သတင်းများ

တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/ သူ စုစုပေါင်း (၂၀,၀၅၆) ဦး ကျောင်းအပ် လက်ခံပြီးစီး

တံတားဦး ၊ မေ - ၂၈

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့အထိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ နေ့စဉ်ကျောင်းလာရောက်အပ်နှံလျက် ရှိကြောင်း သိရသည် ။

တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် KG တန်းမှ Grade – 5 အထိ မူလတန်းအဆင့် ကျောင်းသား/ သူ စုစုပေါင်း (၁၄,၆၄၀) ဦး ၊  Grade – 6 တန်းမှ Grade – 9 အထိ အလယ်တန်းအဆင့် ကျောင်းသား/ သူ စုစုပေါင်း (၄၀၇၁) ဦး ၊Grade – 10 တန်းမှ Grade - 12 အထိ အထက်တန်း အဆင့် ကျောင်းသား/ သူ စုစုပေါင်း(၁၃၄၅)ဦး လာရောက်၍ ကျောင်းအပ်နှံကြရာ သက်ဆိုင်ရာ ဆရာ/များမှ အသီးသီး လက်ခံပေးကြသည်။ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ထက် ၊ လယ် ၊ မူ ကျောင်းသား/သူ စုစုပေါင်း (၂၀၀၅၆) ဦး ကျောင်းအပ်လက်ခံပြီးစီးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည် ။

ကျောင်းအပ်ပြီးစီးသည့် ကျောင်းသား/သူများ ငွေကြေးကုန်ကျမှုမရှိစေရေးအတွက် နိုင်ငံတော်မှ မူလတန်းအဆင့် ကျောင်းသား/ သူတစ်ဦးလျှင် ကျောင်းဝတ်စုံများ၊ ခဲတံ၊ ဘောပင်၊ ဗလာစာအုပ်များနှင့် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ အခမဲ့ အသီးသီးထောက်ပံ့ပေးလျက်ရှိပါကြောင်း အခြေခံပညာကျောင်းများကို ၂၀၂၅-ခုနှစ် ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းမှ စတင်ပြီး အခြေခံပညာကျောင်းများအားလုံးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အားလုံးစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဦးရဲတင့် (ပြန် / ဆက်)

တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တံတားဦးခရိုင်/ မြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၇ ရက်နေ့၊ နံနက် (၁၀) နာရီက တံတားဦးမြို့နယ်ခန်းမတွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အမှာစကား ပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အစ ဇွန်လ(၂)ရက်နေ့မှစတင်ပြီး ကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းဖွင့်သည်နှင့် တစ်ပြိုင်နက် စာသင်နိုင်ရန် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးကို ကြိုတင်ဆောင်ရွက်ရန် အလွန် အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှလည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မိဘများ ကျောင်းအပ်နှံမှု လွယ်ကူစေရန် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်ထားပါကြောင်း၊ မိဘများကလည်း မိမိသား၊ သမီးပညာရေးအတွက် နောင်ရေးကောင်းစေရန် ကျောင်းနေအရွယ် ကလေးတိုင်းကို ကျောင်းသို့ လာရောက် အပ်နှံဖို့ လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ မိဘပြည်သူများအား (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG)သို့အပ်နှံရန်နှင့် (၆)နှစ်အရွယ်ကလေးများကို ပထမတန်း (Grade- 1) သို့ အပ်နှံရန်လည်း အသိပေး ကြေညာထားပါကြောင်း၊ ကျောင်းအပ်နှံရာတွင် ငွေကြေးလုံးဝမကောက်ခံရန်နှင့် အခြေခံပညာရေးကဏ္ဍမှာ အထက်တန်းအဆင့်အထိ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ထားကြောင်း၊ ကျောင်းစတင်အပ်နှံသည့်  မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများကိုလည်း နိုင်ငံတော်မှ ကျောင်းဝတ်စုံ ၊ ခဲတံ ၊ ဘောပင် ၊ ဗလာစအုပ်နှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကိုလည်း ငွေကြေးကုန်ကျမှု လုံးဝမရှိရေးအတွက် အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားသည် ။

ထို့နောက် တံတားဦးမြို့ အထက ၊ တောင်ဘီလူ ကျောင်းသား/သူများက “ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံစို့” သီချင်းဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ပြီး တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိ သူများ၊ တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေသည့် ထက် ၊ လယ် ၊ မူ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ ကျောင်း ဝတ်စုံများကို ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးနှင့် ကျောင်းသား/သူများထံသို့ပေးအပ်ကြပြီး  အလက၊ မြို့မ ကျောင်းသား/ သူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းပေးခဲ့ကြောင်းသိရသည်။

ပေးပို့သူ - ဦးရဲတင့်(ပြန်/ဆက်)

တံတားဦးမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ပညာသင်နှစ်၌ အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/ သူ စုစုပေါင်း (၇၂) ဦး ကျောင်းအပ်လက်ခံပြီးစီး

တံတားဦး ၊ ဇွန် - ၂၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့်တွဲဖက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းအပ်လက်ခံ ဆောင်ရွက်ခြင်းကို ဇွန် ၂၂ ရက်နေ့နမှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ အထိ အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း (၇၂) ဦး လက်ခံပြီးစီးပြီဖြစ်ကြောင်းသိရသည် ။

တံတားဦးခရိုင်တွင် အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊မွေးမြူရေး အထက်တန်းကျောင်းကို (၂၀၂၄-၂၀၂၅) ပညာသင်နှစ်မှစတင်ဖွင့်လှစ်ခဲ့ပါကြောင်း (၂၀၂၂-၂၀၂၃) ၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် (Grade-9) အောင်မြင် သူများ၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် (Grade-10) ‌အောင်မြင်သူများ(သို့မဟုတ်)ကျရှုံးသူများ(သို့မဟုတ်) ရပ်နားထားသူများ တက်ရောက်ပညာသင်ယူကြကြောင်းသိရသည်။ 

ယခုအခါ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၌ အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊မွေးမြူရေး အထက်တန်းကျောင်းသို့ စက်မှုအထက်တန်းကျောင်း တက်ရောက်ပညာသင်ယူသူ(၄၂)ဦး ၊ စိုက်ပျိုးရေး အထက်တန်း ကျောင်း တက်ရောက်ပညာသင်ယူသူ(၃)ဦး ၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ပညာသင်ယူသူ (၂)ဦး ၊ စုစုပေါင်း(၇၂)ဦး ကျောင်းအပ်လက်ခံပြီးစီးပြီဖြစ်ကြောင်း  အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊မွေးမြူရေး အထက်တန်းကျောင်းသို့ တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား/သူများအား ဆရာ/မများက စာတွေ့၊ လက်တွေ့သင်ကြား ပို့ချသင်ကြားပေးနေပါကြောင်း အဆိုပါကျောင်းသို့ တက်ရောက်လိုသည့် ကျောင်းသား/ သူများအနေဖြင့်လည်း ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီး များအား ပညာသင် ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များပေးအပ်

တံတားဦး ၊ မေ - ၂၆

တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အခြေခံပညာနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားမည့် မိသားစုဝင် သားသမီးများ အားပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များပေးအပ်ပွဲကို မေလ ၂၆ ရက်နေ့၊ မွန်းလွဲ (၁) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ ပြုလုပ်သည်။

ပညာသင်ထောက်ပံ့ပေးအပ်ပွဲတွင် တံတားဦးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက ဝန်ထမ်းမိသားစုများ၏ အထက်တန်း ၊ အလယ်တန်း ၊ မူလတန်းနှင့် တက္ကသိုလ်၊ ကောလိပ် အသီးသီးတို့၌ ပညာသင်ကြားကြမည့် မိသားစုဝင် သား ၊ သမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာ စာအုပ်များ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရခြင်းသည် တစ်ဘက်တစ်လမ်းမှ ပညာကိုချီးမြှောက်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် အနာဂတ်၏ ကြယ်ပွင့်ကလေးများဖြစ်သည့် သား၊ သမီးများအနေဖြင့် ပညာကို ဂရုတစိုက် လေ့လာသင်ပေးစေလိုကြောင်း စသည်တို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားပြောကြားသည် ။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဝန်ထမ်းမိသားစုဝင် ကျောင်းသား/သူများအတွက် ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အသီးသီးပေးအပ်ကြသည်။ တံတားဦး ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်တွင် ပညာသင်ကြားနိုင်ရန် အတွက် ကျောင်းသား/ သူ(၄)ဦးအား တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်း၊ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား/ သူ(၂)ဦးအား တစ်ဦးလျှင်  ထောက်ပံ့ငွေကျပ်(၆၀၀၀၀)၊ ဗလာစာအုပ်နှစ်ဒါဇင်၊ ဘောပင်(၆) ချောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၅၀၀၀၀)၊ ဗလာစာအုပ် တစ်ဒါဇင်နှင့်ခြောက်အုပ် ၊ ဘောပင်(၃)ချောင်း ၊ မူလတန်းအဆင့် ကျောင်းသား/သူ(၈)ဦးအား တစ်ဦးလျှင်  ထောက်ပံ့ငွေကျပ်(၃၀၀၀၀)၊ ဗလာစာအုပ်တစ်ဒါဇင်နှင့် ခဲတံ(၃)ချောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အခြေခံပညာနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားမည့် မိသားစုဝင်သားသမီး စုစုပေါင်း(၁၈)ဦးအတွက် ပစ္စည်းတန်ဖိုးနှင့်ထောက်ပံ့ငွေစုစုပေါင်း ( ၁,၂၆၄,၈၀၀ )ကျပ် ဖြစ်ကြောင်း သိရသည် ။

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်မြင်မှုမရှိသူများအတွက် Polytechnic Institute ဖွင့်လှစ်ရန် စီစဉ်လျက်ရှိနေ

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်မြင်မှုမရှိခဲ့သူများ တက်ရောက်နိုင်စေရန်အတွက် Polytechnic Institute ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၂၃ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးက မိမိတို့အနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကို သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပြီး ကွန်ပျူတာနှင့် နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သူများ တက်ရောက်နိုင်ရေး Polytechnic Instituteကိုလည်း ဖွင့်လှစ်ရန်စီစဉ် ဆောင်ရွက်လျက် ရှိပြီး ပထမနှစ်တက်ရောက်အောင်မြင်ပြီးပါက အသိအမှတ်ပြု လက်မှတ် Certificate ရရှိမည်ဖြစ်ကာ နောက်ထပ် နှစ်နှစ်တက်ရောက်အောင်မြင်ပြီးပါက ဒီပလိုမာဘွဲ့ရရှိမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် Polytechnic University သို့ ဆက်လက် တက်ရောက်နိုင်မည်ဖြစ်ကြောင်းနှင့် အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်သူများ တက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုးရေးနှင့် နည်းပညာ အထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ Polytechnic နည်းပညာများကို သင်ကြားခြင်းဖြင့် ထူးချွန် ထက်မြတ်သည့် ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်နိုင်မည်ဖြစ်သကဲ့သို့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများ ပိုမိုပေါ်ထွက်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုနှင့်ပတ်သက်၍ လုပ်ငန်းများကိုအောင်မြင်အောင် အားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပြောကြားသည်။

ကိုးကား- NP News

တံတားဦးခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းသား ၊ ကျောင်းသူ စုစုပေါင်း (၁၅၂၃၀) ဦး ကျောင်းအပ် လက်ခံပြီးစီး

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ တံတားဦးခရိုင်၌ ကျောင်းသား ၊ ကျောင်းသူများအားလုံး အခြေခံပညာကျောင်းများ အသီးသီး တွင် မေလ (၂၂) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံဆောင်ရွက်နေကြောင်းသိရသည် ။

တံတားဦးခရိုင်တွင် မြို့နယ်ပေါင်း(၂)မြို့နယ်ပါဝင်ပြီး၊ တံတားဦးမြို့နယ်တွင် မေလ(၂၂) ရက်နေ့မှ (၂၃)ရက်နေ့ အထိ အထက်တန်းအဆင့် ကျောင်းသား/သူပေါင်း( ၅၇၂ )ဦး ၊ အလယ်တန်း ကျောင်းသား/သူပေါင်း( ၂၄၁၆ )ဦး ၊ မူလတန်းအဆင့် ကျောင်းသား/သူပေါင်း( ၁၀၄၁၀ ) ဦး စုစုပေါင်း ကျောင်းသား /သူ( ၁၃၃၉၈ )ဦး၊ ငါန်းဇွန် မြို့နယ်တွင် အထက်တန်းအဆင့် ကျောင်းသား/သူပေါင်း( ၁၄၇ )ဦး ၊ အလယ်တန်း ကျောင်းသား/သူပေါင်း( ၂၈၈ )ဦး၊ မူလတန်းအဆင့် ကျောင်းသား/သူပေါင်း( ၁၃၉၇ ) ဦး စုစုပေါင်း ကျောင်းသား /သူ (၁၈၃၂)ဦး  ကျောင်းအပ်လက်ခံ ဆောင်ရွက်ပြီးကြောင်းနှင့် ကျောင်းအပ်လက်ခံဆောင်ရွက်ပြီးသောကျောင်းသား/သူများအား ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံတို့ကို သတ်မှတ်အတန်းအလိုက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည် ။

တံတားဦးခရိုင်၌  တံတားဦးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း ၊ အထက်တန်း ကျောင်းခွဲ (၉)ကျောင်း၊ အလယ်တန်းကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲပေါင်း(၈)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၇)ကျောင်း၊ မူလတန်းကျောင်း(၆၈)ကျောင်းရှိပြီး ငါးဇွန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အလယ်တန်းကျောင်း(၁၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲပေါင်း(၁၇)ကျောင်း ၊ မူလတန်းလွန်ကျောင်း (၁၂၈)ကျောင်း ၊ မူလတန်းကျောင်း(၇၃)ကျောင်း  ရှိပါကြောင်း ခရိုင်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ထရမ့်က Harvard တက္ကသိုလ်ကို နိုင်ငံခြားသားကျောင်းသားများ လက်မခံရန် တားမြစ်

အိမ်ဖြူတော်က Harvard တက္ကသိုလ်အား နိုင်ငံတကာကျောင်းသားများ စာရင်းသွင်းခွင့်ကို ရုပ်သိမ်းလိုက်ပြီး ကျောင်းဝင်းအတွင်း ဂျူးမုန်းတီးရေး လှုပ်ရှားမှုများနှင့် DEI (မတူကွဲပြားမှု၊ တရားမျှတမှု၊ ပါဝင်မှု) အစီအစဉ်များကို ဖြေရှင်းရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ Ivy League အဖွဲ့အစည်း နှင့် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကို ပိုမိုပြင်းထန်လာစေခဲ့သည်။

မေလ ၂၂ ရက်နေ့တွင် Homeland Security အတွင်းဝန် Kristi Noem မှ ကြေညာချက်အရ Harvard အား SEVP (Student and Exchange Visitor Program) လက်မှတ်ပြန်လည်ရရှိရန် ၇၂ နာရီအတွင်း ဖက်ဒရယ် တောင်းဆိုချက်များကို လိုက်နာရမည်ဟု နောက်ဆုံးသတ်မှတ်ချက် ချမှတ်ခဲ့သည်။ ၎င်းတွင် လွန်ခဲ့သော ၅ နှစ်အတွင်း ရွေ့ပြောင်းနေထိုင်သူ မဟုတ်သော ကျောင်းသားများ၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာမှတ်တမ်းများ၊ ကျောင်းဝင်းအတွင်း ၎င်းတို့၏ တရားမဝင်/ အန္တရာယ် ရှိစေသော လှုပ်ရှားမှု သို့မဟုတ် အကြမ်းဖက်မှုနှင့်သက်ဆိုင်သည့် အီလက်ထရောနစ်မှတ်တမ်း၊ ဗီဒီယို သို့မဟုတ် အသံဖိုင်များ လွှဲပြောင်းပေးရန် ပါဝင်သည်။

Noem က Harvard ဥက္ကဋ္ဌ Alan Garber ထံပေးပို့သည့် စာတွင် “Harvard သည် နိုင်ငံခြားသားကျောင်းသားများကို အသစ်စာရင်း သွင်းခွင့် မရှိတော့ပါ၊ လက်ရှိနိုင်ငံခြား ကျောင်းသားများသည်လည်း အခြားကျောင်းများသို့ပြောင်းရွှေ့ခြင်း သို့မဟုတ် တရားဝင်သင်ကြားခွင့်ဆုံးရှုံးခြင်းများ ရှိလာမည်” ဟုရေးသားကာ “ဤအချက်သည် အမေရိကန် ရှိ တက္ကသိုလ်များအားလုံးအတွက် သတိပေးချက်တစ်ရပ်ဖြစ်ပါသည်” ဟု ဖြည့်စွက်ထားသည်။

အုပ်ချုပ်ရေးအဖွဲ့သည် Harvard ကို ကျောင်းဝင်းအတွင်း အကြမ်းဖက်မှုများ၊ ဂျူးမုန်းတီးရေးလှုပ်ရှားမှုများနှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် ညှိနှိုင်းဆောင်ရွက်မှုများအတွက် တာဝန်ခံစေလိုသည်ဟု ၎င်းကပြောကြား ခဲ့သည်။

Harvard ၏ SEVP အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းခံရမှုသည် Massachusetts ရှိ Cambridge ကျောင်းဝင်းတွင် လက်ရှိပညာ သင်ကြားလျက်ရှိသော နိုင်ငံတကာကျောင်းသား ၆,၈၀၀ နီးပါးကို ထိခိုက် စေနိုင်ပြီး ၎င်းတို့သည် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် စုစုပေါင်း ကျောင်းသားဦးရေ၏ ၂၇% ခန့်ရှိသည်။

“နိုင်ငံခြားသားကျောင်းသားများကို လက်ခံခြင်းနှင့် ဘီလီယံချီသော ကျောင်းလခများမှ အကျိုးအမြတ်ရယူခြင်းသည် တက္ကသိုလ်များအတွက် အခွင့်အရေးတစ်ရပ်သာဖြစ်ပြီး မဖြစ်မနေရရှိရမည့် အခွင့်အရေး မဟုတ်ပါ” ဟု Noem က ဖြည့်စွက်ပြောကြားခဲ့သည်။

“မိမိတို့သည် ကမ္ဘာ့နိုင်ငံ ၁၄၀ ကျော်မှ လာရောက်ပညာသင်ကြားလျက်ရှိသော နိုင်ငံတကာကျောင်းသားများနှင့် ပညာရှင်များကို လက်ခံခွင့်ပြုရန် Harvard ၏ စွမ်းဆောင်နိုင်မှုကို ထိန်းသိမ်းရန် အပြည့်အဝ ကတိပြုထား ပါသည်။ ၎င်းတို့သည် တက္ကသိုလ်ကိုသာမက နိုင်ငံတော်ကိုပါ များစွာ အကျိုးပြုလျက်ရှိပါသည်” ဟု Harvard ပြောရေးဆိုခွင့်ရှိသူ Jason Newton က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

Harvard က ဖက်ဒရယ်တောင်းဆိုချက်များကို ငြင်းဆန်ကာ မိမိ၏ ကိုယ်ပိုင်စည်းမျဉ်းဖြင့် ပြဿနာများကို ဖြေရှင်းမည်ဟု ကတိပြုပြီးနောက် အုပ်ချုပ်ရေးအဖွဲ့သည် တက္ကသိုလ်သို့ ဖက်ဒရယ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၂.၂ ဘီလီယံကို ရပ်ဆိုင်းခဲ့သည်။ ၎င်းသည် Harvard နှင့် ၎င်း၏ ဆက်စပ်သုတေသနအဖွဲ့အစည်းများအား ချပေးထားသော အများပြည်သူ ထောက်ပံ့ငွေ ဒေါ်လာ ၉ ဘီလီယံနီးပါး၏ စိစစ်မှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

တက္ကသိုလ်မှ အဆိုပါအရေးယူမှုများကို “နိုင်ငံရေးအရ လက်စားချေမှု” အဖြစ် ရှုတ်ချခဲ့ပြီး “ပညာရေးလွတ်လပ်ခွင့်နှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို ခြိမ်းခြောက်သည့် အန္တရာယ်ရှိသော ရှေ့ပြေးလက္ခဏာ” ဟု သတ်မှတ်ခဲ့သည်။ Harvard ၏ ဥပဒေအဖွဲ့သည် အဆိုပါ ဆုံးဖြတ်ချက်များကို တရားစွဲဆိုရန် အစီအစဉ်ရှိကြောင်း ဖော်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တံတားဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းအပ်လက်ခံနေမှုအား လှည့်လည် ကြည့်ရှုအားပေး

တံတားဦး ၊ မေ - ၂၂

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက် မပြတ် ပညာသင်ဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကျောင်းသား/ သူများကျောင်းအပ်လက်ခံခြင်းကို မေ ၂၂ ရက် ၊ နံနက်ပိုင်းက စတင်ကာဆောင်ရွက်ကြောင်းသိရသည် ။

အဆိုပါကျောင်းအပ်လက်ခံခြင်းကို တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးကြပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင် KG တန်းမှ Grade -12 တန်းအထိနှင့် တံတားဦး မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ဖွင့်လှစ်ထားသော အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသား/သူများ ကျောင်းအပ်နှံရေးကို ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း မည့်သည့် အခကြေးငွေမျှ ကောက်ခံမှုမရှိဘဲ KG တန်း ကျောင်းအပ်နှံကြသည့် ကျောင်းသား/ သူတစ်ဦးလျှင် ကျောင်းဝတ်စုံ (၁)စုံ ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်(၁)စုံစီကိုလည်းကောင်း၊ Grade -1 မှGrade -5 အထိ ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ သူတစ်ဦးလျှင် ကျောင်းဝတ်စုံ(၁)စုံ ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်(၁)စုံ ၊ ဗလာစအုပ်(၆)အုပ်နှင့် ခဲတံ (၄)ချောင်းစီကိုလည်းကောင်း၊ Grade -6 မှGrade -12 အထိ ကျောင်းအပ်နှံကြသည့် ကျောင်းသား/ သူ တစ်ဦးလျှင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်(၁)စုံ ၊ ဗလာစအုပ်(၁)ဒါဇင် ၊  ခဲတံ(၂)ချောင်းနှင့် ဘောပင်(၂)ချောင်းစီ ကို လည်းကောာင်း နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ထုတ်ပေးပါကြောင်း သိရသည် ။

အခြေခံပညာကျောင်းများအား ၂၀၂၅ခုနှစ် ဇွန်လ (၂) ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား/သူများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများကို ကျောင်းသား/သူများ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ကြသည် ။

ဆက်လက်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် စာသင်ခန်းများ သန့်ရှင်း သပ်ရပ်မှု၊ စာသင်ခုံများ ညီညာပြီး စနစ်တကျသန့်ရှင်းမှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပေးပို့သူ- ဦးရဲတင့် ( ပြန် / ဆက်)

ရန်ကုန်မြို့၌ ထိုင်းနိုင်ငံတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲကျင်းပမည်

ထိုင်းနိုင်ငံတက္ကသိုလ်ဘွဲ့ရ မြန်မာ ကျောင်းသားများအသင်းမှကြီးမှူး၍ ထိုင်း နိုင်ငံရှိ ထိပ်သီးတက္ကသိုလ်များပါဝင်မည့် (၉) ကြိမ်မြောက် ထိုင်းနိုင်ငံတက္ကသိုလ် ပေါင်းစုံပညာရေးပြပွဲကို ရန်ကုန်မြို့ရှိNovotel Hotel ၌ မေလ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါပြပွဲသည် ထိုင်းနိုင်ငံ၌ ပညာသင်ယူဆည်းပူးလိုသော ကျောင်းသား၊ ကျောင်းသူများအတွက် အခွင့်အရေးမျာ စွာရရှိနိုင်ပြီး အခြေခံပညာအထက်တန်း မအောင်မြင်သေးသော ကျောင်းသား ၊ကျောင်းသူများအတွက် Foundation  Program များအကြောင်းလေ့လာနိုင်ခြင်း၊ HND၊ GED၊ IGCSE results များရထား သော်လည်း တက္ကသိုလ်ရွေးချယ်ရန် ခက်ခဲ နေသော ကျောင်းသား၊ ကျောင်းသူများ၊ မဟာဘွဲ့တက်ရောက်လိုသူများ၊ ပါရဂူဘွဲ့ တက်ရောက်လိုသူများအတွက် ပညာတော်သင်ဆု လျှောက်ထားပုံတို့ကိုသိရှိနိုင်ခြင်း၊ နောက်ဆုံးပေါ်ပညာရေးဆိုင်ရာ လမ်းကြောင်းများကို တစ်နေရာတည်း၌ လေ့လာနိုင်ပြီး ထိုင်းနိုင်ငံတက္ကသိုလ်များမှ ပါမောက္ခများ၊ တာဝန်ရှိသူများထံမှ အကြံဉာဏ်များကို ရယူနိုင်ခြင်းတို့အပြင် မိမိနိုင်ငံ၌ပင် ထိုင်းနိုင်ငံရှိ နာမည်ကြီး ကျောင်းများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်ခွင့် ရရှိနိုင်မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်း သူများသာမက မိဘ၊ ဆရာများနှင့် စိတ်ဝင်စားသူမည်သူမဆို လာရောက် လေ့လာနိုင်မည်ဖြစ်သည်။ ထို့ပြင် ထိုင်း နိုင်ငံတက္ကသိုလ်များနှင့် ဆက်စပ်နေသော Update သတင်းအချက်အလက်များ၊ Networking အခွင့်အလမ်းများမှ Visa လျှောက်နည်းအထိ အသေးစိတ်ဆွေးနွေး တိုင်ပင်နိုင်မည်ဖြစ်သည်။

အဆိုပါ ပြပွဲကို မေလ ၂၄ရက် တွင် နံနက်  ၉နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး အင်တာနက်မှ လေ့လာလိုသူများအနေဖြင့်လည်း amautsecretariat@gmail.com  သို့ Alumni Network Join ဟု email ပေးပို့၍ အကြံဉာဏ်များ ရယူနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက Association of Myanmar Alumni from Universities in Thailand-AMAUT Facebook Page ၌လည်း စုံစမ်းနိုင်ကြောင်း သိရသည်။

ရွှေအိမ်

Source: Myawady Daily Newspaper

တံတားဦးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade - 1 မှ Grade - 11 အထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် (ကျောင်းတွင်းစာစစ်) စာမေးပွဲဖြေဆိုထားကြသည့်Grade-1 မှ Grade-11 အထိ ကျောင်းသား/သူများ၏ စာမေးပွဲအောင်စာရင်းများကို မေလ ၁၅ ရက်နေ့၊ နံနက် (၆) နာရီမှ စတင်၍ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေညာထားကြောင်းသိရသည် ။

တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) စာမေးပွဲ ဖြေဆိုထားသည့် Grade-1 မှ Grade-11အထိ ကျောင်းသား/သူများ၏ စာမေးပွဲအောင်စာရင်းများကို မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများတွင် ထုတ်ပြန်ခဲ့ရာ ကျောင်းသား ၊ ကျောင်းသူများက မိမိတို့ အမည်များ ပါ ၊ မပါ လာရောက် ကြည့်ရှုကြကြောင်း တံတားဦးမြို့နယ် ပညာရေးမှူးရုံးမှသိရသည် ။

တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၂၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း (၉) ကျောင်း ၊ စုစုပေါင်း (၁၃၀) ကျောင်းရှိပြီး ကျောင်းသား/ကျောင်းသူ ရာနှုန်းပြည့် အောင်မြင်ကြောင်း သိရသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန် /ဆက်)