သတင်းများ

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပ

နေပြည်တော် ဇွန် ၁၆

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးသွားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်၍ ပြန်လည်ကျင်းပရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုကြသည်။

နံနက်ပိုင်းမှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများသည် မိမိတို့ဖြေဆိုကြမည့် စာစစ်ဌာနများသို့ အချိန်မီရောက်ရှိလာကြရာ တာဝန်ကျ ဆရာ ဆရာမများက စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်း၊ ဖြေဆိုကြမည့် အခန်းများအတွင်း၌လည်း ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် စာမေးပွဲဆိုင်ရာ စည်းကမ်းချက်များ ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်နေသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမော်က “ဇမ္ဗူသီရိမြို့နယ်မှာ ဆေးရုံစင်တာအပါအဝင် စာစစ်ဌာနခြောက်ခုဖွင့်လှစ်ပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲမဖြေဆိုခင်မှာ စာဖြေသူအမည်စာရင်း၊ စည်းကမ်းချက်၊ အခန်းလိုက်စာဖြေခန်းတွေမှာ တာဝန်ချထားမှုဇယားနဲ့ အချိန်ဇယားတွေကို စီစဉ်ရပါတယ်။ ဒီစာစစ်ဌာနမှာ အ.ထ.က (၅)၊ အ.ထ.က (၆)၊ စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ အလွတ်ဖြေတို့ ဖြေဆိုကြမှာဖြစ်ပါတယ်။ ဘာသာတွဲအလိုက် STEAMS-1၊ STEAMS-2 နဲ့ STAMS-1 ဆိုပြီး ခွဲထားပါတယ်။ STEAMS-1 မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်တွေပါဝင်ပြီး ကျောင်းသား ကျောင်းသူ ၂၅၇ ဦး ဖြေဆိုမှာ ဖြစ်ပါတယ်။ STEAMS – 2 မှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒဘာသာရပ်တွေပါဝင်ပြီး ၉၂ ဦးဖြေဆိုမှာ ဖြစ်ပါတယ်။ STAMS -1 မှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်တွေပါဝင်ပြီး ငါးဦး ဖြေဆိုမှာ ဖြစ်ပါတယ်။ ဒီစာစစ်ဌာနမှာ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၅၄ ဦး ဖြေဆိုမှာ ဖြစ်ပါတယ်။ တစ်ခန်းကို ကျောင်းသား ကျောင်းသူ ၃၀ နှုန်း ဖြေဆိုမှာဖြစ်ပြီး စာဖြေခန်းစုစုပေါင်း ၁၃ ခန်း ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်ဖို့အခန်းနဲ့ အရန်အခန်းတွေလည်း ထားရှိပါတယ်။ အခုဖြေဆိုမယ့် ဦးရေနဲ့ မတ်လမှာဖြေဆိုခဲ့တဲ့ ကျောင်းသား ကျောင်းသူဦးရေ အပြောင်းအလဲရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လာရောက်မဖြေဆိုနိုင်တာ ဖြစ်ပါတယ်။ အဲဒီကျောင်းသား ကျောင်းသူတွေကို အခြေခံပညာအထက်တန်းအောင်မြင်ပြီးစီးကြောင်း လက်မှတ်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီစာစစ်ဌာနကနေတခြားစာစစ်ဌာနကို ရွှေ့ပြောင်းဖြေဆိုတဲ့ ကျောင်းသားတစ်ဦး ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူအားလုံး သာတူညီမျှဖြစ်စေဖို့နဲ့ စစ်မှန်ပြီးအရည်အချင်းရှိတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ အခွင့်အရေးကို မဆုံးရှုံးစေချင်လို့ အခုစာမေးပွဲကြီးကို ပြန်လည်ကျင်းပပေးတာဖြစ်ပါတယ်” ဟု ပြောသည်။

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် လေ့ကျင့်သင်ကြားရေးစခန်းများ ဖွင့်လှစ်ပေးခဲ့ပြီး တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခ များ၊ ကထိကများနှင့် ဆရာ ဆရာမများက ဘာသာရပ်များအလိုက် စနစ်တကျပြန်လည်သင်ကြားပို့ချပေးခဲ့ခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လာရောက်မသင်ကြားနိုင်သည့် ကျောင်းသား ကျောင်းသူများအတွက် Online မှလည်းကောင်း၊ Education Channel များနှင့် ပုဂ္ဂလိကကျောင်းများ၏ Youtube Channel , Telegram တို့တွင် ပညာဒါနအတန်းများ လေ့လာသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ 

ထို့အတူ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် Text Book၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံနှင့် သင်ကြားမှုအထောက်အကူပြုပစ္စည်းများကိုလည်း ထောက်ပံ့ပေးသည့်အပြင် သင်ခန်းစာနှင့်သက်ဆိုင်သည့် အထောက်အကူပြုသင်ခန်းစာစာရွက်စာတမ်းများကိုလည်း ဖြန့်ဝေပေးခဲ့သည်။

အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်နေသည့် ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက “ဒီစာစစ်ဌာနမှာ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၃၃၉ ဦး ရှိပါတယ်။ အခုလိုစာမေးပွဲပြန်လည်ဖြေဆိုတာကတော့ သဘာဝဘေးအန္တရာယ်ကြောင့် အဖြေလွှာတွေပျက်စီးဆုံးရှုံးသွားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေတို့မှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေအားလုံး ဒုတိယအကြိမ် ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။ ဒီစာစစ်ဌာနမှာတော့ အ.ထ.က (၇)၊ (၈)၊ (၉)၊ (၁၀)၊ (၁၁) နဲ့ အလွတ်ဖြေတို့ လာရောက်ဖြေဆိုကြတာ ဖြစ်ပါတယ်။ စာဖြေခန်း ၁၂ ခန်း၊ အရန်တစ်ခန်းနဲ့ စုစုပေါင်း ၁၃ ခန်းရှိပါတယ်။ ကျောင်းသား ကျောင်းသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ဆေးခန်းတစ်ခန်းလည်းထားရှိပါတယ်။ စာဖြေခန်းတစ်ခန်းမှာ ကျောင်းသား ကျောင်းသူဦးရေ ၃၀ ဖြေဆိုမှာ ဖြစ်ပါတယ်။ STEAMS-1 မှာ ၁၆၂ ဦး၊ STEAMS-2 မှာ ၁၆၉ ဦးနဲ့ STAMS-1 မှာ ၁၄ ဦး ရှိပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ကတ်တွေကိုလည်း ဇွန် ၁ ရက်က စတင်ထုတ်ပေးခဲ့ပါတယ်။ ဖြေဆိုချိန်ကတော့ နံနက် ၉ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမှာဖြစ်ပါတယ်။ ဒီနေ့တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ နောက်ထပ်ဖြေဆိုမယ့် ဘာသာရပ်တွေကိုလည်း လာရောက်ဖြေဆိုကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ပြောကြားသည်။

တက္ကသိုလ်ဝင်စာမေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ စာစစ်ဌာနသုံးခု၊ ဇမ္ဗူသီရိမြို့နယ်ရှိ စာစစ်ဌာနခြောက်ခု၊ လယ်ဝေးမြို့နယ်ရှိ စာစစ်ဌာန ၁၁ ခု၊ ဒက္ခိဏသီရိမြို့နယ်ရှိ စာစစ်ဌာနနှစ်ခု၊ ဥတ္တရသီရိမြို့နယ်ရှိ စာစစ်ဌာနခုနစ်ခု၊ တပ်ကုန်းမြို့နယ်ရှိ စာစစ်ဌာန ရှစ်ခု၊ ဇေယျာသီရိမြို့နယ်ရှိ စာစစ်ဌာနငါးခု၊ ပုဗ္ဗသီရိမြို့နယ်ရှိ စာစစ်ဌာန ငါးခုတို့၌ ကျောင်းသား ၅၄၀၄ ဦး၊ ကျောင်းသူ ၇၀၀၃ ဦး စုစုပေါင်း ၁၂၄၀၇ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်များအလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စနစ်တကျစီမံဆောင်ရွက်ထားကြောင်း သိရှိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ တစ်နေ့တစ်ဘာသာနှုန်းဖြင့် နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မျိုးဆက်သစ်

ဓာတ်ပုံ - ဖိုးပြည့်စုံ

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပ

မန္တလေး ဇွန် ၁၆

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးသွားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ ပြန်လည်စစ်ဆေးကျင်းပလျက်ရှိရာ ​မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်း သတ်မှတ်ထားသည့် စာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုကြသည်။

ထိုသို့ လာရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ကျ ဆရာ ဆရာမများက ကျောင်းဝင်ပေါက်အသီးသီး၌ စာမေးပွဲဖြေဆိုရန် လိုအပ်သည့် အချက်အလက်များနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပေးပြီး စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း နေ့စဉ်လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအတိုင်း လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးကာ စနစ်တကျဖြင့် စိတ်ချမ်းမြေ့စွာဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးကြသည်။

ယခု ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးအတွင်း၌ စာစစ်ဌာန ၁၀၁ ခုဖွင့်လှစ်ထားရှိပြီး စာမေးပွဲဖြေဆိုရန် စာရင်းရှိ ၃၄၂၄၁ ဦးတွင် ၃၃၇၈၈ ဦး လာရောက်ဖြေဆိုသည့်အတွက် ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့် ၉၈ ဒသမ ၆၈ ရာခိုင်နှုန်းရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်ချိုက ပြောသည်။

“ကျောင်းသား ကျောင်းသူတွေအားလုံး အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနေကြပါပြီ။ စာမေးပွဲဖြေဆိုရာမှာလိုအပ်တဲ့ ကျောင်းသုံးစာရေးကိရိယာတွေကိုလည်း သက်ဆိုင်ရာ စာစစ်ဌာနတွေမှာ အဆင်သင့်ဆောင်ရွက်ပေးထားပါတယ်။ နောက်ပြီး စာစစ်ဌာနတွေမှာလည်း လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးနဲ့ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ဖို့ကိုလည်း လိုက်လံစစ်ဆေးဆောင်ရွက်ပေးထားပါတယ်။ အခုစာမေးပွဲပြန်ဖြေရတာကတော့ ကျောင်းသား ကျောင်းသူတွေအတွက် ဒုတိယအခွင့်အရေးပဲဖြစ်ပါတယ်။ ကံကောင်းခြင်းတွေ လာတော့မှာဖြစ်တဲ့အတွက် ကြိုးစားဖြေဆိုကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းကပြောသည်။

အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်နေသည့် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာခင်သီတာက “ကျွန်မတို့စာစစ်ဌာနမှာတော့ ဖြေဆိုသူ ၅၂၈ ဦးရှိပါတယ်။ အခန်းပေါင်း ၁၈ ခန်းရှိပြီး တာဝန်ကျ ဆရာ ဆရာမတွေအနေနဲ့ ၆၃ ဦးရှိပါတယ်။ ကျွန်မတို့အနေ နဲ့ စာမေးပွဲလာရောက်ဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူတွေ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ဖို့ အားလုံးဆောင်ရွက်ပေးထားပါတယ်။ ဖြေဆိုတဲ့အခါမှာ လိုအပ်မယ့်စာရေးကိရိယာတွေကိုလည်း အဆင်သင့်ထားရှိပေးထားပါတယ်။ အခုလို ဒုတိယအကြိမ် ဖြေဆိုရတယ်ဆိုတာ ကျောင်းသား ကျောင်းသူတွေအတွက် ထူးခြားတဲ့အခွင့်အရေးဖြစ်ပါတယ်။ ဒီအခွင့်အရေးကို မိမိရရဆုပ်ကိုင်ပြီးတော့ အရင်ကဖြေဆိုခဲ့တဲ့အခါမှာ ဖြစ်ပေါ်ခဲ့တဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီး ပြန်လည်ဖြည့်ဆည်းဖြေဆိုခွင့်ရမှာ ဖြစ်တဲ့အတွက် ဝီရိယနှစ်ဆတိုးပြီး ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

တိုင်းဒေသကြီးအတွင်းရှိ စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက်လည်း ဧပြီ ၂၈ ရက်မှစတင်၍ သတ်မှတ်ထားသည့် ကျောင်းများ၌ လေ့ကျင့်သင်ကြားရေးစခန်း (Camp)များ ဖွင့်လှစ်ထားရှိပြီး တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများနှင့် ဆရာ ဆရာမများက ဘာသာရပ်များအလိုက် စနစ်တကျပြန်လည်သင်ကြားပို့ချပေးခဲ့ခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လာရောက်မသင်ကြားနိုင်သည့် ကျောင်းသား ကျောင်းသူများအတွက်လည်း Online မှသော်လည်းကောင်း၊ Education Channel များနှင့် ပုဂ္ဂလိကကျောင်းများ၏ Youtube Channel , Telegram များတွင် ဖြန့်ဝေထားသည့် ပညာဒါနအတန်းများတွင်လည်း လေ့လာသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ကျောင်းသားမိဘတစ်ဦးကလည်း “အဖြေလွှာတွေ မီးလောင်ပြီဆိုကတည်းက စာမေးပွဲပြန်လည်ဖြေဆိုရနိုင်တယ်ဆိုတာ တွေးမိထားပါတယ်။ ဒါကြောင့် လိုအပ်တဲ့စာအုပ်တွေ ပြန်လည်ရှာဖွေပြီး သားကို စာတွေသေချာပြန်လုပ်ခိုင်းထားခဲ့ပါတယ်။ ကလေးကလည်း ခြောက်ဘာသာဂုဏ်ထူးမှန်းထားခဲ့ပါတယ်။ အရင်စာမေးပွဲမှာက အင်္ဂလိပ်စာဂုဏ်ထူးမှတ်မရနိုင်ဘူးလို့ ပြောပါတယ်။ အခုလိုပြန်ဖြေရမယ်ဆိုတော့ သားက တော်တော်ကိုပျော်နေပါတယ်။ နောက်ပြီး ဒီတစ်ခေါက်ပြန်ဖြေရတာ ဒုတိယအကြိမ် အခွင့်အရေးဖြစ်တဲ့အတွက် သေချာကြိုးစားဖို့လည်း မှာထားပါတယ်” ဟု ပြောသည်။

အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူတစ်ဦးက “စာမေးပွဲကို ဒုတိယအကြိမ် ဝင်ရောက်ဖြေဆိုရတယ်ဆိုပေမယ့် အကောင်းဆုံးဖြေဆိုနိုင်အောင် ကြိုးစားထားပါတယ်။ ပထမအကြိမ်ကထက် စာတွေပိုလုပ်ထားပြီး ဂုဏ်ထူးတွေထွက်အောင်လည်း ရည်မှန်းထားပါတယ်။ အိမ်က အဖေနဲ့ အမေကလည်း အများကြီး သမီးကို ပံ့ပိုးပေးပါတယ်။ ဆရာ ဆရာမတွေကလည်း သမီးတို့ကို စာမေးပွဲအကောင်းဆုံးဖြေဆိုနိုင်ဖို့အတွက် လိုအပ်တာတွေကို သင်ကြားပေးပါတယ်။ သမီးရဲ့ သူငယ်ချင်းတွေအားလုံးလည်း စာမေးပွဲပြန်လည်ဖြေဆိုကြပါတယ်။ အခုလို ဒုတိယအကြိမ် စာမေးပွဲဖြေဆိုရတဲ့အပေါ်မှာ တချို့ကျောင်းသား ကျောင်းသူတွေက စိတ်ဓာတ်ကျတာတွေ ရှိကြပါတယ်။ ဒီလိုစိတ်ဓာတ်ကျတာတွေမဖြစ်ဘဲနဲ့ အကောင်းဆုံးကြိုးစားဖြေကြပါ။ မိဘတွေအနေနဲ့လည်း သမီးတို့ကို တစ်နှစ်ပတ်လုံး ပံ့ပိုးပေးထားတာဖြစ်တဲ့အတွက် ပင်ပန်းကြပါတယ်။ ဒါကြောင့် သမီးတို့အနေနဲ့ စာမေးပွဲအကောင်းဆုံးဖြေဆိုနိုင်ဖို့ တတ်နိုင်သမျှကြိုးစားသွားမှာပါ” ဟု ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေပြီး လုံခြုံစိတ်ချစွာဖြင့် သက်ဆိုင်ရာစာစစ်ဌာနများသို့ လာရောက်နိုင်ရေးအတွက်လည်း မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သက်ဆိုင်ရာမြို့နယ်များအလိုက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကျောင်းတွင်း၊ ကျောင်းပြင်လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ဘာသာရပ်အလိုက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပြန်လည်ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်အေးချမ်း

MOI

တံတားဦးမြို့နယ်၌ ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုရမည့် Grade 12 ကျောင်းသား/ ကျောင်းသူများ မြန်မာစာ ဘာသာရပ် စတင်ဖြေဆို

တံတားဦး ၊ ဇွန် - ၁၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုရမည့် Grade 12 ကျောင်းသား/ ကျောင်းသူများသည် ဇွန်လ ၁၆ ရက်နေ့၊ နံနက် (၉) နာရီက မြန်မာစာ မေးခွန်းကို စတင်ဖြေဆို နေပြီဖြစ်ကြောင်း သိရသည် ။

တံတားဦးမြို့နယ်တွင်  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တံတားဦး၊ စာစစ်ဌာန၊ ချောင်းခွစာစစ်ဌာနတို့ဖြင့်  ဖြေဆို လျက်ရှိပါကြောင်း  တံတားဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း (ခွဲ)တို့မှ  မြန်မာစာကို အထက-တံတားဦး စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား(၂၃၁)ဦး ၊ ကျောင်းသူ(၂၃၈)ဦး စုစုပေါင်း (၄၆၉)ဦး စာရင်းပေးထားသော်လည်း ၊ အဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၂၂၈) ဦး ၊ ကျောင်းသူ (၂၃၈)ဦး စုစုပေါင်း(၄၆၆)ဦး ဖြေဆိုသူအားဖြင့် (၉၉.၃၆)ရာခိုင်နှုန်း ရှိပါကြောင်း ၊ ထို့အပြင် တံတားဦးမြို့နယ် ချောင်းခွ စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ(၁၂၉)ဦး စုစုပေါင်း (၁၉၇)ဦး စာရင်းပေးထားကာအဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၆၈) ဦး ၊ ကျောင်းသူ (၁၂၉)ဦး စုစုပေါင်း (၁၉၇)ဦး ဖြေဆိုသူအားဖြင့် (၁၀၀.၀၀)ရာခိုင်နှုန်းရှိပါကြောင်း ၊ တံတားဦးမြို့နယ်အနေဖြင့် Grade - 12  ပြန်ဖြေစာမေးပွဲတွင် လာရောက်ဖြေဆိုသည့်ကျောင်းသား(၂၉၆)ဦး ၊ ကျောင်းသူ(၃၆၇)ဦး စုစုပေါင်း(၆၆၃)ဦး ၊ ရာခိုင်နှုန်းအားဖြင့် (၉၉.၅၅)ရာခိုင်နှုန်း၊ ပျက်ကွက်သူစုစုပေါင်း(၃)ဦး ၊ ရာခိုင်နှုန်းအားဖြင့်(၀.၄၅)ရာခိုင်နှုန်း ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည် ။ 

Grade - 12  ပြန်ဖြေစာမေးပွဲသို့ လာရောက်ဖြေဆိုကြသည့် ကျောင်းသား ၊ ကျောင်းသူများ ခဲတံ ၊ ပေတံ ၊ ခဲဖျက် တို့ကို လိုအပ်ပါက အခမဲ့ယူဆောင်နိုင်ကြောင်းစီစဉ်ဆောင်ရွက်ပေးပြီး တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ  မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး  စာမေးပွဲဖြေဆိုမည့် ကတ်ပြားများပါ ၊ မပါစစ်ဆေးခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကိုပါ တစ်ပါတည်း ဆောင်ရွက်ထားပါကြောင်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး နှင့် ကျောင်းဝင်းအပြင် လုံခြုံရေးခြင်းနှင့် လုံခြုံရေးလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးကြကြောင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် Grade - 12  ပြန်ဖြေစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား/ သူများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရသည် 

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

A school in Novosibirsk, Russia, 2025. ©  Aleksandr Kryazhev / Sputnik

မော်စကို၊ ပညာရေး

ရုရှားနိုင်ငံသည် ဝင်ရိုးစုံကမ္ဘာကိုတည်ဆောက်ရေးအတွက် ပညာရေးပုံစံတစ်ခုကို မိတ်ဆက်ကာ မိတ်ဖက်နိုင်ငံများနှင့် မျှဝေသွားမည်ဖြစ်ကြောင်း ရုရှားပညာရေး ဝန်ကြီး အလက်ဆီခရက်ဆော့က အပြည် ပြည်ဆိုင်ရာညီလာခံတစ်ခုမတိုင်မီပြော သည်။

"အနာဂတ်ကိုပုံဖော်ထုဆစ်ခြင်း" ဟု အမည်ပေးထားသည့်ဖိုရမ်ကို ဇွန်လ ၁၁ ရက်မှစ၍ ကာဇန်မြို့၌ကျင်းပလျက်ရှိရာ အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၂၀ ကျော်မှ ပညာရေးဝန်ကြီးများတက်ရောက်သည် ဟုအခမ်းအနားစီစဉ်သူများကပြောသည်။ 
ရုရှားနိုင်ငံအနေဖြင့် ဆရာဖြစ်သင်တန်း အတွေ့အကြုံများ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းနှင့်စာသင်ကျောင်းတည်ဆောက် ရေးတို့ကို မိတ်ဖက်နိုင်ငံများသို့မျှဝေပေး သွားမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံရှိစာသင် ကျောင်းစနစ်သည် အရည်အသွေးအားဖြင့် ကြည့်ပါက ကမ္ဘာ့အဆင့် ၁၀ အတွင်း ရှိသည်ဟု ပညာရေးဝန်ကြီးကပြောကြောင်း သိရသည်။

Ref: RT

ဂျပန်နိုင်ငံရှိ တက္ကသိုလ် ၉၀ ခန့်က အမေရိကန်တွင် ပညာ ဆက်လက် မသင်ကြားနိုင်တော့သော နိုင်ငံတကာကျောင်းသားများကို လက်ခံရန် စီစဉ်ဆောင်ရွက်နေ

အမေရိကန်တွင် ပညာဆက်လက်မသင်ကြားနိုင်တော့သော နိုင်ငံတကာ ကျောင်းသားများကို လက်ခံရန် ဂျပန်နိုင်ငံရှိ တက္ကသိုလ် ၉၀ ခန့်က စဉ်းစားဆောင်ရွက်နေကြောင်း ဂျပန်နိုင်ငံ၏ ပညာရေးဝန်ကြီး Abe Toshiko က ပြောကြားခဲ့သည်။

အဆိုပါကျောင်းသားများမှာ ဂျပန်နိုင်ငံသားဖြစ်စေ၊ အခြားနိုင်ငံသား ဖြစ်စေ ကူညီပံ့ပိုးပေးရန် ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်များအား တောင်းဆိုခဲ့သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်သော အစိုးရအဖွဲ့က Harvard တက္ကသိုလ်အား နိုင်ငံတကာ ကျောင်းသားများကို လက်မခံရန် တားမြစ်သည့်အမိန့်ကို ထုတ်ပြန်ကြေညာပြီးနောက် ဂျပန်နိုင်ငံပညာရေးဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်များထံမှလည်း နိုင်ငံတကာကျောင်းသားများအား လက်ခံရန် အပြုသဘောဆောင်သော တုံ့ပြန်ချက်များရရှိကြောင်းနှင့် အချို့ တက္ကသိုလ် များအနေဖြင့် အဆိုပါ ကျောင်းသားများအား နေရာထိုင်ခင်းများ စီစဉ်ပေးနိုင်ရေး စဉ်းစားဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီး Abe Toshiko က ပြောကြားခဲ့သည်။ 

ကိုးကား - NHK

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

ထရမ့်က ဟားဗတ်အပြည်ပြည်ဆိုင်ရာကျောင်းသားအသစ်များအတွက် ဗီဇာထုတ်ပေးမှုကို ဆိုင်းငံ့ရန် ကြေညာချက်ကို လက်မှတ်ရေးထိုး

ထရမ့်အစိုးရက ဟားဗတ်တက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ ကျောင်းသားအသစ်များအတွက် ဗီဇာထုတ်ပေးမှုကို ဆိုင်းငံ့ရန် ကြေညာချက်ကို ဗုဒ္ဓဟူးနေ့ (ဇွန် ၄) က လက်မှတ်ရေးထိုးလိုက်ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် အဆင့်အတန်းမြင့် တက္ကသိုလ် ဖြစ်သည့် ဟားဗတ်တက္ကသိုလ်သို့ နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကို တားဆီးရန် အစိုးရ၏ ကြိုးပမ်းမှုများကို ပိုမိုထိရောက်စွာ မြှင့်တင်လိုက်ခြင်း ဖြစ်သည်။

ထိုကြေညာချက်အရ အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များတွင် ပညာသင်ကြားရန် သို့မဟုတ် ပညာရေးဖလှယ်ရေးအစီအစဉ်များတွင် ပါဝင်ရန် အသုံးပြုသည့် F ၊ M နှင့် J ဗီဇာများဖြင့် ဟားဗတ်တက္ကသိုလ်မှ ကျောင်းသားအသစ်များ၏ ဝင်ရောက်ခွင့်ကို ယာယီရပ်ဆိုင်းလိုက်သည်။

ထို့အပြင် လက်ရှိဟားဗတ်ကျောင်းသားများအနက် အဆိုပါ ကြေညာချက်၏ သတ်မှတ်ချက်များနှင့်ကိုက်ညီသူများ၏ ဗီဇာများကို ပယ်ဖျက်ရန် ချိန်ဆသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးအား ညွှန်ကြားထားကြောင်း အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါဆုံးဖြတ်ချက်သည် အမေရိကန်၏ သက်တမ်းအရင့်ဆုံးနှင့် အချမ်းသာဆုံးတက္ကသိုလ်ဖြစ်သည့် ဟားဗတ်တွင် နိုင်ငံခြား ကျောင်းသားများကို ပစ်မှတ်ထားသည့် အစိုးရ၏ ယခင်ကြိုးပမ်းမှုကို ဖက်ဒရယ် တရားသူကြီးက ရပ်တန့်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပင် ဟားဗတ်၏ အပြည်ပြည်ဆိုင်ရာကျောင်းသားများ (စုစုပေါင်းကျောင်းသား၏ ၂၇% ခန့်) ကို လက်ခံနိုင်မှုအပေါ် ထပ်မံသံသယဖြစ်စေခဲ့သည်။

ဟားဗတ်တက္ကသိုလ်၏ ပြောရေးဆိုခွင့်ရှိသူက ယင်းတက္ကသိုလ်အနေဖြင့် “အပြည်ပြည်ဆိုင်ရာကျောင်းသားများကို ကာကွယ်ရန် ဆက်လက် ကြိုးပမ်းသွားမည်” ဟု ပြောကြားခဲ့သည်။

“ဤသည်မှာ ဟားဗတ်၏ ပထမပြင်ဆင်ချက်အခွင့်အရေးကို ချိုးဖောက်သည့် အုပ်ချုပ်ရေးအဖွဲ့၏ နောက်ထပ်တရားမဝင် လက်တုံ့ပြန်သည့်ခြေလှမ်းတစ်ခုပါ” ဟု ဟားဗတ်ပြောရေးဆိုခွင့်ရှိသူက CNN သို့ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အိမ်ဖြူတော်က ထိုဆုံးဖြတ်ချက်သည် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် အားထုတ်မှုတစ်ရပ်ဖြစ်ကြောင်းပြောကြားကာ ဟားဗတ် တက္ကသိုလ် အား “စိုးရိမ်ဖွယ်ရာ ပြည်ပဆက်နွှယ်မှုများနှင့် အစွန်းရောက်ဝါဒ” ရှိသည် ဟု စွပ်စွဲခဲ့သည်။ ထို့အပြင် ကြေညာချက်တွင် ဟားဗတ်တက္ကသိုလ်သည် နိုင်ငံခြားကျောင်းသားများနှင့်ပတ်သက်သည့် လုံလောက်သော အချက်အလက်များကို မပေးနိုင်ခြင်းနှင့် ကျောင်းသားသုံးဦး၏ ချွတ်ယွင်းနေသော အချက်အလက်များကိုသာတင်ပြခြင်း တို့ကြောင့်လည်း ဖြစ်သည် ဟု ဖော်ပြထားသည်။

“ဟားဗတ်တက္ကသိုလ်သည် နိုင်ငံခြားကျောင်းသားများအတွက် ၎င်း၏ စည်းကမ်းချက်မှတ်တမ်းများကို အပြည့်အဝ အစီရင်ခံမှုမပြု သို့မဟုတ် ၎င်း၏နိုင်ငံခြားကျောင်းသားများကို စနစ်တကျ ကြပ်မတ်မှုမရှိ” ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။ ထို့အပြင် Ivy League တက္ကသိုလ် အား ကျောင်းဝင်းအတွင်း ဂျူးဆန့်ကျင်ရေးဝါဒကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခြင်းနှင့် မတူကွဲပြားမှု၊ တရားမျှတမှုနှင့် ပါဝင်မှု (DEI) တို့ကို ဦးစားပေးလုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်းလည်း စွပ်စွဲခဲ့သည်။

အမိန့်ကြေညာချက်အသစ်တွင် “ဝင်ရောက်လာသူသည် အမျိုးသား အကျိုးစီးပွားအတွက် အရေးပါသည်ဟု သတ်မှတ်ခံရသူများကို ခြွင်းချက် ထုတ်ထားသည်” ဟု ဖော်ပြထားပြီး SEVP အစီအစဉ်မှတစ်ဆင့်အမေရိကန်ရှိ အခြားတက္ကသိုလ်များတက်ရောက်နေသူများနှင့် သက်ဆိုင်မည် မဟုတ်ပေ။

သမ္မတ၏ အမိန့်သည် ဆက်လက်တိုးမြှင့်ခြင်းမရှိပါက ခြောက်လကြာ မြင့်မည်ဖြစ်ပြီး ဆက်လက်၍ သက်တမ်းတိုးမြှင့်သင့်၊ မသင့်နှင့်ပတ်သက်၍ အမေရိကန်ရှေ့နေချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတို့အား ရက် ၉၀ အတွင်း အကြံပြုချက်တင်ပြရန် ညွှန်ကြားထားသည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မန္တလေးမြို့၌ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား

မန္တလေး ဇွန် ၂

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ဖွင့်လှစ်ခဲ့ရာ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းတက်၍ ပညာသင်ကြားလျက်ရှိကြသည်။

ယနေ့ကျောင်းသို့ လာရောက်၍ ပညာသင်ကြားကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ကျ ဆရာ ဆရာမများက ကျောင်းဝင်ပေါက်အသီးသီး၌ အတန်းစဉ်အလိုက် စည်းကမ်းတကျ သွားရောက်နိုင်ရေး စီမံဆောင်ရွက်ပေးသည်။

အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက “ဒီနေ့ကတော့ အခြေခံပညာကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေ ဖွင့်လှစ်တာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ကျောင်းက ငလျင်ဒဏ်အန္တရာယ်ကင်းတဲ့ အဆင့်ဖြစ်အောင် ရာနှုန်းပြည့်ဆောင်ရွက်ထားတဲ့အတွက် မိဘတွေကလည်း အားတက်သရောလာထားကြပါတယ်။ လက်ရှိအနေနဲ့ ကျောင်းသား ကျောင်းသူ ၃၃၀၀ လောက်ရှိနေပြီဖြစ်ပါ တယ်။ ကျောင်းသား ကျောင်းသူတွေ ကျောင်းတက်ကျောင်းဆင်းချိန်မှာလည်း ယာဉ်အန္တရာယ်ကင်းအောင် နေ့စဉ်ဆောင်ရွက်ထားရှိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့တွေကလည်း ကျောင်းသား ကျောင်းသူတွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ လာရောက်ဆောင်ရွက်ပေးနေကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နယ်ဝေးရောက်နေပြီး ကျောင်းမအပ်ရသေးတဲ့ သူတွေအတွက်လည်း ဇွန်လတစ်လလုံး ကျောင်းအပ်လက်ခံပေးသွားမှာဖြစ်တဲ့အတွက် ကျောင်းလာရောက်အပ်နှံဖို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/index.php/news/70654

တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်း များစတင်ဖွင့်လှစ်ရာ ကျောင်းသား/ သူများအားလုံး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ ကျောင်းများအားလုံး ဇွန်လ ၂ ရက်နေ့၊ နံနက် (၇) နာရီခွဲ အချိန်မှစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် စတင်တက်ရောက်ပညာသင်ကြားကြကြောင်းသိရသည် ။

တံတားဦးမြို့နယ်အနေဖြင့် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ် ခဲ့သည့်မန္တလေးငလျင်ကြီးကြောင့် အန္တရာယ် ရှိသော အဆောက်အဦအဖြစ် သတ်မှတ်ထားသည့် အချို့သော အခြေခံပညာကျောင်းများတွင် နံနက်(၇) နာရီခွဲ အချိန်မှ နေ့လယ် (၁၁)နာရီခွဲအချိန်ထိ KG တန်းမှ Grade-8 တန်းအထိ နံနက်ပိုင်း သင်ကြားပေးပြီး Grade-9တန်းမှ Grade -12တန်းအထိ မွန်းတည့်(၁၂)နာရီမှ ညနေ(၄)နာရီခွဲအချိန်ထိသင်ကြားပေးလျက်ရှိပါကြောင်း၊ ထိုအခြေခံပညာကျောင်းများမှာ အ.ထ.က - တံတားဦး ၊ အ.ထ.က-တောင်ဘီလူ ၊ အ.ထ.က-မြင်းသည်၊ အ.ထ.က(ခွဲ)စကားအင်း ၊ အထ.က(ခွဲ) အေးကြည်ကုန်းနှင့်မူလတန်းလွန် လက်ဆောင်ယူကျောင်းတို့ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည် ။

တံတားဦးမြို့နယ်တွင် အထက (၈) ကျောင်း ၊ အထက-ခွဲ (၉) ကျောင်း ၊ အလက (၁၀) ကျောင်း ၊ အလက-ခွဲ (၈) ကျောင်း ၊ မူလွန် (၁၇) ကျောင်း ၊ အမက (၆၈) ကျောင်း ၊ အမက-ခွဲ (၁) ကျောင်း ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၉) ကျောင်း ၊ စုစုပေါင်း (၁၃၀) ကျောင်းသည် ၂၀၂၅-ခုနှစ် ဇွန်လ (၂) ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ပညာကြားလျက်ရှိကြောင်းသိရသည်။

ဘွဲ့ကြိုကျောင်းသားတွေအတွက် Monash University က ပေးတဲ့ ပညာသင်ဆု

Bachelor Degree ကို Australia နိုင်ငံမှာ တက်ရောက်ဖို့ စီစဉ်နေသူတွေ ရှိကြလား? ဒါဆိုရင်တော့ Australia နိုင်ငံက ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ Monash University ကနေ ဘွဲ့ကြိုကျောင်းသားတွေအတွက် ပညာသင်စရိတ်အပြင် နှစ်စဉ်ကြေး၊ နေထိုင်စရိတ်၊ လေယာဉ်စရိတ်၊ ကျောင်းသားဗီဇာကြေးတို့ကိုပါ Cover ဖြစ်စေမယ့် (၄) နှစ်စာ $360,000 AUD အထိ ပေးအပ်သွားမယ့် ပညာသင်ဆုကို လျှောက်ထားနိုင်ပါပြီ။

ပညာသင်ဆုနာမည်ကတော့ K.C. Kuok Scholarship ဖြစ်ပြီး တရုတ်ပြည်မ၊ ဟောင်ကောင်အပါအဝင် အရှေ့တောင်အာရှနိုင်ငံသားတွေပဲ သီးသန့်လျှောက်ထားနိုင်တဲ့ ပညာသင်ဆု ဖြစ်ပါတယ်။ Monash University ရဲ့ နှစ်သက်ရာ Undergraduate Program တွေကို လျှောက်လို့ရပါတယ်။ ပညာသင်ဆုကို တစ်နှစ်မှာ တစ်ယောက်ပဲ ပေးတာဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုများသလို ပညာသင်ဆု အကျိုးခံစားခွင့်ကလည်း များပါတယ်။

ဘယ်လိုလူတွေ လျှောက်ထားလို့ရလဲ?

  • တရုတ်၊ ဟောင်ကောင်နဲ့ အရှေ့တောင်အာရှနိုင်ငံသား ဖြစ်ရပါမယ်။

  • မိမိလျှောက်ထားတဲ့ ပရိုဂရမ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသူဖြစ်ရပါမယ်။

  • Monash University မှာ ပညာသင်ကြားဖူးသူ မဖြစ်ရပါ။

  • တခြားကျောင်းမှာ ကျောင်းတက်နေသူ မဖြစ်ရပါ။

  • ငွေကြေးအခက်အခဲရှိကြောင်း သက်သေပြနိုင်သူ ဖြစ်ရပါမယ်။

  • Double Degree လျှောက်ထားသူ မဖြစ်ရပါ။

ပညာသင်ဆု အကျိုးခံစားခွင့်

  • ကျောင်းလခ

  • နှစ်စဉ်ကြေး $14,000 AUD

  • အဆောင်ကြေး (နွေရာသီကျောင်းပိတ်ရက်အတွက်မပါ)

  • ကျောင်းသားဗီဇာကြေး

  • အသွားလေယာဉ်စရိတ်

  • ပထမနှစ်အတွက် အခြေချစရိတ် $3,000 AUD

  • ကျန်မာရေးအာမခံကြေး

ဘယ်လိုလျှောက်ထားရမလဲ?

- Course Program ကို (https://www.monash.edu/admissions/apply/online) ကနေတစ်ဆင့် ရွေးချယ်လျှောက်ထားနိုင်ပါတယ်။

- မလျှောက်ခင် လျှောက်လွှာကြေး ($125) ကင်းလွတ်ခွင့်ရဖို့  asiascholarship@monash.edu ကို အီးမေးလ်ပေးပို့ပြီး Request အရင် လုပ်ရပါမယ်။

- ပြီးမှ ပညာသင်ဆုကို Online Application Form (https://monash.az1.qualtrics.com) ကနေတစ်ဆင့် (သို့) Offline Application Form (https://drive.google.com/file/) ကို Download လုပ်ပြီးလည်း လျှောက်ထားနိုင်ပါတယ်။

- လိုအပ်တဲ့ Documents တွေကို asiascholarship@monash.edu ကနေတစ်ဆင့် Subject နေရာမှာ K.C. Kuok Scholarship - [Your Name] ရေးပြီး ပေးပို့ရပါမယ်။

လိုအပ်တဲ့ စာရွက်စာတမ်းများ

  • Financial Documentation

  • Academic and Extracurricular documentation

  • Personal Aspiration Statement

  • Financial Support Statement

ရွေးချယ်မှုအဆင့်ဆင့်

ပညာသင်ဆုလျှောက်လွှာကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမယ်။ ဇူလိုင် (၂၂) ကနေ ဩဂုတ် (၈) ရက်နေ့အတွင်းမှာ ပထမအဆင့် ရွေးချယ်ခံရသူတွေကို ကြေညာ သွားမှာ ဖြစ်ပြီး ဩဂုတ် (၁၁) ရက်နေ့ စတဲ့ အပတ်မှာ အင်တာဗျူးဖြေဆိုခွင့် ရရှိသူတွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဩဂုတ် (၁၆) ရက်နေ့မှာ နောက်ဆုံးအဆင့် အင်တာဗျူး ဖြေဆိုရမှာ ဖြစ်ပြီး ဩဂုတ်လ (၁၈) ရက်နေ့ စတဲ့ အပတ်မှာ ပညာသင်ဆု ရရှိသူတွေကို သိရမှာဖြစ်ပါတယ်။

Scholarship အကြောင်း အသေးစိတ် သိလိုသူတွေက asiascholarship@monash.edu ကို အီးမေးလ် ပေးပို့မေးမြန်းနိုင်ပါတယ်။

ကိုးကား- Myanmar Education Guide

၉ တန်းအောင်ပြီးသူများ Business Accounting သင်တန်း လျှောက်ထားနိုင်

သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မောင်လမြိုင်၊ ပုသိမ်) တို့တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် ဖွင့်လှစ်မည့် ပထမနှစ်သင်တန်းအတွက် ကျောင်းသား၊ ကျောင်းသူအသစ်များ ခေါ်ယူလျက်ရှိသည်။

သင်တန်းကာလမှာ (၃) နှစ် ဖြစ်ပြီး သင်တန်းပြီးဆုံးအောင်မြင်ပါက Certificate in Business Accounting (လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ) အောင်လက်မှတ် ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

သင်တန်းတွင် အထက်တန်း မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒဘာသာရပ်တို့အပြင် ကျောင်း၏ အဓိကဘာသာရပ်များဖြစ်သော ကွန်ပျူတာဘာသာရပ်များ၊ စာရင်းကိုင်ဘာသာရပ်များ၊ စီမံခန့်ခွဲရေး ဘာသာရပ်များကို လေ့လာရမည်ဖြစ်ပါသည်။ ထို့အပြင် လက်တွေ့လုပ်ငန်းခွင်များတွင် သွားရောက် လေ့လာ လုပ်ကိုင်ရမည့် လက်တွေ့သင်ခန်းစာများလည်း ပါဝင်ပါသည်။

စာသင်နှစ်တစ်နှစ်သည် အခြေခံပညာကျောင်းများအတိုင်း ဇွန်လဆန်းကနေ ဖေဖော်ဝါရီလအထိဖြစ်ပြီး လပတ်စာမေးပွဲ အနည်းဆုံး ခြောက်ကြိမ်ရှိသည်။ ကျောင်းခေါ်ချိန် (၇၅) ရာခိုင်နှုန်းပြည့်မီပြီး Internship Period (အလုပ်သင်ကာလ) ကို အပြည့်အဝ ဆင်းနိုင်ရမည်။ စာမေးပွဲများတွင် သက်ဆိုင်ရာ ဘာသာရပ် အလိုက် ရမှတ် (၄၀) နှင့်အထက်ရရှိသူများကိုသာ Certificate ချီးမြှင့်မည် ဖြစ်သည်။

အဆိုပါ သင်တန်းသို့ အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်-

  • စနစ်သစ် Grade (9) အောင်မြင်ပြီးသူများ ဖြစ်ရမည်။

  • ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

  • မြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။

  • သင်တန်းမှ ချမှတ်ထားသော ဝန်ခံကတိ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။

  • သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူ ဖြစ်ရမည်။

အဆိုပါ (၃) နှစ်သင်တန်းကို ပြီးဆုံးအောင်မြင်သူများအနက် ရိုးရိုးအဆင့်ဖြင့် အောင်မြင်သူများသည် ဘဏ်များ၊ ကုမ္ပဏီများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ သမဝါယမအသင်းများနှင့် ချိတ်ဆက်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ပါသည်။ 

သတ်မှတ်အရည်အချင်းပြည့်မီသူများသည် သမဝါယမကောလိပ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာ သင်ကြားနိုင်မည့် အခွင့်အရေး ရရှိပါမည်။ ထိုမှတစ်ဆင့် ထူးချွန်အောင်မြင်သူများသည် သမဝါယမ တက္ကသိုလ် များသို့ ဆက်လက်တက်ရောက်နိုင်သည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။

လျှောက်ထားလိုသူများသည် မိမိတက်ရောက်လိုသည့် သင်တန်းကျောင်းများသို့ လူကိုယ်တိုင် သွားရောက်၍ လျှောက်လွှာ၀ယ်ယူကာ ဇွန်လ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမည်။

သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)

လိပ်စာ - မကွေးဘူတာတောင်ဘက်၊ အောင်မေတ္တာ (ဃ) ရပ်ကွက်၊ မြင်းကင်းကျေးရွာအနီး၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး။ 

ဖုန်း - ဝ၉-၂၅၄၄၁၂၃၃၈ ၊ ဝ၉-၆၉၁၉ဝ၅၃၂၁

သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မန္တလေး)

လိပ်စာ - အကွက် ၁၇၇၊ ၈၃ လမ်း၊ ၂၅ - ၂၆ လမ်းကြား၊ ပြည်ကြီးကျက်သရေအနောက်ရပ်၊ အောင်မြေ သာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

ဖုန်း - ၀၉ -၄၂၀၇၀၁၆၃၄၊ ဝ၉-၆၉၂၂၈၈၆၄၃၊ ၀၉-၂၁၁၀၆၄၉၊ ဝ၉-၆၆၅၆၉၁၉၁၈

သမဝါယမ စာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(တောင်ကြီး)

လိပ်စာ - ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်၊ Hotel La Vista အနီး၊ ပြည်တော်သာ ရပ်ကွက်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။

ဖုန်း - ၀၈၁-၂၁၂၁၃၂၀၊ ၀၉-၄၃၁၃၃၂၄၃၊ ၀၉- ၄၂၅၅၆၀၀၅၄

သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)

လိပ်စာ - အရာတော်လမ်း၊ ဘိုကုန်းရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။

ဖုန်း - -ဝ၉-၄၂၅၂၈၈၇၃၅၊ ဝ၉- ၄၂၃၇၃၆၄၄၉၊ ၀၉-၇၉၂၁၈၁၀၄၂၊ ဝ၉-၄၂၅၂၆၇ဝဝ၈

သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)

လိပ်စာ - မြက်တိုလမ်းဆုံအနီး၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။

ဖုန်း - -ဝ၄၂-၂၉၀ဝ၃၊ ၀၉-၆၉၇၄၄၅၃၀၂၊ ၀၉-၇၆၉၂၃၂၄၅၇၊ ၀၉-၄၅၁၀၈၉၄၀၄၊ ၀၉-၇၇၂၆၀၂၉၂၇ 

အသေးစိတ် သိရှိလိုပါက ရုံးချုပ်ဖုန်းနံပါတ် (၀၆၇-၃၄၁၀၃၄၃) ကို ဖြစ်စေ၊ မိမိတက်ရောက်လိုသည့် သက်ဆိုင်ရာ သင်တန်းကျောင်း၏ ဖုန်းနံပါတ်ကို ဖြစ်စေ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။                                           