သတင်းများ

လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ နှင့် နံရံကပ်စာစောင် ပြပွဲကျင်းပ

ကျောက်ဆည်၊ ဇွန်-၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့  မွန်းလွဲ (၁) နာရီ က ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ကဗျာရွတ်ပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကျောင်းသား / ကျောင်းသူ များအနေဖြင့် စာပေဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် စဉ်းစားတွေခေါ်မှု မြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ  ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁) အခြေခံပညာကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား/ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ဦးစီးဌာနမှပြသထားသော အရွယ် မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်အသိပညာပေး နံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပေးပို့သူ- သက်မောင်၊ ကျောက်ဆည်

ကျောက်ဆည်မြို့နယ်၊ အမှတ်(၅)အခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ ကျင်းပ

ကျောက်ဆည်၊ ဇွန်-၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိ စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ(၁)နာရီက အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် အမှတ်(၅)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ဦးက အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲလယ်တင့်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက် စေရန် အားလပ်ချိန်များတွင် စာပေများလေ့လာဖတ်ရှုစေရေး အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေမြင့်မှ လူမျိုးတင့်မည်၊ ပညာရွှေအိုးလူမခိုး၊ ပညာလိုအိုသည်မရှိနှင့် စာပေဖတ်ရှုခြင်းကြောင့်ရရှိသည့် အကျိုးကျေးဇူးများအကြောင်း  အသိပညာပေးဟောပြောခဲ့သည်။ 

အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပေးပို့သူ-  စုစုအေး(ကျောက်ဆည်)

နေပြည်တော် ဇွန် ၂၁

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ပညာတတ်အရင်းအမြစ်များ ပေါကြွယ်ဝရေးအတွက် မျိုးဆက်သစ်ကျောင်းသားလူငယ်များ၏ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးကို အဓိကထားအလေးပေးဆောင်ရွက်လျက်ရှိသည်နှင့်အညီ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမည့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ကျောင်းသား ကျောင်းသူများအား ဇွန် ၁၆ ရက်မှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ စာစစ်ဌာနအသီးသီး၌ စာမေးပွဲများ ကျင်းပပေးလျက်ရှိသည်။

ယနေ့တွင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ စာစစ်ဌာန ၁၉၅ ခု၌ ဝင်ရောက်ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၆၂၇၈၈ ဦး (ဖြေဆိုရာခိုင်နှုန်း ၉၈ ဒသမ ၆၁ ရာခိုင်နှုန်း) ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ကျောင်းသား ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ပေးသည့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

စာမေးပွဲများ ပြန်လည်ကျင်းပနေစဉ် ကာလအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာမေးပွဲများကျင်းပနေသည့် မြို့နယ်များအလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို စနစ်တကျစီမံဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

MOI

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ် ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ဇွန် ၁၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း​ဒေသကြီးရှိ စစ်ကိုင်းပညာရေးတက္ကသိုလ်စာစစ်ဌာနသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စစ်ကိုင်း​ပညာရေးဒီဂရီကောလိပ်နှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ကျောင်းဆောင်၊ စာသင်ဆောင်များကို အဆင့်အလိုက် ဆက်လက်ဆောင်ရွက်ထားမှုအခြေအနေများ၊ ကျောင်းဆောင်သစ်တည်ဆောက်​​​နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနေမှုများကို ကြည့်ရှုအားပေးကာ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချမ်းအေးသာစံမြို့နယ် UNITY ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတည်ထောင်သူများ၊ ကျောင်းအုပ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မန္တလာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား မိမိတို့တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ စီမံဆိုင်ရာ၊ သင်ကြားသင်ယူမှုဆိုင်ရာ အရည်အသွေးများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် စာမေးပွဲတွင် စစ်ကိုင်းဒေသကြီးရှိ ၉ ခရိုင်၊ ၁၃ မြို့နယ်တွင် စာစစ်ဌာန စုစုပေါင်း ၂၅ ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၈၂၀၅ ဦး စာရင်းပေးသွင်းကြပြီး ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို ၈၀၄၀ ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၉၉ ရာခိုင်နှုန်းရှိပြီး မန္တလေးတိုင်းဒေသကြီးရှိ ၁၀ ခရိုင်၊ ၂၅ မြို့နယ်တွင် စာစစ်ဌာန စုစုပေါင်း ၁၀၁ ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၃၄၂၄၁ ဦး စာရင်းပေးသွင်းကြပြီး ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို ၃၃၇၆၁ ဦး ၀င်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၀ ရာခိုင်နှုန်း ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ စာစစ်ဌာနစုစုပေါင်း ၁၉၅ ခုတို့၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၆၃၆၇၃ ဦး စာရင်းပေးသွင်းကြပြီး ၆၂၇၈၉ ဦး ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၁ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

MNP

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် Naypyitaw State Academy နှင့် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူလေ့လာနေမှု လှည့်လည်ကြည့်ရှု

နေပြည်တော် ဇွန် ၁၉

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ၌ ဆေးပညာမဟာဌာနမှ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြီး လက်တွေ့ခန်းများ၌ လက်တွေ့ခန်းသုံးပစ္စည်းများ ဖြည့်ဆည်းထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် Naypyitaw State Academy နှင့် နေပြည်တော် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ယူလေ့လာနေမှုနှင့် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု၍ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံနှုတ်ဆက်ကာ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားအားထုတ်ကြရန်နှင့် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်လေ့ကျင့်ထားကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ (Grade - 12) စတုတ္ထနေ့၌ ဓာတုဗေဒ ဘာသာရပ်တွင် (၆၀၈) ဦး ၊ ပထဝီဝင်ဘာသာရပ်တွင် (၅၃) ဦး ဖြေဆို

တံတားဦး ၊ ဇွန် - ၁၉

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်း Grade – 12 စတုတ္ထနေ့၌ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ယနေ့ နံနက် (၉) နာရီအချိန်ကစတင်၍ တံတားဦးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်းသိရသည် ။

တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade-12)တွင် တံတားဦးမြို့နယ်အနေဖြင့် ဓာတုဗေဒဘာသာရပ် ဖြေဆိုရန် အထက-တံတားဦး စာစစ်ဌာနတွင်ကျောင်းသား(၂၁၆) ဦး ၊ ကျောင်းသူ (၂၂၉)ဦး၊စုစုပေါင်း(၄၄၁)ဦး ၊ ချောင်းခွစာစစ်ဌာနတွင် ကျောင်းသား (၅၉)ဦး၊ ကျောင်းသူ(၁၀၈)ဦး၊ စုစုပေါင်း(၁၆၇)ဦး တို့အပြင် အထက-တံတားဦး စာစစ်ဌာနတွင် ပထဝီဝင် ဘာသာရပ်ဖြေဆိုရန် ကျောင်းသား(၁၄) ဦး ၊ ကျောင်းသူ (၉)ဦး စုစုပေါင်း(၂၃)ဦး ၊ချောင်းခွစာစစ်ဌာနတွင် ကျောင်းသား(၉) ဦး၊ ကျောင်းသူ (၂၁)ဦးစုစုပေါင်း(၃၀)ဦး လာရောက်ဖြေဆိုလျက်ရှိကြောင်း သတင်း ရရှိသည်။

ဦးရဲတင့် (ပြန်/ဆက်)

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုနေမှု ကြည့်ရှုအားပေး

နေပြည်တော် ဇွန် ၁၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်း အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောက်ဆည်မြို့ (ဟန်မြင့်မိုရ်) အခြေခံပညာအထက်တန်းကျောင်း၊ စဉ့်ကိုင်မြို့ (ဘယ်လင်း) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုနှင့် စာစစ်ဌာနအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာမေးပွဲကာလအတွင်း စာသင်ရပ်နားထားသည့် ကျောင်းသား ကျောင်းသူများ စာသင်ချိန်ပြည့်မီအောင် ပြန်လည်ဖြည့်ဆည်း သင်ကြားပေးရေး၊ စာသင်ဆောင်၊ ကျောင်းဆောင်များ အရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရေး မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယနေ့ကျင်းပသည့် စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးရှိ ခရိုင် ၁၀ ခရိုင်၊ ၂၅ မြို့နယ်တွင် စာစစ်ဌာနစုစုပေါင်း ၁၀၁ ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၃၄၂၄၁ ဦး စာရင်းပေးသွင်းကြပြီး သင်္ချာဘာသာရပ်ကို ၃၃၇၆၃ ဦး ဝင်ရောက်ဖြေဆိုသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၀ ရာခိုင်နှုန်းရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ စာစစ်ဌာနစုစုပေါင်း ၁၉၅ ခုတို့၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၆၃၆၇၃ ဦး စာရင်းပေးသွင်းကြပြီး ၆၂၇၉၂ ဦး ဝင်ရောက်ဖြေဆိုသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၂ ရာခိုင်နှုန်းရှိသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်တက္ကသိုလ်၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စီမံဆိုင်ရာ၊ သင်ကြားသင်ယူမှုဆိုင်ရာ အရည်အသွေးများ တိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇကျောင်းဆောင်ခန်းမ၌ မန္တလေးတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်၊ ပုဂ္ဂလိကကျောင်း တည်ထောင်သူ၊ ကျောင်းအုပ်ကြီးများ၊ International School တည်ထောင်သူ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံပြီး ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းခွဲ အလက (၁) ကျောင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။              

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်မြင့်စံ ကျေးရွာ စာကြည့်တိုက်ကော်မတီအဖွဲ့များ၊ ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတို့ပူးပေါင်းပြီး ကျောင်းသား/ သူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး ၊ နိုင်ငံတော်အတွက်အကျိုးပြုမည့် သားကောင်းသမီးရတနာများပေါ်ထွန်းလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျောင်းသား/ သူများ နှုတ်မှုစွမ်းရည်နှင့် လူအများ အလယ်ရဲဝံ့စွာပြောဆိုစေရေး ၊ စာဖတ်သည့် အလေ့ အကျင့် ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၃)နာရီက အဆိုပါကျေးရွာ “ ရွှေအိမ်စံ”စာကြည့်တိုက်၌ ကျင်းပကြောင်းသိရသည် ။

အဆိုပါပြိုင်ပွဲတွင် ကျေးရွာအခြခံပညာမူလတန်းလွန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးနေလှိုင်ဖြိုးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာကြည့်တိုက်နှင့်ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဆရာ/မများ၊ ကျေးရွာသူ/သားများ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ပြပွဲ၊ ပြိုင်ပွဲများကို အချိန်မရွေး ဆောင်ရွက်ပေးနေ ပါကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း တို့ကိုအကျယ်တဝင့် ရှင်းလင်းပြောကြားသည် ။

ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဦးအောင်ကျော်မိုးက ပြိုင်ပွဲစည်းကမ်းများနှင့် အမှတ်ပေးအကြောင်းအရာ များကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍မူ/လွန်(အိမ်မြင့်စံ)ကျောင်းသား/သူများက စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ပုံပြင်ပြောတို့ကိုအမှတ်စဉ်အလိုက် အသီးသီးပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲသို့ ပါဝင်ယှဉ်ကြသည့် ကျောင်းသား/သူများအား မြို့နယ်ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များပေးအပ်ကာ ရုပ်သံကျွမ်းကျင်-၃မှ စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို လှူဒါန်းပေးရွာ ကျေးရွာစာကြည့်တိုက်မှူးမှလက်ခံရယူကြောင်းသိရသည် ။

တံတားဦးခရိုင်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ (Grade - 12) တတိယနေ့ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို

တံတားဦး ၊ ဇွန် - ၁၈

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း Grade – 12 တတိယနေ့ သင်္ချာဘာသာရပ်ကို ဇွန် ၁၈ ရက်နေ့၊ နံနက် (၉) နာရီအချိန်က စတင်၍ တံတားဦးခရိုင်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား/သူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သတင်း ရရှိသည် ။

တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

တံတားဦးခရိုင်အနေဖြင့် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း Grade - 12 တတိယနေ့ သင်္ချာဘာသာရပ်တွင် တံတားဦးခရိုင် စာစစ်ဌာန (၃) ခုသို့ လာရောက်ဖြေဆိုသည့် ကျောင်းသား (၄၀၉) ဦး၊ ကျောင်းသူ (၅၂၉) ဦး စုစုပေါင်း (၉၃၈) ဦး ၊ ရာခိုင်နှုန်းအားဖြင့် (၉၈.၆၃) ရာခိုင်နှုန်းရှိကြောင်း သတင်းရရှိသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပ

မန္တလေး ဇွန် ၁၆

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးသွားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ ပြန်လည်စစ်ဆေးကျင်းပလျက်ရှိရာ ​မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်း သတ်မှတ်ထားသည့် စာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုကြသည်။

ထိုသို့ လာရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ကျ ဆရာ ဆရာမများက ကျောင်းဝင်ပေါက်အသီးသီး၌ စာမေးပွဲဖြေဆိုရန် လိုအပ်သည့် အချက်အလက်များနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပေးပြီး စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း နေ့စဉ်လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအတိုင်း လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးကာ စနစ်တကျဖြင့် စိတ်ချမ်းမြေ့စွာဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးကြသည်။

ယခု ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးအတွင်း၌ စာစစ်ဌာန ၁၀၁ ခုဖွင့်လှစ်ထားရှိပြီး စာမေးပွဲဖြေဆိုရန် စာရင်းရှိ ၃၄၂၄၁ ဦးတွင် ၃၃၇၈၈ ဦး လာရောက်ဖြေဆိုသည့်အတွက် ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့် ၉၈ ဒသမ ၆၈ ရာခိုင်နှုန်းရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်ချိုက ပြောသည်။

“ကျောင်းသား ကျောင်းသူတွေအားလုံး အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနေကြပါပြီ။ စာမေးပွဲဖြေဆိုရာမှာလိုအပ်တဲ့ ကျောင်းသုံးစာရေးကိရိယာတွေကိုလည်း သက်ဆိုင်ရာ စာစစ်ဌာနတွေမှာ အဆင်သင့်ဆောင်ရွက်ပေးထားပါတယ်။ နောက်ပြီး စာစစ်ဌာနတွေမှာလည်း လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးနဲ့ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ဖို့ကိုလည်း လိုက်လံစစ်ဆေးဆောင်ရွက်ပေးထားပါတယ်။ အခုစာမေးပွဲပြန်ဖြေရတာကတော့ ကျောင်းသား ကျောင်းသူတွေအတွက် ဒုတိယအခွင့်အရေးပဲဖြစ်ပါတယ်။ ကံကောင်းခြင်းတွေ လာတော့မှာဖြစ်တဲ့အတွက် ကြိုးစားဖြေဆိုကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းကပြောသည်။

အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်နေသည့် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာခင်သီတာက “ကျွန်မတို့စာစစ်ဌာနမှာတော့ ဖြေဆိုသူ ၅၂၈ ဦးရှိပါတယ်။ အခန်းပေါင်း ၁၈ ခန်းရှိပြီး တာဝန်ကျ ဆရာ ဆရာမတွေအနေနဲ့ ၆၃ ဦးရှိပါတယ်။ ကျွန်မတို့အနေ နဲ့ စာမေးပွဲလာရောက်ဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူတွေ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ဖို့ အားလုံးဆောင်ရွက်ပေးထားပါတယ်။ ဖြေဆိုတဲ့အခါမှာ လိုအပ်မယ့်စာရေးကိရိယာတွေကိုလည်း အဆင်သင့်ထားရှိပေးထားပါတယ်။ အခုလို ဒုတိယအကြိမ် ဖြေဆိုရတယ်ဆိုတာ ကျောင်းသား ကျောင်းသူတွေအတွက် ထူးခြားတဲ့အခွင့်အရေးဖြစ်ပါတယ်။ ဒီအခွင့်အရေးကို မိမိရရဆုပ်ကိုင်ပြီးတော့ အရင်ကဖြေဆိုခဲ့တဲ့အခါမှာ ဖြစ်ပေါ်ခဲ့တဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီး ပြန်လည်ဖြည့်ဆည်းဖြေဆိုခွင့်ရမှာ ဖြစ်တဲ့အတွက် ဝီရိယနှစ်ဆတိုးပြီး ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

တိုင်းဒေသကြီးအတွင်းရှိ စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက်လည်း ဧပြီ ၂၈ ရက်မှစတင်၍ သတ်မှတ်ထားသည့် ကျောင်းများ၌ လေ့ကျင့်သင်ကြားရေးစခန်း (Camp)များ ဖွင့်လှစ်ထားရှိပြီး တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများနှင့် ဆရာ ဆရာမများက ဘာသာရပ်များအလိုက် စနစ်တကျပြန်လည်သင်ကြားပို့ချပေးခဲ့ခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လာရောက်မသင်ကြားနိုင်သည့် ကျောင်းသား ကျောင်းသူများအတွက်လည်း Online မှသော်လည်းကောင်း၊ Education Channel များနှင့် ပုဂ္ဂလိကကျောင်းများ၏ Youtube Channel , Telegram များတွင် ဖြန့်ဝေထားသည့် ပညာဒါနအတန်းများတွင်လည်း လေ့လာသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ကျောင်းသားမိဘတစ်ဦးကလည်း “အဖြေလွှာတွေ မီးလောင်ပြီဆိုကတည်းက စာမေးပွဲပြန်လည်ဖြေဆိုရနိုင်တယ်ဆိုတာ တွေးမိထားပါတယ်။ ဒါကြောင့် လိုအပ်တဲ့စာအုပ်တွေ ပြန်လည်ရှာဖွေပြီး သားကို စာတွေသေချာပြန်လုပ်ခိုင်းထားခဲ့ပါတယ်။ ကလေးကလည်း ခြောက်ဘာသာဂုဏ်ထူးမှန်းထားခဲ့ပါတယ်။ အရင်စာမေးပွဲမှာက အင်္ဂလိပ်စာဂုဏ်ထူးမှတ်မရနိုင်ဘူးလို့ ပြောပါတယ်။ အခုလိုပြန်ဖြေရမယ်ဆိုတော့ သားက တော်တော်ကိုပျော်နေပါတယ်။ နောက်ပြီး ဒီတစ်ခေါက်ပြန်ဖြေရတာ ဒုတိယအကြိမ် အခွင့်အရေးဖြစ်တဲ့အတွက် သေချာကြိုးစားဖို့လည်း မှာထားပါတယ်” ဟု ပြောသည်။

အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူတစ်ဦးက “စာမေးပွဲကို ဒုတိယအကြိမ် ဝင်ရောက်ဖြေဆိုရတယ်ဆိုပေမယ့် အကောင်းဆုံးဖြေဆိုနိုင်အောင် ကြိုးစားထားပါတယ်။ ပထမအကြိမ်ကထက် စာတွေပိုလုပ်ထားပြီး ဂုဏ်ထူးတွေထွက်အောင်လည်း ရည်မှန်းထားပါတယ်။ အိမ်က အဖေနဲ့ အမေကလည်း အများကြီး သမီးကို ပံ့ပိုးပေးပါတယ်။ ဆရာ ဆရာမတွေကလည်း သမီးတို့ကို စာမေးပွဲအကောင်းဆုံးဖြေဆိုနိုင်ဖို့အတွက် လိုအပ်တာတွေကို သင်ကြားပေးပါတယ်။ သမီးရဲ့ သူငယ်ချင်းတွေအားလုံးလည်း စာမေးပွဲပြန်လည်ဖြေဆိုကြပါတယ်။ အခုလို ဒုတိယအကြိမ် စာမေးပွဲဖြေဆိုရတဲ့အပေါ်မှာ တချို့ကျောင်းသား ကျောင်းသူတွေက စိတ်ဓာတ်ကျတာတွေ ရှိကြပါတယ်။ ဒီလိုစိတ်ဓာတ်ကျတာတွေမဖြစ်ဘဲနဲ့ အကောင်းဆုံးကြိုးစားဖြေကြပါ။ မိဘတွေအနေနဲ့လည်း သမီးတို့ကို တစ်နှစ်ပတ်လုံး ပံ့ပိုးပေးထားတာဖြစ်တဲ့အတွက် ပင်ပန်းကြပါတယ်။ ဒါကြောင့် သမီးတို့အနေနဲ့ စာမေးပွဲအကောင်းဆုံးဖြေဆိုနိုင်ဖို့ တတ်နိုင်သမျှကြိုးစားသွားမှာပါ” ဟု ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေပြီး လုံခြုံစိတ်ချစွာဖြင့် သက်ဆိုင်ရာစာစစ်ဌာနများသို့ လာရောက်နိုင်ရေးအတွက်လည်း မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သက်ဆိုင်ရာမြို့နယ်များအလိုက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကျောင်းတွင်း၊ ကျောင်းပြင်လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ဘာသာရပ်အလိုက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပြန်လည်ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်အေးချမ်း