲလုပ်ခဲ့တာပါ။ မနက်အစောထပြီး စာကျက်ခဲ့ရပါတယ်။ ကိုယ်လုပ်ချင်တဲ့အရာတွေကိုလျှော့ပြီး စာဘက်ကိုပဲ အာရုံစိုက်လုပ်ခဲ့ရပါတယ်။ သမီးကိုပံ့ပိုးပေးတဲ့ ဆရာ ဆရာမတွေ၊ မိဘတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဘယ်လိုအခက်အခဲပဲရှိရှိအရှုံးမပေးဘဲ ကြိုးစားရင် အောင်မြင်မှုရရှိမှာဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ခြောက်ဦးဝင်ရောက်ဖြေဆိုခဲ့ကြရာ သုံးဘာသာဂုဏ်ထူးရှင်ငါးဦးနှင့် နှစ်ဘာသာဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ခဲ့ပြီး ရာခိုင်နှုန်းပြည့် အောင်မြင်ခဲ့သည်။

မင်းထက်အောင်

နေပြည်တော် ဇူလိုင် ၂၇

၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီး ဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းအပြီးထုတ်ပြန်ကြေညာသည်။

ထိုသို့ထုတ်ပြန်ပေးရာတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ထားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက အေးချမ်းစွာလာရောက်ကြည့်ရှုကြသည်။ အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံ (ရေဒီယို)၊ တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖြေဆို၊ အောင်မြင်သူနှင့် အောင်ချက်ရာခိုင်နှုန်းများကို အောက်ဖော်ပြပါဇယားဖြင့် ထုတ်ပြန်ကြေညာထားသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်

နေပြည်တော် ဇူလိုင် ၂၅

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းတစ်ရက်တည်းဖြင့် အပြီးထုတ်ပြန်ကြေညာ သွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို ဇူလိုင်လ ၂၇ ရက်နေ့နံနက် ၆ နာရီတွင် မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသား အစီအစဉ်များမှ စတင်ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်သည်။

အဆိုပါထုတ်လွှင့်ပေးမည့် စာစစ်ဌာနများမှာ ကချင်ပြည်နယ်မှ ဝိုင်းမော်၊ တနိုင်း၊ ရှင်ဖွေယန်၊ ချီဖွေ၊ မိုးညှင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ မိုးကောင်း၊ နမ္မတီး၊ ပင်းဘော၊ ဖားကန့်၊ ကာမိုင်း၊ ဗန်းမော်၊ ရွှေကူ၊ ပူတာအို၊ မချမ်းဘောနှင့် နောင်မွန်စာစစ်ဌာန၊ ကယားပြည်နယ်မှ လွိုင်ကော်စာစစ်ဌာန၊ ကရင်ပြည်နယ်မှ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ဘုရင့် နောင်တပ်၊ လိပ်သို၊ ကမမောင်း၊ အထက (၂) ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီးနှင့် မြဝတီစာစစ်ဌာန၊ ချင်းပြည်နယ်မှ ဟားခါးနှင့် တီးတိန်စာစစ်ဌာန၊ ရခိုင်ပြည်နယ်မှ သက္ကေပြင်ကုန်း၊ အထက(၁)ကျောက်ဖြူ၊ အထက(၂)ကျောက်ဖြူ၊ အထက(မာန်အောင်)နှင့် အထက(ခွဲ)ဈေးတန်းစာစစ်ဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ဟိုပုံး၊ ဆီဆိုင်၊ ဘန်းယဉ်၊ ဆိုက်ခေါင်၊ အထက(၁)ပင်လောင်း၊ အထက(၂) ပင်လောင်း၊ နောင်တရား၊ တီဂျစ်၊ ပင်ခွန်၊ တင်းတက်၊ မိုင်းကိုင်၊ ကွန်ဟိန်း၊ မိုးနဲ၊ တုန်ဟုန်း၊ မိုင်းရှူး၊ ဝမ်ကန်၊ ကျေးသီးမံစံ၊ မိုင်းနောင်၊ မိုင်းပန်နှင့် မောက်မယ်စာစစ်ဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ အထက(၁)တန့်ယန်း၊ အထက(၂)တန့်ယန်း၊ မိုင်းရယ်နှင့် မူဆယ်စာစစ်ဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ မိုင်းခတ်၊ မိုင်းပျင်း၊ မက်မန်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်နှင့် မိုင်းယောင်းစာစစ်ဌာန၊ တနင်္သာရီတိုင်းဒေသကြီးမှ ကျွန်းစု၊ ပုလောနှင့် ဘုတ်ပြင်း စာစစ်ဌာန၊ မကွေးတိုင်းဒေသကြီးမှ စေတုတ္တရာ၊ ငဖဲ၊ ပဒါန်း၊ ပခုက္ကူ၊ ဝါဇီ၊ ရေစကြို၊ ပေါက်၊ ဂန့်ဂေါ၊ ကျောနှင့် ဟံသာဝတီစာစစ်ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အထက(၁)ကလေး၊ အထက(၃) ကလေး၊ အင်ဒိုင်းကြီး၊ မင်းကင်း၊ ပန်းဆက်၊ ကလေးဝ၊ တမူး၊ ကန့်ဘလူ၊ ထန်းကုန်း၊ ကျွန်းလှ၊ ရေဦး၊ အရာတော်၊ ကသာ၊ ဗန်းမောက်၊ ဝန်းသို၊ မော်လိုက်၊ ကင်းတပ်၊ ဖောင်းပြင်၊ ခန္တီး၊ အထက(၁)ဟုမ္မလင်း၊ အထက(၂)ဟုမ္မလင်း၊ ကတ်သာ၊ မောင်းခမ်း၊ ထမံသီ၊ လေရှီး၊ ပန်ဆပ်၊ ဆွမ္မရာ၊ လဟယ်၊ နန်းယွန်းနှင့် ပန်ဆောင် စာစစ်ဌာန၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)မှ ကျောက်ကြီးစာစစ်ဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်းစာစစ်ဌာနတို့ ဖြစ်သည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကြေညာချက်များကို မြန်မာနိုင်ငံ အထက်ပိုင်းဒေသများမှ လှိုင်းတို (၅၀ ဒသမ ၇၁ မီတာ)၊ ( ၅၉၁၅ ကီလိုဟက်ဇ်)မှ လည်းကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ လှိုင်းလတ်( ၄၁၁ ဒသမ ၅၂ မီတာ)၊ (၇၂၉ ကီလိုဟက်ဇ်) မှလည်းကောင်း အသီးသီးဖမ်းယူနားဆင်နိုင်ကြောင်း သိရသည်။

MOI

ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည်၊ ဇူလိုင်-၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သင်တောင်းအခြေခံပညာမူလတန်း ကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် သင်တောင်းအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဌေးက စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း ငယ်ရွယ်စဉ်အချိန်ကပင် စာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အကျင့်များဖြစ်အောင် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ကျောက်ဆည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာပေဖတ်ရှုသူများသည် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပြီး အကောင်းအဆိုးကို ခွဲခြားနိုင်သောကြောင့် အောင်မြင်တိုးတက်သူများ ဖြစ်ကြောင်းနှင့် အားလပ်သည့်အချိန်များတွင် စာအုပ်များဖတ်ရှုသွားကြစေလိုကြောင်း အသိပညာပေး ဟောပြော ခဲ့သည်။ 

အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်ခြင်းအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)

နိုင်ငံတကာပညာရေးဈေးကွက်တန်ဖိုးကို ၂၀၃၄ ခုနှစ်တွင် နှစ်ဆမြှင့်တင်ရန် နယူးဇီလန်စီစဉ်

ဝယ်လင်တန် ဇူလိုင် ၁၄ 
နယူးဇီလန်နိုင်ငံသည် ၎င်း၏ နိုင်ငံတကာပညာရေးဈေးကွက်ကို ၂၀၃၄ ခုနှစ်အရောက်တွင် နှစ်ဆ မြှင့်တင်ရန် စီစဉ်ထားကြောင်း ယနေ့သတင်းများတွင် ရေးသား ဖော်ပြထားသည်။

နယူးဇီလန်နိုင်ငံ အနေဖြင့်  အချိန်ပိုင်း အလုပ်လုပ်၍ ပညာ သင်ကြားနေကြသော ပြည်ပ ကျောင်းသားများအတွက် စည်းမျဉ်း စည်းကမ်းများ ဖြေလျှော့ပေးခြင်း အပါအဝင် လုပ်ငန်း အစီအမံများ ချမှတ်၍ နိုင်ငံတကာပညာရေး ဈေးကွက်ကို ချဲ့ထွင်ရန်စီစဉ်ထား ကြောင်း နယူးဇီလန်ပညာရေး ဝန်ကြီး အာရီကာစတန်းဖို့ဒ်က ယနေ့တွင် ထုတ်ဖော်ပြောကြား ထားသည်။

ယင်းအပြင် နယူးဇီလန် နိုင်ငံတကာပညာရေးဈေးကွက်၏ တန်ဖိုးကို ၂၀၃၄ ခုနှစ်တွင် နယူးဇီလန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၂ဘီလီယံ)ထိ နှစ်ဆမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း အာရီကာစတန်းဖို့ဒ်က ပြောကြား ထားသည်။

နယူးဇီလန်နိုင်ငံ၌ နိုင်ငံတကာ ကျောင်းသား၊ကျောင်းသူများ လာရောက်ပညာသင်ကြားမှုနှုန်းသည် ၂၀၂၃ ခုနှစ်မှစ၍ ဖြည်းဖြည်းမှန်မှန် မြင့်တက်လာခဲ့သည်။

နယူးဇီလန်နိုင်ငံ၏ လက်ရှိနိုင်ငံတကာ ပညာရေးဈေးကွက် တန်ဖိုးမှာ နယူးဇီလန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံထိရှိသည်။

၂၀၂၄ ခုနှစ်တွင် နယူးဇီလန် နိုင်ငံ၌လာရောက်ပညာသင်ကြားသူ နိုင်ငံတကာ  ကျောင်းသား အရေအတွက်မှာ ၈၃၇၀၀ထိရှိခဲ့ကြောင်း သိရသည်။ 

Ref: Xinhua

Trs: KKO

YDNB Newspaper
 
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျောက်ဆည်၊ ဇူလိုင်-၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက အင်တိုင်းကျေးရွာအမှတ်(၁၁)အခြေခံပညာမူလတန်း(လွန်) ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရှိရသည်။ 

အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁၆)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါ်အေးအေးခိုင် က ကျောင်းသား/ကျောင်းသူများ ပြင်ပဗဟုသတများရရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲ များ၊ စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အလိမ္မာစာမှာရှိ၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် အောင်မြင်ကြီးပွားလိုပါက အားလပ်သည့်အချိန်များတွင် စာအုပ်များဖတ်ရှု သွားကြစေလိုကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ 

အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများစာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်၊ စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသ ခဲ့ကြောင်း သိရသည်။

 သက်မောင်၊ကျောက်ဆည်

သီရိလင်္ကာနိုင်ငံရှိ အလယ်တန်းကျောင်းများအားလုံး ၂၀၂၆ ခုနှစ်တွင် အင်တာနက်အသုံးပြုခွင့်ရရှိမည်

သီရိလင်္ကာနိုင်ငံအတွင်းရှိ အလယ်တန်း ကျောင်းများအားလုံးသည် ၂၀၂၆ ခုနှစ် အကုန်တွင် အင်တာနက်အသုံးပြုခွင့် ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟာရီနီ အမရသူရိယက ဇူလိုင်လ ၉ ရက်တွင် ပြောသည်။

အစိုးရအနေဖြင့် တစ်လလျှင် အင်တာ နက်အသုံးပြုခ ရူပီး ၅၀၀၀ သာကျသင့် မည့် စာသင်ကျောင်းများအတွက် ပမာဏ အကန့်အသတ်မဲ့အင်တာနက်အစီအစဉ် ကို မကြာသေးမီကစတင်၍ အကောင် အထည်ဖော်နေခြင်းဖြစ်ကြောင်း အမရ

သူရိယကလွှတ်တော်တွင်ပြောသည်။ 
ထို့ပြင် အစိုးရသည် စာသင်ကျောင်း ပေါင်း ၁၅၀၀ သို့ စမတ်သင်ပုန်းများ နှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းများကို တပ်ဆင်ပေးသွားရန် စီစဉ်ထားကြောင်း၊ ထိုကျောင်းများသည် စမတ်သင်ပုန်းအချပ် ရေ၁၉၀၀ အထိရရှိမည်ဖြစ်ပြီး နောက်ထပ် စာသင်ကျောင်းပေါင်း ၁၀၀၀ အား အလားတူ စမတ်သင်ပုန်းများ ပေးအပ် သွားမည့်အစီအစဉ်ကိုလည်း အစိုးရအဖွဲ့က အတည်ပြုထားကြောင်း အမရသူရိယက ပြောသည်။

Ref: Xinhua

မြဝတီသတင်းစာ

Photo - Eurasia Review

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “စိတ်ဓာတ်နှင့် နည်းနာ” စာအုပ်စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည်၊ ဇွန်- ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲ (၂) နာရီက လူထု အခြေပြု ဗဟိုဌာနတွင် ၊ ဖေမြင့်ရေးသားသည့် “စိတ်ဓာတ်နှင့်နည်းနာ” စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။ 

စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှု့လေ့လာရာတွင် ရရှိမည့် အကျိုးကျေးဇူး များ၊ ဗလငါးတန်ပြည့်စုံရေး သုတ၊ ရသ စာအုပ်စာစောင်များကို ဖတ်ရှုစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဒေါ်ခင်ချို(သီတဂူ-ကျောက်ဆည်) က ဖေမြင့်ရေးသားသည့် “စိတ်ဓာတ်နှင့်နည်းနာ” စာအုပ်မှ ကိုယ့်ခရီးလမ်း ဖြောင့်တန်းအောင် ရဲရဲတင်းတင်းသာလုပ်ပါ၊ လူငယ်နှင့်တိုးတက်ကြီးပွားရေး၊ တိကျသေချာဖို့လိုသည်၊ အောင်မြင်မှုအတွက် အဓိကသော့ချက်၊ အောင်မြင်ရေးပညာရှင်တို့၏ လက်စွဲနည်းနာများ စသည့်အကြောင်း အရာများ ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေးပို့သူ-  စုစုအေး(ကျောက်ဆည်)

ဗီယက်နမ်နိုင်ငံက ကျောင်းသားများအားလုံးကို ကျောင်းလခကင်းလွတ်ခွင့်ပေးမည်

ဗီယက်နမ်နိုင်ငံသည် အစိုးရစာသင် ကျောင်းများတွင် တက်ရောက်ပညာသင်ယူနေသော ကျောင်းသားများအားလုံးကို ကျောင်းလခကင်းလွတ်ခွင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ယခုနှစ်စက်တင်ဘာလမှစ၍ ကျောင်း သားများအားလုံးအား ကျောင်းလခကင်း လွတ်ခွင့်ပေးမည့်ဥပဒေကို ဗီယက်နမ် အမျိုးသားလွှတ်တော်က ဇွန်လ ၂၆ ရက် တွင်အတည်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါဥပဒေအရ အသက်သုံးလမှ ခြောက်နှစ်အရွယ်ရှိ မူကြိုကျောင်းသားများအားလုံးနှင့် ပထမတန်းမှ ဒွါဒသမ တန်းအထိတက်ရောက်နေသည့် ကျောင်း သားများအားလုံးသည် ကျောင်းလခ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

အလားတူ ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ယူနေသည့် ကျောင်းသားများအတွက်လည်း အစိုးရကကျောင်းလခများ ပေးမည်ဖြစ်သည်။ ထိုအစီအစဉ်အတွက် ဗီယက်နမ်ဒေါင် ၃၀ ဒသမ ၆ ထရီလီယံ အသုံးပြုသွားမည်ဖြစ်သည်။

 Ref: Xinhua

Photo -VN Express

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ စနစ်တကျသိမ်းဆည်း၍ သက်ဆိုင်ရာစာစစ်ဌာနသို့ စနစ်တကျ ကြပ်မတ်ပို့ဆောင်ပေးနေမှု ကြည့်ရှုစစ်ဆေး

မန္တလေး ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီးမှ အဖြေလွှာများကို စနစ်တကျသိမ်းဆည်း၍ သက်ဆိုင်ရာစာစစ်ဌာနသို့ ပို့ဆောင်ပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီးမှ အဖြေလွှာများကို သက်ဆိုင်ရာစာစစ်ဌာနသို့ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ပို့ဆောင်မှုအားစနစ်တကျ ကြပ်မတ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမရပူရမြို့နယ်၌ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်မင်းကြီးမြတ်စွာဘုရား ဆင်းတုတော်ကြီး၊ ဘုရားပရိဝုဏ်အတွင်းရှိ ဆင်းတုတော်များနှင့် သာသနိကအဆောက်အအုံများကို လိုက်လံကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် ဘိလပ်မြေအိတ် ၅၀၀ ကို ဂေါကပအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ လှူဒါန်းပေးအပ်သည်။

ထို့နောက် တောင်လေးလုံးကျောင်းတိုက်သို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အားဖူးမြော်၍ ဩဝါဒများခံယူကာ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်း ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် တောင်သမန်မယ်ဇယ်လွင်ပြင်ရှိ ဈေးဆိုင်ခန်းများ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် တောင်သမန်အင်း ဝန်းကျင်နေရာများသို့လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်ကြီးဝန်းကျင်နှင့် ကန်ပတ်လမ်းနေရာများသို့လည်းကောင်း သွားရောက်၍ အစဉ်အမြဲသန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။      