သတင်းများ

ဂါဇာရှိကလေးငယ်များ ပညာပြန်လည်သင်ယူနိုင်ပြီ ဖြစ်သော်လည်း ၎င်းတို့တွင် စိတ်ဒဏ်ရာများ ရှိနေဆဲ

ဂါဇာကမ်းမြောင်ဒေသရှိ ကလေးသူငယ်များအတွက် ယာယီစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီ ဖြစ်သော်လည်း ကလေးများအနေဖြင့် စိတ်ဒဏ်ရာများခံစားနေရကာ အစ္စရေးနှင့် ဟားမက်တို့အကြား ယာယီ အပစ်အခတ်ရပ်စဲရေးကို “ဆက်လက်ဖော်ဆောင်နိုင်ပါ့မလား” ဆိုသည့်အပေါ် စိုးရိမ်စိတ်များ ရှိနေကြကြောင်း UNICEF က ပြောကြားခဲ့ပါသည်။

UNICEF ၏ ခန့်မှန်းချက်အရ ဂါဇာဒေသရှိ စာသင်ကျောင်းများ၏ ၉၀ ရာခိုင်နှုန်း ကျော်သည် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရကြောင်း၊ ကျန်ရှိသည့်စာသင်ကျောင်းအနည်းငယ်မှာလည်း ကယ်ဆယ်ရေးစခန်းများ အဖြစ် အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။

UNICEF အနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ကလေးသူငယ်များ ပညာပြန်လည်သင်ကြားနိုင်ရေးအတွက် ယာယီစာသင်ကျောင်းများကို တည်ဆောက်ပေးလျက်ရှိပြီး စာသင်ကျောင်းအများစုမှာ ရွက်ဖျင်တဲများဖြင့် တည်ဆောက်ထားကြောင်း၊ ကလေးသူငယ်များအနေဖြင့် အာရေဗျဘာသာ၊ အင်္ဂလိပ်ဘာသာ၊ သင်္ချာဘာသာနှင့် အခြားသော ဘာသာရပ်များကိုလည်း သင်ယူနိုင်ကြောင်း၊ စာရေးကိရိယာ၊ ကျောင်းလွယ်အိတ်နှင့် အစာအာဟာရတို့ကို ထောက်ပံ့ပေးထားကြောင်း UNICEF က ပြောကြားခဲ့ပါသည်။

ဂါဇာကမ်းမြောင်ဒေသရှိ ကလေးသူငယ်များသည် ၎င်းတို့၏ ပျော်ရွှင်စရာကလေးဘဝ လွတ်လပ်မှုများဆုံးရှုံး နေကြရကြောင်းနှင့် စာသင်ကျောင်းများသည် ၎င်းတို့အတွက် ခေတ္တစိတ်အေးချမ်းသာမှုရစေသည့် နေရာတစ်ခု ဖြစ်ကြောင်း၊ ကလေးသူငယ်အများစုသည် ပြင်းထန်သည့်စစ်ပွဲများကြောင့် ကြီးစွားသော စိတ်ဒဏ်ရာများရရှိခံစားနေကြရကြောင်း၊ အချို့သောကလေးသူငယ်များသည် ဒရုန်းသံကြားသည့်အခါမျိုးတွင် စကားလုံးဝမပြောဘဲ တိတ်ဆိတ်နေတတ်ကြပြီး အချို့မှာကြောက်လန့်တုန်လှုပ်ပြီး အော်ဟစ်ကြကြောင်း UNICEF တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

ဂါဇာဒေသ၌ သူမကိုမြင်သည့်အခါ ကလေးငယ်များသည် သူမထံသို့ ပြေးလာကြကြောင်း၊ သူမ၏ လက်ကိုဆွဲကာ “တိုက်ပွဲတွေပြန်ဖြစ်အုံးမလား၊ အကူအညီအထောက်ပံတွေ ဘာလို့ထပ်မလာတော့တာလဲ” ဟု မေးကြကြောင်း၊ အကူအညီအထောက်အပံ့များ လုံးဝရပ်တန့်သွားခြင်း သို့မဟုတ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပျက်ပြယ်သွားခြင်းတို့ဖြစ်လာမည်ကို ဂါဇာဒေသရှိပြည်သူများအနေဖြင့် လွန်စွာစိုးရိမ်ပူပန်နေကြကြောင်း သူမက ထပ်လောင်း ပြောကြားခဲ့ပါသည်။

ကိုးကား-NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)

Colossal Biosciences ကုမ္ပဏီက အမွေးထူဆင်ကြီးများ၏ မျိုးဗီဇ အခြေခံမော်လီကျူးအသုံးပြု၍ ကမ္ဘာ့ပထမဆုံး အမွေးထူးကြွက်များကို ဖန်တီးနိုင်ခဲ့

ဝါရှင်တန်  မတ် ၆

အမေရိကန်နိုင်ငံ အခြေစိုက် Colossal Biosciences ကုမ္ပဏီသည် အမွေးထူဆင်ကြီးများ၏ မျိုးရိုးဗီဇ အခြေခံမော်လီကျူး (DNA) များကိုအသုံးပြု၍ ကမ္ဘာ့ပထမဆုံး အမွေးထူကြွက်များကို ဖန်တီးနိုင်ခဲ့ကြောင်း မတ် ၅ ရက် သတင်းများအရ သိရသည်။

ကမ္ဘာ့ပထမဆုံး အမွေးထူကြွက်များကို ဇီဝအင်ဂျင်နီယာနည်းပညာဖြင့် ဖန်တီးနိုင်ခဲ့မှုသည် မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော ရှေးသက်ရှိသတ္တဝါများကို ပြန်လည်ဖန်တီးရေးအတွက် လမ်းဖွင့်ပေးနိုင်ကြောင်း Colossal Biosciences ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားသည်။

Colossal Biosciences သိပ္ပံပညာရှင်များသည် အမွေးထူဆင်ကြီးများ၏ DNA ကိုအသုံးပြု၍ ကြွက်များ၏ အဓိက DNA ရှစ်မျိုးကို မျိုးဗီဇအင်ဂျင်နီယာနည်းပညာဖြင့် ပြောင်းလဲပေးကာ အမွေးထူကြွက်များကို ဖန်တီးနိုင်ခဲ့သည်။

Colossal Biosciences ကုမ္ပဏီသည် ကမ္ဘာပေါ်မှပျောက်ကွယ်သွားပြီဖြစ်သော အမွေးထူဆင်ကြီးများကို ပြန်လည်ဖန်တီးရေးအတွက် ကြိုးပမ်းနေသော ဇီဝနည်းပညာကုမ္ပဏီဖြစ်သည်။

အမွေးထူကြွက်များအား ဖန်တီးခဲ့သော မျိုးဗီဇအင်ဂျင်နီယာနည်းပညာကို အမွေးထူဆင်ကြီးများ ပြန်လည်ဖန်တီးရေးအတွက် အသုံးချနိုင်ကြောင်း၊ အမွေးထူဆင်ကြီးများကို ၂၀၂၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖန်တီးနိုင်ရန် မျှော်လင့်ထားကြောင်း ကုမ္ပဏီသိပ္ပံပညာရှင်များက ပြောကြားသည်။

Source: ရတနာပုံသတင်းစာ

ကျောင်းနေအရွယ်လူဦးရေ ဆက်လက် ကျဆင်းလာမှုကြောင့် စာသင်ကျောင်း ၄၉ ကျောင်းကို တောင်ကိုရီးယား ပိတ်ပစ်ခဲ့ရ

တောင်ကိုရီးယားနိုင်ငံတွင် ကျောင်းနေအရွယ်လူဦးရေ  ဆက်လက်ကျဆင်းလာမှုကြောင့် ပြည်နယ်နှင့် မြို့ကြီး ၁၇ ခုရှိ စာသင်ကျောင်း စုစုပေါင်း ၄၉ ကျောင်းကို ပိတ်ပစ်ခဲ့ရကြောင်း Korea Herald နေ့စဉ်သတင်းစာတွင် ဖော်ပြသည်။

ကျောင်းနေအရွယ်လူဦးရေ မလုံလောက်မှုကြောင့် ပိတ်ပစ်ခဲ့ရသည့် စာသင်ကျောင်း အရေအတွက်မှာ ၂၀၂၃ ခုနှစ်တွင် ၂၂ ကျောင်း၊ ၂၀၂၄ ခုနှစ်တွင် ၃၃ ကျောင်းရှိခဲ့သော်လည်း  ယခုနှစ်တွင် ၄၉ ကျောင်းအထိ မြင့်တက်လာခြင်းဖြစ်သည်။ ပိတ်ပစ်ခဲ့ရသောကျောင်းများတွင် မူလတန်းကျောင်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ ပါဝင်ကြောင်း အစိုးရကထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ထို့ပြင် ယခုနှစ်အကုန်ပိုင်းတွင် ကျေးလက်ဒေသရှိ  စာသင်ကျောင်းများအနက် ၈၈ ရာခိုင်နှုန်းကို ပိတ်ပစ်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနက  ထုတ်ပြန်ထားသည်။

ဆိုးမြို့တော်ရှိ စာသင်ကျောင်းများကို ပိတ်ပစ်မည်မဟုတ်သော်လည်း  ၎င်းမြို့အနီးရှိ ဂွန်ဂျီးပြည်နယ်တွင် စာသင်ကျောင်း ခြောက်ကျောင်းမှာ ပိတ်ခံရမည့်အခြေအနေနှင့်   ရင်ဆိုင်နေရသည်။ 

စာသင်ကျောင်းအများဆုံး  ပိတ်ပစ်ခဲ့ရသည့် ပြည်နယ်မှာ တောင်ဂျိုလာပြည်နယ်ဖြစ်ပြီး ယင်းပြည်နယ်တစ်ခုတည်းမှာပင် စာသင်ကျောင်း ၁၀ ကျောင်းမှာပိတ်ခံရမည့် အလားအလာရှိသည်။

ကျေးလက်ဒေသများရှိ   မူလတန်းကျောင်းများကို   ပိတ်ပစ်ရသည့်   အဓိကအကြောင်းရင်းမှာ  ကျောင်းတက်ရန် ကျောင်းအပ်နှံသည့် ကျောင်းသား၊   ကျောင်းသူ အသစ်များ မရှိသောကြောင့်ဖြစ်ကြောင်း သိရသည်။

Source: Myawady Web Portal

အဝေးသင် တက္ကသိုလ်သင်တန်းများ အပ်နှံမှု ဆက်လက်လက်ခံနေ

အဝေးသင်တက္ကသိုလ်သင်တန်းများ ကျောင်းအပ်နှံမှုကို သင်တန်းနှစ်အလိုက် ဆက်လက်လက်ခံနေသည်။

လက်ရှိတွင် အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းများအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက် အထိ ကျောင်းအပ်လက်ခံနေသည်။

ထိုနည်းတူ ဒုတိယနှစ်နှင့် အထက်သင်တန်းများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ မေလ ၁၆ ရက်အထိ ကျောင်းအပ်လက်ခံနေကြောင်းလည်း သိရသည်။

အဝေးသင်အပ်ရာတွင်လည်း ကျောင်းအပ်ခ ငွေပေးချေရာတွင် UAB Pay အပြင် တခြား Pay များကိုပါအသုံးပြုပြီး ငွေပေးချေနိုင်အောင် ဆောင်ရွက်နေကြောင်းလည်း သိထားရသည်။

လက်ရှိ၌ အဝေးသင် တက္ကသိုလ်သင်တန်းများ အပ်နှံရာတွင် UAB Pay တစ်မျိုးတည်းကိုသာ အသုံးပြုပြီး ငွေပေးချေနေရသောကြောင့် ကျောင်းအပ်သူများ ပိုမို အဆင်ပြေစေနိုင်ရန် အခြားသော pay များဖြင့်ပါ ငွေပေးချေနိုင်ရန် ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

Source: Popular Myanmar

မကြာမီ ကျင်းပတော့မည့် အတန်းတင်စာမေးပွဲများနှင့် တက္ကသိုလ်ဝင် စာမေးပွဲများ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့်တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မကြာမီ အတန်းတင်စာမေးပွဲများနှင့် တက္ကသိုလ်ဝင် စာမေးပွဲများ ကျင်းပတော့မည်ဖြစ်ရာ ဒေသအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ တက္ကသိုလ်များတွင် စာမေးပွဲဖြေဆိုရာ၌ စာမေးပွဲ စည်းမျဉ်းစည်းကမ်းနှင့်အညီ အမှားအယွင်းမရှိအောင် အထူးဂရုပြု၍ အလေးထားကြပ်မတ်ဆောင်ရွက်ရန်နှင့် ပါရဂူကျမ်းများနှင့် မဟာတန်း ပရောဂျက်စာတမ်းများတွင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်ရောက်ပါကလည်း ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးရှိမည့် နွေရာသီသင်တန်းများ ဖွင့်လှစ်သင်ကြားပေးစေလိုကြောင်း၊ အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများဖြစ်စေရန် မိမိဘာသာရပ်ဆိုင်ရာစာပေများကို အမြဲမပြတ် ဖတ်ရှုလေ့လာဆည်းပူးနေရန်လိုကြောင်း၊ လာမည့်ပညာသင်နှစ်တွင် (KG+9) အခြေခံပညာအလယ်တန်းအဆင့်ထိ ကျောင်းနေအရွယ်ကလေးအားလုံး စာသင်ခန်းအတွင်းသို့ ရောက်ရှိရေး အားလုံးဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်ယောက်အားဖြင့် ယူသော်မရ အများအားဖြင့် ယူသော်ရ၏ ဟူသော ဆိုရိုးအတိုင်း မိမိတို့နိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆရာ၊ ဆရာမများအားလုံး အင်တိုက်အားတိုက် ဝိုင်းဝန်းလက်တွဲကြိုးစား ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်တို့က သင်ကြားရေး၊ ကျောင်းအပ်နှံရေးနှင့် ကျောင်းလခပေးသွင်းရေး၊ တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်စွာ ပြီးမြောက်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန် -  https://myanmar.gov.mm/

တံတားဦးမြို့နယ် အိမ်မြင့်စံကျေးရွာ “ ရွှေအိမ်စံ”  စာကြည့်တိုက်ဖွင့်ပွဲကျင်းပ

တံတားဦး ၊ ဖေဖော်ဝါရီ - ၁၂

၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်း ဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာအုပ်စု အိမ်မြင့်စံကျေးရွာ “ရွှေအိမ်စံ” စာကြည့်တိုက်ဖွင့်ပွဲကို ယင်းနေ့ နံနက် (၈) နာရီခွဲအချိန်က အဆိုပါကျေးရွာ စာကြည့်တိုက် အဆောက်အအုံသစ်၌ ကျင်းပကြောင်းသိရသည် ။

ရှေးဦးစွာအခမ်းအနားသို့တက်ရောက်လာသူများအား ကျေးရွာသူ/သားများကိုယ်စား ဦးရွှေရိုး+ ဒေါ်မိုး အဖွဲ့က ဧည့်ခံဖျော်ဖြေပေးပြီး တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဦးရွှေရိုး+ဒေါ်မိုး အဖွဲ့အား ဆု‌ငွေများချီးမြင့်ပေးသည်။ ဆက်လက်၍  “ရွှေအိမ်စံ” စာကြည့်တိုက် အဆောက်အအုံသစ်အား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)  ဒုတိယဗိုလ်မှူးကြီးဇေယျာမင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃)  ဦးသန်းနိုင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် အတွင်းရေးမှူး ဒုရဲမှူးကြီး ခင်မောင်ဇော်၊ အလှူရှင် ဦးဝင်းကျော်တို့က စာကြည့်တိုက်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှု အားပေးကြသည် ။

အဆိုပါစာကြည့်တိုက်အဆောက်အအုံသစ်အကျယ်မှာ အလျား(၂၀)ပေ၊ အနံ(၁၉)ပေ၊ အမြင့် (၁၂)ပေ ဖြစ်ပြီး နိုင်ငံတော်မှ မတည်ငွေ ငွေကျပ်သိန်း(၁၅၀)ကျပ် ၊ အလှူရှင် စေတနာရှင်များမှ ထည့်ဝင်လှူဒါန်းငွေသိန်း(၁၀၀)ကျပ် ၊ စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း (၂၅၀)ကျပ် ဖြစ်ကြောင်းသိရသည်။

 ဦးရဲတင့်( ပြန်/ဆက်)

တံတားဦးမြို့နယ်တွင် အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေးကျောင်းသို့ တက်ရောက်နိုင်ရေး Grade – 9 ကျောင်းသား/ သူများနှင့်တွေ့ဆုံ

တံတားဦး ၊ ဖေဖော်ဝါရီ - ၇

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း အတွင်း၌ ဖွင့်လှစ်ထားသော အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေးကျောင်းသို့ တက်ရောက် နိုင်ရေး Grade – 9 ကျောင်းသား/သူများနှင့် တာဝန်ရှိသူများ၏ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၇ ရက်၊ နံနက် ၁၁ နာရီ က တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း ရတနာထွန်းခန်း၌ ကျင်းပကြောင်းသိရသည် ။

တွေ့ဆုံဆွေးနွေးပွဲတွင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မွေးမြူရေးကျောင်းအတွက် ဆရာမ ဒေါ်ငြိမ်းငြိမ်းစိုးကလည်းကောင်း၊ စိုက်ပျိုးရေးကျောင်းအတွက် ဆရာ ဦးဖြိုးမင်းထက်နှင့် ဆရာမ ဒေါ်အိအိအောင်ကလည်းကောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ တက်ရောက်နိုင်ရေးကို ဆရာမဒေါ်အေးငြိမ်းအောင်ကလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြသည် ။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် Grade – 9 ကျောင်းသား/ သူများက မိမိတို့ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ရှင်းလင်းပေး ကြသည်။ အဆိုပါအခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေး ကျောင်းသို့ (၃) နှစ် တက်ရောက်ရမည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်သူများကို တက္ကသိုလ်ကျောင်း၊ ကောလိပ်ကျောင်းများတွင် တက်ရောက် ပညာသင်ကြားနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ M-Tower ၌ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကို ၂ ရက်ကြာကျင်းပမည်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ M-Tower ၌ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကို ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နံနက် ၁၀ နာရီမှနေ့လည် ၃ နာရီအထိ ၂ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲ၌ ဂျပန်နိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်းကောလိပ်များနှင့် ဂျပန်နိုင်ငံသင်တန်းကျောင်းများမှ တာဝန်ခံဆရာ၊ ဆရာမများကရှင်းလင်းပြောကြားမှုများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ MAJA Education Center၊ OJEIC တို့၏ ပါဝင်ဆွေးနွေးမှုများလည်းပါဝင်မည်ဖြစ်ကာ ဂျပန်-မြန်မာစကားပြန်များထားရှိပေးမည်ဖြစ်၍ တိုက်ရိုက်မေးမြန်းဆွေးနွေးမှုများပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂျပန်စာသင်ကျောင်းများအကြောင်း မိတ်ဆက်ခြင်း၊ ဂျပန်ပညာတော်သင်ဆိုင်ရာသိကောင်းစရာများဟောပြောဆွေးနွေးခြင်း၊ ပညာသင်ထောက်ပံ့ကြေးဆိုင်ရာအခွင့်အလမ်းများ၊ တက္ကသိုလ်တက်ရောက်နိုင်မည့်အခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ အချိန်ပိုင်းအလုပ်များနှင့် ပညာတော်သင်ဆိုင်ရာအတွေ့အကြုံများကို ဆွေးနွေးပြောကြားမှုများလည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပညာတော်သင်ထောက်ပံ့ကြေးရရှိရန် MAJA နှင့် OJEIC အဖွဲ့အစည်းတို့မှ နှစ်စဉ်ပေးအပ်လေ့ရှိသော Scholarship Program များ၊ စာပေပြိုင်ပွဲများကိုလည်းရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကိုမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ Kyoto University of Advanced Science Chinzei Gakuin University ၊ Chinzei Gakuin University ၊ Yu Language Academy ၊ Okayama University ၊ Japan Education Information Center (OJEIC) Myanmar Association of Japan Alumni (MAJA)တို့မှ ပါဝင်ပြသဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ကလေးများနေ့အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် ကလေးစာကြည့်တိုက်လှုပ်ရှားမှုနှင့် ဓာတ်ပုံပြပွဲ ကျင်းပမည်

ရန်ကုန်    ဖေဖော်ဝါရီ ၂

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ကလေးများနေ့ အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် ကလေးစာကြည့်တိုက်လှုပ်ရှားမှုအစီအစဉ်နှင့် ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ပန်းပဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ သိရသည်။

အဆိုပါ ကလေးများနေ့အကြိုစာကြည့်တိုက်လှုပ်ရှားမှုအစီအစဉ်နှင့် ဓာတ်ပုံပြပွဲကို အမျိုးသားစာကြည့်တိုက်(ရန်ကုန်)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပန်းပဲတန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၁၃ ရက်မှာ ကျရောက်မဲ့ ကလေးများနေ့အကြိုလှုပ်ရှားမှုအနေနဲ့ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှာရှိတဲ့ ကလေးစာကြည့်တိုက်မှာ ကလေးများအတွက် ဓာတ်ပုံပြပွဲ၊ ပုံပြင်သရုပ်ဖော်တင်ဆက်ခြင်း အစီအစဉ်၊ ပန်းချီရေးဆွဲခြင်း အစီအစဉ်၊ စကားပုံပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲတွေ ကျင်းပပေးသွားမှာဖြစ်ပြီး ဆုတွေလဲ ပေးအပ်ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ကလေးများပျော်ရွှင်စေဖို့အတွက် ဂိမ်းကစားတဲ့ အစီအစဉ်တွေကိုလဲ ထည့်သွင်းကျင်းပပေးသွားမှာဖြစ်ပါတယ်” ဟု အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ညွှန်ကြားရေးမှူး ‌ဒေါက်တာ ကေသီအေး ကပြောပြသည်။

ASH

ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိသော မြန်မာနိုင်ငံအတွက် DISP ပညာသင်ဆု အမေရိကန် သမ္မတ အမိန့်ဖြင့် ရပ်ဆိုင်း

မြန်မာကျောင်းသားများကို ပေးအပ်သည့် Diversity and Inclusion Scholarship Program (မတူကွဲပြားမှု၊ အားလုံးပါဝင်ခွင့်၊ သာတူညီမျှခွင့်၊ အလွယ်တကူရပိုင်ခွင့်) အတွက် ထောက်ပံ့ငွေ ဒေါ်လာ ၄၅သန်းကို အမေရိကန်သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ယင်းအပြင် အဆိုပါ ပညာသင်ဆုအစီအစဉ်ဖြင့် မြန်မာနိုင်ငံအတွက် ကူညီခြင်းသည် အလွန်များပြားကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် ဇန်နဝါရီလ (၂၉) ရက်က ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ပညာသင်ကာလ (၅) နှစ်အတွက် မြန်မာကျောင်းသားပေါင်း (၈၀၀) ကို ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၄၅) သန်း ပေးအပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထောက်ပံ့ငွေသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် ပညာရေးအတွက် ဘွဲ့ကြို၊ ဘွဲ့လွန် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များအပြင် certificate အသိအမှတ်ပြုလက်မှတ်နှင့် ဒီပလိုမာအစီအစဉ် အများအပြားအတွက်လည်း ပေးအပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

သမ္မတ ဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၃- ၂၀၂၄ ခုနှစ်က စတင်ခဲ့သည့် အဆိုပါ ပညာသင်ဆုထောက်ပံ့ငွေကို အမေရိကန်က ရပ်ဆိုင်းလိုက်ခြင်းကြောင့် လက်ရှိ ပညာ သင်ကြားနေသည့် မြန်မာကျောင်းသား (၄၀၀) ခန့် အခက်အခဲ ကြုံတွေ့နေကြောင်း သိရသည်။ 

ယင်းအပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်ပနိုင်ငံများသို့ လူသားချင်းစာနာမှုအကူအညီများ၊ ထောက်ပံ့ငွေများနှင့် ချေးငွေများကို ရက်ပေါင်း (၉၀) ဆိုင်းငံ့ရန် အမိန့်ထုတ်ခဲ့ခြင်းကြောင့် မြန်မာ-ထိုင်း နယ်စပ်ရှိ ဒုက္ခသည်စခန်းများလည်ပတ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားကြောင်း သိရသည်။

ကိုးကား - C-SPAN

Photo: The Diplomat